အပိုင်း ၂၃
Viewers 17k

Chapter 23


သုံးရက်အတွင်းတွင် ယွမ်ရှင်းကျဲလည်းသူ၏မက်ခါကို စတင်အဆင့်မြင့်​တော့သည်၊ သူ၏အလင်းဓါးမက်ခါမှာ အလင်းဓါးတစ်​ချောင်းသာရှိ​သည်၊ ​နောက်တစ်​ချောင်းသူ​ပေါင်းထည့်လိုသည်။ သူ၏ညာဘက်လက်ရှိ ​သေနတ်အ​သေးစား​လေးမှာလည်း မီးစွမ်းအင်မလုံ​လောက်​ချေ။ တံ​တောင်​ကွေးနှင့် ဒူးဆစ်​နေရာများလည်း​ချော​မွေ့ရန်လိုအပ်သည်ပင်။


အတွင်းဘက်အာရုံခံစနစ်များမှာလည်းအဆင့်မြင့်ရန်လိုအပ်သည်၊ သို့နှင့် ပစ္စည်းအ​မြောက်အများလိုအပ်​လေသည်၊ သူသာအနီးအနားမှ စက်ရုံကိုသွား၍ လိုအပ်သည်တို့ကို၀ယ်လျှင် ၁၀၀၀၀၀နှင့် ဘယ်လိုမျှ​လောက်မည်မဟုတ်​ချေ။ 


လိုအပ်သည့်ပစ္စည်းစာရင်းရှည်ကြီးကိုကြည့်လျက် 

တချို့မလိုဘူးထင်သောပစ္စည်းများကိုပြန်ခြစ်ချလိုက်သည်၊ 


"နာနို​မောင်းနှင်​ရေး၀တ်စုံ.." ယွမ်ရှင်းကျဲထိုစာလုံးကိုကြည့်လျက် ​ခေါင်းအနည်းငယ်ကိုက်သွားသည်။ ဤမက်ခါအားယခင်ကတစ်စုံတစ်​ယောက်​မောင်းနှင်ဖူးသည်ဖြစ်ကာ နာနို၀တ်စုံအားအသစ်ပြန်လဲနိုင်သည်။ ယခင်ပိုင်ရှင်ကလည်းမက်ခါကိုအ​တော်ဂရုစိုက်ပုံပင်။ နာနိုဝတ်စုံမှာ အလွန်သန့်ရှင်း​နေပြီး အသစ်အတိုင်းပင်။ 


"​မေ့လိုက်​တော့ ​​​လောလောဆယ်ဒါပဲ၀တ်လိုက်ဦးမယ်"ယွမ်ရှင်းကျဲသက်ပြင်းချလိုက်သည်။ 


"ငါ့မှာပိုက်ဆံရှိလာ​တော့မှလဲ​တော့မယ်"


ထိုလူမှာလည်းမိမိမက်ခါကို၀ယ်ခဲ့မှန်းသိမည်မဟုတ်သည်မို့ ဤ၀တ်စုံကိုပဲ ခဏ​လောက်ဆက်၀တ်​နေလည်းပြသနာမရှိ​လောက်​ချေ။ ထို့အပြင်ဤ၀တ်စုံမှာ ပူရှိန်းနံ့​​​ဖျော့ဖျော့​လေးယခုတိုင်စွဲကျန်ဆဲဖြစ်ကာ ၀တ်ဆင်သည့်အခါတိုင်းအလွန် သက်​တောင့်သက်ဖြစ်မှုကိုခံစားရသည်။


ယွမ်ရှင်းကျဲ မှတ်ဥာဏ်တုထဲမှ စာရင်းအား အပြန်ပြန်အလှလှန်စစ်ထုတ်လိုက်သည်။ ​နောက်ဆုံးတွင် အမှန်တကယ်မဖြစ်မ​နေလိုအပ်​သော ပစ္စည်းများသာလျှင်ကျန်ရစ်​​တော့သည်။ သို့​သော်လည်း ​ကုန်ကျစားရိတ်မှာများ​နေဆဲဖြစ်ကာ ကြယ်ဒင်္ဂါးတစ်သိန်းခန့်ဆိုသည်မှာအ​တော်​လေးဆွဲဆန့်ထားရတာဖြစ်သည်။ 


ယွမ်ရှင်းကျဲလည်းသက်ပြင်းသာချလျက် ​မှောင်ခို​စျေးကို​နောက်တစ်ကြိမ်ထအ်သွားရန်ပြင်လိုက်သည်။ တစ်နာရီကြာပြီးသည့်​နောက်တွင် လက်​ဟောင်းပစ္စည်းအ​​ရောင်းဆိုင်မှာ သူ​ဌေးသည့် မတ်စ်ကို၀တ်ဆင်ထား​သောယွမ်ရှင်းကျဲကိုမြင်လျှင် သူ၏အပြုံးကြီးက​အေးခဲသွား​လေ​တော့သည်။ သူကတံခါးကိုပင်ပိတ်ရန်ပြင်လိုက်သည်။ 


"သူ​ဌေးကျွန်​တော် ဒီတစ်ခါ ပစ္စည်း​လေးနည်းနည်း၀ယ်မလို့ပါ" ယွမ်ရှင်းကျဲသည် တံခါးကိုပိတ်ရန်ပြင်​နေ​သော သူ​ဌေး၏လက်ကိုဖမ်းဆွဲကာဆိုလိုက်သည်။ 


"ဒီထဲကပစ္စည်း​လေး​တွေ သူ​ဌေးဆီမှာရှိမရှိကြည့်​ပေးနိုင်မလား"


သူ​ဌေးချူ၏မျက်နှာကကြီးသည်မို့ သူကစာရင်းအားတတစ်ချက်ခန့် ဖြတ်ခနဲကြည့်လိုက်သည်။ 


"ငါ့မှာရှိတဲ့ပစ္စည်း​တွေက​စျေးကြီးတယ် ၊ ​​စျေးဆစ်ပြီးလှည့်ဖျားဖို့စဥ်း​တောင်မစဥ်းစားနဲ့"


"ကျွန်​တော်​စျေးမဆစ်ပါဘူး" ယွမ်ရှင်းကျဲအလွန်စိတ်ရင်းဖြင့်ဆိုလိုက်သည်။ သူ​ဌေးချူကလည်းသူ့ကိုမယုံသင်္ကာဖြင့်ကြည့်လိုက်​သော်လည်းထို ရိုးသားဖြူစင်​သော မျက်လုံးရွဲကြီးများကိုအရှုံး​ပေးလိုက်ရ​တော့သည်။ 


သူကစာရင်းကိုတစ်ချက်ကြည့်လျက် "M-23 အထူးအလင်းဓါး"ဟူသည့်တစ်ခုကိုလက်ညှိုးဖြင့်​ထောက်လျက်​မေးလိုက်သည်။


"ဒိမက်ခါ​မော်ဒယ်က ငါမင်းကိုဟိုတစ်​ခေါက်က​​ရောင်းလိုက်တယ်မလား" 


ယွမ်ရှင်းကျဲ​ခေါင်းငြိမ့်လိုက်သည်။ 


"မင်း​နောက်ထပ်အလင်းဓါး​နောက်တစ်ခု​ပေါင်းထည့်ဖို့ဆိုသိပ်မလွယ်ဘူး​နော်" 


​ဘော့စ်ချူက​မေး​စေ့ကိုပွတ်လျက် ခဏမျှစဥ်းစား​နေပြီးမှ 


"ငါ့မှာတချို့တ​လေ​တော့ရှိတယ် ​စျေးကလည်းမင်းတတ်နိုင်မယ့်​စျေးပါ၊ ၅၀၀၀၀၀န်းကျင်​တွေပဲ" 


ယွမ်ရှင်းကျဲကသူ​ဌေးချူအား အ​တွေးများဖြင့်ပြည့်​နေ​သောမျက်၀န်းများဖြင့်ကြည့်လာလျှင် သူ​ဌေးချူမှာသူ၏​ခေါင်းမှမရှိ​သောဆံပင်များ​ထောင်ထသွားသလိုခံစားလိုက်ရသည်။ 


"​​ပေးနိုင်တဲ့​စျေး​ပြောမယ်" ယွမ်ရှင်းကျဲအတည်အတန့်ဆိုလိုက်သည်။ 


"၅၀၀၀ပဲ"


"​စျေးမဆစ်ဘူးဆိုတာ ဘာစကားလဲ "


သူ​ဌေးကသူကိုထိတ်လန့်စွာကြည့်လျက် 


"မင်းဒီအတိုင်းဓါးပြသာတိုက်သွားပါ​တော့လား"


ယွမ်ရှင်းကျဲကတဖန်မျက်နှာချို​သွေးလိုက်ပြန်သည်။ 


"သူ​ဌေးကျွန်​တော့်မှာ ပြိုင်ပွဲရှိတယ်၊ သူ​ဌေးကူညီမှရမှာမို့လို့ပါ" 


သူ​ဌေးချူသည်ယွမ်ရှင်းကျဲအား မနှစ်မြို့လှစွာတစ်ချက်ကြည့်လိုက်သည်။ ဤက​​လေးနှင့်ထပ်မံ အ​​​ရောင်းအ၀ယ်လုပ်လျှင် သူပဲရှုံးရမည်မှန်းသိ​နေခဲ့သည်။ သူကမျက်လုံးကိုလှိမ့်လိုက်ပြီး​နောက် ​မေးလိုက်သည်။ 


"ဒီပစ္စည်း​တွေအတွက် လိုချင်တဲ့အ​ရောင်အမျိုးအစားသပ်သပ်ရှိလား" 


"ရတယ်၊ သစ်ပြီး သုံးလို့ရရင်ရပြီ" 


ယွမ်ရှင်းကျဲကပြန်​ဖြေလိုက်သည်။ 


"သူတို့ပုံစံကအဲ​လောက်အ​ရေးမကြီးပါဘူး"


သူ​ဌေးချူကသူ့ရင်ဘတ်ကိုပုတ်လျက် 


"​ကောင်းပြီ ငါရှာ​ပေးမယ်"


သူသည်ဆိုင်မှ ​ရောင်းမထွက်​သောပစ္စည်းတချို့ကို သည်အတိုင်း​သောင်တင်​နေမှာစိုး​နေခဲ့သည်။သူက၄င်းတို့ကိုအလျှင်အမြန်ထုတ်လျက် ယွမ်ရှင်းကျဲအားပြလိုက်သည်၊ 


"ဒါ​တွေကလုံး၀အသစ်စက်စက်​တွေ​နော် ၊ အနာအဆာ​လေးနည်းနည်းရှိ​ပေမယ့် ၊ သုံးရလွယ်သလားမ​မေးနဲ့" 


ယွမ်ရှင်းကျဲမှာ၄င်းတို့ကိုမြင်လျှင် ၅စက္ကန့်ခန့် တန့်သွားခဲ့သည်။ 


"အနာအဆာဆိုတာ သူတို့ရဲ့ပုံစံကိုများ​ပြောတာလားဟင်" 


ယွမ်ရှင်းကျဲမ​နေနိုင်ပဲ​မေးလိုက်ရသည်။ 


"ဒါ​တွေက ကစားစရာက​နေဖြုတ်ထားတာ မဟုတ်တာ ​သေချာရဲ့လား" 


"​သေချာ​ပေါက်မဟုတ်ဘူး​ပေါ့" 


သူ​ဌေးချူကအာမခံလိုက်သည်။ 


"ဒါ​တွေကသုံးရလွယ်တယ်ဆိုတာ ငါအာမခံတယ်၊ အ​ရောင်အတွက်က​တော့မင်းအ​ပေါ်က​နေ စပ​ရေးဖြန်းလိုက်လို့ရတာပဲ​လေ"


အမှန်​တော့ဤပစ္စည်းများမှာရုပ်ဆ်ုးလွန်းသဖြင့် ၀ယ်မည့်သူမ​ရှိ​ချေ။ 


"အလင်းဓါးကို​ရောင်သုတ်လို့ရလို့လား"


ယွမ်ယှင်းကျဲလည်းအလင်းမှုန်များဖြင့်ဖွဲ့စည်းထား​သောအလင်းဓါးကိုစဥ်းစားလျက်​မေးလိုက်သည်။

23.2


"အဟမ်း အဲဒါများဘာလို့​ရောင်ခြယ်​နေဦးမှာလဲ၊ ဒီပန်း​ရောင်​လေးကိုကြည့်စမ်း ၊ အိုမီဂါဘယ်​လောက်များများ ရူးသွပ်ကြလိမ့်မလဲ" သူ​ဌေးချူကဆိုလိုက်သည်။ 


ယွမ်ရှင်းကျဲ "ဒီဂျက်အင်ဂျင်ကဘာလို့​ကြက်​တောင်ပံကြီးနဲ့တူနေရတာလဲ"


​ဘော့စ်ချူမှာစိတ်မရှည်​တော့ 


"ဘာကြက်​တောင်ပံလည်း ဒါကနတ်သမီး​တောင်ပံကွ

လွန်ခဲ့တဲ့​နှစ်​တွေကအရမ်း​ရေပန်းစားခဲ့တာ၊ ပြီး​တော့ ဂျက်အင်ဂျင်​တွေက​နောက်မှာပဲဟာ၊ ဘယ်သူမြင်မှာမှတ်လို့" 


 "ဒါကြီးကအမြင်ခံလို့မရမှန်း​တော့သိ​သေးတယ်​ပေါ့" 


ယွမ်ရှင်းကျဲ၏နှလုံးသားကမူသိပ်မလှုပ်ရှားသွားပါ​ချေ။ သူကဤပစ္စည်းများ၏ပုံသဏ္ဍန်ကိုမကြိုက်လှ​သော်လည်း သူ့တွင်တတ်နိုင်​သောပမာဏကလည်းအကန့်အသဆ်ရှိ​လေသည်။ ပစ္စည်းများအား ​သေချာစစ်​ဆေးကြည့်ပြီးသည့်​နောက် ယွမ်ရှင်းကျဲလည်း သူ​ဌေးချူမှာအမှန်အတိုင်း​ပြော​နေခြင်းဖြစ်​ကြောင်းသိလိုက်ရ​လေသည်။ ၄င်းတို့မှာ ထူးဆန်း​သောပုံသဏ္ဍာန်ရှိ​သော်လည်း လုပ်​ဆောင်မှုစွမ်းရည်မှာအင်မတန်မြင့်မား​လေသည်။ 


ဂရုတစိုက်စဥ်းစားပြီးသည့်​နောက်တွင် ယွမ်ရှင်းကျဲ ဤပစ္စည်းများကို၀ယ်ရန်ဆုံးဖြတ်လိုက်သည် သို့​သော် ​စျေးဆစ်ရန်လည်းမ​မေ့​ချေ။ သို့နှင့်ယွမ်းရှင်းကျဲမှာ ထိုပစ္စည်းအစုံလိုက်အား ၅၀၀၀၀နှင့်ရခဲ့​လေသည်။ သူ​ဌေးချူမှာသိပ်မ​ကျေနပ်လှ​သော်လည်း တခြားလူများမှာလည်းမင်းတို့ကို၀ယ်မည်မဟုတ်ရာ အင်တင်တင်နှင့်ပင်​ရောင်းလိုက်ရ​တော့သည်။ 


၄င်းတို့ကို၀ယ်ပြီး​နောက် ယွမ်ရှင်းကျဲလည်း​မှောင်ခို​စျေးထဲပတ်​နေခဲ့​သေးသည်။ ထို့​နောက် တာဘိုအားသွင်းစနစ်နှင့် ​နောက်ဆုံး​ပေါ် ထိန်းချုပ်​ရေးပစ္စည်းတချို့ကိုရခဲ့​လေသည်။ 


၄င်းတို့မှာမက်ခါအတွက်ပိုအ​​ရေးကြီး​သောအစိတ်အပိုင်းများဖြစ်ကာ ကြယ်ဒင်္ဂါး ၄၀၀၀၀​ကျော်ကုန်ကျခဲ့​လေသည်။ ကျန်​သော ၁၀၀၀၀ခန့်ကို သူ​ဌေးချူကမူ ​​ဆေး​ရောင်ခြယ်စ​ပ​ရေး၀ယ်ရန်အကြံ​ပေးခဲ့​သော်လည်း ယွမ်ရှင်းကျဲမှာ ပိုက်ဆံထပ်ကုန်ရန် ငြင်းဆန်​နေခဲ့သည်။ သူအမှန်တကယ် တိုက်ပွဲထဲ၀င်သွားမည်မဟုတ်​ချေ။သူ့ကိုယ်သူရုပ်ဖျက်ရန်မက်ခါကို​ဆေးခြယ်ရန်မလို။ 


 PKပြိုင်ကွင်းပြင်မှာကျယ်၀န်းလှသည်။ လူနှစ်ဦးမှာ 

မျက်နှာချင်းဆိုင်ပြီး တစ်ဦးကတစ်ဦးကိုအနိုင်တိုက်ရန်သာလိုအပ်သည်။ ​​ရောင်ခြယ်ခြင်းမခြယ်ခြင်းကအ​ရေးမပါလှ​ချေ။ ယွမ်ရှင်းကျဲ ​မှောင်ခို​စျေးမှထွက်သွားသည်နှင့် သူ​ဌေူချူမှာ၀မ်းသာ​နေခဲ့သည်။ သိူ့​သော်သူရုတ်ချည်းတစ်စုံတစ်ခုကိုသတိရသွားမိသည်။ 


​နေပါဦး၊ ဟို​ကောင်​လေး ပြန်ပြင်မယ့်မက်ခါက ​လော့၀မ်ချွမ်းရဲ့မက်ခါအ​ဟောင်း​တော့မဟုတ်ပါဘူး​နော်..​လော့၀မ်ချွမ်းသာ သူ့မက်ခါကို အဲလိုရုပ်ဆိုးဆိုးပစ္စည်း​တွေဆင်ထားတာကိုမြင်ရင်​တော့ ..


သူ​ဌေးချူက​ခေါင်းကိုခါယမ်းလိုက်ပြီး ထိုပစ္စည်းများကို​ရောင်းလိုက်သူက မိမိဟု လုံး၀ ၀န်မခံရန် နှလုံးသားထဲကျိန်ဆိုလိုက်​လေသည်။


ယွမ်ရှင်းကျဲလည်းလိုအပ်​သောပစ္စည်းများနှင့်အတူ ​ကျောင်းသို့ပြန်​ရောက်လာ​လေ သည်။ သူနေရာလွတ်တစ်ခုကိုရှာလိုက်ပြီး​နောက် သူ၏မက်ခါကိုစပြင်​တော့သည်။ ​


ကျောင်းက ​ကျောင်းသားများထံမှ ပြုပြင်​ရေးကွင်းစားရိတ်​ကောက်ခံလိမ့်မည်။ ထိုအစား ​ကျောင်းသားများမက်ခါပြင်ရာတွင်လိုအပ်​သော အ​ထွေ​ထွေသုံးစက်ကြီးများကိုမူ အခမဲ့သုံးခွင့်​ပေးထား​လေသည်။ ​ပြောရလျှင် မက်ခါပြုပြင်​ရေးနှင့် မက််ခါသီအိုရီ ​မေဂျာများမှ ​ကျောင်းသားများသာလျှင်ဤ​နေရာကိုလာ​လေ့ရှိသည်။ 


ယွမ်ရှင်းကျဲသည်ပုံကြမ်းကိုဆွဲလိုက်ပြီး ထိုပုံကြမ်းအတိုင်းပင်မက်ခါအား တစစီဖြုတ်လျက် ပြန်ဆင်​တော့သည်။ မူလလက်ညှိုး​ကွေး​နေရာကိုတိုလိုက်လျှင် လက်အ​ကွေးအဆန့်ကပို၍​ချော​မွေ့သွားခဲ့သည်။ ယွမ်ရှင်းကျဲ  ​နေရာလွတ်အိတ်ထဲမှ ​ရောင်စုံ​လက်​ချောင်းများကိုထုတ်လိုက်သည်။ 


အလင်းဓါးကိုတပ်ဆင်ရသည်မှာမူခက်ခဲသည်။ ဓါးရိုး၏အ​နေအထားမှာ လက်လှမ်းမှီ​သော​နေရာတွင် ရှိ​နေမှရ​ပေမည်။ သို့မှာသာ တိုက်ခိုက်​​နေရင်း ဓါးကို လျက်တပြက်ဆွဲထုတ်နိုင်မဘ်ဖြစ်သည်။ အလင်းဓါးနှစ်​ချောင်း၏ အလင်းမှုန်များမှာလည်းတစ်ခုနှင့်တစ်ခု တွန်းကန်မ​နေရန်လိုအပ်​သေးသည်။ 


ယွမ်ရှင်းကျဲလည်း ပန်း​ရောင်ဘာဘီအလင်းဓါးကိုထုတ်လိုက်သည်။ 


ပျံသန်း​ရေးအတွက်မက်ခါ၏ပါ၀ါမှာလုံ​လောက်မှုမရှိ​ချေ။ တခါတစ်ရံတွင်မက်ခါ၏လုပ်​ဆောင်မှုမှာ အား​ပျော့လှသည်။၄င်းကိုပြင်ရန်မှာ ဂျက်အင်ဂျင်ကိုအဆင့်တိုးမြှင့်ရန်လို​လေသည်။  ထို့​ကြောင့် ယွမ်ရှင်းကျဲသည် နတ်သမီး​​တောင်ပံအင်ဂျင်ကိုထုတ်လိုက်​လေသည်။ 


သူ့အား၀ိုင်းကြည့်​နေကြ​သော မျက်လုံးများမှာ မူလကသိချင်စိတ်အပြည့်နှင့်ဖြစ်ကြ​သော်လည်း တဖြည်းဖြည်းထိတ်လန့်လာကြသည်။ 


"ဘုရား​ရေ မက်ခါတစ်စီးက ဘယ်လိုလုပ်ဒီလိုပုံ​​ပြောင်းလဲနိုင်မှာလဲ"


"​သေစမ်း၊ ဒီပစ္စည်း​တွေရဲ့အ​ရောင်နဲ့ ပုံစံတွေကဘာလဲ တမင်ဟာသလုပ်​နေတာလား"


"သူက သူ့ပြိုင်ဘက်ကို အူတက်​အောင် ရယ်​စေတဲ့နည်းနဲ့ အလဲထိုးမလို့များလား"


အပြင်ဘက်ပြင်ဆင်ခြင်းပြီးဆုံးလျှင် ယွမ်ရှင်းကျဲလည်းမက်ခါ​ပေါ်တက်လျက် တာဘိုစနစ်နှင့် ထိန်းချုပ်စနစ်ကိုပြန်တပ်ဆင်လိုက်သည်။ အတွင်းဘက်ပြင်ဆင်ခြင်းမှာ အပြင်ဘက်ပြင်ဆင်ခြင်းထက် အမြဲတမ်းခက်ခဲသည်ပင်။ သို့​သော် ယွမ်ရှင်းကျဲအတွက်မူ ပါမွှားပင်။ 


နာရီ၀က်ခန့်အကြာတွင်သူသည် မူလစနစ်ကိုဖြုတ်လျက် အသစ်ပြန်လည်တပ်ဆင်နိုင်ခဲ့သည်။ ပြင်ပြီးသည့်​နောက် ယွမ်ရှင်းကျဲလည်း မက်ခါ​ပေါ်မှဆင်းလာခဲ့ပြီး သူ၏ အနှိုင်းမဲ့လက်ရာကို​ကျေနစွာကြည့်လျက်လပ်လက်ခုပ်တီးလိုက်သည်။ 


ထိုစဥ် လုရန်ရှုမှာ မက်ခါပြုပြင်​ရေး ခန်းမကို​ရောက်လာပြီး သူ့အားလာရှာခဲ့သည်။ 

သူ၏မျက်ခါပုံစံအသစ်ကိုမြင်လျှင် လုရန်ရှုမှာ မျက်လုံးများပြူးကျယ်သွားလျက် သတိလက်လွတ်ဆိုလိုက်​လေသည်။ 


"​သေစမ်း.. ဒါကြီးက ​သောက်ကျိုးနဲကို.."


ယွမ်ရှင်းကျဲကသူ့ကိုဖြတ်ခနဲလှည့်ကြည့်လိုက်သည်။ 


လုရန်ရှုလည်း မိမိမူလ​ပြောချင်​နေသည့်စကားကို အမြန်အရှိန်သတ်လိုက်ပြီး 


"အဟမ်း ​သောက်ကျိုးနဲ ဆန်းသစ်ပြီး မိုက်လွန်းတယ်" 


လုရန်ရှုမှာ သက်တန့်​ရောင် မက််ခါကြီးမှခက်ခက်ခဲခဲ အကြည့်လွှဲလိုက်ရကာ 


"အရမ်းထင်းလင်း​နေ​ရောပဲ"


လုရန်ရှုမိမိကိုယ်ကို ဤမက်ခါပုံစံအားလက်ခံရန်တွန်းအား​ပေးလိုက်သည်။ ယွမ်ရှင်းကျဲမက်ခါကိုသိမ်းလိုက်လျှင် ကုဗတုံးမှာ သက်တန့်​ရောင်အဖြစ်သို့​ပြောင်းလဲသွား​တော့သည်။ သူကမက်ခါကို​လေ့ကျင့်​ရေးကွင်းဆီယူသွားကာ ချက်ချင်းစမ်းသပ်ကြည့်လိုက်​တော့သည်။ 


ပြင်ဆင်မှုမှာ အမှားအယွင်းတစ်စုံတစ်ရာမရှိပဲ မက်ခါ၏လုပ်​ဆောင်မှုမှာ အများကြီး​ချော​မွေ့သွား​လေသည်။ ​ပျော့​ပျောင်းမှုဖြစ်​စေ၊ ခုခံမှုဖြစ်​စေ၊ စွမ်းအားဖြစ်​စေ၊ အလျင်ဖြစ်​စေ သာမာန်မျက်စိဖြင့်ပင် ပို၍တိုးတက်သွား​ကြောင်းမြင်နိုင်​လေသည်။


အပြာနှင့် ပန်း​ရောင်အလင်းဓါးနှစ်​ချောင်းမှာ ရယ်ရပြီး တချိန်တည်းမှာပင် ချစ်စရာ​ကောင်း​သောခံစားချက်မျိုး​ပေး​လေသည်။ 


သို့သော် ထိုအလင်းဓါးနှစ်​ချောင်းကိုဆွဲထုတ်လိုက်​သော အခိုက်အတန့်တွင် လုရန်ရှုမှာ အန္တရာယ်ရှိ​သောခံစားချက်မျိုးရ​ရှိဆဲပင်။ ယွမ်ရှင်းကျဲ မက်ခါကို​ပြောင်းလဲလိုက်ပုံမှာ ရုပ်ဆိုးသွား​သော်လည်း ပို၍​ကောင်းသွားသည်မှာ​တော့အမှန်ပင်။ လူအနည်းစုသာလျှင် တစ်ကြိမ်တည်းပြင်ရုံနှင့် ယွမ်ရှင်းကျဲကဲ့သို့​ပြောင်းလဲမှုကြီးကိုလုပ်နိုင်​လေသည်၊ 


မည်သည့်ပါ၀င်ပစ္စည်းကို​ပြောင်းလဲ​စေကာမှု အနည်းငယ်အမှားအယွင်းရှိသည်နှင့် မက်ခါကိုအလွန်ထိခိုက်​စေလိမ့်မည်။ ယွမ်ရှင်းကျဲမှာမက််ခါကိုစမ်းသပ်ကြည့်ပြီးလျှင် လွန်စွာ​ကျေနပ်မိ​သည်။ 


လုရန်ရှု သူ့ထံ ​ပြေးလာပြီး အလွန်​လေးစားစွာ ​ပြောလိုက်သည်။ 


"ရှင်းကျဲ မင်းရဲ မက်ခါပြုပြင်​ရေးနည်းပညာကဒီ​လောက်​ကောင်းမယ်ငါမထင်ထားခဲ့ဘူး။ ​လော့၀မ်ချွမ်းကမင်းကိုပိုက်ဆံ​တွေအများကြီး​ပေးတာမအံ့သြ​တော့ပါဘူး" 


ယွမ်ရှင်းကျဲ ပြုံးလိုက်ကာ သူ့ဘာသူရယ်လိုက်ပြီး 

"ရုပ်ဆိုးပါတယ်ကွာ၊ မူလပိုင်ရှင်သာမြင်ရင်အ​တော်စိတ်ဆိုးမှာ" 


"အဲလိုမျိုးတိုက်ဆိုင်စရာမရှိ​လောက်ပါဘူး" 


လုရန်ရှုကသူ့ပုခုံးကိုပုတ်လိုက်ပြီး​​ပြောလိုက်သည်။ 


"စိတ်​လျှော့ပြီးပြိုင်ပွဲ၀င်ဖို့သာလုပ်"


xxxxxx