အပိုင်း (၁၈၉)
Viewers 34k

Chapter 189 


ဧည့်ကြိုမိန်းကလေးက ရှင်းပြလိုက်သည်။


" ကျွန်မက ဧည့်ကြိုဆိုတော့ ဝန်ထမ်းအားလုံးကို ဝန်ဆောင်မှု ပေးရတယ် ... ဖောက်သည်တွေကို နှုတ်ဆက်ရတာအပြင် ကျွန်မ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးရတယ် ... အဲ့တော့ တုံ့ပြန်ချက်ကောင်းကောင်းလေး ပြန်ရရင် လစဉ်ဘောနပ်စ်လည်း တိုးသွားမှာ ကောင်းတဲ့feedback များများရလေ ဘောနပ်စ်များလေပဲ ... ကျွန်မတို့သူဌေးက အဲ့လိုစီမံထားတယ် ..."


အဲ့လိုဟာမျိုး ရှိသေးတယ်လား ...


ယွမ်ရှ အမှန်ပင် အမြင်ကျယ်သွားရသည်။ သူမ အနည်းငယ် တွေးပြီးသည့်နောက် မေးလိုက်သည်။


" ရှင့်ရဲ့ ဘောနပ်က တကယ်များလာမှာလား ..."


သူမ မေးမိပြီးမှ နောင်တရသွားသည်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်၏ ဝင်ငွေနှင့် ဘောနပ်စ်အကြောင်းမေးခြင်းက မသင့်တော်ပေ။ ပထမဆုံးနေ့မှာပင် ဂရုမစိုက်မိသောကြောင့် ထိုကဲ့သို့သော အမှားမျိုး ပြုလုပ်မိသွားသည်။


ဧည့်ကြိုမိန်းကလေးက သူမ မေးခွန်းကို စိတ်အနှောင့်အယှက် ဖြစ်သွားပုံမရပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမ အသံတိုးတိုးဖြင့် ပြောလိုက်သည်။


" တကယ့်ကို များလာမှာ အဲ့ဒါကြောင့် ရှင့်ရဲ့ feedbackက ကျွန်မအတွက် အရေးကြီးနေတာ ..."


" တကယ့်ကို များလာမှာ" ဟူသည့်က မည်သည့်ပမာဏမှန်းမသိသော်လည်း သူမ ဆက်မမေးမိတော့ပေ။ သူမ ရက်ရောစွာဖြင့် ပြောလိုက်သည်။

" ကောင်းပါပြီ ဒါဆိုရင်လည်း ကျွန်မ feedbackကောင်းကောင်း ရေးပေးပါ့မယ် ..."


ဧည့်ကြိုမိန်းကလေးက အလွန်ပျော်ရွှင်သွားပုံရသည်။

" ကျေးဇူးအများကြီးတင်ပါတယ် ..."


ယခုအခါမှသာ ဧည့်ကြိုမိန်းကလေးက သူမအပေါ် အလွန်အမင်းဖော်ရွေနေရသည့် အကြောင်းအရင်းကို သဘောပေါက်သွားသည်။ သူမ၏ ဘောနပ်စ်က လုပ်ဖော်ကိုင်ဖက်များထံမှ ရရှိသည့် feedback နှင့် သက်ဆိုင်နေသောကြောင့်ဖြစ်သည်။ အကယ်၍ ယွမ်ရှသာ သူမနေရာတွင် ဆိုပါကလည်း ကုမ္ပဏီတစ်ခုလုံးတွင် အဖော်ရွေဆုံးလူ ဖြစ်နေလိမ့်မည်။


ယွမ်ရှ သူမစားပွဲသို့ ပြန်လာသည့်အဖါ ဖုန်း တုန်ခါလာသည်။ လာဘ်ကောင်လေးစုန့်က သူမကို မက်ဆေ့ပို့သည်။

( အလုပ်မှာ ဘယ်လိုလဲ ... အဆင်ပြေရဲ့လား ...)


သူက အမှန်ပင် သူမကို ဂရုစိုက်ပေးနေသည်။ ယွမ်ရှက အခြားလုပ်ဖော်ကိုင်ဖက်များကို တစ်ချက်ခိုးကြည့်ပြီးနောက် လျင်မြန်စွာ စာပြန်လိုက်သည်။

( တော်တော်လေး အဆင်ပြေတယ် ... ကုမ္ပဏီက လူတွေအားလုံးကလည်း ယဉ်ကျေးကြတယ် ... လူတစ်ယောက်ဆိုရင် ကျွန်မကို မနက်စာစားပြီးပြီလား လာမေးပြီး ဆန်းဒဝေ့ခ်ျ လာကျွေးတယ် ... ကုမ္ပဏီက လေထုအခြေအနေကတော့ အတော်လေး သက်တောင့်သက်သာဖြစ်စရာပဲ ... ဒီလို အံ့ဩစရာကောင်းတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ရတာ အရမ်းကံကောင်းတာပဲ ...)


သူမ မက်ဆေ့ကို ဖက်ပြီးသည့်နောက် စုန့်ထင်ရှန်း စိတ်အေးသွားသည်။ ယွမ်ရှက ရုံးတွင် အလုပ်လုပ်သည်မှာ ပထမဆုံးအကြိမ်မဟုတ်ကြောင်း သူသိသည်။ သူမက ဘွဲ့မရမီအချိန်က သူ့ကုမ္ပဏီတွင် အလုပ်သင် လာလုပ်ဖူးသည်။ သို့သော်လည်း သူမက အချိန်ကြာမြှင့်စွာ မလုပ်ခဲ့သည့်အတွက် လုပ်ငန်းခွင်ဘဝနှင့် လိုက်လျောညီထွေမရှိမည်ကို စိုးရိမ်ခဲ့မိသည်။


စုန့်ထင်ရှန်း စာပြန်ပို့လိုက်သည်။

( ဒါဆိုလည်း ရုံဆင်းမှ အဲ့အကြောင်းပြောကြတာပေါ့ ... ကိုယ်လည်း ကုမ္ပဏီက ဝန်ထမ်းတွေကို အဲ့လို ပျော်ပျော်နေအောင် ဘယ်လိုထားရမလဲ လေ့လာရတာပေါ့လေ ..."


(ယွမ်ရှ :  ‌ဒါပေမဲ့ ...)


သူမဘာလို့ ဒါပေမဲ့လို့ ပြောပါလိမ့် ...

( စုန့်ထင်ရှန်း : ဘာဖြစ်လို့လဲ ...)


( ယွမ်ရှ : ကျွန်မက လူမှုပတ်ဝန်းကျင်နဲ့ အလှမ်းဝေးနေတာ ကြာလို့ထင်တယ် ... ဒီကုမ္ပဏီက အရမ်းကောင်းပေမယ့် တစ်ခုခုတော့ ထူးဆန်းနေသလို ခံစားရတယ် ... ဧည့်ကြိုမိန်းကလေးရော ကျွန်မရဲ့ ဌာနက အကြီးအကဲရော သူတို့က ကျွန်မကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြတယ် ... ကျွန်မက အလုပ်ရှင်မဟုတ်ပေမယ့် ကျွန်မရဲ့ ထင်မြင်ချက်ကို တော်တော်လေး အလေးထားတယ် ... ကျွန်မပဲ အတွေးလွန်နေတာလား သူတို့ပဲ လူကောင်းတွေ ဖြစ်နေတာလား မသိဘူး ...)


စုန့်ထင်ရှန်း ပြန်မဖြေမီ တွေးလိုက်သည်။

( စုန့်ထင်ရှန်း : ကုမ္ပဏီတွေက ယဉ်ကျေးမှု မတူကြဘူးလေ ... ဒီကုမ္ပဏီရဲ့ ယဉ်ကျေးမှုကြောင့်ပဲ နိုင်ငံခြားဌာနခွဲက အလုပ်အဆင်ပြေပြီး သူဌေးက မင်းတို့ကို လုပ်အားခများများပေးနိုင်တာလည်း ဖြစ်နိုင်တာပဲ ... ဒီလို ချဉ်းကပ်နည်းမျိုးကို ကိုယ်ကတော့သဘောမကျပေမယ့် ဒါက အဆင်ပြေတဲ့ ရလဒ်မျိုးထွက်တာပဲလေ ... ဝန်ထမ်းတွေကို အခြေအနေကောင်းတွေဖြစ်အောင် ဖန်တီးပေးလို့ သူတို့ အလုပ်ကြိုးစားလာရင် အားလုံးအတွက် win-win အနေအထား ဖြစ်လာနိုင်တာပဲ ...)


( ယွမ်ရှ : ဒါလည်း အဓိပ္ပါယ်ရှိတာပဲ ... ဘာပဲဖြစ်ဖြစ် ဒီလောက်လစာများမှတော့ ကျွန်မအလုပ်သေချာမလုပ်ရင် ကုမ္ပဏီအပေါ် မကောင်းသလို ဖြစ်သွားမှာ ...)


xxxxxx