Chapter 104(final -2)
နန်းတက်ပွဲများအပြီး သာယာလှပသော ညတစ်ည ရောက်လာသည်။ ကြည်လင်သောလမင်းကြီးကို သစ်ပင်အကိုင်းအခက်များပေါ်တွင် ချိတ်ဆွဲထားသည့်အချိန်တွင် တော်ဝင်နန်းတော်ပေါ်ရှိ မီးရောင်များလည်း တစ်ခုပြီးတစ်ခု အစဉ်လိုက် ထွန်းလင်းလာသည်။ နန်းတော်ရှိ မီးလင်းနေသော တစ်ခုတည်းသောအခန်းမှာ ရိုစီနာ နှင့် ရာဟန် နေမည့် အိပ်ခန်းဖြစ်သည်
“ဟား....ပင်ပန်းလိုက်တာ.... နောက်ထပ် နန်းတက်ပွဲသာ ထပ်လုပ်ရရင် တစ်ကယ် သေတော့မယ်"
ရိုစီနာသည် ငြိမ်ငြိမ်လေး ကုတင်ပေါ်မှာ လဲလျောင်းနေပြီး မျက်နှာကျက်ကိုကြည့်နေသည်။ထိုစဉ် ရာဟန်က ရေချိုးခန်းထဲမှ ရေမချိုးရသေးဘဲ ထွက်လာပြီး မေးလိုက်သည်။
"ရိုစီနာ.... ကိုယ်နဲ့ ရေအတူချိုးမလား"
“ရေချိုးဖို့ကို အားမရှိဘူး…”
ရိုစီနာ က ခေါင်းခါလိုက်ပြီး ပြောရာ ရာဟန် ကုတင်ဆီသို့ လျှောက်လာပြီး သူမကို ရင်ခွင်ထဲ ထည့်ထားလိုက်၏။ သူလည်း တစ်နေ့လုံး ပင်ပန်းနွမ်းနယ်နေမည်ဖြစ်သော်လည်း သူမကို ပွေ့ထားရင်း ပင်ပန်းဟန် တစ်စက်မှ မပြချေ။ သူမကို ပွေ့ချီလိုက်၍ မျက်လုံးပြူးသွားတော့ ရာဟန် ပြုံးမိသည်။ထို့နောက် သူက ရိုစီနာ ကို ရေချိုးကန် ဘောင်ပေါ် ချလိုက်ပြီး သူမ ရင်ဘတ်မှ ဖဲကြိုးကို ဖြည်လိုက်သည်။သူမ အဝတ်အစားတွေကို တစ်ခုပြီးတစ်ခု ချွတ်ပစ်သည့် သူ့ပုံစံက သွက်လက်နေသည်။သူမ အဝတ်အားလုံး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျပြီးနောက် သူမကိုယ်လုံးလေးက ရေချိုးကန်ထဲသို့ လျှောကျသွားသည်။ ရေနွေးနွေးလေးနှင့် စိမ်လိုက်ရသည့်အခါ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်သွားရသည်။
ရိုစီနာ သည် မျက်လုံးမှိတ်ထားစဉ် ရာဟန် သည် ဆပ်ပြာမြှုပ်များစွာ ထွက်စေရန် ရေချိုးကန်ထဲသို့ ရေချိုးဆပ်ပြာအမှုန့်များကို ဖြူးပေးသည်။ ထို့နောက် သူမ လည်ပင်းနှင့် ပုခုံးများကို အဖြူရောင်အမြှုပ်များဖြင့် သုတ်လိုက်၏။ ရှည်လျားလှသော သူ့လက်ချောင်းများ က ထိသွားတိုင်း သူမ ကိုယ်ကလေး တုန်လှုပ်သွားသော်လည်း ပင်ပန်းလွန်းသဖြင့် ငြိမ်နေခဲ့သည်။
ရာဟန်သည် သူမ ခန္ဓာကိုယ်ကို ဆေးပေးပြီးမှ ရေချိုးကန်ထဲသို့ နောက်ကျမှ ဆင်းသွားသည်။ ထိုအခါ သူမ မျက်လုံးမှိတ်ထားရင်း ရှက်သွာမိလေသည်။ ရိုးရိုးသားသားပြောရလျှင် အတူတူ ရေချိုးမည်ဟု သူ ပြောတုန်းက ညစ်ပတ်တာတွေ လုပ်ဖို့ လာခေါ်နေတာဟု သူမ ထင်ခဲ့သည်။ယခု သူမသည် ထိုသံသယကို ရှက်သွားမိသည်။
ရေနွေးနွေးလေးထဲမှာ ထိုင်နေရင်း သူမ တဖြည်းဖြည်း ငိုက်မျဉ်းလာသည် ။ ခဏအကြာ သူမ ခေါင်းညိတ်ပြလိုက်သောအခါ ရာဟန်က ဖြည်းဖြည်ချင်းထပြီး သူမကိုယ်ကို ထပ်မံ ပွေ့လိုက်ပြန်၏။
အိပ်ယာပေါ်ရောက်တော့ ရိုစီနာ မျက်လုံးဖွင့်လိုက်သည်။ ရာဟန် သည် သူမကိုယ်ကို ပဝါကြီးဖြင့် ပတ်ထားပေးသည်။
"ရှင် ဟိုဘက်လှည့်လိုက်နော်"
သူက သူမစကားကို နားထောင်စွာ ဟိုဘက်လှည့်ပေးလျှင် သူ့ဆံပင်တွေကို ညင်သာစွာ ဖြီး ပေးလိုက်ရာ ရေစက်လေးတွေက သူ့လည်ပင်းပေါ်ကို စီးကျလာသည်။ထို့နောက် ရေတွေအကုန်ခြောက်သွာအောင် သုတ်ပေးပြီးသောအခါ သူမ တိုးတိုးလေးပြောလိုက်သည်။
“အခုထိ ကျွန်မ မယုံနိုင်သေးဘူး"
ယနေ့ နန်းတက်ပွဲက အိပ်မက်မက်နေရသလိုပင်။ ပျော်ရွှင်မှုကြောင့် နှလုံခုန်သံတို့သည် သူမ စိတ်ထဲတွင် ဆက်တိုက် မြည်ဟည်းလျက်ရှိသည်။
"ဒါက အစပဲရှိသေးတယ်....ဒါပေမယ့် လုပ်စရာတွေ အကုန်ပြီးသွားပြီလို့ ခံစားရတယ်"
သူမ စကားကို နားထောင်နေသော ရာဟန် သည် ယခုမှ စကားစလာ၏။
"...တစ်ကယ်တော့ အရေးကြီးဆုံးက ကျန်နေသေးတာပဲ"
သူမ ဇဝေဇဝါဖြစ်သွားသောအခါ သူက သူမလက်ထဲမှ ရေစိုပုဝါတစ်ထည်ကို ပြန်ချထားပေးသည်။သူမ စိတ်ထဲမှာတော့ အတော်ကို သိချင်နေပြီဖြစ်သည်။
"အရင်ကပြောခဲ့တဲ့ အခြေအနေကို ဖျက်မပစ်ဘူးလား..."
"...အခြေအနေ"
ထို့နောက် ရာဟန် သည် သူ့ပါးစပ်ထဲက ထုတ်မပြောချင်သည့် အရာများကိုမပြောချင်ဘဲ ပြောရတော့သည်။
"အီလီယန် ကြီးလာတဲ့အခါ ကိုယ်တို့ ကွာရှင်းရမယ်လို့မင်းအရင်က ပြောတးထးတဲ့ကိစ္စလေ"
သူမ ရာဟန် ပြောတာကို သဘောပေါက်သွားသည်။ ယခင်က ရာဟန် နှင့် ပြန်လည်ဆုံတွေ့သောအခါ သူမသည် လက်ထပ်မည့်အစား အခြေအနေများကို ကမ်းလှမ်းခဲ့သည်။
- ကလေးကြီးလာရင် ကျွန်မတို့ လမ်းခွဲသင့်တယ်....
- ပြီးတော့ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတာမှ မဟုတ်တာ
- ကျွန်မ ရှင့်ကို မချစ်ဘူး
ရိုစီနာ နှုတ်ခမ်းကို ကိုက်လိုက်သည်။ ထိုအချိန်က၊သူမသည် ရာဟန်အပေါ် တစ်ကိုယ်ကောင်းဆန်ပြီး သူမ ခံစားချက်များကိုသာ တန်ဖိုးထားခဲ့သည်။ ရာဟန်က သူမကို ချစ်ခဲ့မည်ဟုလည်း မထင်ခဲ့ပေ။ သို့သော် ရာဟန် သည် သူမကိုရှာဖွေရန် အရာအားလုံးကို စွန့်ပြီးခုနစ်နှစ်ကြာ ရှာခဲ့သည်။ ပထမအကြိမ်စစတွေ့ချင်း ထိုစကားမျိုး ပြောခဲ့သည့် သူမကိုယ်သူမ ခွင့်မလွှတ်နိုင်တော့ေပ။
"ရှင် အခုထိ စိတ်ခုနေတုန်းလား"
သူ အလွယ်တကူ မေ့ပျောက်နိုင်လိမ့်မည်ဟု သူမ ထင်ခဲ့သည်။ သို့သော် ရာဟန် သည် ယခုအချိန်အထိ ထိုစကားများကို စိတ်ထဲမှာ စွဲထင်နေပုံရသည်။
"…ကျွန်မ တောင်းပန်ပါတယ်"
ရိုစီနာ ဝမ်းနည်းသွားသည့်အခါ ရာဟန်က သူမ လက်ဖမိုးကို နှုတ်ခမ်းများနှင့် ညင်သာစွာ ဖိကပ်လိုက်သည်။
"ကိုယ်က တခြားသဘောနဲ့ ပြောတာမဟုတ်ပါဘူး"
သူတို့ နှလုံးသားချင်း ချိတ်ဆက်နေပြီ ဖြစ်သော်လည်း ထိုအခြေအနေကို ပယ်ဖျက်ကြောင်း သူတိုက်ရိုက် ကြားချင်၍ ပြောလိုက်ခြင်းပင်။
"အဲ့ဒီကစပြီး တစ်နေ့မှ ရှင့်အပေါ်မှာ ဟန်ဆောင်ပြီး ဆက်ဆံခဲ့တာ တစ်ခုမှ မရှိဘူး"
ထို့နောက် သူမ သူ့ကို ဖက်ထားရင်း....
“ပြီးတော့ အခြေအနေသစ်တစ်ခုကို ကျွန်မ ပေးလို့ရမလား”
ထိုစကားကို ကြားတော့ ရာဟန် လန့်ပြာသွားပုံပင်။ ပြီးမှ တံတွေးကို ဖြည်းညှင်းစွာ မျိုချပြီး ခေါင်းညိတ်ပြသည်။
“အခြေအနေအသစ်က ရှင်နဲ့အတူ ထာဝရနေခွင့်ရချင်တယ် ဆိုတာပဲ”
ရာဟန်သည် မထင်မှတ်ထားသော စကားကြောင့် တဖြည်းဖြည်းနှင့် သူ့မျက်နှာပေါ်တွင် တောက်ပသော အပြုံးပန်းတစ်ပွင့် ပွင့်လာသည်။နွေဦး၏ နေရောင်ခြည်ကဲ့သို့ တောက်ပစွာပြုံးနေပြီး သူမကို ချက်ချင်းဖက်ထားလိုက်သည်။
"ကောင်းပြီလေ"
ခန္ဓာကိုယ် နှစ်ခုက တင်းတင်းကြပ်ကြပ် ဖက်ထားသည်။နှစ်ယောက်သား ရယ်မောသံက တစ်ယောက်ရင်ဘတ်ထဲတစ်ယောက် တိုးဝင်လာသည်။ထို့နောက် ချက်ချင်းပြန်ခွာကာ တစ်ယောက်ကို ကြည့်လိုက်ပြီး နှုတ်ခမ်းနှစ်လွှာက ထိတွေ့သွားကြသည်။နူးညံ့သော အသက်ရှုသံများ နှုတ်ခမ်းများကြားထဲမှ ဝင်လာသောအခါ ရိုစီနာ သူမ မျက်လုံးကို မှိတ်ထားလိုက်သည်။ ဤသည်မှာ အခြေအနေသစ်တစ်ခု၏ အစ ဖြစ်သည်။
Xxxxx