အပိုင်း ၁၂၄🚨🚗 Side story 19(1)
Viewers 13k

Chapter 124🚨🚗
Side story 19(1)

ฅʕ◍·̀·́◍ʔฅ:
ရိုစီနာမှ စိတ်အားထက်သန်စွာဖြင့် တက်လာသောကြောင့် ရာဟန် တိတ်တဆိတ်ရယ်မိသွားသည်။

ရုတ်တရက်ထွက်ပေါ်လာသည့်ရယ်သံကြောင့် သူမ၏ရင်ဘတ်မှာ တင်းကြပ်သွားခဲ့သည်။

တက်ကြွမှုအပြည့်ရှိ‌နေခဲ့သောရိုစီနာမှာ ရာဟန်အပေါ်တွင် ချက်ချင်းပင်လှဲချလိုက်သည်။

သူမ၏လက်ကို ရာဟန်၏ဖွင့်ဟထားသော ညဝတ်အင်္ကျီထဲသို့ ထည့်လိုက်ချိန်၌ သူ၏တောင့်တင်းနေသောကြွက်သားစိုင်များကို ခံစားလိုက်ရသည်။

သူမ၏လက်ချောင်းများဖြင့် ထိတွေ့လိုက်ချိန်၌ ၎င်းတို့မှာ တုန်ယင်လာသည်ကိုပင် သိသိသာသာခံစားနေမိသည်။

သူမ ရာဟန်၏ဒဏ်ရာများကို သူမ၏နှုတ်ခမ်းဖြင့် ထိတွေ့လိုက်ပြီး အမာရွတ်များထဲတွင် အိုဟောင်းနက်နဲသောဒဏ်ရာဟောင်းများမှသည် လတ်တလောဖြစ်ခဲ့သောဒဏ်ရာများပင်ပါဝင်နေခဲ့သည်။

သူတို့အားလုံးကြောင့်သာ သူဖြစ်တည်နေသည်ဟု တွေးရသည်မှာ ချစ်စရာကောင်းလှ၏။

သူမ ရာဟန်၏ရင်ဘတ်ကို အချိန်အတော်ကြာ စိုက်ကြည့်နေမိသည်။

သူမသည်သာ အမြဲလိုလက်ခံခဲ့ရသူဖြစ်ပြီး ဤသည်မှာ သူမ၏ပထမဆုံးအကြိမ် သူ၏ရင်ဘတ်ကို စုပ်ယူခဲ့ခြင်းသောကြောင့် သူမအကြောင်းအရင်းမရှိ နောက်ပြောင်ချင်နေခဲ့သည်။

ထို့ကြောင့် ရိုစီနာ ရာဟန်၏ရင်ဘတ်ကို လျှာဖျားလေးဖြင့် လျက်ပေးလိုက်သည်နှင့် သူ၏လက်ချောင်းထိပ်များမှာ နည်းနည်းချင်းစီတုန်ယင်လာခဲ့သည်။

သူတုန့်ပြန်နေသည်ဟု စဉ်းစားမိသောကြောင့် ရိုစီနာပို၍ပင် တက်ကြွလာလေသည်။

သူမ၏ လျှာနှင့်နှုတ်ခမ်းများဖြင့် သူ၏ကြွက်သားများကို သိမ်းကြုံးပွတ်သပ်နေသော ရိုစီနာမှာ အဆုံး၌ သူ၏ခါးစီသို့ ဆင်းလာခဲ့သည်။

သူ၏ဘောင်းဘီကို လက်ချောင်းများဖြင့် တို့ထိလိုက်ကာ သူမလှမ်းပြောလိုက်သည်။

" ရှင့်ရဲ့ ခန္ဓာကိုယ်က အရမ်းလှတာပဲ…"

" ဒါဆို ကိုယ်မင်းအတွက်ပိုပြီးလေ့ကျင့်ထားမယ်လေ…"

တခစ်ခစ်ရယ်မောလိုက်သောရိုစီနာမှ ခေါင်းကိုတဖြည်းဖြည်းငုံ့ကာ ရာဟန်၏ဗိုက်အောက်မှ အသားပေါ်သို့ သူမ၏နှုတ်ခမ်းဖြင့် အသာအယာစုပ်ယူလိုက်သည်။

သူမ လျှပ်ပြာပြာနိုင်သည့်တိုင် သူ၏ခန္ဓာကိုယ်ပေါ်မှ အနီကွက်များမှာ ပို၍တိုးလာခဲ့သည်။

" ဟူးးးး "

နက်ရှိုင်းကာ မိန်းမောနေသည့်အသက်ရှုသံထွက်ပေါ်လာပြီး ရာဟန်၏ခန္ဓာကိုယ်မှ နည်းနည်းစီတုန့်ပြန်လာသည်ကို မြင်ရသောကြောင့် ရိုစီနာပို၍ပင် စိတ်အားတက်ကြွလာသည်။

အဆုံး၌ သူမသူ၏ဘောင်းဘီကိုကိုင်ကာ မေးလိုက်လေသည်။

" ရှင်သဘောကျလား…"

ရာဟန်၏မျက်လုံးတွေကို ပိတ်ထားချိန်တွင် သူ့ထံမှ သာယာသည့်ခံစားမှုများအကြောင်းကို သူမ ကြားချင်နေမိသည်။ သို့သော်လည်း ရိုစီနာ မျှော်လင့်မထားသောအဖြေတစ်ခုသာ ရလာခဲ့သည်။

" ကိုယ့်မျက်လုံးတွေပိတ်ထားတဲ့အချိန်မှာ မင်းရဲ့အသံက ဘယ်လိုလုပ်ပြီး ပိုပိုကောင်းလာလဲလို့ စဉ်းစားနေမိတာ…"

" ရှင်တကယ်ပဲ…"

ရိုစီနာ၏ပါးပြင်မှာ အနည်းငယ်နီမြန်းသွားရသည်။

ထိုအချိန်အတွင်း ရာဟန်၏အာရုံမှာ သူမအပေါ်သို့သာ လုံးလုံးကျရောက်နေပြီဖြစ်သည်။

စိတ်ငြိမ်သွားပြီဖြစ်သောရိုစီနာမှာ ရာဟန်၏ဘောင်းဘီကိုကိုင်ကာ ပြန်လည်၍အလုပ်ကြိုးစားလိုက်စဉ် ရာဟန်မှာမူ သူ၏လက်များကို သူမ၏ခေါင်းအနောက်တွင် သိုင်းဖက်ထားခဲ့သည်။

" အလုပ်ဖြစ်မှာမဟုတ်ဘူး… ဒါကကိုယ့်ကိုအရမ်းနှိပ်စက်နေသလိုပဲ…"

မျက်တောင်တစ်ခတ်အတွင်း သူတို့နှစ်ဦး၏အနေအထားမှာ ပြောင်းလဲသွားခဲ့သည်။

အိပ်ရာခင်းပေါ်၌ တစ်ဖန်ပြန်၍ လဲလျောင်းလိုက်ရပြီဖြစ်သော ရိုစီနာမှာ သူမ၏မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

ရာဟန်မှာမူ အဝတ်ဖြင့် မျက်လုံးကိုစည်းနှောင်ထားဆဲဖြစ်နေသည့်တိုင် သူလိုချင်သည့်နေရာကို ကျွမ်းကျင်စွာရှာနိုင်သေးသည်။

၎င်းမှာ ရိုစီနာ၏ခန္ဓာကိုယ်တွင် သူ့အကြိုက်‌ဆုံးနေရာမှာ မည်သည့်နေရာဖြစ်ကြောင်း အဖြေရှာနေသည့်လူလိုပင်။

ရာဟန် ရိုစီနာ၏အဝတ်များကို လုံးလုံးဆွဲချွတ်လိုက်သည်။ ကြမ်းတမ်းသောလှုပ်ရှားမှုကြောင့် ကြယ်သီးတစ်လုံးမှာ ပြုတ်သွားရသည်မှလွဲ၍ အရာအားလုံးမှာ အခြေအနေကောင်းနေခဲ့သည်။

သူမ၏မို့မောက်သည့်ရင်သားတစ်စုံမှာ ထုတ်ဖော်ခံလိုက်ရပြီး ရာဟန်မှာ၎င်းတို့ကို ကျွမ်းကျင်စွာကိုင်ဆော့ကစားနေသည်။

သူ၏အကြည့်များမှာ မမြင်တွေ့ရခြင်းကို နောင်တရနေသည့်အလား ပြင်းထန်နေသည်။

ထို့နောက် ရာဟန် သူမ၏ရင်ဘတ်ကို ကိုက်ချလိုက်လေသည်။

ရင်ဘတ်မှကြိုးများ၏ပွတ်တိုက်မှုကြောင့် ရိုစီနာမှာမူ ပို၍ပင်အထိမခံဖြစ်လာခဲ့ရသည်။

နူးညံ့သည်ထိတွေ့မှုကို ခံစားလျက် သူမ၏ရင်သားများကို‌ဆုတ်နယ်လိုက်ပြီးနောက် ရာဟန် သူ၏နှုတ်ခမ်းများဖြင့် ထောင်ထနေပြီဖြစ်သောပွင့်ချပ်များကိုကိုက်ကာ သူမလေး၏ခန္ဓာကိုယ်ကို အရသာခံကြည့်လိုက်သည်။

" အင်းးးးးး "

နှိုးဆွခံရခြင်းနှင့်ထုံကျင်ခြင်းတို့မှာ တစ်ချိန်တည်းတွင် ပျံ့နှံ့သွားခဲ့သည်။

ရာဟန်၏ရှည်လျားလှပသောလက်ချောင်းများဖြင့် ထိတွေ့ခံနေရသောနေရာများတွင် သူမ ကလိထိုးခံရသကဲ့သို့ တွ့န့်သွားရသည်။

သူမ၏ရင်ဘတ်ကို စုပ်ယူနေချိန်၌ ရာဟန် သူမ၏ခါးနှင့်တင်ပါးများကို သိမ်းယူလိုက်ပြန်သည်။

သူမ၏ခန္ဓာကိုယ်မှာ တန်ဖိုးထားကာ သူ၏လက်များဖြင့် တစ်နေရာမှ တစ်နေရာသို့ စုန်ဆန်ပြေးလွှားနေခဲ့သည်။

စိုစွတ်နီရဲနေသောမျက်လုံးများဖြင့် ရာဟန်ကိုကြည့်ကာ ရိုစီနာ၏လက်များမှ သူ၏ပါးပြင်ကို ဆုပ်ကိုင်လာသည်။

အထိအတွေ့ကိုခံစားလျက် ရာဟန်တစ်စုံတစ်ရာမှားယွင်းနေသကဲ့သို့ တုတ်တုတ်မလှုပ်ဘဲ သူမကို တိတ်တဆိတ်တီးတိုးပြောလိုက်လေသည်။

" ကိုယ်ထင်တာတော့ ဒီအချိန်က တကယ့်ကိုအလှဆုံးအချိန်ဖြစ်လိမ့်မယ်ထင်တယ်…"

ထိုစကားတစ်ခွန်းကပင် သူမ၏တစ်ကိုယ်လုံးကို ထုံကျင်သွားစေသည်။

အောက်သို့တဖြည်းဖြည်းဆင်းနေသည့်ရာဟန်၏လက်မှာ ရပ်တန့်သွားကာ ဆက်၍သည်းမခံနိုင်တော့သည့်အသံဖြင့် ရေရွတ်လာသည်။

" ကိုယ့်ကိုကူညီပေးလို့ရမလား…"

သူမခေါင်းငြိမ့်မည့်အစား သူ၏ဘောင်းဘီကိုသာ ထိကိုင်လိုက်သည်။

ရိုစီနာ သူမ၏တုန်ယင်နေသောလက်များဖြင့် သူ့ဘောင်းဘီကိုချွတ်ပေးလိုက်ချိန်၌ ပြည့်ပြည့်ဝဝနိုးထနေပြီဖြစ်သော ရာဟန်၏ညီလေးမှာ ဆတ်ခနဲပေါ်ထွက်လာသည်။

သွေးကြောများဖြင့် တောက်ပြောင်လျက်ရှိသော သူ၏ပစ္စည်းကြီးမှာ တောင့်တမှုများ ပြည့်နေသည့်ပုံပင်။

မျက်လုံးမှာအစည်းခံထားရသည်ဖြစ်သောကြောင့် ရာဟန် တဖြည်းဖြည်းသာ လှုပ်ရှားလိုက်သည်။

သူ၏ပစ္စည်းကြီးအား သူမ၏ပွင့်ဖတ်များအနီး ပွတ်တိုက်ကာ တွန်းလိုက်ဆွဲလိုက်လုပ်နေသောဆက်‌ဆံရေးကဲ့သို့ ဝင်မလိုလို ထွက်မလိုလိုလုပ်နေခဲ့သည်။

ရိုစီနာ ရာဟန်၏ထိပ်ဖျားကို လက်ဖြင့်လှမ်းယူကာ ပွတ်တိုက်ပေးလိုက်စဉ် ၎င်းမှာ ပူလောင်မာကျောနေကာ ပေါက်ကွဲထွက်မလိုဖြစ်နေလေသည်။

သူမ၏ဝမ်းဗိုက်သို့ပင်ထိသည်အထိ ရှည်လျားနေသည့်အရာကြီးကိုကြည့်ကာ ရိုစီနာ၏လည်ချောင်းမှာ ခြောက်သွေ့လာရသည်။

" ဟူးးးးး…"

ရာဟန် အသာအယာအသက်ရှုထုတ်လိုက်သည်။ သူမမြင်ရသော်လည်း သူ၏အာရုံများမှာ သူမထံ၌သာ ရှိနေသည်ပင်။

သူမလက်ချောင်းများဖြင့် ထိတွေ့သွားသည့်အချိန်တိုင်း သူ၏ပစ္စည်းမှာ ဒေါသတကြီးပေါက်ကွဲထွက်မလိုပင် ဖြစ်နေခဲ့ရသည်။

ရာဟန် သူမ၏ခါးကိုကိုင်ကာ သူ၏နောက်သို့ တဖြည်းဖြည်းရွှေ့သွားလိုက်သည်။

သူမအတွင်းသို့ဝင်ရောက်ရန် ထပ်ခါထပ်ခါ ကြိုးစားနေခဲ့သော်လည်း မမြင်ရသည့်အတွက် သတိထား၍ လုပ်ဆောင်နေမိခဲ့သည်။

သူမ၏ခန္ဓာကိုယ်ထဲတွင် အမှားအယွင်းဖြစ်သွားပါက သူမလေးနာကျင်သွားမည်အား စိုးရိမ်နေရသောကြောင့် ရာဟန် သတိလက်လွတ်မပြုမူရဲပေ။

ရာဟန် အသာအယာဖိကာ သူ၏ပစ္စည်းကို ဖယ်ရှားလိုက်သည်။ သူဆက်၍သည်းမခံနိုင်တော့ချေ။

အဝတ်စကို ကြမ်းတမ်းစွာဆုတ်ဖြဲလိုက်ချိန်၌ ပိုးသားစမှာ ကြိုးမျှင်များသဖွယ် အစိတ်စိတ်အမွှာမွှာပြဲသွားခဲ့သည်။

ရာဟန်၏အပြာရောင်မျက်ဝန်းများ တစ်ဖန်ပြန်လည်ပေါ်ထွက်လာချိန်၌ ရိုစီနာ အသက်‌အောင့်ထားမိသွားသည်။

သူ၏မျက်လုံးများမှာ တောင့်တမှုများပြည့်နေသည့်အတွက် ပုံမှန်ထက်ပင် မှိုင်းညို့နေခဲ့လေသည်။

ရာဟန် ရိုစီနာ၏ပေါင်များကို ပြန့်ကားစေလိုက်ပြီး တဖြည်းဖြည်းချင်းထိုးသွင်းလိုက်သည်။

သူမ၏ပွင့်ဖတ်များအား နောက်ပြောင်နေသကဲ့သို့ ဖိထားသည့်သူ၏ပစ္စည်းမှာ ရိုစီနာကို နှစ်ပိုင်းခွဲခြားပစ်လိုက်သည်။

မရင်းနှီးနေသောအရာတစ်ခုဝင်ရောက်လာသောကြောင့် ရိုစီနာ ခေါင်းကိုစောင်းကာ ခပ်တိုးတိုးညည်းမိသွားသည်။

" ဟားးးးးး…"

ထိုခံစားချက်မှာ စတင်၍ တဖြည်းဖြည်းချင်းရင်းနှီးလာမည်ဖြစ်သည့်တိုင် သူမအတွက်အနည်းငယ်စိမ်းနေသေးသည်ပင်။

သူမ၏ဗလာကျင်းနေသောခန္ဓာကိုယ်ပေါ်၌ ငြင်သာ‌သော အလင်းတန်းတစ်ချက်တောက်ပသွားခဲ့သည်။

သူမကိုနည်းနည်းချင်းစီ သိမ်းယူနေသောရာဟန်မှာ ခေါင်းကိုစောင်းကာ ကျေနပ်နေဟန်ဖြင့် ပြုံးလိုက်မိသည်။

ရိုစီနာပြန်လည်ပြုံးပြလိုက်ချိန်တွင် ရာဟန်မှသူမတစ်ကိုယ်လုံးကိုနမ်းရှိုက်လာသည်။

ထို့နောက် သူ၏အောက်ပိုင်းကို ဖြည်းဖြည်းချင်းစတင်လှုပ်ရှားလိုက်သည်။

ကုတင်မှ တကျွီကျွှီမြည်သံနှင့်အတူ ရိုစီနာ၏ခန္ဓာကိုယ်မှာ ထပ်ခါတလဲလဲ အပေါ်တက်လိုက် အောက်ဆင်းလိုက်ဖြစ်နေခဲ့သည်။

သူ၏အပြည့်အဝဝင်ရောက်ထားခြင်းမရှိသည့်ပစ္စည်းကြီးမှာ လွတ်ထွက်လာပြီး သူတို့နှစ်ဦးထံမှ စိုစွတ်မှုများကြောင့် အိပ်ရာခင်းများပါ တဖြည်းဖြည်းစိုရွှဲလာရသည်။

ထို့နောက် ရာဟန် သူမ၏ပေါင်ကိုကပ်ကာ တစ်ဖန်ပြန်၍ ထိုးသွင်းလိုက်ပြန်သည်။

ရိုစီနာ၏ခြေထောက်များမှာ တုန်ယင်နေကာ သူ၏လက်ကျန်နေရာမှာ အတွင်းဘက်သို့ တိုးသထက်တိုးဝင်လာသည်။

အခန်းထဲတွင် အသားချင်းရိုက်ခတ်သံများသာ ပြည့်နှက်‌နေကာ ကိုက်ခဲနေသည့်နာကျင်မှုများအစား သာယာမှုများက စတင်ဝင်ရောက်လာခဲ့သည်။

" ဒါကအရမ်းးးးး… အရမ်းမြန်လွန်းတယ်… အာ့… အာ့…"

ရိုစီနာ ပြင်းထန်လှသောဆောင့်ချက်များကြောင့် အော်ညည်းနေမိသော်လည်း လှုပ်ရှားမှုများမှာ နှေးလာရမည့်အစား ပို၍ပင် လျင်မြန်ပြင်းထန်လာသည်။

ရာဟန် သူမ၏အတွင်းပိုင်းအကျဆုံးနေရာသို့ ဆောင့်သွင်းလိုက်ချိန်၌ သန်မာသောလှိုင်းလုံးဖြင့်ရိုက်ခတ်ခံလိုက်ရသကဲ့သို့ သူမတစ်ကိုယ်လုံး အားအင်များဆုတ်ယုတ်သွားရသည်။

သူ၏ပစ္စည်းမှ သူမအတွင်းပိုင်းနေရာများအပြင် နေရာတိုင်းကို ဖြန်းပက်သွားခဲ့သည်။

သူတို့အနီးမှစောင်မှာမူ ကြမ်းတမ်းလှသည့်လှုပ်ရှားမှု‌များကြောင့် ကြမ်းပြင်ပေါ်သို့ပင် ရောက်သွားခဲ့ရလေပြီ။