အပိုင်း ၈၄🚨
Viewers 13k

Chapter 84.1

ရာဟန် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ သူအရင်က လုပ်ခဲ့သည့်အတိုင်း သူမကို နာကျင်အောင် မဖြစ်မနေ ပြောကိုပြောရပေမည်။ဤအတိုင်းဆိုလျှင် သူမ သူ့ကို ငြီးငွေ့လာပြီး ဤနေရာကနေ လုံးဝ ထွက်ခွာသွားလိမ့်မည်ဖြစ်သည်။သို့သော် ခက်ခက်ခဲခဲဖွင့်ဟထားသည့် သူ့နှုတ်ခမ်းက ဘာစကားမှ ထွက်မလာတော့။ ယခုအချိန်အထိ သူပြောခဲ့သော စကားများသည် သူမကို ဓားနှင့်ထိုးသလို ဖြစ်သွားစေပြီး တစ်ချိန်တည်းမှာပင် သူ့ကိုလည်း အပိုင်းပိုင်းပြတ်တောက်သွားစေခဲ့သည်။သူ နောက်ထပ် လမ်းခွဲစကားထပ်ပြောလိုက်လျှင် သူကိုယ်တိုင်ပါ လဲကျသွားနိုင်လောက်၏။

"ရှင် ကျွန်မအတွက် တစ်ကယ်ပဲခံစားချက်မရှိဘူးလား..."

ရိုစီနာ ၏ အသံသည် အနည်းငယ် တုန်လှုပ်သွားသည်။ ထိုမေးခွန်းအတွက် ရာဟန် သည် ခေါင်းကို ပြန်မော့လိုက်သည်။ ထိုအခါ အပြာရောင်မျက်လုံးများက ငိုမဲ့မဲ့ဖြစ်နေသော သူမ မျက်နှာကို စူးစိုက်ကြည့်နေမိလျှင် သူ့နှလုံးသား တစ်ခုလုံး ကြေကွဲသွားသလို ခံစားလိုက်ရသည်။ သူမ ဘယ်ချိန်က ရယ်ခဲ့မှန်းတော့ သူ မမှတ်မိတော့ပေ။သို့သော် နေရောင်လက်တစ်ဆုပ်စာလို တောက်ပနေသည့် အပြုံးက ကမ္ဘာကြီးတစ်ခုလုံးကို ပိုင်ဆိုင်ထားသလို ပျော်ရွှင်ရယ်မောနေသည့် သူမက ယခု မရှိတော့ပေ။

ဒါက ဘယ်လိုဖြစ်သွားတာလဲ...

“ကိုယ်….”

ရာဟန် သည် ခက်ခက်ခဲခဲ ဖြစ်နေသည့် ကြားမှပင် ဆို့တက်လာသော စကားတစ်ခွန်းကို ပြောလိုက်မိသည်။ ကျိုးကြောင်းဆီလျော်မှုနှင့် စိတ်အားထက်သန်မှုတို့သည် သူ့ခေါင်းထဲတွင် ရန်ဖြစ်စပြုလာသည်။လမ်းခွဲစကားသာ ပြောလိုက်လျှင် သူတို့ ပြန်မဆုံနိုင်တော့ပေ။ သို့သော် သူတို့ ကွဲကွာနေရသော်လည်း သူမ ပျော်ရွှင်နေမည်ဟု ယုံကြည်မိသလို သူကိုယ်တိုင်လည်း အနည်းနှင့်အများတော့ စိတ်သက်သာရာရမည်ဖြစ်သည်။သို့သော် သူမ အခု‌ငိုနေလေပြီ။

... ဒါ တကယ်ပဲ နည်းလမ်းအမှန်လား...

“ကိုယ်….”

သူ့လည်ချောင်းက ပိတ်ဆို့နေပြီး အသံက ကောင်းကောင်းထွက်မလာနိုင်ပေ။ သို့သော် သူမ မျက်လုံးများက မျှော်လင့်တကြီးနှင့် သူ့ကို စောင့်ဆိုင်းနေသည်။

"မင်းကိုချစ်တယ်..."

အလိမ်အညာများစွာကြားတွင် ဖုံးကွယ်ထားသော အမှန်တရားတစ်ခု ထွက်ပေါ်လာသည်။ရိုစီနာ မျက်နှာ ပျက်သွားသည်။ သူမ ယခုလက်ရှိကြုံတွေ့နေရသော ခံစားချက်အားလုံးကို မျက်နှာအမူအရာဖြင့် မဖော်ပြနိုင်တော့ပေ။သူမ အမြန်ပင် သူ့လက်ကို ဆွဲကိုင်လိုက်ပြီး သူ့နှုတ်ခမ်းကို လှမ်းနမ်းလိုက်သည်။ခြောက်သွေ့သော နှုတ်ခမ်းနှစ်လွှာက ကြမ်းတမ်းသော်လည်း နွေးထွေးမှုကတော့ သူမ ရင်ထဲအထိ စိမ့်ဝင်လျက်ရှိသည်။

အစပိုင်းက တောင့်တောင့်ကြီးဖြစ်နေသော ရာဟန် သည် ဖြည်းညှင်းစွာ လှုပ်ရှားကာ ရိုစီနာ ကို ဖက်ထားလိုက်သည်။သို့နှင့်၊နှစ်ယောက်သား အတင်းအကြပ်ပွေ့ဖက်ထားကာ အနမ်းခြွေနေကြလေသည်။သူတို့၏ ခံစားချက်တွေကို အတည်ပြုပြီးနောက် အနမ်းက အရင်ကအနမ်းများနှင့် အတော်လေး ကွာခြားပေသည်။အရင်က စိတ်အားထက်သန်စွာ နမ်းခဲ့သည်ဆိုလျှင် ယခုက တစ်ယောက်ခံစားချက်ကို တစ်ယောက် သတိထားပေးပြီး နာကျင်ရသလို ချိုလည်းချိုမြိန်၏။ နှစ်ယောက်သား ကုတင်ပေါ်တွင် လဲလျောင်းရင်း နှုတ်ခမ်းချင်း ထိစပ်နေသော်လည်း နှုတ်ခမ်းချင်း ကွဲသွားသောအခါ အသက်ရှူလိုက်ကြသည်။

ရာဟန် သည် သူ့နှုတ်ခမ်းများကို ဖြည်းညှင်းစွာ ခွဲလိုက်ပြီး ရိုစီနာ ကို ငုံ့ကြည့်လိုက်သည်။ ရိုစီနာသည်လည်း ကုတင်ပေါ်တွင် လဲလျောင်းနေရာမှ မျက်ရည်စများကို လက်နောက်ပြန် သုတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ရှင့်ကိုချစ်တယ်....ကျွန်မ ရှင့်ကို အရမ်းချစ်မိသွားပြီ"

ဘယ်တုန်းကမှန်း သူမ မသိ။ သူမသဘောပေါက်သွားသောအခါတွင် သူ့အား သူမနှလုံးသားကို ပေးနှင့်နေပြီဖြစ်သည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် မျက်လုံးချင်း ဆုံကာကြည့်လိုက်ကြပြီး ရာဟန်က သူမ ပါးပြင်ကို ခပ်ဖွဖွ နမ်းလိုက်သည်။သူ့ နှုတ်ခမ်းက သူမ ပါးပြင်ကို လာထိပုံမှာ dandelion ပန်းမှ အဖြူရောင်အမှုန်တွေက ကလိလာထိုးနေသလိုပင်။ သူမ ကိုယ်ကို ဖက်ထား‌သော သူ့ဆီမှ သင့်ပျံ့သော ကိုယ်သင်းနံ့ကို ရနေသည်။ထိုအနံ့ကို ရှူရှိုက်လိုက်တိုင်း သူမ ရင်ထဲမှာ တုန်ယင်လာတတ်၏။

"တရားခွင်က အဆုံးအဖြတ်က ဒီလိုဖြစ်မယ်ဆိုတာကို သိထားလို့ ကျွန်မကိုတွန်းထုတ်ခဲ့တာမဟုတ်လား..."

ရာဟန် မဖြေသောအခါ သူမ လက်ကို မြှောက်ကာ သူပါးနှင့် ခေါင်းကို ပွတ်သပ်လိုက်သည်။ သူ၏ ဖြူဖျော့ဖျော့ဖျော့ ပါးပြင်တွေက အလွန်ခံစားနေရတာကို ညွှန်ပြနေပုံပင်။သူတစ်ယောက်တည်း ခံနိုင်ရည်ရှိဖို့ ဘယ်လောက် ခက်ခဲမယ်ဆိုတာလည်း သူမ ကိုယ်ချင်းစာမိသည်။သူ့လုပ်ရပ်က မိုက်မဲသော်လည်း မျှဝေစရာနေရာမရှိဘဲ အားလုံးကို သူ့ပုခုံးပေါ်တင်ဖို့ ကြိုးစားခဲ့သည့်အတွက် သူမ ဝမ်းနည်းမိရသည်။

"ကျွန်မ ဘယ်မှမသွားဘူး....ရှင်ကျွန်မကို ဘယ်လောက်ပဲ တွန်းထုတ်ထုတ်..."

ရိုစီနာ စကားကြောင့် ရာဟန် သည် အသိစိတ်ဝင်လာပြီး ဖြည်းညှင်းစွာထကာ ကုတင်ပေါ်တွင် ထိုင်လိုက်သည်။

"ဒါပေမယ့် မင်း ထွက်သွားရမယ်လေ..."

“မသွားချင်ဘူး...”

သူမ အခိုင်အမာဖြေလိုက်သည်။ရာဟန်က သူမကို သိမ်မွေ့သော ခံစားချက်များဖြင့်ပြည့်နေသည့် မျက်ဝန်းများနှင့် ကြည့်လိုက်သည်။မကြာမီ ကြည်နူးရိပ်တို့ ပျောက်ဆုံးသွားကာ မကြာမီ ဝမ်းနည်းမှုများ ပြည့်နှက်လာရသည်။

"ကိုယ် မင်းကို ထပ်အဆုံးရှုံး မခံနိုင်တော့ဘူး..."

ရာဟန် သူမ လက်ကို ဆုပ်ကိုင်လိုက်သည်။ ကြီးမားသော သူ့လက်ထဲမှာ အံဝင်ခွင်ကျဖြစ်သွားသော လက်သေးသေးလေးကို သူ လွတ်ထွက်မသွားအောင် ဆုပ်ထားမိလေသည်။

"နောက်တစ်ခါ ထပ်မကြုံချင်တော့ဘူး...”

ထို့နောက် သူက သူမ လက်ဖမိုးကို ခပ်ဖွဖွ နမ်းလိုက်သည်။ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရင်း ရိုစီနာ ၏ မျက်လုံးများနှင့် ဆုံသွားသည်။ ကြည်လင်သော သူမ မျက်လုံးများသည် နက်မှောင်ပြီး တလက်လက် တောက်ပနေ၏။

"မင်းဒီမှာနေမယ်ဆိုရင် ဘုရင်မက မင်းကိုသတ်ဖို့ကြိုးစားလိမ့်မယ်....အိမ်ရှေ့စံကလည်း မင်းရဲ့စွမ်းအားကို လိုချင်နေလိမ့်မယ်..."

ရာဟန် ထိုအဖြစ်မျိုးကို အကြောက်ဆုံးပင်။ သူ ပြည်နှင်ဒဏ်ခံရပါက တစ်ယောက်တည်း ကျန်ရစ်မည့် ရိုစီနာ သည် ခြိမ်းခြောက်မှုများစွာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ တချို့ကသူမကို အသုံးချဖို့ ကြိုးစားကြသလို တစ်ချို့ကတော့ သူမအသက်ကို လိုချင်နေကြပေမည်။ ထို့ကြောင့် သူမအား အင်ပါယာမှ ထွက်သွားစေချင်ပြီး လွတ်လွတ်လပ်လပ် နေထိုင်စေချင်သည်။

"ကိုယ် မင်းကို မကာကွယ်နိုင်တော့ဘူး..."

"... ကျွန်မ ရှင်နဲ့အတူ ဟေလာကို လိုက်ချင်တယ်..."

"မရဘူး... မင်း အဲ့ဒီလို လုပ်လို့မရဘူး..."

ရာဟန် က ပြတ်ပြတ်သားသား ပြောလိုက်သည်။

“အဲဒီမှာ ပတ်ဝန်းကျင်က အရမ်းညံ့တယ်...ပြီးတော့ လုံခြုံတဲ့နေရာလည်း မဟုတ်ဘူး..."

တစ်ကယ်တော့ သူ ထိုအချက်ကို မစဉ်းစားခဲ့တာ မဟုတ်ပေ။သို့သော် သူမ နေထိုင်ရန် ဟေလာသည် လုံးဝသင့်တော်သည့် နေရာမဟုတ်ပေ။

မြုံလွန်းသည်။ အေးခဲနေသည့် မြေထုကြောင့် ဘာမှလည်း ဖြစ်ထွန်းတာလည်း မရှိချေ။ တစ်နှစ်မှာ တစ်ခါတောင် ပန်းတွေမြင်ရခက်သလို မကောင်းဆိုးဝါးတွေလည်း မကြာခဏ ပေါ်လာတတ်သည်။ဘုရင်မ၏ လူတွေကလည်း သူတို့ကို စောင့်ကြည့်နေမှာမို့ သံတိုင်မကာခြားထားသည့် ထောင်တစ်ခုလိုပင်။ထင်ရှားသည်က လုပ်ကြံသတ်ဖြတ်သူများသည် ဆက်တိုက် သူ့ကို လာသတ်ကြမည်ဖြစ်သလို အနည်းငယ် ပေါ့ဆလိုက်လျှင် သူမကို အသက်သေသည်အထိ ဒုက္ခပေးလာနိုင်၏။

“ကျေးဇူးပြုပြီး ထွက်သွားပါ...”

စကားလုံးများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် သူမလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။ သူ့ဟန်ပန်နှင့် မျက်လုံးများက မခွဲချင်ဘူးဟု ပြောနေသည့်အလား။

သူတို့သောက်လိုက်သော ဝိုင်ရနံ့သည် နှုတ်ခမ်းကြားတွင် စူးရှစွာ ပျံ့နှံ့သွားသည်။

"ရှင်က ကျွန်မကို ထွက်သွားစေချင်တာလား..."

ရာဟန် က ဖျတ်ကနဲ သူမ လက်ဖမိုးကို သူ့နှုတ်ခမ်းများနှင့် ညင်သာစွာ ဖိကပ်ထားချင်သောကြောင့် သူ့ကို မော့ကြည့်လိုက်သည်။

"အင်ပါယာကလွဲလို့ ဘယ်နေရာမဆို သွားမှရမယ်..."

ရိုစီနာ ဘာမှ မပြောလိုက်ပေ။ နောက်ဆုံးတော့ သူမ စိတ်ထဲမှာ ခွဲနေရမည့် ကိစ္စကို မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ ရာဟန်က သူမကို ပွေ့ဖက်ပြီး ထပ်ခါထပ်ခါ နမ်းလိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"အားလုံးအဆင်ပြေရင် ကိုယ် မင်းကိုပြန်ခေါ်မယ်လေ..."

သူ့စိတ်ထဲမှာ ဝေးကွာလှသော အနာဂတ်ကို မျှော်မှန်းကြည့်နေသည်။သူမကို လုံး၀ ထွက်မသွားစေချင်သလို သူမနှင့် အတူနေဖို့ အိပ်မက်လည်းမက်ခဲ့ဖူးသည်။ ဆက်ပြီး သူက သူမ ပုခုံးထဲမှာ မျက်နှာအပ်ထားလိုက်ရင်း....

"ဒါဆို ရှင် တစ်ကယ်ပဲ ကျွန်မ အနားမှာ မနေဘူးလား..."

သူ့ကျောပြင်ကို ဖက်ထားရင်း သူမ မျက်လုံးထဲမှ မျက်ရည်များ စီးကျလာသည်။မလိုလားအပ်သော ခွဲခွာခြင်းက ရင်ကို နာကျင်စေသလို ဖုံးထားမရတော့သော သူမ ရင်ထဲက ရိုးသားမှုကိုလည်း နားလည်သွားရသည်။ခုန်နေသည့် နှလုံးသားက အချိန်မရွေး ပေါက်ကွဲသွားတော့မလိုပင်။သူမ တုန်ရီနေသော နှုတ်ခမ်းထောင့်ကို ကော့ညွတ်ပြီး ပြုံးလိုက်သည်။

"ကျွန်မစောင့်နေမယ်နော်..."

တစ်ကယ်တော့ သူမ သူ့အတွေးကို နှောင့်ယှက်ချင်နေမိသည်။သူနှင့်အတူရှိနေသရွေ့ ဘယ်နေရာမဆို အဆင်ပြေသော်လည်း သူမမှာ အီလီယန် ရှိသေးသည်။ ဘာမှမသိ၊နားမလည်သေးသည့် ကလေးတစ်ယောက်ကို သူမ ဒုက္ခမရောက်စေချင်ပေ။ ထို့ကြောင့် ခဏတာ လမ်းခွဲဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ချေ။

"ရှင်ထွက်သွားမယ့်နေ့အထိ ကျွန်မကို အချိန်ပေးပါ..."

"ဟုတ်ပါပြီ..."



Chapter 84.2🚨🚗🚨

ထို့နောက် ရာဟန် က သူမနှုတ်ခမ်းများကို ထပ်မံ နမ်းလိုက်ပြန်သည်။ကြမ်းတမ်းသော သူမ နှုတ်ခမ်းများကို အနမ်းပွင့်ကလေး အနည်းငယ်ဖြင့် ပျော့ပြောင်းသွားအောင် လုပ်လိုက်သည်။ ရင်ဘတ်ကြီးမောက်‌လာအောင် အသက်ပြင်းပြင်းရှူရင်း သူ့နှုတ်ခမ်းများကို သူမ မလွှတ်ပေးသလို သူမ ကိုယ်ကိုလည်း သူ့လက်က နေရာအနှံ့ထိကိုင်နေတော့သည်။ဤသို့ဖြင့် အေးစက်သွားသော သူမ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပူနွေးလာသည်။ဤသည်က ပထမဆုံးအကြိမ်မဟုတ်တော့ သော်လည်း ပထမဆုံးညကလိုပင် သူမ ရှက်ရွံ့နေရသည်။သူမ ရှက်နေသည်ကို မြင်လိုက်သောအခါ ရာဟန် တစ်ချက် တွန့်ဆုတ်သွား၏။

"မင်း နေကောင်းပြီလား ..."

ဆရာဝန်က လွန်လွန်ကဲကဲ မလှုပ်ရှားလျှင် အဆင်ပြေသည်ဟု ပြောထားတာဖြစ်သည်။ ယခု သူမ ဝေဒနာမှာ ပျောက်ကင်းသွားသော်လည်း ရာဟန် သည် အသည်းအသန်ဖြစ်နေသည့် လူနာကို ကြည့်နေသလိုမျိုး သတိထားကာ သူမကို ကြည့်နေသည်။သူမ ပြန်ဖြေမည့်အစား လက်နှစ်ဖက်ကိုဆန့်ကာ သူ့လည်ပင်းကို ဖက်ထားလိုက်သည်။

ထို့နောက် ကန့်လန့်ကာများ ပိတ်လိုက်သည်နှင့် တစ်ခန်းလုံး အမှောင်ထုက လွှမ်းသွားသည်။တစ်ဆက်တည်းပင်၊ ကုတင်ပေါ်တွင် လဲလျောင်းနေသော ရိုစီနာ အပေါ် သို့ ကြီးမားသော အရိပ်တစ်ခု ကျရောက်လာသည်။ ထို့နောက် ရာဟန် သည် အနည်းငယ်နီနေသော သူမ မျက်လုံးများကို တို့ထိလိုက်သည်။ သနားစရာကောင်းသော်လည်း ချစ်စဖွယ်ကောင်းမှု မပျက်သူမှာ သူမ တစ်ယောက်တည်းပင် ရှိပေလိမ့်မည်။

ထို့နောက် သူမ လည်တိုင် တစ်လျှောက်တွင် သူ့မျက်နှာကို ဖြည်းဖြည်းချင်း အပ်ထားလိုက်သည်။ တစ်ခု ထူးခြားသည်က သူမ မနက်နိုးလာလာချင်းဆိုလျှင် ပန်းခြံလို မွှေးစေသည့် ရနံ့တစ်မျိုးရတတ်သည်။အမည် ဖော်မရသော ပန်းရနံ့၊ သို့မဟုတ် နံနက်ခင်းမှာ နှင်းရည်စိမ်ထားသော သစ်ပင်များနှင့် မြက်ပင်များ၏ ရနံ့နှင့် အတော်လေး ဆင်တူသည့် အနံ့ ဖြစ်၏။ ထို့ကြောင့် သူမကို ထိတွေ့လိုက်တိုင်း တောထဲမှာ လမ်းလျှောက်နေသလို ခံစားရသည်။ ထို့အပြင်၊ဤငြိမ်းချမ်းသော နေ့စဉ်ဘ၀ကို သူ ဆက်လက်ရှင်သန်စေလိုသည်။

ရာဟန် နှုတ်ခမ်းများက သူမ၏ ပျော့ပျောင်းသော လည်တိုင်ကို လာထိတွေ့လိုက်သောအခါ သူမကိုယ်လေးမှာ စုကျုံ့သွားသည်။ မကြာမီ အသက်ရှုသံပြင်းပြင်းကပါ သူမ နားထဲသို့ တိုးဝင်လာရသည်။ထို့နောက် သူက သူမ ရင်ဘတ်က ဖဲကြိုးကိုဆွဲဖြည်လိုက်ပြီး ဂါဝန် အပေါ်ပိုင်းကို ဆွဲဖွင့်လိုက်သည်။ချွတ်ရလွယ်ကူသော ပေါ့ပေါ့ပါးပါး ၀တ်စုံဖြစ်သောကြောင့် ကြယ်သီးများနှင့် ဖဲကြိုးများကို အလွယ်တကူ ဖြည်သွားနိုင်သည်။

ထို့နောက် ရာဟန် သည် သူမ ခန္ဓာကိုယ်‌ပေါ်သို့ နှုတ်ခမ်းကို ဖိကပ်ထားလိုက်သည်။သူမ၏ အပေါ် နှုတ်ခမ်းကို ဖြည်းညှင်းစွာနှင့် ယဉ်ကျေးစွာ ရေးဆွဲနေသော ရာဟန် သည် သူမ မျက်နှာကို ကြည့်လိုက်ရာ ဗလာကျင်းနေသည့် သူ့နှလုံးသားက ပြည့်နှက်နေသလို ခံစားရသည်။

ထို့နောက် ရိုစီနာ ကလည်း သူ့အင်္ကျီ ကြယ်သီးကို ဖြုတ်လိုက်သည်။ ကြယ်သီး တစ်ခုဖြုတ်လိုက်တိုင်း သူ၏ တောင့်တင်းသည့် ခန္ဓာကိုယ် ပေါ်လာရ၏။ သူ့မျက်နှာက ဖြူဖျော့နေသော်လည်း သူ့ခန္ဓာကိုယ်က ကြွက်သားတွေကတော့ သန်မာနေကြဆဲပင်။သူမ သူ့မျက်နှာကို ပွတ်သပ်ကြည့်လိုက်ရာ သူက သူမ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး သူ့ပါးကို ပွတ်သပ်ခိုင်းလိုက်သည်။ သူ့လက်ဖဝါး၏ နွေးထွေးမှုကို သူမ ထပ်ခါထပ်ခါ ခံစားရင်း တိုးတိုးလေး ပြောလိုက်မိသည်။

“ပြန်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်...”

သူမသည် ဘယ်လိုနည်းနှင့်မှ သူ့ကိုလက်လွှတ်မည့်သူမဟုတ်ချေ။ဘယ်လို အခက်အခဲများ ကြုံရပါစေ၊သူ့ကိုသာ အမြဲလိုချင်နေမည်သာ။ရာဟန်ကလည်း ထို့အတွက် သူမ ကျေးဇူးတင်မိသည်။ သူမသာ ချက်ချင်းလက်လျှော့လိုက်မည်ဆိုလျှင် သူ့တစ်သက်လုံး နောင်တရနေလိမ့်မည်ဖြစ်သည်။

"နာရင်​​ပြောနော်..."

သူမ လက်ဖဝါးကို နမ်းရင်း သူက တိုးတိုးလေး ပြောလိုက်သည်။ သူမ ခေါင်းညိတ်ပြလိုက်လျှင် သူက အဝတ်အစားများကို လုံးဝချွတ်ပစ်လိုက်သည်။ တဖျပ်ဖျပ်ခတ်နေသော ဖယောင်းတိုင်မှ အလင်းရောင်သည် ဖြူဖွေးသော သူမ ခန္ဓာကိုယ်ကို ထွန်းညှိပေးလာသည်။ ဖျားနေ၍ ကုတင်ပေါ်တွင် အချိန်အကြာကြီး လဲလျောင်းနေရသောကြောင့် သူမ ခန္ဓာကိုယ်သည် ပို၍ ဖြူဖျော့လျက်ရှိ၏။ ရာဟန် သည် သူမ ခန္ဓာကိုယ်ကို ညင်သာစွာထိလိုက်သည်။ သူ့လက်ချောင်းတွေနှင့် ထိသည့်နေရာတိုင်းကို သူမ ကိုယ်က အလိုလို တုံ့ပြန်နေတာကြောင့် ဆတ်ကနဲ တုန်လှုပ်သွားရ၏။သူ့လက်တွေက သေးသွယ်သော သူမ ခါးဆီသို့ ဆင်းလာပြီး သူမ ဗိုက်ကို နှုတ်ခမ်းနှင့် ဖိကပ်ထားလိုက်သည်။

ရိုစီနာ က ရာဟန် ကို မျက်လုံးတစ်ဝက်ခန့်မျှဖွင့်ပြီး ကြည့်ရင်း ညင်သာစွာပြုံးလိုက်သည်။

"ကိုယ့်ကိုပေးနော်..."

ထိုသို့ပြောပြီး ရာဟန်က ဝတ်ထားသည့် အဝတ်အားလုံးကို ချွတ်ပစ်လိုက်သည်။ အဝတ်အစားများ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျနေသည့် အသံသည် သူမနားထဲမှာ စူးစူးဝါးဝါး ကြားလိုက်ရသည်။ ဘာမှ မဖုံးကွယ်ထားသည့် သူတို့ အရေပြားက နွေးထွေးလျက်။ထို့အပြင် နွေးထွေးသော သူ့နှုတ်ခမ်းများက သူမ ရင်ဘတ်ကို လာထိနေသည်။ထို့နောက် သူမ ရင်သားကို ချိုမြိန်သော အချိုပွဲ အား အရသာခံကာ စားနေသလိုမျိုး စတင်အနမ်းခြွေလာတော့သည်။

“အာ….”

သူမ ရင်ထဲမှာ တင်းတင်းကျပ်ကျပ် ခံစားနေရတာကြောင့် ခေါင်းကို ဘယ်ညာယမ်းလိုက်သည်။ရာဟန်က သူမ မစိုးရိမ်စေရန် သူမ ခန္ဓာကိုယ်ကို နမ်းပေးလိုက်သည်။ သူမ ကိုယ်က နူးညံ့ပြီး နွေးထွေးသည့် ခံစားချက်ကို သူ သဘောကျနေမိသည်။ထို့နောက် သူ့လက်သည် သူမ ပေါင်ကို တဖြည်းဖြည်းရောက်လာလျှင် ပေါင်တံတွေက ကွဲထွက်သွားသည်။သူ့လှုပ်ရှားမှုတွေနှင့် ကြွက်သားတွေ တုန်ယင်နေပုံက သူ့ရင်ထဲက ဆန္ဒတို့ကို ပြောပြနေသလိုရှိသည်။

ရိုစီနာ သည် ရာဟန် ရင်ဘတ်ကို လှမ်းထုရိုက်လိုက်သည်။ သူ့ရင်ဘတ်မှာ မာကျောသည့် ကြွက်သားတွေနှင့် ပြည့်နှက်နေပြီး အပ်တစ်ချောင်းတောင် ထိုးဖောက်မဝင်နိုင်သလို ဖြစ်နေ၏။ ရာဟန် သည် သူမ ထုရိုက်နေသော်ငြား သူ့ကိုယ်ကို အဆက်မပြတ်လှုပ်ရှားနေတော့သည်။အောက်ပိုင်းဆီမှ စိုစွတ်နေသောအသံတစ်ခုကို ကြားရပြီးနောက် မကြာမီ သူမ တင်ပါးများက အထက်ကို ကော့တက်သွားရသည်။တဖြည်းဖြည်းနှင့် ပူပြင်းပြီး မာကျောနေသော သူ့အရာသည် သူမကိုယ်ထဲကို တိုးဝင်လာပြီဖြစ်သည်။

"စိတ်အေးအေးထားနော်..."

တိုးတိုးလေးပြောသံကြောင့် သူမ အသဲယားသွားရတာကတော့ အမှန်ပင်။တစ်ချိန်တည်းမှာပင် အတွင်းထဲသို့ စိမ့်ဝင်သွားသော အပူရှိန်တစ်ခုသည် တဖြည်းဖြည်း သူမကိုယ်ထဲကို ပြည့်နှက်လာအောင် နေရာယူထားသည်။ နာကျင်ကိုက်ခဲနေသည့်အရာအားလုံးကို သူမစိတ်ထဲကပါ ကျေနပ်သလို ဖြစ်နေပြီး သူ့လည်ပင်းကိုပါ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်အထိပင်။

"ရိုစီနာ..."

ရာဟန် က သူမနာမည်ကို နားနားလေးကပ်ကာ ခေါ်လိုက်၏။သူမ နာမည်ကိုခေါ်သံက ပဲ့တင်ထပ်သံလို ပြန်ကြားနေရသဖြင့် သူတို့နှစ်ယောက်လုံး စိတ်လှုပ်ရှားမှုတွေ အပြည့်နှင့်ပင်။ ရာဟန်သည် သူ့အရာအား သူမ ကိုယ်ထဲကို ထည့်လိုက်စဉ် သူမ လက်မောင်းများကို အထပ်ထပ်ပွတ်သပ်နေသည်။ သူ့လက်ဖဝါးတွေက သူမ အရေပြားကိုပါ ပူစေ၏။ထို့နောက် သူက ရှေ့တိုးနောက်ဆုတ် စတင်ပြုလုပ်တော့သည်။ထိုသို့ အနည်းငယ် ထပ်ခါထပ်ခါ လုပ်ပြီးသောအခါ၊ သူမ‌ေတာင်မသိလိုက်ဘဲ ညည်းညူသံတစ်ချို့ ထွက်လာရသည်။

“အဟင့်…!”

အသားများ အချင်းချင်း ထိမိသံများက တစ်ခန်းလုံးကို လွှမ်းထားလေသည်။သူ့အရာကို ခပ်ကြမ်းကြမ်း လုပ်ပါများလာသောအခါ သူမ မျက်ရည်များ စီးကျလာရသည်။သူမ၏ ရှိုက်သံ‌တို့ကလည်း ကုတင်ကြီးဆီက တကျွီကျွီ မြည်သံနှင့် ရောယှက်နေသည်။သူမတို့ ကိုယ်တွေက စားပွဲဆီမှ ဖယောင်းတိုင် အရိပ်ကြောင့် နံရံမှာ လာထင်ဟပ်နေလေ၏။

ရိုစီနာ သည် ရာဟန် လက်ကို လှမ်းကိုင်ထားလိုက်သည်။ ရင်ခုန်သံများက သူတို့ ရင်တွင်းမှာ အသီးသီး မြည်ဟည်းနေကြသည်။မကြာမီ သူမ ခြေထောက်များက ကွေးကောက်လာရကာ ရာဟန် ကို တင်းတင်းကြပ်ကြပ် ဖက်ထားမိလေတော့သည်။ ချက်ချင်း ဆိုသလို သူမ၏ ပေါင်တံနှင့် နောက်ကျောပြင်ကလည်း ကော့တက်လာပြီး ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားသည်။ထိုအခါ ရာဟန် အကြည့်က ချက်ချင်းဆိုသလို နူးညံ့သွားကာ ကြမ်းတမ်းစွာ လှုပ်ရှားနေရာမှ ပျော့ပျောင်းညင်သာစွာ ပြန်လှုပ်ရှားသွားလေသည်။သို့နှင့်၊ သော အမူအရာများအဖြစ်သို့ နှစ်ယောက်သား အချိန်တွေကုန်သွားမှန်းတောင် မသိလိုက်ဘဲ တစ်ယောက်ကိုတစ်ယောက် ကြည်နူးစွာ ချစ်နေမိကြသည်။


Xxxxxx