Chapter 123
Side story. 18
ရာဟန် သည် နံနက်ခင်းတွင် နွေရာသီနန်းတော်မှ ထွက်ခွာသွားပြီး ယနေ့ အိမ်နောက်ဖေးတွင် ညစာစားသင့်ကြောင်း အကြံပြုခဲ့သည်။ အလုပ်များသည့်နေ့တွေ ကုန်ဆုံးသွားသဖြင့် ညနေစောင်းမှာ ရိုစီနာ က ကြိုဝယ်ထားသည် လက်ဆောင်နှင့်အတူ အိမ်နောက်ဖေးကို ထွက်လာခဲ့၏။ ရိုစီနာ သည် ဥယျာဉ်ကို ဖြတ်ကျော်လာသည်နှင့်အမျှ ခြေလှမ်းများ အနည်းငယ် နှေးကွေးသွားရသည်။ အစောကြီး ထွက်သွားကတည်းက လမ်းလျှောက်ဖို့ တွေးနေမိသည်။ နွေဦးနှောင်းပိုင်းဖြစ်သောကြောင့် နေမ၀င်သေးဘဲ ပတ်ဝန်းကျင်သည် တောက်ပနေဆဲဖြစ်သည်။ လေထဲမှာ သစ်ရွက်ခြောက်သံ တချောက်ချောက်ကြားရတာက ကြည်နူးစရာပင်။ ပန်းတွေ၏ ရနံ့သင်းသင်းလေးက အိမ်နောက်ဖေးကို လွှမ်းခြုံထားသလိုပင်။
သူမ အိမ်နောက်ဖေးထောင့်ကို လှည့်ကြည့်ချိန်မှာ....
"ရိုစီနာ"
“!”
ရိုစီနာ အံ့သြသွားပြီး နောက်ပြန်လှည့်ကာ ထိုလူ့မျက်နှာကို ကြည့်လိုက်သည်။ ယူနီဖောင်းဝတ်ထားသည့် ရာဟန် က လှမ်းခေါ်လိုက်တာပင်။
"အံ့သြသွားလား"
ရာဟန် က တောင်းပန်သည့်မျက်နှာထားနှင့် မေးလာသည့်အခါ ရိုစီနာ ခေါင်းညိတ်ပြလိုက်သည်။
"တောင်းပန်ပါတယ်...အဝေးက လာရတာဆိုတော့ ဘာမှတောင် အဝတ်အစားမလဲထားမိဘူး"
ရိုစီနာ သည် ထိတ်လန့်တုန်လှုပ်နေသော နှလုံးသားကို ငြိမ်သက်စေပြီး အဆင်သင့်ဖြစ်နေပြီဟု ချက်ချင်း လက်လှမ်းပြလိုက်သည်။ သူမတစ်ယောက်တည်း လမ်းလျှောက်ရန်ထွက်လာသော်လည်း အတူတူလျှောက်လည်ခွင့်ရတာက ကံကောင်းတာပင်။ နှစ်ယောက်သား ဘေးချင်းကပ်လျက်ဖြင့် ညစာပြင်ထားသည့် စားပွဲဆီသို့ လျှောက်သွားလိုက်ကြသည်။
သို့နှင့်၊နှစ်ယောက်သား ညစာ ထိုင်စားပြီး ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေကို ဝေမျှကြသည်။ ထူးခြားသော အကြောင်းအရာများ မပါဝင်သော်လည်း ပျော်ရွှင်စရာအချိန်ဖြစ်သည်။ စားသောက်ပြီးသောအခါ လက်ဖက်ရည်နှင့် အချိုပွဲများကို စားသောက်ကြသည်။
"ဒီနေ့ ဘာနေ့လဲ သိလား"
ရိုစီနာက ကိုင်ထားသည့် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပြုံးရင်း ပြန်ဖြေလိုက်သည်။
"ရှင် နဲ့ ကျွန်မ ဆုံတာ 10 နှစ်တောင် ရှိသွားပြီ"
"...ဒါဆို မင်းသိနေတာလား"
ရာဟန် သဘောကျသွားသည်။ ထူးထူးခြားခြား ဖြစ်သည့်နေ့တစ်နေ့ဟုထင်နေသူက သူတစ်ယောက်တည်း မဟုတ်တော့ပေ။ သူက အင်္ကျီအိတ်ကို ခဏလောက် ကိုင်ထားရင်း ညည်းတွားလိုက်သည်။
"တစ်ကယ်တော့ ကိုယ် လုပ်ချင်တာတွေ အများကြီးရှိပေမယ့်... ကိုယ် ထိန်းထားပါတယ်"
လက်ဆောင်များအကြောင်း ရိုစီနာ နှင့် ငြင်းခုံပြီးကတည်းက သူသည် လက်ဆောင်များ အလွန်အကျွံပေးခြင်းမှ ရှောင်ကြဉ်ခဲ့သည်။ တစ်ခုခု ပေးချင်လျှင် ကြိုပြီး ခွင့်တောင်းတတ်သည်။
“ဒါပေမယ့် လက်ဆောင်လေးတစ်ခုတော့ ပြင်လိုက်မိတယ်”
ရာဟန် သည် သူ့လက်ထဲမှ သေတ္တာလေးကို ထုတ်ယူလိုက်သည်။ ရိုစီနာ ကလည်း ထိုသို့ ဖြစ်လာမှာကို ကြိုသိနေတာကြောင့် သူမ ပြင်ဆင်ထားသည့်သေတ္တာကို လျှို့ဝှက်ပြီး ထုတ်ယူခဲ့သည်။
"ကျွန်မမှာလည်း ရှင့်အတွက် တစ်ခုခု ရှိတယ်"
သေတ္တာနှစ်လုံးကို စားပွဲပေါ် တစ်ပြိုင်နက်တင်လိုက်သည်။ သေတ္တာများသည် အရွယ်အစား တူညီကြပြီး ထုပ်ပိုးမှုပုံစံမှာလည်း အတူတူပင် ဖြစ်သည်။
"ဒါတွေကို တစ်ချိန်တည်းမှာ ဖွင့်လိုက်ရင် ဘယ်လိုလဲ"
ရာဟန် က ခေါင်းညိတ်ပြပြီး ရိုစီနာ နှင့် အတူ သေတ္တာကို ဖွင့်လိုက်သည်။
“……”
နှစ်ယောက်သား စကားတစ်ခွန်းမှ မပြောနိုင်ကြ။ သူတို့အချင်းချင်း လည်ဆွဲဆင်တူကို တိုက်တိုက်ဆိုင်ဆိုင် ဝယ်လာမိသည်က အံ့အားသင့်စရာ ကောင်းလှ၏။ မတူတာ ဆို၍ အလယ်ဗဟိုရှိ ကျောက်မျက်ရတနာများက တစ်ယောက်များလုံးကို တစ်ယောက် ကိုယ်စားပြုသည့် အရောင်များဖြစ်သည်။
ရိုစီနာ နှင့် ရာဟန် တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြသည်။ ညစာစားပြီးနောက် နှစ်ယောက်သား ပန်းခြံထဲ လမ်းလျှောက်ထွက်ကြသည်။ ညနေခင်း နွေဦးလေပြေမှာ လမ်းလျှောက်ထွက်ရတာထက် ဘယ်အရာကမှ ပိုကောင်းနိုင်မှာ မဟုတ်ပေ။ ညနေစောင်းတော့ ရိုစီနာ သည် နွေရာသီ နန်းတော် ကိုပြန်ပြီး ရေချိုးဖို့ ရေချိုးခန်းထဲကို ချက်ချင်းဝင်သွားလိုက်သည်။ သူမ ရေချိုးခန်းထဲက ထွက်လာချိန်မှာ ကုတင်ပေါ်ထိုင်နေသည့် ရာဟန် ကို မြင်လိုက်ရသည်။ သူ့ကြည့်ရတာက တစ်ခုခုကို အာရုံစိုက်နေပုံပင်။
"ဘာကြည့်နေတာလဲ"
ရိုစီနာ ၏မေးခွန်းကို ရာဟန် က ခေါင်းသာညိတ်ပြလိုက်သည်။ထို့နောက် ထလာပြီး ရိုစီနာ ဆီ လျှောက်သွား၍ မျက်နှာသုတ်ပုဝါကို ယူလိုက်၏။ထို့နောက် သူမ ဆံပင်ကို ရေသုတ်ပေးရင်း...
"ကိုယ်တို့ရဲ့ အမှတ်တရတွေကို သိမ်းဆည်းထားခဲ့တဲ့ အရာတွေကို ကိုယ် ကြည့်နေတာ"
ကုတင်ပေါ်တွင် ပြန့်ကျဲနေသော အရာအချို့ရှိနေသည်။ အချိန်အတော်ကြာပြီဖြစ်သော ဗီရိုထဲကသိမ်းထားသော အဝတ်အစားများနှင့် စာရေးကိရိယာများ၊ သူမ ပေးခဲ့သော ဘောပင်၊ ပွဲတော်တွင် အတူဝယ်ခဲ့သော အာစတေးနီးယား ဖြစ် လက်ပတ်များ
မနေ့ကလို ရှင်းရှင်းလင်းလင်းဖြစ်နေသည့် သူမ ခဏမေ့ထားခဲ့သည့် အရာတွေရှိနေကြသည်။
"ရှင် အဲဒါတွေအားလုံးကို သိမ်းထားတာလား"
“ဟုတ်တယ်… အဲ့ဒီ ပစ္စည်းတွေကို ကြည့်ပြီး အဲ့ဒီအခိုက်အတန့်တွေကို မှတ်မိနေမိတာပေါ့"
"ဟုတ်တာပေါ့...မေ့သွားချင်သလိုဖြစ်နေပြီ…”
ထိုအရာတွေက အရေးမပါသော်လည်း ထိုအခိုက်အတန့်တွေက ဖြစ်တည်လာခဲ့သော သူတို့နှစ်ယောက်၏ ခံစားချက်တွေကို သတိရလာခဲ့သည်။အတိတ်ကို ပြန်မသွားနိုင်လျှင်တောင်မှ ချစ်ရသူတွေနှင့် အမှတ်တရတွေ ဝေမျှခွင့်ရသည်။
ဆံပင်ကို ခြောက်အောင်သုတ်ပြီးသွားသော ရာဟန် သည် ရိုစီနာ နဖူးကိုနမ်းလိုက်သည်။ ရင်ခုန်သံများ အချင်းချင်း ပျံ့နှံ့လာသောအခါ ရိုစီနာ တစ်ခစ်ခစ် ရယ်လိုက်သည်။
ထို့နောက် နှစ်ယောက်သား ကုတင်ဘေးက စားပွဲဘေးမှာ ထိုင်လိုက်ကြပြီး ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု ကြည့်လိုက်ကြ၏။ အမှတ်တရများကို အချိန်အတော်ကြာကြည့်နေခဲ့သည့် ရိုစီနာ သည် သူမ အတွက် လည်ဆွဲပါရှိသော သေတ္တာကို ကိုင်ကြည့်နေသည်။
"ဒီနေ့ နောက်ထပ်တစ်ခု ထပ်ထည့်လို့ရတယ်"
သူမက လည်ဆွဲဆင်တူ ဝယ်ဖြစ်သွားမည်ဟု မထင်ထားကြောင်းနှင့် လည်ဆွဲနှစ်ခုက အတူတူရှိနေသည့်အခါ သူတို့နှစ်ယောက်လည်း တစ်သားတည်းခံစားရသည်ဟု ပြောရင်း သူမ ပြုံးလိုက်သည်။
"အခု လည်ဆွဲကို စမ်းကြည့်ချင်လား"
“အင်း”
အဖြေထွက်လာသည်နှင့်တစ်ပြိုင်နက် ရာဟန် ထကာ သူမ နောက်တွင်ရပ်လိုက်သည်။ သူမ အပေါ်တွင် ကြီးမားသောအရိပ်တစ်ခုနှင့်အတူ ရာဟန်သည် သူမ ဆံပင်များကို ပွတ်သပ်လိုက်သည်။ သူက ဆံပင်ကို ဘေးသို့ချလိုက်ပြီး ဖြောင့်စင်းဖြူဖွေးသည့် လည်တိုင်ကို ဖော်လိုက်သည်။ထို့နောက် သူမ လည်ပင်းတွင် လည်ဆွဲကို ဝတ်ပေးလိုက်တော့သည်။ အေးခဲသောသတ္တုက သူမကိုထိလိုက်သည်နှင့် ရိုစီနာ အနည်းငယ်တုန်လှုပ်သွားရသည်။
“လည်ဆွဲလက်ဆောင်ပေးတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ သိလား”
တိုးတိုး ပြောရင်း သူ့အသက်ရှုသံနှင့်အတူ သူမ၏ လည်ကုပ်ပေါ်သို့ အေးကနဲ ရောက်ရှိလာရကာ ဆွဲကြိုးကို ကလစ်ဟူသည့် အသံနှင့်အတူ ချိတ်၍ ရသွားလေလိုက်သည်။
"ကိုယ် မင်းနဲ့ တစ်သားတည်းဖြစ်ချင်တယ်လို့ ဆိုလိုတာပေါ့"
တိုးတိုးပြောသံကို နားထောင်ရင်း ရိုစီနာ ခဏလောက် လွတ်သွားခဲ့သည်။ထို့နောက် ခေါင်းကို မော့ကာ ရာဟန် ၏ မျက်လုံးများကို တည့်တည့်ကြည့်လိုက်သည်။ အပြာရောင် မျက်လုံးများသည် ယနေ့ မီးတောက်များကို ကြည့်နေသလို တလက်လက် တောက်ပလျက်ရှိသည်။ သူ့ရင်ထဲက ရှုပ်ယှက်ခတ်နေသော ခံစားချက်များကို ဖော်ပြထားသည့် အကြည့်များကြားတွင် ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လာလေသည်။ထို့နောက် သူ့နှုတ်ခမ်းများက သူ့ နှာခေါင်းကိုထိသွားသည်။ ပြီးလျှင်၊ ရာဟန် က သူမ ပါးပြင်ကို ပွတ်ရင်း မေးသည်။
"အဲ့ဒီလို တစ်သားတည်းဖြစ်ချင်လား"
ရိုစီနာ ပြန်မဖြေဘဲ သူမ လက်ကို သူ့လက်ဖမိုးတင်လိုက်သည်။ ထို့နောက် သူက သူမ လက်ကိုကိုင်ကာ ထိုင်ခုံမှ ဖြည်းညှင်းစွာထပြီး သူမ နှုတ်ခမ်းကို ထပ်နမ်းလိုက်သည်။ သူမ၏နှုတ်ခမ်းများ ဖြည်းညှင်းစွာ ကွဲထွက်သွားကာ မျက်ခွံများကပါ တလှုပ်လှုပ် တုန်ရီလျက်။
"ကိုယ်မင်းကို အကုန်ပေးမယ်"
ရာဟန် သည် ရိုစီနာ ၏ ပုခုံးများပေါ်တွင် သူ့လက်များကို ညင်သာစွာ ရစ်ပတ်သိုင်းဖွဲ့ပြီး သူမကို အိပ်ရာပေါ်သို့ ဦးဆောင်ခဲ့သည်။ ပျော့ပျောင်းသော အိပ်ယာသည် သူမခန္ဓာကိုယ်ကို စောင့်နေသလိုမျိုး နွေးထွေးမှု အပြည့်ပေးနေသည်။ ရိုစီနာ သည် ကုတင်ပေါ်တွင် လှဲအိပ်ရင်း ရာဟန် ကို မော့ကြည့်လိုက်သည်။ ရာဟန်က သူမကို သဘောကျသည့် အကြည့်ဖြင့် အမြဲကြည့်တတ်၏။ နှစ်တွေကြာလာ၍ အများကြီးပြောင်းလဲသွားလျှင်တောင် ထိုမျက်လုံးတွေက ဘယ်လိုမှ ပြောင်းလဲသွားမှာ မဟုတ်ပေ။ ရာဟန် သည် အနည်းငယ်စိုစွတ်နေသော သူမ ဆံပင်များကို နမ်းလိုက်ရာ
မွှေးပျံ့ပျံ့ ရှန်ပူရနံ့သည် သူ့နှာခေါင်းဖျားသို့ တိုးဝင်လာရသည်။ထို့နောက် သူမ ၏ လှပသောလည်ပင်းကို နှုတ်ခမ်းဖြင့် ပွတ်တိုက်လိုက်သည်။ သူ့နှုတ်ခမ်းတွေက သူမ အသားကို ထိလိုက်သည်နှင့် ရိုစီနာ တွန့်ကနဲဖြစ်သွားရသည်။သူက သူမကို ပြုံးပြလိုက်ရင်း…
"ကိုယ်တို့ ဒီနေ့ အီလီယန် ရဲ့ မွေးချင်းကို ယူမလား"
ဒုတိယမြောက်ရင်သွေးကို ရဖို့အတွက် ရိုစီနာ နှင့် ရာဟန် တို့ဟာ နှစ်အတော်ကြာ အတူလက်တွဲကြိုးစားခဲ့ကြသည်။သို့သော်လည်း သူတို့၏ ဒုတိယမြောက်ရင်သွေးကို မွေးဖွားဖို့ အခွင့်အလမ်းက ပေါ်မလာခဲ့ပေ။ နောင်တရစရာမရှိဘူးဟု ပြောပါက လိမ်ပြောရာ ကျပေလိမ့်မည်။ အရင်တုန်းက ရာဟန်သည် စိတ်ပျက်နေမိပြီး သူ့ကိုယ်သူ ပြဿနာရှိလားဟုတောင် တွေးမိသည်။ သူ့ကိုယ်သူ အပြစ်တင်မိသည့် အချိန်တွေလည်း ရှိခဲ့၏။ နောက်ပိုင်းတွင် ရာဟန် သည် ဒုတိယမြောက် ကလေးယူဖို့က တာဝန်တစ်ခုမဟုတ်ကြောင်း၊သူမအား အမြဲပြောခဲ့သည်။ ထို့ကြောင့် တဖြည်းဖြည်းနှင့် ရိုစီနာသည် သူမ၏ ဒုတိယမြောက်ရင်သွေးအတွက် ခံစားချက်တွေကို စွန့်လွှတ်ခဲ့ရသည်။ မျှော်လင့်ချက်တွေကို လွှတ်ချလိုက်တော့ သူမစိတ်တွေ ပေါ့ပါးလာခဲ့ရ၏။
ရာဟန် သည် သူမကို ညှိုးငယ်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ သူမကိုယ်တိုင်က ဒုတိယမြောက်ကလေးကို ဘယ်လောက်လိုချင်မှန်း သူသိနေသည်။ထို့နောက် ရိုစီနာ က ရာဟန် ကို ဖက်ပြီး တိုးတိုးပြောသည် ။
“ဒီနေ့ ဒုတိယကလေး မလာရင်တောင် ရပါတယ်… ဘာလို့လဲဆိုတော့ ကျွန်မမှာ ရှင်နဲ့ အီလီယန် ရှိတယ်လေ"
"ကိုယ်ရောပဲ"
ထို့နောက် ရာဟန် သည် ရိုစီနာ ၏ ညဝတ်အင်္ကျီကို အနည်းငယ် ဆွဲချလိုက်ရာ တစ်ခန်းလုံး။လင်းထိန်သွားသလိုပင်။ထို့နောက် သူမ အသားပေါ်မှာ သူ့မျက်နှာကိုအပ်ထားပြီး အသက်ရှူသွင်းလိုက်သည်။ ဘယ်လောက်ပဲ လိုချင်တပ်မက်နေပါစေ၊သူ့အတွက် ဘယ်တော့မှ မငြီးငွေ့သွားချေ။ ယင်းအစား သူ့နှလုံးသားသည် ပထမဆုံးအခိုက်အတန့်ကဲ့သို့ လန်းဆန်းနေခဲ့သည်။ လတ်ဆတ်သောပန်းများ၏ ရနံ့သည် တစ်ခန်းလုံး ရစ်ပတ်လွှမ်းမိုးထားပြီး ရာဟန် က သူ့နှုတ်ခမ်းများကို သူမ အရေပြားပေါ်ကို ညင်သာစွာ ဖိလိုက်ရာ ပန်းသေးသေးလေးတစ်ပွင့် ပွင့်သွားရသည်။
ရိုစီနာ သည် ရာဟန် ခါးကို အနည်းငယ် ဆုပ်ကိုင်လိုက်သည်။ Foreplay သည် သူမ အတွက် အမြဲတုန်လှုပ်နေရသည့် လှုပ်ရှားမှာတစ်မျိုးဖြစ်သည်။သူမ စိတ်ထဲက ပိုပိုပြီး တောင့်တမိတာက သေချာသည်။
“ဟား…”
သူမ ရင်ထဲမှ နေ၍ စူးရှသော အသက်ရှုသံများ ထွက်လာသည်။ အောက်ဘက်သို့ ဦးတည်နေသော ရာဟန် သည် သူငုံထားသော နူးညံ့သော အသားစိုင်ကို လွှတ်ပေးလိုက်သည်။သူမသည် ရာဟန် ပုခုံးကိုကိုင်ကာ အနီးသို့ဆွဲခေါ်လိုက်သည်။ ဖြည်းညှင်းစွာ တက်လာသော ရာဟန်က သူမ လည်ပင်းကို ထပ်နမ်းလိုက်ပြီး သူမ ဝတ်ထားသည့် လည်ဆွဲကို လက်ချောင်းထိပ်လေးတွေနှင့် ကိုင်ရင်း တိုးတိုးလေး ပြောလိုက်၏။
" ဒီနေ့ အသစ်အဆန်းတွေ စမ်းရင် ဘယ်လိုလဲ"
"…ဘယ်လိုလဲ"
ထို့နောက် သူက ခဏ မတ်တပ်ထရပ်လိုက်ပြီး ခါးပတ်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် စင်ပေါ်က အဝတ်ပိုင်းစတစ်ခုကိုလည်း လှမ်းယူခဲ့သည်။
“အမြင်အာရုံကို ပိတ်ဆို့ထားတာက တစ်ခြားအာရုံခံစားမှုတွေကို အရမ်း ထိလွယ်ရှလွယ် ဖြစ်စေတယ်လို့ ကိုယ် ကြားဖူးတယ်"
ရိုစီနာ က သူပြောနေတာကို ချက်ခြင်းသတိထားမိသည်။ သူမ မျက်လုံးတွေကို အဝတ်နှင့် အုပ်ထားခိုင်းနေတာပင်။ သူ့မျက်လုံးများကိုလည်း ခဏကြာအောင် အုပ်ထားရန် စိတ်ကူးမိ၍ သူမ လက်ချောင်းများ တုန်ယင်သွားသည်။
"ကျွန်မလည်း ရှင့်ကို အုပ်ထားစေချင်တယ်"
"မင်း သဘော"
မမျှော်လင့်ထားသော တောင်းဆိုမှုတစ်ခုဖြစ်သော်လည်း ရာဟန် က သူမ စကားအား ကြင်နာစွာ လက်ခံခဲ့သည်။ သူမ သူ့လက်ထဲက အဝတ်ပိုင်းစကို ယူပြီး သူ့ဆံပင်များကို လှန်တင်၍ သူ့မျက်လုံးတွေကို အနက်ရောင်အ၀တ်နှင့် စည်းထားလိုက်သည်။ နောက်ဆုံးတွင် ဖဲကြိုး ကလေးပါ ကျကျနန ချည်ထားပေးလိုက်၏။ သူ့ ရင်ဘတ်သည် သန်မာသောကြွက်သားများဖြင့် ဖွဲ့စည်းထားသည်။ သူ့မျက်လုံးတွေကို အနက်ရောင်အ၀တ်နှင့် အုပ်လိုက်သည့်အခါ သူ့နှာခေါင်းနှင့် နှုတ်ခမ်းတွေက ပိုထင်ရှားလာသည်။ မျက်လုံးတွေကို ဖုံးထားသည့် သူ့ပုံစံက သူမ ထင်ထားတာထက် ကြောက်စရာကောင်းမည့်ပုံပင်။
"ရိုစီနာ"
သူမက ဘာမှပြန်မပြော၍ ရာဟန် က သူမနာမည်ကို ခေါ်ကြည့်လိုက်သည်။ထိုအခါ သူမ အသက်ရှုသွင်းလိုက်ပြ နောက်ကျမှ ပြန်ဖြေလိုက်သည်။
"မနာဘူးလား"
"ဟင့်အင်း.... ကောင်းကောင်း ချည်ထားတာပဲ"
ယခုလို အချိန်မျိုးမှာတောင် သူက သူမကို ချီးကျူးစကားတွေ ပြောဖို့မမေ့ပေ။ ရိုစီနာ သည် စိတ်ထဲက ရွှတ်နောက်နောက် တုံ့ပြန်ချင်သော်လည်း ရာဟန် ကိုကြည့်ရုံဖြင့် အာရုံပြောင်းသွားသောကြောင့် သူမ ဘာမှပြန်မပြောနိုင်ပေ။
"ဒါဆို မင်းရော အခုစည်းလို့ရမလား"
“ရှင် မမြင်ရဘူး....ကျွန်မလုပ်မယ်"
Xxxxx