Chapter 125
Side story. 19(2)
နွေဦးသည် လုံးလုံးလျားလျား ကုန်ဆုံးသွားပြီး နွေဦးရာသီသို့ ရောက်လေပြီ။ နွေရာသီတွင် စိမ်းလန်းစိုပြေသော အရောင်အသွေးများ ရှိသည်။ ငိုက်မျဉ်းသောနေ့လည်ခင်းတွင်၊ နွေရာသီနန်းတော်၏ ရုံးခန်း၌ အလုပ်လုပ်နေစဉ် ရိုစီနာ အိပ်ပျော်သွားသည်။ သူမ မအိပ်ချင်အောင် ကြိုးစားသော်လည်း တင်းတင်းစေ့ထားသည့် မျက်ခွံတွေကို ဖွင့်ဖို့တောင် မစဉ်းစားမိပေ။သူမ လက်ထဲက ဘောပင်သည် အနည်းငယ် လျှောကျလာပြီး တောက်ကနဲမြည်သွားသောအခါ သူမ ခေါင်းကို မော့လိုက်သည်။အိပ်ချင်မူးတူးဖြင့် ခဏလောက် ဟိုဒီလှည့်ကြည့်ပြီးနောက် ပါးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
"အိုး ငါ အိပ်ပျော်သွားပြန်ပြီ"
သူမ စားပွဲပေါ်က စာရွက်တွေကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ယနေ့ တစ်နေ့တည်းနှင့် အလုပ်က မပြီးနိုင်ဘူး ထင်ရသည်။
“ဒါပေမယ့် ဘာဝေဒနာမှတော့ မခံစားရပါဘူး…”
မကြာသေးမီက သူမ၏ ခန္ဓာကိုယ်သည် အဆက်မပြတ် ပင်ပန်းနေပြီး မကြာခဏ ငိုက်မျဉ်းနေခဲ့သည်။ ခါတိုင်းထက် အများကြီးပိုအိပ်တတ်သည်။ နွေရာသီက အပြည့်အဝမရောက်သေးသော်လည်း သူမ စိတ်ထဲမှာ ပူအိုက်နေသလို ဖြစ်လာတတ်သည်။ အခြေအနေက ဆိုးရွားလွန်းသဖြင့် အလုပ်ထဲမှာပါ အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ရိုစီနာ သည် ဆေးစစ်ရန် ဆရာဝန်ထံ သွားသင့်သည်ဟု ထင်မိသည်။ ဤအတိုင်းသာ ပင်ပန်းနေရလျှင် ခက်ခဲရချည်းသေးရဲ့....
ထို့နောက် သူမ ထိုင်ခုံမှထကာ တံခါးကို အနည်းငယ်ဖွင့်လိုက်သောအခါ တံခါးအပြင်ဘက်တွင် စောင့်နေသော အယ်လာ သည် ချက်ချင်းပင် သူမထံချဉ်းကပ်လာသည်။
"အယ်လာ...ဆရာဝန်ကိုခေါ်လို့ရမလား"
'ဆရာဝန်' ဟူသော စကားကြောင့် အနည်းငယ် ထိတ်လန့်သွားသလိုနှင့် အယ်လာ မျက်လုံး ပြူးသွားသည်။
“ဒီရက်ပိုင်း ငါ ပင်ပန်းနေတယ်… ဆရာဝန်နဲ့ ပြမှရမယ်"
"ဟုတ်ကဲ့....ကျွန်မ ဆရာဝန်ကို ချက်ချင်းခေါ်လိုက်မယ်"
"မင်းကြီး မသိပါစေနဲ့နော်"
သူမ ရာဟန် ကိုဘာမှ စိတ်မပူစေချင်ပေ။ ဘာပြဿနာမှရှိမှာ မဟုတ်ဘူးဟုလည်း ထင်မိတာကြောင့် တိတ်တဆိတ်ဆေးစစ်ဖို့သာ လိုတော့သည်။
ရိုစီနာ သည် ဆရာဝန်ရောက်လာသည်အထိ ခေတ္တဆိုင်းငံ့ထားသည့် အလုပ်တစ်ခုကို လုပ်နေခဲ့သည်။ သို့သော် သူမသည် အလွယ်တကူ အာရုံမစိုက်နိုင်လောက်အောင် ငိုက်မျဉ်းနေရသည်။ စာရွက်စာတမ်းများကိုကြည့်ရန် အတင်းအကြပ် ဖိအားပေးနေသော ရိုစီနာ သည် တံခါးခေါက်သံကြောင့် ထိုင်ခုံမှထလာသည်။
"ဘုရင်မရှင့်....ဆရာဝန် ရောက်လာပါပြီ"
ထို့နောက် သူမ ရုံးခန်းကထွက်ပြီး အယ်လာ ပြောသည့် အခန်းထဲကို ဝင်သွားလိုက်၏။ အခန်းထဲမှာစောင့်နေသည့် ဆရာဝန်က ချက်ချင်းထပြီး သူမ ကို နှုတ်ဆက်လာသည်။သူမ ထိုင်လိုက်သောအခါ ဆရာဝန်က ချက်ချင်းမေးလိုက်သာ်။
"ကျေးဇူးပြုပြီး ရောဂါလက္ခဏာတွေကို ပြောပြပေးနိုင်မလား"
“ကျွန်မ အခုနောက်ပိုင်း တော်တော်အိပ်ပါတယ်.... ပြီးတော့ အရမ်းလည်း ငိုက်တတ်တယ်"
ရိုစီနာ ခံစားရသည့် လက္ခဏာတွေကို နားထောင်နေသော ဆရာဝန် မျက်နှာဟာ ပိုပိုပြီး ထူးဆန်းလာလေသည်။
"ရောဂါလက္ခဏာတွေချည်းပဲ အားကိုးပြီး တိတိကျကျ ဆုံးဖြတ်လို့မရဖူး ဆိုတော့ အရှင့်ကို စစ်ဆေးကြည့်ပါ့မယ်"
ထို့နောက် ရိုစီနာ သည် ဆရာဝန်၏ ညွှန်ကြားချက်ကို လိုက်နာပြီး အင်္ကျီကို လှန်လိုက်သည်။ သူမ၏ သွေးခုန်နှုန်းကို တိတ်တဆိတ် တိုင်းတာနေသော ဆရာဝန်၏ မျက်နှာသည် ပြင်းထန်လာသည်။ သူ့မျက်နှာပေါ်က အကြည့်က သူမကိုလည်း။ထိတ်လန့်စေသည်။ ကြီးကြီးမားမား မဟုတ်ဘူးဟုထင်ထားသော်လည် ယခုတော့ ရောဂါတစ်ခုခုဖြစ်နနိုင်သည်။ ဆရာဝန်က ဘာမှမပြောဘဲ သွေးခုန်နှုန်းကို တိုင်းကြည့် နေရာ သူမ သတိကြီးကြီးနှင့် မေးလိုက်၏။
"ပြင်းထန်တဲ့ရောဂါလားဟင်.."
ဆရာဝန်က ဆေးပစ္စည်းတွေ ချထားရင်း ကမ္ဘာပေါ်ရှိ အခြားသူများထက် ပို၍ လေးနက်သော မျက်နှာဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ကျွန်တော့်ကို နည်းနည်းစောပြီးခေါ်ခဲ့ရင်ကောင်းမယ်..."
ရိုစီနာ မျက်လုံးပြူးသွားသည်။
“အခုမှစပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်။ ကိုယ့်ကိုကိုယ် အရမ်းအတင်းအကျပ်မတိုက်ပါနဲ့။"
“ဒါဆို ဘာရောဂါလဲ…”
ဆေးပစ္စည်းများကို သိမ်းဆည်းနေသည့် ဆရာဝန်က တောက်ပစွာပြုံးလိုက်သည်။
“ဂုဏ်ယူပါတယ် အရှင်....အရှင့်မှာ ကိုယ်ဝန်ရှိနေပါပြီ"
ဆရာဝန်ပြန်သွားပြီးနောက် ရိုစီနာ အကြာကြီးထိုင်နေခဲ့သည်။သူမ အဖြစ်က အိပ်မက်မက်နေသလိုပင်။
"ကိုယ်ဝန်ရှိနေတယ်...ဆိုပါလား"
မကြာမီ သည် ဤအရာအားလုံး အမှန်ဖြစ်ကြောင်းကို သူမ သဘောပေါက်လိုက်၏။ ဒုတိယကလေးနှင့် ပတ်သတ်ပြီး ဆန္ဒများကို စွန့်လွှတ်လိုက်သော်လည်း အံ့ဖွယ်ကောင်းသော ဘဝသစ်တစ်ခု သူမထံ ရောက်လာပြီ ဖြစ်သည်။သူမ စိတ်တည်ငြိမ်သွားအောင် အသက်ပြင်းပြင်းရှူလိုက်သည်။ အီလီယန် ရှိတုန်းကနှင့် မတူသည့် ခံစားချက်တစ်ခုပင်။သူမ ဗိုက်ကို ငုံ့ကြည့်မိလျှင် ဘာအရိပ်အယောင်မှ မပြလာသေးပေ။
"...သူလည်း ကြိုက်မယ် မဟုတ်လား"
ရိုစီနာ သည် ရာဟန် ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို စိတ်ကူးယဉ်ခဲ့သည်။ ရှင်းရှင်းလင်းလင်း မပြခဲ့သော်ငြားလည်း သူမလိုပင် သူကလည်း ဒုတိယမြောက်ကလေးအတွက် စိတ်အားထက်သန်စွာ စောင့်ဆိုင်းခဲ့ရှာသည်။ ရာဟန် သည် အီလီယန် အပေါ်လိုပင် အခြားသူများထက် သာလွန်သော ဖခင်ဖြစ်လာလိမ့်မည်။
သူမ ကုတင်ပေါ် လှဲလိုက်သည်။ ဆရာဝန်က လွန်လွန်ကဲကဲ မလှုပ်ရဘူးဟု ပြောထားတာကြောင့် တစ်ရက်အနားယူဖို့ စိတ်ကူးထားသည်။ ခေါင်းအုံးထဲကို မျက်နှာအပ်ထရင်း သူမ ငိုက်မျဉ်းလာရပြီး မျက်ခွံများသည် တဖြည်းဖြည်း ကျဆင်းလာသည်။ ထို့နောက် ရိုစီနာ အိပ်ပျော်သွားသည်။
အိပ်မက်ထဲတွင် ရိုစီနာ သည် ပန်းခြံအလယ်တွင် ရပ်နေသည်။ ဥယျာဉ်ထဲမှာ ရှားပါးသစ်ပင်တွေနှင့် ပြည့်နှက်နေပြီး ထိုအပင်တွေကို သူမ ပထမဆုံးအကြိမ် မြင်ဖူးတာပင်။တော်ဝင်နန်းတော်၏ ဥယျာဉ်သည် ဤမျှလှပမည်မဟုတ်ပေ။ သူမ သဘောကျလျက်ရှိကာ ပန်းခြံတစ်ဝိုက်တွင် လမ်းလျှောက်နေခဲ့သည်။ ဥယျာဉ်ထဲသို့ စိမ့်ဝင်နေသော အဝါရောင် နေရောင်သည် သူမ ခြေထောက်များကို လင်းလက်ဝင်းပသွားစေ၏။ ပန်းနုရောင် ပွင့်ချပ်များသည် လေထဲတွင် ဝေ့ဝိုက်နေကာ သူမ၏ ဆံပင်များနှင့် အဝတ်အစားအပေါ်ကို ကြဲပက်နေကြသည်။သူမသည် ဥယျဉ်ထဲက တစ်ခုတည်းသောလမ်းကို လျှောက်လာခဲ့တယ်။
ရာဟန် လည်း လိုက်ခဲ့မည်ဆိုလျှင် အတော်ကောင်းပေမည်။သူမ အတွေးထဲက ရုန်းထွက်လာချိန်မှာ အဆုံးမရှိကျယ်ပြောလှသော ရေကန်ကြီးကို တွေ့လိုက်ရသည်။ရေကန်ထဲတွင် ကြာပန်းများရှိသည်။ ကြာပန်းများ၏ ပန်းနုရောင် ပွင့်ချပ်များသည် လှပလွန်းသဖြင့် သူမ ရေကန်အနားကို လျှောက်သွားသည်။ ကြာပန်းများရှိသော ရေကန်သည် ကြာပင်အမြစ်များတွယ်ကုပ်ထားရန် ရွှံ့များ။ထူထပ်ေနရမည်ဖြစ်သော်လည်း ဤရေကန်က ရေသည် ဖောက်ထွင်းမြင်နိုင်လောက်အောင် ကြည်လင်နေပါသည်။
ရိုစီနာ သည် အကြီးဆုံးနှင့် အထင်ရှားဆုံး ကြာပန်းကို ပွတ်ကြည့်လိုက်ရာ တင်းတင်းစေ့ထားသော ပွင့်ချပ်များက တုန်ခါသွားသည်။သူမ စပ်စုချင်စိတ်ကြောင့် ကြာပန်းကို အသေအချာကြည့်နေပြီး ကြာပန်းကို ကိုင်လိုက်လိုက်သောအခါ ပွင့်ချပ်များက ပွင့်ဟ,လာသည်။ ပန်းရောင်အလင်းတန်းအနည်းငယ်သည် သူမ မျက်လုံးထဲမှာ ကွက်ကွက်ကွင်းကွင်း ထင်ရှားနေသဖြင့် သူမ အံ့သြတကြီးဖြင့် ဟိုဒီလှည့်ကြည့်လိုက်သည်။ အခြားကြာပန်းများသည်လည်း လှပသော ပွင့်ချပ်များ အားလုံးကို တစ်ပြိုင်နက် ဖြန့်ကျက်သွားကြသည်။ ကြာပန်းပွင့်များ၏ ပွင့်ချပ်များ လုံးဝ မှိန်ဖျော့သွားသောအခါ ပန်းပွင့်များတွင် ဝှက်ထားသော လိပ်ပြာလေးများသည် အတောင်ပံများကို ခတ်ကာ ထပျံလာကြသည်။
ရိုစီနာ ခေါင်းကို မော့လိုက်စဉ်တွင် ကြာပန်းပွင့်များမှ ပေါက်ဖွားလာသော လိပ်ပြာကောင်ပေါင်းများစွာသည် ကောင်းကင်ယံသို့ ချက်ချင်းပျံတက်သွားခဲ့သည်။ သူမ လျှို့ဝှက်ဆန်းကြယ်သော မြင်ကွင်းကြောင့် စွဲလန်းနေခဲ့သည်။ သူမသည် တိရိစ္ဆာန်များနှင့် မည်မျှပင် ခင်မင်ရင်းနှီးပါစေ၊ ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူမ ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်သည်။ လိပ်ပြာတစ်အုပ်သည် ကောင်းကင်ကို ဖုံးလွှမ်းထားသကဲ့သို့ ခုန်တက်သွားပြီး သူမ ထိမိထားသော ကြာပန်းများသည် နောက်ဆုံးပွင့်ချပ်ကို ပွင့်စေလိုက်သည်။ ပွင့်နေသော ပန်းပွင့်များကြားတွင် အဖြူရောင်လိပ်ပြာလေးတစ်ကောင် ဝပ်နေတာဖြစ်သည်။ လိပ်ပြာကလေး၏ အဖြူရောင်အတောင်ပံများသည် အလင်းရောင်ပါ၀င်နေသကဲ့သို့ တလက်လက် တောက်ပနေသည်။သူမ အလွန်လှသော လိပ်ပြာလေးကို ပိုင်ဆိုင်ချင်စိတ်များ တဖွားဖွားပေါ်လာရတော့သည်။ပန်းပွင့်များကြားတွင် ကိန်းအောင်းနေသော လိပ်ပြာသည် အတောင်ပံများကို စတင်လှုပ်ခတ်လိုက်ပြီး ချက်ချင်း ဖြန့်ကျက်ထားလိုက်သည်။ ထို့နောက် လေထဲမှာ ပျံဝဲကာ သူမ ပါးပြင်ကို ပွတ်တိုက်သွားပြီးလက်ဖမိုးပေါ်မှာ နားနေတော့သည်။ ထိုအခိုက်အတန့်လေးတွင် ရိုစီနာ သည် အောင့်မထားနိုင်ဘဲ လိပ်ပြာကို ထိကြည့်မိလိုက်၏။ထိုအချိန်ခဏဝယ် သူမကို ကြီးမားသော အလင်းတန်းတစ်ခုက သူမကို ပွေ့ဖက်ထားသလို ရစ်ခြုံသိုင်းဖက်ထားလေတော့သည်။
ရိုစီနာ အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် အကျွမ်းတဝင်ရှိသော မျက်နှာကျက်တစ်ခုက မြင်ကွင်းထဲသို့ တိုးဝင်လာလေတော့သည်။ ရိုစီနာ ဖြည်းညှင်းစွာ မျက်တောင်ခတ်ကြည့်လိုက်သည်။ သူမ နိုးလာတာဖြစ်သော်လည်း စိတ်က ကြည်လင်နေသည်။တစ်ကယ့်ကို ထူးဆန်းသည့် အိပ်မက်တစ်ခုပင်။ နိုးလာပြီးနောက်မှာတောင် ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်အထိ စွဲထင်နေရသည်။
"ရိုစီနာ"
ထိုအသံကိုကြားပြီးနောက် ရိုစီနာ ခေါင်းကို တစ်ဖက်လှည့်လိုက်သည်။ ရာဟန် က သူမကိုကြည့်ကာ ကုတင်ဘေးတွင် ရပ်နေခြင်းဖြစ်သည်။ ခါတိုင်းထက်စောပြီး သူ ဘာလို့ပြန်လာနေသလဲဆိုတာကို သူမ မသိပေ။
"မင်း ဆရာဝန်ခေါ်တယ်လို့ ကြားတယ်"
သူမသည် စိုးရိမ်မကင်း မဖြစ်စေရန် ရည်ရွယ်၍ တိတ်တိတ်ဆိတ်ဆိတ် ခေါ်သော်လည်း တော်ဝင်နန်းတော်အတွင်းမှာ သူ့မျက်လုံးများကို ရှောင်လို့ မရပေ။သူမ သက်ပြင်းတစ်ချက်ချလိုက်လျှင် ရာဟန် က သူ့အင်္ကျီကို မချွတ်သေးဘဲ မေးလိုက်သည်။
"နေမကောင်းဘူးလား"
သူမ ဘာမှပြန်မပြောသည့်အခါ ရာဟန် မျက်နှာက လေးနက်လာသည်။
"ဆရာဝန်က ဘာပြောလိုက်တာလဲ"
သူ ထပ်မေးလာတော့ သူမ ခေါင်းငုံ့ကာ ဘာမှမပြောဘဲ နေလိုက်သည်။
“ရာဟန် ကျွန်မ…”
သူမ အသိဝင်လာပြီး စကားပြောဖို့ကြိုးစားသည့်အခါ လည်ချောင်းတွေက ဆို့တစ်သွားရသည်။ ထွက်မလာသော သူမ အသံကြောင့် ၊ရာဟန် မျက်မှောင် ကြုတ်လိုက်ပြန်သည်။ သို့သော် ထပ် မမေးဘဲ သူမ စကားထွက်လာအောင် စောင့်ခဲ့သည်။နောက်ဆုံး ရိုစီနာ မနေနိုင်တော့ဘဲ ပြုံးကာ ခေါင်းခါလိုက်သည်။
"ကျွန်မမှာကိုယ်ဝန်ရှိနေတယ်"
"ကိုယ်ဝန်ရှိနေတယ်"
ထိုစကားကြောင့် ရာဟန် သူ့အင်္ကျီကို ချွတ်ချလိုက်သည်။ အတွန့်မရှိသော ကုတ်အင်္ကျီသည် ကြမ်းပြင်ပေါ်တွင် ကျနေသော်လည်း သူ မလှုပ်သေး။ သူ ကျောက်ရုပ်တုအဖြစ် ပြောင်းလဲသွားတာကို မြင်တော့ ရိုစီနာ စောင်ကို ဆွဲဖယ်ပြီး ထလိုက်သည်။
"ရာဟန်"
ရာဟန် မဖြေသေး။ အသက်ရှုဖို့ မေ့သွားသလိုပင်။ ရိုစီနာ သည် ရာဟန် မျက်နှာကို စိတ်ပူစွာဖြင့် ကြည့်လိုက်သည်။ ရုတ်တရက်ဖြစ်သွားသောကြောင့် သူတုန်လှုပ်သွားတာဖြစ်နိုင်သည်။
ဒါမှမဟုတ် သူတကယ်မလိုချင်ခဲ့တာလား...
ဖြစ်နိုင်ခြေများကို သူမတွေးနေစဉ်တွင် သူက သူမ ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ပစ်လိုက်သည်။ သူမ၏ နှလုံးသားသည် တဒိန်းဒိန်းခုန်နေရစ
၍ ရာဟန် တိုးတိုးလေး တိုးတိုးပြောလာသည်။
"ကျေးဇူးတင်ပါတယ်"
"ဘာကိုကျေးဇူးတင်တာလဲ"
"အားလုံးကို"
ရာဟန် သည် အသက်ပြင်းပြင်းရှူပြီး ဖတ်ထားရာမှ လွှတ်ပေးလိုက်သည်။သူမ နာကျင်နေသလားဟု သူ သိချင်နေသည့်အတွက် အနီးကပ် မျက်လုံးချင်းဆုံကြည့်လိုက်သည်။သူ့မျက်လုံးတွေက တုန်လှုပ်နေ၍ သူမကိုယ်တိုင်လည်း တုန်နေသလို ခံစားရသည်။
"ကျွန်မ ရှင့်ကို အရင်ပြောပြချင်ခဲ့တာ"
ဤသတင်းကောင်းကို သူမ အချစ်ရဆုံးသူနှင့် မျှဝေခံသားချင်မိသည်။ သူက နူးညံ့စွာ ပြုံးပြရင်း သူမ ပါးပြင်ကို နမ်းလိုက်သည်။
“ကျွန်မ အိပ်မက်တစ်ခုမက်သေးတယ်....အဲ့ဒီရှုခင်းကိုလေ ပထမဆုံးမြင်ဖူးတာပဲ အရမ်းလည်းလှတယ်”
“…..”
"ကျွန်မ ရှင်နဲ့အတူ သွားချင်လိုက်တာ"
ထို့နောက် ရိုစီနာက သူမအိမ်မက်ထဲမှာ မြင်ခဲ့ရတာတွေကို ပြောပြလိုက်သည်။ သူမ လက်ထဲမှာ ကိုင်ထားမိသည့် လိပ်ပြာအကြောင်း ပြောသည်အခါ သူမ မျက်နှာက အနည်းငယ် စိတ်လှုပ်ရှားသွား၏။
"အဲဒါက စိတ်ကူးယဉ်အိပ်မက်တစ်ခုပဲ မဟုတ်လား"
“လိပ်ပြာဆိုတော့… ချစ်စရာကောင်းတဲ့ ကလေးလေး မွေးဖွားလာမယ့်ပုံပဲ”
ရာဟန် က ပြုံးလိုက်ပြီး သူမ လက်ကောက်ဝတ်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်၍ ကုတင်ပေါ်ထိုင်ဖို့ ဆွဲတင်လိုက်သည်။
“တစ်ကယ်တော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကိုယ်လည်း အိပ်မက်မက်ခဲ့တယ်”
"အိပ်မက်ကဘာလဲ"
“အိပ်မက်ထဲမှာ အသီးအနှံတွေနဲ့ ပြည့်နေတဲ့ ခြံထဲမှာ ကိုယ်က ရပ်နေတယ်.... အရင်က မမြင်ဖူးတဲ့ အသီးအနှံတွေ အများကြီးရှိတယ်...ဒါနဲ့ မင်းကို ပေးမလို့ဆိုပြီး တစ်ခုပြီးတစ်ခု ခူးလိုက်သေးတယ်"
ရာဟန် စကားကြောင့် သူမ ရယ်မောလိုက်သည်။ အိပ်မက်ထဲမှာတောင် သူမအတွက် အသီးအနှံတွေ ခူးပေးတာက အတော်ကို ချစ်စရာကောင်းလှ၏။
“အသီးအနှံတွေကို ကိုယ် ကောက်နေပေမယ့် ကောင်းကင်က တဖြည်းဖြည နိမ့်သွားတယ်...ပြီးတော့ တိမ်တွေနဲ့ နေက တော်တော် နီးလာတဲ့အခါ နေက ဥယျာဉ်ခြံကို ရုတ်တရက် လောင်ကျွမ်းပစ်လိုက်တယ်"
"ဒါဟာ အိပ်မက်ကြီးတစ်ခုပဲ"
ဥယျာဉ်ခြံထဲကို နေရောင်တောက်နေသည့် အိပ်မက်တစ်ခု။ သူမသည် သန္ဓေတည်ခြင်းအိပ်မက်များအကြောင်း များများစားစားမသိသော်လည်း ကြီးပြင်းလာမည့် ကလေးအတွက် ရည်ရွယ်ပြီးမက်ပုံရသည်။သူမ လာမှ မဖြစ်လာသေးသော ဗိုက်ကလေးကို ကိုင်ကြည့်ရင်း...
“အခု အနားယူရမယ်ထင်တယ်.... မနက်ဖြန်ကျမှ ကျွန်မအလုပ်တွေ ဆက်လုပ်ရမယ်”
"ဘာကိုပြောနေတာလဲ"
ရာဟန် က ရိုစီနာ ကို တည့်တည့်ကြည့်ကာ ပခုံးနှစ်ဖက်ကို ကိုင်ပြီး အလောသုံးဆယ် ပြောလိုက်သည်။
"ဒီနေ့ကစပြီးဘုရင်မရာထူးကနေ တစ်နှစ်တာ ခေတ္တအနားယူရမယ်"
ရာဟန် စကားကို ကြားလိုက်ရတော သူမပြုံးလိုက်မိလေသည်။
***
ရိုစီနာ ကိုယ်ဝန်ရှိနေသည်ဟု ပြောပြီးကတည်းက ဘောပင်တောင် မကိုင်နိုင်ခဲ့ပေ။ ရာဟန် သည် အလွန်ထူးခြားသဖြင့် သူမ ရုံးခန်းထိုင်ခုံတွင် မထိုင်ရန် တားမြစ်ခဲ့သည်။ ရိုစီနာ သည် ရာဟန် ၏ အကာအကွယ်လွန်ကဲမှုကြောင့် အိပ်ရာထဲတွင်သာ အတင်းအကြပ် နေထိုင်ခဲ့ရသည်။ သို့တိုင် ပုံမှန်ဆေးစစ်ရန် ရောက်လာသော ဆရာဝန်က အလွန်အကျွံ မလှုပ်မရှား ဖြစ်နေမှာစိုးသဖြင့် ဥယျာဉ်ထဲတွင် တစ်နေ့တစ်ကြိမ် လမ်းလျှောက်ထွက်ခဲ့သည်။ ရာဟန်က ထိုအချိန်တွင်ပင် ခြေထောက်များ နာကျင်နေသလားဟု ခဏခဏ မေးကာ နောက်ဆုံးတွင် သူမကိုပွေ့ချီ၍ အခန်းထဲခေါ်သွားပေးတတ်၏။
ထို့နောက် ရာဟန်က သူ့ရုံးခန်းကို နွေရာသီနန်းတော် သို့ပြောင်းလိုက်သည်။ မှူးမတ်များနှင့် တွေ့ဆုံခြင်းမှလွဲ၍ ကိစ္စအားလုံးကို နွေရာသီနန်းတော်တွင် ပြုလုပ်ခဲ့သည်။သူက သူမ ကိုယ်ဝန်အကြောင်းကို ကြားသိပြီးနောက် အရာအားလုံးကို ကြီးကြီးကျယ်ကျယ်လုပ်ခဲ့သည်။ မငြင်းဆန်နိုင်ခဲ့သော ရိုစီနာ သည် နောက်ဆုံးတွင် တစ်ခုခုပြောလိုက်မိသည်။
"ရှင် အကာအကွယ် အရမ်းလွန်နေတာ သိလား"
ရိုစီနာ သည် ကိုယ်ဝန်ရှိသော်လည်း အပြင်းဖျားနေသူ တစ်ယောက်လို မနေနေချင်တာဖြစ်သည်။သို့သော် မျှော်လင့်မထားသော အဖြေတစ်ခု ပြန်ရောက်လာသည်။
"မင်းမှာ အီလီယန် ကို ကိုယ်ဝန်ဆောင်ထားတုန်းက မင်းနဲ့ကိုယ် အတူမနေ ခဲ့ရလို့ ဒီလောက်အဖြစ်သည်းနေတာလေ"
ရာဟန် စကားကြောင့် ရိုစီနာ ဘာမှ မပြောနိုင်တော့ပေ။ ပထမကလေး အီလီယန် ကို ကိုယ်ဝန်ရှိတုန်းက ရာဟန် သူမ အနားမှာ မရှိပေ။သူမဘာသာသူမ သူ့ကို မွေးဖွားပြီး ကျွေးမွေးခဲ့ရတာပင်။ ရာဟန် ပထမဆုံးစတွေ့တုန်းက အီလီယန် ဟာ ကလေးမဟုတ်တော့ပေ။ထို့ကြောင့် ထိုအကြောင်းကို တွေးမိတိုင်း သူ့ကို တောင်းပန်ချင်စိတ်များ ပေါ်လာရသည်။ ရာဟန် စိတ်ကို သိသွားသောအခါ သူမ သူ့ကို မတားတော့ပေ။ထို့အပြင် ဤအရာတွေအားလုံးက သူမအတွက်သာ 'ပထမ' မို့ သူလုပ်ချင်တာကို လုပ်ခွင့်ပေးသင့်သည်ဟု သူမထင်သည်။ သို့သော် ရာဟန် ၏လုပ်ရပ်များသည် သူမ စိတ်ကူးကို အလွယ်တကူကျော်လွန်သွားခဲ့သည်။
ရက်တွေကြာသည်နှင့်အမျှ ရှက်စရာကောင်းသည် အိုဗာအလုပ်တွေ သူ ဆက်လုပ်လာတော့သည်။ သူသည် မီးဖွားပြီးနောက် Recovery ယူရန် အခန်းကို ပြင်ဆင်ထားပြီး၊ ခန္ဓာကိုယ်အတွက် ကောင်းမွန်သည့်အရာအားလုံးကို အများကြီး ဝယ်ယူခဲ့သည်။ ဤမျှလောက်သာ ရပ်လိုက်လျှင် သူမ လွှတ်ထားပေးနိုင်သည်။ သို့သော်၊ပြဿနာက သူသည် နန်းတော်ကို ဇောက်ထိုး လှန်လိုက်လိုက်ခြင်း ဖြစ်တော့သည်။ မျက်လုံးမှိတ်ပြီးဖွင့်လိုက်တိုင်း တစ်ခုခုပြောင်းလဲသွားတတ်သည်။သူသည် သူမ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်တည်ငြိမ်ရန်အတွက် နောက်ခံပုံများကို ပြန်လည်ခြယ်သ ဆေးသုတ်ပြီး သူမ ခြေထောက်များကို မထိခိုက်စေရန်အတွက် ကြမ်းပြင်ပေါ်တွင် ကော်ဇောအပျော့များစွာကို ခင်းထားပေးသည်။
ထို့အပြင် ရေကူးခြင်းသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ကောင်းမွန်ကြောင်း ဆိုထား၍ မိုးလုံလေလုံ ရေကူးကန်ကြီးတစ်ခုကို တည်ဆောက်ခဲ့သည်။ ရိုစီနာ သည် ဒုတိယမြောက်ကလေးကို မမွေးဖွားမီ သူပါ ပင်ပန်းလွန်း၍ အိပ်ရာထဲလဲမည်ဟု ပြောပြီး သူ့ကို အရပ်ခိုင်းရသည်။ထိုမှသာ ရာဟန် သည် သူ့ကိုယ်သူ တဖြည်းဖြည်း ထိန်းချုပ်နိုင်ခဲ့သော်လည်း စိတ်ပျက်သွားပုံရသည်။ သူမ ယခုမှ အနားယူနိုင်ပြီဟု ထင်ထားသော်လည်း နောက်နေ့ကစပြီး သူ၏ လက်ဆောင်တွေက နွေရာသီနန်းတော်ဆီ ရောက်လာကြသည်။ ခန္ဓာကိုယ်အတွက် ကောင်းမွန်သည်ဟု ဆိုကြသည့် အဖိုးတန်ဆေးဖက်ဝင် အမြစ်၊ဆေးဖက်ဝင်အပင်များ၊ ပိုးသားဖိနပ်များ၊ သိုးမွှေးပျော့ပျော့ဖြင့် ပြုလုပ်ထားသော ခြေအိတ်များ၊ ငန်းသားမွေး စောင်များနှင့် တောင်ပိုင်းအသီးအနှံများမှ လက်ဆောင်ပစ္စည်း မျိုးစုံတဖွဲဖွဲ ရောက်ရှိလာကြသည်။
ရာဟန် အလွန်စိတ်အားထက်သန်နေသဖြင့် ရိုစီနာ ၏ ကိုယ်ဝန်သတင်းသည် အနီးနားတစ်ဝိုက်တွင် ပျံ့နှံ့သွားခဲ့သည်။ တော်ဝင်မှူးမတ်များသာမက အခြားနိုင်ငံမှ မှူးမတ်များကပါ ဂုဏ်ပြုလက်ဆောင်များ ပေးပို့ခဲ့ကြပြီး နွေရာသီနန်းတော်သည် ထိုသေတ္တာများမှာ တောင်ပုံယာပုံ ဖြစ်နေသည်။
ရိုစီနာ သည် ရာဟန် ကို အလုပ်တစ်ခုခုလုပ်ရန် ဖြားယောင်းသွေးဆောင်ခဲ့သော်လည်း ဆန့်ကျင်ဘက်အနေနှင့် သူအမြဲပေးချင်သည့်အရာကို အမြဲ တိတ်တိတ်လေး။အခန်းထဲမှာ လာလာပေးသွားတတ်သည်။လက်ဆောင်ပစ္စည်းများ ပေါများစွာရှိနေသူ ရိုစီနာ သည် အံသြသွားပြီး ခေါင်းကိုသာ ခါယမ်းလိုက်သည်။ ကိုယ်ဝန်ရှိမှန်းသိတာ တစ်ပတ်သာ ရှိသေးသည်။ ရာဟန် မသိဘဲ အိပ်ရာထဲမှာ တိတ်တဆိတ် အလုပ်လုပ်နေသည့် ရိုစီနာ ခဏလောက် အလုပ်များကို ရပ်ထားလိုက်သည်။အကြောင်းမှာ တံခါးအပြင်ဘက်တွင် ရင်းနှီးသော ခြေသံများ ကြားနေရတာကြောင့်ဖြစ်သည်။ ရိုစီနာ သည် စာရွက်များကို စောင်ထဲသို့ ကျွမ်းကျင်စွာ ထည့်ထားလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း မကြာမီ ရာဟန် တံခါးကိုဖွင့်ကာ ဝင်လာသည်။
"နောက်ထပ် ဘာတွေဖြစ်ပြန်တာလဲ"
အိပ်ခန်းဘေးက အခန်းကို ရုံးခန်းလုပ်ထားသည့် ရာဟန် ဟာ တစ်နေ့ကို အိပ်ခန်းထဲက ဟိုဘက်အခန်းကို အကြိမ်ပေါင်းများစွာ ဝင်ထွက်သွားလာနေတာကြောင့် ဒီအခြေအနေက ရင်းနှီးပြီးသားပင်။
“ရှင် ဒီလိုလုပ်ရင် ဒီနေ့ ကျွန်မ အလုပ်သွားရမလား ပြော…”
ရိုစီနာ သူ့ကို အနည်းငယ် ကြိမ်းမောင်းလိုက်သည်။ ထို့နောက် တံခါးနားမှာ ရပ်နေသော ရာဟန် သည် ကုတင်ဆီသို့ လျှောက်လာသည်။
"ရိုစီနာ…ကိုယ် အရေးကြီးဆုံးကိစ္စကို မေ့သွားပြီ"
"…ဘာလဲ"
ရိုစီနာ ရုတ်တရက်စိတ်ပူလာသည်။
Xcxxxxx