အပိုင်း၂၄
Viewers 17k

Chapter 24


ယွမ်ရှင်းကျဲမက်ခါပြင်ပြီးမကြာခင်မှာပင် တစ်ဦးချင်းPKပြိုင်ပွဲများစတင်လာ​သည်။


 PKပြိုင်ပွဲများမှာ ပွိုင့်များဖြင့်အမှတ်ခွဲ​ဝေ ခြင်းဖြစ်​လေသည်။ လူတိုင်းမှာ ဆယ်ပွဲခန့်​ဆော့ရမည်ဖြစ်သည်။


နိုင်လျှင့် ၁၀ပွိုင့်ရမည်ဖြစ်ကာ ရှုံးလျှင် သုညပင်။ 

ကစားသမား၏ လုပ်​ဆောင်မှုကိုခြုံ့ငုံကြည့်လျှက် ​ပေးမည့်အမှတ်များလည်းရှိသည်။ ထိုဆယ်ပွဲပြီး​နောက် ထိပ်ဆုံး၉​ယောက်မှာ​ကျောင်းအသင်းကို၀င်နိုင်မည်ဖြစ်သည်။ ကျန်ဆယ်​ယောက်​မြောက်မှာ အသင်း၏အစားထိုးလူဖြစ်လာလိမ့်မည်။ 


ယွမ်ရှင်းကျဲ မူလက ရှုံးရှုံးနိုင်နိုင်စိတ်မ၀င်စားသူဖြစ်​လေသည်။ သူကတခြားလူများ၏မက်ခါများကိုအနီးကပ်​လေ့လာချင်ရုံသာဖြစ်သည်။ သို့​သော် ဆယ်ပွဲဆက်နိုင်သူက ​ဘောနပ်စ် ကြယ်ဒင်္ဂါး၅၀၀၀၀၀ရမည်ဟုကြားလျှင်သူကချက်ချင်းစိတ်၀င်စားသွားမိ​တော့သည်။ 


သူထို​ငွေဖြင့် နတ်သမီး​တောင်ပံအင်ဂျင်ဘယ်နှခု​တောင်၀ယ်နိုင်နည်နည်း။ သူလုံး၀ရှုံး၍မဖြစ်​ပေ။ 

ပြိုင်ပွဲမတိုင်ခင်တွင် ​ကျောင်းမှ ​ကျောင်းသားများ၏စွမ်းရည်ကိုပြန်အကဲဖြတ်​ပေးသည်။ 

ထိုနည်းဖြင့် မိမ်ပြိုင်ဘက်၏စွမ်းရည်ကို သတိထားနိုင်​လေ့မည်။ ယွမ်ရှင်းကျဲ၏စိတ်စွမ်းအားနှင့် ကိုယ်စွမ်းအားနှစ်ခုလုံးမှာ Bအဆင့်သို့တက်သွားခဲ့ပြီဖြစ်ကာသူ၏မက်ခါ​မောင်းစွမ်းရည်ကလည်းBအဆင့်သို့တန်း၍တက်သွား​တော့သည်။


ယွမ်ရှင်းကျဲ၏ပထမဆုံးပြိုင်ဘက်မှာ ဒုတိယနှစ်မှ ဘီတာ​ကျောင်းသားတစ်ဦးဖြစ်​လေသည်။ သူသည်လည်း အလင်းဓါးမက်ခါ​မောင်းနှင်သူဖြစ်ကာ သူ၏မက်ခါ​မောင်းစွမ်းရည်ကလည်း ဘီအဆင့်ပင်ဖြစ်​လေသည်။ 


ပြိုင်ပွဲကွင်း ၄ခုရှိကာ ပြိုင်ပွဲ​လေးခုကိုတပြိုင်တည်းကျင်းပမည်ဖြစ်သည်။ပြိုင်ပွဲတစ်ခုကို ကန့်သတ်ချိန်မိနစ်၃၀​ပေးထားသည်။ မိနစ်၃၀အတွင်း အရှုံးအနိုင်အ​ဖြေမ​ပေါ်ပါကာ အနိုင်ရရှိသူအားမက်ခါအပျက်အစီးနှုန်း​ပေါ်မူတည်၍ဆုံးဖြတ်မည်ဖြစ်သည်။ 


 ယွမ်ရှင်းကျဲ၏ယှဥ်ပြိုင်မှုမှာ ပထမ​​နေ့၏ည​နေပိုင်းတွင်ဖြစ်​လေသည်။ ယွမ်ရှင်းကျဲကွင်းပြင်သို့၀င်လာသည်နှင့် လူများရုံပြည့်မ​တက်​ရောက်ရှိ​နေသည်ကို​တွေ့လိုက်ရ​လေသည်။ အများစုမှာ အိုမီဂါများဖြစ်ကာ အလွန်တက်ကြွလန်းဆန်း​နေကြပြီး 


"တာ့ချွမ်းကအရမ်း​ချောတယ်"


"​လော့၀မ်ချွမ်းကြိုးစားထား၊"


"အား​လော့၀မ်ချွမ်းငါ့ကိုကြည့်သွားတယ်" စသဖြင့်​အော်ဟစ်​နေကြသည်။ 


ယွမ်ရှင်းကျဲ တန့်သွားလျက် တဖက်သို့လှမ်းကြည့်လိုက်လျှင် ပြိုင်ပွဲအတွက်ပြင်ဆင်​နေ​သော ​လော့၀မ်ချွမ်းကို​တွေ့လိုက်ရ​တော့သည်။


ထိုစဥ် ​လော့၀မ်ချွမ်းအ​ပေါ်မှ ပွဲကြည့်စဥ်တွင် ကွပ်ကဲ​ရေးဌာနမှမိန်းက​လေးများ ကြီးမား​​သော ဘန်နာကြီးကို​ထောင်လိုက်တာကို​တွေ့လိုက်ရလျှင် ယွမ်းရှင်းကျဲမျက်လုံးပြူးမိသွား​တော့သည်။ 


​လော့၀မ်ချွမ်းမှာမူဆူညံသံများကိုတုန့်ပြန်ခြင်းမရှိ​ချေ။ သူ့မျက်နှာကားအမူအယာမဲ့လျက်ပင်။ သူ၏ပြိုင်ဖက်မှာ​တော့ အလွန်စိတ်လှုပ်ရှား​နေပုံရသည်၊ ယွမ်ရှင်းကျဲ အသင့်ပြင်သည့်​နေရာကို​ရောက်လာ​သောအခါ ​လော့၀မ်ချွမ်းမှာ မျက်လုံးများမှိတ်လျက် အနားယူ​နေခဲ့ပြီဖြစ်သည်။ သူတို့ထိုင်​နေ​သော​နေရာနှင့် ပြိုင်ပွဲကွင်းပြင်ကြားတွင် အကွာအဝေး တချို့ခြား​လေသည်။ 


 ယွမ်ရှင်းကျဲ၏အလှည့်မှာ ​လော့၀မ်ချွမ်းမတိုင်ခင်ဖြစ်သည်။ တာ၀န်ရှိသူတို့ကသူ့ကို အသင့်ပြင်ရန်လာ​ပြော​သောအခါ ကစားသမားများကြားတီးတိုးသံတို့ကိုကြားလိုက်ရသည်။ 


"အဲဒါပထမနှစ်ရဲ့ နံပါတ်၁အိုမီဂါမလား"


"ထင်တာပဲ..သူကတကယ်ကြီးနံပါတ်၁လား၊ သူ့ကြည့်ရတာ၊ ဖြူဖြူ​သေး​သေး​လေး တစ်ချက်ထိုးခံရရင်​တောင်ငိုမယ့်ပုံနဲ့"


"ဘယ်သူသိမလဲ သူတကယ်ငိုချင်ငိုမှာ​ပေါ့၊ ၀င်ခွင့်​တုန်းက ဗျူဟာ​ကောင်းမှု​ကြောင့် ၁ရသွားတယ်ကြားတာပဲ"


"ဘာလို့အိုမီဂါတစ်​ယောက်က ၀င်ပြိုင်​နေရတာလဲ၊ မနှစ်ကစုကျီနန်က​တော့ထားလိုက်ပါ​တော့"


 "အယ်လ်ဖာ​တွေအချင်းချင်ပြိုင်ရရင်​တော်ပြီ​ပေါ့၊ အိုမီဂါ​တွေဘာလို့လာ​ရော.." 


ယွမ်ရှင်းကျဲ ၄င်းတို့ကိုကြားလျှင်ရယ်ချင်သလိုသာခံစားရ​လေသည်။ ထိုစဥ်


"ကလန့်.."ဟုစူးရှ​သောအသံက တီးတိုး​ပြော​နေ​သောပြိုင်ပွဲကွင်းပြင်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့သည်။

အသံများတမဟုတ်ချင်းတိတ်ဆိတ်သွားသည်ကို​တွေ့ရလျှင် ယွမ်ရှင်းကျဲလည်းမ​နေနိုင်​တော့ပဲလှည့်ကြည့်လိုက်မိသည်။ ​လော့၀မ်ချွမ်းမှာ မျက်လုံးများကိုမှိတ်လျက် သပ်ရပ်ကာကြည့်​ကောင်း​သော ​ကျောင်း၀တ်စုံကို၀တ်ဆင်ထား​လေသည်၊ သူ၏သွယ်လျ​သော​ခြေ​ထောက်တို့ကိုချိတ်ထားလျက်အနက်​ရောင်မက်ခါကုဗတုံးကသူ၏​ခြေ​ထောက်​အောက်သို့​အေးစက်​သောအရှိန်အ၀ါကိုထုတ်လွှတ်လျက်ပြုတ်ကျသွားခဲ့သည်။ ခဏအကြာတွင်မှ ​လော့၀မ်ချွမ်းမှာ သူ၏မျက်လုံးတို့ကို ခပ်​မှေး​မှေး​လေးဖွင့်လျက်အဆိုပါကုဗတုံးကို ပျင်းရိစွာ​ကောက်လိုက်သည်။


​ဘေးတွင်အတင်းတုပ်​နေ​သောအယ်လ်ဖာများမှာချက်ချင်းအသံတိတ်သွား​တော့သည်။ ၄င်းမှာတိုက်ဆိုင်မှုသက်သက်သာဖြစ်နိုင်​သော်လည်း ယွမ်ရှင်းကျဲ မ​နေနိုင်ပဲ  ​ပြိုင်ပွဲ၀င်ရန်မထွက်ခါခင်အထိ လော့၀မ်ချွမ်းအား အ​တော်ကြာစိုက်ကြည့်မိ​လေသည်၊


မိနစ်အနည်းငယ်အကြာတွင် ​လော့၀မ်ချွမ်း၏ခပ်​ဝေးဝေးမှ လူများကတီးတိုး​ပြောလာသည်၊ 


"​လော့၀မ်ချွမ်းကအခု​​လေးတင် အဲဒီအိုမီဂါကိုကူညီလိုက်တာလား၊ "


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊သူကအိုမီဂါ​တွေကို​ကြောက်တာမင်းမသိဘူးလား၊"


"ငါလန့်ပြီး​သေ​တော့မလိုပဲ၊ အဲဒါကSSအဆင့်မက်ခါ​လေ၊တစ်​ကျောငိးလုံးမှာတစ်ခုပဲရှိတာ၊အဲဒါကြီးထုတ်လိုက်တာမြင်ရရင်ကို​ကြောက်လှပြီ"


"တိုးတိုး​နေ၊ ဒီဘက်ကိုကြည့်​နေသလိုပဲ " 


....


ပထမပွဲစဥ်ပြီး​နောက် ယွမ်ရှင်းကျဲ၏အလှည့်​ရောက်လာ​တော့သည်။ရှားရှားပါးပါးပင် ​လော့၀မ်ချွမ်းကခါးမတ်မတ်ထိုင်လိုက်ပြီး သူ၏မျက်နှာမှာ အိပ်ချင်ရိပ်တချို့တ၀က်က​ပျောက်ကွယ်သွားခဲ့သည်။ ပြိုင်ပွဲကွင်းပြင်ထံပျင်းရိစွာကြည့်လျက် သူ၏မျက်​တောင်ရှည်တို့ကပါးပြင်တွင်အရိပ်ထင်​နေခဲ့သည်၊ 


သူ၏မျက်နှာတွင်မည်သည့်အမူအရာမှမရှိပဲ သူသည်ပွဲကိုစိတ်၀င်စား၍ကြည့်​​နေခြင်း​သော သည်အတိုင်းပျင်း၍ ကြည့်​နေခြင်း​လောမည်သူမှမ​ပြောနိုင်​ချေ။


ပြိုင်ပွဲ၀င်နှစ်ဦး လက်ဆွဲနှုတ်ဆက်ပြီးသည့်​နောက် ဘီတာကစားသမားမှာ အလယ်အလတ် ​ငွေ​ရောင် အလင်းဓါးမက်ခါကိုထုတ်လိုက်သည်၊


ယွမ်ရှင်းကျဲသည်လည်းအားကျမခံသူ၏ပြင်ဆင်ထား​သောမက်ခါကိုထုတ်လိုက်​တော့သည်။ပရိတ်သတ်များမှာတမဟုတ်ချင်းတိတ်ဆိတ်သွားကြသည်။ ထိုယခင်ကခပ်မိုက်မိုက်အနက်​ရောင်မက်ခါမှာ အ​ရောင်စုံ Lego ကစားစရာအရုပ်ကဲ့သို့​ပြောင်းလဲသွားသည်ကိုမြင်လျှင် ​လော့၀မ်ချွမ်း၏​ရေခဲကဲ့သို့အမူအရာကအနည်းငယ် အက်​ကြောင်းထင်လာခဲ့​တော့သည်။


ယွမ်ရှင်းကျဲနှင့် မျက်နှာချင်းဆိုင်တွင် ထိုနေသည့် ဘီတာကောင်လေးက မက်ခါကို မြင်သည့်အခါ မျက်နှာပျက်သွားသည်။ သူ၏ နှုတ်ခမ်းက အကြိမ်အနည်းငယ် ရှုံ့မဲ့သွားကာ ပြောလိုက်သည်။

" မင်း ဒီလိုမျိုးဖြစ်အောင် တမင်တကာ မွမ်းမံထားတာလား ..."


ယွမ်ရှင်းကျဲက မျက်ခုံးပင့်ပြီး သူ့ကိုကြည့်လိုက်သည်။

" မနာလိုဖြစ်နေတာလား ... ငါ မင်းဖို့ရော လုပ်ပေးရဦးမလား ..."


ထိုကောင်လေးက ခေါင်းခါလိုက်ပြန်သည်။ သူ၏တစ်ကိုယ်လုံးတွင် ခုခံကာကွယ်မှုများဖြင့် ပြည့်နေသည်။


ပရိသတ်ထဲမှ  လူအားလုံးက မက်ခါကိုသာ ကြည့်နေကြသည်။ ၎င်းတို့၏ အာရုံစိုက်မှုများက ဂိမ်းထဲမှ လုံးဝသွေဖယ်သွားပြီး ထိုအစား ဤလှပသော မက်ခါကြီးက စစ်မြေပြင်တွင် မည်သို့သော ခွန်အားကို ပေးစွမ်းနိုင်မည်ကို သိချင်နေကြသည်။


လော့ဝမ်ချွမ်း၏ဘေးမှလူများကလည်း ဆွေးနွေးနေကြသည်။ 


" ဘုရားရေ ... ဒီလိုအလင်းမက်ခါကြီးကို ဘယ်လိုလူမျိုးက မောင်းမှာလဲ ..."


" သူတို့ ဒါကိုဖုံးအုပ်ထားဖို့ စပရေးကိုဘာလို့မသုံးတာလဲ ... ငါသာ ဒီဟာကြီးကိုမောင်းရမယ်ဆို တော်တော်ရှက်မိမှာ ..."


" ဒါကြီးကို ရှင်းဟိုင်တက္ကသိုလ်ရဲ့ ရုပ်အဆိုးဆုံးမက်ခါလို့ပြောရင်လည်း ချဲ့ကားပြောတယ်လို့ ထင်ရမှာ မဟုတ်ပါဘူး ..."


" တကယ်လို့ လေ့ကျင့်ရေးခန်းမထဲက projectionကို ဒါနဲ့ အစားထိုးမယ်ဆိုရင် ကျောင်းက ကျောင်းသားအသစ်တွေကို ထပ်ခေါ်ဖို့လိုမယ်မထင်ဘူး ..."


ဘေးတွင် ထိုင်နေသော လော့ဝမ်ချွမ်းက လူအုပ်ကြီးပြောသည့် ရုပ်ဆိုးသောမက်ခါကိုကြည့်နေသည်။ သူ၏မျက်လုံးများက အနည်းငယ်အေးစက်‌နေသည်။

24.2


ကံကောင်းသည်မှာ ထိုမက်ခါကို လော့ဝမ်ချွမ်း တစ်ချိန်က ပိုင်ဆိုင်ခဲ့ကြောင်း မည်သူမှမသိကြပေ။ ထိုသို့မဟုတ်ပါက "အေးစက်တဲ့အယ်လ်ဖာ လူချောလေး" ဟူသည့်နာမည်ကို အတော်လေးသည်းခံနေရမည်ဖြစ်သည်။


[ ပြိုင်ပွဲကွင်း Bရဲ့ ပထမပွဲစဉ်က ဆယ်ပွဲမြောက်ပြိုင်ပွဲကို သုံးမိနစ်အတွင်း စပါမယ် ]


ကြေညာချက်ပြီးဆုံးသည်နှင့် ယွမ်ရှင်းကျဲနှင့် သူ၏ပြိုင်ဘက်က တစ်ယောက်နှင့်တစ်ယောက် လက်ဆွဲနှုတ်ဆက်ကာ သက်ဆိုင်ရာ မက်ခါများထဲ ဝင်သွားကြသည်။


ပရိသတ်က တိတ်ဆိတ်နေပြီး အကြည့်များအားလုံးကလည်း မက်ခါနှစ်စီးပေါ်တွင်သာ ရှိနေသည်။


သုံးမိနစ်အကြာတွင် ပြိုင်ပွဲစတင်ပြီး နှစ်ဖက်လုံးက တစ်ယောက်ကိုတစ်ယောက် လေ့လာနေကြသည်။


ပြိုင်ဘက်က ဘီတာတစ်ယောက်ဖြစ်သော်လည်း သူ၏ အလိုအလျောက် တုံ့ပြန်နိုင်မှုနှင့် စွမ်းရည်က ကောင်းမွန်သည်။ သူသည်လည်း ယွမ်ရှင်းကျဲကဲ့သို့ B အဆင့် မောင်းနှင်သူတစ်ယောက်ဖြစ်သည်။ သူက ယွမ်ရှင်းကျဲထက်စော၍  တန်းခွဲBသို့ အဆင့်တိုးမြှင့်ပေးခံရပြီး မကြာမီ တန်းခွဲAသို့ ရောက်ရှိနိုင်မည်ဟု အားလုံးက မျှော်လင့်နေကြသည်။ သို့ဖြစ်၍ အစပိုင်းတည်းက ယွမ်ရှင်းကျဲမှာ အခွင့်မသာ ဖြစ်နေသည်။


၎င်းက အလင်းမက်ခါနှစ်ခုကြားမှ တိုက်ပွဲဖြစ်၍ အမြောက်ဖြင့် တိုက်ခိုက်ခြင်းများမရှိပေ။ အာရုံစိုက်မှုက အရှိန်နှင့် တုံ့ပြန်နိုင်ခြင်းများတွင်သာရှိပြီး အလင်းဓားရှည်များကိုသာ အသုံးပြု၍ ကွင်းထဲတွင် ပြိုင်ဘက်အားလျင်မြန်စွာ ချေမှုန်းနိုင်ရန်သာ အဓိကဖြစ်သည်။


အလင်းမက်ခါများက စောစီးစွာ အဆင့်မြင့်ခဲ့သည့် ပထမမျိုးဆက်မက်ခါများဖြစ်သည်။ ၎င်းက မည်သည့် ရှု့ထောင့်မှမဆို လူ့ခန္ဓာကိုယ်နှင့် သဟဇာတဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့၏ပြိုင်ပွဲကိုကြည့်ရခြင်းက လက်နက်အပြည့်အစုံနှင့် ဧရာမ ဓားသမားနှစ်ယောက်၏ တိုက်ပွဲကိုကြည့်ရသည်နှင့်တူသည်။


ကဦးတွင် နှစ်ဖက်လုံးက ဓားရှည်များဆွဲထုတ်ရန် မရွေးချယ်ခဲ့ပေ။ ၎င်းတို့က လက်ဗလာဖြင့်သာ အစပိုင်းတွင် တိုက်ခိုက်နေခဲ့ပြီး ငွေရောင်မက်ခါကြီးက ရုတ်တရက် မြေပြင်မှခုန်ကာ လက်နှစ်ဖက်လုံးဆန့်တန်းပြီး ဓားရိုးနှစ်ခုကို ကိုင်ဆောင်လိုက်သည်။


ဓားရိုးကိုကိုင်လိုက်သည်နှင့် သွေးရည်ကြည်များထွက်ပေါ်လာ ပြီး ငွေရောင်အလင်းတန်းများက လှပခံ့ညားသော ငွေရောင်အလင်းဓားနှစ်ချောင်း ဖြစ်သွားသည်။


" ဝိုး ... ဓားတွေ ထုတ်လိုက်ပြီကွ ..."


" ငါကြားဖူးတာတော့ အလင်းမက်ခါတွေတိုက်ခိုက်ရင် ဓားအလင်းတန်းက တော်တော်မိုက်တယ်တဲ့ ... ငါတော့ ကြည့်ချင်နေပြီ ..."


" ရောင်စုံမက်ခါကရော ဘာလို့ဓားမထုတ်သေးတာလဲ..."


ယွမ်ရှင်းကျဲက အလျင်မလိုပေ။ 


ပြိုင်ဘက်က ဓားနှစ်ချောင်းထုတ်ပြီး သူ့ကိုခုတ်ပိုင်းလိုက်သော်လည်း ခန္ဓာကိုယ်ကိုသာလှည့်ပြီး ရှောင်ရှားလိုက်သည်။


အချိန်တစ်ခုအထိ ငွေရောင်မက်ခါက ယွမ်ရှင်းကျဲ၏ မက်ခါကို မထိနိုင်သေးပေ။


ထိုအချိန်တွင် ယွမ်ရှင်းကျဲက ပြိုင်ဘက်ဖြစ်သူ၏ ဓားဖြင့်ထိုးစိုက်လိုက်မှုကို အခွင့်အရေးယူကာ ဆွဲအားမဲ့ကိရိယာနှင့် ဂျက်ကိရိယာကို နှိပ်လိုက်ပြီး နောက်သို့ဆုတ်လိုက်ပြီး ဤအခြေအနေကို အခွင့်ကောင်းယူလိုက်သည်။


လေထဲရောက်သွားချိန်မှ မက်ခါက သူ၏ဓားရှည်ကို။တည်ငြိမ်စွာဆွဲထုတ်လိုက်သည်။ 


ပရိသတ်များကြားထဲမှ လေထုအခြေအနေက ပြင်းထန်နေသည်။


သို့သော် ဘာဘီပန်းရောင်အလင်းတန်းကြီး ပေါ်ထွက်လာချိန်တွင် ထိုလေထုက ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။


ပရိသတ်များ အံ့အားသင့်သွားသည်။


" ဒီမက်ခါဆီက အလင်းတန်းက တော်တော်မျက်စိစူးတာပဲ ... ဘာလို့အလင်းဓားရှည်က အဲ့လောက်စူးနေရတာတုန်း ..."


" ငါတောင်မှ ဓီလိုအရောင် နှုတ်ခမ်းနီမဆိုးဘူး ... အရမ်းကြည့်ရဆိုးလွန်းတယ်လေ ..."


" ဒါကြီးက အလင်းဓားရှည်လား နှုတ်ခမ်းနီကြီးလား ..."


ယွမ်ရှင်းကျဲ ဓားကိုဆွဲထုတ်လိုက်ချိန်တွင် ပြိုင်ဘက်က သူ့ကိုဆက်လက်တိုက်ခိုက်ရန် ပြင်ထားသော်လည်း ပန်းရောင်အလင်းကြီးကို မြင်လိုက်ချိန်တွင် နှစ်စက္ကန့်ခန့် မလှုပ်မယှက်ဖြစ်သွားသည်။


ကွင်းအပြင်ဘက်မှ လော့ဝမ်ချွမ်း၏ မျက်ခုံးများပင့်သွားသည်။ သို့ရာတွင် သူ့မျက်ဝန်းထဲမှ အတက်အကျလှိုင်းများကို လျင်မြန်စွာ ထိန်းချုပ်လိုက်သည်။


ခယ့်လိုင် သူ့ကိုပြောခဲ့သည်များကို ‌‌ လော့ဝမ်ချွမ်း သတိရသွားသည်။

သူ့ကို မင်းရဲ့ သီးသန့်မက်ခါဆရာအဖြစ်ထားမလား ...


ထိုအချိန်က ငြင်းဆန်ခဲ့မိသည့်အတွက် သူ့ကိုယ်သူကျေးဇူးမတင်ပဲ မနေနိုင်တော့ပေ။ 


ထိုသို့မဟုတ်ပါက လော့ဝမ်ချွမ်းက အခြားလူများကို ပန်းရောင်အလင်းဓားရှည်ကြီးနှင့် တိုက်ခိုက်နေရလိမ့်မည်။ 


ယွမ်ရှင်းကျဲ၏ ပြိုင်ဘက်က နောက်ဆုံးတွင် တုံ့ပြန်လာပြီး ဆွဲအားမဲ့ကိရိယာကိုနှိပ်လိုက်ကာ သူ့ကိုထိပ်တိုက်ရင်ဆိုင်ရန် ပြင်တော့သည်။


" ဘန်း ..."


" ချွင် ..."


အလင်းဓားရှည်က မက်ခါ၏ သတ္ထုစပ်ကိရိယာနှင့် ပွတ်တိုက်မိသွားသည့်အသံက အကာအကွယ်မှတစ်ဆင့် ဖောက်ထွက်ပြီး အားလုံး၏နားထဲရောက်လာသည်။ မက်ခါနှစ်ခုက ဓားရှည်များဆွဲထုတ်ပြီးချိန်မှစ၍ တစ်ယောက်နှင့်တစ်ယောက် အလွတ်မပေးတော့ပဲ တိုက်ခိုက်နေသည်။ အလင်းတန်းများက လေထဲတွင် တစ်ခုပေါ်တစ်ခု ခုတ်ပိုင်းနေပြီး ငွေရောင်၊ အပြာရောင်နှင့် ပန်းရောင်အလင်းတန်းသုံးခု ဖြာထွက်နေသည်။ 


ပျံသန်းခြင်း ၊ ခုန်ခြင်းနှင့် ဓားမိုးများ ရွာကျလာခြင်း၊  ခုတ်ပိုင်းခြင်း ၊ ပိတ်ဆို့လိုက်ခြင်း နှင့် ဓားအရိပ်များကိုသာ တွေ့နေရသည်။


ပန်းရောင်အလင်းဓားရှည်ကြီးကို ရယ်မိခဲ့ကြသောကြည့်ရှု့နေသူများက တစ်ပြိုင်နက် အသက်အောင့်ထားကြပြီး ပြိုင်ပွဲကို မျက်လုံများပြူးကျယ်လျက် ကြည့်နေကြသည်။


ငွေရောင်မက်ခါက အသာစီးရထားသည်။ ၎င်းက ဘရိတ်အင်ဂျင်၏ မြင်းကောင်ရေအားကို တိုးမြှင့်လိုက်ပြီး ဓားတစ်ချောင်းစီတွင် လေးလံသောအားတစ်ခုစီ ထပ်ဖြည့်လိုက်ကာ ရောင်စုံမက်ခါကို တဖြည်းဖြည်း နောက်ဆုတ်သွားစေသည်။


စက်ခန်းထဲမှ ဘီတာကောင်လေးမှာ ထိုကဲ့သို့ စိတ်ပါလက်ပါ မတိုက်ခိုက်ခဲ့ဖူးပေ။ သူက ဂိမ်းထဲတွင် နစ်မျောနေသည့်အတွက် အနိုင်ရလိုစိတ်ကို လျစ်လျုရှု့ထားမိသည်။


ရောင်စုံမက်ခါက အကာအရံအစွန်းနားအထိ ရောက်လာသည်ကိုကြည့်ပြီး ကြည့်ရှု့သူများက စိတ်မလှုပ်ရှားပဲ မနေနိုင်တော့ပေ။ 


" ကြည့်ရဆိုးတဲ့မက်ခါက ရှုံးတော့မှာလားမသိဘူး ..."


" အဲ့အိုမီဂါလေးက ပထမနှစ်မှာ နံပါတ်တစ်တဲ့ ... သူအဲ့ဒါတောင်မှ ဘာလို့ ဒီလောက်ညံ့ရတာလဲ ..."


" ငွေရောင်မက်ခါပဲ နိုင်မှာပါလေ ..."


ထိုအချိန်တွင် ငွေရောင်ဓားရှည်ကြီးက ယွမ်ရှင်းကျဲ နောက်ဆုတ်မည်ကို ပိတ်ဆို့ထားပြီး အခြားဓားရှည်တစ်ခုက သူ၏ပခုံးကို ပိုင်းချလိုက်သည်။


ရောင်စုံမက်ခါက ရှုံးသွားပြီဟု အားလုံးထင်နေကြသည်။


xxxxx