အပိုင်း ၁၂၀(Side story. 15)
Viewers 13k

Chapter 120
Side story. 15

ဟာဘက် အင်ပါယာရှိ တစ်ခုတည်းသော အကယ်ဒမီ၊ အယ်လီဗီးနီးယား သည် နှစ်ရာနှင့်ချီ၍ အရည်အချင်းရှိသောသူများကို မွေးထုတ်ပေးခဲ့သည့် နေရာဖြစ်ပြီး အင်ပါယာအတွင်းသာမက အခြားနိုင်ငံများမှလည်း နိုင်ငံခြားသို့ ပညာသင်ကြားလာရန် ဂုဏ်သိက္ခာမြင့်မားသော နေရာတစ်ခုဖြစ်သည်။ ဝင်ခွင့်အတွက် အထူးသတ်မှတ်ချက်များ မရှိသော်လည်း ရာထူးကြီး မှူးမတ်များ၏ သားသမီးများသည် ကျောင်းသို့ ဧကန်မုချ ဝင်ရောက်နိုင်သည်ဟု အများက ခံယူထားသည်။

သို့သော် ယမန်နှစ်မှစ၍ သာမန်လူများကိုလည်း ကျောင်းသို့ ဝင်ခွင့်ပြုခဲ့သည်။အကြောင်းက အရည်အချင်းရှိသူတွေကို အခွင့်အရေးပေးသင့်တာကြောင့် ဖြစ်၏။ မှူးမတ်များသည် အစကတည်းက ဆန့်ကျင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ရိုစီနာ နှင့် ရာဟန် တို့၏ဆန္ဒကို မလွန်ဆန်နိုင်ခဲ့ပေ။ ယင်းအစား၊ အချို့သော အခြေအနေများကို သတ်မှတ်ခဲ့ကြပြီး သဘောတူညီချက်တစ်ခုရရှိပြီးနောက် ကျောင်းသားအများအပြားသည် ပြီးခဲ့သည့်နှစ်နွေဦးပေါက်မှ အကယ်ဒမီသို့ ဝင်ရောက်ခဲ့ကြသည်။

ပညာသင်ဆုစနစ်ကိုလည်း ပြန်လည်ဖွဲ့စည်းထားသောကြောင့် ကမ္ဘာတစ်ဝှမ်းမှ ထူးချွန်သူများ စတင် ပညာသင်ကြားလာကြသည်။ သို့သော် အစကတည်းက အကယ်ဒမီကို တက်ရောက်ခဲ့သော ရာထူးကြီး သားသမီးအများစုသည် ယင်းကို လက်မခံခဲ့ကြပေ။ အကြောင်းရင်းမှာ သာမန်လူများနှင့် တန်းတူမဖြစ်ချင်သောကြောင့် ဖြစ်သည်။ ထက်မြက်သော သဘောထားကြီးသော မှူးမတ်များသည် သာမန်လူများကို သိပ်ထည့်မတွက်တတ်ကြချေ။ အချို့ ပါမောက္ခများကလည်း အလားတူ ယူဆသောကြောင့် ပြဿနာမဖြစ်သော်လည်း အကယ်ဒမီ ကျောင်းမှာ ကျောင်းသားအချင်းချင်း ခွဲခြားဆက်ဆံခံရသည့် ကျောင်းသားအများအပြားရှိသည်။

"အင်း…ဒီနေ့အတွက် ဒါပါပဲ"

"ကျေးဇူးတင်ပါတယ်"

ပါမောက္ခကြီး၏ စကားကြောင့် ကျောင်းသားအားလုံး ချက်ချင်းထရပ်လိုက်ကြသည်။ အတန်းထဲတွင် တစ်နေကုန် ငြီးငွေ့သော မျက်နှာဖြင့် ထိုင်နေသော အီလီယန် သည် စာအုပ်များကို လွယ်အိတ်ထဲသို့ ထည့်လိုက်သည်။ သူ့စံနှုန်းနှင့် မကိုက်ညီသည့် အတန်းတွေတက်ဖို့ သူ့ကိုယ်သူ အတင်းအကြပ် ဖိအားပေးရသည်က ပျင်းစရာကောင်းလှသည်။ အီလီယန် သည် လွယ်အိတ်ကိုကိုင်ကာ ထိုင်ခုံမှထလာလျှင် အတန်းဖော်များက သူ့အနားကို ဝိုင်းဖွဲ့လာကြသည်။

"အီလီယန်...ငါတို့နဲ့ နေ့လည်စာအတူတူစားချင်လား"

ကလေးများ၏ မျက်လုံးများ တောက်ပနေကြသည်။ အီလီယန် က ကလေးတွေကို ခဏ ကြည့်ပြီး ခေါင်းခါလိုက်၏။

"ငါ အဆောင်ကိုပဲ ပြန်တော့မယ်ကွာ

"အင်း...မင်း စာပေပွဲတော်အတွက် ပြင်ဆင်နေလို့ အလုပ်များနေတာလား"

အကြောင်းပြချက်တစ်ခု မဟုတ်သော်လည်း အီလီယန် ပြန်ဖြေရမှာပျင်း၍ ဟုတ်သည်ဟု ပြန်ဖြေလိုက်သည်။ နေ့လယ်စာ အတူတူလာမစား၍ ကလေးတွေက စိတ်မကောင်းဖြစ်သွားသည့် ကလေးတွေက တခြားအကြံဉာဏ်တွေပေးလိုက်ကြသည်။

"ဒါဆို ငါတို့ အတူတူ အဆောင်ကို သွားရအောင်ကွာ"

အဆုံးတွင်၊ အီလီယန် သည် ကလေးများနှင့်အတူ မူလတန်း အဆောက်အအုံမှ ထွက်သွားခဲ့သည်။ အဆောင်သို့သွားရာလမ်းတစ်လျှောက်လုံးတွင် ကလေးများသည် အီလီယန် ကို ဝိုင်းကာ ငှက်ကလေးများကဲ့သို့ တစ်ယောက်တစ်ပေါက် အော်ဟစ်ပြောဆိုနေကြသည်။ အီလီယန် သည် အတန်းဖော်များကြားတွင် ရေပန်းစားသူပင်။ကလေးများသည် အပြင်ပန်းရုပ်ရည်ကို တန်ဖိုးထားကြလေသည်။

ထို့ကြောင့် ကလေးများသည် ရတနာကဲ့သို့ တောက်ပသောအသွင်အပြင်ရှိသော အီလီယန် နှင့် သူငယ်ချင်းဖြစ်လိုသည်မှာ သဘာဝကျပါသည်။ မရပ်မနားပြောဆိုနေကြသော ကလေးများသည် ခေတ္တရပ်ပြီး ကျောင်ဝင်းတွင်က ရှုခင်းများကို ကြည့်လိုက်ကြသည်။ မနေ့ကအထိ မတွေ့ဖူးသေးသည့် ပစ္စည်းများဖြင့် အလှဆင်ထားတာဖြစ်သည်။ လမ်းများပေါ်တွင် ပန်းများဖြင့် စီတန်းအလှဆင်ထားပြီး ဆိုင်တိုင်းတွင်လည်း အလံများ ချိတ်ဆွဲထားသည်။ ထို့အပြင် လမ်းတစ်လျှောက်တွင် ပထမဆုံးလာရောက်လည်ပတ်သူများအတွက် ဆိုင်းဘုတ်များလည်း ထောင်ထားသည်။

“တစ်ခုခုတော့ အများကြီး ပြောင်းလဲသွားတယ်...လူတွေအများကြီးလည်း ရောက်လာပါလား"

“စာပေပွဲတော်အတွက် ပြင်ဆင်နေတာလေ"

အကယ်ဒမီမှ စာပေပွဲတော်သည် အကယ်ဒမီ၏ ဂုဏ်သိက္ခာအရှိဆုံးပွဲများထဲမှ တစ်ခုဖြစ်၍ ထူးချွန်သူတွေ အများအပြားကလည်း တက်ရောက်လာကြ၏။ ထို့အပြင် ပွဲတော်သို့ တက်ရောက်လာကြသည့် ကျောင်းသားများသည် လပေါင်းများစွာ ကြိုတင်ပြင်ဆင်ထားရသည်အထိ စိတ်အားထက်သန်နေကြသည်။ အဘယ်ကြောင့်ဆိုသော် စာပေပွဲတော်သည် သူတို့၏ အရည်အချင်းများကို အပြည့်အ၀သရုပ်ပြနိုင်ပြီး နာမည်ကြီးချင်တာကြောင့်ပင်။သို့သော် သူတို့အားလုံး စာပေပွဲတော်ကို မတက်ရောက်နိုင်ကြပေ။အကယ်ဒမီ၏ ပညာရေးစနစ်အား မူလတန်းကျောင်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းဟူ၍ ပိုင်းခြားထားပြီး အဖွဲ့တစ်ခုစီမှ အတော်ဆုံး ကျောင်းသားများသာ ပါဝင်ခွင့်ရှိပေသည်။

မူလတန်းကျောင်းသားများ နေထိုင်ရာ အဆောင်မှ သူ့အခန်းသို့ ရောက်လာသောအခါ ကလေးငယ်များက အီလီယန်ကို လက်ပြနှုတ်ဆက်လိုက်ကြသည်။

"သွားတော့မယ်"

"မနက်ဖြန်တွေ့မယ်နော်"

အီလီယန် က ကလေးတွေကို နှုတ်ဆက်ပြီး အဆောင်ထဲကို ချက်ချင်းဝင်သွားသည်။ သူ့အခန်းထဲရောက်သည်နှင့် ယူနီဖောင်းကို ချွတ်ပြီး ချိတ်ပေါ်မှာ ချိတ်ထားလိုက်သည်။ သက်တောင့်သက်သာရှိသော အဝတ်အစားများ ၀တ်ဆင်ပြီးနောက် အီလီယန် သည် ပြတင်းပေါက်ကိုဖွင့်ကာ ထိုင်နေခဲ့သည်။ အဆောင်အောက်ထပ်တွင် မှာ စာပေပွဲတော်အတွက် ပြင်ဆင်မှုများနှင့် ဆူညံနေသေးသည်။

တစ်ကယ်တော့ အီလီယန် ဟာ စာပေပွဲတော်ကို တက်ရောက်ဖို့ ရည်ရွယ်ချက်မရှိပေ။ တတ်နိုင်သမျှ သူသည် မထင်မရှားသာ နေထိုင်ခဲ့သောကြောင့် စာပေပွဲတော်သို့ သူသွားလျှင်တောင် အကျိုးမရှိပေ။ သို့သော် မလိုလားသော်လည်း၊ ကံကြမ္မာသည် သူ့ဆီကို တွန်းပို့ခဲ့သည်။

"ဒီစာမေးပွဲက ဒီလောက်ခက်မယ်လို့ မမျှော်လင့်ထားဘူးကွာ"

မကြာသေးမီက စာပေပွဲတော်တွင် ပါဝင်မည့် ကျောင်းသားများကို ရွေးချယ်ရန်အတွက် စာမေးပွဲတစ်ခု ဖြေဆိုခဲ့သည်။ အီလီယန် သည် ပုံမှန်အတိုင်း စာမေးပွဲကို အတန်အသင့် ဖြေဆိုနိုင်ခဲ့သော်လည်း ဤစာမေးပွဲမှာ ကျောင်းသားအများစု ကျခဲ့သည်။ ထို့ကြောင့် သမိုင်းနှင့် မှော်သိပ္ပံတွင် ထူးချွန်သော အမှတ်များများရခဲ့သော အီလီယန် သည် မူလတန်းကျောင်းစာပေပွဲတော်သို့ တက်ရောက်ရမည်ဖြစ်သည်။ အီလီယန် သည် ပြတင်းပေါက်ဘေးတွင်ထိုင်ကာ လေနုအေးကိုခံစားရင်း အကယ်ဒမီကို သူ ရောက်လာချိန်က ဘယ်လောက်ကြာသွားမှန်း တွက်ချက်ခဲ့သည်။ သူ၏ သရုပ်မှန် ကို ဖုံးကွယ်ထားရင်း အကယ်ဒမီကို ၀င်လာသည်မှာ တစ်နှစ်ခွဲရှိပြီဖြစ်သည်။ ထိုအချိန်တွင်း သူ လုပ်စရာများစွာရှိခဲ့သည်။

ကျောင်းစတက်သည့်နေ့ကစပြီး အီလီယန် ဟာ ရုပ်ချောလှသည့်အတွက် အဆင့်မြင့် ရာထူးကြီးသူ၏သားအဖြစ် အထင်လွဲခံခဲ့ရသည်။ သို့ရာတွင်၊ အီလီယန် ဆက်ပြီး ဟန်ဆောင်ထားသည်။ သူလျှို့ဝှက်ထားရသည့် အကြောင်းရင်းကို ဘယ်သူမှ မရိပ်မိကြဘဲ သာမန်လူတစ်ဦး ဖြစ်ကြောင်း ယုံကြည်သွားကြ၏။ လူတွေသာ အများကြီးရှိနေပါက သူ့ကို မှတ်မိသူရှိနိုင်သော်လည်း၊ယခုလို လက်တစ်ဆုပ်စာလူများကြားတွင် ပိပိရိရိလိမ်လည်နိုင်ခဲ့၏။ သူသည် ဘုရင်မင်းမြတ်နှင့် မည်မျှပင် တူသည်ဖြစ်စေ၊ အကယ်ဒမီကျောင်းသားများထဲတွင် ဘုရင်မင်းမြတ်၏ မျက်နှာကို လူကိုယ်တိုင်မြင်တွေ့ဖူးသူက ရှားပါးလှသည်။ သူ၏ လှပသော ရုပ်ရည်အသွင်အပြင်ကြောင့် ဝိုင်းပယ်ခြင်းမခံရသော်လည်း သာမန်လူတစ်ဦးအဖြစ် လူသိများသောကြောင့် ခွဲခြားဆက်ဆံခံရသည်။ သို့တိုင် အီလီယန် သည် သူ၏ငြိမ်းချမ်းသောနေ့စဉ်ဘ၀ကို ကျေနပ်နေခဲ့သည်။ ဤစာပေပွဲတော်ကလွဲ၍ဟု ဆိုရပေမည်။

အောက်ထပ်တွင် ဆူညံနေသည်နှင့်အမျှ အီလီယန် သည် ပြတင်းပေါက်မှ ငေးမိငေးရာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ မှူးမတ်များ၏ သားသမီးများ ဖြစ်ဟန်တူသော လူအနည်းငယ်သည် သာမန်ကလေးငယ်များကို နှောင့်ယှက်နေကြသည်ကို မြင်လိုက်ရတော့ သူ အလိုလို မျက်မှောင်ကြုတ်လိုက်မိသည်။ အကယ်ဒမီမှာ ရှိနေသရွေ့ သူတို့အားလုံး ကျောင်းသားတွေသာ ဖြစ်ကြသော်လည်း တစ်ချို့က ခွဲခြားဆက်ဆံရသည်ကို သဘောကျကြသည်။ အီလီယန် သည် အကယ်ဒမီတွင် ရှိနေစဉ်အတွင်း သူ စိတ်ကူးထားသလို မဟုတ်ဘဲ၊ ခွဲခြားဆက်ဆံခံရခြင်းကို အနည်းငယ် ခံစားခဲ့ရသည်။မနာလိုစိတ်များသည် တဖြည်းဖြည်း သူ့ဆီကို ဦးတည်လာကြသည်။

အောက်ထပ်တွင် ပို၍ဆူညံလာသည်နှင့်အမျှ အီလီယန် ဘေးဖယ်ထားသောခွက်ကို ယူလိုက်သည်။ထို့နောက် ပန်းအိုးကို ရေလောင်းသလိုမျိုး ခွက်ကို စောင်းလိုက်သည့်အခါ အထဲက ရေတွေက အောက်ကို ဖိတ်ကျသွားတော့သည်။ သာမန်ပြည်သူတွေကို အနိုင်ကျင့်နေသည့် ရာထူးကြီးသူများ၏ ကလေးငယ်များသည် ရေစိုသွား၍ စူးကနဲ အော်လိုက်ကြသည်။

"အိုး....အေးလိုက်တာ...ဘယ်သူလဲကွ...."

သူတို့ စိတ်ဆိုးသွားကာ အော်ဟစ်နေကြ၏။

ထို့နောက် အီလီယန် သည် ပြတင်းပေါက်အနားမှ ဖြည်းညှင်းစွာထပြီး အိမ်စာလုပ်ရန် တွေးနေမိသည်။သူ စားပွဲရှေ့မှာ ထိုင်ခါနီးတွင် ပြတင်းပေါက်မှ လေပြင်းများ တိုက်ခတ်လာသည်။ မြက်နံ့နှင့် နေရောင်တို့က အခန်းထဲသို့ တိုးဝင်လာနေသဖြင့် အီလီယန် သူ့ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ရာ လေတိုက်၍ လွင့်ခါနေသော ကန့်လန့်ကာများရှေ့တွင် သစ်ပင်ရိပ်ကဲ့သို့ လူကြီးတစ်ယောက် ရပ်နေသည်ကို တွေ့ရလေသည်။

"မတွေ့ရတာကြာပြီနော်"

မကောင်းဆိုးဝါးများကို ဦးဆောင်သူက အီလီယန်ကို နှုတ်ဆက်လိုက်သည်။ ရာဟန် သည် ထိုလူကိုကြည့်ကာ စားပွဲရှေ့တွင် ထိုင်ချလိုက်သည်။သို့သော်၊ မကောင်းဆိုးဝါးလူသားသည် သစ်ပင်ကြီးတစ်ပင်ကဲ့သို့ နေရာမှ မရွေ့တော့ပေ။

"ဘာလုပ်နေတာလဲ…ဒီကိုလာထိုင်"

အီလီယန် က ကုလားထိုင်လေးကို ပုတ်ပြလိုက်ရာ ထိုလူသည် ဖြည်းဖြည်းချင်း လှမ်းလာသည်။ သူက လူသားပုံစံရှိ‌သော်လည်း မကောင်းဆိုးဝါးတစ်ကောင်ပင်။ သူတို့နှစ်ယောက် စတွေ့ကတည်းက၊ ထိုအမျိုးသားသည် အီလီယန် ဆီကို ပုံမှန်လည်ပတ်လာခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက်တွေ့ဖို့ ကတိမပေးထား သော်လည်း အကယ်ဒမီမတက်ခင်ကရော၊ မိသားစုခရီးထွက်သည့်အခါကလည်း ပေါ်လာခဲ့ဖူးသည်။

"ဒီမှာ"

အီလီယန် သည် သေတ္တာထဲတွင် သိမ်းဆည်းထားသော သကြားလုံးများကို ထုတ်လိုက်သည်။ ထိုလူက သူ့ကို ကြည့်ကာ သကြားလုံးကို လှမ်းယူလိုက်ပြ မစားသော်ငြား အနံ့ကို ရှူလိုက်ပါက စားလိုက်သလို အတူတူပင်ဖြစ်သည်။ အီလီယန် သည် ထိုလူအား လက်ဖက်ရည်တိုက်လေ့ရှိသော်လည်း ယနေ့တွင် သူ့မှာ လက်ဖက်ရည် အဆင်သင့်မရှိပေ။

ဘေးချင်းကပ်ထိုင်နေသော နှစ်ယောက်ကြားတွင် တိတ်ဆိတ်ငြိမ်သက်သွားသည် ။ တခြားသူတွေလို စကားအများကြီး မပြောဖြစ်ပေ။ သူသည် အီလီယန် ကို ပထမဆုံးစတွေ့ကတည်းက ဘုရင်တစ်ပါးအဖြစ် သဘောထားပြီး အနားမှာ အမှုထမ်းခဲ့တာဖြစ်သည်။ တစ်နေ့နေ့တွင် အီလီယန် ကြီးပြင်းလာပြီး မကောင်းဆိုးဝါးများဘက်သို့ ပြန်လာရန် သူ့စိတ်ထဲမှာ ဆန္ဒရှိသော်လည်း သူ့ကို အတင်းအကြပ် မတောင်းဆိုခဲ့ပေ။ အီလီယန် ကလည်း သူ့ကို သဘောကျသည်။အဘယ်ကြောင့်ဆိုသော် သူသည် အခြားသူများကဲ့သို့ သူ့ကို စိတ်အနှောက်အယှက်မဖြစ်စေဘဲ ကူညီပေးခဲ့သောကြောင့်ဖြစ်သည်။

ထိုလူသည် လူသားမဟုတ်သောကြောင့် အီလီယန် က ဘယ်လို အဓိပ္ပါယ်မရှိသည့် စကားကို ပြောပြော၊ မဖြစ် ဖြစ်အောင်လုပ်ပေးနိုင်သည်။ သူက အမြဲ အီလီယန်ကို ကြည့်နေပြီး တစ်ခုခုဖြစ်လာလျှင်လည်း ဖြေရှင်းပေးတတ်သည်။အီလီယန် သည် ထိုလူအား သူ့အတွက် အရိပ်သူရဲကောင်း တစ်ယောက်လို သဘောထားသည်။

ထိုစဉ် တံခါးခေါက်သံကြားရ၍ထိုလူသည် အခိုးအငွေ့တစ်ခုလို ပျောက်ကွယ်သွားလျှင် အီလီယန် ထလာကာ တံခါးရှေ့တွင် ရပ်လိုက်သည်။

"ဘယ်သူလဲ"

"ပါမောက္ခ မီလီရော့ ပါ"

အီလီယန် သည် တံခါးတစ်ဖက်မှ ထွက်ပေါ်လာသော စူးရှသော အသံကြောင့် အနည်းငယ် မျက်မှောင်ကြုတ်မိသည်။ အီလီယန် တံခါးကို ဖွင့်လိုက်တော့ အရပ်မြင့်မြင့်နှင့်၊ ပိန်ပိန်ပါးပါး ပရော်ဖက်ဆာတစ်ယောက် သူ့ရှေ့မှာ ရပ်နေသည်။

"စာရွက်လာပို့ဖို့ မေ့သွားလို့ လာခဲ့တာ"

သူမသည် စာရွက်များကို အီလီယန်အား ပေးအပ်ပြီး အခန်းတစ်ဝိုက်ကို တစ်ချက်ကြည့်လိုက်သည်။ သာမာန်အခန်း ဖြစ်ပြီး ဘာမှ မထူးခြားချေ။

"စာပေပွဲတော်အတွက် ပြင်ဆင်မှုတွေ အဆင်ပြေရဲ့လား"

“ဟုတ်ကဲ့…”

ပစ္စည်း ပေးရန် အကြောင်းပြ၍ ထောက်လှမ်းဖို့ ရောက်လာပုံရသည်။ စားပွဲပေါ်မှာ ဘာတစ်ခုမှ မရှိဘူးဆိုတာကို သိလိုက်ရ၍ သူမ ပြုံးလိုက်သည်။

"ပွဲတော်မှာ အရှက်မကွဲချင်ရင်တော့ ပြင်ဆင်ထားရင် ပိုကောင်းတာပေါ့... အားလပ်ရက်ကြီးမှာ စာကျက်ရမယ် မဟုတ်လား"

ပါမောက္ခ မီလီရော့ စကားကို အီလီယန် ကြောင်စီစီဖြစ်သွားရသည်။စေတန်လို ဆိုးသွမ်းသည့် သူမ မျက်နှာက အမြဲအေးစက် ကောက်ကျစ်လျက်ရှိသည်။ ထို့အပြင် ဤပါမောက္ခသည် သူ၏ ချောမောလှသော ရုပ်ရည်အသွင်အပြင်ကိုမကြိုက်သော အကယ်ဒမီရှိ တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်သည်။ အီလီယန် က ပါးနပ်သော အပြုံးဖြင့် ပြန်ပြောသည် ။

"ဟင်း.... မင်းသား ဟယ်မလွန်က ဟာဘက် သမိုင်း ဒုတိယအတွဲကို အခုထိ မရသေးဘူးလို့ ကြားတယ်"

မင်းသား ဟယ်မလွန် သည် စာပေပွဲတော်တွင် ပါဝင်မည့်သူဖြစ်ပြီး ပါမောက္ခ မီလီရော့ ၏ အချိန်ပြည့်ကျောင်းသားဖြစ်သလို အီလီယန် ၏ ပြိုင်ဘက်ဖြစ်သည်။

"သူ မရသေးဘူးတဲ့လား..."

သူမ လက်သီးကို ဆုပ်ထားပြီး ချက်ချင်း ထွက်သွားတော့မလို ပြင်လိုက်၏။ထို့နောက် သူမ တံခါးကိုပိတ်ပြီး ထွက်သွားလေသည်။ ပါမောက္ခတစ်ဦးစီသည် ဤပညာသင်နှစ်ပွဲတော်သို့ တက်ရောက်ရန် ကျောင်းသားတစ်ဦးစီကို တာဝန်ယူ ခေါ်ဆောင်သွားရမည်ဖြစ်သည်။ ပညာရေးပွဲတော်မှာ အနိုင်ရသည့် ကျောင်းသားအတွက် သူ၏ သက်ဆိုင်သူ ပါမောက္ခကလည်း ဂုဏ်ယူနေမှာအမှန်ပင်။ ပရော်ဖက်ဆာ မီလီရော့ ကြည့်မရဖြစ်နေသော ကျူရှင်ဆရာ ဂရီအော နှင့် အီလီယန် သည် စာပေပွဲတော်ကို တက်ရောက်မည်ဖြစ်သည်။

ပရော်ဖက်ဆာ မီလီရော့ နှင့် အီလီယန် တို့သည် အပြင်းအထန် ရန်ငြိုးရှိထားခဲ့၏။ ယမန်နှစ်က အကယ်ဒမီသို့ ဝင်ရောက်ခဲ့သော အီလီယန် သည် ကလေးများစွာ၏ အာရုံကို ဖမ်းစားခဲ့သည်။ ပရော်ဖက်ဆာ မီလီရော့ သည်လည်း အီလီယန် ၏ ရုပ်ရည်အသွင်အပြင်နှင့် ညဏ်ရည်ဉာဏ်သွေးကို သဘောကျခဲ့ပြီး သူမ၏ ကျောင်းသားအနေနှင့် စာပေပွဲတော်တွင် ပါဝင်ရန် ဆွဲဆောင်ခဲ့သည်။

သို့သော် အီလီယန် က ပရော်ဖက်ဆာ မီလီရော့ ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။ သူမ၏ တစ်ကိုယ်ကောင်းဆန်ပြီး ဖိအားပေးတတ်သည့် စရိုက်ကိုမကြိုက်သလို၊သူမ၏ အရည်အချင်းများသည် ဂရီအော ထက် များစွာ နိမ့်ကျနေသောကြောင့် ဖြစ်သည်။ထို့အပြင် သူမသည် သာမန်ကျောင်းသားများကို ခွဲခြားဆက်ဆံသည်ဟု ကျောင်းသားများကြားတွင် ကောလဟာလများ ထွက်ပေါ်နေသည်။

ထိုအချိန်တွင်၊ အီလီယန် က သာမန်လူတစ်‌ေယာက်ဖြစ်ကြောင်း ကောလာဟလများ ပျံ့နှံ့သွားပြီး ပရော်ဖက်ဆာ မီလီရော့ ကလည်း လက်တုံ့ပြန်လို၍ ရံဖန်ရံခါ သူနှင့် စကားများရန်ဖြစ်ခဲ့ရသည်။ အီလီယန် သည် သူမနှင့် မဆက်ဆံချင်တော့၍ ခပ်တန်းတန်းသာ နေခဲ့သည်။ သို့သော်လည်း ပရော်ဖက်ဆာ မီလီရော့ သည် အခြား သာမန်ကျောင်းသားများကို အရှက်ရစေသည့်အချိန်ဆိုပါက သူ လျစ်လျူရှုမထားနိုင်ပေ။သာမာန်ဆိုလျှင် အီလီယန် သည် သူမကို လေညှင်းတစ်ခုလိုသာ သဘောထားခဲ့တာဖြစ်သည်။

အချိန်တွေကြာလာသည်နှင့်အမျှ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ပိုဆိုးလာပြီး စာပေပွဲတော်မှာ သူမသည် အီလီယန် ကို ပညာပြချင်၍ သူမ ဓားကိုအကြိမ်ကြိမ်‌ သွေးနေခဲ့သည်။

"အရှင်မင်းကြီး... ကျွန်တော် သူမကို ဖြေရှင်းလိုက်ရမလား..."

တစ်နေရာမှ ရုတ်တရက် ပေါ်လာသော လူတစ်ယောက်သည် ပိတ်ထားသော တံခါးကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ အီလီယန် ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်သည်။

"ကျွန်တော် တစ်ခုခုကို လိုချင်​တာ​တောင်​ ကိုယ့်​ဘာသာကိုယ် လုပ်​မှာပါ"

ပါမောက္ခကို အပြစ်ပေးချင်လျှင်တောင်မှ တစ်ခြားသူတွေကို မအပ်ချင်ပေ။ ဤကောက်ကျစ်သောကိုယ်ရည်ကိုယ်သွေးသည် ရာဟန် နှင့်ဆင်တူလှသည်။ အီလီယန် က ပါမောက္ခ မီလီရော့ ကို ပညာပေးသင့်သည်ဟု တွေးလိုက်မိသည်။အကယ်၍ သူသည် မင်းသား ဟယ်မလွန် ကိုအနိုင်ယူပြီး ယခုနှစ်အကယ်ဒမီပွဲတော်ကို အနိုင်ရပါက၊ ပရော်ဖက်ဆာ မီလီရော့ ၏ ပျက်ယွင်းနေသော မျက်နှာကို မြင်တွေ့ရကျိုးနပ်သွားမည်ဖြစ်သည်။ သို့တိုင်၊ သူသည် အလွန်အမင်း ပေါ်လွင်နေမှာစိုး၍ နောက်ဆုံးကျမှ အနိုင်ရဖို့ အကွက်ထုတ်သုံးမည်ဟု တွေးမိသည်။ ဤမျှအထိ အစီအစဥ်ချထားသည့် အီလီယန် သည် ထိုလူကို တစ်ချက်ကြည့်လိုက်သည်။

"မသွားသေးဘူးလား"

သူသည် မကောင်းဆိုးဝါးများ၏ ခေါင်းဆောင်ဖြစ်သောကြောင့် အီလီယန် ထက် လုပ်စရာများ ပိုများသည်။ သို့သော် ထိုလူက အခုထိ မပြန်သေးပေ။

“မြန်မြန်သွား"

ယခု စာကျက်ရတော့မည်ဟု ပြောလိုက်သည့် လက်ဝှေ့ယမ်းလိုက်သည့်အခါ ထိုလူ တုံ့ဆိုင်းသွားပြီးမှ ခေါင်းကိုငုံ့ပြီး မီးခိုးလို ပျောက်သွားတော့သည်။



Xxxxx