အပိုင်း ၆၀
Viewers 13k

Chapter 60

ရိုစီနာ နှင့် အီဘယ်လာ တို့သည် လက်ဖက်ရည်သောက်ရင်း မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခုအကြောင်း ပြောနေကြသည်။ ဂုဏ်သိက္ခာရှိပြီး ဟန်လုပ်ပြောရသော အကြောင်းအရာများ မဟုတ်ဘဲ ဝါသနာ သို့မဟုတ် နေ့စဉ် ကြုံရသည့် အဖြစ်အပျက်များ သို့မဟုတ် ပူလောင်သော အကြောင်းအရာများသာ။ ခဏလောက် စကားစမြည်ပြောနေရင်း၊ အီဘယ်လာ က လက်ဖက်ရည်ခွက်ကို ချထားလိုက်သည်။

"မင်းသမီး…မြို့ဝန်မင်း ဂျာဂန် ကို သိလား..."

ရိုစီနာ သည် မမျှော်လင့်ထားသော နာမည်ကြောင့် မျက်လုံးပြူးသွားသည်။ မြို့ဝန်မင်း ဂျာဂန် သည် သူမ ဖခင်၏ အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ၏ အခန်းတွင် သူမ တွေ့ရှိခဲ့သောစာပိုင်ရှင်ဖြစ်သည်။ စာအိတ်ပေါ်ရှိ ဖယောင်းတံဆိပ်ကို သူမ မြင်ကတည်းက၊စာပို့သူမှာ မြို့ဝန်မင်း ဂျာဂန်မြို့ဝန်မင်း ဂျာဂန် ဖြစ်ကြောင်း သူမ သိလိုက်သည်။သို့သော်လည်း သူမနှင့် အဆက်အသွယ်ပြတ်နေသည်မှာ ကြာနေပြီး သူနေထိုင်သည့် မြို့က မြို့တော်နှင့်အတော်လေးဝေးပေသည်။မြို့ဝန်မင်းထံမှ သူမ အဖေအကြောင်းကို သိချင်မိသော်လည်း သူနှင့်တွေ့ရန် အကြောင်းပြချက် ရှာမတွေ့ခဲ့ပေ။

ရိုစီနာ သည် အဘယ်ကြောင့် မြို့ဝန်မင်း ဂျာဂန် အကြောင်း ရုတ်တရက် ထပြောမှန်းကို သဘောမပေါက်သဖြင့် ကြောင်စီစီ ဖြစ်နေလေသည်။ထို့နောက် အီဘယ်လာ က တောက်ပစွာ ပြုံးပြီး ပြောလိုက်သည်။

"သူက ညီမရဲ့ အဖေပါ..."

ရိုစီနာ က သူမကို ခဏလောက်ကြည့်ရင်း လွဲမှားနေသလားလို့ တွေးမိတယ်။

"အဖေက အစ်မကိုတွေ့ချင်နေတယ်..."

ရိုစီနာသည် အံဩလွန်းနေသဖြင့် ဘာမှ‌တောင် ပြန်မပြောနိုင်သေးပေ။ယခင်က သူမသည် အီဘယ်လာ ၏မိဘများအကြောင်းကို မေးရန် စဉ်းတောင်မစဉ်းစားခဲ့ပေ။ အီဘယ်လာသည် အတော်လေးအဆင့်မြင့်သည့် မိသားစုမှ လာသည်ဟုသာ သိထားခဲ့၏။

"မြို့ဝန်မင်းက အခုတစ်လော ဘာတွေလုပ်နေလဲဟင်..."

ရိုစီနာ သည် ပဟေဠိ ဖြစ်နေသော မျက်နှာဖြင့် စကားကို မှုန်ဝါးဝါးပြောနေစဉ် အီဘယ်လာ က လက်ဖက်ရည်ခွက်ကို ပွတ်သပ်ကာ ပြန်ဖြေလိုက်သည်။

"တစ်ကယ်တော့ ဒုတိယမင်းသမီးရဲ့ လက်ဖက်ရည်ပွဲကို ကျွန်မ ပထမဆုံးတက်ရတဲ့ အကြောင်းရင်းက အစ်မနဲ့တွေ့ဖို့ပါ… အဖေက ညီမကို ခိုင်းထားလို့လေ..."

ဖခင်ဖြစ်သူက သူမကို စိတ်အားထက်သန်စွာ တောင်းဆိုခဲ့သဖြင့် ဝတ်ကျေတန်းကျေသာ လာခဲ့ရသော်လည်း ခဏအတွင်းမှာပဲ အီဘယ်လာ ဟာ ရိုစီနာ ကို စွဲလန်းသွားခဲသည်။

"ဘာကြောင့်လဲတော့ မသိဘူး…ဒါပေမယ့် အဖေက မြို့ဝန်မင်း အက်စတာရော့ ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလို့ ပြောတယ်..."

ရိုစီနာ ၏နှလုံးခုန်သံမှာ တဒိတ်ဒိတ် မြည်ဟည်းလျက်ရှိသည်။မြို့ဝန်မင်း ဂျာဂန် က သူမကို တွေ့ချင်သည့် ကိစ္စမှာ မယုံနိုင်စရာကောင်းသည်။ သူမတစ်ယောက်တည်း အဝေးကြီးထွက်သွား၍ မရသည့် သူမအတွက်တော့ အခွင့်အရေးကောင်းတစ်ခုပင်။

"ညီမ အဖေက ဒီအင်ပါယာ တည်ထောင်တဲ့နေ့မှာ မြို့တော်ကို လာမှာဆိုတော့ အစ်မ သူ့ကိုတွေ့မယ်လို့ ညီမ မျှော်လင့်ပါတယ်..."

အင်ပါယာ တည်ထောင်သည့်နေ့တွင် အင်ပါယာမှ မှူးမတ်အများစုသည် မြို့တော်သို့ ရောက်လာကြမည် ဖြစ်သည်။ ထိုအခါ သူမသည်လည်း မြို့ဝန်မင်း ဂျာဂန် နှင့် တွေ့ဆုံနိုင်မည်ဖြစ်သည်။

"ဟုတ်ပါပြီ..."

ထိုအခါ သူမ သိချင်နေသော လျှို့ဝှက်ချက်ကို နောက်ဆုံး ထုတ်ဖော်နိုင်ပါလိမ့်မည်။

***

အီဘယ်လာ ပြန်သွားပြီးနောက် ရိုစီနာ သည် အဝတ်အစားအပိုများကို ယူကာ တတိယမင်းသား နန်းတော်၏အဆုံးက ရေချိုးခန်းဆီသို့ သွားခဲ့သည်။ ထိုရေချိုးခန်းမှာ မင်းသားနန်းတော်ရှိ အကြီးဆုံးရေချိုးခန်းဖြစ်ပြီး စကျင်ကျောက်ဖြင့် ပြုလုပ်ထားသည့် ရေချိုးကန်လည်း ရှိသည်။ တတိယမင်းသား နန်းတော်သည် သေးငယ်သော်လည်း ရေချိုးခန်းသည် လူပေါင်းများစွာ အတူတကွ ရေဝင်ချိုးလို့ရအောင် ကျယ်ဝန်းပေသည်။

သူမလည်း ဇိမ်ခံချင်လှတာကြောင့် အမြန်ရေချိုးမည့်အစား ဖြည်းဖြည်းချင်း ရေချိုးချင်သည့်အခါ သုံးတတ်လေသည်။သူမ ရေချိုးခန်း တံခါးကိုဖွင့်လိုက်သည်နှင့် ရေချိုးခန်းထဲတွင် ရေကို ကြိုတင်အပူပေးထားခြင်းကြောင့် ရေနွေးငွေ့များ ပြည့်နှက်နေသည်။ အတွင်းမှ ထွက်လာသော အခိုးအငွေ့တို့ကြောင့် မြင်ကွင်းသည် မှုန်ဝါးသွားသည်။သူမသည် ကြပ်ထုတ်နေသော ၀တ်စုံကို ချက်ချင်း ချွတ်ပစ်လိုက်သည်။ တောထဲမှာ လမ်းလျှောက်ရင်း ချွေးထွက်နေခဲ့သောကြောင့် ယခုချက်ချင်း ရေအမြန်စိမ်ချင်နေပြီဖြစ်သည်။သူမသည် အဝတ်အစားအားလုံးကို ချွတ်ပစ်ကာ ရေချိုးခန်းအတွင်းထဲသို့ ဖြည်းဖြည်းချင်း ဝင်လာချိန်၌....

"ရိုစီနာ..."

ရာဟန် သည် ရေချိုးခန်းထဲမှနေ၍ ရိုစီနာ ကို ကြည့်နေသည်။

ရိုစီနာ အံ့သြလွန်း၍ စကားတောင်မထွက်နိုင်တော့ဘဲ ရာဟန် ကို ကြည့်လိုက်သည်။ ရာဟန် သည် ရေခိုးရေငွေ့များကို ဖြတ်၍ ရေချိုးကန်ထဲမှ တက်လာခဲ့သည်။သူမလိုပင် သူလည်း ဘာမှမဝတ်ထားပေ။ လည်ပင်းမှ ခါးအထိ ပြီးပြည့်စုံသော ကြွက်သားများက သူ့ခန္ဓာကိုယ်ကို ပြီးပြည့်စုံစွာ ထုဆစ်ထားသည်။သူ့ဆံဖျားမှ ရေစက်များသည် တစိမ့်စိမ့်စီးကျလာပြီး သူ့ခန္ဓာကိုယ်ပေါ်သို့ ရွေ့လျားလာသည်။ သူ့ခန္ဓာကိုယ်ကို ကြောင်ပြီး ကြည့်နေမိတာကြောင့် သူမ အမြန် တောင်းပန်ခဲ့သည်။

"ကျွန်မ…ကျွန်မ တောင်းပန်ပါတယ်…ရှင်ဒီမှာရှိနေတာ ကျွန်မ မသိလို့ပါ"

သူမ စဝင်လာကတည်းက လူရှိနေသည့် အရိပ်အယောင်တောင် မခံစားရသောကြောင့် ဤနေရာတွင် တစ်ယောက်မှ မရှိဟု သူမ ထင်ခဲ့ရသည်။ထို့အပြင် ချွတ်ပုံထားသာ သူ့အဝတ်အစားများကိုလည်း သေချာမကြည့်၍ မမြင်ခဲ့ချေ။ သူမသည် အလွန်ရှက်သွားပြီး စကားထစ်နေရကာ သူမ လည်ပင်းမှာ အနီရောင် ဆေးဆိုးထားသလိုပင် ဖြစ်နေတော့သည်။

"... ကျွန်မ သွားပြီ..."

ရိုစီနာသည် အမြန်ပင် သူမ အဝတ်အစားတွေကို အလျင်စလို ကောက်ယူလိုက်သည်။ အဝတ်အစားအသစ်တစ်စုံပြန််ဝတ်ရန် သို့မဟုတ် ချွေးစိုနေသော အ၀တ်အစားများ ထပ်ဝတ်ဖို့ စိတ်ကူးတောင်မရှိနေဘဲ ခက်ခဲသော်လည်း မည်သို့ပင်ဖြစ်စေ ဤနေရာမှ ထွက်ခွာရန်မှာ သူမအတွက် ဦးစားပေးဖြစ်သည်။ ရေချိုးခန်းထဲက ရေသံက စူးစူးရဲရဲကြားနေရစဉ် ရာဟန် ပြန်ထိုင်လိုက်သည်။

"ကိုယ်တို့ အတူတူ ရေချိုးဖို့ အကြံမဆိုးဘူးထင်တယ်..."

သူက သူမအနားတွင်ကပ်ထိုင်ကာ လက်ကိုထောက်ထား၍ တိုးတိုးလေးပြောလိုက်သည်။

"မင်းရော ဘယ်လိုထင်လဲ..."

ပထမပိုင်း

ရိုစီနာ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

"ဘာလဲ..."

သူမ လန့်ဖျပ်သွားပြီး သူ့ကိုသေချာကြည့်လိုက်ရာ အဝတ်တစ်ထည်မှ မပါသော ခန္ဓာကိုယ်တစ်ခုကို မြင်လိုက်ရသည်။

ရာဟန် က ရေစိုနေသည့် ဆံပင်တွေကို ဖွရင်း ပြောလိုက်သည်။

"ရေချိုးကန်က အကြီးကြီးဆိုတော့ မင်းလည်း ဝင်လို့ရတယ်..."

ရေသံတွေ ထပ်ကြားလာရပြန်သည်။

ရိုစီနာ သည် ခဏတာ ငြိမ်သက်စွာ ရပ်နေသည်။ ရေနွေးငွေ့ကြောင့် သူ့ဦးခေါင်းက ကောင်းကောင်းအလုပ်မလုပ်တော့တာလည်း ဖြစ်နိုင်သည်။သူ,မပြောသင့်သည့် စကားကို စပြောလာခြင်းပင် ဖြစ်သည်။ထို့နောက် သူမက မတ်တပ်ရပ်နေရင်း ပဝါတစ်ထည်နှင့် ကိုယ့်ကိုယ်ကို ဆွဲပတ်ထားလိုက်စဉ် သူက ဆက်ပြောလေသည်။

"ကိုယ်တို့က လင်မယားတွေဆိုတော့ဘာမှလည်း မဖြစ်နိုင်ဘူးလေ..."

လင်မယားဆိုသည့် စကားလုံးက သူမနှလုံးသားကို စူးစူးရဲရဲ ထိုးဖောက်သွားခဲ့သည်။

"မင်း ရေချိုးချင်နေပြီထင်တယ်... ဒါမှမဟုတ် ကိုယ် ထွက်သွားပေးမယ်လေ..."

ရာဟန် က ထွက်သွားဟန်ပြင်ပြီး ထတော့မလိုလုပ်လိုက်ရာ သူမလည်း အမြန်ခေါင်းခါပြလိုက်သည်။ အရင်ဝင်လာသူက ဖယ်ပေးရမည်ဆိုသည်မှာ အဓိပ္ပါယ်မရှိလှချေ။သို့သော်လည်း သူမကိုယ်တိုင်က ရာဟန် နှင့် အရင်က ရေမချိုးဖူးပေ။သူမတို့ အရင်က အတူအိပ်ခဲ့ဖူးသော်လည်း သူမ နိုးလာသည်နှင့် သူက ရေမိုးချိုးပြီး မနက်စာတောင် ပြင်ပေးထားတတ်သည်။ထို့ကြောင့် တစ်ခါမှ ရေအတူမချိုးခဲ့ဖူးပေ။ ထို့အပြင် ယခုက သူမတို့သည် ကိုယ်လုံးတီးနှင့် အတူတူ နှစ်ယောက်တည်း ရှိနေကြခြင်း ဖြစ်သည်။

ရာဟန် က စိတ်​မ​ကောင်းဖြစ်​​နေပုံရသော်လည်း သူနှင့် အတူရှိနေဖို့ တွန့်ဆုတ်နေမိသည်။ထို့အပြင် သူမသည် သူ့ခန္ဓာကိုယ်ကို အကြိမ်များစွာ မြင်ဖူးသော်လည်း နေ့ခင်းဘက်မှာ မဟုတ်ပေ။

"ကိုယ် ဘာမှလုပ်မှာ မဟုတ်ပါဘူး..."

သူက ထပ်ပြောလိုက်လျှင် သူမ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိ၏။

"...ဒါဆိုလည်း ခဏလေး ဝင်မယ်နော်"

ရေပဲချိုးမှာဖြစ်တာကြောင့် အဆင်ပြေပါသည်ဟု ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်ပြီး သူမ တဘက်ကြီးပတ်ထားရင်း ရေချိုးကန်ထဲကို ဝင်ထိုင်လိုက်သည်။ ဖြူဖွေးသော သူမ၏ ခြေဖဝါးနုနုသည် ပူနွေးသော ရေကိုထိလိုက်သည်နှင့် သူမ တစ်ကိုယ်လုံး အကြောအချဉ်ပြေသွားရပြီး မောပန်းနွမ်းနယ်မှုတွေကလည်း မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားသည်။

ရိုစီနာ သည် ရာဟန် ထိုင်နေရာနှင့် အဝေးတွင် တမင်တကာ ထိုင်နေခြင်း ဖြစ်သည်။ ရေချိုးကန်က ကျယ်တာကြောင့်လည်း တော်သေးသည်။ရေချိုးကန်ကသာ ကျဉ်းမြောင်းလျှင် သူမ အခန်းပြင်ကိုတစ်ခါတည်း ထွက်သွားမည်မှာ သေချာသည်။ ရေချိုးခန်းထဲတွင် အသံက အကျယ်ကြီးထွက်လာတတ်သည်။

ပေါက်....ပေါက်

ရေစက်ကျသံများ ထွက်ပေါ်လာပြီး တိတ်ဆိတ်မှုက လေထုထဲကို ကြီးစိုးထားသည်။ ထူးဆန်းသော တိတ်ဆိတ်မှုကြောင့် ဖြစ်ပေါ်လာပြီး ရိုစီနာ သည် ခေါင်းမထောင်ဘဲ ရေပြင်ကိုသာ ငုံ့ကြည့်မိသည်။

အခန်းထဲက မထွက်မချင်း ဒီအတိုင်းနေရမှာလား…

"အမဲလိုက်ပြိုင်ပွဲက ဘယ်လိုလဲ..."

ရိုစီနာ က သူ၏ ရုတ်တရက်မေးခွန်းကို နောက်ကျမှ ဖြေလိုက်သည်။

“မြေခွေးက လေ့ကျင့်ထားသလိုပါပဲ အရမ်းတော်တယ်..."

ရာဟန် သည် မြေခွေးဆိုသည့် စကားကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။မြေခွေးကို သူမကိုယ်တိုင်က အလိုလိုက်ထားခဲ့တာမို့ သူ့နေရာကိုသူတောင် မသိဘဲ မောက်မာစွာ ပြုမူနေခဲ့သည့် အကောင်ဖြစ်သည်။ထို့ကြောင့် သူက မြေခွေးအား နှင်ထုတ်မည့်နေ့ကို စောင့်မျှော်နေခဲ့သည်။

“… ပြီးတော့ ကျွန်မ အနိုင်ရတယ်”

သူမက ပြောပြီးပြီးချင်း သူ ဘာပြန်ပြောမလဲဆိုတာကို သိချင်လှသဖြင့် သူ့မျက်နှာအား မသိမသာ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုက ဖြည်းဖြည်းချင်း ပျံ့နှံ့သွားလေသည်။သို့သော် သေချာမကြည့်လျှင် ပြုံးမှန်းသိရမှာမဟုတ်ပေ။

"တော်တယ်..."

သူမ တံတွေးတစ်ချက် မျိုချလိုက်သည်။သူမ အသက်ရှုသံကလည်း ရေချိုးခန်းထဲမှာ မြည်ဟည်းနေသလိုပင်။ပူနွေးသောရေထဲတွင် စိမ်ထားရတာကြောင့် ခေါင်းမူးလာသလိုလို ဖြစ်ကာ၊အသက်ရှူလည်း မဝတော့ဘဲ သူမ မျက်နှာမှာလည်း နီရဲလာရသည်။ လည်ပင်း နောက်ဘက်အထိ ပျံ့နှံ့သွားသော အပူရှိန်ကြောင့် သူမ စိတ်ကို တည်ငြိမ်အောင် မထားနိုင်တော့ပေ။

သူမ အခြေအနေကို မြင်လိုက်သည့် ရာဟန် က ချက်ချင်း ရေထဲကနေ သူမဆီကို ရောက်လာသည်။အဝေးမှ သူ့ခန္ဓာကိုယ်သည် လျင်မြန်စွာ ချဉ်းကပ်လာပြီး သူ့အရေပြားက သူမအသားကို လာထိသည်။

"မင်း ​ခေါင်းမူး​နေတာလား..."

ရာဟန် သည် ရိုစီနာ ၏ မျက်နှာကို စိတ်ပူနေပုံဖြင့် ကြည့်လိုက်ပြီး သူ့လက်ချောင်းများက စိုစွတ်နေသော သူမ ဆံပင်များကို အနီးကပ်ကြည့်နေတော့သည်။

“……”

ထိုအခါ စိုစွတ်နေသော ရိုစီနာ၏ မျက်တောင်များသည် တဖြည်းဖြည်း မြင့်တက်လာပြီး နီရဲနေသော မျက်လုံးများက သူ့ကို ဖမ်းစားလိုက်လေသည်။ ဟော့နေသော သူမ မျက်လုံးများကို မြင်သည်နှင့် ရာဟန် သည် သူ့ခေါင်းကို ဖြည်းညှင်းစွာ ငုံ့ချလိုက်သည်။

"တောင်းပန်ပါတယ်…"

တိုးလျလျ သူ့အသံက ပဲ့တင်ထပ်ပြီး ရေမျက်နှာပြင်ပေါ်ကို လှိုင်းတွန့်ကလေးများ ဖြစ်သွားစေသည်။

"အရင်က ကိုယ် ပေးထားတဲ့ကတိကို ထိန်းထားနိုင်မယ် မထင်ဘူး..."

ထို့နောက် သူမ မျက်နှာပေါ်ကို အရိပ်တစ်ခုကျလာပြီး သူ့နှုတ်ခမ်းများသည် သူမ နှုတ်ခမ်းနှင့် ထိမိသွားသည်။သူမ အံဩသွားပြီး မျက်လုံးပြူးနေရသော်လည်း သူ့နှုတ်ခမ်းတွေ၏ အထိအတွေ့က သူမတစ်ကိုယ်လုံးကို ပြန့်နှံ့သွားသည်။သူမ စိတ်ထဲက သဘောမကျလျှင် အခုချက်ချင်း တွန်းထုတ်လို့ရသည်။သို့သော် နူးညံ့သောအနမ်းတို့ကြောင့် သူမမှာ ခွန်အားမရှိတော့။ထိုမျှမကသေး၊ တုန်ရီနေသည့် လက်တွေနှင့် သူ့ပခုံးကို ဖက်ထားလိုက်မိတော့သည်။ သူမ၏ပါးပြင်နှင့် နားရွက်များကို ဖုံးလွှမ်းသွားသော အပူဒဏ်ကြောင့် သူမ စိတ်ထဲတွင် မွန်းသွားသလို ခံစားလိုက်ရသည်။ စိုစွတ်နေသော နှုတ်ခမ်းများသည် အတွင်းဘက်ထဲအထိ ရောက်လာပြီး သူမ နှုတ်ခမ်းအတွင်းသားကို ဆွဲယူနေသည်။နှစ်ယောက်သား၏ အဝတ်မဝတ်ထားသော ကိုယ်လုံးအချင်းချင်း ထိတွေ့မိသောအခါ သူမ ချမ်းတုန်သွားရသည်။

ရာဟန် သည် ရိုစီနာ ၏ခါးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမကို မြှောက်ပြီး သူ့ပေါင်ပေါ် တင်ထားလိုက်သည်။ နက်ရှိုင်းသော အနမ်းများကြောင့် သူမ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း အရည်ပျော်သွားရသည်။ ထိတွေ့နေသော တစ်ယောက်ကိုတစ်ယောက်၏ အရေပြားသည် မီးလျှံကို ကိုင်ထားသကဲ့သို့ ပူလောင်သွားသလို ခံစားရသည်။

ရာဟန် သည် သူမ ခါးမှာ သူ့လက်ကို ရစ်ပတ်ထားပြီး ပခုံးအောက်သို့ကျနေသော သူမ၏ အနီရောင်ဆံပင်ကို အသာအယာ ဆွဲယူလိုက်သည်။ ရိုစီနာ သည် စိတ်လှုပ်ရှားစရာ ကောင်းသော အထိအတွေ့ကြောင့် အသက်ကို လျင်မြန်စွာ ရှူသွင်းလိုက်ရာ အသက်ရှုသံက ရေချိုးခန်းထဲမှာ ပြည့်နှက်သွားသည်။မကြာမီ၊ ညည်းညူသံများ ကိုယ်စီထွက်လာပြီး နှုတ်ခမ်းများ ကွာကျသွားသည်။

"ကိုယ် ဒီ့ထက်ပိုလုပ်ရင် မင်းစိတ်ဆိုးမှာလား..."

တလက်လက်တောက်ပနေသော သူ့မျက်လုံးများသည် ရိုစီနာ ကို စူးစိုက်ကြည့်နေတော့သည်။တလေးတစားခွင့်ပြုချက်တောင်းခြင်း ဖြစ်သော်လည်း သူ့မျက်လုံးများက သူမ ကိုယ်ထဲကို ထွင်းဖောက်ကြည့်နေ၏။

ရိုစီနာ ပြန်မဖြေတော့ဘဲ သူ့ပခုံးကို မျက်နှာနှင့် ပွတ်သပ်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ၏ အဖြေကိုရရှိပြီးနောက် သူသည် ဖြည်းညှင်းစွာ အောက်ဆင်းလာပြီး သူမ လည်တိုင်မှာ မျက်နှာအပ်ထားလိုက်လေသည်။ထိုအခါ သူ့နှုတ်ခမ်းများက ပျော့ပျောင်းနူးညံ့သော သူမ၏ လည်ပင်းနောက်ဘက်သို့ လာထိသွားသည်။ နူးညံ့သော နှုတ်ခမ်းများသည် သူမ၏ အရေပြားပေါ်တွင် အမှတ်အသားတစ်ခု အမြန်ချန်ထားခဲ့သည်။သူမ တစ်စုံတစ်ခုကို ဖမ်းဆုပ်ရန် ကြိုးစားသော်လည်း ဘာမှ ဖမ်းဆုပ်လို့မရတာကြောင့် နောက်ဆုံး သူ့အရေပြားပေါ်ကိုသာ ရောက်သွားလေသည်။

ဖြည်းဖြည်းချင်း အောက်ဆင်းလာနေသော ရာဟန် သည် ရိုစီနာ ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားလိုက်သည်။ ရိုစီနာ သည်လည်း သူ့လည်ပင်းကို သိုင်းဖက်ထားရင်း သူ့ကို တဖြည်းဖြည်း တောင့်တလာသည်။အတန်ကြာသော် သူမ မျက်လုံးထဲကို ရေများစင်လာတာကြောင့် အသိစိတ်ဝင်လာပြီး သူမ သူ့ကို တွန်းဖယ်ကြည့်ရန် စိတ်ကူးမိသည်။သို့သော် တွေးဖို့ကြိုးစားတိုင်း သူမ စိတ်ထဲ နစ်မွန်းနေရသည်။ ထို့အပြင် သူမ ဘာလိုချင်နေမှန်း သူ သိထားပြီးဖြစ်သည်။

“အာ…အင့်…”

ရှိုက်သံလိုလို အသံတစ်ခု၊ ထွက်ပေါ်လာသည်။

သူမသည် သူ့ပခုံးကို လက်ချောင်းများဖြင့် ကိုင်ထားခြင်းဖြစ်ရာ မာကျောသော သူ့ ကြွက်သားများက လှုပ်ယမ်းလာသည်။ ရေကျသံ၊ အသက်ရှုသံတွေ တဖြည်းဖြည်း အရှိန်ပြင်းလာပြီး သူ့အရေပြားက အပူရှိန်တွေက သူမကို တုန်လှုပ်စေသည်။ယခုတစ်ကြိမ်ဘ်း သမ အရှုံးပေးရမှာလားဟု ကိုယ့်ကိုယ်ကို မေးကြည့်မိသည်။သို့သော်လည်း အဖြေက သူမ ဆန္ဒလည်းမကင်းပေ။ အရင်အခါများကလို ပြင်းထန်သော ဆွဲဆောင်မှုကြောင့် ဆင်ခြင်တုံတရား ပျောက်ဆုံးသွားခြင်းမဟုတ်ဘဲ သတိရှိရှိနှင့်ပင် သူ့ကို တောင့်တနေခဲ့သည်။

ရာဟန် သည် ရိုစီနာ ကို အနုပညာဖန်တီးမှုတစ်ခုလို နူးညံ့သိမ်မွေ့စွာ အနမ်းတစ်ပွင့်ခြွေလိုက်သည်။ သူ့နှုတ်ခမ်းတွေက သူမ ခန္ဓာကိုယ်၏ နေရာတိုင်းကို နမ်းနေတော့သည်။သူမ၏ ကျောပြင်သည် ကိုယ့်ကိုယ်ကို သတိမထားမိဘဲ တုန်ခါနေပြီး ခြေဖဝါးများအထိပါ တုန်ခါနေသည်။ သူမ ပါးစပ်ကို တင်းတင်းစေ့ထားခြင်း ဖြစ်သော်လည်း ညည်းညူသံ သဲ့သဲ့ကတော့ ထွက်နေဆဲပင်။

"မင်း ဘာပဲပြောပြာ ကိုယ် နောက်မှ နားထောင်တော့မယ်ကွာ"