အပိုင်း ၃၆
Viewers 17k

Chapter 36


သူ့ခေါင်းအထက်သို့ ကျဆင်းနေသောမိုးရေစက်များက ထီးပေါ်ရောက်သွားသည်။ ယွမ်ရှင်းကျဲ၏ လည်ဇလုပ်က လှုပ်ရှားသွားပြီး ခါးမတ်မတ်ထားလိုက်ကာ သူ့ရှေ့ကလူက သူ့ကို ကြင်နာသည့်လူလား မုန်းတီးနေသောလူလား အကဲမခတ်နိုင်ပေ။


အဲ့ဒါအယ်လ်ဖာများလား သူ့ကို အမှတ်အသားပေးတော့မယ်ထင်တယ် ...


ယွမ်ရှင်းကျဲ မသက်မသာဖြစ်မှုကိုတွန်းလှန်ပြီး ခေါင်းကို‌ဖြည်းညှင်းစွာမော့ကာ ရှေ့မှအရပ်ရှည်ရှည်လူကိုကြည့်လိုက်သည့်အခါ သူ့မျက်လုံးများ မသိမသာပြူးကျယ်သွားသည်။


ထီးအောက်တွင် ရွှေအိုရောင်ထီးလက်ကိုင်ရိုးကိုကိုင်ထားသော လက်ချောင်းသွယ်သွယ်များတွင် ထင်ရှားသောလက်ဆစ်များရှိသည်။ လက်ကောက်ဝတ်ရိုးက ရှိရင်းစွဲထက် ဖြူဖျော့နေကာ အင်္ကျီလက်ဖျားတွင် မိုးရေစက်များနှင့် ပွင့်ဖတ်များစွန်းထင်းနေသည်။


သွယ်လျ၍တောင့်တင်းသော လက်မောင်းများမှတစ်ဆင့်ကြည့်လိုက်သောအခါ ထိုလူ၏ ပခုံးကျယ်ကျယ်ကို တွေ့လိုက်ရသည်။ နက်ကတိုင်မစည်းထားသောကြောင့် အပြာရင့်ရောင်ကျောင်းယူနီဖောင်းနှင့် ရှပ်အင်္ကျီအဖြူရောင်အောက်မှ ညှပ်ရိုးများကို တစ်ပိုင်းတစ်စတွေ့နိုင်သည်။


အပေါ်သို့‌ထပ်ကြည့်သောအခါ ရင်းနှီးသလို မရင်းနှီးနေသလိုဖြစ်နေသောမျက်နှာကို တွေ့လိုက်ရသည်။


ထိုလူ၏ မေးရိုးများက တောင့်တင်းနေပြီး နှုတ်ခမ်းများတင်းတင်းစေ့ထားကာ ယွမ်ရှင်းကျဲကို ငုံ့ကြည့်နေသည်။ သူ၏မျက်ခုံးများက တွန့်ခိုးနေပြီး လှပသောမျက်ဝန်းများက သူ့ကို အလွန်နက်ရှိုင်းစွာကြည့်နေပြီး မည်သည့်ခံစားချက်ကိုမှ မမြင်ရပေ။


သူ့ကိုကြည့်နေလျက် ယွမ်ရှင်းကျဲ၏ဦးနှောက်က ခဏတာ အလုပ်မလုပ်တော့ပေ။ 


သူ့ရှေ့တွင်ပေါ်လာသူက အိုမီဂါများကိုကြောက်ရွံ့သော လော့ဝမ်ချွမ်းဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ 


ယွမ်ရှင်းကျဲက မည်သို့မျှမတုံ့ပြန်နိုင်ပဲ ကြောင်အအဖြစ်နေသည်။ လော့ဝမ်ချွမ်းက ဖြည်းညှင်းစွာထိုင်ချလိုက်ပြီး လက်ဆန့်ထုတ်ကာ ဂလင်းနေရာကို လက်ဖြင့်ကာထားသော ယွမ်ရှင်းကျဲ၏လက်ကို ဖယ်ထုတ်ရန်ပြင်လိုက်သည်။


တစ်ဖက်လူ၏လက်ချောင်းများက အနည်းငယ်အေးစက်နေပြီး သူ့လက်ဖဝါးပေါ်ရှိ အသားမာအနည်းငယ်ကို ယွမ်ရှင်းကျဲ၏ ထိလွယ်ရှလွယ်သည့် အသားအရေကို ထိလိုက်သောအခါ အထိန်းအကွပ်မဲ့စွာဖြင့် တံတွေး မျိုချမိသွားစေသည်။


ယခုအချိန်တွင် ယွမ်ရှင်းကျဲက ခွန်အားမရှိဖြစ်နေပြီး လော့ဝမ်ချွမ်း၏ လှုပ်ရှားမှုများကလည်း လွတ်လပ်ပေါ့ပါးနေကာ ဆွဲဆောင်ခံနေရသကဲ့သို့ဖြစ်နေသည်။


ယွမ်ရှင်းကျဲ လော့ဝမ်ချွမ်းကို ကြည့်လိုက်သည်။ ယခုချိန်၌ သူတို့နှစ်ယောက်က အလွန်နီးကပ်နေသည်။ ထီးတစ်ချောင်းတည်းအောက် ရောက်နေကာ ထိုလူ၏ခန္ဓာကိုယ်နှင့် နီးနေသောကြောင့် အယ်လ်ဖာ၏ကိုယ်ပေါ်မှ ကြည်လင်သောမိုးရေစက်များ၊ ရှင်းလင်းနေသော မျက်ရစ်တစ်ထပ်နှင့် သူ၏ဖြောင့်စင်းသော နှာတံကိုပါ တွေ့မြင်နိုင်သည်။


" ငါ မင်းကို ကူညီပေးမယ် ..."


လော့ဝမ်ချွမ်း၏ နှုတ်ခမ်းဖျားမှ စကားသုံးခွန်းထွက်လာသည်။ သူ့အသံက တစ်စုံတစ်ခုကို ထိန်းချုပ်ထားရသကဲ့သို့ အလွန်တိုး၍  မဖော်ပြနိုင်သော ခံစားချက်အချို့ကြောင့် အက်ရှရှဖြစ်နေသညိ။


ယွမ်ရှင်းကျဲက သူ၏မူမမှန်မှုများကို သတိမပြုမိပေ။ လော့ဝမ်ချွမ်း၏အသံကို ကြားပြီးချိန်တွင် သူ့ရင်ထဲ၌ လုံခြုံမှုကို ရုတ်ချည်းခံစားလိုက်မိပြီး ဂလင်းကိုအုပ်ထားသောလက်ကို ဖယ်လိုက်သည်။


လော့ဝမ်ချွမ်း၏ လက်ချောင်းများက ယွမ်ရှင်းကျဲ၏ဂလင်းကို ပွတ်သပ်နေသည်။ နေရာကို အတည်ပြုပြီးသည်နှင့် တစ်ခါသုံးဖယ်ရိုမုန်းထိန်းချုပ်ဆေးကို ထုတ်လိုက်သည်။


ဖယ်ရိုမုန်းထိန်းချုပ်ဆေးကို ဆေးထိုးအပ်ထဲတွင် သေသပ်စွာထုတ်ပိုးထားသည်။ ဤဆေးထိုးအပ်ကို အထူးပြုလုပ်ထားခြင်းဖြစ်ပြီး ဆေးထိုးသည့်နေရာ၌ ပိုးသတ်ခြင်း၊ ထိုးသွင်းခြင်းနှင့် နာကျင်မှုကို သက်သာစေသည့် လုပ်ဆောင်ချက်များ ပါဝင်သည်။


သူအဘယ့်ကြာင့် ဖယ်ရိုမုန်းထိန်းချုပ်ဆေးကို ကိုယ်နှင့်မကွာသယ်လာကြောင်းကို ယွမ်ရှင်းကျဲ မတွေးနိုင်မီမှာပင် လော့ဝမ်ချွမ်းက ဆေးထိုးအပ်ကို သူ့ဂလင်းနှင့်အနီးဆုံးနေရာတွင်ထားကာ လက်မဖြင့်ဆေးထိုးအပ်ကို နာရီလက်တံအတိုင်းလှည့်ကာ ဆေးကိုဖွင့်လိုက်သည်။


‌ထို့အခါ ဆေးထိုးအပ်၏ညာဘက်မှ ပိုးသတ်သည့်ဂွမ်းတစ်ခုထွက်လာပြီး ယွမ်ရှင်းကျဲ၏ဂလင်းနေရာကို သုတ်ပေးလိုက်သည်။ စက္ကန့်ပိုင်းအတွင်း ပိုးသတ်ပြီးသွားသည့်အခါ လော့ဝမ်ချွမ်းက ဆေးထိုးအပ်ဖြင့် တဖြည်းဖြည်းထိုးချလိုက်သည်။


ထိုအခါ ယွမ်ရှင်းကျဲက စူးခနဲနာကျင်မှုကို ခံစားလိုက်ရသည်။ အသက်ဖြည်းဖြည်းရှုပြီး နာကျင်စွာညည်းညူသံက လည်ချောင်းထဲမှထွက်လာသည်။


လော့ဝမ်ချွမ်း၏ လည်ဇလုပ် လှုပ်ရှားသွားသော်လည်း သူ့လက်က မလှုပ်ရှားပေ။ ဆေးထိုးအပ်ကို ခိုင်မြဲစွာကိုင်ထားပြီး ဖယ်ရိုမုန်းထိန်းချုပ်ဆေးကို ထိုးသွင်းလိုက်သည်။


နာကျင်မှုက ပို၍ပြင်းထန်လာသည့်အတွက် ယွမ်ရှင်းကျဲမသိလိုက်မီမှာပင် မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာသည်။


ယွမ်ရှင်းကျဲက ယခင်ဘဝတွင်လည်း ဖျားနာမှုဒဏ်ကို ခံစားခဲ့ရသူတစ်ယောက်ဖြစ်သော်လည်း သူ၏စိတ်နှင့်ခန္ဓာကိုယ်က ယခုကဲ့သို့ အလွန်အမင်း ထိရှလွယ်ခြင်း မဖြစ်ခဲ့ဖူးပေ။


မျက်ရည်များဝဲလျက် လော့ဝမ်ချွမ်းကို မော့ကြည့်လိုက်သောအခါ သူ့မျက်နှာပေါ်၌ မည်သည့်အမူအယာမှ ရှိမနေပေ။ နှုတ်ခမ်းပါးများကို တင်းတင်းဖိထားပြီး ယွမ်ရှင်းကျဲ၏ နာကျင်မှုကို ဂရုမစိုက်သကဲ့သို့ ဆေးထိုးအပ်ကိုသာ တည်ငြိမ်စွာ စိုက်ကြည့်နေသည်။


ယွမ်ရှင်းကျဲ မျက်လုံးမှိတ်၍ အံကြိတ်ထားကာ သူ့ဂလင်းဆီမှ စူးရှသောနာကျင်မှုကို တောင့်ခံနေရသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်က မတုန်လှုပ်ပဲ မနေနိုင်ပေ။ 


ထိုအခါမှ ဆွဲငင်ဓာတ်ဖြင့်ပြည့်နေသော ယောက်ျားတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။


" ခဏလောက် တောင့်ခံထားဦး ..."


ယွမ်ရှင်းကျဲ မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ မျက်ဝန်းနက်များနှင့် အကြည့်ချင်းဆုံသွားသည်။ ပုံမှန်နေ့ရက်များတွင် အေးစက်နေတတ်သော မျက်ဝန်းတစ်စုံတွင် လေးနက်စွာဖြင့် နှစ်သိမ့်ပေးနေသည့် အရိပ်အယောင်များကို မြင်တွေ့လိုက်ရသည်။


ယခုအချိန်တွင် ယွမ်ရှင်းကျဲမှာ လွန်ခဲ့သည့်ရက်များက လော့ဝမ်ချွမ်းကယ်ခဲ့သော ကြောင်ပေါက်စလေးနှင့် တူနေသည်။


ထိုစဉ်ကလည်း သူက ကြောင်လေးကို ထိုသို့နူးညံ့သည့်အကြည့်ဖြင့် ကြည့်ခဲ့သည်။


ယွမ်ရှင်းကျဲ အံ့အားသင့်နေချိန်မှာပင် ဖယ်ရိုမုန်းထိန်းချုပ်ဆေးထိုးခြင်း ပြီးဆုံးသွားသည်။ လော့ဝမ်ချွမ်းက ဆေးထိုးအပ်ကို တဖြည်းဖြည်းဆွဲထုတ်လိုက်သည့်အခါ ဆေးထိုးအပ်ပြွန်၏ ဘယ်ဘက်မှ စက်ရုပ်လက်အသေးလေးက ယွမ်ရှင်းကျဲ၏ဂလင်းပေါ်တွင် ပလာစတာ ကပ်ပေးလိုက်သည်။


ယွမ်ရှင်းကျဲ၏ကိုယ်တွင် စီးဆင်းနေသောအပူလှိုင်းက လျော့ကျသွားပြီး ခန္ဓာကိုယ်အပူချိန်လည်း ဆက်တိုက်ပြန်ကျလာသည်။


ယွမ်ရှင်းကျဲက ကျေးဇူးတင်စကားပြောမည့်အချိန်တွင် လော့ဝမ်ချွမ်းက သူ၏လက်ချောင်းသွယ်သွယ်များဖြင့် ပလာစတာ၏ ထောင့်စွန်းများကို ဂရုတစိုက်ဖိကပ်ပေးလိုက်သည်။


ယွမ်ရှင်းကျဲ အံ့အားသင့်သွားသော်လည်း ခဏအကြာတွင် လော့ဝမ်ချွမ်းက မတ်တပ်ထရပ်လိုက်သည်။


သူက ယွမ်ရှင်းကျဲကို ထီးမိုးပေးထားသည့်အတွက် သူ့ခန္ဓာကိုယ်တစ်ခုလုံး မိုးရေများဖြင့် စိုရွှဲနေသည်။

36.2


ယွမ်ရှင်းကျဲသူ့ကို လှိုက်လှိုက်လှဲလှဲပင် ကျေးဇူးတင်မိသွားသည်။ မတ်တပ်ရပ်၍ လော့ဝမ်ချွမ်းကို တစ်ခုခုပြောမည်အပြင် သူ့ခြေထောက်များက အချိန်ကြာမြှင့်စွာ ဆောင့်ကြောင့်ထိုင်နေရ၍ ကျင်နေသည်။ မတ်တပ်ရပ်လိုက်ချိန်၌ ဟန်ချက်မညီဖြစ်ကာ ရှေ့သို့ယိုင်သွားသည်။


ယွမ်ရှင်းကျဲ၏မေးစေ့က လော့ဝမ်ချွမ်း၏ ပခုံးဖြင့် တိုက်မိသွားသည်။


သူ့အရပ်က ၁.၈မီတာကျော်သည့်အတွက် အိုမီဂါတစ်ယောက်အတွက်မူ အရပ်ရှည်သည်ဟု ဆိုနိုင်သော်လည်း လော့ဝမ်ချွမ်း၏အရပ်က ၁.၉မီတာကျော် မြင့်သည်။ လော့ဝမ်ချွမ်း၏ ရင်ခွင်ထဲရောက်သွားချိန်၌ ပူရှိန်းနံတစ်မျိုးကိုရလိုက်သည်။ ၎င်းက ရေမွှေးနံ့ သို့မဟုတ် အဝတ်လျှော်ဆပ်ပြာမှုန့်အနံ့တစ်မျိုး ဖြစ်နိုင်သည်။


လေပူများက သူ့နားရွက်တစ်ဝိုက်ကို ပွတ်သပ်သွားကာ တစ်ဖက်လူ၏ အသက်ရှုသံကိုကြားနေရသည်။


လော့ဝမ်ချွမ်း၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ 


ယွမ်ရှင်းကျဲက သူဒေါသထွက်သွားသည်ဟု ထင်လိုက်သော်လည်း ထိုသို့မဟုတ်ပေ။ 


လော့ဝမ်ချွမ်းက သူ့အိတ်ထဲမှ အနံ့ပျောက်စပရေးဘူးကိုဖွင့်ပြီး သူ့ရင်ခွင်ထဲမှလူကို ဖြန်းပေးလိုက်သည်။ သူ့ကိုကြည့်ရသည်မှာ ယွမ်ရှင်းကျဲ၏ နှင်းဆီရနံ့ဖယ်ရိုမုန်းကို သဘောကျပုံမရပေ။ 


ယွမ်ရှင်းကျဲ အမြန်ထရပ်လိုက်ချင်သော်လည်း ယခုလေးတင်ဖြစ်ပေါ်ခဲ့သည့် အပူကြီးမှုကြောင့် သူ့ခန္ဓာကိုယ်က ဖရိုဖရဲဖြစ်နေသည်။ ထို့အပြင် အချိန်ကျမြင့်စွာ မိုးရေထဲထိုင်နေခဲ့၍ ခြေထောက်တွင် သွေးမလျှောက်တော့သည့်အတွက် သူ့မြင်ကွင်းထဲတွင် အမှောင်ထုက ကြီးစိုးသွားသည်။


စက္ကန့်အနည်းငယ်အကြာတွင် ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏ ရင်ခွင်ထဲ၌ပင် သတိလစ်သွားသည်။


သတိမလစ်မီတွင် ယွမ်ရှင်းကျဲက အားနည်းဖျော့တော့စွာ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် ..."


လော့ဝမ်ချွမ်း၏ ကြွက်သားများ တောင့်တင်းနေပြီး စကားမပြောနိုင်ပေ။


သူ မျက်မှောင်ကြုတ်လိုက်ပြီး ယွမ်ရှင်းကျဲ ပြန်နိုးလာမည့်အချိန်ကို စောင့်ဆိုင်းနေသော်လည်း အချိန်အတော်ကြာသည်အထိ မလှုပ်ရှားလာတော့ပေ။


မိနစ်ဝက်ခန့်ကြာသောအခါ လော့ဝမ်ချွမ်းက လေသံခပ်အုပ်အုပ်ဖြင့် မေးလိုက်သည်။

" မင်း မထတော့ဘူးလား ..."


သို့သော်လည်း ယွမ်ရှင်းကျဲပြန်မဖြေ‌နိုင်တော့ပဲ သူ့ခေါင်းက လော့ဝမ်ချွမ်းလည်ပင်းကိုသာ မှီနေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအလေးချိန်က လော့ဝမ်ချွမ်းအပေါ်ရောက်နေပြီး သူကိုယ်တိုင်မသိပဲ လော့ဝမ်ချွမ်း၏ခါးကို ဖက်ထားမိသည်။


မျောက်ကလေးတစ်ကောင်က သစ်ပင်ကြီးတစ်ပင်ပေါ် အိပ်နေသည်နှင့်ပင် တူနေသည်။


ထိုအခါမှသာ လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲသတိလစ်သွားကြောင်း သိလိုက်သည်။


သူ့ လည်ဇလုပ်က လှုပ်ရှားသွားပြီး အိုမီဂါကောင်လေးကို စိတ်မရှည်တော့သည့်ပုံဖြင့် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ ထိုအခါမှသာ ထီးကိုဘေးနားချထားလိုက်ပြီး မျောက်ပေါက်စလေးကို ချီလိုက်ပြီး ဆေးပေးခန်းဆီသို့ လျှောက်သွားလိုက်သည်။


ယခုအချိန်၌ မိုးတိတ်သွားပြီဖြစ်သည်။


တိမ်တိုက်များကြားမှ နေရောင်ခြည်ဖြာကျလာသဖြင့် မီးခိုးရောင်ကောင်းကင်နှင့် ကမ္ဘာမြေအကြား နူးညံ့သော အလင်းတန်းတစ်ခု ဖြာကျနေသည်နှင့်ပင်တူသည်။


ယွမ်ရှင်းကျဲ၏ ဆံပင်များက ရှုပ်ပွနေပြီး ဆံပင်များအကြား၌ ချယ်ရီပွင့်ဖတ်များ ရှိနေသည်။


သူ့မျက်လုံးများက မှိတ်ထားကာ ခေါင်းက လော့ဝမ်ချွမ်း၏ ရင်ခွင်ကို မှီထားသည်။ သူ့မျက်တောင်များက အလွန်ရှည်လျားပြီး အသားအရည်က ဖြူဖွေးနေကာနှုတ်ခမ်းများ ဖြူဆုတ်နေသည်။ သို့သော်လည်း သူ၏ ချောမောသော မျက်နှာအစိတ်အပိုင်းများကြားမှ ငယ်ရွယ်၍ သူရဲကောင်းဆန်သော ခံစားချက်များကို မဖုံးကွယ်ထားနိုင်ပေ။


ဤကဲ့သို့သော ဆယ်ကျော်သက်ကောင်လေးက ကာလက်ကို တိုက်ပွဲတွင် အနိုင်ယူခဲ့သူနှင့် တစ်ယောက်တည်းဖြစ်ကြောင်းကို လော့ဝမ်ချွမ်း စိတ်ကူးကြည့်ရန် ခက်ခဲနေသည်။


ရနံ့ပျောက်စပရေးက  ဖယ်ရိုမုန်းအားလုံးကို တူညီသွားအောင်လုပ်ပေးသဖြင့် မွှေးပျံ့သော နှင်းဆီရနံ့က ပျောက်ကွယ်သွားသည်။ ယခုလောလောဆယ်ဖြစ်ပျက်ခဲ့သောကိစ္စက မတော်တဆဖြစ်ရပ်တစ်ခုဟုပင် ဆိုနိုင်သည်အထိ ရနံ့ကို လုံးဝမရတော့ပေ။


သတိလစ်ပြီးသည့်နောက် ယွမ်ရှင်းကျဲ အိမ်မက်တစ်ခု မက်ခဲ့သည်။ အိမ်မက်ထဲတွင် သူ၏ မူလကမ္ဘာသို့ ပြန်ရောက်သွားပြီး ဆေးရုံခန်းထဲတွင် ကုသမှုခံယူရန် လှဲလျောင်းနေရပြီး ခန္ဓာကိုယ်တစ်ခုလုံး မသက်မသာဖြစ်နေသည်။


ထိုအချိန်တွင် အသားမာအနည်းငယ်ဖြင့် သွယ်လျသောလက်တစ်ဖက်က သူ့လည်ပင်းကို ပွတ်ပေးနေပြီး နာကျင်မှုမှသက်သာအောင် ပြုလုပ်ပေးနေသည်။


ထိုလက်တစ်ဖက်မှ ပူရှိန်းနံ့ဖျော့ဖျော့တစ်မျိုး ရနေသည်။


–––


ဆေးခန်းတွင် ...


ချီယူက စုကျီနန်၏ခန္ဓာကိုယ်ကို စစ်ဆေးရာတွင် အဖော်ပြုပေးနေသော်လည်း ဆရာဝန်က နေကောင်းသည်ဟုသာ ပြောခဲ့သည်။ သူ အနည်းငယ်ပင်ပန်းသွားခြင်းသာဖြစ်ပြီး heatဝင်ချိန် မရောက်ရှိသေးဟု ပြောပြလိုက်သည်။


စုကျီနန်က လည်ပင်းကိုပွတ်ပြီး ချီယုကိုပြောလိုက်သည်။

" အစ်ကိုကြီးယု ကျွန်တော့်ကို ဆေးစစ်တဲ့နေရာအထိ လိုက်လာပေးတာ ကျေးဇူးတင်ပါတယ် ... ဆေးစစ်တဲ့ ကုန်ကျစရိတ်ကို ကျွန်တော်ပြန်လွှဲပေးပါ့မယ် ..."


" မလိုပါဘူး ... အဖွဲ့သားဟောင်းအချင်းချင်း ငွေရေးကြေးရေးအကြောင်း ပြောစရာမလိုဘူး ..."

ချီယုက သူ့ကိုပြောလိုက်သည်။


စုကျီနန် ပြုံးပြလိုက်သည်။

" အစ်ကိုကြီးယုက အရမ်းကြင်နာတတ်တာပဲ ..."


" ဒါပေမဲ့ နောက်တစ်ခါဆိုရင်တော့ ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး ပိုအာရုံစိုက်သင့်တယ် ... ဘာမှမဟုတ်တဲ့ကိစ္စတွေကို ရုတ်တရက်ကြီး ထပြီးအဖြစ်မသည်းပါနဲ့ ငါတောင်လန့်သွားတယ် ..."

ချီယု မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


စုကျီနန် ခေါင်းငြိမ့်ပြလိုက်သည်။

" ကျွန်တော် ခုနက စိတ်မငြိမ်ဖြစ်သွားလို့ပါ ... ပြီးတော့ တကယ်လို့ အဲ့လိုကိစ္စမျိုးက ပြိုင်ပွဲဧရိယာရဲ့စင်အနောက်ဘက်မှာဖြစ်ရင် အကျိုးဆက်တွေက ရှုပ်ထွေးသွားနိုင်လို့ပါ ..."


" ဒါဆိုလည်း ဖယ်ရိုမုန်းထိန်းချုပ်ဆေးတွေ ဆောင်ထားသင့်တယ် ... ငါ မင်းနဲ့အတူ ဆေးခန်းကို အမြဲမလိုက်ပေးနိုင်ဘူးလေ ဟုတ်တယ်မလား ..."

ချီယုက စိတ်မရှည်စွာပြောလိုက်သည်။


" ကောင်းပါပြီ ကျွန်တော်နောက်တစ်ခါ သတိထားပါ့မယ်... အစ်က်ိုကြီးက ညီလေးရှင်းကျဲကိုပဲ စိတ်ထဲရှိတာ ကျွန်တော်သိပါတယ် ..."

စုကျီနန်က ရှုံ့မဲ့ကာ ပြောလိုက်သည်။


ယွမ်ရှင်းကျဲအကြောင်း တွေးမိသည့်အခါ ချီယု ဆေးခန်းထဲမှ အမြန်ထွက်သွားပြီး သူ့ကိုလိုက်ရှာရန်ပြင်တော့သည်။


စုကျီနန်က သူ့နောက်မှလိုက်လာသည်။

" အစ်ကိုကြီးယု ထမင်းအရင်စားကြမလား ..."


ချီယုက သူ့ကို လျစ်လျုရှု့ထားသည်။


ထိုအချိန်၌ ချီယုက ပြိုင်ပွဲကွင်းထဲမှ ယွမ်ရှင်းကျဲ၏ လုပ်ဆောင်ချက်များကို သတိရသွားပြီး ရင်ထဲတစ်မျိုးတမည်ဖြစ်သွားကာ သူ့ကိုချက်ချင်းတွေ့ချင်လာသည်။


သူနှင့်အတူ ကြီးပြင်းလာသော ယွမ်ရှင်းကျဲက လှပ၍ ထူးချွန်သော အိုမီဂါတစ်ယောက်ဖြသ်လာလိမ့်မည်ဟု မည်သာ့်အခါကမှ မတွေးမိခဲ့ပေ။


သို့သော်လည်း ချီယု တံခါးဆီသို့ လျှောက်သွားသည်နှင့် သူ့ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။


စုကျီနန်က ချီယု၏ပခုံးနှင့် တိုက်မိသွား၍ အံ့အားသင့်သွားသည်။

" အစ်ကိုကြီးယု ဘာလို့ ရုတ်တရက်ကြီးရပ်လိုက်တာလဲ  ကျွန်တော် နာသွားပြီ ..."


ချီယုက ကမ္ဘာပေါ်တွင် မဖြစ်နိုင်ဆုံးအရာကို မြင်လိုက်ရသကဲ့သို့ ‌တစ်ကိုယ်လုံး တောင့်တင်းသွားသည်။


စုကျီနန်က ရှေ့ကိုစိတ်ရှုပ်စွာဖြင့် ကြည့်လိုက်သောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။

" လော့ ... လော့ဝမ်ချွမ်းနဲ့ ယွမ်ရှင်းကျဲလား ..."


လော့ဝမ်ချွမ်းက လှပသောအိုမီဂါတစ်ယောက်ကို ရင်ခွင်ထဲတွင်ချီ၍ ဆေးခန်းထဲသို့ စိုးရိမ်တကြီးဝင်လာကာ တစ်ကိုယ်လုံးလည်း မိုးရေများစိုရွှဲနေသည်ကိုမြင်ပြီး ချီယု၏မျက်လုံးများ ပြူးကျယ်သွားသည်။


ချီယု သူ့ကိုယ်သူ ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ထင်လိုက်သည်။


ကျောင်းလက်ရွေးစင်အဖွဲ့ထဲတွင် အတူတကွ ကြာမြင့်စွာနေခဲ့ကြသော်လည်း ချီယုက အိုမီဂါတစ်ယောက်နှင့် တရင်းတနှီးနေသည်ကို ချီယုတစ်ကြိမ်မှ မမြင်ဖူးခဲ့ပေ။ ဤ SSအဆင့် အယ်လ်ဖာက အေးစက်သော အကျင့်စရိုက်ရှိပုံရသည်။


ဒါပေမဲ့ အခုကျတော့ လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို ချီထားတယ်တဲ့ ...


ချီယုရင်ထဲတွင် ခါးသက်သက် ခံစားလိုက်ရသည်။ သူရှေ့သို့ တိုးလာပြီး လော့ဝမ်ချွမ်း၏ရှေ့တွင်ရပ်ကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။


" သူ ဘာဖြစ်လို့လဲ ..."


" Heatဝင်တဲ့အချိန်စောတာ ... ရှေ့က လမ်းပိတ်မနေနဲ့ ..."

လော့ဝမ်ချွမ်း၏လေသံက အေးစက်နေသည်။


ထိုစကားကို ကြားရသည့်အခါ ချီယု၏မျက်နှာက ထူးဆန်းသွားသော်လည်း သူ လက်မလျှော့သေးပေ။


" သူ့ကို ငါ့ဆီပေး ..."


xxxxx