အပိုင်း ၇၈
Viewers 15k

Chapter 78

ရာဟန်သည် အစည်းအဝေးခန်းမှ ထွက်သွားပြီး ဆံပင်ကို ကြမ်းတမ်းစွာ ဆွဲဖွလိုက်သည်။ ဘယ်လောက်ပဲ တည်ငြိမ်အောင် ကြိုးစားနေပါစေ၊ ဒေါသကို မထိန်းနိုင်တော့။ ဘုရင်မင်းမြတ်နှင့် အယ်လိုအာ နယ်စားမင်းတို့သည် သူ့ကို အစွမ်းကုန်အသုံးချပြီးမှ ယခု သစ္စာဖောက်ရန် စိတ်ကူးနေခဲ့သည်။သူ့စွမ်းအား တိုးမြင့်လာမှာကို စိုးရိမ်သောကြောင့် သူတို့ မငြိမ်မသက်ဖြစ်နေကြပြီး တော်ဝင်မိသားစု၏ ဆွေမျိုးနီးစပ်များကို လိုက်ရှာခဲ့ကြ၏။

ထိုသူတို့သည် တော်ဝင်မိသားစု၏ သွယ်ဝိုက်သော ဆွေမျိုးပင်ဖြစ်ပါစေ၊ နတ်ဘုရား၏တန်ခိုးသည် သူတို့ကိုယ်တွင်း၌လည်း စီးဆင်းနေမည်ဖြစ်ရာ သာမန်လူများထက်စာလျှင်၊ မကောင်းဆိုးဝါးများကို ကိုင်တွယ်ရန် ပို၍ လွယ်ကူမည်ဖြစ်သည်။နယ်စားမင်း က ထိုကိစ္စကို ယုံကြည်ပြီး သူ့ကို ဖြုတ်ချဖို့ ကြိုးစားခဲ့တာဖြစ်၏။နယ်စားမင်းကသာ လိမ်လည်သက်သေပြနိုင်ခဲ့လျှင် မှူးမတ်များသည် သူ့ကို ရစရာမရှိအောင် အပြစ်ပြောကြပေတော့မည်။

ထို့အပြင် ဘုရင်မင်းမြတ်ကလည်း သူ့ကို စွန့်ပယ်ရန် ဤအဖြစ်အပျက်ကို အသုံးပြုရန် ကြိုးစားခဲ့သည်။အိမ်ရှေ့စံသည် ရိုစီနာ ကိုချောင်းမြောင်းကာ လိုချင်နေသူမို့ အကောင်းဆုံးနည်းလမ်းက သူမကို လွှတ်ပေးလိုက်ဖို့ပင်။ သူမကို ကွာရှင်းပြီး ထွက်ပြေးခိုင်းတာက သူမအတွက် အန္တရာယ်အကင်းဆုံး ဖြစ်သည်။ မနေ့ကပွဲမှာ ရိုစီနာ သည် လေ့ကျင့်ရုံလေးနှင့် မဖြစ်နိုင်သော အာစတေးနီးယား ဘာသာစကားကို ကျွမ်းကျင်စွာပြောခဲ့သည်။ သူမသည် အရင်တုန်းက အာစတေးနီးယား မှာ နေခဲ့တာ ဖြစ်နိုင်၏။

ထို့ကြောင့် သူ အရင်က အင်ပါယာကို အကြိမ်ပေါင်း မည်မျှပင် ရှာဖွေသော်လည်း သူမ၏ ခြေရာကိုပင် ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူမနှင့် အီလီယန်တို့ အာစတေးနီးယား သို့ ခိုးဝင်မည်ဆိုလျှင် သူမ ဘေးကင်းလိမ့်မည်။ အာစတေးနီးယား သည် ဘယ်သူမှ မကျူးကျော်နိုင်သော နိုင်ငံတစ်ခုဖြစ်ပြီး မည်သို့ပင်ဖြစ်စေ၊အိမ်ရှေ့စံလည်း ဖောက်ဝင်လို့ရမှာမဟုတ်ပေ။ အရာအားလုံးသည် စံပြအစီအစဉ်တစ်ခုဖြစ်သည်။သို့ပါသော်လည်း…

"သူမကို လက်မလွှတ်ချင်ဘူး..."

ရာဟန် သူ့ကိုယ်သူ တစ်ကိုယ်ကောင်းသမား တစ်ယောက်လို့တောင် ထင်မိသွားသည်။ယခုလိုအန္တရာယ်ရှိသည့် အခြေအနေမျိုးမှာတောင် သူမနှင့်ခွဲမနေချင်ပေ။ သူမကိုလွှတ်လိုက်လျှင် ထာဝရပြန်မလာမှာကို ကြောက်သည်။ အရာအားလုံး ပြန်လည် တည်ငြိမ်လာခဲ့လျှင်တောင် သူမ မရှိလျှင် သူ့ဘဝဟာ အချည်းနှီးသက်သက် ဖြစ်နေမှာပင်။သူမသာ သူ့ကို ပြုံးပြလိုက်လျှင် သူ တစ်လောကလုံးက ဘာကိုမှ လောဘကြီးတော့မည် မဟုတ်ပေ။

သို့နှင့်၊ ရာဟန် သည် နန်းတော်သို့ တိုက်ရိုက်မပြန်နိုင်ဘဲ ဥယျာဉ်ထဲမှာ အချိန်အတော်ကြာ လျှောက်သွားနေခဲ့သည်။

"အ....အ...အရှင့်သား...."

ရာဟန် သည် တတိယမင်းသားနန်းတော်ဆီသို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာရင်း တစ်စုံတစ်ယောက်က သူ့နာမည်ကို ခေါ်လိုက်သည်။ ပထမဦးဆုံးအကြိမ်ဆိုသလို အိုင်းဆက် အသံက ထိတ်လန့်သံကြီး ဖြစ်နေတာကြောင့် သူ ချက်ချင်းရပ်လိုက်သည်။အိုင်းဆက်၏ မျက်နှာကဖြူဖျော့နေကာ မျက်ကလူးဆန်ပြာဖြစ်နေလေသည်။ရာဟန် သူ့ကို မြင်လိုက်သောအခါတွင် တစ်ခုခုလွဲချော်နေသည်ကို ခံစားလိုက်ရပြီး သူ့မျက်နှာမှာ တင်းမာသွားသည်။

“မင်းသမီးကလေ….”

***

သူမ တစ်ကိုယ်လုံး လေးလံနေသည်။ သူမသည် ရေအောက်နက်နက်ကြီးထဲမှာ ရောက်နေပြီး တစ်ခုခုက သူမကို ဆွဲငင်နေရသလို ခံစားရသည်။ သူမ မျက်တောင်ကို ဖြည်းညင်းစွာ ခတ်လိုက်သည်။ ကြမ်းပြင်မရှိသည့် အမှောင်ကမ္ဘာထဲမှာ သူမ လွင့်မျောနေသည်။

အိပ်မက်လား....

သူမ ပတ်ပတ်လည်ကို လှမ်းကြည့်ကာ အောက်ကို ငုံ့ကြည့်လိုက်သည်။ ဟိုးအဝေးကြီးကို လှမ်းကြည့်တော့လည်း ဘာမှမမြင်ရ။ မကြာသေးမီက သူမတစ်ကိုယ်လုံး မီးလုံးတစ်လုံးကို မျိုချလိုက်သလို ရင်ဘတ်ထဲကလည်း ပူလောင်နေရသည်။ သူမ ခန္ဓာကိုယ်ရှိ ကိုယ်လက်အင်္ဂါများသည် စုတ်ပြတ်သွားသလို နာကျင်နေသည်။ ကွက်ကွက်ကွင်းကွင်း နာကျင်မှုကြောင့် အိပ်မက်မဟုတ်တာ သေချာသည်။ သူမကိုယ်သူမ တိုးတိုးတိတ်တိတ်ပြောလိုက်သည်။

'ငါသေသွားပြီလား...'

သူမ မယုံကြည်နိုင်စွာ ကြောင်စီစီဖြစ်နေ၏။ သံသယဖြစ်စရာ တစ်ခုတည်းသော အရာမှာ ရာနီယာ ဖြစ်သည်။ သူမနှင့် သီးသန့်စကားပြောနေစဉ် လဲကျသွားခဲ့တာ ဖြစ်သည်။ အပြင်ပန်းက တောင်းပန်ခြင်းသည် ရိုးသားမှုမရှိတာကြောင့် သူမ၏ တစ်ကယ့်ရည်ရွယ်ချက်မှာ သူမအား တစ်ခုခု လုပ်ရန်သာ ဖြစ်နိုင်သည်။ သီးသန့်တွေ့ဆုံစဥ်အတွင်း အိမ်အကူ အယ်လာက သူမကို လှမ်းခေါ်သေးသည်။ရာနီယာ ဟာ အန္တရာယ်ပေးမည့်သူ ဖြစ်၍ ရာဟန်ကို ခေါ်ထားရမလားဟု မေးခြင်းဖြစ်နိုင်သည်။သို့သော်လည်း ယခုတော ဖြစ်သွားပေပြီ။

ရိုစီနာ သည် အောက်သို့ နစ်မြုပ်သွားသည်။ ထိုင်ချချင်သည့် အတွေးက သူ့အလိုလို ခံစားလာရသည်။သူမမှာ လက်တွေ့ဘဝကို အာရုံမခံစားမိသေးသလိုဖြစ်နေကာ သူမ စိတ်ထဲတွင်လည်း ဗလာဖြစ်နေသည်။ သူမသည် ဒူးထောက်ကာ လက်နှစ်ဖက်ကို ပွေ့ဖက်ထားကာ ငြိမ်နေလိုက်သည်။ထို့နောက် ယခုအချိန်အထိ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် ရုပ်ရှင်တစ်ခုလို ထွက်ပေါ်လာတော့သည်။

ပျော်စရာတွေ ၊ ဝမ်းနည်းစရာတွေ ၊နာကျင်စရာတွေ…

'အာ'

သူမ အဖေဆုံးသည့်နေ့ကို ပြန်မြင်ယောင်လာတော့သည်။နှင်းဖြူဖြူတွေထဲမှာ မြှုပ်ထားခဲ့သည့် သူမ အဖေက ဟိုတုန်းကလို အေးချမ်းမှုအတိ ရှိနေ၏။ထိုမြင်ကွင်းများသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မကြာမီ သူမနှင့် ရာဟန် တို့ တွေ့သည့်နေ့ကို တွေ့သွားရသည်။

တစ်ယောက်နှင့်တစ်ယောက် ဘာမှန်းမသိဘဲ အတူတူ တစ်ည ကုန်ဆုံးသွားချိန်သို့...

သူမ သူ့မျက်နှာကို ငေးစိုက်ကြည့်ရင်း အမြင်အာရုံများ မှုန်ဝါးလာသည်။တဖြည်းဖြည်းနှင့် သူ့ပုံစံက တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။သူ့ကို ဆုံးရှုံးလိုက်ရသည့် ခံစားချက်တွေက သူမကို ဆို့နစ်စေသည်။ယခု သူမ ခံစားရသမျှမှာ ရင်ဘတ်အောက်ဆီမှ နက်ရှိုင်းစွာနှင့် ဆို့နစ်ပြီး ခံစားနေရခြင်းဖြစ်၏။ သူမသည် ရူးသွပ်ဟန်ဆောင်ပြီး အမှန်တရားကို ပယ်ချရန်ကြိုးစားကြည့်မိသေးသည်။သို့သော် ဝမ်းနည်းပြီးနောင်တရသည့် စကားလုံးတွေကသာ နှုတ်မှ ထွက်ကျလာ၏။မကြာမီ အီလီယန် ရုပ်သွင်က ပေါ်လွင်လာသည်။သူမသည် အီလီယန် လက်ကို ဖွဖွကိုင်လိုက်ပြီး နှုတ်ခမ်းကို ကိုက်ထားလိုက်မိသည်။ အီလီယန် က ကလေးသာ ရှိပါသေးသည်။

သူ အရွယ်ရောက်လာတဲ့ ပုံစံကို မမြင်လိုက်ရဘဲ သူမ တစ်ကယ်ပဲ သေရတော့မှာလား...

ရိုစီနာ သည် မျက်နှာကို လက်ဖဝါးဖြင့် ဖုံးအုပ်ထားလိုက်သည်။ကျန်ရစ်ခဲ့သူတွေကို တွေးပြီး ငိုချင်သလို ခံစားရသည်။ မကြာမီ မြင်ကွင်းက မည်းလာပြီး ပြောင်းသွားပြန်သည်။ တစ်ခဏချင်းမှာပဲ သူမ ပတ်ဝန်းကျင်ဟာ တောက်ပလာပြီး အလင်းတန်းက အမှောင်ထုကို ဖယ်ထုတ်ပြီး အအေးဓာတ်ကိုပင် ဖယ်ထုတ်ပစ်လိုက်သည်။

ထို့နောက် သူမ မျက်လုံးများကို မှိတ်ထားလိုက်၍ ဖြည်းညှင်းစွာဖွင့်လိုက်တော့ သူမ ပတ်ဝန်းကျင်က ရှုခင်းတွေ ပြောင်းသွား၏။ သူမ သေချာကြည့်လိုက်လျှင် ပျဉ်ထောင်မုဆိုးအိမ်တစ်လုံးကို တွေ့ရလေသည်။အိမ်ကလေးသည် သပ်ရပ်လှပပြီး သာမန်လူများအတွက် နေထိုင်စရာနေရာတစ်ခု ဖြစ်သည်။

- ကိုယ် ပြန်လာခဲ့မယ်နော်...

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် အိမ်တံခါးဝတွင် ရပ်နေကြသည်။ သူတို့သည် သူမ အိပ်မက်ထဲမှာ ထပ်ခါထပ်ခါ မြင်ခဲ့ရသည့် ကောင်လေးနှင့် ကောင်မလေးပင် ဖြစ်သည်။ သူတို့နှစ်ယောက်က အသက်နည်းနည်းကြီးပြီး အရွယ်ရောက်လာကြ၏။သူမ ကောင်လေးကို ကြည့်မိလိုက်လျှင် ကောင်လေးက ရာဟန် နှင့် အလွန်တူ နေကြောင်း တွေ့ရလေသည်။

- ရှင် သွားတော့မလို့လား...

- ကိုယ်သွားရမယ်....ဘာလို့လဲဆိုတော့ မင်းကို ပိုကောင်းတဲ့ နေရာမှာ နေစေချင်တယ်လေ...

တိုးတိုးလေးပြောပြီး ကောင်မလေး နှုတ်ခမ်းကို နမ်းလိုက်သည်။

- ကိုယ် ကြိုးစားရင် မင်းမိဘတွေက တစ်နေ့နေ့ ဂုဏ်ယူမှာမဟုတ်လား...

ကောင်လေး စကားကြောင့် ကောင်မလေးက နူးညံ့စွာ ပြုံးလိုက်မိသည်။

ရိုစီနာ လည်း အိပ်မက်က အရင်အိမ်မက်နှင့် တစ်ဆက်တည်း ဖြစ်နေသည်ကို သဘောပေါက်သွားသည်။ သူမ၏ နောက်ဆုံးအိပ်မက်မှာ ကောင်လေးက ပင်လယ်ကမ်းစပ်တွင် ကောင်မလေးကို လက်ထပ်ခွင့်တောင်ခဲ့တာ ဖြစ်သည်။ ထို့နောက်မှာတော့ နှစ်ယောက်သား အတူနေနေပုံရသည်။

- ဘေးကင်းပါစေနော်...

ကောင်မလေးသည် အနမ်းတစ်ခုဖြင့် နှုတ်ဆက်လိုက်လျှင် ကောင်လေးက အိမ်မှထွက်၍ တောသို့သွား၏။ သူတို့နှစ်ဦးနေထိုင်သည့်အိမ်သည် တောအုပ်နှင့် ကျေးရွာကြားရှိ နယ်နိမိတ်အစပ်မှာရှိ၍ အမဲလိုက်ရန် သင့်တော်ပေသည်။ စွမ်းအားများ စွန့်လွှတ်ပြီးနောက် တိရစ္ဆာန်များနှင့် စကားမပြောနိုင်တော့သော ကောင်လေးသည် မုဆိုးဖြစ်လာပုံရသည်။

အတန်ကြာတော့ သူက သားကောင်ကို ဖမ်းပြီး ရွာသို့ ဆင်းလာရာ အရပ်ရပ်မှ အော်ဟစ်သံများကို သူ ကြားလိုက်ရသည်။ထိုအခါ သူလည်း ရွာမှာ တစ်ခုခုဖြစ်သွားတာကို သူသိလိုက်သည်။ သူတို့ အုတ်အိမ်ကြီးသည် အရုပ်တုံးများကဲ့သို့ ကျိုးပဲ့သွားကာ ပတ်ပတ်လည်တွင် အသံဗလံများ ထွက်ပေါ်လာသည်။မယုံနိုင်လောက်အောင် အရွယ်အစားကြီးမားသော မကောင်းဆိုးဝါးများသည် ရွာကို ပျက်စီးစေခဲ့သည်။ လူတွေဟာ သူတို့ကိုယ်သူတို့ ခုခံဖို့တောင် မစွမ်းနိုင်သည့် စာခြောက်ရုပ်တွေလို တစ်ယောက်ပြီးတစ်ယောက် လဲကျသွား၏။ ရွာကင်းစောင့်တွေက ပြေးဝင်လာသော်လည်း သူတို့ လက်နက်တွေက မကောင်းဆိုးဝါး၏ အရေပြားကို ထိုးဖောက်ဝင်ခြင်းငှာ မစွမ်းနိုင်ကြ။

ထို့နောက် ကောင်လေးက လေးကို ကိုင်လိုက်သည်။ မကောင်းဆိုးဝါးတွေကို အနိုင်ယူဖို့ သူ့မှာ ယုံကြည်မှုမရှိသော်လည်း တတ်နိုင်သလောက် လူတွေကို ကူညီပေးရမည်ဖြစ်သည်။ မြှားတံများကို လေးကြိုးပေါ်တွင် ချိတ်ဆွဲထားပြီး လွှတ်ပစ်လိုက်ရာ မြှားသည် မကောင်းဆိုးဝါး၏အရေပြားကို ထိုးဖောက်သွားသည်။ထို့နောက်တွင် မကောင်းဆိုးဝါးသည် အလွန်အမင်း နာကျင်သော အော်သံတစ်ခု ထွက်လာသည်။ပြီးလျှင်၊ ကောင်လေးက သူ့ဓားကို ချက်ချင်းဆွဲထုတ်ပြီး မကောင်းဆိုးဝါးများဆီ ပြေးသွားလိုက်သည်။ အပြာရောင်ဓားသည် မကောင်းဆိုးဝါးများ၏ ခန္ဓာကိုယ်များကို တစ်ကောင်ပြီးတစ်ကောင် ထိုးဖောက်ဝင်ရောက်သွားသည်။

ထိုအခါ ကျန်ရှိနေသော မကောင်းဆိုးဝါးများသည် သူ့ထံသို့ ချဉ်းကပ်လာသည်။ သူတို့က တစ်ခုခုပြောနေသလို ခံစားရသော်လည်း သူ နားမလည်နိုင်။ သိပ်မကြာခင်မှာပင်၊ မကောင်းဆိုးဝါးကြီးတွေက သူ့ရှေ့မှာ အပုံ‌လိုက် ဖြစ်သွားခဲ့သည်။သို့နှင့်၊ကောင်လေးက ရွာသားတွေရှေ့မှာ မကောင်းဆိုးဝါးတွေကို အနိုင်ယူပြီး သူရဲကောင်းဖြစ်လာ၏။ထိုနေ့ကစပြီး သူ့ကို မထီမဲ့မြင်ပြုသူတွေဟာ သူတို့သဘောထားကို ပြောင်းလဲခဲ့ကြသည်။ လူအပေါင်းတို့သည် သူ့ကိုလက်ခံပေးကြသဖြင့် ကောလဟာလတို့လည်း လွင့်ပါးကုန်သည်။တဖြည်းဖြည်းနှင့်၊ ရွာငယ်လေးက ပိုကြီးလာတော့သည်။သေချာပေါက်၊ကောင်လေးက ဘုရင်ဖြစ်လာလေ၏။

သူ ဘုရင်ဖြစ်ရခြင်းအကြောင်းရင်းက ရိုးရှင်းသည်။ သူက လူတွေကို အကာအကွယ်ပေးခဲ့၍ ဖြစ်၏။သူအမြဲပြောသည့်အတိုင်း လူတွေကို ကူညီတတ်သော အလေ့အကျင့်ကလည်း စွဲမြဲသည်။သူတို့သည် သူ့ကို ယခင်က မကောင်းဆိုးဝါးတစ်ကောင်လို ရှုမြင်ကာ နှိမ့်ချသူများ ဖြစ်ကြသော်လည်း၊ ယခုတော့ နာခံလာကြသည်။ သူသည် အင်ပါယာကို ဟာဘက် ဟုခေါ်တွင်လိုက်သည်။ဟာဘက်ဆိုသည်မှာ ထာဝရငြိမ်းချမ်းရေးဟု ဆိုခြင်းဖြစ်ပြီး ရှေးကစကား အသုံးအနှုန်းတစ်ခုဖြစ်သည်။

ယခုအချိန်အထိ မိသားစုအမည်မရှိသော သူသည် ဟာဘက်ကို သူ့မိသားစုအမည်အဖြစ် တရားဝင် သတ်မှတ်ခဲ့သည်။ လူတွေက သူ့ကို နတ်ဘုရားဟု အမွှမ်းတင်ကြသည်။ ဘုရင်တင်မြှောက်ခံရခါစတွင်၊အတွင်းဝန်တစ်ဦးမှ နတ်ဘုရားသည် အင်ပါယာကို တည်ထောင်ခဲ့ကြောင်း သမိုင်းစာအုပ်တွင် ရေးသားခဲ့သည်။ အရာအားလုံးကို ဖြည်းဖြည်းချင်း စီစဉ်ပေးသည်နှင့်အမျှ မှူးမတ်များက သူတို့ သားသမီးများကို သတို့သမီးအဖြစ်သို့ တွန်းပို့ပေးကြသည်။သို့သော်လည်း သူက ဇနီးသည်ကိုသာ မေတ္တာရှိသူပင်။

မှူးမတ်များသည် နှိမ့်ချသော မိသားစုမှ အမျိုးသမီးတစ်ဦးကို မိဖုရားအဖြစ် သရဖူမဆောင်းပေးနိုင်ဟု ဆိုကာပြင်းထန်စွာ ဆန့်ကျင်ခဲ့ကြသည်။ ဘုရင်နှင့် မှူးမတ်များ၏ အတွေးအမြင်များဟာ ဘယ်တော့မှ တိုက်ဆိုင်မသွားပေ။တစ်နေ့တွင် ဘုရင်ကြီး၏ ချစ်လှစွာသော အမျိုးသမီးသည် အဆိပ်ခတ်ခံခဲ့ရသည်။အဆိပ်ခတ်သူမှာလည်း မှူးမတ်များ ဖြစ်သည်။ ထိုနေ့မှစ၍ ဘုရင်ကြီးသည် ရူးသွပ်ခြင်းဝေဒနာကို ခံစားခဲ့ရပြီး အစေခံတစ်ယောက်ကို သတ်၍ သွေးဆာနေသည့် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သွားသည်။ သူသည် ဆင်ခြင်တုံတရားလည်း မရှိတော့တာကြောင့် သူ့ကို မည်သူမျှ မထိန်းချုပ်နိုင်ခဲ့ပေ။

နောက်ပိုင်းတွင်၊ မှူးမတ်တွေက မိန်းမများကို တစ်ယောက်ပြီးတစ်ယောက် ရှာလာပြီး မိဖုရားမြှောက်စေခဲ့သည်။မထင်မှတ်ထားသော ဝေဒနာကို ခံစားပြီးနောက် ဘုရင်ကြီးသည် ရက်ပေါင်းများစွာ လပေါင်းများစွာ အသိစိတ်မကပ်ခဲ့။ မှူးမတ်တွေ အလိုရှိသည််က ဘုရင်နေရာကို ဆက်ခံဖို့ အမျိုးသားတစ်ယောက် လိုချင်နေတာပင်။သူတို့အလိုဆန္ဒအတိုင်း ကြိုးဆွဲကပေးမည့် နတ်ဘုရားတန်ခိုးတော် ပါလာသူ တရားဝင်ဘုရင်တစ်ပါးရှိရန်သာ ဖြစ်၏။ မှူးမတ်၏ သမီးတော်တစ်ဦးသည် နောက်ဆုံးတွင် ကိုယ်ဝန်ရှိလာသောအခါတွင် ဘုရင်ကြီးသည် ထီးနန်းမှ ဖြုတ်ချခံခဲ့ရသည်။

ထို့နောက် သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့တုန်လှုပ်ချောက်ချားသွားကာ၊ မှူးမတ်များကို အံတုနိုင်ခြင်းမရှိ၍ နန်းတော်၏ မြေအောက်ခန်းထဲမှာ ချုပ်နှောင်ထားခံရသည်။ တစ်ခဏချင်းမှာပဲ သူပိုင်ဆိုင်ထားခဲ့သော အရာအားလုံး လုယူခံရ၏။အနည်းဆုံးတော့ ဤနေရမှာမဟုတ်ဘဲ သူ့မိန်းမအနားမှာ သေချင်ခဲ့တာဖြစ်သည်။ တစ်နေ့တော့ သူ အသိစိတ်လွတ်နေချိန်မှာ ဘယ်လိုလုပ်လိုက်သည်မသိ၊အပြင်မှာ ရောက်နေပြီး သူ့ဇနီး၏ သင်္ချိုင်းကို သွားရာလမ်းတွင် ဖြစ်နေသည်။အုတ်ဂူမရှိသော မြေပုံသည် အေးခဲသောနှင်းခဲများဖြင့် ဖုံးလွှမ်းထားသည်။ သူ ဒူးထောက်၍ သင်္ချိုင်းရှေ့တွင် လှဲနေလိုက်၏။ သူ့ခန္ဓာကိုယ်ရော စိတ်ကပါ ကြာကြာ မထိန်းနိုင်တော့။သူမ မရှိသောဘဝသည် အဓိပ္ပါယ်မဲ့သလိုခံစားရပြီး အဆုံးကိုသာ စောင့်မျှော်နေခဲ့သည်။ အာရုဏ်ဦး၏ နှင်းရည်သည် သူ့ခန္ဓာကိုယ်ကို စိုစွတ်စေပြီး နေရောင်က ပြာလဲ့လဲ့တောက်ပကာ ကမ္ဘာကြီးကို တောက်ပစေသည်။ နေရောင်ခြည်သည် သင်္ချိုင်းဂူကို စိမ့်ဝင်စေပြီး သူ့ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ဖုံးလွှမ်းသွားသည်။ မနက်မိုးလင်းတော့ သူ့ရှေ့မှာရပ်နေသူ ကြောင့် သူ ဆတ်ကနဲ တုန်လှုပ်သွားသည်။

- မင်း ဘယ်သူလဲ ...

အမျိုးသမီးတစ်ဦးသည် အနည်းငယ်မှုန်ဝါးသော မြင်ကွင်းကြားထဲမှတစ်ဆင့် သူ့မျက်လုံးများကို ဖမ်းစားလိုက်သည်။ ဆံပင်နီရဲနေသည့် အမျိုးသမီးဟာ သေဆုံးသွားသည့် သူမနှင့် အလွန်တူပေသည်။သူ အံ့သြသွားပြီး ဖြည်းညှင်းစွာ မတ်တပ်ထကြည့်လိုက်သည်။ ထို့ကြောင့် လက်နှစ်ဖက်ဖြင့် တုန်တုန်ယင်ယင်သူမ၏ အဝတ်စကို ကိုင်ကြည့်လိုက်ရာ သူ့ချစ်သူ ပေးခဲ့သည့် စွမ်းအားကို ခံစားရသည်။ အမျိုးသမီးသည် အံ့ဩနေပုံဖြင့် ရေရွတ်လိုက်သည်။

- ဒါ ကျွန်မ အစ်မရဲ့သင်္ချိုင်းပဲ...

ထိုမိန်းမ၏ စကားကြောင့် သူ ရူးသွပ်စွာ မျက်တောင်ခတ်လိုက်သည်။ သူသည် သတိလစ်မေ့မြောနေပြီး နောက်ကျမှ သဘောပေါက်သွားသည်။ သူမ၏ လူ့ခန္ဓာကိုယ်သည် သူ၏စွမ်းအားကို မကိုင်တွယ်နိုင်သောကြောင့် ရိုစီနာ ၏အမည်ရှိသူနှင့် ချိတ်ဆက်လိုက်ခြင်း ဖြစ်နိုင်သည်။ သူ့သခင်ကို ဆုံးရှုံးလိုက်ရသော စွမ်းအားသည် ရိုစီနာ ဟုခေါ်သော သူမ၏ မိသားစုထဲသို့ စီးဝင်သွားခြင်း ဖြစ်ရမည်။ ထိုအမျိုးသမီးကိုကြည့်ရင်း သူ့မျက်လုံးထဲတွင် မျက်ရည်များပြည့်လာသည်။သူ အောက်ကိုထိုင်ချကာ မျက်ရည်စတို့ကို ဖြည်းဖြည်းချင်း သုတ်လိုက်သည်။ မျက်ရည်များက သူ့၏လက်ချောင်းများကြား ပေးယကျံသွားပြီး သူမ၏ သင်္ချိုင်းပေါ်တွင် လှဲချကာ မျက်လုံးများကို လုံးလုံးမှိတ်ထားသည်။ တစ်နေရာမှ လေပြင်းတိုက်လာသည်။ လေပြင်းတိုက်ခတ်မှုကြောင့် ပတ်ဝန်းကျင်ရှုခင်းများ ပျက်ယွင်းလာသည်။

-ဪ..

အားလုံးကိုကြည့်နေသော ရိုစီနာ သည် ကြောင်တက်တက်ဖြစ်သွားရသည်။

ဒါကို ရိုးရိုးအိမ်မက်လို့ ခေါ်နိုင်သလား...

သူမ မြင်ခဲ့ရသမျှ အဖြစ်တို့ဟာ အိပ်မက်မဟုတ်နိုင်သော်လည်း လက်တွေ့ဖြစ်နေတာလည်း မဟုတ်ပေ။

မိသားစုက တိရိစ္ဆာန်တွေနဲ့ စကားပြောနိုင်ရတဲ့ အကြောင်းရင်းတစ်ခုလုံးကရော ဘာလဲ.... တော်ဝင်မိသားစုက ရိုစီနာ မိသားစုက လူတွေကို ဘာကြောင့်လိုချင်တာလဲ။

ဘာကိုမှ မလိုချင်ဘဲ ချစ်ကြသူများဖြစ်သည့် လူသားနှစ်ယောက်ဟာ မှူးမတ်များ၏ လောဘကြောင့် ကံကြမ္မာဆိုး ဆက်ဆံရေး ဖြစ်သွားခဲ့ရသည်။

'……'

ရိုစီနာ သည် သူမ ငိုနေမိမှန်း စီးကျလာသော မျက်ရည်များမှတစ်ဆင့် သိလိုက်သည်။ ဘယ်အချိန်ကမှန်း မသိသော်လည်းသူမ ငိုနေခဲ့တာဖြစ်သည်။ သူမတို့ နှစ်ယောက် ပထမအကြိမ်တွေ့ဆုံမှုမှ သူမ ခံစားခဲ့ရသော ပြင်းပြသောဆန္ဒနှင့် ဆွဲဆောင်မှုအားလုံးသည် ဤခွန်အားကြောင့်ဖြစ်သည်။ ကွဲပြားသော အစွမ်းနှစ်ခုသည် အချင်းချင်းအလိုရှိကြပြီး နောက်ဆုံးတွင် တစ်သားတည်း ဖြစ်သွားခဲ့သည်။

အစကတည်းက ရာဟန် နှင့် သူမကိုယ်တိုင်က ဤကဲ့သို့ ဖြစ်လာရန် ရည်မှန်းချက် ရှိထားပြီ ဖြစ်သည်။ ရာဟန် အတွက် သူမ၏ ခံစားချက်များသည် သူမ စိတ်က ဖန်တီးထားသော ထင်ယောင်ထင်မှား ခံစားချက် ဖြစ်နေမည်ကို စိုးရိမ်နေမိသည်။သူမ မျက်ရည်တွေကို လက်ဖဝါးနှင့် သုတ်လိုက်၏။ တစ်ဖန် အမှောင်ထု ရောက်ရှိလာပြီး သူမ တစ်ယောက်တည်း ကျန်ရစ်ခဲ့၏။

အတုအယောင် ခံစားချက်ဖြစ်ဖြစ်၊ဘာပဲဖြစ်ဖြစ် အရေးမကြီးပေ။အကြောင်းမှာ သူ့ကို လွမ်းဆွတ်ပြီး တွေ့ချင်နေသည့် ခံစားချက်က အစစ်အမှန်ဖြစ်နေတာကြောင့်ပင်။

ရိုစီနာ သည် အမှောင်ထုနှင့် ပြည့်နေသော နေရာကို ကြည့်လိုက်သည်။ သူမသည် ဤအမှောင်ထုထဲမှ ထွက်သွားပါက ရာဟန် နှင့် အီလီယန် တို့ကို တွေ့ဆုံနိုင်မည်ဟု သူမ ထင်မိသည်။ ရာဟန် နှင့် ထပ်တွေ့ခဲ့မည်ဆိုလျှင် သူမကို တည့်တည့်ရင်ဆိုင်ပြီး ရိုးသားစေချင်သည်။ထို့နောက် သူမသည် လမ်းကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။



Xxxxcxx