အပိုင်း ၄၉
Viewers 17k

Chapter 49


တူညီသောမနက်ခင်းတွင် လော့ဝမ်ချွမ်းပြန်ရောက်လာခဲ့သည်။ 


သူက လေယာဥ်ငယ်ထဲမှမထွက်လာခင် နန်းဝတ်နန်းစားကို ကျောင်းယူနီဖောင်းနှင့်လဲလှယ်ဝတ်ဆင်လိုက်ပြီး ကျောပိုးအိတ်ကိုလက်တစ်ဖက်ထဲဖြင့်သယ်ဆောင်ကာ ပြိုင်ပွဲကွင်းပြင်သို့ တန်းတန်းမတ်မတ်သွားခဲ့သည်။


လော့ဝမ်ချွမ်း၏ပြိုင်ကွင်းနှင့် ယွမ်ရှင်းကျဲ၏ပြိုင်ကွင်းတို့မှာ မတူညီချေ။ သူက ဌာနတစ်ခုထဲရှိအတန်းဖော်ဖြစ်သော Aအဆင့်မုန်တိုင်းမက်ခါနှင့် ယှဥ်ပြိုင်ရမှာဖြစ်သည်။ 


မုန်တိုင်းမက်ခါများက မက်ခါခြောက်မျိုးထဲတွင် ခုခံအားအကောင်းဆုံးဖြစ်သည်။ သူတို့က ဒိုင်းကာမျိုးစုံကို ပြိုင်တူအသုံးပြုနိုင်ပြီး တင့်ကားများ၏လုပ်ဆောင်ပုံနှင့်ဆင်တူသည်။ ပြိုင်ပွဲတွင် မုန်တိုင်းမက်ခါများနှင့်ရင်ဆိုင်ရပါက ပုံမှန်ကြာမြင့်ချိန်မှာ မိနစ်နှစ်ဆယ်အနည်းဆုံးပင်။


သို့ရာတွင် လော့ဝမ်ချွမ်းက ပြိုင်ဘက်ကိုအလဲထိုးရန် ၇မိနစ်၃၀စက္ကန့်သာ အချိန်ယူခဲ့သည်။


မက်ခါမောင်းနှင်သူက သူ၏တစ်စစီဖြစ်နေသောဒိုင်းကာကိုတစ်လှည့် လော့ဝမ်ချွမ်းကိုတစ်လှည့်ကြည့်ရင်း ဝေခွဲမရဟန်ဖြင့်မေးလေသည်။


"ချွမ်းကြီး...ငါတို့ကဌာနတစ်ခုထဲလေကွာ...မင်းဘာလို့ ဒီလောက်မညှာမတာတိုက်ရတာလဲ..."


လော့ဝမ်ချွမ်းက တစ်ဖက်ပြိုင်ကွင်းသို့သွားနေရင်း ပုံမှန်အသံနှင့်ဖြေလိုက်သည်။ 


"ဆောရီး....ငါဟိုဘက်ကွင်းကပွဲကို သွားကြည့်မလို့.."


"ဟိုဘက်ကွင်းကဘယ်သူတိုက်နေတာလဲ...ခယ့်လိုင်လား..အက်ရှလေလား..ဟဲဟောင်မင်လား.

ခယ့်လိုင်ပဲဖြစ်ရမယ်...ဟုတ်တယ်မလား.."


လော့ဝမ်ချွမ်းအပါအဝင်.အဆိုပါလေးဦးမှာ ကျောင်းအသင်းရှိအသန်မာဆုံး မက်ခါမောင်းနှင်သူများဖြစ်ကြသည်။ သူတို့ကစာသင်နှစ်ရော၊ မောင်းနှင်သည့်မက်ခါအမျိုးအစားပါ ကွဲပြားကြသော်လည်း ကျောင်းအသင်း၌ အရေးပါသောတိုက်ခိုက်သူများပင်။


ယခုအချိန်၌ လော့ဝမ်ချွမ်းမျက်လုံးထဲဝင်နိုင်သည်မှာ ထိုသုံးဦးသာရှိနိုင်သည်။


"ဂျူနီယာတစ်ယောက်ပါပဲ.."


လော့ဝမ်ချွမ်းက ပြန်ဖြေခဲ့သည်။


"ဂျူနီယာ...ဂျူနီယာလေးတွေရဲ့ပြိုင်ပွဲကို မင်းကသွားကြည့်မလို့လား.."


လော့ဝမ်ချွမ်းက ဘာမှပြန်မဖြေတော့ပဲ ပြိုင်ကွင်းB သို့သာ.ခပ်သွက်သွက်ထွက်သွားတော့သည်။


ပြိုင်ကွင်းB၌ လာရောက်ကြည့်ရှုသော ပရိတ်သတ်အမြောက်အများရှိနေခဲ့သည်။ အများစုမှာ အိုမီဂါများပင်။ ပြိုင်ပွဲများ၌ ပါဝင်ယှဥ်ပြိုင်ခြင်းမရှိသောအိုမီဂါများပါ လာရောက်ကြည့်ရှုကြလေသည်။


စုကျီနန်က အရင်နှစ်ပြိုင်ပွဲ၌ ပြိုင်ဘက်အားလုံးကိုအလဲထိုးခဲ့သော အိုမီဂါတစ်ဦးဖြစ်ပြီး ယွမ်ရှင်းကျဲကမူ ကြောင်ရုပ်ဆိုးစတင်ပွဲဦးထွက်ခဲ့သည့် ကာလက်နှင့်ပြိုင်ပွဲကြောင့် လူသိများနေခဲ့ခြင်းဖြစ်သည်။


အများစုမှာ စုကျီနန်အတွက်လာခဲ့ကြခြင်းပင်။ သူတို့က အချင်းချင်းစတင်ဆွေးနွေးကြသည်။


"ငါကြားတာတော့ ယွမ်ရှင်းကျဲနဲ့စုကျီနန်က အချစ်ပြိုင်ဘက်တွေတဲ့...သူတို့ကချီယုကိုကြိုက်ကြတာလေ...."


"ကြည့်ရတာ ချီယု ယွမ်ရှင်းကျဲနဲ့လမ်းခွဲခဲ့တာ စုကျီနန်ကြောင့်များလား...ယွမ်မိသားစုဘက်ကကြည့်ရင် စိတ်ဆိုးမယ်ဆိုရင်လည်း.ဆိုးချင်စရာပဲ.."


"ယွမ်ရှင်းကျဲသာရှုံးသွားရင်တော့ မတွေးဝံ့စရာပဲ...သူက မိတ်ဖက်ကိုလည်းစုကျီနန်လက်ထဲမှာ ဆုံးရှုံးခဲ့ရသေးတယ်...သနားစရာလေး.."


လော့ဝမ်ချွမ်းက သူတို့နောက်တွင်ထိုင်နေပြီး အဆိုပါဆွေးနွေးမှုများကို အတိုင်းသားကြားနေရသည်။ သူ့မျက်ဝန်းများ၌ ခံစားချက်တစ်ချို့ထင်ဟပ်လာကာ အလျင်အမြန်ဖုန်းကွယ်လိုက်သည်။


စုကျီနန်နှင့် ယွမ်ရှင်းကျဲက စတိတ်စင်ပေါ်တွင် နေရာယူကြသည်။ စုကျီနန်က မက်ခါကုဗတုံးကို လေထဲတွင်မြှောက်ကာဆော့ကစားလိုက်ပြီး ညှင်သာစွာပြန်ဖမ်းလိုက်သည်။


"ညီလေးရှင်းကျဲ...ငါမင်းကိုလေးစားတဲ့အနေနဲ့ မညှာတော့ဘူးနော်..."


"မင်းအဲ့ဒီ့လိုလုပ်စရာမလိုပါဘူး..."


ယွမ်ရှင်းကျဲက ယုံကြည်မှုအပြည့်ရှိနေသည်။ သူက လော့ဝမ်ချွမ်းပေးခဲ့သည့် ဖယ်ရိုမုန်းထိန်းချုပ်ဆေးများကို အသုံးပြုထားခဲ့ပြီး ဘေးထွက်ဆိုးကျိုးကိုစိုးရိမ်ရန်မလိုအပ်ပေ။


စုကျီနန်က နှာခေါင်းရှုံ့လိုက်ကာ ကြယ်ပျံမက်ခါကိုထုတ်လိုက်သည်။ ကြယ်ပျံမက်ခါမှာ အလယ်အလတ်အရွယ်အစားမက်ခါဖြစ်ပြီး ၆.၅မီတာမြင့်မားလေသည်။ သူ့တစ်ကိုယ်လုံးတွင် တရစပ်ပစ်ခတ်နိုင်သောလက်နက်များတပ်ဆင်ထားသည်။ 


အဆိုပါမက်ခါ၏ အမြောက်မှထွက်သောမီးလျှံများမှာ အလွန်အားပြင်းသည့်အလျှောက်.အားပြန်ဖြည့်ရန်အတွက် ဓာတ်ပေါင်းဖိုအသေးလေးတစ်ခုပါဝင်ပြီး မောင်နှင်ရသည်မှာလည်း အင်မတန်ခက်ခဲလေသည်။


ယွမ်ရှင်းကျဲက ပြိုင်ဘက်မက်ခါ၏ အဓိကအမြောက်တည်နေရာကို ခန့်မှန်းသိရှိသွားခဲ့သည်။


စုကျီနန်က  ယွမ်ရှင်းကျဲ သူ့မက်ခါအားမနာလိုဖြစ်နေသည်ဟုထင်ကာ 


"ဘာဖြစ်လို့လဲ..ညီလေးယွမ်...ငါ့မက်ခါမွမ်းမံထားပုံက အရမ်းကြည့်လို့ကောင်းတယ်မဟုတ်လား..."


ယွမ်ရှင်းကျဲက လှောင်ရယ်လိုက်သည်။ "ဘယ်လောက်ကြည့်ကောင်းကောင်း Bအဆင့်မက်ခါကြောင့် အမှတ်လျှော့ခံခဲ့ရတာပဲမဟုတ်လား..."


စုကျီနန်က ဒေါသထွက်သွားခဲ့သည်။


 "အဲ့ဒီ့တော့ရော ဘာဖြစ်လဲ...အကိုကြီးယုက ငါ့မက်ခါကိုမွမ်းမံပေးခဲ့တာလေ..."


ယွမ်ရှင်းကျဲ ကြောင်အသွားပြီး မူလကိုယ်၏မှတ်ဉာဏ်များ သူ့ဦးနှောက်တွင်းသို့ အလုံးအရင်းဝင်ရောက်လာခဲ့သည်။ ရှင်းဟိုင်တက္ကသိုလ်သို့ ချီယု ဝင်ရောက်ပြီးနောက် ယွမ်ရှင်းကျဲထံ ကြယ်ပျံမက်ခါ၏အစိတ်အပိုင်းများကို မကြာခဏတောင်းယူခဲ့ဖူးသည်။ မူလကိုယ်က မက်ခါအကြောင်းနားမလည်သဖြင့် များများစားစားတွေးတောနေခြင်းမရှိပဲ သူတောင်းသမျှပေးလိုက်သည်သာ။


ချီယု၏မက်ခါမှာ ကြယ်ပျံမက်ခါမဟုတ်မှန်းလည်းသူ မသိ။ နောက်ဆုံးတွင် ချီယုကယွမ်မိသားစုအား မက်ခါတစ်ခုပေးရန်တိုက်ရိုက်တောင်းဆိုလာတော့သည်။ ယွမ်မိသားစုကလည်း ချီယုတောင်းဆိုသမျှကို အကောင်းဆုံးဖြည့်ဆည်းပေးလေသည်။


စုကျီနန်၏မက်ခါတွင် တပ်ဆင်ထားသမျှကိရိယာတိုင်းသည် ယွမ်မိသားစုကုမ္မဏီမှပစ္စည်းများဖြစ်ကြသည်။

49.2


ရှင်းလင်းစွာပြောရလျှင် စုကျီနန်ကဲ့သို့ စွန့်ပစ်ကြယ်မှလာရောက်သူတစ်ဦးအနေဖြင့် ဤကဲ့သို့အရည်အသွေးကောင်းမွန်သော မက်ခါကိုပိုင်ဆိုင်နိုင်ခြင်းမှာ ချီယုကယွမ်မိသားစုထံမှ ညှစ်ယူထားခြင်းပင်။


ယွမ်ရှင်းကျဲက မျက်မှောင်ကြုတ်လိုက်မိသည်။ မူလကိုယ်အတွက် မတရားသလိုခံစားရလေသည်။ 


စုကျီနန်က ယွမ်ကုမ္မဏီကပစ္စည်းတွေကိုသုံးတယ်... မက်ခါတောင်ကိုယ့်ဟာကိုယ်မဝယ်နိုင်လို့ သူများဆီကညှစ်ယူထားပြီးတော့များ...မူလကိုယ်ကိုမက်ခါမမောင်းနိုင်လို့ဆိုပြီးလာနှိမ်တယ်ပေါ့လေ.....


ယွမ်ရှင်းကျဲဒေါသထွက်နေသည်ကို စုကျီနန်က ခပ်ထေ့ထေ့ကြည့်လိုက်ကာ.."ဘာလဲ...ကြည့်ရတာရင်းနှီးနေတယ်မလား...အကိုကြီးယုက ငါ့ကိုလက်ဆောင်ပေးထားတာလေ...အိုး...သူကပြောသေးတယ်...အားလုံးကယွမ်ကုမ္မဏီကပစ္စည်းတွေချည်းပဲတဲ့...ငါသုံးကြည့်တာတော့ သိပ်အဆင်ပြေတာပဲသိလား...အရည်အသွေးကမဆိုးဘူးပြောရမယ်.."


"ငါမင်းအိမ်ကပစ္စည်းတွေကိုသုံးပြီး မင်းညီအကိုလုရန်ရှုကို အပီဆော်လိုက်တာလေ...အာ..ငါမှားပြောမိပြီ...မင်းတို့အိုမီဂါတွေက အချင်းချင်းညီအမလို့သုံးကြတာမဟုတ်လား...ဆောရီးကွာ..ငါ့မှာအယ်လ်ဖာညီအကိုတွေပဲရှိတော့ ဘယ်လိုသုံးရမလဲမသိဘူး...အဟင်း..."


ယွမ်ရှင်းကျဲက "စိတ်မပူပါနဲ့...ငါပိုင်တာတွေအကုန်လုံးကို တစ်ခုချင်းစီပြန်ယူမှာ..." 


ယွမ်ရှင်းကျဲက နှာခေါင်းရှုံ့လိုက်သည်။


 "စကားမစပ် မင်းကကိုယ့်ဘဝကိုယ်မေ့နေပုံပဲနော်...ကိုယ့်ဖြစ်တည်မှုကိုယ် အလေးထားရမှန်းမသိဘူးပဲ...ဒါမှမဟုတ် တခြားအိုမီဂါတွေကိုနင်းတက်နိုင်မှ ကိုယ့်ကိုယ်ကိုယ်သောက်ရေးပါတယ်လို့ ခံစားရတာလား..."


စုကျီနန်က ယွမ်ရှင်းကျဲ၏. "ပစ္စည်းများအားလုံးတစ်ခုချင်းဆီပြန်ယူမယ်"ဟူသောစကားကို အမှတ်တမဲ့ဖြစ်သွားသည်။ "မင်းကိုယ်မင်း သိပ်တော်လှပြီထင်နေလား...အကိုကြီးယုရဲ့နောက်ခံသာမရှိရင် မင်းကဘာမှမဟုတ်ဘူး.."


ယွမ်ရှင်းကျဲက သူ့ကိုလျစ်လျူရှုလိုက်ပြီး ကြယ်နှစ်ထပ်မက်ခါကို ထုတ်လိုက်လေသည်။


(ပြိုင်ပွဲစတင်ပါပြီ...ပြိုင်ပွဲဝင်များနေရာယူပေးကြပါ)


သူမက်ခါကိုမွမ်းမံထားပုံမှာ အင်မတန်အန္တရာယ်များပြီး စွန့်စားရာကျလေသည်။


အချိန်အရမ်းကပ်နေပြီဖြစ်သည့် မွမ်းမံပြီးသောမက်ခါအား ကြယ်ပျံမက်ခါမောင်းနှင်သူနှင့်တွဲ၍လေ့ကျင့်နိုင်စွမ်းမရှိခဲ့ပေ။


ပြိုင်ပွဲမှာသာ သူအစွမ်းကုန်ကြိုးစားတိုက်ရမှာဖြစ်သည်။ အနိုင်ရကိုရရမည်ဖြစ်ပြီး နောက်ဆုတ်ရန်လမ်းမရှိ။


လုရန်ရှု၊ အော်ရီရယ်နှင့် ကျိုးဖေးရွှယ်တို့က ပရိတ်သတ်အတွင်း ရောက်နှင့်နေပြီဖြစ်သည်။ စုကျီနန်နှင့်လုရန်ရှုပြိုင်စဥ်က တစ်ဖက်သတ်တိုက်ခိုက်မှုအပေါ်မကျေနပ်ကြသော အတန်းEမှကျောင်းသားများက ယွမ်ရှင်းကျဲဘက်မှ လာရောက်အားပေးကြလေသည်။


လော့ဝမ်ချွမ်းက သံချပ်ကာကိုပင်မချွတ်နိုင်သေးချေ။ ချီယုကလည်း သူ၏ပြိုင်ကွင်းမှ ဒရောသောပါးပြေးလာကာ ပွဲကြည့်စင်၌နေရာယူနေပြီဖြစ်သည်။


ပြိုင်ပွဲစလေပြီ။


ကြယ်ပျံမက်ခါက ပြိုင်ပွဲကိုဦးစွာထိန်းချုပ်လိုက်သည်။ ပွဲစစချင်း စုကျီနန်က သေနတ်အမြောက်အများကိုအသက်သွင်းလိုက်ကာ ယွမ်ရှင်းကျဲ၏ပင်မမက်ခါနှင့် ကြောင်ရုပ်ဆိုးအားစတင်တိုက်ခိုက်တော့သည်။ 


လှပသောအမြောက်ပစ်ခတ်မှုက ယွမ်ရှင်းကျဲထံ ပျံသန်းသွားခဲ့သည်။ ပွဲကြည့်စင်နှင့်ပြိုင်ပွဲကြားတွင် အမိုးခုံးကာရံထားသော်လည်း အဆိုပါတိုက်ခတ်မှု၏ ကြီးမားသောစွမ်းအင်နှင့်ခြိမ်းခြောက်မှုကို ပရိတ်သတ်များခံစားမိလေသည်။ 


"အိုးမိုင်ဂေါ့...စုကျီနန်ရဲ့မီးတွေက တအားအားကောင်းတာပဲ..."


"ငါယွမ်ရှင်းကျဲကိုတောင် မမြင်ရဘူး.."


"အသန်မာဆုံးအိုမီဂါပီသပါတယ်...သူကအရမ်းမိုက်တာပဲ.."


"ယွမ်ရှင်းကျဲ အညံ့ခံသင့်နေပြီမလား.."


ထိုစဥ် ယွမ်ရှင်းကျဲ၏မက်ခါက မီးလျှံကြားမှခုန်ထွက်လာပြီး သူ့နောက်ကျောတွင် မက်ခါသားရဲကကပ်တွယ်နေခဲ့သည်။ မက်ခါနှစ်ခုလုံးတွင် ထိခိုက်မှုအနည်းငယ်ပင်မရှိချေ။ 


ယွမ်ရှင်းကျဲက တစ္ဆေတစ်ကောင်ကဲ့သို့လျှင်မြန်စွာတုံ့ပြန်ကာ အမြောက်ပစ်ခတ်မှုမှရှောင်ထွက်လိုက်ပြီး စုကျီနန်၏မက်ခါအနားသို့ကပ်ရန် ကြိုးစားနေလေသည်။ သို့ရာတွင် စုကျီနန်၏ရည်ရွယ်ချက်မှာ ပြိုင်ဘက်ကဒူးထောက်ကာ ကရုဏာကိုတောင်းခံသည်အထိ ယွမ်ရှင်းကျဲမက်ခါအား အစအနမကျန်ဖျက်ဆီးပစ်ရန်ဖြစ်သည်။


ထို့ကြောင့် သူကယွမ်ရှင်းကျဲနှင့်အကွာအဝေးကို ထိန်းသိမ်းထားပြီး ပြိုင်ဘက်ကိုအနားကပ်ခွင့်မပေးချေ။ ကြယ်ပျံမက်ခါများသည် လက်နက်ကြီးများနှင့်ပစ်ခတ်နိုင်ရုံသာမက မီးခိုးဗုံးနှင့်အရှိန်လျှော့ဗုံးများကဲ့သို့ လုပ်ဆောင်နိုင်သောအမြောက်များကိုပါ အသုံးပြုနိုင်သည်။


မီးခိုးဗုံးအသုံးပြုမှုကိုကန့်သတ်ထားသည့်အလျှောက် ကြယ်ပျံမက်ခါများတွင် အပူချိန်နိမ့်စေသော အရှိန်လျှော့ဗုံးအများအပြားတပ်ဆင်ထားလေ့ရှိသည်။ အရှိန်လျှော့ဗုံးဖြင့်ထိမှန်ခံရသည့်အခါ မက်ခါ၏ လျှပ်စစ်သံလိုက်အားက နှောင့်ယှက်ခံရတတ်သည်။ ထိုအခါ စွမ်းအင်စနစ်သည် အပူချိန်နိမ့်ခြင်းကြောင့် ၎င်း၏ စွမ်းအားကို ထက်ဝက်ကျော်သာထုတ်လွှတ်နိုင်တော့သည်။


(TN: စက်အင်ဂျင်က အပူချိန်ပြင်းပြင်းမထုတ်နိုင်တော့ လောင်စာများများချက်နိုင်စွမ်းမရှိတော့ဘူး...အဲ့ဒီ့အခါကျ အင်ဂျင်လည်ပတ်အားလျော့နည်းသွားတဲ့သဘောပါ။)


စုကျီနန်က ယွမ်ရှင်းကျဲ၏ အားနည်းချက်ကိုတွေ့ရှိသွားခဲ့ပြီး အရှိန်လျော့ဗုံးများကို ငါးကြိမ် ဆက်တိုက်ပစ်လွှတ်လိုက်သည်။ လုရန်ရှုက ကြည့်ပင်မကြည့်ရဲချေ။ သူက မျက်လုံးများကို လက်ဖြင့်အုပ်ကာ ကျိုးဖေးရွှယ်အားစိတ်လှုပ်ရှားစွာဖြင့် 


“ဆရာ...သူလွတ်သွားလား...”


ကျိုးဖေးရွှယ်က မဖြေခဲ့။ လုရန်ရှုနှလုံးသားထဲတွင် အေးခဲသွားသလိုခံစားလိုက်ရသည်။ မဟုတ်ဖူး...ရှင်းကျဲကရှုံးမှာမဟုတ်ဘူး။ 


ဤအခိုက်အတန့်တွင် ပရိသတ်များထဲမှ အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့သည်။ ကျိုးဖေးရွှယ်က မအော်ပဲမနေနိုင်ခဲ့ချေ။


“ဖာ့ခ်..အဲ့ဒီ့ကြောင်ကိုကြည့်စမ်း..” 


လုရန်ရှု မျက်လုံးကိုကာထားသည့်လက်များကိုဖယ်လိုက်ပြီး အားကစားကွင်းကိုထိတ်လန့်စွာ ကြည့်လိုက်သည်။.


xxxxx