🍬9🍬 ခွင့်ပြုချက်
Viewers 985

Chapter (9)

ခွင့်ပြုချက်



အစွယ်တောင်ကို အစားအသောက် လာပို့နိုင်သူက အမှန်တကယ် ကျင့်ကြံမှု အဆင့်မြင့်သူတွေသာ ဖြစ်ပေသည်။ ဒါကြောင့် ဖုန့်ဝူယိ မိန်းကလေးအသွင်နဲ့ သွားတာက အဆင်ပြေသွား၏။ သူ့ရဲ့ လှပတဲ့ အဆင့်မြင့်တဲ့ အငွေ့အသက်က ဘယ်သူမှသူ့ကို ပေါ့ပေါ့တန်တန် မကြည့်ရဲစေချေ။


ဖုန့်ဝူယိ အားလုံးကို ပြုံးလိုက်သည်။ အစောင့်တွေ အားလုံးက ယောက်ျားသားတွေ ဖြစ်တာကြောင့် မိန်းကလေးတစ်ယောက်ရဲ့ အပြုံးကို ဘယ်သူမှ ခံနိုင်ရည် မရှိကြပေ။ အကြီးအကဲဝမ်က မကြာခင်မှာ သူ့သမီးရဲ့ မွေးနေ့ပွဲ လုပ်တော့မှာ ဖြစ်တဲ့အတွက် သားရဲတချို့ကို သေချာကျွေးမွေးထားပေးဖို့ အကူအညီ တောင်းလိုက်ကြောင်း ချိုသာစွာ ပြောရင်း သေရည်ကောင်းနဲ့ အမြည်တွေကို ချပေးလိုက်သည်။


သူ့ရဲ့ နူးညံ့တဲ့ အသွင်အပြင်နဲ့ ယဥ်ကျေးသိမ်မွေ့တဲ့ အပြုအမူတွေကို ဘယ်သူကမှ သံသယမဝင်ကြချေ။ အားလုံးက အားပါးတရ စားသောက်နေကြသည်။ ဖုန့်ဝူယိလည်း သူတို့ကို နှုတ်ဆက်ကာ တောင်အောက် ပြန်ဆင်းလာခဲ့သည်။


နှစ်ယောက်သား နန်းဆောင်အပြင်ဘက် ထွက်လာစဥ် ဖုန့်ဝူယိလက်ထဲ သလင်းကျောက်၂လုံး ပေါ်လာသည်။ ဖုန့်ဝူယိ သလင်းကျောက်တွေကို နန်းဆောင်အဝင်ဝ တံခါး၌ ချလိုက်၏။ သလင်းကျောက်တွေက တစ်စုံတစ်ခုကို ခံစားလိုက်ရသည်နှယ် မြေကြီးထဲ စိမ့်ဝင်သွားခဲ့ကာ ဘယ်သူမှ သတိမထားမိသည့် အခိုက်အတန့်၌ အခင်းအကျင်း တစ်ခုကို အသက်သွင်းလိုက်ပေသည်။


"အဲဒါက ဘာလဲ?"


ဖုန့်ချန်းယင် မသိတာကြောင့် မေးလိုက်သည်။


ဖုန့်ဝူယိက "အသံပိတ် အခင်းအကျင်း... အပြင်ဖြစ်နေတာတွေကို သူတို့ လုံးဝ ကြားရမှာ မဟုတ်ဘူး... ငါတို့တစ်ဖက် တောင်ထိပ်ကလူတွေ သတိထားမိအောင် မလုပ်သရွေ့ အဆင်ပြေတယ်!"


"ကောင်းပြီ!"


နှစ်ယောက်သား အမှောင်ထဲ ဝင်ပုန်းနေလိုက်သည်။ ဟွားဟုန် ပေးသော သတင်းအရဆိုလျှင် မျိုးနွယ်စုတွေကို ချုပ်ထားသော နေရာက မြေအောက်မှာ ဖြစ်သည်။ ကံမကောင်းစွာနဲ့ အစွယ်တောင်က အခင်းအကျင်း ထူထပ်တာကြောင့် သူမမှာ အမှတ်အသား ထားခဲ့ချိန် မရခဲ့ပေ။


သို့သော်လည်း မြေအောက်ခန်းကို သွားဖို့ အခန်းတစ်ခုထဲ ဝင်ဖို့ လိုတယ်လို့တော့ ပြောပြခဲ့သည်။ နှစ်ယောက်သား ဆက်လှုပ်ရှားတော့မယ့် အချိန်မှာပဲ အမှောင်ထဲကနေ လူသုံးယောက် ထွက်လာခဲ့သည်။


တစ်ယောက်ကတော့ အခင်းအကျင်း စက်ကွင်းတစ်ခုကို ကြိုးတစ်ချောင်းလို လည်ပင်းနဲ့ လက်တွေမှာ အချည်ခံထားရပြီး ကျန်နှစ်ယောက်ကတော့ နံဘေးမှ လိုက်လာသည်။ အဖမ်းခံထားရသူရဲ့ အငွေ့အသက်ကြောင့် ဖုန့်ချန်းယင် ချက်ချင်း သတိကပ်သွား၏။ 


ဖုန့်ဝူယိလည်း မျက်မှောင်ကြုတ်သွားလေသည်။


ဖုန့်ဝူယိ: "အဲ့လူက မြေခွေး မဟုတ်ဘူး...."


ဖုန့်ချန်းယင်လည်း ခေါင်းညိတ်ကာ: "ကြည့်ရတာ ဒဏ္ဍာရီသားရဲဂိုဏ်းက မြေခွေးမျိုးဆက်တွေကိုပဲ ဖမ်းထားတာ မဟုတ်လောက်ဘူး... တခြားမျိုးနွယ်စုတွေလည်း ပါလိမ့်မယ်.... ဖုန့်ဝူယိ ငါတို့သူ့ကို ကယ်ကြမလား?"


အစောင့်နှစ်​ယောက်ရဲ့ ကျင့်ကြံမှုအဆင့်က သန္ဓေတည်နယ်ပယ်သာ ရှိလို့ လူကယ်ဖို့က သိပ်မခက်ခဲပေ။ သို့သော်လည်း တစ်ဖက်လူက သူတို့ကယ်ချင်တဲ့လူ မဟုတ်နေတာပင်။ 


ဖုန့်ဝူယိ စဥ်းစားမိတာကတော့။


"သူက မြေခွေး မဟုတ်ပေမယ့် အဖမ်းခံထားရတဲ့လူတွေ ဘယ်မှာရှိတယ် ဆိုတာတော့ သိလိမ့်မယ်... "


"အဲဒါတော့ အမှန်ပဲ!"


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်၏။ ထို့နောက် ဓားတစ်ချောင်းစီ ဆွဲထုတ်ကာ အတူတူ ပြေးဝင်သွားကြသည်။ ဖုန့်ဝူယိ မြေကြီးကို လက်နဲ့တစ်ချက် ရိုက်ကာ သူတို့ပတ်ဝန်းကျင်ကို အခင်းအကျင်းနဲ့ ပိတ်ထားလိုက်ဖို့လည်း မမေ့ချေ။


သို့သော်လည်း သူတို့နှစ်ယောက် မရောက်ခင်မှာ အစိမ်းရောင် မိုးကြိုးကြာပွတ် တစ်ချောင်းက အစောင့်တစ်ယောက်ကို ရိုက်နှက်နေပြီ။


ဖြောင်း!


အစောင့်လည်း အန္တရာယ်ကို ခံစားမိတာကြောင့် ချက်ချင်း ဓားဆွဲထုတ်ကာ ကာလိုက်သည်။ ဓားနဲ့ ကြာပွတ်ထိခတ်သွားတဲ့ အချိန်မှာ ဖုန့်ချန်းယင်က ကျန်အစောင့်တစ်ယောက်ကို ကိုင်တွယ်လိုက်သည်။ သူ့ကျင့်ကြံမှုက နိမ့်တာကြောင့် တစ်ဖက်လူကို အနိုင်မယူနိုင်ပေ။


ဖုန့်ဝူယိ: "မင်း လူကယ်.... ငါလာမယ်!"


ဖုန့်ဝူယိရဲ့ သန္ဓေတည်နယ်ပယ် အဆင့်၆ စွမ်းအင်တွေ ပေါက်ထွက်လာကာ အစောင့်တစ်ယောက်ကို အဖမ်းခံထားရသူနဲ့ ဝေးရာဆီသို့ ပစ်ထုတ်လိုက်သည်။ ဖုန့်ချန်းယင်လည်း အဖမ်းခံထားသူဆီ ချက်ချင်း ပြေး၏။


"ကျွန်တော် ခင်ဗျားကို ကယ်မယ်!"


ထိုစဥ် ကျန်နေတဲ့ အစောင့်တစ်ယောက်ကို ကြာပွတ်နဲ့လူက တိုက်ခိုက်နေသည်။ သို့သော် ထိုလူလည်း အစောင့်ကို မနိုင်ချေ။ အစောင့်ရဲ့ အရည်အချင်းက မသေးလှ။ ကြာပွတ်နဲ့လူကလည်း လုံးဝ မသက်ညှာဘဲ အစောင့်ကို ရိုက်နေသည်။


ဖုန့်ချန်းယင် လူအိုကြီးရဲ့လက်က စွမ်းအင်စက်ကွင်းကို ကြည့်လိုက်တော့ အင်မတန် အဆင့်မြင့်သော အချုပ်အနှောင် အခင်းအကျင်းစက်ကွင်း ဖြစ်နေတာကို တွေ့လိုက်ရသည်။ ဒါကို သူ မဖျက်စီးနိုင်ပေ။


ဖုန့်ချန်းယင်: "ဒါကြီးက မရဘူး!!...."


အဆင်မပြေတာကြောင့် လူအိုကြီးကိုပဲ လက်မောင်းကနေဆွဲပြီး တိုက်ပွဲနဲ့ ဝေးရာကို ပို့ဆောင်လိုက်သည်။


ဖုန့်ဝူယိနဲ့ ရင်ဆိုင်နေသူက သန္ဓေတည်နယ်ပယ် အဆင့်၄ ဖြစ်တာကြောင့် အရည်အချင်းရှိတဲ့ ဖုန့်ဝူယိက ခဏလေးအတွင်း အနိုင်ယူကာ ရှင်းထုတ်ပစ်သည်။ ထို့နောက် ကြာပွတ်နဲ့လူကို သွားကူညီလိုက်၏။ 


အစောင့်နှစ်ယောက်ကို ရှင်းထုတ်ပြီးနောက် တစ်ဖွဲ့လုံး လူကင်းရှင်းသော အမှောင်ထဲသို့ ပြေးလာခဲ့သည်။ လရောင်က သစ်ပင်တွေကြားကို အနည်းငယ်သာ ထိုးဖောက်နိုင်သော်လည်း ကျင့်ကြံသူတွေအတွက် အမှောင်ထုကို ဆန့်ကျင်ကာ မြင်နိုင်ကြလေသည်။


လူအိုကြီးရဲ့ လည်ပင်းနဲ့ လက်က အခင်းအကျင်းစက်ကွင်းကိုတော့ မဖယ်ရသေးပေ။ ဖုန့်ဝူယိ အခင်းအကျင်းတွေအကြောင်း သိသော်လည်း အခင်းအကျင်းစက်ကွင်းက သူ့ကျင့်ကြံမှု စွမ်းအင်နဲ့ ဖျက်စီးပစ်ဖို့က မလုံလောက်ချေ။


ဖုန့်ချန်းယင်: "ဘယ်လိုလုပ်မလဲ?"


"နင်.... ဖုန့်ချန်းယင်လား?"


တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ကြာပွတ်သိုင်းသမားက ဝင်မေးလာသည်။ ထိုအခါမှ နှစ်ယောက်သားလည်း အစိမ်းရောင် မိုးကြိုးကြာပွတ်ကို သုံးခဲ့သူက မိန်းကလေး ဖြစ်နေမှန်း သိလိုက်ရကာ ဖုန့်ချန်းယင်အသံကို မှတ်မိနေတဲ့ သူမက မျက်နှာက ပိတ်အမည်းကို ဖယ်ရှားပြလာသည်။


"နန်ချင်းချင်း??"


ဖုန့်ညီအစ်ကိုလည်း အံ့ဩသွားလေ၏။


"မင်းဘယ်လိုလုပ်ပြီး ရောက်လာတာလဲ? မင်းက ဒီအဘိုးကြီးကို လာကယ်တာလား?"


နန်ချင်းချင်း: "အမှန်တိုင်း ပြောရရင်တော့... ငါက မြွေမျိုးနွယ်က မြွေစိမ်းပါ... ဒါက ငါတို့မျိုးနွယ်က လူတစ်ယောက် ... ငါအစကတော့ သူတို့ကို ဘယ်မှာဖမ်းထားလဲ လာစုံစမ်းတာ ဒါပေမဲ့ လူကို ထုတ်လာတာတွေ့တော့ သည်းမခံနိုင်တာနဲ့... ဒါနဲ့ နင်ကရော??"


"အတူတူပါပဲ"


ဖုန့်ချန်းယင် အများကြီးတော့ မပြောပြတော့ပေ။ ဘာပဲဖြစ်ဖြစ် သူဒီကို ရောက်နေပြီ ဆိုကတည်းက နန်ချင်းချင်းလည်း အနည်းနဲ့အများတော့ ခန့်မှန်းမိလောက်ပါပြီ။ 


နန်ချင်းချင်း ဖုန့်ဝူယိကို လက်ညှိုးလေး ထိုးပြလိုက်ကာ။


"သူမက ဘယ်သူလဲ?"


"အမ်....ငါ့အစ်မပါ ဒါနဲ့ မင်းရော ဒီအခင်းအကျင်း စက်ကွင်းကို ဘယ်လို ဖျက်စီးရမလဲ မသိဘူးလား... ငါသူ့ကို မေးခွန်း နည်းနည်းလောက် မေးကြည့်ချင်လို့... "


"ငါတို့ ​မြွေတွေမှာ မျက်လုံးချင်း ဆက်သွယ်လို့ရတဲ့ စွမ်းအင်ရှိတယ်... နင် ဘာမေးချင်တာလဲ ငါမေးပေးမယ်!"


"ငါ.... မြေခွေးတွေ ဘယ်မှာဖမ်းထားလဲ သိချင်လို့ပါ...."


နန်ချင်းချင်း ပြုံးလိုက်သည်။ သူမရဲ့ အကူအညီကြောင့် အဖမ်းခံထားရသူတွေ ရှိနိုင်တဲ့ နေရာကို သိလိုက်ရ၏။ နန်ချင်းချင်းကို မြွေမျိုးနွယ်စု နှစ်ယောက်က ဂိုဏ်းအပြင်မှာ စောင့်နေတာ ဖြစ်ကာ သူမက လူအိုကြီးကို အရင်ခေါ်ထုတ်သွားပေးရမှာ ဖြစ်သည်။


အပြင်မှာ စောင့်နေသူအနက် တစ်ယောက်က ဧကရာဇ်နယ်ပယ်ထက် အဆင့်မြင့်သော ကောင်းကင်မိုးကြိုးနယ်ပယ် ရောက်နေသူမလို့ အခင်းအကျင်းစက်ကွင်းကို သူကသာ ဖျက်စီးပေးနိုင်မှာ ဖြစ်သည်။


သို့သော် သူမက ဖုန့်ချန်းယင်ကို ကူညီပေးချင်သေး၏။ ဖုန့်ချန်းယင်က ခေါင်းခါလိုက်သည်။


"ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ မင်းရဲ့ မျိုးနွယ်အတွက် မနှောင့်နှေးသင့်ဘူး တကယ်လို့ ​မြွေမျိုးနွယ် တစ်ယောက်ယောက်ကို တွေ့ရင် ငါကယ်လာနိုင်သရွေ့ ကယ်ထုတ်ပေးလာပါ့မယ်"


"ကျေးဇူးတင်ပါတယ်"


ထို့နောက် နန်ချင်းချင်းလည်း လူအိုကြီးကို ခေါ်ကာ အမှောင်ထုထဲ တိုးဝင်သွားခဲ့သည်။ လူအိုကြီး ပြောတဲ့အတိုင်း ရှာဖွေကြည့်တဲ့အခါ ဖုန့်ချန်းယင်လည်း မြေခွေးမျိုးနွယ်ရဲ့ အနံ့အသက်ကို ခံစားမိလာခဲ့၏။


သို့သော် ကံမကောင်းချင်တော့ ထိုနေရာ၌ ဧကရာဇ်နယ်ပယ် အဆင့်၈ လူတစ်ယောက်က အစောင့်တွေကို စစ်ဆေးမေးမြန်းနေလေရာ နှစ်ယောက်သား သတိကပ်လျက် နောက်ပြန် ဆုတ်လာခဲ့ရလေသည်။


ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ မြေခွေးမျိုးနွယ်တွေ ရှိတဲ့နေရာကို သိသွားပါပြီ။ နှစ်ယောက်သား ချင်းလုံတောင်ထွတ်ကို ပြန်ရောက်တော့ နောက်ထပ် အစီအစဉ်ထပ်ဆွဲဖို့ လုပ်ကြသည်။ သို့သော် အခန်းထဲကို ဝင်လိုက်ရင်ပဲ ဖုန့်ချန်းယင်ရဲ့ စားပွဲပေါ်မှာ စာရွက်တစ်ရွက် ရောက်နေတာ တွေ့လိုက်ရသည်။


"ဒါက ဘာလဲ?"


ဖုန့်ချန်းယင် ကောက်ယူလိုက်သည်။


'မင်းမှာ အချိန်တစ်လပဲ ကျန်တော့တယ်...'


"ဒါ......"


နှစ်ယောက်လုံး တစ်ပြိုင်တည်း မျက်မှောင်ကြုတ်သွားကြသည်။ အချင်းချင်း ပြန်ကြည့်ရင်း ဒီစာကို ဘယ်သူက ဘာရည်ရွယ်ချက်နဲ့ ထားသွားသလဲ ချက်ချင်း သဘောပေါက်သွား၏။


ဒါ သေချာပေါက် ဖုန့်ချန်းယင်ကို ခြိမ်းခြောက်ကာ အရှင်ချင်းလုံရဲ့ တည်နေရာအကြောင်း သိချင်တဲ့ လူက ပို့လိုက်တာပဲ ဖြစ်ပေမည်။ ဖုန့်ချန်းယင်ရဲ့ အိပ်ဆောင်က သီးသန့်မဟုတ်သော တပည့်တွေရဲ့ အိပ်ဆောင်ထဲမှာမလို့ အဆင့်မြင့်သူ ဝင်လာပါက တပည့်တွေ သိလိမ့်မည် မဟုတ်။


ဖုန့်ချန်းယင်: "ဘယ်လိုလုပ်မလဲ?"


"ငါ ရှစ်ဇွင်းနဲ့ စကားပြောကြည့်မယ်!"


"အာ.... မင်း...."


"မဟုတ်ဘူး... ငါ ရှစ်ဇွင်းဆီက ခွင့်ပဲတောင်းမှာ... ဒီအတိုင်းဆို မင်းသူ့ဆီက အချိန်မရွေး လုပ်ကြံခံရနိုင်တယ်..."


ထိုစကားကြောင့် ဖုန့်ချန်းယင်လည်း တုန်လှုပ်သွားရတော့သည်။ ဒါပေါ့။ စာတောင် ပို့နိုင်တယ်ဆိုတော့ လုပ်ကြံဖို့ ဆိုတာကလည်း မခက်ခဲလောက်ပေ။ နောက်ပြီး သူသာ ဖော်ထုတ်ခံလိုက်ရရင် သူ့မျိုးနွယ်တွေကို ဘယ်လို ကယ်ရတော့မလဲ။ 


ဖုန့်ချန်းယင် လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလေသည်။ သူဟာ သူ့အဖေရဲ့ မျိုးဆက်တွေထဲမှာ နောက်ဆုံး ကျန်ခဲ့သူပဲ။ မြေခွေးဖြူက သူတစ်ယောက်တည်းသာ ကျန်တော့၏။


သူ ဖော်ထုတ်ခံလိုက်ရလို့ အဖမ်းခံထားရတဲ့ မျိုးနွယ်စုတွေ သိသွားရင် သူတို့အတော်လေး စိတ်ဓာတ်ကျသွားလိမ့်မည်။ ဒါပေမဲ့ တစ်ဖက်ကလည်း သူ ဖုန့်ဝူယိကို ဒုက္ခမပေးချင်ပေ။ 


ထိုအခိုက် ဘေးကို လှည့်ကြည့်လိုက်တော့ သူဒုက္ခ မပေးချင်တဲ့လူက အရှင်ချင်းလုံကို တွေ့ဖို့ ထွက်သွားလေပြီ။ သေချာပေါက် ယောက်ျားလေးအသွင် ပြန်ပြောင်းပြီးတော့ပေါ့။ 


ညအချိန်မို့ အရှင်ချင်းလုံရဲ့ အိပ်ဆောင်ဆီကိုပဲ တိုက်ရိုက် လျှောက်သွားလိုက်သည်။ ဖုန့်ဝူယိ အပြင်ဘက်တွင် ရပ်လျက် မီးလင်းနေသော အခန်းထဲ တိတ်ဆိတ်စွာ လှမ်းကြည့်မိ၏။ သူ အသံပေးသင့်လား စဥ်းစားနေခြင်းပင်။


သို့သော်လည်း သူ ရောက်နေကြောင်း သိတဲ့ အရှင်ချင်းလုံရဲ့ အသံက အရင်ဦးစွာ ထွက်ပေါ်လာသည်။


"ကိစ္စရှိလား?"


ဖုန့်ဝူယိ ချက်ချင်း ဒူးထောက်လိုက်သည်။


"ရှစ်ဇွင်း... ကျွန်တော် ယန်အိမ်တော်က သူလျှိုအကြောင်း စုံစမ်းချင်ပါတယ်... အဲဒီလူက ရှစ်ဇွင်းရှိတဲ့ နေရာကို သိချင်လို့ ဖုန့်ချန်းယင်ကို ခြိမ်းခြောက်ခဲ့တာပါ...."


"ယိအာ....."


ဖုန့်ဝူယိ အဆောင်ဘက်ကို ခေါင်းမော့ကြည့်လိုက်သည်။


"အမိန့်ရှိပါ ရှစ်ဇွင်း...."


"ဒဏ်ရာမရစေနဲ့...."


"ဟုတ်!!"


ဖုန့်ဝူယိ ချက်ချင်း တက်ကြွသွားသည်။ ဒါက ရှစ်ဇွင်း သူ့ကို ခွင့်ပြုပေးလိုက်တာပဲ။ တကယ်တော့ ဖုန့်ချန်းယင်ကို ကူညီရင်း ယန်အိမ်တော်က သစ္စာမရှိတဲ့ ခွေးကောင်ကိုလည်း ပညာပေးချင်နေတာ ဖြစ်လေ၏။


တစ်ဖက်ကလည်း ရှစ်ဇွင်းကို ပြဿနာ ထပ်ရှာပေးမိပြီး ရှစ်ဇွင်း စိတ်ဆိုးမှာကိုလည်း ကြောက်တာကြောင့် ခွင့်ပြုချက် တောင်းခံရခြင်းပင်။ သူ မုရုံရှန်းယွမ်အတွက် ထိုခွေးကောင်ကို ကောင်းကောင်လေး ရိုက်ပေးလိုက်ချင်သည်။


သို့သော် ဖုန့်ဝူယိ တွေးနေတဲ့ သူ့သူငယ်ချင်းကတော့ နူးညံ့နွေးထွေးသော အဖြူရောင် အမြှီးတွေကြားထဲ နစ်မြှုပ်နေလေ၏။ သူ ရောက်နေတဲ့ တားမြစ်အခင်းအကျင်းထဲက ကမ္ဘာငယ်လေး တစ်ခုပင်။ သူနဲ့ သူဆင့်ခေါ်ထားတဲ့ နတ်ဆိုးက အခင်းအကျင်းထဲတွင် ရှိကာ နှစ်ယောက်သားရဲ့ ခန္ဓာကိုယ်တွေက ပူးကပ်နေကြသည်။


မုရုံရှန်းယွမ်သည် နတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်ပစ်ဖို့ စိတ်ကူးထားသော်လည်း သူ ဆင့်ခေါ်မိတဲ့ ဝိညာဥ်က နတ်ဘုရားတစ်ပါး ဖြစ်နေသည်။ ကံမကောင်းချင်တော့ နတ်ဆိုးထက် ဆိုးဝါးတဲ့ နတ်ဘုရား ဖြစ်နေပါ၏။ ၎င်းက အမြှီးကိုးချောင်း မြေခွေးနတ်ဘုရားပင်။


အဲဒီနတ်ဆိုးက သူ့ကျင့်ကြံမှုကို လအနည်းငယ်အတွင်း ဧကရာဇ်နယ်ပယ်အထိ မြှင့်တင်ပေးခဲ့သော်လည်း မုရုံရှန်းယွမ်မှာ တစ်ဖက်လူနဲ့ အိပ်ယာထဲက ကိစ္စတွေကို လုပ်ပေးနေရ၏။ မုရုံရှန်းယွမ် အပြင်ဘက်က အချိန်ကာလတွေကို မသိတော့ပါ။


သူ မကြာခဏ ထိုနတ်ဆိုးအောက်၌ လူးလဲနေရတာကိုသာ သိနေရသည်။ ဒါပေမဲ့ နတ်ဆိုးက ဒီလိုဆက်ဆံတိုင်း ၎င်းရဲ့ ကိုယ်တွင်းရည်ဖြင့် သူ့ခန္ဓာကိုယ်ထဲ ဝိညာဥ်စွမ်းအင်တွေ ထိုးသွင်းပေးကာ ကျင့်ကြံမှုကို အဆင့်မြှင့်ပေး၏။ မုရုံရှန်းယွမ် ရုန်းထွက်ချင်သော်လည်း မရုန်းနိုင်တော့ပါ။


ယခုအချိန်မှာလည်း သူသည် အဖြူရောင် အမြှီးတွေကြား နစ်မြုပ်နေကာ နတ်ဆိုးကောင်က သူ့တစ်ကိုယ်လုံးကို အပိုင်သိမ်းထားသည်။ သူ့​ခြေထောက်တွေကို ထိုနတ်ဆိုးခါးတွင် ချိတ်ထားရကာ စည်းချက်အတိုင်း လှုပ်ရှားပေးနေရ၏။


နတ်ဆိုးတွင် ငွေရောင်ဆံပင်ရှည်နှင့် မြေခွေးမျက်လုံးများ ရှိသည်။ လူတစ်ယောက်လို ဖြူဖွေးသန်မာသော ခန္ဓာကိုယ်ဟာ မုရုံရှန်းယွမ်ကိုယ်ပေါ်၌ ဖိထားပြီး အဆက်မပြတ် ထိုးသွင်းနေသည်။ မုရုံရှန်းယွမ် ဘယ်လောက်ပဲ တောင်းဆိုပါစေ ၎င်းက နည်းနည်းလေးမှ မရပ်ပေးချေ။ 


နောက်ဆုံး အကြိမ်ပေါင်းမနည်း ထိုးသွင်းပြီးနောက် အစွမ်းထက်သော စွမ်းအင်များက မုရုံရှန်းယွမ်ကိုယ်ထဲ ဝင်ရောက်လာခဲ့လေသည်။ တစ်ဆက်တည်း မုရုံရှန်းယွမ်လည်း ပျော့ခွေသွား၏။ သူ့တစ်ကိုယ်လုံး ခွန်အားတွေ မရှိတော့သလိုတောင် ခံစားနေရသည်။


"မုရုံလေး....."


ဆွဲဆောင်မှုရှိသော သြရှရှ အသံက သူ့နားရွက်ဘေးမှ ထွက်ပေါ်လာ၏။ မုရုံရှန်းယွမ် ထိုချောမောသော မြေခွေးလူသားအား မျက်စောင်းပြင်းပြင်း ထိုးကျွေးလိုက်လေသည်။


"ရှန်းယွမ်လို့ ခေါ်စမ်း!!"


"အိုး....."


မြေခွေးနတ်ဘုရားက မျက်ခုံးများ ပင့်လိုက်သည်။ မုရုံရှန်းယွမ်ရဲ့ ဒေါသတကြီး အမိန့်ပေးသံကို နည်းနည်းလေးမှ စိတ်မဆိုးပေ။ ဒါ့အပြင် မုရုံရှန်းယွမ်ရဲ့ တစ်ကိုယ်လုံးကို အကြိမ်ပေါင်းများစွာ စားသုံးပြီးပြီမလို့ လူငယ်လေးက သူ့အပိုင် ဖြစ်နေပြီလေ။


"ရှန်းယွမ်လေး...."


"ခင်ဗျား!!"


"ဘယ်တော့ အပြင်ထွက်ချင်လဲ?"


"ခင်ဗျား ကျွန်တော့်ကို မသေမျိုးနယ်ပယ်အထိ ရောက်အောင် ကူညီပေးနိုင်တာ သေချာလား?"


"မင်းခန္ဓာကိုယ်က လက်ခံနိုင်ရင်ပေါ့...."


ထိုနတ်ဆိုးကောင်က သူ့မျက်လုံးများကို သေချာစိုက်ကြည့်ရင်း ချစ်ရည်ရွှမ်းစွာ ပြောလာသလို သူ့ခန္ဓာကိုယ်ထဲက အရာတစ်ခုကလည်း ပြန်မာလာတာကြောင့် မုရုံရှန်းယွမ်ရဲ့ မျက်နှာလေး နီရဲသွားလေသည်။


သူ တစ်ဖက်လူရဲ့ မျက်လုံးတွေကို ရှောင်လိုက်သည်။


"မရတော့ဘူး ဖယ်ပေးတော့.... ကျွန်တော် ကျင့်ကြံရဦးမယ်..."


"မင်းအခုလည်း ကိုယ်နဲ့ ကျင့်ကြံနေတာပဲလေ..."


"ခင်ဗျား!!...အား.....!... နတ်ဆိုးကောင်! ဖယ်စမ်း!!"


မုရုံရှန်းယွမ် ထိုချောမောသော လူအား တွန်းဖယ်လိုက်ပြီး သူ့တစ်ကိုယ်လုံးကို သန့်စင်ကာ ခဏလေးအတွင်းမှာပဲ အဝတ်အစားတွေ ဝတ်လိုက်လေသည်။