အပိုင်း ၆၂
Viewers 13k

Chapter 62

သူမ အကြာကြီး အိပ်ပျော်သွားသည် ။ သူမ အိပ်နေရာကနေ ဖြည်းဖြည်းချင်းထလာပြီး မျက်နှာကျက်ကို ခဏလောက် စိုက်ကြည့်နေမိသည်။

"ဘယ်တုန်းက အိပ်ပျော်သွားတာလဲ..."

သူမ ဘယ်လောက်ပဲ တွေးနေပါစေ ကုတင်ပေါ် ဘယ်လိုတက်လာပြီး အိပ်ပျော်သွးမှန်း မသိတော့ပေ။သူမ ထလာပြီး စောင်ကိုဆွဲလှပ်လိုက်ရာ ပိုးသား ညဝတ်အင်္ကျီကို ၀တ်ထားခြင်းကို တွေ့လိုက်ရသည်။

“…!”

ထိုအခါမှ ရိုစီနာသည် အိပ်ယာမဝင်ခင်မှာ ဖြစ်ပျက်ခဲ့တာတွေကို မှတ်မိသွားပြီိး စောင်ကိုတစ်ဖန်ပြန်ခြုံလိုက်ပြန်သည်။

အရူး....

အတူတူ ရေချိုးကြပြီးတော့ ဘယ်လိုဆက်ဖြစ်တာလဲ...

မျက်နှာ နီနေရုံသာမက လည်ကုပ်အထိ နီရဲနေကာ သူမ အသက်ပြင်းပြင်းရှူလိုက်သည်။ ယခင်က သူမ ခံစားချက်မှာ တစ်စိတ်တစ်ပိုင်း အပြစ်တင်ချင်စိတ်က‌လေး ရှိသော်လည်း ယခုတစ်ခါတော့ မတူပေ။ သူမသည် ဆင်ခြင်တုံတရား မဆုံးရှုံးဘဲ ပုံမှန်မဟုတ်သော ဆွဲဆောင်မှုတစ်ခုက သူမကို တွန်းပို့နေသလိုမျိုးလည်း မဟုတ်ပေ။သူမမှာ စဉ်းစားရန် အချိန်ရသော်လည်း…

"အာ..."

ရိုစီနာ သည် စောင်ကို လက်ဖဝါးဖြင့်ရိုက်လိုက်သည်။ ရှက်လည်းရှက်နေသဖြင့် သည်းပါသည်းမခံနိုင်တော့‌ေပ။သူမသည် လွန်ခဲ့သောလ အနည်းငယ်က သူမ ပြောခဲ့သည့်စကားတို့ကို မှတ်မိနေသေးသည်။ ရာဟန် နှင့် သူမ ပြန်ဆုံသည့်နေ့မှာ သူမကိုယ်တိုင် ပြောခဲ့‌သော စကားတွေက သူမစိတ်ထဲအထိ မှတ်မှတ်ရရ လွှမ်းမိုးသွားခဲ့သည်။

- ကျွန်မ လုပ်ချင်တဲ့ကတိက တစ်ချိန်ချိန်မှာ ကွာရှင်းချင်တယ်...

- ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် သဘောကျလို့ လက်ထပ်တာမဟုတ်ဘူးလေ...

–ကျွန်မ ရှင့်ကို မချစ်ဘူး… ဟိုတုန်းကိစ္စကလည်း ဒီတိုင်း အမှားတစ်ခုပါပဲ...

အမှားတစ်ခုဟု ပြောဖို့ အတတ်နိုင်ဆုံး ကြိုးစားကြည့်ချင်သော်လည်း တစ်ကယ်အမှားမဟုတ်မှန်း သူမ သိနေလေသည်။ မကြာသေးမီကမှ သူမတို့နှစ်ယောက်သား နီးကပ်လာခြင်းဖြစ်သည်ဟု သူမ ထင်ခဲ့သော်လည်း...

သူမ သည် စောင်ကို ရိုက်ပုတ်ပြီးမျှ ငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။

"ငါ သူ့ကို ကြိုက်တာလား..."

သူမကိုယ်သူမ ညည်းညူမိပြီးခါမှ ခေါင်းကို ခါလိုက်သည်။ ယခုအချိန်အထိ သူမ ငြင်းဆိုထားခဲ့သော ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည်ကို ရှက်ရွံ့မိသည်။ ထို့အပြင် သူ့မျက်နှာကို တွေးလိုက်တိုင်း နှလုံးသားက တုန်လှုပ်သွားရသည်။နောက်ဆုံးတော့ အလွန်ခက်ခဲစွာ နိဂုံးချုပ်လိုက်လျှင် သူမ နှလုံးသားထဲမှာ သူရှိနေတာဖြစ်သည်။

သူမ ဘာကြောင့် ချစ်မိသွားတာလဲ...

သေချာတာကတော့ နောက်ဆုံးအကြိမ်လောက်တော့ မဆွဲငင်ခဲ့ပေ။သူ၏ အပြာရောင်မျက်လုံးများက ထုံးစံအတိုင်း ကြည်လင်လှပနေသည်။ တွေးကြည့်လိုက်လျှင် ရာဟန် သည် သူမကို အမြဲဂရုစိုက်နေခဲ့သူဖြစ်သည်။သူက သူမ စိတ်ကို ပိုင်စိုးထားတာကြောင့် သူလည်း အမှားလုပ်ခဲ့ခြင်း မဟုတ်ပေ။

သို့သော်လည်း သူက သူမကိုကြိုက်သည်ဟု ဘယ်တုန်းကမှ မပြောခဲ့ပေ။ ထိုအချိန်က သူသည် တစ်ကယ်ချစ်ခင်သည့် ဇနီးမောင်နှံ အဖြစ်သာ ဟန်ဆောင်ရန် သူမကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ရုတ်တရက် အိမ်ရှေ့စံ ပြောခဲ့သည့်စကားကို သူမ သတိရသွားသည်။

- အဲဒါကြောင့် ရာဟန် က မင်းကို လက်ထပ်ခဲ့တာ…သူက မင်းရဲ့ ခွန်အားကို လိုအပ်တယ်လေ...

ရိုစီနာ ခေါင်းယမ်းလိုက်သည်။ အိမ်ရှေ့စံက ပြောခဲ့ခြင်း ဖြစ်သော်လည်း အတည်မပြုနိုင်သော စကားတို့ကို သူမ ယုံမည်မဟုတ်ပေ။သို့သော် ထူးထူးခြားခြား ဖြစ်နေသည့်အချက်တွေက တစ်ခု၊နှစ်ခု မကပေ။ဖခင်ဖြစ်သူ၏ မှာတမ်းခြွေစကားဖြစ်သည့် တော်ဝင်မိသားစုကို မတွေ့ဆုံရန် တောင်းဆိုမှုကလည်း သံသယဖြစ်စရာကောင်းလှသည်။ထို့အပြင် လက်တွေ့ဘဝလိုဖြစ်ပျက်နေသော ကွက်ကွက်ကွင်းကွင်းနိုင်လှသည့် အိပ်မက်တစ်ခုလည်း ရှိသေးသည်။ထို့ကြောင့် သူမ ဆက်ပြီး စိုးရိမ်နေတော့သည်။

***

တော်ဝင်နန်းတော်၏ အနောက်ဘက်မှာ သူရဲကောင်းများ လေ့ကျင့်နေကြသည်။ ဘုရင်မင်းမြတ် လက်အောက်ရှိ သူရဲကောင်းများမှလွဲ၍ ကျန်တပ်သားအားလုံးသည် ဤနေရာတွင်သာ စစ်ရေးကျင့်ကြသည်။ဤနေရာသည် ကျယ်ဝန်းရုံသာမက လေ့ကျင့်ရေးနည်းစနစ်မှာလည်း စနစ်တကျနှင့် သေသပ်လှပသည်။ ဟာဘက် အင်ပါယာသည် တစ်ချိန်က အရှုံးသမားဖြစ်ခဲ့ဖူးသည်။

သေးငယ်သော နိုင်ငံတစ်ခုအနေဖြင့် စတင်ခဲ့ရကာ နှစ်ပေါင်းရာနှင့်ချီ၍ ပြင်းထန်သော မုန်တိုင်းများလို အခြားနိုင်ငံများက လွှမ်းမိုးခဲ့သည်။ နောက်ပိုင်းတွင် နယ်မြေချဲ့ထွင်ခြင်းနှင့် နိုင်ငံအများအပြားကို သိမ်းပိုက်ခဲ့ရာ ဟာဘက် သည် နိုင်ငံတစ်နိုင်ငံမဟုတ်တော့ဘဲ ဂုဏ်သိက္ခာရှိသော အင်ပါယာဖြစ်လာသည်။

အဆက်မပြတ်စစ်ဖြစ်နေသော ဟာဘက် သည် ဘားမန်း နန်းတက်ပြီးကတည်းက ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သူသည် နယ်မြေတို့ကို တစ်ခုပြီးတစ်ခု တိုးမြှင့်ပြီး စစ်တိုက်ယူခြင်းထက် အင်ပါယာ၏ အတွင်းပိုင်းကို စီမံခန့်ခွဲရန်သာ အာရုံစိုက်ခဲ့သည်။ အထူးသဖြင့်၊ အင်ပါယာတစ်ခွင်တွင် ပေါ်လာသော မကောင်းဆိုးဝါးများသည် ကြီးမားသော ပြဿနာတစ်ရပ်ဖြစ်နေပြီး သူ့အား ခေါင်းကိုက်စေတာကြောင့်လည်း ဖြစ်သည်။

သို့သော်လည်း ဘားမန်း သည် ရာဟန် အား မကောင်းဆိုးဝါးများကို သုတ်သင်ခိုင်းပြီးနောက် လူအများ၏ နှလုံးသားကို အရယူလာရကာ နတ်ဘုရားများ၏ မျိုးဆက်အဖြစ် ရာဇဝင်တွင်လာတော့သည်။တိုင်းသူပြည်သားများသည် တော်ဝင်မိသားစုကို သစ္စာစောင့်သိကြပြီး တော်ဝင်မိသားစုကို ဆန့်ကျင်သော မှူးမတ်များပင်လျှင် ဘုရင်မင်းမြတ်ဘက်တွင် ရပ်တည်လာကြကာ ဆယ်စုနှစ်များစွာကြာအောင် မငြိမ်မသက်ဖြစ်နေသော အင်ပါယာကြီးမှာလည်း ငြိမ်းချမ်းခဲ့သည်။

ယခင်က တိုက်ပွဲဝင်သူများသည် အသက်ကြီးလာသည်နှင့်အမျှ အနားယူသွားကြသောကြောင့် သူရဲကောင်း အသစ်များသည် စစ်ပွဲအကြောင်း ဘာမှ မသိကြပေ။ ငယ်ရွယ်သော နယ်ချဲ့သူရဲကောင်းများအားလုံးကို ရေတွင်းထဲက ဖားများလို တစ်ကယ့်အတွေ့အကြုံမရှိကြသဖြင့် ကွင်းပြင်တွင် လေ့ကျင့်သင်ကြားခဲ့ခြင်း ဖြစ်သည်။

"အိမ်ရှေ့စံ..."

တစ်စုံတစ်ယောက်သည် သူရဲကောင်းများ စစ်ရေးလေ့ကျင်နေသည်ကို ကြည့်ရှုနေသော အိမ်ရှေ့မင်းသား ဇီဂရစ် အနားကို ချဉ်းကပ်လာခဲ့သည်။ သူသည် တော်ဝင်သူရဲကောင်းများ၏ ပထမဂိုဏ်းချုပ်အဖွဲ့က ဒု-ခေါင်းဆောင် ဖြစ်လေသည်။

ဇီဂရစ် မော့ကြည့်လိုက်တော့ ဒု-ခေါင်းဆောင် ထိတ်လန့်သွားသည်။အကြောင်းမှာ ဇီဂရစ်သည် သူက အရုပ်လေးလို လှပနေတာကြောင့်ပင်။ ရွှေချည်မျှင်များကဲ့သို့၊ တဖျပ်ဖျပ်တောက်နေသော ရွှေရောင်ဆံပင်၊ ကြွေထည်ကဲ့သို့ ဖြူစင်သောအသားအရေနှင့် ဖန်ပုတီးလုံးလေးလို ကြည်လဲ့နေသော အပြာရောင်မျက်လုံးများက မင်တင်ငေးမောမိစေသည်။သို့သော် ဒု-ခေါင်းဆောင်မှာ သူ့မျက်နှာကို အကြာကြီး မကြည့်နိုင်ပေ။အဘယ်ကြောင့်ဆိုသော်် သူ့မျက်ဝန်းထဲက အအေးဓာတ်သည် ပတ်ဝန်းကျင်ကို နှင်းခဲများလို အေးခဲသွားစေတာကြောင့်ပင်။

"အရှင့်သား လေ့ကျင့်ရေးကိုစောင့်​ကြည့်​မယ်​ဆိုရင်​ ကျွန်​​တော်​တို့ အခန်းလုပ်ပေးပါ့မယ်​..."

"ကိစ္စမရှိပါဘူး..."

ဒု-ခေါင်းဆောင်လည်း သူ့ကို သေချာကြည့်လိုက်ရာ ဇီဂရစ် သည် အိမ်ရှေ့စံ အဆောင်အယောင်များနှင့် မဟုတ်ဘဲ လေ့ကျင့်ရေး သားရေချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကြောင်း သူသဘောပေါက်သွားခဲ့သည်။

ထို့နောက် ဇီဂရစ် က သူဝတ်ထားသည့် ဝတ်ရုံထဲက ဓားကို ဆွဲထုတ်လိုက်သည်။

"တိုက်ကြစို့..."

"...ကျွန်တော်က သိပ်မတော်ပေမယ့်​ ကြိုးစားကြည့်​​ချင်​ပါတယ်​"

ထို့နောက် နှစ်ယောက်သား တိုက်ခိုက်ရန် လေ့ကျင့်ရေးကွင်းသို့ ချက်ချင်းသွားကြသည်။ ဤကွင်းကို ထိပ်တန်း သူရဲကောင်းများ တိုက်ခိုက်ရမည်ဆိုလျှင် တစ်လတစ်ကြိမ် အသုံးပြုခြင်း ဖြစ်သည်။

ဇီဂရစ် သည် ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားလိုက်သည်။ထို့နောက် ဒိုင်လူကြီးလုပ်သော သူရဲကောင်းက စတင်ကြေညာခဲ့သည်။ သူတို့နှစ်ဦးသည် ဓားအစစ်အမှန်ကို အသုံးပြုထားတာကြောင့် စူးရှသောအသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ သူတို့ဓားတွေ ထိခတ်မိတိုင်း ရင်တုန်သည့် ခံစားချက်က ဒု-ခေါင်းဆောင်၏ လက်နှစ်ဖက်ထဲကို ဖြတ်ပြေးသွားသည်။ အိမ်ရှေ့စံ၏ ဓားပညာသည် ချောမွေ့ပြီး ထက်မြက်လှသည်။ ယဉ်ကျေးသိမ်မွေ့မှုနှင့် အလှတရားကို အလေးပေးသည့် အင်ပါယာဓားပညာတစ်ခုပင် ဖြစ်သည်။

ချွင်....

ဓားခုတ်သံကြားရပြီး ဓားက မြေကြီးပေါ်ကို လဲကျသွားသည်။ပြင်းထန်သောအသံနှင့်အတူ ဇီဂရစ်သည် သူ့ဓားကို ဒု-ခေါင်းဆောင်၏ လည်ပင်းဝဆီသို့ ထိုးသွင်းလိုက်သည်။ ဒု-ခေါင်းဆောင်က လက်နက်ချသည့်အနေဖြင့် ဓားကို ချထားလိုက်တော့သည်။

"ကျွန်တော် ရှုံးပါပြီ..."

ဒု-ခေါင်းဆောင်၏ စကားကိုပင် ဇီဂရစ် သည် ဘာစကားမှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။ ကျေနပ်မှုမရှိသော မျက်နှာထားပင် ဖြစ်သည်။

"တစ်ကယ်ပဲ သူက ဘီလူးတွေကို အနိုင်ယူနိုင်တဲ့လူပဲ..."

ထိုစကားကြောင့် ဇီဂရစ် ၏ မျက်ခုံးများ တွန့်သွားသည်။ ဇီဂရစ် သည် ထရိအက်သူရဲကောင်းများ အဖွဲ့ကို ဦးဆောင်ပြီး မကောင်းဆိုးဝါးများနှင့် တိက်ခိုက်နေ သည်ဟု တော်ဝင် သူရဲကောင်းများက အခိုင်အမာ ယုံကြည်ထားကြသည်။သို့သော်လည်း အမှန်တရားကို ဖုံးကွယ်ထားသည့် ဇီဂရစ် အတွက် ထိုစကားက ရွံရှာစရာကောင်းလှပေသည်။ ဇီဂရစ် ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားလိုက်သည်။

"နောက်တစ်ယောက်..."

ဇီဂရစ် ကို တိုက်ခိုက်ရန်‌ လေ့ကျင့်ရေးတပ်သားများ တန်းစီနေသည်။ အိမ်ရှေ့စံသည် ရှုံးနိမ့်ခြင်းမရှိဘဲ သူ ရင်ဆိုင်ရသည့် သူရဲကောင်းများကို အနိုင်တိုက်နိုင်ခဲ့သော်လည်း စိတ်ထဲက လုံးဝမလန်းဆန်းခဲ့ပေ။ ယင်းအစား ရင်ဘတ်ထဲကို တစ်ယောက်ယောက်က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသလို ဖြစ်နေ၍ စိတ်အလိုမကျမှုများ သာ ရှိနေခဲ့သည်။သူသည် ရာဟန် ဓားကိုင်ထားသည်ကို တစ်ကြိမ်သာ မြင်ဖူးသည်။ ရာဟန်သည် ဓားတစ်ချောင်းတည်းဖြင့် ရန်သူများစွာကို ကိုင်တွယ်ဖြေရှင်းနိုင်သော သားရဲတစ်ကောင်နှင့်တူနေပေသည်။

ရာဟန်သည် ဓားပညာကို ကောင်းစွာ မသင်ကြားဖူးသော်လည်း သူ့ကို အနိုင်ယူနိုင်ခဲ့သည်။ ထို့အပြင်၊ ရာဟန်က အင်ပါယာမိသားစုမှ မြင့်မြတ်သော တန်ခိုးကို အမွေဆက်ခံခဲ့ရသော သူ့ထက် သာလွန်သော တန်ခိုးများ ရှိနေသည်။ အရည်အချင်းနှင့် ကျွမ်းကျင်မှု နှစ်ခုစလုံးရှိ၍ သူ လက်လှမ်းမမီသော အဆင့်တွင် ရှိနေသည်။

ထိုအတွေးများကြောင့် သူ့စိတ်သည် အချိန်အတော်ကြာအောင် တောက်လောင်နေခဲ့သည်။သူကိုယ်တိုင်ကလည်း ရာဟန် ထက် သာလွန်တာ ဘာမှမရှိပေ။အေးစက်စက် အမှန်တရားက သူ့စိတ်ကို အဆုံးထိ တွန်းပို့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် မြင့်မြတ်သောတန်ခိုးကို မြှင့်တင်ရန် နည်းလမ်းများ ရှာဖွေခဲ့သည်။ ထိုအဖြေမှာ ပစ္စည်းတစ်ခုဟု သူအစက ယုံကြည်ခဲ့သော်လည်း လူသားတစ်ဦး ဖြစ်နေခဲ့သည်။ထိုမျှမကသေး၊သူနှင့် နီးနီးလေးမှာ ရှိနေသူပင်။

ရာဟန် သည် ရိုစီနာ ကိုပိုင်ဆိုင်ထားရတာကြောင့် ထိုစွမ်းအားကို ပိုင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။ စာအုပ်ဆိုင်မှာ ရိုစီနာ နှင့် တွေ့သည့်နေ့ကို သူပြန်အမှတ်ရမိသွားသည်။ထိုနေ့ကတည်းက သူသည် သူမနှင့် အဆက်အသွယ်ရပြီးသွားသလို ဖြစ်ကာ ချမ်းစိမ့်စိမ့် အစွမ်းထက်လာခဲ့ရသည်။ တစ်ဖန် ရိုစီနာ သည် မျှော်လင့်ထားသည့်အတိုင်း သူ့စကားကို မယုံကြည်ခဲ့ပေ။ သို့သော် ရာဟန် ကို သံသယဝင်သွားအောင် သူမကို အချိန်အနည်းငယ် ပေးထားလျှင်တော့ တစ်မျိုးဖြစ်သွားနိုင်သည်။

သူမ သူ့စကားကို လျစ်လျူရှုပြီး ရာဟန် နဲ့ အရင်လို နေနိုင်မှာမလို့လား…

ဇီဂရစ် ထိုနေ့ကို စောင့်နေမိသည်။

ချွင်…

စူးရှသော သံသံကို ကြားလိုက်ရပြီး ပြိုင်ဘက်၏ဓားသည် အဝေးကိုလွင့်ထွက်သွားပြန်သည်။ ဇီဂရစ် သည် မြေပြင်ပေါ်၌ လဲကျနေကာ အသက်ပြင်းပြင်းရှူ နေသော သူရဲကောင်းများကို အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

"မင်းတို့ ကောင်းကောင်း လေ့ကျင့်ခဲ့တာ ဟုတ်ရဲ့လား..."

"တောင်းပန်ပါတယ် အရှင့်သား..."

ဒု-ခေါင်းဆောင်က ခေါင်းခါသည်။ ဇီဂရစ် က သူတို့ကို မကျေနပ်သည့် အကြည့်နှင့် ကြည့်နေတော့သည်။

ရာဟန် ဦးဆောင်သော ထရိအက် သူရဲကောင်းများ အဖွဲ့တွင် သူရဲကောင်းများစွာမရှိသော်လည်း အားလုံးက လက်ရွေးစင်စစ်သည်များ ဖြစ်သည်။ အကယ်၍ အင်ပါယာ သူရဲကောင်းများနှင့် ထရိအက် သူရဲကောင်းတို့ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ကြမည်ဆိုပါက ... အင်ပါယာ သူရဲကောင်းများ အောင်နိုင်ပါ့မလား မသေချာပေ။

"မင်းတို့ ခေါင်းနဲ့ကိုယ် အိုးစားမကွဲချင်ရင်တော့ လေ့ကျင့်ရေးကို မပျက်ကွက်တာ ပိုကောင်းတယ်..."

ထို့နောက် သူသည် ဓားကို ခါးကြားထဲက ဓားအိမ်ထဲတွင်ထည့်ကာ လေ့ကျင့်ရေးကွင်းမှ ထွက်သွားပြီးနောက် သူ့လက်ထောက် အမြန်ရောက်လာသည်။

"ဘုရင်မ စောင့်နေပါတယ်..."

ထိုအခါ ဇီဂရစ် သည် ဧကရီနန်းတော်ဆီသို့ လက်ထောက်နှင့်အတူ လျှောက်သွားခဲ့သည်။

ပန်းခြံအတွင်းရှိ ခုံးတံတားအောက်တွင် အေးမြသောရေကန်တစ်ခုရှိသည်။ ရေကန်ပတ်ပတ်လည်တွင် ကြာပန်းပွင့်များ ပွင့်နေပြီး အင်ပါယာမှာ အများအားဖြင့်မတွေ့နိုင်သော သစ်ပင်အမျိုးမျိုးရှိသည်။ ဤဥယျာဉ်ကို ဧကရာဇ်မင်းမြတ်က အရှေ့ဘက်ပိုင်း ဒေသများကို လည်ပတ်ပြီး ပြန်လာသောအခါက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကျောက်သားခုံးတံတား တစ်လျှောက် လမ်းလျှောက်ရင်း ရေကန်အနီးတွင် သစ်သားဘန်ဂလိုလေး တစ်ခုရှိသည်။

ဇီဂရစ် သည် ခေါင်းကိုမော့ပြီး ထိုလန်ဂလိုထဲကို မော့ကြည့်လိုက်ရာ အေးဆေးတည်ငြိမ်သည့် အပြာရောင်ဝတ်စုံဝတ် ထားသည့် ဘုရင်မထာရှာ ကို တွေ့ရလေ၏။ထို့နောက် သူလည်း လှေကားမှတစ်ဆင့်တက်လာခဲ့လေသည်။ အရှေ့ဘက်မှာထိုင်ပြီး လက်ဖက်ရည်သောက်နေသော ဘုရင်မသည် လက်ဖက်ရည်ခွက်ကို ချထားလိုက်သည်။

"တောင်းပန်ပါတယ် …ကျွန်တော် နောက်ကျသွားတယ်… အဝတ်အစားတောင် မလဲခဲ့ရဘူး..."

ဇီဂရစ် ၏ တည်ငြိမ်သောစကားကို ဘုရင်မသည် ဂရုမစိုက်သလို လက်ဖက်ရည်ခွက်ကို ကိုင်လိုက်သည်။ ထို့နောက် သူမက လက်ဖက်ရည်ကို လက်ဖက်ရည်ခွက်ထဲသို့ ငှဲ့ပြီး ပြောလိုက်သည်။

“အင်ပါယာထူထောင်တဲ့နေ့ကိုရောက်ဖို့ သိပ်မလိုတော့ဘူး...”

တည်ထောင်သည့်နေ့သည် အင်ပါယာ၏ အရေးကြီးဆုံးပွဲတော် ဖြစ်သည်။ ဘုရင်မသည် စတင်တည်ထောင်သည့်နေ့ကို စကားစလိုက်သောအခါ ဇီဂရစ် လည်း ဆက်ပြောမည့်စကားကို အေးအေးဆေးဆေး စောင့်ဆိုင်းနေလေသည်။

"မင်းညီမှာ ကလေးနှစ်ယောက်ရှိနေပြီ..."

ဘုရင်မပြောသော ညီငယ်သည် ဒုတိယမင်းသားကို ရည်ညွှန်းသည်။

ဒုတိယမင်းသားသည် စောစီးစွာ အိမ်ထောင်ကျပြီး သားသမီး နှစ်ယောက်ရှိနေပြီဖြစ်သည်။ သို့သော်လည်း သူ့မှာတော့ လက်ထပ်ဖို့နေနေသာသာ ရည်းစားပင် မရှိသေးပေ။

"ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့အိမ်ထောင်ရေးအတွက် အရှင်နဲ့ ငါတို့ ရတတ်မအေးရဘူး..."

သူမက ဇီဂရစ်ကို တည့်တည့်ကြည့်သည်။

“မင်းဟာ တစ်နေ့ ဧကရာဇ်ဖြစ်လာမယ့်သူပါ…ဒါကြောင့် ဒီအင်ပါယာ တည်ထောင်တဲ့နေ့မှာ ငါ့အတွက်တွေးပြီးတော့ သင့်တော်တဲ့လက်တွဲဖော်ကို ရွေးချယ်ပါ...”

ဇီဂရစ် ရယ်ချင်စိတ်တို့ ဖြစ်လာရသည်။ ဘုရင်မအတွက် ထိုက်တန်သော ပြိုင်ဘက်ဖြစ်ပြီး သူမလို ထက်မြက်သူတစ်ယောက်ကို သူ့နှလုံးသားထဲတွင်ဘယ်သူကမှ အံမဝင်သေးပေ။

"အရှင်မ…ကျွန်တော့်စိတ်ထဲမှာ တစ်ယောက်ယောက် ရှိနေပြီ..."

"ဟင်..သူမက ဘယ်မိသားစုကလဲ..."

ဘုရင်မသည် ယခုမှ ပထမဆုံးကြားဖူးခြင်းဖြစ်၍ အနည်းငယ် တုန်လှုပ်သွလေသည်။ သို့သော် သူက တည်ငြိမ်သောမျက်နှာထားဖြင့် လက်ဖက်ရည်ကို အသာအယာ မော့သောက်လိုက်သည်။

"ကျွန်တော် မကြာခင် မိတ်ဆက်ပေးပါမယ် ..."

ထို့နောက် သူက လက်ဖက်ရည်ခွက်ကိုချကာ ပြုံးလိုက်သည်။

"သူမက တခြားသူတွေထက် အိမ်ရှေ့စံမင်းသမီးရဲ့ ထိုင်ခုံအတွက် ပိုသင့်တော်ပါတယ်..."



Xxxxx