Chapter 22
"သူကျောင်းကထွက်ရမထွက်ရမင်းမှာဘယ်တုန်းက ဆုံးဖြတ်ပိုင်ခွင့်ရှိသွားတာလဲ"
လေးနက် ကျယ်လောင်သောအသံတစ်ခုကဖြတ်ပြောလာခဲ့သည်။ ကျိုးဖေးရွယ်က ယွမ်ရှင်းကျဲဘေးသို့လျှောက်လာကာ အော်ရီရယ်နှင့်လုရန်ရှုတို့ပါရောက်လာခဲ့သည်။
"ရှင်းကျဲကအခုငါတို့အတန်းရဲ့ပထမနေရာ၊ ပထမနှစ်ရဲ့မျိုးစေ့ကောင်းလေးဖြစ်နေပြီ"
အော်ရီရယ်က ချီယုအားလှောင်ပြောင်စွာကြည့်လျက် "သူ့ကိုကောင်းကောင်းလေ့လာဖို့ပြောနေတာ မင်းမရှက်ဘူးလား"
လုရန်ရှုသည်လည်းစုကျီနန်အားရွံ့ရှာစွာကြည်ြလျက်
"တချို့လူတွေကိုယ့်အတွက်ကိုယ်ပဲပူဖို့ ငါပြောချင်တယ်" ထိုလူသုံးယောက်ရုတ်တရက်ရောက်လာခြင်းက ချီယုနှင့်စုကျီနန်အားနေရာတွင်အေးခဲသွားစေသည်။ ဘေးပါတ်၀န်းကျင်၏မျက်လုံးတို့က သူတို့အားဤနေရာတွင်ဆက်ရပ်မနေရဲအောင်ပြုလုပ်နေခဲ့သည်။
ယွမ်ရှင်းကျဲ၏မထူးမခြားနားသောမျက်နှာကိုမြင်လျှင် ချီယုက ဒေါသထွက်စွာ ထေ့ငေါ့လိုက်သည်။
"မင်း ဒီပထမနှစ်ဘယ်လောက်တောင်တော်နေနိုင်မလဲကြည့်ကြတာပေါ့၊ ဗျူဟာလေးကောင်းမှုကြောင့်နိုင်သွားတာများ ၊လာမယ့်PKပွဲတွေဒီလောက်လွယ်မယ်ထင်နေလား၊ နှစ်လေးခုပဲယှဥ်လိုက်ဦး ၊ ငါတို့နဲ့တွေ့တာနဲ့မင်းထွက်ရပြီသာမှတ်"
"မင်းနဲ့တွေ့ရမှာဟုတ်လား"ယွမ်ရှင်းကျဲရုတ်တရက်ရယ်လိုက်ကာ ပထမဆုံးအကြိမ်အဖြစ် ချီယုကိုပြုံးပြလိုက်ပြီး အေးစက်သောမျက်၀န်းများဖြင့်ကြည့်လျက်
"ကောင်းတာပေါ့၊ ငါလည်းအဲဒါကိုပဲလိုချင်နေတာ"
ချီယုမှာ ယွမ်ရှင်းကျဲမှမိမိအားဤသို့ပြန်ခံပက်လာလိမ့်မည်မထင်ထားချေ။ စက္ကန်အနည်းငယ်ကြာပြီးနောက် သူကဆိုးရွားလှသောအမူအရာဖြင့်ပင်ထွက်သွားတော့သည်။ စုကျီနန်လည်းကြောက်ကြောက်လန့်လန့်နှင့် ချီယုနောက်မှပြေးလိုက်သွားတော့သည်၊
"ရှင်းကျဲ မင်းပြန်သွားပြီးကောင်းကောင်းနားလိုက် "
လုရန်ရှုကဆိုလိုက်သည်။
"မင်းဒီနေ့ပင်ပန်းသွားပြီ"
ကျိုးဖေးရွယ်ကလည်းယွမ်ရှင်းကျဲကိုခေါင်းငြိမ့်ပြလိုက်သည်။
"မင်းကောင်းကောင်းလုပ်ခဲ့တယ်၊ ဒီစံချိန်ကိုထိန်းထား"
ယွမ်ရှင်းကျဲမှာအလွန်ပင်ပန်းနေပြီး ကျောင်းသို့ ယာဥ်ပျံစီးလျက်ပြန်သွားခဲ့သည်။ ပြိုင်ပွဲပြီးသည့်နောက် ယွမ်ရှင်းကျဲမှာရှင်းဟိုင်တက္ကသိုလ်အတွင်း လူပြောအများဆုံးသူဖြစ်လာခဲ့သည်။
ကျောင်းဖိုရမ်တစ်ခုတွင်
"လော့၀မ်ချွမ်းသူ့ရဲ့စွမ်းအားအမှန်ကိုဒီနှစ်မှာချပြခဲ့တာလား"
"လော့၀မ်ချွမ်းတစ်ယောက်ဒီနှစ်မှာကျောင်းအသင်းကို ဆီမီးဖိုင်နယ်ထိဆွဲခေါ်သွားနိုင်မလား"
ထိုကဲ့သို့ပိုစ့်များဖြင့်ပြည့်နေခဲ့သည်။ ထို့နောက်အခြားပို့စ်များမှာ
"ပထမနှစ်ရဲ့ ပထမနေရာကတကယ်ပဲ အိုမီဂါတစ်ယောက်လား၊ "
"အဲဒီအိုမီဂါက ပြောင်မြောက်လွန်းတယ်"
"အိုမီဂါတစ်ယောက်က ငါ့ထက်ရလဒ်ပိုကောင်းနေတာကို ငါမယုံနိုင်ဘူး" အစရှိသည်တို့ဖြစ်လေသည်။
လူတိုင်းမှာ ယွမ်ရှင်းကျဲ၏စွမ်းအားအစစ်အမှန်အကြောင်းကိုဆွေးနွေးနေကြသည်။
"ငါ၀င်ခွင့်ပြိုင်ပွဲဗီဒီယို ကိုကြည့်ပြီးပြီ ၊ ယွမ်ရှင်းကျဲကတကယ်ဗျူဟာသခင်ကြီးပဲ၊ သူ့မှာအဲလိုကြံရည်ဖန်ရည်မျိုးရှိလိမ့်မယ် ဘယ်သူ့မှထင်ထားမှာမဟုတ်ဘူး၊ ဒါပေမယ့် သူ့အသင်းဖော်တွေသာမပါရင်သူက၀င်ခွင့်တောင်မအောင်လောက်ပါဘူး၊ သူ့ရဲ့စိတ်စွမ်းအားနဲ့ ကိုယ်ခံအားကဒီလောက်နိမ့်တာ"
"ဒါပေမယ့်ယွမ်ရှင်းကျဲက ပန်းမ၀င်ခင်သူ့စကေးတွေပြသွားသေးတယ်လေ၊ မက်ခါသုံးစီးရဲ့ ဒူးကိုပိုင်းချလိုက်တုန်းကဆို သူ့အလျင်ပဲဖြစ်ဖြစ် ချိန်ဆမှုပဲဖြစ်ဖြစ် Aအဆင့်တစ်ယောက်ထက်တော့မလျော့ဘူးကွ"
"အမှန်ပဲ ဒူးကိုဖြတ်တာက မက်ခါတစ်စီးရဲ့ မျှချေကိုပျက်စီးစေမှန်းလည်းသိနေတယ်၊ ဒါကြောင့်သူကမက်ခါအကြောင်းလည်းကောင်းကောင်းသိပုံရတယ်"
"စက္ကန့်ပိုင်းအလိုလေးမှာ အရှိန်မြင့်ပြီးလိုက်လာတဲ့အပိုင်းလည်းသောက်ရမ်းလန်းပဲ၊ အဲအရှိန်ကလော့၀မ်ချွမ်းတောင်ယှဥ်လို့ရတယ်နော်"
"အရမ်းကြီးလည်းမြောက်မနေပါနဲ့ ယွမ်ရှင်းကျဲရဲ့စကေးကအဲလောက်လည်းကောင်းမနေပါဘူး"
"ဟုတ်တယ် ငါကြားတာတော့ သူကျောင်းကိုစ၀င်လာတုန်းက ကိုယ်ခံအားစစ်ဆေးတာကျတယ်တဲ့၊ သူကဘယ်လိုလုပ်လော့၀မ်ချွမ်းနဲ့ယှဥ်နိုင်မှာလဲ"
လူအများစုမှာ ပြိုင်ပွဲကိုသေချာလေ့လာပြီးသောကျောင်းသားများပင်ဖြစ်ကြသည်။ သူတို့ကပြိုင်ပွဲပြီးသည်နှင့်ထင်မြင်ချက်များဖလှယ်ကြလေ့ရှိသည်ပင်။ နှစ်လေးခုယှဥ်ပြိုင်မှုတွင် လော့၀မ်းချွမ်းမှလွဲလျှင် ယွမ်ရှင်းကျဲက ရေပန်းအစားဆုံး ဆွေးနွေးစရာခေါင်းစဥ်ဖြစ်နေခဲ့သည်။
အတော်ကြာဆွေးနွေးနေကြသည့်တိုင် ယွမ်ရှင်းကျဲ၏စွမ်းအားအစစ်အမှန်ကိုမတွေးနိုင်ကြချေ။ သိူ့နှင့်တခြားခေါင်းစဥ်ကိုသာပြောင်းလိုက်ကြသည်။
သူ၏နည်းဗျူဟာအသစ်မှာနောက်လာမည့်၀င်ခွင့်ပြိုင်များကို တနည်းတဖုံပြောင်းလဲစေတော့မည်ဖြစ်ချေသည်။ ကျိုးဖေးရွယ်သည်လည်းဤပို့စ်များကိုတွေ့သည်ပင်။ သူကဖိုရမ်ထဲ၀င်လျက် အတင်းအဖျင်းများကိုစပ်စုရခြင်းအားအထူးနှစ်သက်သည်။ ယွမ်ရှင်းကျဲ၏အမည်မှာ လော့၀မ်ချွမ်းနှင့်အတူ မက်ခါမောင်းနှင်ရေးဖိုရမ်တွင်နာမည်ကြီးနေသည်ကိုမြင်လျှင်ကျိုးဖေးရွယ်လွန်စွာစိတ်ကြီး၀င်သွားမိသည်။
ထိုသို့စိတ်ကြီး၀င်ပြီးနောက်တွင်သူ၏အမူအယာမှာပြန်တည်သွားပြန်သည်။ပြီးခဲ့သောလက်တွေ့လေ့ကျင့်ရေးတွင် ယွမ်ရှင်းကျဲမှာ Bအဆင့်မက်ခါကို Cအဆင့်စိတ်စွမ်းအားဖြင့်နှိုးခဲ့သည်၊ သူကထိုသည်မှာမတော်တဆဟုသာအမြဲတွေးထားခဲ့တာပင်။ သိူ့သော် ၀င်ခွင့်အပြီး ယွမ်ရှင်းကျဲ၏လုပ်ဆောင်မှုကိုမြင်ပြီးသောအခါအခြားအတွေးတစ်ခုကခေါင်းထဲရောက်လာခဲ့သည်၊
ယွမ်ရှင်းကျဲက အမှန်တကယ် မက်ခါများကိုအဆင့်ကျော်မောင်းနှင်နေနိုင်ပေသည်လား၊ ကျိုးဖေးရွယ်မှာသူ၏ကိုယ်ပိုင်အတွေးကြောင့်အလွန်ထိတ်လန့်သွားမိသည်။ အင်ပါယာတစ်ခုလုံး၌ပင် မက်ခါအဆင့်ကျော်မောင်းနိုင်သူကိုလက်ချိုးရေနိုင်သည်။
ယွမ်ရှင်းကျဲကဲ့သို့Cအဆင့်စိတ်စွမ်းအားနှင့်အိုမီဂါမှာ ထိုကဲ့သို့ဥာဏ်ကြီးရှင်မျိုး မည်သို့ဖြစ်နိုင်မည်နည်း။
၄င်းမှာမဖြစ်နိုင်မှန်းသိသော်လည်း ကျိုးဖေးရွယ်မှာသူ၏သံသယကြောင့်အိုမီဂါ အမျိုးသား အဆောင်သို့သွားလိုက်သည်။
မနေ့ကပြိုင်ပွဲပြီးနောက်တွင် ယွမ်ရှင်းကျဲမှာ ပင်ပန်းလွန်းသဖြင့်အိပ်ယာတွင်လဲကာ အိပ်ပျော်နေချေပြီ။ သူသည်ယခုပိုက်ဆံရှာထွက်စရာမလိုသလို ကျောင်းမှအထုတ်ခံရမည့်အရေးကိုလည်းပူစရာမလိုချေ။ သို့သော် ကျိုးဖေးရွယ်က စောစောစီးစီးသူနှင့်လုရန်ရှုအတွက် မနက်စာ၀ယ်လာပေးမည်မထင်ထားချေ။
ယွမ်ရှင်းကျဲကအလျင်အမြန်ကျေးဇူးတင်လိုက်သည်။ မနက်စာစားနေစဥ် ကျိုးဖေးရွယ်က လာရင်းကိစ္စကိုရှင်းပြလာသည်။ ယွမ်ရှင်းကျဲမူလကထင်နေသည်မှာ ကျိုးဖေးရွယ်က သူပထမနေရာကိုရသဖြင့် သီးသန့်ဂုဏ်ပြုချင်၍ဟု။ သို့သော်ကျိုးဖေးရွယ်က သူ့အားလေ့ကျင့်ရေးခန်းမမှ စိတ်စွမ်းအားတိုင်းတာသည့်စက်ဆီခေါ်သွားလျှင်သူက အံ့အားသင့်လျက်မေးလိုက်သည်။
"ဆရာကျွန်တော့်ကိုစိတ်စွမ်းအားလေ့ကျင့်ပေးမလို့လား၊"
"ငါမင်းကိုဒီနေ့အပင်ပန်းမခံခိုင်းပါဘူး" ကျိုးဖေးယွယ်ကဆိုသည်၊
"ဒါကတစ်ကျောင်းလုံးမှာအကောင်းဆုံး လေ့ကျင့်ရေးခန်းမပဲ၊ ပြောရမယ်ဆို တချို့အသင်းတွေနဲ့လူတချို့ပဲသုံးခွင့်ရှိတယ်၊ ကျောင်းအသင်းအတွက်လူတွေကမဆုံးဖြတ်ရသေးဘူး၊မင်းမ၀င်ရဘူးဆိုတာတော့ဖြစ်သင့်တယ်၊ ဒါပေမယ့် ."
ကျိုးဖေးရွယ်က ခဏမျှရပ်လိုက်ပြီး
သူသည် 'မင်းတကယ်ပဲ မက်ခါအဆင့်ကျော်မောင်းနိုင်တာလား' ဟူသောမေးခွန်းကိုမေးချင်ပါသော်လည်းဆရာတစ်ယောက်အနေနှင့်မသင့်တော်လှဟုခံစားရကာ
"မင်းရဲ့စိတ်စွမ်းအားကိုအရင်စမ်းကြည့်သင့်တယ်"
22.2
ကျိုးဖေးရွယ် ကယွမ်ရှင်းကျဲ၏စိတ်စွမ်းအားကိုအတည်ပြုလိုခဲ့သည်။ အကယ်၍ ယွမ်ရှင်းကျဲ၏ စိတ်စွမ်းအားမှာCအဆင့်ဖြစ်ပါက သူကအမှန်တကယ်မက်ခါအဆင့်ကျော်မောင်းနိုင်ခြင်းဖြစ်ပေလိမ့်မည်။
ယွမ်ရှင်းကျဲခေါင်းငြိမ့်လိုက်သည်။ သူကဆရာဖြစ်သူက သု့အတွက်စိတ်ပူနေတာကိုနားလည်ပေသည်။
သူ၏စိတ်စွမ်းအားကို တိုင်းတာရေးဦးထုတ်နှင့် ဆက်သွယ်လိုက်ပြီးနောက် ယွမ်ရှင်းကျဲကမျက်လုံးကိုမှိတ်လိုက်ပြီးညစိတ်စွမ်းအားကိုလည်ပါတ်စေလိုက်သည်။ ကျိုးဖေးရွယ်ကမူ ဘေးမှ လက်ကိုတင်းတင်းဆုပ်လျက် အသက်ပင်မရှူနိုင်ပဲစိုက်ကြည့်နေမိသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ရလဒ်ကတိုင်းတာရေးစက်၏မျက်နှာပြင်တွင်ပေါ်လာခဲ့သည်။ ယွမ်ရှင်းကျဲမျက်လုံးကိုဖွင့်ကြည့်လိုက်လျှင် စက်ပေါ်၌ Bဟုသောစာလုံးကြီးကြီးပေါ်နေသည်ကိုကြည့်ပြီး အံ့အားသင့်သွားမိလေသည်။ သူ၏စိတ်စွမ်းအားမှာ အဆင့်တက်သွားချေပြီ၊ ထိုစဥ်သူကရုတ်တရက် ပြိုင်ပွဲအတွင်းမှ အတန်းA၏မက်ခါသုံးစီးနောက်ပြေးလိုက်စဥ်က သူ၏စိတ်စွမ်းအားမှာအလွန်ပေါ့ပါးကာ ထိန်းချုပိရပိုလွယ်နေသလိုခံစားနေရကြောင်းသတိရမိသွားသည်။
ထိုအချိန်အတွင်းတွင် သူ၏စိတ်စွမ်းအားမှာ Cအဆင့်မှ Bအဆင့်သို့တက်သွားခြင်းဖြစ်လိမ့်မည်။ Bအဆင့်သို့တိုးတက်ခြင်းမှာအတော်ကောင်းလှသည်။ ထို့အပြင် မိမိတွင် မက်ခါများအဆင့်ကျော်မောင်းနိုင်ကြောင်းလည်း ယွမ်ရှင်းကျဲ သိသည်ပင်။
ယခုသူ၏စိတ်စွမ်းအားမှာ Bအဆင့်သို့တက်သွားလျှင် Aအဆင့်မက်ခါကိုမောင်းနိုင်တော့မည်ဟုဆိုလိုသည်မဟုတ်ပါလား။ သူ၏ဘေးတွင်တော့ ကျိုးဖေးရွယ်က စိတ်သက်သာရာရစွာ သက်ပြင်းမှုတ်ထုတ်လိုက်သည်။ ယွမ်ရှင်းကျဲကဘမက်ခါအဆင့်ကျော်မောင်းနိုင်သည်ဟုဘသူတွေးနေခြင်းမှာ ရူးနေ၍ဖြစ်မည်။
ထိုကဲ့သို့မေးခွန်းမျိုးကိုသာမေးမိပါက ယွမ်ရှင်းကျဲသူ့ကိုရယ်လိမ့်မည်။
"ဒါကကျောင်းကိုစစရောက်ချင်းကထက် တစ်ဆင့်ပိုမြင့်တာပဲ ၊ ကောင်းတယ်"
ကျိုးဖေးရွယ်ကပြုံးလျက်ချီးကျူးလိုက်သည်။
"မင်းလိုပဲ အဆင့်မြန်မြန်တက်နိုင်တဲ့သူတွေရှိတယ်၊ အနာဂါတ်မှာ လည်းများများလေ့ကျင့်ပြီးစိတ်စွမ်းအားနဲ့ ကိုယ်ခံအားတိုးအောင်လုပ်"
ကျိုးဖေးရွယ်အကြံပေးလိုက်သည်။
ယွမ်ရှင်းကျဲသည်မက်ခါကိုအဆင့်ကျော်မောင်းခြင်းမဟုတ်လျှင်တောင် သူ၏စိတ်စွမ်းအားအမြန်တိုးတက်လာသည်မှာ အံ့သြစရာကောင်းဆဲဖြစ်သည်။ ယွမ်ရှင်းကျဲသည်ခေါင်းဆောင်းကိုချွတ်လိုက်ပြီး ခေါင်းငြိမ့်လိုက်ကာ
"ဟုတ်ကဲ့ပါ"
ထို့နောက်သူကမေးလိုက်သည်။
"ဒါနဲ့ ဆရာ၊ ကျွန်တော်တို့ဒီမှာစိတ်စွမ်းအားတိုင်းတာရုံပဲလား"
"တစ်ခုရှိသေးတယ်" ကျိုးဖေးရွယ်ကအတည်အတံ့ဆိုလာသည်။
"မင်းရဲ့အလင်းဓါးမက်ခါက တလက်ကိုင်အဟောင်းမလား ငါပြိုင်ပွဲတုန်းကသတိထားမိတယ်၊သူ့အစိတ်အပိုင်းတော်တော်များများကပြန်ပြင်ထားရတာပဲ၊ သူ့ရဲ့လုပ်ဆောင်ရည်လည်းနည်းနည်းကျနေတယ်"
"ဆရာအမြင်စူးရှတာပဲ တကယ်ပဲ တလက်ကိုင်အဟောင်းလေးပါ၊ "
"၀င်ခွင့်ပြီးရင် သုံးရက်အတွင်း တစ်ဦးချင်းPKပြိုင်ပွဲတွေစတော့မယ်"
ကျိုးဖေးရွယ်ကယွမ်ရှင်းကျဲအားကြည့်လျက်ဆိုလိုက်သည်။
"မင်းရဲ့စိတ်စွမ်းအားကအဆင့်တက်သွားပြီဆိုတော့မက်ခါကိုပြန်ပြင်ရမယ့်အချိန်ပဲ၊ သိပ်အများကြီးလုပ်ဖို့တော့အချိန်မရပေမယ့်၊ တခြားလိုတာလေးတွေတော့ပေါင်းထည့်လို့ရမှာပါ၊
ထို့နောက်တွင်ကျိုးဖေးရွယ်ကတွေးလိုက်ပြီး
"တစ်ဦးချင်းPKပြိုင်ပွဲတွေက နှစ်လေးနှစ်ရောထားတာ ၊ Bအဆင့်ကနေ SSအဆင့်အထိလူတွေအကုန်ပါတယ်၊မင်းရဲ့ Cအဆင့်မက်ခါနဲ့ဆို သေချာပေါက်အခြေအနေမကောင်းနိုင်ဘူး"
ယွမ်ရှင်းကျဲသည်လည်း ၄င်းကိုသတိထားမိလေသည်၊ သူကရှက်ရွံ့စွာဆိုလိုက်သည်။
"ကျွန်တော်အိမ်နဲ့ပြသနာဖြစ်နေတာဆိုတော့ မက်ခါကိုအဆင့်မြှင့်ဖို့ပိုက်ဆံမရှိဘူးရယ်" .
ကျိုးဖေးရွယ်နားလည်ပေသည်။ ခဏမျှစဥ်းစားပြီးနောက် ယွမ်ရှင်းကျဲအားဆိုလိုက်သည်။
"ငါမှတ်မိတာတော့၀င်ခွင့်ပထမနေရာအတွက် ဘောနပ်စ် ၅၀၀၀၀ရှိတယ်မလား"
ယွမ်ရှင်းကျဲအံ့အားသင့်လျက်
"တကယ်ကြီးလား"
"တကယ်ကြီးပေါ့"
ကျိုးဖေးရွယ်ပြုံးလျက်ခေါင်းငြိမ့်လိုက်သည်။
"မင်းငွေလိုနေတုန်းပဲဆို ငါ့ကိုအကူအညီတောင်းနိုင်တယ်"
"အားနာစရာကြီး"
ယွမ်ရှင်းကျဲခေါင်းကုတ်လိုက်မိသည်။
ယွမ်ရှင်းကျဲမှာတပါးသူများထံမှတစ်ခါမျှအကူအညီမယူဖူးချေ။ အထူးသဖြင့် လူကြီးများထံမှဖြစ်သည်။
"မက်ခါပြိုင်ပွဲမှာ မင်းဆုရသ၍ ငါမင်းကိုသေချာပေါက်ထောက်ပံ့ပေးမယ်"
ကျိုးဖေးရွယ်ကအတည်အတံ့ဆိုလာသည်။
"ငါအခုလည်းမင်းကိုနည်းနည်းပေးဦးမယ်"
"ဟင့်အင်း၊ တကယ်မလိုပါဘူး ဆရာ"
ယွမ်ရှင်းကျဲသည်အကောင့်ထဲ သို့ကျိုးဖေးရွယ်ထံမှ ကြယ်ဒဂါး ၆၀၀၀၀ခန့်၀င်လာလျှင် အလွန်ဖိအားများသွားရသည်။ကျောင်းမှဘောနပ်စ်နှင့်ပေါင်းလျှင် ၁၀၀၀၀၀ကျော်ရှိပြီ။ အကောင်းစားပစ္စည်းများကိုတော့မ၀ယ်နိုင်သော်လည်း ၄င်းမှာယွမ်ရှင်းကျဲအတွက် လုံလောက်သည်ပင်။
ငွေများကိုကြည့်လျက် ယွမ်ရှင်းကျဲမှာမိမိကောင်းကောငိးမလုပ်နိုင်လျှင် ဆရာကိုမျက်နှာပျက်စေလိမ့်မည်ဟုတွေးမိလေသည်။
"ဆရာ့ရဲ့ကြင်နာမှုကိုပြန်ပေးဆပ်ဖို့ ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ်"
ကျိုးဖေးရွယ်ကပြုံးလျက်
"ရပါတယ် ငါတခြားဆရာတွေနဲ့တွေ့စရာရှိသေးတယ်၊မင်းကဒီနှစ်ရဲ့ နံပါတ်၁ ဖျက်မြင်း ပဲ၊ ငါ့ကိုစိတ်မပျက်စေနဲ့"
xxxxxx