အပိုင်း ၈၅
Viewers 15k

Chapter 85

ကိစ္စ ပြီးသွားသောအခါ တစ်ယောက်နှင့်တစ်ယောက် ကျေနပ်နေသည့် အကြည့်၊အပြုအမူတို့က အစားထိုးဝင်ရောက်လာ၏။ချက်ချင်း ရာဟန် သည် ပင်ပန်းနွမ်းနယ်နေသည့် ရိုစီနာ ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်လေသည်။သူ့လက်များသည် စောင်ထူထူများထက် ပိုမိုပျော့ပျောင်းညင်သာပြီး သက်တောင့်သက်သာရှိလှသည်။ လိင်မှုကိစ္စပြီးဆုံးသွားသောအခါ သူမ အမြဲလိုလို အိပ်ပျော်သွားတတ်တာကြောင့် ဤကဲ့သို့ အတူတူအချိန်ပေးဖြစ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမ ရာဟန့် ရင်ခွင်ထဲတွင် ရှိနေစဉ် ပင်ပန်းနွမ်းနယ်မှုနှင့်အတူ အိပ်ငိုက်ချင်သလို ဖြစ်လာရသည်။ တဒိန်းဒိန်းခုန်နေသည့် နှလုံးခုန်သံက လျော့မသွားသေးသော်လည်း အရင်ကထက် ပိုတည်ငြိမ်လာသလိုပင်။ သူမ သူ့ရင်ဘတ်မှာ မေးတင်ထားမိရင်း သူမရှိတော့လျှင် သူ့လက်တွေက အလွန်နွေးထွေးမှန်း ပိုသိလာလိမ့်မည်ဟု တွေးနေမိသည်။ထို့နောက် ကြမ်းပြင်ပေါ်တွင် ကျနေသော အဝတ်အစားများနှင့် စာရေးကိရိယာများကို အကြောင်းမဲ့ ကြည့်နေမိပြန်သည်။

"ဘာလို့ ကျွန်မ စာကို သိမ်းထားသေးတာလဲ..."

"မင်းဆီက ပထမဆုံး ရတာဆိုတော့ တန်ဖိုးထားမိတာပေါ့..."

ရိုစီနာ က အလိုလို ပြုံးလိုက်မိသည်။ ရွှေငွေများ မထည့်ထားသော ဗီရိုထဲတွင် စာတစ်စောင်သာ ဝှက်ထားသည့် ဤလူသည် သူမ မျက်လုံးထဲတွင် ချစ်စဖွယ်ဖြစ်နေသည်။သူမ သူ့ရင်ဘတ်ပေါ် ခေါင်းတင်ထားရင်း

"ကျွန်မ နောက်ဆို များများရေးပါ့မယ်..."

ရာဟန်က သူမ အဖြေကို သဘောကျသွားပုံဖြင့် ဟက်ဟက်ပက်ပက်ရက်မောလိုက်သည်။

“ဒါက မခက်ပါဘူး…ပြီးတော့ အဲ့ဒီအစား….”

သူမ စကားကို ရပ်ထားလိုက်တာကြောင့် ရာဟန် တစ်ခုခုကို စိုးရွံ့သွားသလို သက်ပြင်းချလိုက်သည်။ သူမ ဘယ်လိုအရာမျိုးပဲ ထပ်ပြောလာပါစေ၊ နားထောင်ရန် စိတ်ပိုင်းဖြတ်ထားသော်လည်း မထင်မှတ်ထားသော စကားများကို ကြားလိုက်ရသည်။

"ကျွန်မတို့ နေ့တိုင်း ဒီလို စကားတွေ ပြောချင်တယ်..."

“…..”

"အဲဒီနေ့က မေ့သွားခဲ့တဲ့ စကားလုံးတွေကို ပြန်ပြောကြည့်မယ်လေ..."

သူမ ရင်ခုန်စွာ ပြော နေချိန်မှာ ရာဟန်က သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်၍ သူမ ကျောပြင်က ရာဟန် ရင်ဘတ်ကို သွားထိလေသည်။ထိုအခါ သူ့ နှလုံးခုန်သံက သူမနောက်ကျောမှာ ပဲ့တင်ထပ်သွားသည်။သူမကိုယ်တိုင်က နားထောင်ရတာ နှစ်သက်သဖြင့် ဘာမှ မပြောခဲ့ချေ။

"ကျွန်မ ရှင့်ကို ပထမဆုံးစတွေ့တဲ့နေ့ကို မှတ်မိသေးတယ်..."

သူ့လက်ချောင်းများကို ဆုပ်ကိုင်လိုက်ရင်း မရေမတွက်နိုင်သော အမှတ်တရများထဲမှ ထိုနေ့အမှတ်တရများကို ဆွဲထုတ်လိုက်သည်။

“အဲဒီတုန်းက ကြောက်လည်း ကြောက်တယ်…ပြီးတော့ ရှင်က တော်ဝင်မိသားစုထဲက ဆိုတာကို သိလိုက်ရတော့ ကျွန်မကြောက်လန့်ပြီး ထွက်ပြေးခဲ့တာ...”

ရိုစီနာ သည် ထိုနေ့နှင့်ပတ်သက်သော အမှန်တရားကို ပထမဆုံးအကြိမ် ထုတ်ပြခဲ့သည်။ ထိုအချိန်က အရာအားလုံးသည် သူမအတွက် ကြောက်စရာကောင်းလှသည်။ပထမဆုံးအကြိမ် ရောက်ဖူးသည့် အရပ်မှာ လူစိမ်းတစ်ယောက်နှင့် ပတ်သတ်ခဲ့သည်က ခွင့်လွှတ်ပေး၍ရသော်လည်း ထိုသူက သူမအဖေကိုယ်တိုင် တားမြစ်ထားသည့် တော်ဝင်မိသားစုဝင် တစ်ဦးပင်။သူမ တွေးဖို့ အချိန်မရှိခဲ့ဘဲ ထိုနေရာမှ ထွက်သွားရမည်ဟု ခံစားခဲ့ရသည်။

"ပြီးတော့ ကျွန်မ အာစတေးနီးယားကို သွားခဲ့တယ်..."

ငြိမ်သက်စွာ နားထောင်နေသော ရာဟန် သည် သူမ ကိုယ်ကို သူ့ဘက် ဆွဲလှည့်လိုက်သည်။

“ဟိုရောက်မှ ကိုယ်ဝန်ရှိမှန်း သိတာ...”

ရိုစီနာ က အသက်ပြင်းပြင်းရှူပြီး သူမကိုယ်သူမ ထိန်းသိမ်းလျှို့ဝှက်ထားသည့် အရာတွေကို အန်ထုတ်လိုက်သည်။

"ကျွန်မ အများကြီး စဉ်းစားခဲ့ပေမယ့် နောက်ဆုံးတော့ မွေးဖို့ ဆုံးဖြတ်ခဲ့တယ်လေ..."

ခက်ခဲသောအမှတ်တရများသည် တစ်ခုပြီးတစ်ခု စုပြုံကာ ကြီးမားသောအစိုင်အခဲကြီးတစ်ခု ဖြစ်ခဲ့သည်ထင်သည်။ အစပိုင်းမှာတော့ ဒေါသထွက်ခဲ့သော်လည်း အီလီယန် မွေးဖွားလာပြီး သူ့မျက်နှာကို မြင်လိုက်ရတော့ သူမ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး လူသားတစ်ယောက် ဖြစ်ခဲ့ရသည်။ဤ ကလေးလေးဟာ သူမဗိုက်ထဲမှာ နေရင်း ဘယ်လောက်တောင် ခက်ခက်ခဲခဲ ရုန်းကန်နေရမလဲဆိုသည်ကို တွေးရင်း မျက်ရည်တွေ စီးကျလာရ၏။

ထိုအချိန်မှစ၍ အီလီယန် ၏ကမ္ဘာကြီးသည် အီလီယန် ကို ဝင်ရိုးပြု၍ လှည့်ပတ်ခဲ့သည်။ ရာဟန် ကို တွေးပြီး အထီးကျန်ကာ နာကျင်ခဲ့ရသည့် အချိန်တွေ ရှိခဲ့သော်ငြား အီလီယန် ကြောင့်သာ သူမ ဤအထိ လာနိုင်ခဲ့တာပင်။

"...ကျွန်မ ရှင့်ကို လျှို့ဝှက်မထားချင်တော့ဘူး..."

ရိုစီနာ ၏ အသံတိုးတိုးလေးကို နားထောင်ရင်း ရာဟန် သည် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူမ အရင်က ထုတ်မပြောနိုင်သည့် လျှို့ဝှက်ချက်တွေလည်း ရှိခဲ့သည်။ယခုတော့ ဖုံးကွယ်ထားသည့် အရာတွေကို ထုတ်ဖော်ဖို့ အချိန်ရောက်လာလေပြီ။

"ကိုယ်လည်း မင်းကို တစ်ခါမှ မပြောဖူးတာတစ်ခုရှိတယ်..."

သူမ ဆက်ပြောရန် ခေါင်းညိတ်ပြသည်။ သူ့အသားအရေနှင့် ထိတွေ့ရသည့် ခံစားချက်ကို သူမ သဘောကျတာမို့ ဘာမဆို ပြောလို့ရမည် ထင်သည်။

"မင်း ဒီအတိုင်း ထားခဲ့ပြီးမှ ငါက ကိုယ့်ခြေထောက်နဲ့ကိုယ် တော်ဝင်နန်းတော်ကို ရောက်ခဲ့တယ်..."

“…..”

"မင်းကိုရှာဖို့ ကိုယ် ဘာပဲလုပ်​ရလုပ်​ရ ဆိုပြီးတော့ စွန့်လွှတ်နိုင်ခဲ့တယ်..."

ထိုအချိန်တွင် သူသည် ရှေ့တည့်တည့်ကို မျှော်ကြည့်ကာ တော်ဝင်နန်းတော်ထဲသို့ ဝင်သွားလေသည်။ သူရွေးချယ်ခဲ့သော ရွေးချယ်မှုများသည် နောင်တစ်ချိန်မှာ သူ့ကို အနှောင့်အယှက်ဖြစ်စေမည်ကို သူ မသိခဲ့။

“တစ်ကယ်တော့ အဲဒီနေ့ကတည်းက အိမ်ရှေ့စံကိုယ်စား မကောင်းဆိုးဝါးတွေကို ချေမှုန်းဖို့ အင်ပါယာတစ်ဝိုက်ကို လှည့်ပတ်သွားခဲ့တယ်...”

သူ့ဝန်ခံချက်ကြောင့် ရိုစီနာ မျက်လုံးပြူးသွားသည်။

"ကိုယ်က ထရိအက် သူရဲကောင်းတွေရဲ့ ခေါင်းဆောင်ပါ..."

သူမ နှုတ်ခမ်းများသည် ယခုအချိန်အထိ သူဝှက်ထားခဲ့သော လျှို့ဝှက်ချက်ကို ကြားရသောအခါ တုန်လှုပ်သွားရသည်။ ထိုမှသာလျှင် အိမ်ရှေ့စံ အနိုင်မတိုက်နိုင်သော သတ္တဝါကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်သည့် အကြောင်းရင်းကို သူမ သဘောပေါက်သွားခဲ့သည်။

မကောင်းတဲ့ ကောလာဟလတွေလည်း ထွက်ရသလို၊အိမ်ရှေ့စံနဲ့ အနှိုင်းခံနေရတာ သူ ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ…

သူမ ရာဟန် လည်ပင်းကို ဖက်ထားလိုက်သည်။ သူ့အတွက် ဝမ်းနည်းမှုကို သူမ သည်းမခံနိုင်တော့ချေ။

"သူတို့ကို စိတ်မဆိုးဘူးလား..."

သူ့လည်ပင်းမှာ ပတ်ထားသည့် သူမ လက်များကို ပြန်ထိထားကာ နူးညံ့စွာပြုံးပြလေသည်။

"မင်း ကိုယ့်ကို အသိအမှတ်ပြုရင် ရပြီလေ..."

ရာဟန် သည်လည်း လောဘမကင်းသူဖြစ်သည်။ တစ်ကမ္ဘာလုံးက သူ့ကို အသိအမှတ်မပြုလျှင်တောင် ရိုစီနာအတွက်ဆိုလျှင် အရာအားလုံးကို စွန့်ပစ်ဖို့ ဆန္ဒရှိခဲ့သည်။

“ဘာမှ မလိုပါဘူး.....မင်းသာ ကိုယ်နဲ့နေမယ်ဆိုရင် ရပြီ..."

ပြန်ဖြေမည့်အစား ရိုစီနာ သည် ရာဟန် နှုတ်ခမ်းများကို ဖိကပ်နမ်းလိုက်သည်။ နွေးထွေးသော အသက်ရှုသံများက သူမ နှုတ်ခမ်းများမှ ဝင်လာပြီးချိန်မှ။ သူမ မျက်လုံးကို ဖြည်းညှင်းစွာမှိတ်ထားလိုက်သည်။ ဤလူကို ချစ်မိသွားရသည့်အတွက် တစ်ကယ်ကို ဝမ်းသာမိလေသည်။

ရိုစီနာ နှင့် ရာဟန် သည် အီလီယန် ဆီ သွားပြီး ရိုးရိုးသားသားတောင်းပန်ခဲ့သည်။ မိဘတွေကြောင့် ထိခိုက်နစ်နာမှု အများဆုံးခံရမည့် ကလေးအပေါ် သေချာရှင်းပြပြီး တောင်းပန်ရလေသည်။ထိုအခါ အီလီယန် က သူတို့နှစ်ယောက်ကို စိုက်ကြည့်ရင်း ကလေးနှင့်မတူသည့် မျက်နှာထားနှင့်...

'ဒါဆို မေမေတို့ ပြန်အဆင်ပြေသွားပြီပေါ့....ကောင်းပါတယ်' ဆိုပြီး ပြန်ဖြေလေသည်။

အချိန်များသည် အလွန်လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး မကြာမီ ရာဟန် မြို့တော်မှ မထွက်ခွာမီ ရက်အနည်းငယ်သာ ကျန်တော့သည်။ အတူတူရှိရန် အချိန်သိပ်မရှိသောကြောင့် တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်အောင် ဖြစ်နေကြ၏။ တစ်ခါတစ်ရံ သူတို့ နှစ်ယောက်လုံး တစ်နေကုန် ဘာမှ မလုပ်ဘဲ အတူတူလမ်းလျှောက်ထွက်ပြီး အတူတူထမင်းစားကြသည်။ အခိုက်အတန့်လေးဖြစ်သော်လည်း စစ်မှန်သည့် ပျော်ရွှင်မှုကို သူမခံစားရသည်။စောစောကတည်းက သူမ သဘောပေါက်ခဲ့ရမှာဟုတောင် တွေးမိလေသည်။ နောင်တရခဲ့လျှင်တောင် အချိန်ကို နောက်ပြန်မဆုတ်နိုင်မှန်း သူတို့နှစ်ယောက်လုံး သိကြ၏။

ပျော်ရွှင်စရာအချိန်တွေကို အတူဖြတ်သန်းရင်း ရိုစီနာ သည် ဖြည်းဖြည်းချင်း ထွက်ခွာဖို့ ပြင်ဆင်ခဲ့သည်။သူမသည် ရာဟန် ကိုကွာရှင်းလိုက်လျှင် တော်ဝင်မိသားစုဝင်မဟုတ်တော့သောကြောင့် အသက်ဘေး ဝေးရမည်ဖြစ်သော်လည်း အီလီယန် အတွက်မူ ထိုသို့မဟုတ်ပေ။ထို့ကြောင့် အီလီယန် နှင့်အတူ အင်ပါယာနန်းတော်ထဲက ခိုးထွက်ဖို့ကလွဲ၍ တခြားနည်းလမ်းမရှိပေ။ သူမသည် ကြိုတင်ပြင်ဆင်မှုအချို့ကို ဖြည်းဖြည်းချင်း လျှို့ဝှက်လုပ်ဆောင်ထားခဲ့သည်။ နေ့လည်စာစားပြီး သိပ်မကြာခင်မှာ သူမ ထမင်းစားခန်းထဲကို ဆင်းသွားလိုက်သည်။ အီလီယန် နှင့် ရာဟန် အတွက် မုန့်များသွားကျွေးရန် စိတ်ကူးနေတာဖြစ်၏။ အစေခံကို ခိုင်းလျှင် အဆင်ပြေသော်လည်း သူ့မျက်နှာကို မြင်ချင်၍ သူမကိုယ်တိုင် ပေးချင်မိသည်။

"ကျေးဇူးတင်ပါတယ် ဖက်ဒရာ..."

ရိုစီနာ သည် ဖက်ဒရာ ပြင်ဆင်ထားသည့် သရေစာကို ကြည့်ရင်း သဘောတကျ ပြုံးပြလိုက်သည်။ရာဟန် မကြာခဏစားတတ်သော pecan မုန့်အစာသွပ်နှင့် အီလီယန် အကြိုက်ဆုံးကွတ်ကီးကိုပြင်ဆင်ခိုင်းခဲ့တာဖြစ်သည်။သူမ ဖက်ဒရာကို ချီးမွမ်းလိုက်လျှင် သူက ကိစ္စမရှိကြောင်း ပြောကာ ရှက်ရယ် ရယ်နေတော့သည်။

"မင်းသမီးက pecan အစာသွပ်ကို စားမှာ မဟုတ်လား..."

"အို...မဟုတ်ဘူး...ရာဟန် အတွက်ပါ..."

ရိုစီနာ ကို ရယ်မောနေသော ဖက်ဒရာသည် သူမ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားသည်။

"ကျေးဇူးတင်ပါတယ်....နှစ်​​ယောက်​လုံး အရမ်းကြိုက်ကြမှာ..."

သို့သော်လည်း ရိုစီနာ ကတော့ ဖက်ဒရာ အံဩနေတာကို သတိမထားမိဘဲ ထမင်းစားခန်းကနေ ထွက်သွားခဲ့သည်။ထို့နောက် အီလီယန် ဆီကို ချက်ချင်းသွားပြီး နွားနို့ပူပူနှင့် ကွတ်ကီးတွေကို ကျွေးလိုက်၏။ ပါးနှစ်ဖက်လုံးထဲကို ကွတ်ကီးတွေ ထည့်ထားပြီး ဝါးနေပုံက ရှဉ့်တစ်ကောင်လိုပင်။ အီလီယန် အဆာပြေ စားပြီးသောအခါ သူမ ရာဟန် ဆီသို့ ဆက်သွားလိုက်သည်။ သူထွက်သွားဖို့ရာ ရက်အနည်းငယ်သာ လိုတော့တာကြောင့် ရုံးခန်းထဲမှာသာ အလုပ်ရှုပ်နေခြင်းဖြစ်သည်။သူမ ရုံးခန်းတံခါးကို ခေါက်လိုက်ချိန်မှာပင် ချက်ချင်း သူက အထဲဝင်လာဖို့ ပြောလေသည်။

"ကျွန်မ ရှင့်အတွက် မုန့်တွေ ယူလာပေးတာ..."

သူမ အသံကိုကြားလိုက်ရသည်နှင့် ရာဟန် လန့်ဖျပ်သွားကာ ထလိုက်သည်။သူ့ဘေးတွင်လည်း သူမ တစ်ခါမှ မမြင်ဖူးသော အဘိုးကြီးပုံ ရုပ်ဖျက်ထားသည့် ခရေယယ် ရပ်နေသည်။

“ဘာလို့ အစေခံကို မခိုင်းတာလဲ…”

"ရှင့်ကို တွေ့ချင်လို့ ကျွန်မ ကိုယ်တိုင် ယူလာတာလေ..."

သူမ စကားကြောင့် ရာဟန်က သူ့မျက်လုံးထောင့်တွေ ကွေးသွားတဲ့အထိ ပြုံးလိုက်သည်။ နှစ်ယောက်သား ကြည်နူးစပြုလာချိန်မှာ ခရေယယ်က အလိုက်တသိ အခန်းထောင့်စွန်းနားကို ကပ်ထားပေးလိုက်သည်။

“ဪ...ဧည့်သည်ရှိမှန်း မသိဘူး.... မုန့်တွေ ထပ်ယူလိုက်မယ်လေ..."

“အိုး...မဟုတ်ပါဘူး...ကျွန်တော် ဗိုက်ပြည့်နေပါပြီ..."

ရိုစီနာ သူ့ကြောင့် အလုပ်ပိုမှာစိုး၍ ခရေယယ် က ချက်ချင်းပြန်ဖြေလိုက်သည်။ထို့နောက် ရာဟန် သည် ခရေယယ် ကို တစ်ချက်ကြည့်ပြီးနောက် ရိုစီနာ ဘက်သို့လှည့်လိုက်ပြန်သည်။

“တော်သေးတာပေါ့...ကဲကဲ...ကျွန်မ သွားတော့မယ်နော်..."

"အလုပ်ပြီးတာနဲ့ မင်းဆီ ကိုယ် လာခဲ့မယ်..."

ရာဟန် သည် ယခုတလော သူမ နှင့် အချိန်ဖြုန်းချင်ပုံရသည်။

ထို့နောက် ရိုစီနာ သည် သူတို့နှစ်ယောက်ကို ထားခဲ့ပြီး ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ယခုက သူမ မုန့်စားရမည့်အချိန်ပင်။ အိမ်နောက်ဖေးမှာ သရေစာစားဖို့ အတော်ကြာ စဉ်းစားနေပြီးမှ ရာဟန် ကို မေးစရာတစ်ခုရှိမှန်း သတိရသွားသဖြင့် ရုံးခန်းဆီသို့ ပြန်သွားခဲ့သည်။ သူမ စောစောက ပြန်လာစဉ်က မပိတ်ထားတာကြောင့် ရုံးခန်းတံခါးက အနည်းငယ်ပွင့်နေပြီး အထဲက စကားသံအချို့ကို ကြားလိုက်ရ၏။

"ဆရာက အချိုကို ဒီလောက်မုန်းတာ....ဘာလို့ ရုတ်တရက်ကြီး စားချင်သွားတာလဲ..."

ခရေယယ် အသံကြောင့် သူမ ခြေလှမ်းရပ်သွားရသည်။

"ဆရာ စားပြီသွားသလိို ဟန်ဆောင်ရအောင်..."

သူ ဘာကို ဆိုလိုတာလဲ...

စူးစမ်းလိုစိတ်ဖြင့် ရိုစီနာ သည် အဖွင့်တံခါးမှ နေ၍ အတွင်းဘက်သို့ ချောင်းကြည့်လိုက်ရာ ရာဟန် သည် အလွန်လေးနက်သော မျက်နှာထားဖြင့် မုန့်ပွဲအား စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ ခက်ရင်းခွကို လက်တုန်တုန်ဖြင့် ကိုင်ထားကာ မဝံ့မရဲ စားနေ၏။ သူ့မျက်နှာက ကြောက်စရာကောင်းသည့် တစ်ခုခုကို စားနေသလိုပင်။ တစ်ချက်သာ ကိုက်ရသေးသော ရာဟန် သည် ရေအများကြီးသောက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။

"သူမက ငါ့ကို စေတနာရှိလို့ ပေးတာကွ....စားရမှာ‌ပေါ့..."

"အချိုတွေ မစားနိုင်ဘူးဆိုတာ ဆရာ ဝန်ခံလိုက်ပါလား..."

ရိုစီနာ မျက်လုံးများ ပြူးကျယ်သွားသည်။

သူက အချိုတွေ မစားနိုင်ဘူးလား....

ယခုချိန်အထိတော့ အချိုပွဲတွေကို သူမတို့ အတူတူစားဖြစ်ကြသည်။

“အာ….”

သူမ နောက်ကျမှ သိလိုက်ရခြင်းဖြစ်သည်။ ရာဟန် က သူမကို ငဲ့ညှာနေတာဖြစ်သည်။ အချိုပွဲကို ငြင်းလိုက်လျှင် အရှက်ကွဲမှာ ကြောက်၍ သူ အတင်းစားနေခြင်းပင်။သူမ နံရံကို မှီနေမိပြီးနောက် ဖြည်းညှင်းစွာ ပြန်ကြွလိုက်သည်။ သူမ ဝမ်းနည်းနေရပြီး သူ့ကို ကျေးဇူးတင်မိသော်လည်း တစ်ချိန်တည်းတွင် သူမ သူ့ကို လျစ်လျူရှုထားမိခဲ့သည်ဟု ခံစားနေရသည်။ အမှန်တရားကို နောက်ကျမှ သိလိုက်ရသည့်အတွက် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ယခုကစပြီး သူအတွက် အဆာပြေစားဖို့ မုန့်ပြင်လျှင် သကြားအားလုံးကို ဖယ်ခိုင်းတော့မည်။

***

ရာဟန် သည် ပန်းကန်အလွတ်ပေါ်တွင် ခက်ရင်းကို ချထားလိုက်သည်။ သူ့တစ်သက်တာလုံး တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရသလိုပင် သက်ပြင်းချမိသည်။ သူ့ပါးစပ်ကို ရေဘယ်နှစ်ခါလောက် ဆေးချနေပါစေ အချို၊အမွှေးတွေက လုံးဝမပျောက်သွားပေ။ ရာဟန် ပန်းကန်ကို ဘေးဖယ်ထားလိုက်သည်နှင့် ခရေယယ် သည် ဘေးသို့ချထားသော စာရွက်များကိုယူလိုက်သည်။

ထို့နောက် ရာဟန် သည် စာရွက်စာတန်းကို စီမံဆောင်ရွက်နေစဉ် ခဏတာ တွေးလိုက်မိသည်။ သူ ပြည်နှင်ဒဏ်ခံရပြီး မကြာခင်မှာ ထရိအက်သူရဲကောင်းများ အဖွဲ့ဟာ တရားဝင် ဖျက်သိမ်းခံရတော့မှာ ဖြစ်သည်။ သို့သော် အပြင်မှာသာ ကွဲသွားမှာဖြစ်ပြီး အတွင်းထဲက ပြိုကွဲသွားမှာမဟုတ်ပေ။အကြောင်းမှာ၊ သူရဲကောင်းများသည် တစ်သက်လုံး သူ့ဆီမှာ ကျိန်ဆိုခဲ့ပြီးဖြစ်သောကြောင့် သူတို့ အနာဂတ်ကို အတူတကွ စီစဉ်ခဲ့ကြပြီးဖြစ်သည်။ အိမ်ရှေ့စံသည် ထရိအက် သူရဲကောင်းများကို သိမ်းပိုက်ရန်ကြိုးစားသောအခါ၊ သူရဲကောင်းများသည်လည်း တစ်ပြိုင်တည်း ပျောက်ကွယ်သွားလိမ့်မည်။

သူရဲကောင်းများသည် အိမ်ရှေ့စံ၏ လက်အောက်သို့ ဝင်ရောက်လျှင် ဂုဏ်အသရေနှင့် စည်းစိမ်ဥစ္စာများကို ရရှိနိုင်သည်။သို့သော် သူတို့က လွယ်လွယ်နဲ့ထွက်မည့်အစား ရာဟန် နောက်ကိုလိုက်ဖို့သာ ဆုံးဖြတ်လိုက်၏။

"...တစ်သက်လုံး ကျွန်တော်တို့က‌ ခေါင်းဆောင်နောက်ကိုပဲ လိုက်မှာပါ..."

ခရေယယ် သည် တုန်ရီနေသော်လည်း ဆုံးဖြတ်ချက်အပြည့်ဖြင့် အဖြေပေးလိုက်လျှင် ရာဟန် သည် ဘောပင်ကိုချလိုက်ပြီး သူ့ကို ကြည့်လိုက်သည်။

"အိုင်းဆက် နဲ့ ရယ်ဗင် ကလည်း အတူတူပါပဲ..."

“မင်းတို့အတွက် ငါလုပ်ပေးနိုင်တာ ဘာမှမရှိဘူးကွာ....ဒါ‌ေတာင်မှ ငါ့အနားမှာ မင်းတို့ ရှိနေပေးကြမှာလား..."

"ဒါပေါ့...ခေါင်းဆောင်ရဲ့..."

ချက်ချင်း အဖြေပြန်ထွက်လာသောအခါ ရာဟန် က နူးညံ့စွာ ပြုံးလိုက်ရာ ခရေယယ် သည် ရှားပါးသောသူ့အပြုံးကို မှတ်တမ်းတင်ထားလိုက်သည်။

"ငါ မင်းဆီကအကူအညီ လိုတယ်..."

ထို့နောက် သူက စာရွက်နှင့် ဘောပင်ကို ဘေးဖယ်ထားကာ စားပွဲခုံကို လက်ညိုးဖြင့် ပုတ်ပြီး ဆက်ပြောလိုက်သည်။

"ဟေလာ ဘက်က စစ်သားတွေရဲ့ အဆင့်ကို သိသိသာသာ မြှင့်တင်ဖို့အတွက် အလယ်အလတ်ပဲ ကျွမ်းကျင်မှုရှိတဲ့ ရိုးရိုးသာမာန် သူရဲကောင်းတစ်ယောက်နဲ့ မဖြစ်ဘူး…ဒါကြောင့် ငါ မင်းကို ဒီတာဝန် အပ်လိုက်မယ်...ဘယ်လိုလဲ..."

ခရေယယ် သည် အံ့အားသင့်စွာ မတ်တပ်ရပ်လိုက်ပြီး ချက်ချင်းပင် ဒူးထောက်လိုက်သည်။

"ကျွန်တော် အကောင်းဆုံးလုပ်ပါ့မယ်..."




Xxxxxx