Chapter 115
[ပဲ့တင်သံသစ်တော]
ထိုဆိုင်းဘုတ်သည် ပဲ့တင်သံသစ်တောဝင်ပေါက်ကို ညွှန်ပြထားသော အမှတ်အသားဖြစ်သည်။ နှစ်ယောက်သား အထဲကို နည်းနည်းတိုးသွားကြသည်။ အပြင်ဘက်နှင့် မတူဘဲ တောအုပ်ကြီးက လေအေးတွေ တဖြူးဖြူး တိုက်ခတ်နေလေသည်။ဖြူဖွေးသွယ်လျသော သစ်ပင်များနှင့် မြက်ပင်များ၏ အရွက်များသည် အမြဲတစေ ပွတ်တိုက်ကာ ညည်းညူသံ ပေးနေကြသည်။ ပဲ့တင်သံသစ်တောသို့ ရောက်လာသောအခါ သူမ ခံစားချက်အသစ်များကို ခံစားခဲ့ရသည်။သူမ အနီးနားက သစ်ပင်ကို လှမ်းထိလိုက်ရာ အခြားသစ်ပင်များနှင့်မတူဘဲ ထိုသစ်ပင်က အထူးနူးညံ့နေလေသည်။
"တစ်နေ့နေ့ မင်းနဲ့အတူ ဒီကိုပြန်လာချင်နေခဲ့တာ"
ရိုစီနာ မော့ကြည့်လိုက်လျှင် ရာဟန် ၏ ပြုံးနေသော မျက်နှာသည် သူမ မျက်လုံးများကို ဖမ်းစားလိုက်သည်။ မကျေမနပ် အရိပ်အယောင် တစ်စက်မှ မရှိဘဲ ပြုံးနေသော သူ့မျက်နှာကို ကြည့်ပြီး သူမ နှလုံးသားက နာကျင်လာခဲ့သည်။ ဤနေရာသည် သူမတို့နှစ်ယောက် အစပြုခဲ့သည့်နေရာပင်။ သို့သော် သူမ သူ့ဆီမှ ထွက်ပြေးခဲ့သောနေရာလည်းဖြစ်သည်။ ရာဟန် သည် နှစ်အတော်ကြာ သူမကို ခြေရာခံပြီးသာ ကုန်ဆုံးခဲ့ရသည်။
"…တောင်းပန်ပါတယ်"
အနည်းငယ် တုန်လှုပ်သောအသံဖြင့် တောင်းပန်စကားပြောနေစဉ် ရာဟန် က သူမကို လာ၍ ပွေ့ဖက်လိုက်သည်။
"ဘာကို တောင်းပန်ရမှာလဲ....အဲဒီတုန်းက မင်းလည်း သေချာမသိလို့ပဲဟာ"
ထိုအချိန်က၊ ထိုဆုံးဖြတ်ချက်သည် သဘာဝကျခဲ့သည်။ရာဟန်က သူတို့လက်အချင်းချင်း ထွေးဆုပ်ထားသည်ကို ပြုံးကြည့်နေလျက်။
"ဒါပေမယ့် ကိုယ်တို့ပြန်တွေ့ဖို့ အကြောင်းဖန်လာခဲ့တာပဲလေ"
စောင့်ရတာကြာသွားသော်လည်း ယခုဆို သူမတို့ အတူဆက်ပြီးရှိနေမည့်အချိန်က ပိုကြာနေပေလိမ့်မည်။ထို့အပြင်၊ အချိန်အတော်ကြာ လမ်းခွဲခဲ့ကြသောကြောင့် အချစ်စိတ်တွေကလည်း ပိုမိုနက်ရှိုင်းလာပေမည်။
" လမ်းလျှောက်ချင်နေတာနဲ့ အတော်ပဲ"
ရိုစီနာ သည် ရာဟန် လက်ကို ကိုင်ကာ သစ်တောထဲသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ တောထဲမှာ အချိန်ကြာသွားသော်လည်း သစ်တောက ဘာမှ မပြောင်းလဲပေ။ ငှက်ကလေးတွေဟာ လေထဲမှာ တေးဆိုနေပြီး ရှဥ့်တွေကလည်း အမြီးတွေကို လှုပ်ခါကာ ပြေးလွှားနေကြ၏။ အတိတ်က အမှတ်တရတွေကလည်း လေထုထဲမှာ လွင့်မျောနေသည့်အလားပင်။
"ရှင့်ကို ပထမဆုံးစတွေ့တုန်းက ရှင့်ကို ဓားပြတွေက တိုက်ခိုက်ခဲ့တာလို့ပဲ ထင်ခဲ့တာ"
“အဲဒီတုန်းကလည်း အရမ်းသတိထားရတယ်… မင်းက ကိုယ့်ကို ကူညီမယ်ဆိုတော့ စိတ်ရင်းမှန်နဲ့ မဟုတ်ဘူးလို့ ထင်ခဲ့တာ”
ထိုစဉ်က တစ်ယောက်နဲ့တစ်ယောက် ဘာမှ မသိခဲ့ကြသော်လည်း ဘယ်လိုဖြစ်သွားမှန်း မသိပေ။
ဒါကလည်း ကံကြမ္မာပဲလား....
“အာ”
ရိုစီနာ သည် တောလယ်ရှိ သစ်သားအိမ်ပုလေးကို မြင်လိုက်သောအခါ ခြေလှမ်း ရပ်တန့်သွားသည်။ ထိုအိမ်ကလေးထဲမှာ ရာဟန် နှင့် သူမတို့ တစ်ညတာတည်းခိုခဲ့တာ ဖြစ်သည်။ နှစ်တွေ အများကြီးကုန်သွားသော်လည်း သူမ မှတ်မိနေသေးသည်။ ရိုစီနာ သည် သူမ ပိုင်ဆိုင်သည့် အိမ်လိုမျိုး သဘောထားကာ လျှောက်သွားသည်။ သစ်သားအိမ်ကလေးသည် အနည်းငယ် ပျက်စီးပုံတောင်မပေါ်သေးပေ။ ဆန့်ကျင်ဘက်အနေနှင့်၊အရင်ကထက် ပိုသန့်ရှင်းနေသလိုပင်။တစ်စက်မှ မပြောင်းလဲသေးတာကလလည်း အံ့သြစရာကောင်းလှသည်။တစ်ယောက်ယောက်က တစိုက်မတ်မတ် မသန့်ရှင်းထားလျှင် ယခုလို ဖြစ်လာစရာမရှိပေ။ သူမ အိမ်ရှေ့တံခါးကို စစ်ဆေးနေပြီး မေးလိုက်သည်
"ဒီမှာ ဘယ်သူနေတာလဲ"
"ဘယ်သူမှ မနေပါဘူး"
"ရှင်က ဘယ်လိုသိသလဲ"
ရိုစီနာ က ပဟေဋ္ဌိ ဖြစ်သလိုနှင့် မေးခွန်းတစ်ခုမေးသည့် အခါ သူက တည်ငြိမ်စွာပြန်ဖြေသည်။
"ဘာလို့လဲဆိုတော့ ကိုယ် အခုချိန်ထိထိန်းသိမ်းထားလို့ပါ"
သူမ မျက်လုံး ပြူးသွားရစဥ် ရာဟန်က အိမ်ရှေ့တံခါးကို ဖွင့်လိုက်ပြီး ဆက်ပြောပြန်သည်။
“ကိုယ် ခက်ခဲတဲ့အချိန်တွေမှာ ဒီကို ခဏခဏ လာခဲ့တယ်....ကိုယ် ဒီကိုရောက်ရင် အဲဒီနေ့ကို ကောင်းကောင်းမှတ်မိသွားတယ်…”
ရာဟန် အတိတ်ကို ခဏလောက် ပြန်သတိရသွားမိသည်။ ထိုအချိန်တွင်၊စိတ်ကူးယဉ်ဆန်သလို ဖြစ်နေသော်လည်း သူမကို အတိတ်ထဲမှာ ပြန်တွေ့ချင်ခဲ့သည်။သူမက အစ်အမှန်ဖြစ်ကြောင်း၊ သူ့စိတ်ထဲက ထင်ယောင်ထင်မှား ဖြစ်ခြင်းမဟုတ်ကြောင်း သူ့မျက်လုံးများဖြင့် အတည်ပြုချင်ခဲ့သည်။
"အခု မင်းကိုယ့်ရှေ့မှာ ရောက်နေတော့ မလာဖြစ်တာတော့ အတော်ကြာသွားပြီ"
ရာဟန် က ထိုသို့ပြောပြီးနောက်မကြာမီ နှစ်ယောက်သား အထဲကို ဝင်သွားကြသည်။ မီးဖို၊ စောင်ဟောင်း၊ ကုတင်နှင့် သားရေတို့သည် ထိုအချိန်ကအတိုင်း ရှိနေဆဲဖြစ်သည်။ ယခု သူတို့နေထိုင်သော တော်ဝင်နန်းတော်နှင့် နှိုင်းယှဉ်ပါက အလွန် ညံ့သော်လည်း သူမစိတ်ထဲမှာ သက်တောင့်သက်သာရှိသလို ခံစားရသည်။
ရိုစီနာ သည် ပတ်ဝန်းကျင်ကို အရူးအမူးကြည့်နေစဉ် ရာဟန် က သန့်ရှင်းသော စောင်များဖြင့် ခင်းထားသော ကုတင်ပေါ်တွင် ထိုင်လိုက်သည်။အနည်းငယ်မှောင်လာသည့် ပတ်ဝန်းကျင်နှင့်ဆန့်ကျင်ဘက်ပင် လင်းလက်နေသည့် သူ့မျက်လုံးများသည် သူမကိုသာ စိုက်ကြည့်နေသည်။ ထို့နောက် သူ့လက်များက သူမဆီကို ကမ်းလာပြီး တိုးတိုးပြောလိုက်သည်။
"ဘာလို့ ဒီမှာ အမှတ်တရအသစ်တွေ ကိုယ့်ကို မပေးတာလဲ"
ထိုအခါ ရိုစီနာ သည် ရာဟန် အနားကို တိုးလိုက်လျှင် သူက သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ မနက်ခင်း နှင်းရည်တွေ စိမ့်ဝင်နေပုံရသည့် ပန်းများ၏ ရနံ့တွေကို သူမ ပြင်းပြင်းရှူလိုက်သည်။ သူ့လက်ထဲမှ ဖြည်းညှင်းစွာခွာပြီး သူမ ရာဟန် ကို ငုံ့ကြည့်လိုက်သည်။ ဖြူလွလွ သူ့အင်္ကျီက တင်းကျပ်နေသည့် ရင်ဘတ်ကို ပေါ်လွင်နေ၏။
ရိုစီနာ သည် ကြယ်သီးများကို တစ်ခုပြီးတစ်ခု ဖြုတ်လိုက်သည်။ အင်္ကျီက သူ့ခန္ဓာကိုယ်မှာ တွယ်ကပ်နေသည်။ကြယ်သီးကို လွှတ်လိုက်တိုင်း သူမ သတိမထားမိဘဲ တံတွေး မျိုချလိုက်မိသည်။ သူမ အကြိမ်ကြိမ်လုပ်ခဲ့ဖူးသော်လည်း နေရာပြောင်းသွားသည့်အတွက် ရင်ထဲမှာ တစ်မျိုးခံစားရသည်။ ခဏအကြာတွင် သူ့ရှပ်အင်္ကျီသည် ပွင့်ထွက်သွားပြီး သူ့ခန္ဓာကိုယ်က ပေါ်လွင်လာသည်။ သူ့ရင်ဘတ်တွင် ဒဏ်ရာကြီးငယ်များ၊တင်းကြပ်သောကြွက်သားများက အထင်းသားပင်။
ရာဟန် ကုတင်ပေါ်တွင် တစ်ဝက်လဲလျောင်းနေသည်က အနုပညာအလုပ်တစ်ခုလိုဖြစ်နေ၍ ရိုစီနာ သူ့ကို သဘောကျမိသည်။ နေ့တိုင်းကြည့်နေရသော်လည်း ငြီးငွေ့ဖို့နေနေသာသာ အသစ်အဆန်းကို ခံစားရသည်။သူ့ ရှပ်အင်္ကျီနှင့်အတူ သူမ ဆံပင်ကို သုတ်ထားသော ပုခုံးထက်က ပုဝါသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူမ ဝတ်စုံက ပေါ့ပေါ့ပါးပါး ၀တ်စုံဖြစ်သောကြောင့် ရာဟန် ဆွဲချလိုက်သည်နှင့် တစ်ပြိုင်နက် အဝတ်က အောက်ကို လျှောကျသွားသည်။ ရိုစီနာ သည် ရာဟန် ၏ ကြည်ပြာပြာ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ထိုစဉ်ကလို ဝရုန်းသန်းကား ဖြစ်မနေဘဲ သူ့ပုံစံက တည်ငြိမ်နေသည်။
“……”
ရိုစီနာ အကြည့်တွေကို ဖယ်လိုက်ပြီး နှုတ်ခမ်းကို သူ့နှုတ်ခမ်းနှင့် ဖိကပ်လိုက်ရာ နှုတ်ခမ်းချင်း စိုစွတ်လာကြသည်။ လျှောကျနေသော နှုတ်ခမးများသည် အနည်းငယ် စိုစွတ်နေ၏။တဖြည်းဖြည်း နက်ရှိုင်းစူးဝင်လာခဲ့သည့် အနမ်းနှင့်အတူ သူမ ခန္ဓာကိုယ်က ယိမ်းထိုးသွား၍ အနေအထားပြင်ရန် နှုတ်ခမ်းများကို ဆွဲခွာလိုက်၏။ထိုအခါ ရာဟန်က မကျေနပ်သည့်လေသံနှင့် ပြောလာသည်။
"မင်းလဲကျရင် ကိုယ် ဖမ်းပေးမယ်"
သူမကို ဘယ်တော့မှ အန္တရာယ်မဖြစ်စေရဘူးဟု ပြောလိုက်ခြင်းပင်။ ရိုစီနာ သည် ရာဟန် ဆံပင်များကို ပွတ်သပ်ပြီး ထပ်မံ နမ်းလိုက်ပြန်၏။ ချောမွေ့သော သူ့ဆံပင်နှင့် နူ့ညံ့သောသူ့နှုတ်ခမ်းသားကို သူမ စိတ်ထဲက ပို၍ လိုချင်မက်မောလာရသည်။ သူမ ဆံပင်ကို ဆုပ်ကိုင်ထားပြီးနောက် ရာဟန် က ခေါင်းနောက်ကနေ သိမ်းကိုင်ထားပြီး သူမ နားရွက်ကို နည်းနည်း နာအောင် ကိုက်လိုက်၏။
"နည်းနည်းတော့ မြန်နေတယ်... အဆင်ပြေလား"
ယဉ်ကျေးသောမေးခွန်းကို သူမ ခေါင်းခါ၍သာ အဖြေပေးလိုက်သည်။ ရာဟန်သည် သူမကို အမြဲဦးစားပေးသူပင်။ သူမ ခွင့်ပြုချက်မရှိဘဲ ဘယ်လောက်ပဲ စိတ်လှုပ်ရှားနေပါစေ သူ အရိုင်းဆန်လိမ့်မည် မဟုတ်ပေ။သူ့နှလုံးသား၏ ထောင့်တစ်နေရာက သူမကို ဂရုစိုက်သည့် ခံစားချက်တွေနှင့်သာ ပြည့်နေတော့သည်။ သူတို့အဝတ်တွေ အားလုံး မရှိတော့တာကြောင့် နှစ်ယောက်သား ကျောက်ခေတ်လူသားများ ဖြစ်နေလေပြီ။
ကုတင်ပေါ်မှာ ပြန့်ကျဲနေသော ရိုစီနာ၏ အနီရောင်ဆံပင်များကို ပွတ်သပ်နေသော ရာဟန့်လက်သည် သူမ တစ်ကိုယ်လုံးမှာ ပြေးလွှားဆော့ကစားနေလေသည်။ကြွေထည်ကဲ့သို့ ဖြူဖွေးနုဖတ်သော အသားအရေသည် ချောမွေ့သော်လည်း ဝါဂွမ်းလုံးလေးလို နူးညံ့သည်။
“ဟား.....ဟား….”
ချိုမြိန်သော ညည်းညူသံအချို့က သူမ၏ နှုတ်ခမ်းများကြားမှ လွတ်ထွက်လာသည်။ သူမသည် ရာဟန် ၏ လက်ချောင်းများကြောင့် အလှပဆုံး ခံစားချက်များ ရနေလေသည်။
"ရာဟန်"
သူမ၏ တီးတိုးရေရွတ်သံနှင့်အတူ သူ့အနမ်းမိုးက သည်းထန်စွာ ရွာချလာသည်။ သူမ၏ ချောမွတ်သော အသားအရေကို သူ့နှုတ်ခမ်းက လာထိလိုက်တိုင်း အနီရောင် မီးတောက်များ တဖွားဖွား ပွင့်ထွက်လာသလို အမှတ်အသားများက သူမတစ်ကိုယ်လုံးမှာ ပြည့်နှက်သွားသည်။ ရာဟန် သည် သူမ ခန္ဓာကိုယ်ကို ထပ်ခါတလဲလဲ ထိတွေ့နေတော့သည်။သူမ စိတ်ထဲမှာ အိမ်မက်တစ်ခုလို မိန်းမောနေရတာကြောင့် သူ့မျက်နှာကို လိုက်စမ်းလိုက်၏။
"…ကိုယ် ဒီမှာပါ...မင်းနဲ့ အတူ ရှိတယ်လေ"
သူ့တိုးတိုးလေးကို သူမ အူယားသွားပြီး လည်ပင်းမှ သိုင်းဖက်ထားလိုက်ပြန်သည်။သူမ ဆုပ်ကိုင်ထားသော နွေးထွေးမှုသည် လှည့်စားခြင်း မဟုတ်ပေ။
ရာဟန် မျက်လုံးများက အနည်းငယ် မှေးမှိန်သွားပြီး မိန်းမောနေသည့်အကြည့်များဖြင့် သူမ ပုခုံးပေါ်မှာ သူ့မျက်နှာကို အပ်ထားလိုက်သည်။
"...ကိုယ့်ကို လက်ခံပေးခဲ့လို့ ကျေးဇူးတင်တယ်"
တုန်ရီလှိုက်မောသော အသံတစ်ခုပင်။
"မင်းဒီကိုရောက်လာပေးတဲ့အတွက်လည်း ကိုယ် ကံကြမ္မာကြီးကို ကျေးဇူးတင်တယ်"
သူမ မဖြေတော့ဘဲ ခေါင်းသာညိတ်လိုက်သည်။ သူ့ခေါင်းကို သူမ ပုံခုံးပေါ်မှာ အပ်ထားသည့် ရာဟန် က သူ့ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။ သူ့အရာနှင့် ထိတွေ့ပြီးနောက် ရိုစီနာ ၏ ခန္ဓာကိုယ်သည် ဝရုန်းသုန်းကားဖြစ်သွားခဲ့သည်။
ဆိတ်ငြိမ်သော တောအုပ်ထဲတွင် ပွင့်နေသော ပန်းတစ်ပွင့်သည် တလက်လက် တောက်ပနေ၏။
ရာဟန် က ဆက်တိုက်ဆိုသလို သူမကို ချစ်ကြောင်း တတွတ်တွတ်ပြောဆိုနေမြဲပင်။
ထို့နောက် နောက်ဆုံးတွင် ထိုအရာချင်း တစ်သားတည်းဖြစ်လာသောအခါ ရိုစီနာ မျက်လုံးကို ဖြည်းညှင်းစွာဖွင့်ကြည့်လိုက်သည်။ ဟောင်းနွမ်းနေသည့် မီးခိုးရောင်အခန်းအတွင်းပိုင်းကို တောက်ပသော အလင်းရောင်တစ်ခု ထွန်းလင်းနေသည်ကို တွေ့ရလေသည်။ထိုအခါ ဝမ်းနည်းခြင်းနှင့် နာကျင်စရာ အမှတ်တရများသည် လှပသော အရောင်များဖြင့် ရုတ်တရက် တောက်ပလာခဲ့သည်။ သူမ ရာဟန် ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြန် လေသည်။ ယခုဆိာ ဤနေရာသည် ကောင်းသော အမှတ်တရတစ်ခုအဖြစ် သူမတို့ ရင်ထဲဝယ် ကျန်ရှိနေပေတော့မည် ဖြစ်သည်။
Xxxxx