အပိုင်း ၃၄
Viewers 17k

Chapter 34


တစ်ဖက်တွင် ...


ပြိုင်ပွဲကိုကြည့်ပြီးနောက် ခယ့်လိုင် ခဏတာတွေဝေမိန်းမောနေပြီးနောက် ဘေးမှ လော့ဝမ်ချွမ်းကို ကြည့်လိုက်သည်။ သူ၏ အမူအယာက တည်ငြိမ်နေသည်ကိုတွေ့သောအခါ သူ မမေးပဲ မနေနိုင်တော့ပေ။ 


" မင်း ဘယ်လိုဖြစ်လို့ အရမ်းတည်ငြိမ်နေရတာလဲ ... ကာလက်က ဒီနှစ် ကျောင်းလက်ရွေးစင်အသင်းကို ဝင်နိုင်ချေအရှိဆုံးကျောင်းသားလေ ... သူက ယွမ်ရှင်းကျဲကို ရှုံးသွားတာနော် ... မင်း မအံ့ဩဘူးလား ..."


" အမ် ..."

လော့ဝမ်ချွမ်းက မတုန်လှုပ်သည့် အမူအရာနှင့် ပြန်ဖြေပြီးနောက် ပြန်ထွက်သွားရန် ပြင်လိုက်သည်။


သူ၏ "အမ်" ဟူသော စကားက တမင်တကာလုပ်သည်လားကို ခယ့်လိုင်မပြောနိုင်ပေ။ 


သူက လော့ဝမ်ချွမ်း၏နောက်သို့လိုက်သွားပြီး ဆက်ပြောနေသည်။


" ဒီပြိုင်ပွဲက ငါ့ကို အံ့ဩသွားစေရုံမကဘူး ... ယွမ်ရှင်းကျဲရဲ့ ကြယ်နှစ်ထပ်မက်ခါကို မွမ်းမံလိုက်တဲ့ပုံကိုပါ အံ့အားသင့်သွားမိတာ ... အဲ့ဒါက မြင်နေကျ ကြယ်နှစ်ထပ်မက်ခါတွေထက် ပိုကောင်းတယ် ... အဲ့လိုပြုပြင်နိုင်တဲ့စွမ်းရည်က တကယ့်ကို အံ့မခန်းလို့ မတွေးမိဘူးလား ... အဲ့ဒါကို စက်ရုံကြီးတစ်ခုမှာ လုပ်ခဲ့တယ်လို့တောင် ထင်မိတယ် ..."


" စက်ရုံကြီးတွေက အဲ့လိုရုပ်ဆိုးတဲ့အပိုင်းတွေ ရှိမလား ..."


လော့ဝမ်ချွမ်း၏ လေသံက ပြတ်သားနေသည်။


" ငါပြောချင်တာလည်း အဲ့ဒါလေ ..."

ခယ့်လိုင် အံ့အားသင့်နေသည်။


" နေပါဦး ပြောချင်တာ အဲ့ဒါမဟုတ်ဘူး ... အဓိက အချက်က သူ့မှာ မက်ခါတွေကိုမွမ်းမံနိုင်တဲ့ စွမ်းရည်ကောင်းကောင်းရှိတယ်ဆိုတော့ သူ့ကို မင်းရဲ့ သီးသန့်မက်ခါဆရာလုပ်ပေးဖို့ သွားမမေးတော့ဘူးလား ..."


လော့ဝမ်ချွမ်း လမ်းလျှောက်နေရာမှ ရပ်တန့်သွားသည်။


ယခုအခါတွင် သူတို့က ပွဲကြည့်စင်မှထွက်လာပြီး လူမ‌ရှိသည့် စင်္ကြန်လမ်းသို့ ရောက်လာပြီဖြစ်သည်။


လော့ဝမ်ချွမ်းက အေးစက်စက်လေသံဖြင့် ပြန်ဖြေလိုက်သည်။


" ငါ မင်းရဲ့ မေးခွန်းကို ဖြေပြီးသွားပြီလေ ..."


ခယ့်လိုင်က လော့ဝမ်ချွမ်း၏ဘေးသို့ ရောက်လာပြီး လေးလေးနက်နက်ပြောလိုက်သည်။


" အရင်တစ်ခေါက်က ယွမ်ရှင်းကျဲ မင်းရဲ့မက်ခါတံတောင်ဆစ်ကို ပြင်ပေးခဲ့တာ တိုက်ဆိုင်မှုဆိုပေမယ့် ဒီတစ်ခါ သူ့ရဲ့စွမ်းရည်ကို တွေ့လိုက်ပြီပဲ ... အဲ့ဒီ ပါရမီရှင်တွေကို ဖယ်လိုက်မယ်ဆို သူက ငါတွေ့ဖူးတဲ့အထဲမှာ အသန်မာဆုံးပဲ ..."


လော့ဝမ်ချွမ်း ဘာမှမပြောပေ။ 


ခယ့်လိုင်က သူ့စကားဆုံးသွားသော်လည်း လော့ဝမ်ချွမ်းက ဘာမှမပြောသဖြင့် ဆက်ပြောလိုက်သည်။


" ပြီးတော့ မင်းရဲ့မက်ခါ တံတောင်ဆစ်ကို တခြားမက်ခါဆရာတွေကို အရင်ကပြဖူးတယ် ... ယွမ်ရှင်းကျဲကလွဲရင် အကုန်လုံးက အဆင်ပြေတယ် ပြောကြတာပဲလေ ...အဲ့ဒါကိုက သူ့ရဲ့စွမ်းရည်ကို ပြနေတာပဲ ..."


လော့ဝမ်ချွမ်းက ခယ့်လိုင်ကို ခဏစိုက်ကြည့်နေပြီးနောက် ဖြည်းညှင်းစွာမေးလိုက်သည်။ 


" နိုင်ငံတကာ ချန်ပီယံပြိုင်ပွဲက ပြိုင်ပွဲတစ်ခုကို မင်းမေ့သွားတာလား ..."


ခယ့်လိုင် အံ့အားသင့်သွားသည်။


လော့ဝမ်ချွမ်းက ဤကိစ္စကို ဆက်မပြောချင်တော့သကဲ့သို့ လှည့်ထွက်သွားသည်။


ခယ့်လိုင် ခဏတာမှင်သက်သွားပြီးသည့်နောက် အသံတိုးတိုးဖြင့် လော့ဝမ်ချွမ်းကို ပြောလိုက်သည်။


" ငါ သေချာပေါက် မမေ့ပါဘူး ... ယွမ်ရှင်းကျဲက အိုမီဂါဖြစ်နေလို့ မင်း စိတ်ပူနေတာမလား ..."


ခယ့်လိုင်ခဏရပ်သွားပြီးနောက် သူ့အသံက မကြားရလောက်သည်အထိ တိုးညှင်းသွားသည်။ 

" မင်းက အိုမီဂါတွေရဲ့ ဖယ်ရိုမုန်းနဲ့ ဓာတ်မတည့်တာလည်း ငါသိတယ် ..."


ထိုစကားများ ပြောပြီးသည့်နောက် လေထုက ခဏတာ သိပ်သည်းသွားသကဲ့သို့ ခံစားလိုက်ရသည်။


လော့ဝမ်ချွမ်း၏ အမူအယာက အလွန်မပြောင်းလဲသွားသည့်အပြင် ရှေ့သို့ဆက်လျှောက်နေသည်။


" ဒါပေမဲ့ ယွမ်ရှင်းကျဲရဲ့ စွမ်းရည်နဲ့စာရင် ဒါက အသေးအဖွဲကိစ္စလေးပါ ..."


ခယ့်လိုင်က လော့ဝမ်ချွမ်းကို စည်းရုံးရန်ကြိုးစားနေသည်။


" မင်း ဖယ်ရိုမုန်းထိန်းချုပ်ဆေး ‌သောက်ရင်ရတာပဲ ..."


လော့ဝမ်ချွမ်းရပ်တန့်လိုက်ပြီး အေးစက်စက်လေသံဖြင့် ထပ်ပြောလိုက်သည်။


" ကြည့်ရတာ မင်း အဲ့ပြိုင်ပွဲကို တကယ်မေ့သွားပုံရတယ် ..."


ခယ့်လိုင်က စည်းကျော်လိုက်မိသည်ဟု ထင်သွား၍ တောင်းပန်လိုက်သည်။

" ငါ တောင်းပန်ပါတယ် ..."


လော့ဝမ်ချွမ်းက ဘာတစ်ခွန်းမှမပြောပဲ ခပ်သွက်သွက် ထွက်သွားတော့သည်။


လော့ဝမ်ချွမ်းစိတ်မကြည်လင်ကြောင်းသိ၍ ခယ့်လိုင် နောင်တရသွားသည်။

" ငါဘာလို့ အဲ့အကြောင်းတွေ သွားပြောမိပါလိမ့် ... သူက ဒီဘဝမှာ အိုမီဂါတွေနဲ့ ခပ်ကင်းကင်းနေဖို့ ဆုံးဖြတ်ထားတာကို ..."


သူ့လေသံထဲတွင် ကိုယ်ချင်းစာမှုများ ပါဝင်နေသည်။


လော့ဝမ်ချွမ်း ထွက်သွားပြီဖြစ်၍ သူ့အရှိန်ကို နှေးလိုက်သည်။


ကြည်လင်နေသော ကောင်းကင်ကြီးမှာ ရုတ်တရက် တိမ်ဖုံးသွားသည်။ ကောင်းကင်ပြာကြီးတွင် တိမ်မည်းများ အုံ့ဆိုင်းလာပြီး မိုးရွာချတော့မည်ဖြစ်သည်။ 


သို့ရာတွင် ၎င်းက ပြိုင်ပွဲကို မသက်ရောက်စေပေ။ ပွဲကြည့်စင်မှ ပရိသတ်များက အင်တိုက်အားတိုက် အားပေးနေကြဆဲဖြစ်သည်။


စိတ်လှုပ်ရှားမှုများက လော့ဝမ်ချွမ်း၏ နား‌ထဲသို့ မရောက်ပေ။ ခယ့်လိုင်ပြောခဲ့သည်များကိုသာ သူ့စိတ်ထဲ တွေးနေမိသည်။


လော့ဝမ်ချွမ်းက အိုမီဂါများအားကြောက်ရွံ့သည်ကို အားလုံးသိကြသော်လည်း အဘယ့်ကြောင့် ကြောက်ရွံ့သည်ကို လူအနည်းငယ်သာ သိကြသည်။


အိုမီဂါ၏ဖယ်ရိုမုန်းများကို ဓာတ်မတည့်သောရောဂါလက္ခဏာကို လော့ဝမ်ချွမ်းခုနစ်နှစ်သားမှစ၍ တွေ့ကြုံခဲ့ရသည်။ ထိုရောဂါဖြစ်နေသည်မှာ ဆယ်နှစ်ခန့်ရှိပြီဖြစ်သည်။ အကယ်၍ သူနှင့် ဖယ်ရိုမုန်း ၉၅%ကိုက်ညီသူကို ရှာတွေ့မှသာ ထိုဓာတ်မတည့်မှုကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။


ဖယ်ရိုမုန်းကိုက်ညီမှု ၉၀%ရှိရန်က တစ်ထောင်ပုံတစ်ပုံသာ အခွင့်အရေးရှိသည်။ ကိုက်ညီမှု ၉၅%ကိုမူ မျိုးရိုးဗီဇဘဏ်တွင်ပင် မရှိခဲ့ဖူးပေ။ 


အခြားအယ်လ်ဖာများက အိုမီဂါများ၏ ဖယ်ရိုမုန်းကို ရှုရှိုက်မိသောအခါ သူတို့၏ရင်ခုန်သံမြန်လာသည်။


လော့ဝမ်ချွမ်းက အိုမီဂါဖယ်ရိုမုန်းကို ရှုရှိုက်မိသည့်အခါတွင်မူ သူ၏တစ်ကိုယ်လုံး မသက်မသာဖြစ်လာပြီး အလွန်ပြင်းထန်ပါက နှလုံးခုန်ပင် ရပ်သွားနိုင်သည်။


ယခင်နှစ်က နိုင်ငံတော်အဆင့်ပြိုင်ပွဲတွင် လော့ဝမ်ချွမ်းက Sအဆင့် အိုမီဂါပြိုင်ဘက်နှင့် ရင်ဆိုင်ခဲ့ရသည်။


အိုမီဂါက ပြိုင်ပွဲဝင်ရန်အတွက် ကွင်းထဲသို့ မဝင်လာမီ heatဝင်နေခဲ့သည်။  ဖယ်ရိုမုန်းထိန်းချုပ်ဆေးသောက်ထားပြီး အနံ့ထိန်းချုပ်ဆေးများ ဖြန်းထားသော်လည်း လက်ဆွဲနှုတ်ဆက်ချိန်၌ သူ၏ ဖယ်ရိုမုန်းက လော့ဝမ်ချွမ်း၏လက်ကို မတော်တဆထိမိသွား၍ လော့ဝမ်ချွမ်းက ပြိုင်ပွဲတွင် အာရုံလွင့်သွားပြီး မက်ခါပေါ်တွင် ခြစ်ရာများ ဖြစ်သွားစေခဲ့သည်။


လော့ဝမ်ချွမ်းက ဓာတ်မတည့်မှုကို သူ၏စိတ်ဓာတ်ကြံ့ခိုင်မှုဖြင့် ကျော်လွှားနိုင်ခဲ့ပြီး ပြိုင်ပွဲတွင် အောင်မြင်ခဲ့သော်လည်း ‌ပွဲပြီးသည့်နောက်တွင် အဆက်မပြတ်အန်ခဲ့သည်။


လော့ဝမ်ချွမ်းက အိုမီဂါဖယ်ရိုမုန်းများနှင့် ဓာတ်မတည့်ကြောင်း ခယ့်လိုင် သိသွားချိန်၌ သူ့ကို အလွန်အမင်း ကရု‌ဏာသက်သွားခဲ့သည်။


သူက တစ်ယောက်တည်း အထီးကျန်ပြီးသေသွားဖို့ ကံကြမ္မာဖန်လာတာပဲ ...


ကြောက်စရာကောင်းလိုက်တာ ... 


သို့ရာတွင် လော့ဝမ်ချွမ်းကိုယ်တိုင်က လက်တွဲဖော်ရှာမရမည့်ကိစ္စကို ဂရုမစိုက်ပေ။ 


ထိုကိစ္စနှင့် ပတ်သက်၍လည်း သူတစ်ခါမှ ဝမ်းမနည်းဖူးပေ။

34.2


အဘယ့်ကြောင့်ဆိုသော် သူက တစ်ယောက်တည်း အထီးကျန်နေရခြင်းကို အသားကျနေပြီဖြစ်သည်။


သူ့စိတ်ထဲ ဘဝင်မကျသည့်အရာမှာ ကမ္ဘာပေါ်တွင် သူမထိန်းချုပ်နိုင်သည့်အရာများစွာရှိ၍ သူ့ကို အာရုံပြန့်လွင့်သွားစေပြီး ပြိုင်ပွဲ၏ရလဒ်ကို သက်ရောက်သွားစေခြင်းကိုပင်။


ထိုမျှသာဖြစ်သည်။


သို့ဖြစ်၍ လော့ဝမ်ချွမ်းက အိုမီဂါတစ်ယောက်ကို သူ၏ သီးသန့်မက်ခါဆရာအဖြစ် ထားမည်မဟုတ်ပေ။ ၎င်းက သူ့အတွက် အလွန်အန္တရာယ်များလွန်းသည်။


–––


ယခုအချိန်တွင် ယွမ်ရှင်းကျဲက စင်မြင့်နောက်မှ လော့ကာခန်းသို့သွားကာ လေ့ကျင့်ရေးအဝတ်အစားများကို ပြန်လဲနေသည်။


သူ၏ လည်ပင်းညာဘက်မှ ကိုက်ခဲမှုက ပိုဆိုးလာသည်။ သူ့လက်ဖြင့် ပွတ်လိုက်သော်လည်း အရာမရောက်ပေ။


ယွမ်ရှင်းကျဲက ကျောင်းယူနီဖောင်းလဲပြီးချိန်၌  မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲမှ ခပ်ဆင်ဆင်တူသော အတွေ့အကြုံတစ်ခုကို ရုတ်တရက်တွေ့သွားသည်။ သူ ရုတ်တရက် တစ်စုံတစ်ရာကို သဘောပေါက်သွားသည်။ မျက်လုံးများပြူးကျယ်လျက် သူ၏မှတ်ဉာဏ်တုထဲတွင် heatဝင်သည့် လက္ခဏာများကို ရှာဖွေလိုက်သည်။


ဖန်သားပြင်တွင် လုရန်ရှုနှင့် အော်ရီရယ်တို့ထံမှ မက်ဆေ့များဝင်လာသည်။


[ အော်ရီရယ် : ပြိုင်ပွဲမှာနိုင်သွားတာ ဂုဏ်ယူပါတယ် ... လုရန်ရှုနဲ့ငါနဲ့ ကတော့ တခြားနေရာတစ်ခုကို ပြိုင်ပွဲဝင်ဖို့ သွားရတော့မယ် ... ပြန်ပြီး ကောင်းကောင်း အနားယူလေ ...]


[ လုရန်ရှု : ရှင်းကျဲက အရမ်းတော်တာပဲ ကာလက်ကိုတောင် နိုင်ခဲ့တယ် ... ဒါပေမဲ့ ဒီရက်ပိုင်းတွေ အရမ်း လေ့ကျင့်ခန်းမလုပ်ပါနဲ့ ...ငါမှတ်မိသလောက်ဆို မင်းရဲ့ heatဝင်မယ့်အချိန်က သုံးရက်အတွင်း ဟုတ်တယ်မလား ... ဖယ်ရိုမုန်းထိန်းချုပ်ဆေးတွေ ဆောင်ထားဦး ...]


လုရန်ရှု၏ရင်ထဲတွင် အသူရာချောက်ထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။


သူက အိုမီဂါတစ်ယောက်ဆိုတာ မေ့လုနီးပါး ဖြစ်သွားတာပဲ ...


Heatဝင်ချိန်တဲ့လား ...

ထိုစကားလုံးများက သူ့နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး ဘာလုပ်ရမည်မသိ ဖြစ်သွားစေသည်။


သူက အယ်လ်ဖာ၊ ဘီတာ၊ အိုမီဂါဟူသော လိင်မျိုးကွဲ သုံးမျိုးမရှိသည့်ကမ္ဘာတွင် နေထိုင်ခဲ့ရသူဖြစ်၍ သူ့ထံတွင် heatဝင်သည့်အချိန်ဟူ၍လည်း မရှိခဲ့ပေ။ မူလပိုင်ရှင်၏ မှတ်ဉာဏ်များအရ heatဝင်ချိန်တွင် အိုမီဂါများက အသိစိတ်ပျောက်ဆုံးပြီး လိုချင်တောင့်တစိတ်များ၏ လွှမ်းမိုးခံလိုက်ရသဖြင့် အိုမီဂါများအတွက်မူ ကြောက်စရာအကောင်းဆုံးအချိန် ဖြစ်သည်။ အကယ်၍ ဖယ်ရိုမုန်းထိန်းချုပ်ဆေး အသုံးမပြုပါက ရလဒ်မှာ ကြောက်စရာကောင်းနေလိမ့်မည်။


ယွမ်ရှင်းကျဲက သူ့ပစ္စည်းများကို အမြန်ထုတ်ပိုးလိုက်သည်။ အိတ်ထဲမှ တစ်သျှူးများထုတ်ကာ လည်ပင်းညာဘက်နေရာမှ ဂလင်းကို အဆက်မပြတ်ပွတ်နေမိသည်။ အနံ့မရသေးသည်ဖြစ်၍ ဖယ်ရိုမုန်းများ ထွက်မလာသေးကြောင်း သိလိုက်သည်။


သူအခုချက်ချင်း အဆောင်ကို ပြန်မှဖြစ်မယ် ...


ယွမ်ရှင်းကျဲ သူ့အိတ်ကိုယူပြီး အပြင်ပြေးထွက်လာသည်။ သို့သော်လည်း အခန်းပြင် ထွက်လိုက်ချိန်မှာပင် သူ၏ခြေထောက်များခွေလဲကာ လဲကျလုမတတ်ဖြစ်သွားသည်။


ကံကောင်းသည်မှာ သူ၏စိတ်ဓာတ်က ပြင်းထန်သည်။ ခန္ဓာကိုယ်ကို နံရံဖြင့်မှီပြီး ကိုက်ခဲ​နေသော လည်ပင်းကို လက်ဖြင့်အုပ်ကာ အံကြိတ်၍ သူ့ကိုယ်သူ သတိမလစ်သွားအောင် ကြိုးစားနေရသည်။


စုကျီနန်က စင်နောက်ဘက်ကို ရောက်လာသည့်အခါ ယွမ်ရှင်းကျဲ၏ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို တွေ့သွားသည်။


အသားဖြူဖြူကောင်လေးက သူ့လည်ပင်းကိုကိုင်ထားပြီး ကူကယ်ရာမဲ့ဟန်ဖြင့် နံရံကိုမှီနေသည်။ သူ၏ဆံပင်များက ချွေးများ‌ကြောင့် ရှုပ်ပွနေပြီး မျက်ခုံးများတွန့်နေကာ မျက်ဝန်းနက်များကလည်း အနည်းငယ်နီ၍ ရင်ဘတ်က ပိန်လိုက်ဖောင်းလိုက်နှင့် အသက်ရှုနေရသည်။


စုကျီနန်သည်လည်း အိုမီဂါတစ်ယောက် ဖြစ်သည့်အတွက် ယွမ်ရှင်းကျဲက အဘယ့်ကြောင့် ဤသို့ဖြစ်နေသည်ကို သိသွားပြီး ရင်တုန်သွားမိသည်။


နောက်အခိုက်အတန့်တွက် သူက တစ်ဖက်သို့လှည့်ကာ ချီယုကို တားမြစ်လိုက်သည်။


ချီယု အံ့အားသင့်သွားသည်။

" မင်း ဘာဖြစ်နေတာလဲ ..."


" အစ်ကိုကြီးယု ကျွန်တော့်ခန္ဓာကိုယ်က ရုတ်တရက် နေရထိုင်ရ အဆင်မပြေတော့ဘူး ...ကြည့်ရတာ heatဝင်ချိန် စောနေတာထင်တယ် ..."

စုကျီနန်က မျက်ရည်ဝဲနေပြီး အားနည်းနေသံဖြင့် ပြောလိုက်သည်။


ချီယု မျက်မှောင်ကြုတ်လိုက်သည်။

" ဘာလဲ ... မင်းheatဝင်မှာ ဒီနေ့လား ... ဘာလို့ ဖယ်ရိုမုန်းထိန်းချုပ်ဆေး မသောက်တာလဲ ..."


" ကျွန်တော်သောက်ခဲ့ပေမယ့် နေလို့ထိုင်လို့ မကောင်းဖြစ်နေတုန်းပဲ ... အစ်ကိုကြီးယု ကျွန်တော်နဲ့အတူ ဆေးခန်းလိုက်ခဲ့ပေးပါလား ..."


စုကျီနန်က သူ့နှုတ်ခမ်းကို ခပ်တင်းတင်းဖိကိုက်ထားပြီး ချီယု၏လမ်းကို ပိတ်ထားလိုက်သည်။


ချီယုက ယွမ်ရှင်းကျဲအပေါ်တွင် စိတ်ဝင်စားလာပြီဖြစ်၍ ယခုအချိန်၌ သူနှင့်ယွမ်ရှင်းကျဲကို တွေ့ခွင့်မပြုနိုင်ပေ။ 


" ဒါပေမဲ့ ငါအခု ယွမ်ရှင်းကျဲကို သွားတော့မလို့လေ ... မင်းဘာသာ သွားလို့မရဘူးလား ..."

ချီယုက တုန့်ဆိုင်းစွာ ပြောလိုက်သည်။


" အိုမီဂါတွေအတွက် heatဝင်ချိန်က ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ အစ်ကိုကြီးသိရဲ့သားနဲ့ ... ကျွန်တော် ဆေးခန်းကို တစ်ယောက်တည်းသွားလို့ တခြားအယ်လ်ဖာတွေ ကျွန်တော့်ဖယ်ရိုမုန်းကို အနံ့ခံမိသွားရင်တော့ သွားပြီပဲ ..."

စုကျီနန်၏ အသံက တဖြည်းဖြည်း ငိုသံပေါက်လာသည်။


Heatဝင်နေသော အိုမီဂါများက ထိရှလွယ်ပြီး စိတ်ပိုင်းဆိုင်ရာတွင် အထိခိုက်လွယ်သည်ကို ချီယုလည်းသိသည်။ အခြားအယ်လ်ဖာများက ရှာတွေ့သွားပါက ထိန်းချုပ်နိုင်စွမ်းမဲ့သွားပြီး ငါးတစ်ကောင်ကို အမဲဝိုင်းဖြတ်သကဲ့သို့ ဖြစ်သွားနိုင်သည်။


" ဒါဆိုရင် ငါ ရှင်းကျဲကိုစကားသွားပြောဦးမယ် ပြီးမှ မင်းနဲ့လိုက်လာမယ် ..."

ချီယုပြောလိုက်သည်။


စုကျီနန် ခေါင်းငုံ့လိုက်သည်။

" အစ်ကိုကြီးကို ကျွန်တော်က အစ်ကိုတစ်ယာက်လို သဘောထားလို့ လိုက်ပို့ခိုင်းတာလေ ကျွန်တော်ယုံလို့ရတာ အစ်ကိုကြီးပဲရှိတယ် ... ကျွန်တော့်ရဲ့ ဖယ်ရိုမုန်းတွေက အချိန်မရွေးထွက်လာနိုင်တယ် ... ဒါက စင်အနောက်ဘက်ဆိုတော့ ခဏနေရင် တခြားအယ်လ်ဖာတွေလည်း လာကြတော့မှာ ...ကျွန်တော့်အတွက် အန္တရာယ်များလွန်းတယ် ..."


" အိုကေ အိုကေ  ငါသိပါပြီ ... ဒါဆိုရင် ငါမင်းကိုဆေးခန်းအရင်ခေါ်သွားပြီး နောက်မှ သူ့ကိုစကားသွားပြောတော့မယ် ..."

ချီယုက စုကျီနန်၏ပုံစံကြောင့် ကြောက်လန့်သွားသည်။


" ထားလိုက်ပါ ကျွန်တော့်ဘာသာပဲ သွားတော့မယ် ... တစ်ခုခုဖြစ်ခဲ့ရင်လည်း အစ်ကိုကြီးကို အပြစ်မတင်ပါဘူး ..."

စုကျီနန်၏ မျက်လုံးထဲတွင် မျက်ရည်များဝိုင်းလာပြီး နူးညံ့ညင်သာစွာပြောလိုက်သည်။


" ညီလေးရှင်းကျဲက ကျွန်တော့်ထက်ပို အရေးကြီးတာပဲ ..."


" မြန်မြန်လာ ..."

ချီယု စိတ်မရှည်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။


" အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းနဲ့ ..."

ထို့နောက် တစ်ဖက်သို့လှည့်သွားပြီး သူ့ကိုနောက်မှလိုက်ခဲ့ရန် အချက်ပြလိုက်သည်။


စုကျီနန်က သူ့လည်ပင်းကို ဖိထားပြီး လိုက်သွားသည်။


ထွက်မသွားမီတွင် ယွမ်ရှင်းကျဲနှင့် စကားမပြောလိုက်ရသည့်အတွက် ချီယု အနည်းငယ် နောင်တရသွားမိသည်။ ထိုသို့တွေးမိပြီး အဝတ်လဲခန်းဘက်လှည့်ကြည့်လိုက်သည့်အခါ ယွမ်ရှင်းကျဲက နံရံတွင်မှီကာ ပင်ပန်းနေပုံပေါ်သည်ကို တွေးလိုက်ရသည်။


" အစ်ကိုကြီး ကျွန်တော် နေရခက်လာပြီ ..."

စုကျီနန်က မျက်လုံးများ နီရဲကာ ပြောလိုက်သည်။


" အမြန်သွားရအောင် လာပါ ..."

သူ၏လေသံက အလျင်လိုနေသည့်ပုံပင်။


ချီယုက စုကျီနန်ကိုလည်း ပစ်မထားရဲ၍ ခြေလှမ်းကျဲကျဲဖြင့်သာ လျှောက်သွားလိုက်သည်။


စုကျီနန်ကို ဆေးပေးခန်း ပို့ပေးပြီးသည့်နောက်တွင် ယွမ်ရှင်းကျဲကိုသွားရှာပြီ ညစာစားရန်ဖိတ်လိုက်မည်ဟု ချီယုတွေးလိုက်သည်။


ထိုသို့ တွေးနေသဖြင့် စုကျီနန်၏မျက်ဝန်းထဲမှ အောင်နိုင်သူကဲ့သို့သော အမူအယာကို မမြင်လိုက်မိပေ။


xxxxx