အပိုင်း ၉၇🚨
Viewers 13k

Chapter 97🚨🚗

" ရိုစီနာ မင်းဧကရီဖြစ်ချင်လား…"

တည့်တိုးဆန်လှသောမေးခွန်းကြောင့် သူမတံတွေးသာမြိုချမိလိုက်သည်။ ဤသည်မှာ သူမ တစ်ခါမျှစိတ်ကူးပင်မယဉ်ခဲ့ဖူးသော အရာတစ်ခုဖြစ်လေသည်။

အတိတ်တွင် တတိယမြောက်မင်းသမီးအဖြစ် တာဝန်အနည်းငယ် ထမ်းဆောင်ပြီးနောက် သူမရာဟန်ကိုကွာရှင်းရန် ကြိုးပမ်းခဲ့ဖူးသည်။

ရိုစီနာ စဉ်းပင်မစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။

" ဟင့်အင်း…"

ဧကရီတစ်ပါး၏သရဖူမှာ အလွန်ပင်လေးလံလှပြီး ရိုစီနာထိုအရာကို ကောင်းစွာလုပ်နိုင်မည်ဟု ယုံကြည်ချက်မရှိပေ။

သူမ၏အဖြေကို ကြားလိုက်ချိန်၌ ရာဟန်ပြုံးလိုက်မိသည်။

" အရာအားလုံးက မင်းရဲ့လမ်းကြောင်းအတိုင်းပဲ သွားနေမှာပါ…"

ရာဟန်၏စကားများကြောင့် ရိုစီနာ စိတ်အေးသွားခဲ့သည်။ ရာဟန်မှာ သူမ၏ မည်သည့်ရွေးချယ်မှုကိုမဆို ထောက်ပံ့မည်ဖြစ်ကာ သူမနှင့်ဆွေးနွေးပေးမည်ဖြစ်သည်။

သူမ ဒုတိယမြောက်ခွက်ကို အပြောင်ရှင်းလိုက်သည်။ သေချာသလောက်ပင် ချိုမြမှုနှင့်အတူ သူ၏အရှိန်မှာ တက်လာသည်။

သူမ၏လည်ချောင်းတစ်ခုလုံးပူလောင်နေပြီး ပါးပြင်များမှာ နေဝင်ဆည်းဆာသဖွယ် တဖြည်းဖြည်းနီမြန်းလာသည်။

ရာဟန်ခွက်ကိုချကာ လက်ကိုဆန့်၍ လက်ဖဝါးဖြင့် သူမ၏ဆံနွယ်များကို ထိတွေ့လိုက်သည်။ ဆံပင်များကို ပင့်တင်ပေးလိုက်သောကြောင့် ရိုစီနာ၏မျက်နှာမှာ ထွက်ပေါ်လာကာ သူမ၏ကြယ်များသဖွယ်တောက်ပနေ‌သည့် အနီရင့်ရောင်မျက်လုံးများမှာ သူ့ကိုသာကြည့်နေခဲ့သည်။

အီလီယန်နှင့်တူသည့်မျက်လုံးများကိုကြည့်ကာ ရာဟန်ပြုံးလိုက်မိသည်။

ရာဟန် သူ၏ခုံမှ ဖြည်းညင်းစွာထလိုက်ပြီးနောက် ရိုစီနာရှေ့တွင်ရပ်ကာ တဖြည်းဖြည်းချင်း ဒူးထောက်ချလိုက်ပြီး သူမ၏မျက်လုံးများကို ကြည့်လျက် သူ၏လက်ဖဝါးမှာ သူမ၏ပါးပြင်ကို ပွတ်တိုက်နေလိုက်သည်။

" မင်းနဲ့ဆုံရတာက ကိုယ့်ဘဝရဲ့အကောင်းဆုံးအခိုက်အတန့်ပါပဲ…"

သူတို့အက်ခိုးတောအုပ်ထဲတွင် ဆုံကြစဉ် သူသည်သာအဆုံးထိ သူမကိုတွန်းဖယ်နေပါက ဤသည်မှာဖြစ်ပျက်ခဲ့မည်မဟုတ်ချေ။

အရာအားလုံးမှာပြောင်းပြန်ဖြစ်‌သွားမည်ဖြစ်ကာ အီလီယန်လည်းရှိလာမည်မဟုတ်ပေ။

ထိုအချိန်တုန်းက သူ သူမကိုတွေ့ခဲ့ရခြင်းကို အမှတ်တကယ်ပင်ကျေးဇူးတင်မိပြီး သူမကိုခုနစ်နှစ်ကြာ မရပ်မနားရှာဖွေမိသည့်အတွက် ဝမ်းသာမိသည်။

" ကျွန်မရောပဲ…"

ရိုစီနာ ရာဟန်၏အထိအတွေ့ကိုခံစားကာ ခါးသီးစွာ ပြုံးလိုက်သည်။

ဝေဝါးနေသောမျက်လုံးများဖြင့် အတိတ်ကိုပြန်ပြောင်းအောက်မေ့နေသောရိုစီနာမှ ပြောလာသည်။

" ဒါနဲ့ အဲဒီအချိန်တုန်းက ရှင်ကျွန်မကိုစကားပြောတာ မယဉ်ကျေးခဲ့ဘူးလေ ဟုတ်တယ်မလား…"

"..."

ရာဟန် သူ၏ပါးစပ်ကို ပိတ်လိုက်ရသည်။

အချိန်အတော်ကြာခဲ့ပြီဖြစ်သော်လည်း သူတို့၏ ပထမဆုံးတွေ့ဆုံမှုတွင် ရာဟန် သူမကိုအလွန်ရိုင်းပြမိခဲ့သည်။

" ကိုယ်ကလုပ်ကြံသူကြောင့် ထိတ်လန့်နေခဲ့ရလို့ပါ…အဲဒီအချိန်တုန်းက ဘယ်သူ့ကိုမှယုံလို့မရဘူးလေ…"

ရာဟန်၏အလောတကြီးအကြောင်းပြချက်များထွက်ပေါ်လာချိန်တွင် အဆုံး၌ ရိုစီနာရယ်ချမိလိုက်သည်။

ကြည်လင်နေသောရယ်မောသံကြောင့် ရာဟန်၏စကားများမှာ ပြတ်တောက်သွားရပြီး သူ သူမကိုကြည့်လိုက်ချိန်တွင် ရယ်မောနေသည်မှာ ရပ်သွားသော်လည်း ရိုစီနာတိုးတိုးရေရွတ်နေခဲ့သည်။

" ဒါဆိုကျွန်မတို့ထပ်ဆုံတဲ့အခါကြ ရှင်ယဉ်ယဉ်ကျေးကျေးတွေပြောနေရင် ထူးဆန်းတယ်လို့ ခံစားရလိမ့်မယ်ထင်တယ်…"

"... ကိုယ်ထင်တာတော့ အဲဒီအချိန်တုန်းကြရင်လည်း မင်းကိုယဉ်ယဉ်ကျေးကျေးမပြောခဲ့ရင် အဆင်မပြေဖြစ်နေလောက်မယ်…"

ရာဟန် သူမသူ့ကိုထားသွားရသည့်အကြောင်းအရင်းများကို တစ်ခုချင်းစီလိုက်ခဲ့ကာ အရာအားလုံးကိုပြောင်းလဲရန်‌ဆုံးဖြတ်လိုက်သည်။

သူမ၏ရှေ့တွင် သူ၏အရာအားလုံးကို အသုံးပြုမည်ဖြစ်သည်။ သူသည်လူကြီးလူကောင်းဟန်ဆောင်မည်၊ သနားစဖွယ်ပုံစံဖြစ်အောင်နေမည်ဖြစ်ပြီး ကလေးကိုပင်ဗန်းပြကာ အသုံးချမည်ဖြစ်သည်။

ရိုစီနာအတွက်ဆိုပါက သူမည်သည့်အရာကိုမဆို လုပ်မည်ဖြစ်သည်။

ရိုစီနာ ခုံမှဖြည်းညင်းစွာထလိုက်ပြီး သူမ၏လက်ကိုဆန့်ကာ ရာဟန်၏လက်ကိုဆွဲ၍ ခေါ်သွားလိုက်သည်။

သူမ အိပ်ရာပေါ်တွင်လဲလျောင်းနေသည့်ရာဟန်ကိုကြည့်၍ ပြောလိုက်သည်

" ကျွန်မတို့ဒီအတိုင်းလေးအိပ်ကြမယ်လို့မထင်ဘူးနော်…"

သူမ၏ပထမဆုံးအကြိမ်အဖြစ် တက်ကြွနေဟန်ကြောင့် ရာဟန်၏မျက်လုံးများပြူးကျယ်သွားရသည်။ သို့သော်လည်း သူ့ကိုယ်သူထိန်းချုပ်ထားကာ ရိုစီနာ၏ခါးကိုကြည့်၍ တီးတိုးပြောလိုက်သည်။

" မင်းရဲ့ခန္ဓာကိုယ်ကကော…"

" ဆရာဝန်ပြောတာတော့ အခုအဆင်ပြေသွားပြီတဲ့…"

သူမစကားများကြောင့် ရာဟန် ရပ်တန့်သွားရသည်။ ထို့နောက် ခဏအကြာတွင် သူ၏ခေါင်းကိုတဖြည်းဖြည်းနှိမ့်ကာ သူမ၏လည်ပင်းပေါ်သို့ သူ၏မျက်နှာကိုမြုပ်နှံလိုက်သည်။

ချိုမြိန်နွေးထွေးသည့် အသက်ရှုထုတ်မှုကြောင့် သူမ၏လည်ပင်းနောက်တွင် တုန်ယင်သွားရကာ ယားကျိကျိခံစားလာရသည်။

ရိုစီနာ ပြုံးလိုက်ပြီး ရာဟန်၏ပါးကို အနမ်းပေးလိုက်သည်။ သူမ၏နှုတ်ခမ်းမှာ စိုစွတ်နေသောမိုးရေစက်များကဲ့သို့ပင် ကျဆင်းသွားလေသည်။

သူမခေါင်းကိုမော့ကာ ရာဟန်၏လည်ပင်းအနောက်ကို အသာအယာနမ်းလိုက်ပြီး သူ့ကိုကြည့်ကာ ပြောလိုက်သည်။

" ကျွန်မဒီနေ့တော့လုပ်မှာ…"

ထိုစကားများကြောင့် ရာဟန်၏မျက်လုံးမှာ ပြူးကျယ်သွားသော်လည်း ခဏအကြာတွင် မျက်နှာတစ်ခုလုံးတွင် မျှော်လင့်ချက်များအပြည့်နှင့် ပြုံးလာခဲ့သည်။

ရိုစီနာ ရာဟန်၏အင်္ကျီကြယ်သီးကို တစ်လုံးချင်းချွတ်လိုက်သည်။ သူမ၏အမြင်များဝေဝါးနေသော်လည်း သူမမူးမနေခဲ့ပေ။

သူ၏ပထမဆုံးကြယ်သီးကို ချွတ်လိုက်ချိန်၌ ရာဟန်၏ညှပ်ရိုးမှာ နူးညံ့သိမ်မွေ့သောလည်ပင်းအောက်မှ ပေါ်လာခဲ့သည်။

ဖောင်းကြွနေသောညှပ်ရိုးကို ကြည့်ရုံနှင့်ပင် သူမ၏နှလုံးခုန်နှုန်းများမြန်လာခဲ့သည်။

သူမ အောက်မှကြယ်သီးများကို ဖြည်းဖြည်းချင်းဖြုတ်ကာ သူ၏ညှပ်ရိုးကိုကိုက်လိုက်ပြီးနောက် ပြန်လွှတ်ပေးလိုက်သည်။

ဆတ်ခနဲဖြစ်သွားသည့်ခံစားမှုကြောင့် ရာဟန်၏မျက်လုံးများကျဉ်းမြောင်းသွားရသည်။ သူ၏စိတ်မှာအခြေအနေကောင်းလာသည့်အတွက် အသက်ရှုသံမှာ တည်ငြိမ်လာသည်။

ယုံကြည်ချက်ရှိရှိဖြင့်ပင် ရိုစီနာ သူ၏ကျန်ကြယ်သီးအားလုံးကို ဖြုတ်လိုက်ကာ ညှပ်ရိုးကိုကိုက်၍ သူ၏အရေပြားကို စုပ်ပေးလိုက်သည်။

ရိုစီနာဖြတ်သွားသည့်နေရာတိုင်းတွင် အနီရောင်အမှတ်အသားမှာ ရေးထိုးထားကဲ့သို့ ပေါ်လာသည်။

ထိုအနီမှတ်များကို ကြည့်လိုက်စဉ်တွင် ရာဟန်မှာ တစ်နည်းနည်းဖြင့် သူမအပိုင်ဖြစ်သွားပြီဟု ရိုစီနာခံစားလိုက်ရသည်။

အချိန်အတော်ကြာမျှ စိုက်ကြည့်နေပြီးနောက် ရာဟန် သူမ၏ခါးကိုကိုင်ကာ မေးလာသည်။

" ကြည့်လို့မဝသေးဘူးလားဟင်…"

ရိုစီနာ သူမ၏လည်ပင်းကို စိတ်ပါလက်ပါရွှေ့ပေးလိုက်သည်။

သူ၏မာကျောနေသည့်ရင်ဘတ်ကိုဖော်ပြကာ တသိမ့်သိမ့်ရယ်မောနေချိန်တွင် အပူငွေ့မှာ ရိုစီနာ၏မျက်နှာကို ရိုက်ခတ်လာသည်။

သူမခေါင်းကိုစောင်းလိုက်မိသည်။ အစပျိုးအခြေအနေမှာ ကောင်းမွန်နေသော်လည်း သူမဘာဆက်လုပ်မည်ကို သိမနေပေ။

အချိန်တိုင်းလိုပင် လက်ခံသူသာဖြစ်ခဲ့ကြောင်းကို သဘောပေါက်မိသွားသောကြောင့် ခဏမျှတွေးလိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်ရသည်။

သူမ၏လက်များကို ရာဟန်၏ဘောင်းဘီထဲသို့ထည့်ကာ တဖြည်းဖြည်းချင်း အောက်သို့ဆွဲချလိုက်ချိန်တွင် သူ၏တက်ကြွနေပြီးဖြစ်သောညီငယ်လေးမှာ ထွက်ပေါ်လာသည်။

သူမမထိတွေ့ရသေးသော်လည်း ၎င်းမှာ ကြီးမားနေပြီဖြစ်သည်။

ခဏမျှ တုန့်ဆိုင်းလိုက်ပြီးနောက် သူမ ထိုအရာ၏ထိပ်ဖျားကို ဂရုတစိုက်ပွတ်တိုက်ပေးလိုက်သည်။ အကြောများအပြည့်နှင့် လိင်အင်္ဂါမှာ သူမလက်နှင့်ပင် မဆန့်နေချေ။

ထိပ်ပိုင်းကိုသာကိုင်‌ရသေးသည့်ရိုစီနာ သူမ၏လက်ကိုအောက်သို့ တဖြည်းဖြည်းဆွဲချလိုက်သည်။ ထို့နောက် ထောင်မတ်နေသည့်အရာကို သူမပါးစပ်ထဲသို့ မြိုချလိုက်သည်။

၎င်းမှာ သူမ၏လည်ချောင်းထဲသို့ရောက်လာချိန်၌ ရိုစီနာအနည်းငယ်ပျို့တက်သွားရသော်လည်း သူမ၏လျှာဖြင့်ယက်ပေးလိုက်သည်။

ယားကျိကျိခံစားချက်ကြောင့် ရာဟန်၏မျက်ခုံးများ ကျုံ့သွားရသည်။

ရိုစီနာ သတ္တိအချို့စုစည်းကာ ပါးစပ်အပြည့်ငုံချလိုက်သည်။ ထိုအရာမှာ အဆုံးထိဝင်မသွားသည့်တိုင် ခံစားချက်မှာ ကွက်ကွက်ကွင်းကွင်းပင်။

ရာဟန်ထံမှာ ခပ်တိုးတိုးညည်းသံတစ်ချက်ထွက်ပေါ်လာသည်။

သူမ၏ဆံပင်ကို အသာအယာဆုပ်ကိုင်လိုက်ချိန်တွင် သူမ၏ဆံနွယ်များမှာ လက်ချောင်းကြားတွင် ပိုးသားနှယ်ပြန့်ကြဲသွားသည်။

သူမ၏ပျာတီးပျာယာအပြုအမူလေးများမှာ ပို၍ပင်ချစ်ဖို့ကောင်းနေပြီး ကောင်းကောင်းမလုပ်နိုင်မည်ကိုစိုးရိမ်ကာ ကြိုးကြိုးစားစားလုပ်ဆောင်နေသည့်သူမကြောင့် ရာဟန်ပို၍ပင် စိတ်ကြွလာရသည်။

သူမ ရာဟန်၏မျက်လုံးများကျဉ်းမြောင်းသွားသည်ကို မြင်လိုက်ရကာ ၎င်းမှာ အပြည့်အဝဖွံ့ဖြိုးပြီးသော သားရဲကြီးတစ်ကောင်အသွင်ပေါ်နေကာ သူမကိုပို၍အလုပ်ကြိုးစားစေလာခဲ့သည်။

ထိုအရာမှာ ဤထက်ပို၍မကြီးနိုင်တော့ပေဟု သူမထင်မိခဲ့သော်လည်း ရာဟန်၏လိင်တံမှာ ပို၍ပို၍ဖောင်းကားလာသည်။

" ဒီလောက်ဆိုရပြီ…"

ရာဟန် သူမ၏ခေါင်းကိုအသာအယာပုတ်ပေးလိုက်ပြီး သူ၏ခေါင်းကိုမော့ကာ လက်ကိုဆန့်၍ သူမကိုဆွဲထူလိုက်သည်။

ရာဟန်၏အပေါ်သို့တစ်ဖန်ပြန်လည်ရောက်ရှိသွားပြီးဖြစ်သောရိုစီနာမှ မျက်တောင်တစ်ချက်ခပ်လိုက်သည်။

သူ သူမ၏အင်္ကျီမှ ဖဲပြားကို ဖြည်လိုက်သည်။

လှပစွာချည်နှောင်ထားသောဖဲပြားမှာ တစ်ကြိမ်တည်းဖြင့် အဖြည်ခံလိုက်ရပြီး အတွင်းမှအသားကို ထုတ်ဖော်နေသည်။

သူ၏လက်သည်းဖြင့် ဇာများကို ဆွဲချလိုက်ရာ သူမ၏ဖြူ‌ဝင်းနေသောအသားမှာပေါ်လာခဲ့သည်။

အခန်းတွင်း မှောင်မိုက်နေသော်လည်း ‌ဖယောင်းတိုင်အချို့ထွန်းထားခဲ့ခြင်းကြောင့် သူမ၏ဖြူ‌‌ဖွေးသောအသားအရည်ကိုမြင်နေရကာ မြင်ကွင်းမှာ ပို၍ကောင်းမွန်နေသည်။

ရာဟန် သူမ၏အသားပေါ်သို့ မျက်နှာအပ်လိုက်ချိန်တွင် နေဝင်ချိန်ကသွားခဲ့သောပန်းဈေးမှအနံ့ကိုရလိုက်သည်။

သူမ၏ရနံ့မှာ သူ့ကို အသီးဝိုင်ထက်ပင် ပို၍မူးယစ်စေသည်။

သူမ၏ရင်သားများကို ဆုပ်နယ်လိုက်သည်။

ဤသည်မှာအစပင်ဖြစ်သော်လည်း သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ မျှော်လင့်ချက်များဖြင့် စတင်ဖောင်းပွလာသည်။

ရာဟန် သူမ၏ရင်ဘက်ကိုကိုင်ကာ ပွင့်ဖက်‌အောက်မှ အညိုရောင်အဝိုင်းလေးကို နှုတ်ခမ်းဖြင့် အသာအယာကိုက်လိုက်ပြီး လွှတ်ပေးလိုက်သည်။

ယားကျိကျိခံစားချက်များ လျှံထွက်လာခဲ့သည်။ ကျောရိုးတစ်ခုလုံးတွင် သာယာသည့်ခံစားချက်များသာဖြစ်ပေါ်နေပြီး ရာဟန်သူမ၏ရင်ဘတ်ကိုကိုက်ခဲနေခဲ့ကာ သူဖိလိုက်သည့်နေရာတိုင်းတွင် အနီမှတ်များဖြစ်သွားခဲ့သည်။

ဖြူဖွေးသောအသားပေါ်မှ ထင်ရှားနေသည့်အနီရောင်အမှတ်များမှာ သူ၏ပိုင်ဆိုင်လိုစိတ်ကို ထုတ်ဖော်ပြသနေသည်။

သူမ၏အရိုးများကို ထိလာသည့်ထူးဆန်းသောအထိအတွေ့အကြောင့် ရိုစီနာ၏ခါးမှာ အနည်းငယ်ကိုင်းသွားခဲ့သည်။

ထို့နောက် ရာဟန်သူ၏နို့သီးခေါင်းများကို စုပ်ယူနေခဲ့ကာ ၎င်းမှာ ကလေးနို့တိုက်ချိန် ကလေးမှစုပ်ယူသည့်ခံစားချက်နှင့် အလွန်ပင်ကွာခြားလှသည်။

သာယာမှုကြောင့် သူမ၏ခြေချောင်းများ ကွေးတက်သွားခဲ့လေသည်။

သူ၏နှုတ်ခမ်းများမှာ အောက်သို့ဆင်းလာပြီးနောက် ရာဟန်အမွှေးဆီပုလင်းကိုယူကာ သူမကိုယ်ပေါ်သို့ လောင်းချလိုက်သည်။

နှင်းဆီပန်းရနံ့မှာ တစ်ခန်းလုံးတွင် ပြန့်နှံ့သွားကာ ကြီးမားသောလက်ဖဝါးမှ သူမ၏အရေပြားပေါ်သို့ သက်ဆင်းလာသည်။ ၎င်းမှာပင်ပန်းနွမ်းနယ်မှုကို ပြေလျော့စေသကဲ့ နူးညံ့သိမ်မွေ့သည့် အထိအတွေ့တစ်ခုဖြစ်သော်လည်း လန်းဆန်းသွားသည်မျိုးလည်း မဟုတ်ချေ။

နောက်ဆုံး၌ ရာဟန်၏လက်ချောင်းများသည် ရိုစီနာ၏ပေါင်ကြားထဲသို့ ဆင်းသွားခဲ့သည်။ အမွှေးဆီများဖြင့် သုတ်လိမ်းထားသော လက်ချောင်းရှည်များမှာ ရိုစီနာ၏အတွင်းသို့ ထိုးထွင်းဝင်ရောက်သွားခဲ့သည်။

အချိန်အတော်ကြာမဆက်ဆံခဲ့ရသည်ဖြစ်ရာ သူမ မရင်းနှီးသည့်ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။

ရာဟန် သူမကို အလွန်အမင်း အတင်းတွန်းအားမပေးဘဲ သူမ၏သာယာမှုကိုသာ ဦးစားပေးခဲ့သည်။ သူမ၏ညီမလေးကို ပွတ်ပေးနေစဉ် အခြားလက်ချောင်းများဖြင့် သူမ၏ပေါင်ကိုပွတ်ပေးနေခဲ့သည်။

သူမ၏အာရုံအားလုံး ထိုအရာဆီသို့ သက်ဆင်းသွားချိန်၌ ရိုစီနာ၏လည်ပင်းမှာ ကွေးသွားခဲ့သည်။

လက်တစ်ချောင်းမှ နှစ်ချောင်းဖြစ်လာခဲ့သော်လည်း လွန်လွန်ကဲကဲမဖြစ်လာခြင်းကြောင့် သူမဦးစွာတောင်းဆိုလိုက်သည်။

" ကျွန်မကိုအမြန်လေးပေးပါ…"

တီးတိုးပြောသံမှာ ရာဟန်၏ စိတ်ရှည်မှုကို ဖြတ်တောက်ပစ်လိုက်ကာ သူ ရိုစီနာ၏ပေါင်ကို အနည်းငယ်ပင့်တင်လိုက်ပြီး ဖြည်းညှင်းစွာထိုးသွင်းလိုက်သည်။

" အားးးး… အာ့…"

လေးလံပြီး စူးရှရှ ခံစားမှုတစ်ခုမှာ အတူတကွဖြစ်ပေါ်လာသည်။

စူးရှသောနာကျင်မှုနှင့်အတူ ရိုစီနာ၏အတွင်းပိုင်းမှာ ရာဟန်ကိုတွန်းထုတ်နေခဲ့သည်။ သူအတင်းတိုးမဝင်ဘဲ ခဏစောင့်လိုက်ကာ ထိစပ်နေသည့်နေရာကို ပွတ်ပေးလိုက်သည်။

သူမ၏တင်းမာနေသောခန္ဓာကိုယ်မှ တဖြည်းဖြည်း ပြေလျော့သွားမှာသာ သူ၏အရာကို အတွင်းသို့ ပြန်လည်ထိုးသွင်းလိုက်သည်။

" အာ့… ရာဟန်…"

သူမ ရာဟန်ကို တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့သည်။ သူမ၏ လက်ချောင်းထိပ်များမှ ခြေချောင်းများအထိ တုန်ယင်နေမှုမှာ မရပ်ခဲ့ချေ။

ရာဟန်ခေတ္တခဏမျှရပ်တန့်လိုက်ပြီးနောက် သူမ၏ကျောပြင်ကို လက်ဖြင့်ပုတ်ပေးလိုက်သည်။

ချောမွေ့သောကောက်ကြောင်းတစ်ခုကို ရေးဆွဲထားသလိုဖြစ်နေသော သူမ၏နောက်ကျောမှာ တွန့်လိမ်သွားကာ ကွေးသွားခဲ့ရသည်။

ရာဟန် သူမ၏ပါးပြင်ကို အနမ်းပေးလိုက်သည်။

" လှလိုက်တာ…"

ထွက်ပေါ်လာသော တီးတိုးသံလေးကြောင့် တင်းမာမှုများမှာ ပြေလျော့သွားရသည်။

" အားးးးး…"

ကျယ်လောင်သောညည်းသံတစ်ခုဖြင့် သူတို့နှစ်ဦးလုံးအဆုံး၌ တစ်သားတည်းဖြစ်သွားခဲ့ရလေပြီ။

တဖတ်ဖတ်ရိုက်ခတ်သံမှ အတွင်းမှထွက်ပေါ်နေခဲ့သည်။

သူမ၏ဝမ်းဗိုက်ထဲတွင် ပြည့်နှက်နေသောခံစားချက်မှာ ကွက်ကွက်ကွင်းကွင်းဖြစ်ပေါ်နေကာ အပူနှင့်လေးလံသောခံစားချက်များမှ သူမကို ဖြတ်တိုက်သွားခဲ့သည်။

သူမတို့နှစ်ဦး တစ်ယောက်နှင့်တစ်ယောက် မျက်လုံးများကို အချိန်အတော်ကြာသည်အထိ ကြည့်နေခဲ့သည်။ သူမတို့၏အလှပဆုံးသောအခိုက်အတန့်မှာ နှစ်ဦးသား၏မျက်လုံးများထဲတွင် စိတ်ဆန္ဒများပြည့်နှက်နေသောအချိန်ပင် ဖြစ်နိုင်မည်ပင်။

သူမသည်းမခံနိုင်တော့ဘဲ ရာဟန်၏နှုတ်ခမ်းကို နမ်းလိုက်မိသည်။ ထို့နောက် ရာဟန်မှတုန့်ပြန်သည့်အနေဖြင့် သူမ၏နှုတ်ခမ်းများကို မျိုချမတတ်နမ်းရှိုက်လိုက်လေသည်။

ပူပြင်းသောလျှာနှစ်ခု ရောယှက်သွားကာ သူ၏လျှာမှာ သူမ၏သွားများစီသို့ ပြေးဝင်လာသည်။

ဤသည်မှာ ပထမဆုံးအကြိမ်အဖြင့် အနမ်းတစ်ခုတည်းကပင် သူမကိုသာယာမှုပေးနိုင်ကြောင်း ရာဟန်သိရှိခဲ့ရခြင်းပင်ဖြစ်သည်။

ရာဟန် သူမကိုသတိလွတ်သည်အထိ နမ်းရှိုက်နေစဉ် သူ၏ခါးကို နေရာရွှေ့လိုက်လေသည်။

သူမ၏အတွင်းသို့်နက်ရှိုင်းစွာထိုးဖောက်ဝင်ရောက်နေသည့်အရာမှာ အပြင်သို့ထွက်ကျလာပြီးနောက် ခဏအကြာ၌ ပြန်ဝင်သွားခဲ့သည်။

တက်ကြွနေ‌သည့် အသက်ရှုသံများမှာ မီးခိုးများသဖွယ် ပြန့်ကျဲနေပြီး အခန်းထဲတွင် ငိုကြွေးသံများနှင့် ကုတင်မှတကျွီကျွီသံများသာ ပြည့်နှက်နေသည်။

အိပ်ရာခင်းများမှာ အရှေ့မှအနောက်သို့ အထပ်ထပ်အခါခါတွန်းထုတ်ခံလိုက်ရပြီးနောက် သူတို့နှစ်ဦး၏အရိပ်များပေါင်းစပ်သွားသည်။

" ရာဟန်…"

သူမ၏တီးတိုးရေရွတ်သံကြောင့် ရာဟန်၏ အနမ်းများမှာ မိုးစက်များသဖွယ် သက်ဆင်းလာသည်။ ဤသည်မှာ သူမ‌၏ခေါ်ဆိုမှုကို အကောင်းဆုံးအဖြေပေးခြင်းပင်။

ရိုစီနာ သူမ၏ခြေချောင်းများကို ကွေးသွားခဲ့ပြီး သူမတစ်ကိုယ်လုံးမှာ ပူလောင်နေသော မီးထဲသို့ ခုန်ဆင်းသွားသကဲ့သို့ လောင်ကျွမ်းနေခဲ့သည်။

ရာဟန်၏လှုပ်ရှားမှုများမှာ ပို၍ပင်လျင်မြန်လာသောကြောင့် သူမ သူ့ကို အမီလိုက်နေခဲ့ရကာ တင်းကျပ်ပြီးမှ ဖြေလျော့သွားသည့်ခံစားချက်မှာ သူမ၏တစ်ကိုယ်လုံးကို တုန်လှုပ်သွားစေသည်။

ဖတ် ...ဖတ်...

အသံများမှာ သူမ၏နားထဲသို့ပင် ဝင်ရောက်လာသည်။ ရာဟန်မှာ သနားညှာတာခြင်းမရှိဘဲ ထိုးသွင်းနေသည့်တိုင် ၎င်းမှာနာကျင်ခြင်းမရှိပေ။ အပြန်အလှန်အားဖြင့် သူသည် သူမ၏ပျော့ကွက်မှာ မည်သည့်နေရာတွင်ရှိနေသည်အား သိရှိနေသည်။

အသားချင်းရိုက်ခတ်သံနှင့်အတူ ရာဟန် သူမကို ပွေ့ဖက်လိုက်သည်။ သူအနက်ရှိုင်းဆုံးနေရာသို့ ထိုးသွင်းလိုက်ချိန်မှာတော့ နှင်းဆီပန်းများ၏နူးညံ့သောမွေးရနံ့များတွင်သာ မြုပ်နှံထားသည့်ရိုစီနာမှာ တစ်ချက်တည်းဖြင့် ပြီးဆုံးသွားခဲ့သည်။

ပထမဆုံးအကြိမ်အဖြစ် သူမကိုယ်ထဲသို့ ထုတ်လွှတ်လိုက်ခြင်းပင်ဖြစ်သည်။

" …. ဟာ့…."

သူတို့နှစ်ဦးစလုံး သက်ပြင်းတစ်ချက်ချလိုက်မိကြသည်။

အချိန်အတော်ကြာ ဆုပ်ကိုင်ထားခဲ့သောရိုစီနာမှ ရာဟန်၏နောက်ကျောကို ပုတ်ကာ သူ၏နားထဲသို့ တိုးတိုးပြောလိုက်သည်။

" ကျွန်မလည်းပျော်ပါတယ်…"

ရာဟန်ခဏကြာရပ်တန့်သွားပြီးနောက် ရိုစီနာမှ ပြုံးလျက်ဆက်ပြောလာသည်။

" ရှင်နဲ့တောထဲမှဆုံရတာကိုပေါ့…"

သူမ၏စကားများကြောင့် ရပ်‌တန့်နေရသောရာဟန်မှာ မထိန်းထားနိုင်တော့ဘဲ သူမ၏နှုတ်ခမ်းများကို နမ်းရှိုက်လိုက်ရာ ပူနွေးနေသောလေမှာ အတွင်းသို့ဝင်ရောက်လာသည်။

ရိုစီနာသူ၏နှုတ်ခမ်းများကို လက်ခံလိုက်ကာ သူမ၏မျက်လုံးများကို တဖြည်းဖြည်းချင်း မှိတ်ချလိုက်သည်။

သူမအက်ခိုးတောအုပ်ထဲတွင် လူထူးလူဆန်းတစ်ယောက်နှင့်ဆုံကာ သူ၏ဒဏ်ရာများကို ကုသပေး‌ခဲ့သော အမှတ်တရကို ယခုထိ ကွက်ကွက်ကွင်းကွင်းမြင်နေရဆဲပင်။

ဤသည်ကပင် သူမဘဝ၏ အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်သွားမည်ဟု မည်သူကများ သိနိုင်ပါမည်နည်း။

ဆောင်းလေမှာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ နွေဦး၏လေသည် တရွေ့ရွေ့နှင့်စတင်တိုက်ခတ်လာသည်။

မြို့တော်မှာ အခြားဒေသများနှင့် နှိုင်းယှဉ်ပါက ရာသီအလိုက်အပြောင်းအလဲ များစွာမရှိသော်လည်း ယခုနှစ်တွင်မူ သိသိသာသာပင် ပြောင်းလဲနေသည်။

အဆုံး၌ နွေဦးရာသီရောက်ရှိလာပြီဖြစ်ရာ ရေခဲများအရေပျော်သွားပြီး သစ်ပင်များမှ စတင်၍အရွက်သစ်များထွက်ပေါ်လာကြသည်။

ပန်းပွင့်ရန် အချိန်အတော်ကြာလိုသေးသော်ငြား မကြာမီအချိန်၌ တော်ဝင်နန်းတော်တစ်ခုလုံးတွင် ပန်းများအပြည့်ဖြစ်လာလိမ့်မည်ပင်။

ဆောင်းရာသီတစ်ခုလုံး လုပ်ခဲ့ရသောအလုပ်များမှာ ယခုထိ အပြီးမသတ်‌သေးပေ။ ပျက်စီးနေသော အဆောက်အအုံများကို ပြန်လည်တည်ဆောက်ရန်မှာ အနည်းဆုံးတစ်နှစ်မျှ အချိန်ယူရဦးမည်ဖြစ်သည်။

အင်ပါယာအတွင်းရှိ မင်းမျိုးမင်းနွယ်များအားလုံး တော်ဝင်နန်းတော်၌ စုဝေးကြရသည့်အချိန်ဖြစ်လေရာ နန်းတော်အတွင်းပုံမှန်ထက်ပို၍ အလုပ်များနေသည်။

ရာဟန်မှာမူ မနက်ခင်းစောစောနိုးလာကာ ရိုစီနာနှင့်အတူ လက်ဖက်ရည်သောက်နေခဲ့ကာ သူတို့၏နေ့စဉ်ဘ၀အသေးအမွှားလေးများ အကြောင်းပြောရင်းဖြင့် အချိန်များကုန်ဆုံးသွားခဲ့သည်။

အစည်းအဝေးအချိန်သို့ နီးကပ်လာသည်နှင့်အမျှ သူ၏မျက်ခုံးများမှာ သဘာဝအတိုင်းတွန့်ချိုးလာခဲ့သည်။ ရာဟန် သူတို့၏ချိုမြိန်လှသောအဖိုးတန်အချိန်လေးများကို မဖြစ်မနေမရပ်တန့်လိုက်ချင်ပေ။

ရိုစီနာ ရာဟန်၏ကိုယ်စား သူမထိုင်ခုံမှ ပထမဆုံးထလာလိုက်ကာ တန်းတွင်ချိတ်ဆွဲထားသော ဝတ်စုံကိုကောက်ကိုင်လိုက်ချိန်၌ ရာဟန် သူ့ကိုယ်သူမနည်းဆွဲထလိုက်ရသည်။

သူ၏အင်္ကျီကြယ်သီးကို တပ်ဆင်ပေးနေသောရိုစီနာကို ရာဟန်စိုက်ကြည့်နေမိသည်။ သူအစည်းအဝေးတက်ရမည်ကို မုန်းတီးနေသော်လည်း သူမမှယခုလိုဂရုစိုက်ပေးနေသည့်အတွက် ၎င်းမှာကောင်းသည့်အရာလည်းဖြစ်သည်။

သူမ သူ့ပုခုံးကိုမပုတ်ပေးမိခင်အထိ ကော်လာနှင့်အင်္ကျီလက်များကို ဂရုတစိုက်စစ်ဆေးလိုက်သည်။

" ကောင်းမွန်တဲ့ခရီးတစ်ခုဖြစ်ပါစေနော်…"

ရာဟန် သူမ၏နှုတ်ဆက်မှုကိုသာ ကြည့်နေမိသည်။

သူ၏ခေါင်းကိုစောင်းလိုက်ချိန်တွင် ရိုစီနာမှ တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် အာခနဲ သတိတရပြောလိုက်သည်။

" ဒါကိုမေ့သွားတော့မလို့…"

သူမ၏မျက်နှာမှာ တဖြည်းဖြည်းချင်း အရှေ့သို့တိုးလာကာ နှုတ်ခမ်းများက ရာဟန်၏ပါးကို ထိကပ်လိုက်သည်။

လိုချင်တာရသွားသည့်ရာဟန်မှ ပြုံးလျက် သူမကိုအသာအယာဆွဲယူကာ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သော်လည်း အဆုံး၌ အငြင်းခံလိုက်ရသည်မှာ ရှက်စရာပင်။

" ကိုယ်ပြန်လာခဲ့မယ်…"

" အင်းစောင့်နေမယ်နော်…"

" တတ်နိုင်သမျှ အမြန်ဆုံးပြန်လာမှာပါ…"

ရာဟန် မသွားချင်သေးသောကြောင့် ဖြည်းဖြည်းချင်းလျှောက်နေမိခဲ့ကာ သူမသူ့ကိုလိုက်ပို့ပြီးသည့်နောက်မှသာ အိပ်ခန်းတွင်းမှ လုံးလုံးထွက်လာခဲ့လိုက်သည်။

လျှောက်လမ်းတွင်ရပ်ကာ သူမသူ့ကို ချောမွေ့အောင်လုပ်ပေးထားသည့်အင်္ကျီလက်များကို ခဏကြည့်လိုက်ပြီးနောက် အမြန်ထွက်ခွာသွားလိုက်သည်။

သူအမြန်မသွားပါက အစည်းအဝေးနောက်ကျပေတော့မည်။


Xxxxxx