အပိုင်း ၄၁
Viewers 17k

Chapter 41


ချီယု အံ့အားသင့်သွားပြီး ချက်ချင်းတားလိုက်သည်။


" မဖြစ်ဘူး ... အဲ့လိုသွားလုပ်ရင် ရှင်းကျဲက သေချာပေါက်စိတ်ဆိုးမှာ ..."


" အစ်ကိုကြီး ဘာလို့အဲ့လောက်တုံးရတာလဲ ... ခုလောလောဆယ် အရေးကြီးဆုံးက အခွင့်အရေးတစ်ခ​ေဖန်တီးဖို့လေ ... သူ စိတ်‌ဆိုးသွားလည်း ခဏပေါ့ ... အစ်ကိုကြီးတို့နှစ်ယောက် အဆင်ပြေသွားရင် အရာအားလုံး လွယ်သွားပြီ .."


" ပြီးတော့ ဒီသတင်းမပျံ့သွားသရွေ့ ညီလေးရှင်းကျဲ ဘာမှမဖြစ်ပါဘူ ..."


စုကျီနန်၏လေသံထဲတွင် သွေးဆောင်စည်းရုံးမှုတို့ဖြင့် ပြည့်နေသည်။


" အဲ့အချိန်ကျရင် အစ်ကိုကြီးတစ်ယောက်တည်းပဲ သူ့ကို ကူညီနိုင်မှာ ..."


စုကျီနန်၏စကားများကြောင့် ချီယု ချင့်ချိန်တွေးတောနေမိသည်။


ချီယု၏လေသံထဲတွင် စိုးရိမ်မှုများ ပါဝင်နေသည်။


" ဒါပေမယ့် ဒီကိစ္စကြောင့် ရှင်းကျဲတကယ် ထွက်သွားရရင် ..."


" အဲ့လိုမဖြစ်လောက်ပါဘူး ... ညီလေးရှင်းကျဲက ငွေလို​နေတာလေ အဲ့တော့ ပြိုင်ပွဲကရတဲ့ ဘောနပ်စ်တွေလိုတယ် ... ပြီးတော့ အစ်ကိုကြီးသာ ကောင်းကောင်းရှင်းပြနိုင်ရင် ပြိုင်ပွဲကို မထိခိုက်ဘူး ..."


ချီယုက နောက်ဆုံးတွင် သွေး‌ဆောင်ခံလိုက်ရပြီး စုကျီနန်ကို ပြောလိုက်သည်။


" ကောင်းပြီလေ ငါမင်းကိုယုံတယ် ..."

.....


အချိန်ပိုင်းမက်ခါမွမ်းမံသူအလုပ်ကို ဆုံးရှုံးလိုက်ရသော်လည်း ယွမ်ရှင်းကျဲကထွေထွေထူးထူးခံစားမနေချေ။ ထို့အပြင် ချီယုဆီကပိုက်ဆံကိုလည်းသူမလိုချင်။


အကယ်၍ သင့်တော်သောအလုပ်ရှင်ရှာမတွေ့ပါက ခဏနားရန်သာ စိတ်ကူးထားလိုက်သည်။


ယခုအရေးအကြီးဆုံးမှာ ကျောင်းတွင်းမက်ခါပြိုင်ပွဲတွင်အနိုင်ရပြီး ဆယ်ပွဲဆက်တိုက်အနိုင်ရသူဖြစ်ရန်သာ။


ပြိုင်ပွဲပြီးသည့်အချိန်တွင် အော်ဒါများပြန်လက်ခံပြီး ပိုက်ဆံရှာနိုင်သည်။ တစ်စုံတစ်ယောက်၏ မက်ခါမွမ်းမံသူဖြစ်ခြင်း မဖြစ်ခြင်းက သူ့အတွက်သိပ်အရေးမပါပေ။


အိုမီဂါ heatဝင်သောကာလက ၇ရက်မှ၈ရက်အထိကြာမြင့်တတ်ရာ နောက်လာမည့်ပွဲစဥ်အားထိခိုက်မည်ကို သူစိုးရိမ်နေသည်။


ယွမ်ရှင်းကျဲက ဗီရိုထဲမှ ဖယ်ရိုမုန်းထိန်းချုပ်ဆေးကိုယူလိုက်သည်။ အဆိုပါဆေးညွှန်းက ဒီတစ်လအတွက်တော့ ကောင်းကောင်းလုံလောက်သည်။


ဖယ်ရိုမုန်းထိန်းချုပ်မှုလျှင်မြန်သောဆေးဝါးများက ပြသနာအနည်းငယ်ဖြစ်စေပြီး ပုံမှန်ထိန်းချုပ်ဆေးများကမူ နာရီဝက်လောက်ကြာမှ အကျိုးသက်ရောက်မှုရှိသည်။ 


ထို့ကြောင့် အိုမီဂါအများစုက heatဝင်သည့်ကာလမတိုင်ခင် ဆေးကြိုသောက်လေ့ရှိကြသည်။


အိုမီဂါheatဝင်သောကာလမှာ ပုံသေသတ်မှတ်၍မရချေ။ ထို့ကြောင့် ယွမ်ရှင်းကျဲ ပြသနာဖြစ်ခဲ့ခြင်းပင်ဖြစ်သည်။ အဆိုပါမတော်တဆမှုဖြစ်ပြီးနောက် ဖယ်ရိုမုန်းထိန်းချုပ်ဆေးကို သွားလေရာသယ်ဆောင်သွားခဲ့သည်။


ယွမ်ရှင်းကျဲက ဖယ်ရိုမုန်းထိန်းချုပ်ဆေးထိုးပြီးနောက် အားကစားလုပ်ရာ၌ တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားမိလေသည်။


သူ၏ကြွက်သားအားနှင့် ပြေးနေသောအရှိန်မှာ တဖြည်းဖြည်းအားနည်းလာခဲ့သည်။


ယွမ်ရှင်းကျဲက ဆေး၏ဘေးထွက်ဆိုးကျိုးဟု တွေးမိသဖြင့် လုရန်ရှုကိုမေးကာ အတည်ပြုလိုက်သည်။


“ဖယ်ရိုမုန်းထိန်းချုပ်တဲ့ ထိုးဆေးရောသောက်ဆေးရောမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်လေ..” လုရန်ရှုက ရှင်းပြသည်။ “ပြောရရင်ကွာ...heatဝင်တဲ့ကာလမှာ အိုမီဂါတွေက အလိုလိုနေရင်းအားနည်းနေတတ်တယ်...ပိုကောင်းတဲ့ ဖယ်ရိုမုန်းထိန်းချုပ်ဆေးသုံးရင်တော့ အဲ့လိုမဖြစ်ဖူး...”


“ငါဘယ်မှာဝယ်ရမလဲ...” ယွမ်ရှင်းကျဲက မေးလိုက်သည်။


“ငါကြားတာတော့အဲ့လိုထိန်းချုပ်ဆေးမျိုးက တော်ဝင်မိသားစုတွေအတွက်ပဲ ရနိုင်သေးတယ်တဲ့...” 

လုရန်ရှုက တွေးရင်းပြောသည်။ 


"ပုံမှန်လူတွေက ဝယ်လို့မရနိုင်ဘူး...”


ယွမ်ရှင်းကျဲက အနည်းငယ်စိတ်ညစ်သွားခဲ့သည်။ “တခြားနည်းလမ်းမရှိတော့ဘူးပေါ့…”


“တစ်ခုတော့ရှိတယ်...”


ယွမ်ရှင်းကျဲက မျှော်လင့်တကြီးမေးလိုက်သည်။ “ဘာနည်းလမ်းလဲ...”


“အယ်လ်ဖာချစ်သူကောင်လေးရှာလိုက်လေ...ပြီးရင်သူ့ကိုအမှတ်အသားပေးခိုင်းလိုက်...”


ယွမ်ရှင်းကျဲနှလုံးသားက တွင်းနက်ကြီးထဲသို့ တဖန်ပြုတ်ကျသွားသည်။ သူခုလောလောဆယ် အချစ်ကိုမစဥ်းစားချင်ပေ။ အမှတ်အသားပေးခိုင်းရန်မှာ ပို၍ပင်မဖြစ်နိုင်။


အမှတ်အသားအပေးခံရသည့်အိုမီဂါသည် heatဝင်ချိန်ခံစားရသောဝေဒနာများ အတော်လေးလျော့ပါးသွားလေ့ရှိသည်။ သို့ရာတွင် သူ၏စိတ်ရောကိုယ်ပါ အယ်လ်ဖာ၏အပိုင်ဖြစ်သွားမှာဖြစ်သည်။


“ငါစိတ်ကုန်လာပြီ...” 


ယွမ်ရှင်းကျဲက ဆိုဖာပေါ်ပစ်လှဲချလိုက်သည်။ “ဖြစ်ချင်ရာသာဖြစ်တော့ကွာ..”


ထိန်းချုပ်ဆေးများကြောင့် ယွမ်ရှင်းကျဲ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေက Cအဆင့်ထိထိုးကျသွားခဲ့သည်။ စိတ်စွမ်းအားက ပြောင်းလဲမှုမရှိချေ။


အကယ်၍ နောက်ပြိုင်ပွဲ၌ ကာလက်လိုAအဆင့်ပြိုင်ဘက်နှင့်တိုက်ရလျှင် သူသေချာပေါက်ဒုက္ခရောက်မှာဖြစ်သည်။


ညနေခင်းတွင် ဒုတိယပွဲစဥ်၏ရလဒ်များက ကျောင်းဝက်ဘ်ဆိုဒ်တွင် ထွက်ပေါ်လာသည်။ ထို့အတူ တတိယပွဲစဥ်အတွက် တွဲစပ်ပေးထားသည့်ပြိုင်ပွဲဝင်များစာရင်းလည်း ကြေငြာထားခဲ့သည်။


သူ့ပြိုင်ဘက်မှာ Bအဆင့်အယ်လ်ဖာတစ်ယောက်ဖြစ်သည့်အတွက် ယွမ်ရှင်းကျဲစိတ်သက်သာရာရသွားခဲ့သည်။ ယေဘုယျအားဖြင့် အနိုင်တိုက်ရန်ခက်ခဲမည်ဖြစ်သော်လည်း ကာလက်နှင့်ယှဥ်လျှင်ဘာမှမဟုတ်ချေ။


ကျောင်းဝက်ဘ်ဆိုဒ်ပေါ်တွင် ယွမ်ရှင်းကျဲနှင့်ကာလက်တိုက်ခိုက်နေသော ဗီဒီယိုကိုလည်းတင်ထားခဲ့သည်။ ထိုပို့စ်ရှိ ကြည့်ရှုသူအရေအတွက်နှင့် မှတ်ချက်များမှာဒုံးပျံကဲ့သို့ ထိုးတက်နေလေသည်။ ဒုတိယပွဲစဥ်ရှိ လူကြိုက်အများဆုံးဗီဒီယိုဖြစ်လာခဲ့သည်။


ကာလက်၏တိုက်ခိုက်မှုပုံစံမှာ ပုံမှန်ထက်အလွန်ကြမ်းတမ်းသောကြောင့် လူတွေကသူ့တိုက်ပွဲကိုစိတ်ဝင်စားကြသည်။


သိသာစွာပင် ပြိုင်ပွဲ၏ဇာတ်လိုက်မှာ ကာလက် မဟုတ်ပဲ ယွမ်ရှင်းကျဲသာဖြစ်သည်။


အစပိုင်းတွင် အားလုံးကယွမ်ရှင်းကျဲ၏ကြောင်ရုပ်ဆိုးကိုကြည့်ရင်း ရှော့ခ်ရသွားသည်။ သို့သော် မကြာမီပင် ကြောင်ရုပ်ဆိုး၏ လိုက်လျောညီထွေဖြစ်မှုကြောင့် ပို၍ရှော့ခ်ရသွားကြသည်။ ဝေဖန်မှုအများစုက မေးခွန်းများသာဖြစ်နေပြီး လေးစားမှုများအစားထိုးလာကြသည်။


အဆိုပါဗီဒီယို၏ကျေးဇူးဖြင့် ယွမ်ရှင်းကျဲ၏ကိုယ်ပိုင်အကောင့်မှာ တဖြည်းဖြည်းလူသိများလာခဲ့သည်။ သူက မက်ခါမွမ်းမံရန်တောင်းဆိုမှုအများအပြားကို လက်ခံနေရပြီး ကြောင်ရုပ်ဆိုးအားဝယ်လိုသူများပင်ရှိနေသည်။


ယွမ်ရှင်းကျဲကထိုအရာများကို အာရုံမစိုက်အားပေ။ လာမည့်ပြိုင်ပွဲအတွက် စိတ်စွမ်းအားတိုးမြှင့်နိုင်ရန် အသည်းအသန်လေ့ကျင့်နေခဲ့သည်။


သူ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေမှာ heatဝင်သည့်ကာလတိုင်းအားနည်းနေမှာဖြစ်သည့်အတွက် သူ့အနေဖြင့် စိတ်စွမ်းအားအသုံးပြုနိုင်စွမ်း တိုးလာစေရန်လိုအပ်သည်။


အဆိုပါတိုက်ပွဲတွင် သူ၏စိတ်စွမ်းအားက Bအဆင့်ထိတက်သွားခဲ့သည်။ နေ့စဥ်မပြတ်လေ့ကျင့်လာခဲ့ရာ Aအဆင့်သို့ရောက်ရန် ၄၀%သာလိုတော့သည်။


ယွမ်ရှင်းကျဲက ကြယ်နှစ်ထပ်မက်ခါကိုဖွင့်လိုက်သည်။ စိတ်စွမ်းအားနှင့်ချိတ်ဆက်လိုက်သည့်အခါ ပင်မမက်ခါနှင့်ကင်းထောက်မက်ခါလက်ခံရရှိသည့် စွမ်းအင်များကို စခရင်ပေါ်တွင်ပြသလေ့ရှိသည်။ 


ယွမ်ရှင်းကျဲက စိတ်စွမ်းအင်အကုန်လုံးကို ကင်းထောက်မက်ခါထံ ရွှေ့ပြောင်းလိုက်သည်။

41.2


အဆိုပါလုပ်ဆောင်ချက်မှာ သူထင်ထားသလိုမလွယ်ကူပေ။ အဘယ့်ကြောင့်ဆိုသော် ပင်မမက်ခါတွင်းသို့ စိတ်စွမ်းအင်ထည့်လိုက်သည်နှင့် မက်ခါကိုရပ်ပစ်သည့်အချိန်မှလွဲ၍ စိတ်စွမ်းအားပြန်လည်ထုတ်ယူရန်မလွယ်ကူသောကြောင့်ဖြစ်သည်။


သို့ရာတွင် ယွမ်ရှင်းကျဲက သူ၏စိတ်စွမ်းအားကို ကင်းထောက်မက်ခါထံသို့ ဖြန့်ဝေချင်သည်။


ပထမအကြိမ်ကြိုးစားကြည့်ရာ၌ ယွမ်ရှင်းကျဲက စိတ်စွမ်းအားအနည်းငယ်ကိုသာ ပို့လွှတ်နိုင်ခဲ့သည်။


သူကလက်မလျှော့ပဲ ထပ်မံကြိုးစားခဲ့ရာ ၈ကြိမ်မြောက်တွင် ကင်းထောက်မက်ခါထံသို့ ဆယ်စက္ကန့်အတွင်း စိတ်စွမ်းအားအပြည့်အဝကူးပြောင်းနိုင်ခဲ့လေသည်။


ယွမ်ရှင်းကျဲက စိတ်စွမ်းအား၏၃၀%ကိုသာ ကူးပြောင်းကြည့်ခြင်း စသည်ဖြင့်အမျိုးမျိုးပြောင်းလုပ်ကြည့်သည်။ ဖြစ်စဥ်တစ်ခုလုံးတွင် သူ၏စိတ်စွမ်းအားက အမြင့်ဆုံးအခြေအနေတွင်ရှိနေပြီး တိတိကျကျထိန်းချုပ်နိုင်သွားခဲ့လေသည်။


ကြယ်နှစ်ထပ်မက်ခါအား ပြန်လည်ပြင်ဆင်ပြီးနောက် မက်ခါ၏စွမ်းရည်ကိုပါ တိုးမြှင့်ရန်ကြံရွယ်လိုက်သည်။


ယွမ်ရှင်းကျဲက ပင်ပန်းမှုကြီးကြီးမားမားမရှိပဲ မက်ခါမောင်းနှင်နိုင်ရန် ပြင်ဆင်နေခဲ့သည်။ သူက အဆိုပါမောင်းနှင်သောပုံစံအား Sအဆင့်မက်ခါများနှင့် တိုက်ခိုက်ရာ၌အသုံးပြုရန်ရည်ရွယ်ထားသော်လည်း အဆင်ပြေမပြေမသေချာပေ။ သို့ရာတွင် သူ၏မက်ခါမွမ်းမံခြင်းနည်းပညာအား များစွာအထောက်အကူဖြစ်စေသည့်အတွက် လေ့လာနေခြင်းဖြစ်သည်။ 


တတိယပွဲစဥ်တွင် ယွမ်ရှင်းကျဲက ပြိုင်ကွင်းD၌ ယှဥ်ပြိုင်ရန်အလှည့်ကျသည်။ 


ပထမနှင့်ဒုတိယပွဲစဥ်နှစ်ခုလုံးတွင် ရှုံးသောကျောင်းသားများက လက်ရွေးစင်အသင်းသို့ဝင်ခွင့်မရတော့ချေ။ ကျောင်းက အနားယူခွင့်မရှိဟု ပြဋ္ဌာန်းထားသော်လည်း ကစားသမားအချို့၏နှုတ်ထွက်မှုများ တစ်ခုပြီးတစ်ခုပေါ်လာခဲ့သည်။


ယွမ်ရှင်းကျဲစောင့်ဆိုင်းနေစဥ် သူ့ရှေ့တွင်လူအများအပြား ပြိုင်ပွဲမှနှုတ်ထွက်သွားခဲ့သည်။


သူက ဤတစ်ကြိမ်တွင် Bအဆင့်အလင်းဓားမက်ခါနှင့်ယှဥ်ပြိုင်ရသည်။ ယွမ်ရှင်းကျဲက အဆင့်တူမက်ခါအများအပြားကို လေ့လာထားသည့်အလျှောက် လက်တွေ့တိုက်ခိုက်ရချိန်တွင် အခက်အခဲမရှိချေ။ 


အဆိုပါပြိုင်ပွဲဝင်က ရှေ့ကပွဲစဥ်နှစ်ခုတွင်ရှုံးထားသည့်အလျှောက် ထပ်မံ၍မရှုံးချင်ပေ။


 “ငါဒီတစ်ပွဲကိုတော့နိုင်မှဖြစ်မယ်....”


ပွဲမစခင်၌ပင် ပရိတ်သတ်များက ဝက်ဝက်ကွဲအားပေးနေကြသည်။


ယွမ်ရှင်းကျဲက ပရိတ်သတ်အရေအတွက်မှာ အလွန်များပြားနေကြောင်း သတိပြုမိလိုက်သည်။ လော့ဝမ်ချွမ်း၏ပြိုင်ပွဲကိုအားပေးသော အရေအတွက်နီးနီးပင် အများအပြားရောက်ရှိနေကြသည်။


တကယ်တမ်းတွင် သူတို့က သူ၏ကြောင်ရုပ်ဆိုးနှင့် ပုံဆိုးပန်းဆိုးမက်ခါကို အားပေးရန်လာခဲ့မှန်း ယွမ်ရှင်းကျဲမသိခဲ့ချေ။


“ဝါး...မက်ခါကတစ်ကျောင်းလုံးမှာ အရုပ်ဆိုးဆုံးလို့တောင်ပြောလို့ရတယ်....”


“ကြောင်ကိုကြည့်ရတာ သူ့ဟာသူတောင်လဲကျတော့မလိုပဲ...ကာလက်ကိုတကယ်ကြီးတိုက်ခဲ့တာလား...”


ပြိုင်ပွဲစတင်သည့်အခါ ယွမ်ရှင်းကျဲက ပြိုင်ဘက်အား မက်ခါသားရဲနှင့် စတင်တိုက်ခိုက်လိုက်သည်။


ပြိုင်ဘက်က ကြောင်ရုပ်ဆိုးကိုကြည့်ကာ သူ့အားလျှော့တွက်သည်ဟုခံစားလိုက်ရပြီး အစွမ်းကုန်ပြန်လည်တိုက်ခိုက်တော့သည်။


အများအားဖြင့် မက်ခါသားရဲကို တိုက်ခိုက်မှုများကိုရှောင်လွှဲရန်နှင့် ကင်းထောက်ရန်အတွက်သာ အသုံးပြုလေ့ရှိကြသည်။ ထို့ကြောင့် ပြိုင်ဘက်က သိပ်ပြီးအာရုံမစိုက်တော့ပဲ ပင်မ မက်ခါကိုတိုက်ခိုက်ရန်သာ ကြံရွယ်လိုက်၏။


ယွမ်ရှင်းကျဲက ရုပ်ပိုင်းဆိုင်ရာအားနည်းနေသော်လည်း အာရုံစူးစိုက်မှုအပြည့်ရှိနေပြီး စွမ်းဆောင်ရည်လည်းပိုကောင်းလာသည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ပြိုင်ဘက်၏တိုက်ခိုက်မှုကို တစ်ချက်ခုန်၍ ရှောင်တိမ်းလိုက်သည်။ ထို့နောက် သူတို့ကြားရှိအကွာအဝေးကိုတိုးစေလိုက်ပြီး ပြိုင်ဘက်ကသူ့အား လှမ်း၍မတိုက်ခိုက်နိုင်သောနေရာတွင် ရပ်တန့်လိုက်သည်။


ပြိုင်ဘက်က ယွမ်ရှင်းကျဲအားလိုက်လံဖမ်းဆီးတော့မည့်အချိန်တွင် ကြောင်ရုပ်ဆိုးက ပြိုင်ဘက်၏လက်နှစ်ဖက်အား သံကြိုးများဖြင့်ချည်နှောင်လိုက်သည်။


တစ်ချိန်တည်းတွင် ကြောင်ရုပ်ဆိုးက ခက်ခဲသောလှုပ်ရှားမှုကို ပြုလုပ်ခဲ့၏။ သံကြိုးနှစ်ချောင်း၏ အကူအညီဖြင့် လေထဲတွင်လောက်လေးခွတစ်ခုအဖြစ်ဖန်တီးလိုက်သည်။ ထို့နောက် အဆိုပါလောက်လေးခွ၏အလယ်သို့ သူ့ကိုယ်သူပစ်ဝင်လိုက်ပြီး ပြိုင်ဘက်၏ ဦးခေါင်းနောက်ဘက်သို့ ချိန်ရွယ်ကာတိုက်ခိုက်လိုက်သည်။


“ဘန်း—”


ပြိုင်ဘက်က ကြယ်များပင်မြင်ယောင်သွားခဲ့သည်။ 


“ဘာလဲဟ...ကြောင်ကသူ့ကိုယ်သူလောက်လေးခွလို့ထင်နေတာလား”


“ယွမ်ရှင်းကျဲက ဘာလို့ဒီလိုထူးထူးဆန်းဆန်းနည်းတွေသုံးနေရတာလဲ...”


“အဲ့တာတော်တော်နာမှာပဲနော်...”


နောက်တစက္ကန့်တွင် မက်ခါသားရဲက သူဘာမှမလုပ်ခဲ့သလိုပင် ပုံမှန်ကြောင်များကဲ့သို့ ပြန်လည်ကုတ်ခြစ်နေခဲ့သည်။ ပြိုင်ဘက်က ထိတ်လန့်သွားသည်။ ကင်းထောက်မက်ခါက စိတ်စွမ်းအားအနည်းငယ်သာ အသုံးပြုရန်လိုအပ်သည်။ ဒီလိုခက်ခဲတဲ့လုပ်ဆောင်ချက်ကို ဘယ်လိုလုပ်ပြီး လုပ်နိုင်ရတာလဲ...


ယွမ်ရှင်းကျဲက သူ့စိတ်စွမ်းအားကို ပင်မမက်ခါကနေ ကင်းထောက်မက်ခါဆီပြောင်းနိုင်တာလား...ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


မက်ခါသားရဲက စိတ်စွမ်းအား ၃၀ လိုအပ်ပြီး ကြယ်နှစ်ထပ်မက်ခါကမူ ၆၀ နီးပါးလိုအပ်သည်။ စတင်မောင်းနှင်ချိန်ကတည်းက တစ်ခါထဲ ခွဲဝေကာမောင်းနှင်ရခြင်းဖြစ်သည်။ စိတ်စွမ်းအားကျပန်းပြောင်းလဲမှုများသည် စိတ်ရှုပ်ထွေးမှုကို ဖြစ်စေသည်။ 


တစ်စုံတစ်ယောက်က စက္ကန့်အနည်းငယ်အတွင်း ၎င်းတို့၏ စိတ်စွမ်းအားကို ပြုပြင်ပြောင်းလဲရန်မဖြစ်နိုင်ချေ။ ပင်မမက်ခါရှိစိတ်စွမ်းအားကို ထုတ်ယူပြီး ကင်းထောက်မက်ခါကိုအတိအကျလွှဲပေးရန်မှာ ပို၍မဖြစ်နိုင်ချေ။


Bအဆင့်အထက်စိတ်စွမ်းအားရှိသူများသာ စိတ်စွမ်းအားကိုထိန်းညှိနိုင်စွမ်းရှိနိုင်သည်။


ဤအခိုက်အတန့်တွင် ယွမ်ရှင်းကျဲက ပြိုင်ဘက်၏ ပုခုံးနေရာအားပြင်းထန်စွာတိုက်ခိုက်လိုက်သည်။ ပြိုင်ဘက်သည် မြေပြင်ပေါ်သို့ လဲကျသွားကာ ခုခံနိုင်စွမ်းမရှိတော့ပေ။


ပြိုင်ပွဲတစ်ခုလုံးက ၈မိနစ်သာ ကြာမြင့်ခဲ့သည်။


အားလုံးကယွမ်ရှင်းကျဲ၏ အင်အားတိုးတက်လာသည်ဟူ၍သာ ယူဆလိုက်ကြသည်။ ပြိုင်ဘက်၏မျက်ဝန်းထဲတွင် ရှုပ်ထွေးမှုများရှိနေလေသည်။


သူက ကြောင်ရုပ်ဆိုးကိုအထင်သေးခဲ့မိသည့်အတွက် ရှုံးခဲ့ရခြင်းပင်။


ယွမ်ရှင်းကျဲက ပြိုင်ကွင်းမှထွက်လာချိန်တွင် လူအမြောက်အများက သူတို့၏မက်ခါများကိုမွမ်းမံပေးရန်အတွက် စောင့်ကြိုနေခဲ့သည်။


များပြားလှသောလူအုပ်ကြီးကိုကြည့်ရင်း ယွမ်ရှင်းကျဲကြောင်အသွားခဲ့သည်။


“အတန်းဖော်ယွမ်...ငါ့ရဲ့ကြယ်နှစ်ထပ်မက်ခါကို မွမ်းမံပေးနိုင်မလား...”


“ငါ့ရဲ့မက်ခါက ထိန်းချုပ်တဲ့နေရာမှာအခက်အခဲလေးရှိနေလို့...မင်းပြင်ပေးနိုင်မလားဟင်..”


“ငါအရင်ရောက်တာလေ...မင်းတို့ကဘာလို့အရမ်းတိုးနေရတာလဲ...”


“ငါအရင်သွားမယ်...ငါအရင်ကအတန်းဖော်ယွမ်ကို.မက်ခါပြင်ပေးဖို့အပ်ခဲ့ဖူးတယ်…”


“မင်းငါ့ရဲ့ မက်ခါပြင်ဆရာလုပ်ပေးပါလား...ငါလည်းကြောင်လိုချင်တယ်....”


အခြားကွင်းတစ်ခုတွင် လော့ဝမ်ချွမ်းနှင့်ခဲ့လိုင်က အတူတူထွက်လာခဲ့ကာ အနောက်တံခါးဝရှိမြင်ကွင်းအားတွေ့သွားကြသည်။ 


xxxxxx