အပိုင်း ၁၀၇(side story).၃
Viewers 13k

Chapter 107
(Side story).3

'သူ စင်နောက်ကို သွားပြီး တစ်ခုခုများ သွားလုပ်တာလား'

သူဘယ်လောက်ပဲ ယုံကြည်မှုရှိပါစေ၊ သူတို့ လူအများစုက စင်မြင့်နောက်မှာ ရှိနေကြတာ ဖြစ်၏။

"ဒီပစ္စည်းက အရမ်း တော်တဲ့မိန်းကလေးပါ"

ရုံပိုင်ရှင်၏ စကားကြောင့် ရိုစီနာ ငြိမ်သက်သွားပြီး စင်ပေါ်ကို ကြည့်လိုက်သည်။ စင်ပေါ်ကို မိန်းကလေးတစ်ဦး ဆွဲထုတ်လာကြသည်။ ဆယ့်ငါးနှစ်ခန့်ရှိသော မိန်းကလေးသည် ညစ်ပတ်သော်လည်း ရုပ်ရည်သန့်ပြန့်သည်။

"သူမက ၁၄နှစ်ပါ...အသက်နည်းနည်း ကြီးနေပေမယ့် ကျေးလက်တောရွာက မြင့်မြတ်တဲ့မိသားစုမှာ ကြီးပြင်းခဲ့ပြီး စကားကိုလည်း နားထောင်တတ်တယ်"

ရုံပိုင်ရှင်၏ စကားကို လူအများက စိတ်ဝင်စားသွားကြသည်။

"သူ့ရုပ်ရည်က အဆင်ပြေတယ် မဟုတ်ဘူးလား"

ရုံပိုင်ရှင်က ခေါင်းငုံ့ထားသည့် မိန်းကလေး၏ မေးစေ့ကို ဆွဲကိုင်ပြီး ပရိသတ်ကို ပြလိုက်သည်။ ငိုနေသောမိန်းကလေး၏မျက်နှာသည် ကြည်လင်နေကာ ကလေးရုပ်လည်း မပျောက်သေးပေ။ မိန်းကလေး၏ မျက်နှာကို မြင်လိုက်ရသူများသည် ပြုံးလိုက်ကြသည်။ မကြာခင်မှာ မိန်းကလေးအတွက် လေလံစတင်ခဲ့သည်။ စောစောက စင်ပေါ်မှ ဆွဲထုတ်ခံခဲ့ရသော ကောင်လေးနှင့် မတူဘဲ၊ ယခုတစ်ကြိမ် လေလံပြိုင်ဆိုင်မှုသည် ပြင်းထန်လှသည်။ စတင်ပြီး မကြာမီမှာပင် ကောင်လေး၏ အောင်ပွဲခံလေလံထက် နှစ်ဆ များလာသည်။ ရိုစီနာ သည် ပြိုင်ဆိုင်မှုများ အားကောင်းလာနေသည်ကို စောင့်နေမိသည်။မကြာမီ နံပါတ် 78 သည် စတင်ဈေးထက် ငါးဆမြှင့်ကာ လေလံအောင်မြင်သွားခဲ့သည်။

"မိုက်လိုက်တာ… ဟို လျှို့ဝှက်အခန်းထဲက လေးခုံမြောက် စားပွဲကလူ မဟုတ်လား"

“သူက အရမ်းချမ်းသာတဲ့သူ....ဒါမှမဟုတ် မင်းမျိုးမင်းနွယ်ထဲက ဖြစ်ရမယ်”

ရိုစီနာ အနီးတွင် ထိုင်နေသူများသည် နံပါတ် 78 အကြောင်း ပြောဆိုကြသည်။ နံပါတ် 78 သည် ဒုတိယထပ်တွင် ထိုင်နေသည့် ဖောက်သည်တစ်ဦးဖြစ်ပြီး သူတို့ကြိုက်နှစ်သက်မှသာ ဝင်ဝင်ဆွဲတတ်သည်။ လေလံပွဲဆက်လက်ကျင်းပနေစဉ်၊ သူမ စိုးရိမ်သလိုဖြစ်လာပြီး လှေကားကို မော့ကြည့်လိုက်သည်။ သူမတို့အားလုံးသည် မြေအောက်ထပ်ထဲတွင် ရှိနေသောကြောင့် အချိန် ဘယ်လောက်ကုန်သွားမှန်း မသိခဲ့ပေ။ ကာလန် အမြန်ဆုံးရောက်ပါစေဟုသာ သူမ ဆုတောင်းနေမိ၏။သူမ ကာလန် ကို စိတ်ထဲက စောင့်နေစဉ်တွင် နောက်ဆုံး ကလေးတစ်ယောက်လည်း လေလံပြီးဆုံးခဲ့သည်။ သူက ရှားရှားပါးပါး ချောမောသည့် ကောင်လေးတစ်ယောက်မို့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့သော်လည်း နောက်ဆုံးမှာ ဖောက်သည် နံပါတ် 78 ဆီကိုသာ ရောက်သွားခဲ့၏။ ထိုအတောအတွင်း ကာလန် နှင့် စစ်သည်များသည် ခရီးဆက်လာနေဆဲဖြစ်သည်။

ရိုစီနာ စိတ်လှုပ်ရှားစွာ နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။

သူမ ဒီလိုအဆုံးသတ် သွားမှာလား…

တိရိစ္ဆာန်တွေ၏ အကူအညီနှင့်တောင် လူတော်တော်များများကို နောက်ဆုတ်ခိုင်းဖို့ မဖြစ်နိုင်ပေ။သူမသည် ဘုရင်မဖြစ်ကြောင်း ကြေငြာလိုက်ပါက ဘယ်လို ဖြစ်သွားမည်ကို သူမ သိချင်နေမိသည်။ နောက်ဆုံးလေလံအောင်မြင်ပြီး အိမ်ရှင်စကားပြောရန် စောင့်ဆိုင်းနေစဉ် စင်မြင့်နောက်ကွယ်ရှိ ကန့်လန့်ကာကို ရုတ်သိမ်းလိုက်သည်။

“….?”

စင်ပေါ်မှာရပ်နေတဲ့ အိမ်ရှင်မှာ အံ့သြသွားသည်။လေလံပွဲပြီးသွားကြောင်း အိမ်ရှင်ကလည်း မကြေငြာသေး၍ စင်ပေါ်ကို မော့ကြည့်လိုက်ရာ အားလုံး ကြောင်သွားသည်။ နောက်ဆုံးတော့ အမှောင်ထဲက လူတစ်ယောက် ပေါ်လာရာ သူမ ထိုင်ခုံကနေ မတ်တပ်ရပ်ပြီး ကြည့်မိသည်။ထိုသူသည် အနက်ရောင်ဆံပင်တုကို ၀တ်ထားသည်၊ သူ ဘယ်က ထိုဆံပင်တုကို ရထားမှန်း သူမမသိသော်လည်း ချက်ချင်းမှတ်မိသွားသည်။စင်ပေါ်မှာ ထွက်လာသူက ရာဟန်ပင်။

"အင်း...တစ်ခုခုတော့မှားနေပြီထင်တယ်..."

ခဏတာ မင်တက်မိနေသော အိမ်ရှင်သည် သူ့လက်ထဲက စာရင်းကို စစ်ကြည့်လိုက်သည်။ ရှင်းနေသည်မှာ၊ နောက်ဆုံးပစ္စည်းအတွက် လေလံဆွဲမှုပြီးသွားခဲ့ပြီ။

ထွက်လာဖို့ ထုတ်ကုန်တွေ မရှိတော့သော်လည်း သူက ဘယ်ကနေ ထွက်လာတာလဲ။

စာရင်းစစ်ဆေးနေသည့် အိမ်ရှင်က စင်နောက်ကနေ ထွက်လာသော အမျိုးသား၏ မျက်နှာကို ကြည့်လိုက်သည်။သူ့ကို ဘယ်နေရာမှာထားထား အိမ်ရှင်ကို မျက်နှာပွင့်လန်းစေမည့် ရုပ်ရည်မျိုးရှိသည်။ အနက်ရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများက စွဲမက်ဖွယ်ကောင်းလှသည်။ ထို့အပြင်၊ ဖြောင့်စင်း တောင့်တင်းသော ပခုံးများနှင့် ကျစ်လျစ်‌ေသာ ကိုယ်ထည်သည် စကျင်ကျောက်ဖြင့် ထုလုပ်ထားသည့်အတိုင်း ဖြစ်နေသည်။ အိမ်ရှင်သည် သူ့အသိစိတ်ဝင်လာသည်။ကောင်လေးသည် စာရင်းထဲမှာမပါသော်ငြား သူထွက်လာကတည်းက အားလုံး အာရုံစိုက်လာတာဖြစ်သည်။ထို့နောက် သူက ချော်လဲရောထိုင်လုပ်ကာ ချက်ချင်းမိတ်ဆက်လိုက်၏။

"အားလုံးပဲ၊ ဒါက ဒီနေ့ရဲ့ နောက်ဆုံးပစ္စည်း.... အနက်ရောင်ဆံပင်နဲ့ လူချောလေးပဲ ဖြစ်ပါတယ်"

အိမ်ရှင်၏ စကားကို ပရိသတ်များ ဝိုးကနဲဖြစ်သွားကြသည်။သူသည် ဘယ်လိုပင်ကြည့်ကြည့်၊ချောမောသော ရုပ်ရည်ကြောင့် ပြည့်စုံသော လူတစ်ယောက်ဖြစ်သည်။စော‌ေစာက စိတ်အနှောင့်အယှက်ဖြစ်နေသူတွေတောင် စိတ်လှုပ်ရှားနေကြလေပြီ။ အမျိုးသမီးများသည် ပါးပြင်များနီးမြန်းကာ သူ့ကို ကြည့်နေကြပြီး အမျိုးသားများကလည်း မျက်စိမခွာနိုင်ဖြစ်နေကြ၏။ ထိုအတောအတွင်း မှူးမတ်အချို့မှာမူ ပစ္စည်းအသစ်သည် ဧကရာဇ်မင်းမြတ်နှင့် ဆင်တူသည်ဟု ထင်နေကြသည်။

သို့သော် ပရိသတ်နှင့် စင်မြင့်သည် ဝေးကွာလှသောကြောင့် အသေးစိတ်တော့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ထို့အပြင် ဧကရာဇ်မင်းသည် ထိုသို့သော ကျွန်လေလံပွဲ၌လည်း ပေါ်လာလိမ့်မည်မဟုတ်သလို၊ ဆံပင်အရောင်ကလည်း မတူပေ။ ယခုအချိန်ဆို ဘုရင်မင်းမြတ်သည် မှူးမတ်များကို အတင်းဆူပူ ကြိမ်းမောင်း နေတာနှင့် အချိန်ကုန်နေလိမ့်မည်။နောက်ဆုံး ပစ္စည်းကို မင်တက်မိနေသော လေလံအိမ်သည် ဆူညံပွက်လောရိုက်လျက်။ မမျှော်လင့်ထားသော ပစ္စည်းဖြစ်သော်လည်း ဖောက်သည်များ၏ မျက်လုံးကို သေချာပေါက်ဖမ်းစားနိုင်ခဲ့သည်။

အိမ်ရှင်က ပရိသတ်ကို လှည့်ပတ်ကြည့်ရှုပြီး လေလံပွဲစတင်ကြောင်း ကြေညာလိုက်သည်။

"ဟုတ်ပြီ.... ၁၀၀၀၀ fluesနဲ့ စလိုက်ရအောင်”

10,000 flues သည် စောစောက ထွက်လာသည့် ကောင်လေး အနိုင်ရသွားသည့် ဈေးနှုန်းဖြစ်သည်။ အစကတည်းက ပစ္စည်းအားလုံး ဈေးမြင့်သော်လည်း အားလုံးက မနှမြောကြပါပေ။ စင်ပေါ်ကို မျက်စိကျနေသူတွေက သူတို့ဆိုင်းဘုတ်တွေကို တစ်ခုပြီးတစ်ခု ထောင်ပြီး အပြိုင်အဆိုင် ဈေးပေးနေကြ၏။

"နံပါတ် 54....15,000"

ငွေပမာဏများ အမြန် တိုးလာသည်နှင့်အမျှ ရိုစီနာ သည် စိုးရိမ်စိတ်များ ဝင်လာခဲ့သည်။ သူရဲကောင်းများ မတိုက်ခိုက်မီ ရာဟန် ကို ရောင်းစားလိုက်လျှင် သွားပေပြီ။သူမ စိတ်တိုပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ကာ ဘေးတွင်ထိုင်နေသော လူ၏ပုခုံးကို အသာပုတ်လိုက်သည်။

"ခဏလောက် ဆိုင်းဘုတ် ငှားမယ်နော်"

ထိုလူ၏ ဆိုင်းဘုတ်ကို ယူပြီးနောက် သူမ စာပြင်ရေးလိုက်သည်။

"နံပါတ် 130...20,000 "

တစ်ခဏချင်း ဈေးများလာသည်နှင့် အော်သံတွေ ကျွတ်ကျွတ်စီ ထွက်လာကြသည်။သို့သော် ရိုစီနာသည် ရာဟန် ကို မဆုံးရှုံးချင်၍ လေလံပွဲ၌ စိတ်ပျက်လက်ပျက်ဖြင့်ပင် ဝင်ပါခဲ့ရတော့သည်။

***

မြို့စားမင်းလင်တန် လာဗီယာ သည် တစ်ချိန်က အယ်လိုအာ နယ်စားမင်း၏ နောက်လိုက်ခွေးတစ်ကောင်ဖြစ်သည်။ သူသည် အယ်လိုအာ နယ်စားမင်းနှင့် ပေါင်းစည်းခဲ့ပြီး ညစ်ပတ်သောအလုပ်များကို နယ်စားမင်း သဘောကျအောင် လုပ်ခဲ့ရသည်။ အယ်လိုအာ နယ်စားမင်း ရာထူးကျသွားသောအခါ သူ စားရသမျှကို လင်တန်ထံ လွှဲအပ်လိုက်သည်။ လင်တန်သည် မြို့စားကြီး စွန့်လွှတ်ခဲ့သည့် စီးပွားရေးကို စိတ်အားထက်သန်စွာ လက်ခံခဲ့ပြီး ယနေ့အခါ သူပိုင်ဆိုင်ခဲ့သော စည်းစိမ်ဥစ္စာများ ရရှိခဲ့သည်။

သို့သော်လည်း၊ ဘယ်အရာမှ ထာဝရတည်မြဲမှာ မဟုတ်ပေ။ သံတံတိုင်းကဲ့သို့ သန်မာသော အယ်လိုအာ နယ်စားမင်းသည် အိမ်ရှေ့စံနှင့်အတူ အင်ပါယာသမိုင်းမှ နှင်ထုတ်ခြင်းခံခဲ့ရသည်။ အယ်လိုအာ မိသားစု၏ အမည်ကို သမိုင်းစာအုပ်များမှ လုံးလုံးလျားလျား ဖျက်ပစ်ခဲ့ရုံသာမက စည်းစိမ်များကို နိုင်ငံတော်ဘဏ္ဍာတိုက်သို့ ပြန်လည်ပေးအပ်ခဲ့သည်။ သို့သော်၊ထိုမျှ မကသေးပေ။ အယ်လိုအာ နယ်စားမင်းနှင့် ဘက်တော်သားများသည် တစ်ယောက်ပြီးတစ်ယောက် ပြိုလဲသွားကြသည်။

လင်တန် သည် သူ့အလှည့်ရောက်လာမည်ကို စိုးရိမ်မိသော်လည်း သူ ဉာဏ်ကောင်းမှုကြောင့် အသက်ရှင်နေနိုင်ခဲ့သည်။ ထို့အပြင် သူ့ထက် ပိုဆိုးသူ တွေကလည်း အများကြီးရှိတာကြောင့် သီသီကလေး လွတ်ခဲ့ရခြင်းသာ။သုတ်သင်ရှင်းလင်းမှုများ ရပ်တန့်သွားသောအခါ လင်တန်သည် ဘုရင်မင်းမြတ်အသစ်က သူ့ကို အထင်ကြီးလာရန် ကြိုးစားခဲ့သည်။ လာဘ်ထိုးဖို့အထိတောင် ပြင်ဆင်ထားသော်လည်း ဘုရင်မင်းမြတ်က လုံးဝလျစ်လျူရှုခဲ့သည်။ သူသည် အယ်လိုအာ နယ်စားမင်းနှင့် လုံးဝခြားနားသော လူတစ်မျိုးဖြစ်သည်။ လင်တန် သည် နောက်ဆုံးတွင် ဘုရင်မင်းမြတ်ကို သတိထားစောင့်ကြည့်နေခြင်းဖြင့် သူ့ကိုယ်သူ ကယ်တင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

လင်တန် ၏ မကြာသေးမီက ဝါသနာသည် လှပသော ကလေးများကို စုဆောင်းခြင်း ဖြစ်သည်။ ကျွန်လေလံပွဲမှာဆိုလျှင် သူအရင်ကလို စိတ်လှုပ်ရှားနေရသည်။ လင်တန် သည် ယနေ့ ဒုတိယထပ်တွင် အကောင်းဆုံးထိုင်ခုံမှာ ကျကျနန ထိုင်နေခဲ့သည်။ သူသည် လေလံအိမ်တွင် သူ့ကိုယ်ပိုင် ဝန်ထမ်းတစ်ဦးထက်မကပင် ရှိသော်လည်း ထွက်လာသော ကလေးတိုင်းကို သူ စိတ်တိုင်းကျလျှင် ရွေးချယ်ခဲ့သည်။ လင်တန်က ကလေးကို လက်ညှိုးထိုးပြရုံနှင့် သူ့အတွင်းရေးမှူးက ချက်ခြင်း လေလံဆွဲပေးထားသည်။ လင်တန် သည် နောက်ဆုံးပစ္စည်းအတွက် လေလံကိုပင် အနိုင်ရခဲ့သည်။ သူ အခုထိ မြင်ဖူးသမျှ ကလေးတွေထက် ရုပ်ရည် ပိုချောသော်လည်း သူ့စံအိမ်ကြီးမှာ သူ့ထက် ပိုကြည့်ကောင်းသော ကလေးများစွာ ရှိ၏။

ယနေ့ လေလံပွဲမှာကျေနပ်ဖွယ်မရှိဟု သူ ထင်‌သွားချိန်မှာ.... ရုတ်တရက် စင်ပေါ်မှ လူတစ်ယောက် ထွက်လာသည်။ ကုလားထိုင်ပေါ်တွင် မှီနေသော လင်တန် ထွက်လာသူ၏ မျက်နှာကို တစ်ချက် စစ်ဆေးကြည့်သည်။ နောက်ဆုံး ပစ္စည်းအဖြစ် ထွက်လာသော အမျိုးသားသည် ဘုရင်မင်းမြတ်နှင့် အလွန်ဆင်တူသော မျက်နှာရှိသည်။ လင်တန်သည် ဘုရင်မင်းမြတ် ထွက်လာသလားဟု တွေးမိ၍ ကိုယ့်ကိုယ်ကိုတောင် ရယ်ချင်သွားသည်။ ဘာလုပ်ရမှန်းမသိဖြစ်နေသော လင်တန် သည် စင်ပေါ်ကို အမြန်ပြန်ကြည့်ကာ ငြိမ်သက်သွားသည်။ သူ့ဆံပင် အရောင်က ဘုရင်မင်းမြတ်နှင့် မတူသလို တွေးကြည့်လျှင်လည်း သူနှင့် မတူ‌ပေ။ဘုရင်မင်းမြတ်သည် တရားမ၀င် ကျွန်လေလံပွဲ၌ ထွက်လာဖို့ရာ မဖြစ်နိုင် လင်တန် အမှုမဲ့အမှတ်မဲ့သာ သဘောထားလိုက်၏။တစ်ဆက်တည်းပင်၊ ဘုရင်မင်းမြတ်နှင့်တူသော ထိုကျွန်အား တတ်နိုင်သမျှ ညှဉ်းပန်းနှိပ်စက်ချင်စိတ် ဖြစ်လာ၏။

"ငါ ဒီကျွန်​ကို ဝယ်​ရမယ်​"

လင်တန် စကားကြောင့် သူ့ အတွင်းရေးမှူးသည် ဆိုင်းဘုတ်ကို အမြန် ကောက်ထားလိုက်သည်။ ပစ္စည်းကလည်း အလွန်ကောင်းမွန်၍ လေလံပြိုင်ဆိုင်မှုမှာ အတော်အတန် များပြားလာခဲ့သည်။

စျေးတွေ တဟုန်ထိုး တက်နေချိန်မှာ ရုံပိုင်ရှင်မှာလည်း စိတ်လှုပ်ရှားနေလေ၏။

"နံပါတ် 130... 20,000!"

တစ်ခါတည်း ၅၀၀၀ တိုးလာ၍ လင်တန် မျက်မှောင်ကြုတ်လိုက်သည်။

ယနေ့ လေလံပွဲမှာ ဒီလောက်အများကြီး တစ်ခါတည်းတိုးမပေးကြဖူးပေ။

သို့သော်၊ လင်တန် ၏ ကံကြမ္မာကို ဘယ်သူမှ အနိုင်ယူနိုင်မှာမဟုတ်ပေ။ ချမ်းသာမှုချင်း သူ့ကို အနိုင်ယူနိုင်သူတွေက မြို့ဝန်မင်း ဂျာဂန် နှင့် မာဗယ်တော့၏ ခေါင်းဆောင် ဖြစ်သလို၊အနောက်ပိုင်းဒေသ၏ လက်ကြီးဟု ခေါ်ကြသည့် မြို့ဝန်မင်း တို့သာ။စားပွဲ နံပါတ် 130 သည် အခြားသူများ စိတ်ဓာတ် ကျဆင်းစေအောင် အစောကတည်းက တိုးထားတာဖြစ်ရပေမည်။‌ ဈေးပမာဏက တဖြည်းဖြည်း တိုးလာပြီး မကြာခင်မှာ ၂၃၀၀၀ ဖြစ်လာသည်။ လင်တန်၏ အတွင်းရေးမှူးက ၂၅၀၀၀ ခေါ်လိုက်၍ လက်ရှိပမာဏမှ နောက်ထပ် ၂၀၀၀ ထပ်များလာသည်။

"နံပါတ် 78...25,000"

ရုံပိုင်ရှင်၏ အသံသည် လေလံအိမ် တစ်ခုလုံး လွှမ်းမိုးသွားသည် ။ယခုဆိုလျှင်၊ အစပိုင်းက တက်ကြွစွာပါဝင်ခဲ့ကြသော လူအများစုမှာ အသံထွက်မလာကြတော့ပေ။

“…နံပါတ် ၁၃၀၊ ၃၀၀၀၀ ”

နံပါတ် 130 က နောက်ထပ် 5,000 ထပ်တိုးပေး၏။ လင်တန် အောက်ထပ်ကို ငုံ့ကြည့်လိုက်သည်။ နံပါတ် 130 က အနောက်မှာ ထိုင်နေတာ ဖြစ်သော်လည်း ဦးထုပ်ခပ်ကြီးကြီးဆောင်းထား၍ ကောင်းကောင်းမမြင်ရပေ။ လင်တန်သည် သူ မရှုံးနိုင်ဟု တွေးကာ လက်သီးကို တင်းတင်း ဆုပ်ထားလိုက်သည်။

“နောက်ထပ် ငါးထောင်ထပ်တက်ပေးလိုက်...ငါ ဝယ်ကို ဝယ်​မှရမယ်​!"

ဘုရင်မင်းမြတ်နှင့်တူသော ကျွန်ကို ဝယ်ပြီး သူ့ကို ညှဉ်းပန်းနှိပ်စက်ချင်နေသည်။

"နံပါတ် 78 လေလံ 35000"

ရုံပိုင်ရှင်က စိတ်လှုပ်ရှားစွာ အော်လိုက်၍ လင်တန် ဝမ်းသာသွားသည်။ထို့နောက် ရုံပိုင်ရှင်က သည့်ထက် ပိုပေးမည့်သူကို ရှာနေသည်။ သို့ရာတွင်၊ဘယ်သူမှ ဆိုင်းဘုတ်ထောင်မလာကြတော့ဘဲ ဘယ်သူနိုင်မလဲ ဆိုတာကိုသာ ကြည့်နေကြသည်။ လင်တန်သည် စိတ်သက်သာရာ ရသွားသော်လည်း နံပါတ် 130 သည် နောက်ထပ်ရိုက်ချက်တစ်ခု ထပ်ပေးလာခဲ့သည်။

"နံပါတ် 130၊ 40,000 ပါတဲ့ခင်ဗျာ"

လင်တန်သည် ကုလားထိုင် လက်ကိုင်ကို ချိုးပစ်တော့မည့်အလား အတင်းဆုပ်ကိုင်ထားမိသည်။ ယခုအချိန်သည် နံပါတ် 130 နှင့် လင်တန် ကြားက တိုက်ပွဲဖြစ်သည်။ လင်တန် က နောက်ထပ် 200 ထပ်တိုး ပေးလိုက်ရာ နံပါတ် 130 က နောက်ထပ် 5,000 ထပ်တိုးပေးပြန်သည်။ အားလုံးက ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြသည်။ ထို့နောက် မကြာမီ ငွေပမာဏ က 60,000 ကျော်သွားသောအခါ လူအများ ရူးသွပ်သွားကြသည်။ ၎င်းသည် ယခင်က ထိပ်တန်းအနိုင်ရထားခဲ့သော လေလံစျေးနှုန်းများထဲမှ တစ်ခုဖြစ်သည်။

"နံပါတ် 78 လေလံ 60,200!"

လင်တန်၏ အတွင်းရေးမှူးသည် နောက်ထပ်၂၀၀ ထပ်မံတိုးလိုက်ရာ နံပါတ် 130 သည် တိတ်ဆိတ်သွားသည်။ လင်တန် သည် သူ့အတွက် နောက်ဆုံးအောင်ပွဲဟု ထင်ကာ ဂုဏ်ယူနေခဲ့သည်။ နောက်ဆုံးအနိုင်ရလေလံကို အတည်ပြုဟန်ပြင်နေသည့် ရုံပိုင်ရှင်က အိပ်မက်မက်နေသကဲ့သို့ တုန်တုန်ယင်ယင်ဖြင့် ပြောလာသည်။

"နံပါတ် ၁၃၀၊ လေလံ 100,000…”

"ဘာ"

လင်တန် ဝုန်းကနဲ မတ်တပ်ထရပ်လိုက်သည်။ 100,000 ဆိုသည့် အသံကြောင့် သူ့ အတွင်းရေးမှူးအား အမိန့်မပေးဝံ့သေးဘဲ တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။ ထို့နောက် လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။ ခဏလောက် တွေးလိုက်မိသည့် သူ့ကိုယ်သူကိုလည်း သ‌ရဲဘောကြောင်သလို ထင်သွားမိသည်။

ပုံမှန်ထိုင်ခုံမှာထိုင်နေတဲ့လူက အဲဒီလောက်ပေးတာ ဖြစ်နိုင်ရဲ့လား...

သူမသည် ပိုက်ဆံမရှိဘဲ မှားယွင်းသောပမာဏကို လေလံဆွဲခြင်းဖြစ်နိုင်သည်။

"ဟေး!!"

လင်တန် က လေလံအိမ်ဝန်ထမ်းကို ခေါ်လိုက်၏။

“နံပါတ် 130 မှာ တစ်ကယ် သွေရှိ၊မရှိ ဆိုတာ စစ်ဆေးဖို့ အချိန်တန်ပြီ မဟုတ်လား...သူက VIP ထိုင်ခုံမှာ ထိုင်တာတောင် မဟုတ်ဘဲနဲ့"

ဝန်ထမ်းများသည် လင်တန် ဆန္ဒပြလာမှုကြောင့် စိတ်ရှုပ်နေကြသော်လည်း ပိုက်ဆံရှိ၊မရှိ သိရှိရန် အမြန်ထွက်သွားကြသည်။ လင်တန် သူ့ဒေါသကို မထိန်းနိုင်ဘဲ သူ့ဘေးတွင် ရပ်နေသော အတွင်းရေးမှူးထံသို့ ခေါင်းလှည့်လိုက်သည်။

"မင်းသွားကြည့်... နံပါတ် 130 က ဘယ်လိုလူယုတ်မာလဲဆိုတာ ကြည့်လိုက်စမ်း"

သူ့မာနကို ထိဝံ့သူ၏ မျက်နှာကို မြင်ချင်သည်လေ။

***

လေလံပွဲတွင် မထင်မှတ်ဘဲ ပါဝင်ခဲ့သည့် ရိုစီနာ သည် 'နံပါတ် 130' ဟူသော ဆိုင်းဘုတ်ကို မကြာခဏ ထောင်ပြခဲ့သည်။ လေလံဈေးသည် အလွန်လျင်မြန်စွာ တက်သွားသောကြောင့် သူမ ဆိုင်းဘုတ်ပေါ်တွင် ငွေပမာဏကို အကြိမ်ပေါင်းများစွာ ဖျက်ပြီး ရေးခဲ့ရသည်။သူမ တစ်ခါတည်း ပိုက်ဆံအများကြီးသုံးသည့် နည်းက ပိုကောင်းမည်ထင်သည်။ အချိန်အတော်ကြာပြီးနောက် ရိုစီနာ ပမာဏများစွာကို မြှင့်တင်နိုင်ခဲ့သည်။ အနိုင်ရသည့် လေလံဈေးကလည်း သိသိသာသာတက်လာပြီး ယှဉ်ပြိုင်သူတွေ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျပြီး ထပ်မပါလာကြတော့ပေ။သူမ စင်ပေါ်ကို စိုက်ကြည့်နေရာ ရာဟန် ကလည်း သူမကို ကြည့်နေသည်။တောင့်တောင့်ကြီး ရပ်နေသည့် ရာဟန်ကို ကြည့်ပြီး သူမ ကယ်တင်ချင်စိတ်များ တဖွားဖွားပေါ်လာခဲ့ရ၏။ တစ်ကယ်တမ်းလည်း သူမ ရာဟန် အတွက် အကောင်းဆုံး လုပ်နိုင်ခဲ့သည်။

နောက်ဆုံးတော့ ပမာဏက 50,000 ကျော်သွားသည်။ ထိုအချိန်မှစ၍ နံပါတ် 78 သည် သူမ နှင့် တိုက်ပွဲဖြစ်လာခဲ့သည်။ နံပါတ် 78 သည် စျေးနှုန်းကို တည်တည်ငြိမ်ငြိမ် ဖြည်းဖြည်းချင်း မြှင့်တင်သူဖြစ်ပြီး သူမကမူ ခက်ကြမ်းကြမ်း ဈေးပေးသူသာဖြစ်သည်။ အကြောင်းမှာ သူမ ပိုက်ဆံမပေးရခင်မှာ သူရဲကောင်းတွေ ဝင်လာမှာ ဖြစ်တာကြောင့်ပင်။ တဖြည်းဖြည်းနှင့် လေလံအတွက် ငွေပမာဏက အဆမတန်များပြားလာသည်။ နံပါတ် 78 က 63,000 ဟု စခေါ်လာသည့်အခါ သူမ စိတ်ရှုပ်သွားရသည်။ တဖြည်းဖြည်းနှင့်၊ သူရဲကောင်းတွေ ရောက်လာဖို့ အချိန်ရောက်လာပြီမို့ မဖမ်းခင် ကိစ္စပြီးအောင်လုပ်သည်က ပိုကောင်းသည်။ သူမသည် အောင်နိုင်သူအဖြစ် ဟန်ဆောင်ကာ ရာဟန် နှင့် အတူ အောက်ထပ်သို့ ဆင်းရန် စဉ်းစားနေမိသည်။ ထို့ကြောင့် သူမ 100,000 ဟု ရေးပြီး ရုတ်သိမ်းလိုက်သည်။

“နံပါတ် ၁၃၀... ၁၀၀၀၀၀ တောင်းတယ်……”

အားလုံး တိတ်ဆိတ်သွား၍ သူမ ဘေးဘီကို လှည့်ကြည့်လိုက်သည်။

သူမ စျေးအရမ်းတက်လိုက်မိတာလား..

ရိုစီနာ သည် ဆိုင်းဘုတ်ကိုကိုင်ဆောင်ထားစဉ် အပေါ်ထက်မှ လူထွားကြီးများ ဆင်းလာပြီး သူမ အနီးကို ရောက်ရှိလာကြသည်။ ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်နေသော သူတို့ ပုံစံများသည် တစ်စုံတစ်ယောက်ကို ရှာဖွေနေပုံရသည်။ ရိုစီနာ သည် သူမနှင့် ပတ်သက်မှု တစ်ခုခု ရှိနေသည်ကို အလိုလို သိနေမိသည်။ မျှော်လင့်ထားသလို ၊မကြာမီ သူတို့အားလုံး သူမ ရှေ့မှာ ရပ်လိုက်ကြ၏။

"ဖောက်သည်ကြီးရဲ့ ဖိတ်ကြားစာကို စစ်ဆေးလို့ရမလား"

သူမသည် လာဘ်ထိုး၍ ဝင်လာခြင်းဖြစ်၍ ဆတ်ကနဲမတ်တပ်ထရပ်လိုက်တော့ ထိုလူတွေက တစ်ချက်လန့်သွားသည်။ ထို့နောက် သူမ လက်ထဲက သစ်သားဆိုင်းဘုတ်ကို လွှင့်ပစ်လိုက်ပြီး အတင်းအသားကုန် ပြေးလိုက်ပါတော့သည်။

ပရိသတ်ထဲကို ဖြတ်သန်းပြီး ရိုစီနာ သည် စင်မြင့်အနားကို အစွမ်းကုန်ပြေးသွားခဲ့သည်။ စင်ပေါ်မှာရပ်နေသည့် ရာဟန် ကလည်း သူမကို လက်ကမ်းပေးလိုက်ရာ သူမ သူ့ရင်ခွင်ထဲကို အတင်းတိုးဝင်ပစ်လိုက်တော့သည်။ သူမသည် ရာဟန် လက်ထဲတွင် ရှိနေစဉ် အပေါ်ထပ်မှ ဝုန်းကနဲ တံခါးဖွင့်သံကို ကြားလိုက်ရသည်။

"ဒုက္ခရောက်ပြီ"

ဝန်ထမ်း၏ အော်သံနှင့်အတူ ခြေသံများ တဒုန်းဒုန်းကို ကြားရသည်။ထို့နောက် ကျဉ်းမြောင်းလှသောလှေကားမှ နေ၍ မြေအောက်ထပ်သို့ ဆင်းလာသူများမှာ လက်နက်ခဲယမ်းများ ဝတ်ဆင်ထားသော သူရဲကောင်းများ ဖြစ်နေကြသည်။အားလုံး စိတ်ရှုပ်နေကြချိန်မှာ လူတစ်ယောက်က ထအော်လိုက်သည်။

"ဟာ...တော်ဝင် သူရဲကောင်းတွေ..!"

ထိုစကားကြောင့် လေလံပွဲသည် ရှုပ်ပွသွားခဲ့သည်။ ဝင်ပေါက်အနီးရှိသူများသည် အပေါ်ထပ်မှ လွတ်မြောက်ရန် ကြိုးပမ်းသော်လည်း သူ့တို့အားလုံးကို ပိတ်ဆို့ထားပြီးဖြစ်သည်။ဘုရင်မင်းမြတ်နှင့်တူသော ကျွန်သည် ဆံပင်တုကို ချွတ်လိုက်လေ၏။ အမှောင်ထဲမှာ တောက်ပနေသည့် ရွှေရောင်ဆံပင်တွေကို အားလုံး ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေကြသည်။သူသည် ဘုရင်မင်းမြတ်နှင့်တူတာမဟုတ်၊ သူကိုယ်တိုင်က ဘုရင်မင်းမြတ်ဖြစ်သည်။

“အားလုံးကို ဖမ်းလိုက်စမ်း”




Xxxxxx