အပိုင်း ၃၈
Viewers 17k

Chapter 38


ယွမ်ရှင်းကျဲက သူ့အမူအကျင့်များကို ပြောင်းလဲရန် ငြင်းဆိုနေသည့်အတွက် ချီယုစိတ်တိုလာပြန်သည်။


" ယွမ်ရှင်းကျဲ မင်း ဒီနေ့ပြောခဲ့တာတွေအတွက် နောင်တရစေရမယ် ..."


ယွမ်ရှင်းကျဲ အံကြိတ်ပြီး ပြန်ပြောလိုက်သည်။

" ဘယ်သူက နောင်တရမလဲ ကြည့်ကြသေးတာပေါ့ ...,


ချီယု ဒေါသတကြီးဖြင့် တံခါးကိုဆောင့်ပိတ်ပြီး ထွက်သွားသည်။


သို့သော် အပြင်ရောက်သွားချိန်၌ သူ့ရင်ထဲ နောင်တရလာသည်။


သူတို့နှစ်ယောက်ကြားမှဆက်ဆံရေးကို သူပြောင်းလဲပစ်ချင်သော်လည်း မတော်တဆဖြင့် အရာအားလုံးကို ပိုမိုဆိုးဝါးအောင် လုပ်လိုက်မိသည်။


သူ အသက်ပြင်းပြင်းရှုပြီး မျက်လုံးမှိတ်လိုက်သည်။ ကျောနောက်မှ အေးစက်နေသောသတ္တုတံခါးက သူ့ကို စိတ်မသက်မသာဖြစ်အောင် လုပ်နေသည်။


မှတ်ဉာဏ်တုထဲတွင် စုကျီနန်ဆီမှ မက်ဆေ့တစ်စောင်ရောက်နေသည်။


[ စုကျီနန် : ညီလေးရှင်းကျဲက စိတ်ဆိုးနေပြန်ပြီမလား ... ဟားဟား ဝမ်းမနည်းပါနဲ့ သူ့ကို ဂရုစိုက်ပေးလိုက်ပါ ...]


ချီယု မျက်မှောင်ကြုတ်ပြီး စိတ်ထဲတွင် ပြောလိုက်မိသည်။

သူက ဒီရက်ပိုင်း ယွမ်ရှင်းကျဲအကြောင်းပဲ စဉ်းစားနေတာလေ ဒါပေမဲ့ သူကငါ့ကို အခွင့်အရေးလေးတောင် မပေးဘူး ...


အဲ့ဒါ ဘယ်လိုလုပ် သူ့အမှားဖြစ်တော့မှာလဲ ...


စုကျီနန်က နောက်ထပ် မက်ဆေ့တစ်စောင်ပို့လိုက်သည်။

[ အစ်ကိုကြီးယု ညီလေးရှင်းကျဲက လူကောင်းလေးပါ ... သူ့ကို တန်ဖိုးထားနော် မဟုတ်ရင် တခြားလူတွေနဲ့ ပိုအဆင်ပြေသွားရင် ဘယ်လိုလုပ်မလဲ ...]


ချီယု စိတ်အနှောသ့်အယှက်ဖြစ်သွား၍ မှတ်ဉာဏ်တုကို ပိတ်ပစ်လိုက်သည်။


သူ့ကို တန်ဖိုးမထားလို့လား ... တောင်းပန်ပြီးပြီလေ ...


ချီယုထွက်သွားပြီးသည့်အခါ ယွမ်ရှင်းကျဲ သူ့အဝတ်များကို အနံ့ခံကြည့်လိုက်သည်။


နှင်းဆီပန်းရနံ့ဖယ်ရိုမုန်း မရှိတော့ပဲ သူနှင့် ရင်းနှီးနေသော ပူရှိန်းနံ့ဖျော့ဖျော့လေးသာ ကျန်ရစ်ခဲ့တော့သည်။


၎င်းက လော့ဝမ်ချွမ်း၏ ကိုယ်သင်းရနံ့ဖြစ်ပြီး သူ၏ အယ်လ်ဖာဖယ်ရိုမုန်းမဟုတ်ကြောင်းကို  ယွမ်ရှင်းကျဲ သေချာပေါက်သိသည်။ ၎င်းက ရေမွှေးနံ့ သို့မဟုတ် အဝတ်လျှော်ဆပ်ပြာမှုန့်ရနံ့ဖြစ်သည်။


အကယ်၍ လော့ဝမ်ချွမ်းကသာ ထိုအချိန်က အယ်လ်ဖာဖယ်ရိုမုန်းများ ထုတ်ခဲ့ပါက အယ်လ်ဖာနှင့် အိုမီဂါအချင်းချင်းကြားမှ ဆွဲငင်မှုဥပဒေသအရ သူက လော့ဝမ်ချွမ်း၏ရင်ခွင်ထဲတွင် လှဲနေရုံသာဖြစ်တော့မည်တော့မည် မဟုတ်ပေ။ 


အိုမီဂါတစ်ယောက်က မတော်တဆheatဝင်နေချိန်နှင့် ကြုံရပါက သာမန်အယ်လ်ဖာများမှာ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်မည်မဟုတ်ပေ။


ကံကောင်းသည်မှာ လော့ဝမ်ချွမ်းက အိုမီဂါများကို ကြောက်ရွံ့သူဖြစ်နေသည်။ သို့ဖြစ်၍ ယွမ်ရှင်းကျဲ၏ ဖယ်ရိုမုန်းများကို အလွန်မခံစားရခြင်းဖြစ်သည်။ သို့မဟုတ်ပါက သူ့ကိုတည်ငြိမ်စွာဖြင့် ကူညီပေးနိုင်မည်မဟုတ်ပေ။


လော့ဝမ်ချွမ်းနှင့် တွေ့ခဲ့သည့်အတွက် ယွမ်ရှင်းကျဲ ဝမ်းသာနေမိသည်။


အကယ်၍ အခွင့်အရေးရပါက လော့ဝမ်ချွမ်းကို လူကိုယ်တိုင်သွားရောက်၍ ကျေးဇူးတင်ချင်မိသည်။


ထိုအချိန်တွင် လူနာဆောင်အပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရသည်။


လူနာလာကြည့်သူများက လုရန်ရှု၊ အော်ရီရယ်နှင့် ကျိုး​ဖေးရွှယ်တို့ဖြစ်သည်။


" ရှင်းကျဲ အဆင်ပြေရဲ့လား ..."

လုရန်ရှုက တံခါးမှအမြန်ဝင်ပြီး ယွမ်ရှင်းကျဲဆီသို့ အပြေးတစ်ပိုင်းရောက်လာသည်။


" ဘုရားရေ ... မင်းheatဝင်ချိန်စောတယ်လို့ကြားတယ် ဘယ်လိုဖြစ်ရတာတုန်း ..."


ယွမ်ရှင်းကျဲ မျက်မှောင်ကြုတ်လိုက်သည်။

" မင်း ဘယ်လိုသိတာလဲ ..."


" ငါတို့ကို ချီယုပြောပြတာ ... အဲ့လူပြောတာတော့ မင်းကheatဝင်နေချိန်မို့ စိတ်မကြည်မလင်မဖြစ်နေလို့ဆိုပြီး ငါတို့ကို လာတွေ့ခိုင်းလိုက်တာ ..."

အော်ရီရယ်က ပြန်ဖြေလိုက်သည်။


ကျိုး​ဖေးရွှယ်က ယွမ်ရှင်းကျဲကိုကြည့်ပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

" တစ်ခုခုဖြစ်ခဲ့သေးလား ... မင်းကို တခြားအယ်လ်ဖာတွေကများ အမှတ်အသားပေးလိုက်သေးလား ..."


" ကျွန်တော် လော့ဝမ်ချွမ်းနဲ့ တွေ့ခဲ့တယ် ... သူပဲ ကျွန်တော့်ကို ဆေးရုံကို ခေါ်လာပေးတာ ..."

ယွမ်ရှင်းကျဲ၏ စကားများက သူတို့သုံးယောက်ကို ထိတ်လန့်သွားစေခဲ့သည်။


ကျိုး​ဖေးရွှယ်က မယုံကြည်နိုင်သွာဖြင့် ‌ထပ်မေးလိုက်သည်။

" လော့ဝမ်ချွမ်းလား ... လော့ဝမ်ချွမ်းဆိုတာ သေချာရဲ့လား ..."


ယွမ်ရှင်းကျဲ ခေါင်းငြိမ့်ပြလိုက်သည်။


" လော့ဝမ်ချွမ်းက မင်းရဲ့ ဖယ်ရိုမုန်းတွေကို မတုံ့ပြန်ဘူးလား ... ချီးပဲ အဲ့ကောင်က တကယ့်ကို ထူးဆန်းတာပဲ ဒါပေမဲ့ သူ ထူဆန်းနေလို့ ကံကောင်းသွားတာ ..."

လုရန်ရှု၏ မျက်လုံးများက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။


အော်ရီရယ်၏မျက်နှာက တည်ငြိမ်နေသည်။

" တခြားအယ်လ်ဖာသာဆိုရင်တော့ သူတို့စိတ်မထိန်းနိုင်ဖြစ်သွားတာနဲ့ မင်းကို ကူညီနိုင်တော့မှာ မဟုတ်ဘူး ..."


ကျိုး​ဖေးရွှယ် မျက်မှောင်ကြုတ်နေပြီး သူ့မျက်လုံးထဲတွင် သံသယများဖြင့် ပြည့်လာသည်။


လော့ဝမ်ချွမ်းက အိုမီဂါတွေရဲ့ဖယ်ရိုမုန်းတွေကို မတုံ့ပြန်နိုင်တာ သိပေမယ့် သူ ဓာတ်မတည့်တာရော မဖြစ်ဘူးလား ...


" ခုတော့ အဆင်ပြေသွားပါပြီ ... မင်းသိရဲ့လား ငါသေလောက်အောင် စိတ်ပူသွားလို့ ပြိုင်ပွဲပြီးပြီးချင်း ဒီကိုပြေးလာတာ ..."

လုရန်ရှုက ယွမ်ရှင်းကျဲအတွက် ရေတစ်ခွက် ခပ်ပေးလိုက်သည်။


ယွမ်ရှင်းကျဲ ဖန်ခွက်ကိုယူကာ မေးလိုက်သည်။

" နိုင်ခဲ့လား ..."


လုရန်ရှု သက်ပြင်းချလိုက်သည်။

" မပြောပါနဲ့တော့... ငါ သူတို့ကို မချေမှူန်းနိုင်ဘူး ..."


" ပြိုင်ပွဲအကြောင်းဆိုလို့ သတိရသွားပြီ ... မင်း ကာလက်ကို အနိုင်ယူနိုင်မယ်လို့ ဆရာမထင်ခဲ့မိဘူး ..."

ကျိုး​ဖေးရွှယ်က ယွမ်ရှင်းကျဲကို ပြောလိုက်သည်။


" မင်းရဲ့ မက်ခါမွမ်းမံစွမ်းရည်နဲ့ ကြယ်နှစ်ထပ်နက်ခါ သုံးနည်းကတော့ ‌ထင်ထားတာ‌ထက်တောင် ပိုကောင်းနေသေးတယ် ..."


အမှန်တွင် ယွမ်ရှင်းကျဲထံတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ကျိုး​ဖေးရွှယ်အတွက် အံ့အားသင့်စရာများပင် ဖြစ်နေသည်။


" ဟုတ်တယ်ကွ ..."

အော်ရီရယ်က မှတ်ဉာဏ်တုကို ဖွင့်လိုက်သည်။

38.2


" မင်းသိလားရှင်းကျဲ ... မင်းက ကျောင်းforumမှာ နာမည်အကြီးဆုံးလူ ဖြစ်နေပြီ အရင်ပွဲထက်တောင် ပို နာမည်ကြီးနေတယ် ..."


အော်ရီရယ်က forumကိုဖွင့်ပြီး ယွမ်ရှင်းကျဲကိုပြလိုက်သည်။


သူ့နာမည်ဖြင့်ပြည့်နေသော ပို့စ်များတက်လာသည်ကို မြင်သောအခါ ယွမ်ရှင်းကျဲ ထိတ်လန့်ပြီး ခဏတာ အေးခဲသွားသည်။


[ ယွမ်ရှင်းကျဲရဲ့ မွမ်းမံမှုတွေက တကယ်ကြီးလား >, < ယွမ်ရှင်းကျဲကို ဘယ်မှာ ဆက်သွယ်လို့ ရမလဲဟင် ငါ သူ့လိုမျိုး ကြောင်ရုပ်ဆိုးလေးတစ်ကောင် လိုချင်တယ်>, < ]


[ သူက မက်ခါတွေကိုပါ ဒီဇိုင်းဆွဲတာလား >, < ငါ့ရဲ့မုန်တိုင်းမက်ခါကို  သူကိုယ်တိုင် ဒီဇိုင်းဆွဲပေးရင် ကောင်းမယ် ...]


[ ယွမ်ရှင်းကျဲလိုမျိုး ပန်းရောင်မက်ခါလိုချင်တယ် လင့်ချပေးကြဦး >, < ယွမ်ရှင်းကျဲမက်ခါရဲ့ကွန်ယက်အကောင့်က ဘယ်မှာလဲ ...]


ပို့စ်များ၏ ၈၀%ခန့်က ယွမ်ရှင်းကျဲ၏ မက်ခါများကိုမွမ်းမံနိုင်သော ကြောက်မက်ဖွယ်ရာ စွမ်းရည်အကြောင်းနှင့် ပတ်သက်သည်များဖြစ်သည်။


အဘယ့်ကြောင့်ဆိုသော် လူအနည်းငယ်ကသာ အလင်းဓါးမက်ခါကို ကြယ်နှစ်ထပ်မက်ခါအဖြစ် နှစ်ရက်အတွင်း အောင်အောင်မြင်မြင်ပြောင်းလဲနိုင်ကြသည့်အပြင် သူ၏စစ်မြေပြင်မှ လုပ်ဆောင်ချက်ကလည်း အံ့မခမ်းဖွယ်ရာပင်ဖြစ်သည်။


၎င်းက Bအဆင့်မက်ခါ ဖြစ်သော်လည်းလူအများ၏ လိုချင်စိတ်ကို မြင့်တက်လာစေသည်။


ယွမ်ရှင်းကျဲ သူ့အကောင့်ကို ဖွင့်ကြည့်လိုက်သည့်အခါ မက်ဆေ့ကော်လံတွင် စာများက ၉၉+အထိ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ့ထံသို့ မက်ခါများလာရောက်ပြုပြင်ပေးရန် ရက်ချိန်းယူထားသူ အရေအတွက်က အလွန်မြင့်တက်သွားပြီး  ကမ်းလှမ်းသည့် ဈေးများကလည်း မနိမ့်လှပေ။


ယွမ်ရှင်းကျဲက ဖန်သားပြင်ကို တွေဝေမိန်းမောကာ ကြည့်နေမိသည်။


လုရန်ရှုက စိတ်မသက်မသာဖြင့်ပြောလိုက်သည်။

" Forumပေါ်က လူတွေကို မင်းရဲ့သားရဲစက်ရုပ်က ကျားလို့ပြောထားခဲ့ရဲ့သားနဲ့ ကြောင်ဆိုပြီး ငြင်းနေကြတယ် ... အဲ့လောက်ကြီးတဲ့ကြောင် ဘယ်မှာ ရှိလို့လဲ ..."


" မဟုတ်ဘူး သူအခုပဲ ကြောင်ဖြစ်သွားပြီ ..."

ယွမ်ရှင်းကျဲက ပျော်ရွှင်မှုကြောင့် မပြုံးပဲ မနေနိုင်တော့ပေ။


သူတို့သုံးယောက်လုံး လန့်သွားကြသည်။


အော်ရီရယ်လည်း ပဟေဠိဖြစ်သွားသည်။

" ဘာပြောလိုက်တာ ..."


ယွမ်ရှင်းကျဲက သူ၏ခွန်အားကို အသိအမှတ်ပြုခံရ၍ ဂုဏ်ယူသွားပြီး မက်ခါလောကကြီးကို ပိုမိုချစ်မြတ်နိုးလာသည်ဟု ကျိုးဖေးရွှယ်ထင်လိုက်သည်။


သို့သော်လည်း ယွမ်ရှင်းကျဲပြောလိုက်သည်မှာ ...

" ‌အနာဂတ်မှာ စီးပွားဖြစ်တော့မယ်လေ သူက လာဘ်ခေါ်ကြောင်လေးပေါ့ ..."


အော်ရီရယ်နှင့် ကျိုးဖေးရွှယ် "....."


လုရန်ရှုက အလွန်စိတ်လှုပ်ရှားနေသည်။

" သူတို့မက်ခါတွေ ပြန်ပြင်ပေးဖို့ ဈေးအများကြီးပေးတဲ့လူတွေ ငါတွေ့ခဲ့တယ် ... မင်းတော့ စီးပွားဖြစ်ပြီ ..."


ယွမ်ရှင်းကျဲ : " တံတောင်ဆစ်နေရာကို ပြန်ပြင်ပေးဖို့တောင် တစ်သောင်းပေးတယ် အများကြီးပဲ ..."


လုရန်ရှု : " မက်ခါတစ်စီးလုံး မွမ်းမံပေးရင် သုံးသောင်းပေးမယ်တဲ့ ..."


ယွမ်ရှင်းကျဲ : " နေ့စဉ်စစ်ဆေးချက်က သုံးထောင်တဲ့ ဒါလည်းမဆိုးဘူး ..."


လုရန်ရှု : " မင်းကို သီးသန့် မက်ခါဆရာအဖြစ်ထားချင်တဲ့လူတွေတောင်ရှိတယ် ... တစ်လကို သုံးသောင်းခွဲပေးမယ်တဲ့ မင်းလုပ်ချင်လား ..."


သူတို့ နှစ်ယောက်၏ စကားများကို နားထောင်ပြီးနောက် အော်ရီရယ်က ရုတ်တရက် ထပြောလိုက်သည်။

" ယွမ်ရှင်းကျဲ တကယ်ဆိုရင် မင်းက စီနီယာ ကျောင်းသားတွေအတွက် စက်ပြင်ဆရာ ဖြစ်လာဖို့ စဉ်းစားသင့်တာ ... ပြုပြင်ရေးဌာနက ကျောင်းသားတွေလည်း ဒါမျိုး အချိန်ပိုင်းအလုပ်လုပ်တော့ လစာပုံမှန်ရတယ်... သိပ်မကောင်းတဲ့တစ်ချက်ကတော့ တစ်စုံတစ်ယောက်ရဲ့ ဝန်ထမ်းဖြစ်သွားပြီး တစ်ရက်တည်းမှာ အလုပ်မျိုးစုံ လုပ်ရတာပဲ ..."


ယွမ်ရှင်းကျဲ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး အတွေးထဲနစ်သွားသည်။


လုရန်ရှုက မေးလိုက်သည်။

" အဲ့ဒါ မကောင်းဘူးလို့ ထင်တာလား ... တကယ်လို့ နေသားမကျသေးရင်တော့ တခြားလူအများကြီးရဲ့ စက်တွေကိုပဲ မွမ်းမံပေးရင်ရော ..."


ကျိုးဖေးရွှယ် ခေါင်းငြိမ့်ပြလိုက်သည်။

" လစာ နည်းတာက ပြဿနာမဟုတ်ပါဘူး ... လက်ရှိမှာ မင်းရဲ့ အဓိကတာဝန်က ပြိုင်ပွဲဝင်ပြီး  သေချာလေ့လာဖို့ပဲ ..."


" အဲ့လူက တစ်လကို သုံးသောင်းခွဲပဲပေးလို့ အရမ်းနည်းတယ်လို့ ကျွန်တော်တွေးနေတာ ..."

ယွမ်ရှင်းကျဲက သုံးယောက်လုံးကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။


" သီးသန့်မက်ခါဆရာ ဖြစ်ရမယ်ဆိုရင် ဈေးပိုပေးသင့်တာလေ ....


....


ဆေးခန်းမှ ထွက်လာပြီးသည့်နောက် ချီယု အလွန်စိတ်ဓာတ်ကျနေသည်။ 


စုကျီနန်က ညစာစားရန် လာခေါ်သော်လည်း စားချင်စိတ်မရှိသဖြင့် စက်အတုလေ့ကျင့်ခန်းသို့သာ တိုက်ရိုက်သွားလိုက်သည်။


သူ့ အတန်းဖော် အများစုကလည်း လေ့ကျင့်နေကြသည်။ အားလုံးက ပြိုင်ပွဲ၏ တတိယမြောက်ပွဲစဉ်အတွက် နည်းဗျူဟာများကို ဆွေးနွေးကာ အလုပ်ရှုပ်နေကြသော်လည်း ချီယုက စိတ်ဝင်စားမှုမရှိပေ။ 


စက်အတုလေ့ကျင့်ခန်းလွတ်ကို ရှာနေစဉ်တွင် ထောင့်တစ်ထောင့်မှ လူနှစ်ယောက်က သူရင်းနှီးနေသော နာမည်တစ်ခုအကြောင်း ပြောနေသည်ကို ရုတ်တရက် ကြားလိုက်ရသည်။


ထိုလူနှစ်ယောက်တွင် တစ်ယောက်က အယ်လ်ဖာဖြစ်ပြီး နောက်တစ်ယောက်က ဘီတာဖြစ်သည်။


အယ်လ်ဖာ : " အဲ့ဒီယွမ်ရှင်းကျဲက အရမ်းဘဝင်မြင့်တာပဲ ... ငါသူ့ကို သုံးသောင်းနဲ့ မက်ခါဆရာလုပ်ဖို့ ကမ်းလှမ်းတာကို သဘောမတူဘူး ..."


ဘီတာ : " သူ အရမ်းစိတ်ကြီးဝင်နေတာဖြစ်မယ် ... သူက အိုမီဂါတစ်ယောက်ဆိုတာ လူတိုင်းသိနေတာပဲကို ..."


အယ်လ်ဖာ : " အဲ့လိုတော့ မပြောပါနဲ့ ငါသူ့ကို သွားကမ်းလှမ်းတာ သူက အိုမီဂါဖြစ်နေလို့လေ ဟီးဟီး ..."


ဘီတာ ကောင်လေးက ခဏတာ အံ့အားသင့်သွားပြီး ချက်ချင်း ပြန်မေးလိုက်သည်။

" မင်း မဟုတ်မှလွဲရော ..."


" ငါသူ့ကို တစ်လမှာ သုံးသောင်းထက်ပို ပေးနိုင်ပါတယ် တကယ်လို့ ငါ့စကားကို နာခံမယ်ဆိုရင်ပေါ့လေ ..."

အယ်လ်ဖာက ကပြက်ကချော်ဖြင့် ပြောလိုက်သည်။


" သူ့ကို ကြည့်ရတာ တော်တော်လှပြီး သန့်တယ်လေ ...  အခုဆို လူတော်တော်များများက သူ့စွမ်းရည်တွေနောက် လိုက်နေကြပြီမလား ... မက်ခါ တိုက်ခိုက်ရေးသမားနဲ့ မက်ခါဆရာတစ်ယောက်ကြားမှ ဆက်ဆံရေးတစ်ခု တည်ဆောက်ရတာက ပိုအရေးကြီးတယ် အဲ့တော့ ..."


" ဘန်း ..."

သူ စကားဆုံးအောင် မပြောလိုက်ရမီမှာပင် လက်သီးတစ်ချက်က သူ့မျက်နှာကို လာထိသဖြင့် သွားကျွတ်လုနီးပါးပင်ဖြစ်သွားသည်။


ထိုအယ်လ်ဖာက ထိတ်လန့်သွားပြီး ချီယုကို ဒေါသတကြီးကြည့်နေသည်။

" မင်း ဘယ်ကကောင်လဲ ..."


ချီယုက အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး လက်သီးကျစ်ကျစ်ဆုတ်ထားသည်။ 

" ငါက သူနဲ့ စေ့စပ်ထားတဲ့သူ ... မင်းတို့ ပါးစပ်တွေက ယွမ်ရှင်းကျဲဆိုတဲ့ စကားသုံးခွန်းကိုပဲ ပြောတတ်တာလား ..."


အနောက်မှ ဘီတာက ချီယုကို အမြန်လာတားသော်လည်း ထိုအယ်လ်ဖာကောင်လေးက အချက်ပေါင်းများစွာ အထိုးခံလိုက်ရပြီးနောက် လဲကျသွားသည်။ သူ့မျက်လုံးများလည်း ဖူးယောင်နေပြီး မျက်နှာတွင်လည်း အညိုမည်းစွဲကုန်သည်။


" မင်း ရူးနေလား ..."

သူက ချီယုကို ခံပြင်းစွာကြည့်လိုက်သည်။ 


" မင်းက ချီယုပေါ့လေ ...မင်းပဲ အားလုံးကို ယွမ်ရှင်းကျဲနဲ့ စေ့စပ်ထားတာဖျက်လိုက်ပြီလို့ လိုက်ပြောနေခဲ့တာမလား ..."


ချီယု အံ့အားသင့်သွားမိပြီး တစ်ကိုယ်လုံးကို ရေခဲရေဖြင့် လောင်းချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။


သူ၏ စေ့စပ်ပွဲပျက်သွားရသည့်အကြောင်းကို လူများစွာအား လိုက်ပြောခဲ့ခြင်းမှာ သူ့ဘဝ၏ အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးကြီးကို ရှင်းထုတ်လိုက်နိုင်ပြီး ဘဝသစ်တစ်ခုကို စတင်နိုင်ပြီဟု ထင်ခဲ့သောကြောင့်ဖြစ်သည်။


ချီယု အံ့အားသင့်ပြီး တိတ်ဆိတ်သွားသည်ကို မြင်သည့်အခါ ထိုအယ်လ်ဖာက သူ့ဆီသို့ တစ်ဟုန်ထိုးပြေးဝင်လာပြီး မျက်နှာကို လက်သီးဖြင့်ထိုးလိုက်သည်။


xxxx