Ch 17
Viewers 3k

👑 Chapter 17

👑 Peace of Mind


ကျန်းကျီမြောင်အား ယွဲ့လင်း မျက်တောင်မခတ်တမ်းစိုက်ကြည့်လိုက်သည်။


သူ့အကြည့်ကြောင့် ကျန်းကျီမြောင် ကြက်သီးမွေးညှင်းများပင် ထသွားရသည်။ ထို့ကြောင့် သူ မေးကြည့်လိုက်ပါသည်။ 


“အရှင်မင်းကြီး ဘာများဖြစ်လို့လဲ ? ယန်ရှင်းခန်းမဆောင်ဆီပြန်ပြီး တော်ဝင်သမားတော်ကြီးဆီမှာ ပြကြည့်လိုက်ပါလား”


[ ငါ ဘာမှမလုပ်ဘူး၊ ငါ ဘာမှလုပ်မထားဘူးနော်၊ ကျေး ဇူးပြုပြီး ငါ့ကိုအမှုပတ်အောင် မလုပ်ပါနဲ့၊ ငါ့ကို အပြစ်လွှဲမချပါနဲ့!]


ကျန်းကျီမြောင် စိတ်ထဲမှတတွတ်တွတ်ရေရွတ်လိုက်လေသည်။


ယွဲ့လင်း အံကြိတ်ကာပြောလိုက်သည်။


 â€œá€˜á€Źá€™á€žá€™á€–á€źá€…á€şá€˜á€°á€¸!”


ယွဲ့လင်း မျက်နှာပုံမှန်ပြန်ဖြစ်သွားသည်ကို ကျန်းကျီမြောင် အချိန်အတော်ကြာအောင် စောင့်ကြည့်ပြီးမှစိတ်အေးနိုင်လေသည်။


[ယွဲ့လင်း ရုတ်တရက်ကြီးနတ်ရွာစံသွားဖို့က သုံးနှစ်တောင် လိုပါသေးတယ်လေ၊ အခုချက်ချင်း သေသွားမှာမှ မဟုတ်တာ၊ သိပ်စိုးရိမ်စရာ မလိုသေးဘူး]


ယွဲ့လင်း သူငယ်အိမ်များ ရုတ်တရက်ကျုံ့ဝင်သွားပြီး ကျန်းကျီမြောင်ကို ဆတ်ခနဲလှည့်ကြည့်လိုက်သည်။


နတ်ရွာစံဖို့ သုံးနှစ်လိုသေးတယ်ဆိုတာ… ဘာအဓိပ္ပာယ်လဲ

သုံးနှစ်ကြာရင် သူ သေရတော့မှာလား…


ဟား…


မကြာခဏခံစားနေရသည့် ခေါင်းကိုက်ခဲခြင်းဝေဒနာကြောင့် တစ်နေ့နေ့ကျလျှင် ရုတ်တရက်သေဆုံးသွားနိုင်သည်ကို ယွဲ့လင်း နားလည်သည်။ အံ့ဩစရာဟုပင် မထင်မိချေ။ 


သို့သော်…


ကျန်းကျီမြောင်က ဒါတွေ ဘယ်လို သိနေတာလဲ ?


ဒီမိန်းမ… ဒီမိန်းမဆီမှာ ဆန်းကြယ်မှုတွေ ဘယ်လောက်တောင် ရှိနေတာလဲ!


ယွဲ့လင်းမျက်နှာ ချက်ချင်းမကြည်မသာဖြစ်သွားရလေသည်။


ကျန်းကျီမြောင် အကြံပေးလိုက်၏။


 â€œá€Ąá€›á€žá€„်မင်းကဟဎး နေထိုင်မကောင်းရင်-…”


ယွဲ့လင်း စကားဖြတ်ပြောလိုက်လေသည်။ 


“ငါ့ကျန်းမာရေး ကောင်းကောင်းမွန်မွန်ပဲ ရှိနေတယ်”


“ကောင်းပါပြီ…”


ကျန်းကျီမြောင် မျက်ခုံးပင့်သွားသည်။


[ဧကန္တ ယွဲ့လင်းက သမားတော်ကြီးဆီသွားဖို့ ဆက်တိုက် ငြင်းဆန်နေခဲ့လို့ ကောက်ကာငင်ကာသေသွားတာများလား ? ဟူး… ငါအားတဲ့အချိန် သူ့ကျန်းမာရေးကိုစစ်ဆေးပေးလိုက်ပါဦးမယ်လေ]


စနစ်ထဲတွင် ‘ဆေးစစ်ခြင်း’ လုပ်ဆောင်မှုတစ်ခုပါဝင်မှန်း ကျန်းကျီမြောင် မှတ်မိပါသည်။ တစ်ခါသုံး ၅ မှတ်ကုန်ကျပြီး လူတစ်ယောက်ကို ခေါင်းအစ ခြေအဆုံး စစ်ဆေးပေးနိုင်သည်။ သူ အမှတ်တွေများများစုမိတာနဲ့ ယွဲ့လင်းအား ဆေးစစ်ပေးဖို့ အသုံးပြုမည်။ 


ဘာပဲဖြစ်ဖြစ် သူက ယွဲ့လင်းရဲ့ မိဖုရားပဲမဟုတ်ပါလား

ကံကြမ္မာတွေကလည်း ဆက်နွယ်နေကြတာ…


ယွဲ့လင်းသာ နတ်ရွာစံသွားလျှင် သူသည်လည်း ဇာတ်သိမ်းလှမည် မဟုတ်ပေ။


ကျန်းကျီမြောင်ကို ယွဲ့လင်း စိုက်ကြည့်လိုက်သည်။


ဒီမိန်းမက… ငါ့အတွက် စိတ်ပူပေးနေတာလား…


ဘာကြောင့်မှန်းမသိဘဲ ထိုခံစားချက်က ကောင်းမွန်သည်။ ဒီလောကကြီးမှာ သူ့ကိုရှင်သန်စေချင်သည့် လူထက် သေစေချင်သည့်လူ ပိုများနေတာကြောင့်ဖြစ်နိုင်သည်။


စနစ်နှင့် ပတ်သတ်သည့် အရာတွေကို ကျန်းကျီမြောင် စဉ်းစားတွေးတောနေသဖြင့် စိတ်ကူးအတွေးသံတွေလည်း ရပ်တန့်သွားသည်။ ထိုအခါ ယွဲ့လင်းအာရုံထဲ ထပ်မံတိတ် ဆိတ်သွားသဖြင့် အချိန်ကိုစတင်ရေတွက်ကြည့်လိုက်သည်။


၁၅ မိနစ်ခန့်ကြာသောအခါ သူ့ခေါင်းတွေထပ်မံကိုက်ခဲလာခဲ့သည်။


“မိဖုရား…”


ကျန်းကျီမြောင်ကို ယွဲ့လင်း ချက်ချင်းခေါ်လိုက်သည်။


ကျန်းကျီမြောင် အူတူတူဖြင့် မော့ကြည့်လာသည်။


ယွဲ့လင်း ဖြည်းညှင်းစွာပြောလိုက်၏။


 â€œá€™á€„်း ခေါင်းပေါ်  ယင်ကောင်တစ်ကောင်ပျံသွားတယ်”


ကျန်းကျီမြောင် : “???”


[ဒီဧကရာဇ်အစုတ်ပလုတ် ရူးများသွားပြီလား ? ဘာလို့ စကားမရှိ စကားရှာပြီး လျှောက်ပြောနေတာလဲ!]


“ကိစ္စမရှိပါဘူး၊ ဒီမိဖုရားက ယင်ကောင် မကြောက်တတ်ဘူး” 


ကျန်းကျီမြောင် အပြုံးတုဖြင့်ပြောလိုက်သည်။


“ဟုတ်လား ? တချို့ယင်ကောင်တွေက ရောဂါပိုးတွေ သယ်ဆောင်လာတတ်တယ်၊ မနက်ဖြန်ကျရင် ပိုးကောင်တွေရန်ကနေ ကာကွယ်ဖို့ တစ်ယောက်ယောက်ကို အမွေးတိုင် ထွန်းခိုင်းလိုက်ပါ”


ယွဲ့လင်း မှားကြားလိုက်သည်။


“အမိန့်အတိုင်းပါ ဒီမိဖုရား စီစဉ်လိုက်ပါ့မယ်”


ကျန်းကျီမြောင် အမိန့်နာခံလိုက်သည်။ စိတ်ထဲမှာတော့ ပွစိပွစိ စပြောနေပါပြီ။


[တော်တော်ဖျင်ခေါင်းကျယ်တဲ့ ဧကရာဇ်မင်းကြီးပဲ! နေပါဦး…! သူ့ စကားအရဆို မနက်ဖြန်လည်း ဒီကိုထပ်ကြွလာဦးမှာပေါ့၊ ဘုရား ဘုရား… မိန်းကလေးတစ်ယောက်ကို အိပ်ခွင့်တောင် မပေးတော့ဘူးလား]


[ဘောနပ်စ်! ဘောနပ်စ်လိုနေပြီ! လစာအပိုမရဘဲ ဒီဒုက္ခတွေ ဆက်သည်းမခံနိုင်တော့ဘူး!]


[ဘောနပ်စ်သာ မရရင် ငါ ရက်ပိုင်းတောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး!]


ကျန်းကျီမြောင် စိတ်ထဲမှ အာပေါင်အာရင်းသန်သန် ရေရွတ်လိုက်သည်။


ယွဲ့လင်း နှုတ်ခမ်းထက်အလွန်မသိသာသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ယခင်တုန်းက ကျန်းကျီမြောင်အားအလွန်စိတ်ရှုပ်စရာကောင်းသည်ဟု ယွဲ့လင်း ထင်ခဲ့ဖူးသည်။ 


သို့သော် သူ့ခေါင်းကိုက်ဝေဒနာကို သူမရဲ့ဆူညံသံတွေက ကုသပေးနိုင်စွမ်းရှိမှန်း သိလိုက်ရပြီးနောက် ထိုအတွေးသံတွေကိုနားဆင်ရသည်မှာ သူ့စိတ်အား ထူးထူးခြားခြား ငြိမ်းချမ်းသွားစေသည်။


ကျန်းကျီမြောင်၏ပရမ်းပတာအတွေးများကို နားဆင်ရင်း ယွဲ့လင်း စိတ်တွေအလွန်တည်ငြိမ်သွားသည်။


“ငါပင်ပန်းလာပြီ”


ယွဲ့လင်း ရုတ်တရက် ပြောလိုက်သည်။


ကျန်းကျီမြောင် အတွေးတွေ ချက်ချင်းရပ်တန့်သွားကာ ယွဲ့လင်းကို လှည့်ကြည့်လိုက်ပါသည်။


ထိုအခါ ယွဲ့လင်း ရုတ်တရက်ပြုံးပြလိုက်သည်။ 


“အိပ်ရာ စောစောဝင်ကြရအောင်”


ကျန်းကျီမြောင် ကြက်သေသေသွားပါသည်။ ယွဲ့လင်းနှင့် သူမ ခဏခဏ မဆုံဖူးသော်လည်း ဆုံလိုက်တိုင်း ယွဲ့လင်းမျက်နှာက အမြဲတမ်းခက်ထန်မာကျောနေပြီး အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် ချိန်ကိုက်ဗုံးတစ်လုံးလိုဖြစ်နေတတ်သည်။ 


ယခုလို သက်တောင့်သက်သာအပြုံးမျိုးနျင့် ယွဲ့လင်းအား သူမ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။


သူ့ရုပ်ရည်ကလည်း… ထူးထူးဆန်းဆန်း ယောက်ျားပီသလာသလိုပင်။


သို့သော် ကျန်းကျီမြောင် သတိအမြန်ပြန်ကပ်လိုက်သည်။


[တချို့ တဏှာရူးတွေက ပန်းသေပန်းညှိုးဖြစ်နေရင် တောင် မိန်းကလေးတွေနဲ့ ကစားဖို့… စက်ဆုပ်စရာ နည်းလမ်းတွေ အများကြီး ရှိတတ်ကြတယ်တဲ့၊ ယွဲ့လင်းကကော အဲ့လို တဏှာရူးမျိုးဖြစ်နေမလား]


ထို‘စက်ဆုပ်စရာနည်းလမ်းတွေ’ ဆိုတာ ဘာမှန်း ယွဲ့လင်း မေးကြည့်ချင်မိသည်။ သို့သော် သူ အလွန်အိပ်ငိုက်နေပြီ ဖြစ်သဖြင့် တခြား ဘာမှထပ်စဉ်းစားဖို့ အားမရှိတော့ပေ။


အခြွေအရံများက ပြင်ဆင်စရာရှိတာ ပြင်ဆင်ပေးခဲ့ပြီးနောက် သူတို့နှစ်ယောက် ကုတင်ပေါ်မှာလှဲလျောင်းခဲ့ကြသည်။ ကျန်းကျီမြောင် မျက်လုံးများကို မမှိတ်နိုင်သေးဘဲ အလွန်စိတ်ဓာတ်ကျနေပုံရသည်။


ကိုယ့်ဖာသာ ကိုယ် အိပ်လို့ မရဘူးလား!


အလကားနေရင်း သူများကို ဒုက္ခလာပေးနေတယ်!


ကျန်းကျီမြောင် ပျင်းလာသဖြင့် စနစ်ထဲမှ ခန်းဆောင်နီအိပ်မက်ကို ဖွင့်ကာဆက်ကြည့်လိုက်ပါသည်။ ဇာတ်လမ်းတွဲ ကြည့်ရင်းနဲ့ စိတ်ထဲမှလည်း ထုံးစံအတိုင်း ဇာတ်လမ်းအကြောင်း ပွစိပွစိတွေးနေပါသေးသည်။ ကျန်းကျီမြောင် ၏အတွေးသံတွေကိုနားဆင်ရင်း ယွဲ့လင်း တဖြည်းဖြည်း အိပ်မောကျသွားလေတော့သည်။


ထို့နေ့ညက သူ တစ်ကြိမ်တစ်ခါပင် နိုးမလာခဲ့ပေ။ သူ့ဘဝတစ်လျှောက်လုံး အိပ်လို့အကောင်းဆုံးညဟုပင် ဆိုနိုင်လေသည်။


--- --- ---


နောက်တစ်နေ့ မနက်မိုးလင်းသောအခါ အိပ်ချင်မူးတူးဖြစ်နေသေးသော်လည်း အားတင်းကာထထိုင်နေသည့် ကျန်းကျီမြောင်အား ယွဲ့လင်း ကြည့်ကာ ပြောလိုက်သည်။ 


“ခဏလောက် ဆက်အိပ်လိုက်ဦး၊ ဒီနေ့မနက် ဂါဝရပြုစရာမလိုတဲ့အကြောင်း ကိုယ်လုပ်တော်တွေကို သတင်းပါးလိုက်မယ်”


ဟမ်…


ကျန်းကျီမြောင် မျက်လုံးများ ဝိုင်းစက်သွားရသည်။


[ဒီအရှင်မင်းကြီးမှာ အသုံးဝင်တဲ့အချက်တွေတော့ ရှိသားပဲ!]


“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး!” 


ကျန်းကျီမြောင် ပျော်ရွှင်မြူးထူးစွာ ကျေးဇူးတင်လိုက်ပြီး ကုတင်ပေါ် ပြန်လှဲကာ စောင်ခြုံလျက်ပြန်အိပ်ပျော်သွားခဲ့သည်။


အကြောင်းမသိသူသာဆို ဒီကမ္ဘာကြီးထဲ ကူးပြောင်းလာပြီးကတည်းက ပထမဆုံးအိပ်စက်ဖူးတာဟုထင်ချင်စရာဖြစ်သည်။


ယွဲ့လင်းက အားလုံးကိုလေသံတိုးတိုးပြောဖို့ မိန့်ကြားရင်း တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။


“လီသဲ့ဟွိုက်၊ မနေ့ညက ဧကရီမိဖုရားကြီး ပင်ပန်းသွားလို့ အားအင်တွေ ကုန်ခမ်းနေတယ်၊ ဒီနေ့မနက် မိဖုရားကြီးကို ဂါဝရပြုစရာ မလိုတဲ့အကြောင်း သတင်းပါးလိုက်ပါ၊ ကိုယ်လုပ်တော်တွေကိုလည်း သက်ဆိုင်ရာ နန်းဆောင်တွေဆီ ပြန်လွှတ်လိုက်ပါ” ယွဲ့လင်း အမိန့်ပေးလိုက်သည်။


“အမိန့်အတိုင်းပါ အရှင်မင်းကြီး!”


လီသဲ့ဟွိုက်ရင်ထဲ အလွန်မြူးထူးသွားခဲ့သည်။


နောက်ဆုံးတော့ အရှင်မကို အရှင်မင်းကြီးစိတ်ဝင်စားလာပြီပေါ့!


လီသဲ့ဟွိုက်မျက်နှာပေါ် အပြုံးတစ်ခု ပေါ်လာလေသည်။ ဧကရာဇ်မင်းကြီးနဲ့ ဧကရီမိဖုရားကြီးတို့ သင့်သင့်မြတ်မြတ်ရှိနေခြင်းက တိုင်းပြည်အတွက် ကောင်းချီးမင်္ဂလာတစ်ပါး ဖြစ်သည်။ အကျယ်ချုပ် ချခံထားရသည့် ရံရွေ တော်လင်းကတော့ ပြန်လွတ်မလာလေ ပိုကောင်းလေပင်။


လီသဲ့ဟွိုက်ကိုယ်တိုင် ဖုန့်ယီနန်းဆောင်ရှေ့သို့ သွားခဲ့ပြီး အရှင်မင်းကြီး၏ အမိန့်တော်ကို ပြန်ကြားခဲ့ပါသည်။ အနားယူခွင့်ရရှိသည့်အတွက် ကိုယ်လုပ်တော်များ ဝမ်းပန်း တသာ ကျေးဇူးတင်ကြမည်ဟု သူ ထင်ထားခဲ့သည်။ သို့ သော် သူ့အမိန့်ကိုကြားပြီး အားလုံးငိုမဲ့မဲ့ ဖြစ်သွားကြလေသည်။


အရှင်မင်းကြီးက ရက်စက်လိုက်တာ!


သူတို့ရဲ့ချစ်လှစွာသော အရှင်မကို ဘာလို့တွေ့ခွင့်မပေးရတာလဲ!


ဒီနန်းတော်ထဲမှာ ဧကရီမိဖုရားကြီးနဲ့ တစ်ရက်တာလောက် မတွေ့ရရင်တောင် ဘဝမှာ ပျော်ရွှင်စရာဟူ၍ မရှိနိုင်တော့ပေ။ စိတ်ပျော့သည့် ကိုယ်လုပ်တော်တချို့ဆို မျက်ရည်တွေတောင် ခိုးသုတ်နေပါပြီ။


“မိန်းမစိုးကြီးလီ၊ ဂါဝရပြုတာကို ရုတ်တရက် ဖျက်သိမ်းလိုက်ပြီဆိုတော့ ဒီကြင်ယာတော်တို့က အရှင်မကို လေး စားကြောင်း၊ ချစ်မြတ်နိုးကြောင်းတွေ ဘယ်လိုထုတ်ပြရပါတော့မလဲ”


ကြင်ယာတော်ချန်ရှုယိ ရီဝေစွာငြီးတွားလိုက်လေသည်။


လီသဲ့ဟွိုက် မှင်သက်သွားခဲ့၏။  


“ဒီနေ့တစ်ရက်တည်းပါ…”


“ဒီနေ့တစ်ရက်တည်းဟုတ်လား”


ထိုစကားကို ကြားပြီး ကြင်ယာတော်သဲ့ ဒေါသထွက်သွားခဲ့သည်။


“တစ်ရက်တာက တစ်သက်တာလိုပဲဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို နားမလည်ဘူးလား”


“ဧကန္တ မနေ့ညက အရှင်မင်းကြီးကို ပြုစုပေးနေရလို့ အရှင်မ ခြေကုန်လက်ပန်းကျသွားတာလား ? အရှင်မင်း ကြီးကအိပ်စက်ရင် စောင်ကိုကန်ထုတ်တတ်တဲ့အကျင့်ရှိတယ်လို့ ကြားသိရတယ်၊ အရှင်မင်းကြီးကို အိပ်စက်တဲ့အခါ သတိထားဖို့ မိန်းမစိုးကြီးလီ အသိပေးသင့်တယ်နော်!”


“ငါတို့ရဲ့ဧကရီမိဖုရားကြီးက အားအင်တွေတောင် ကုန်ခမ်းသွားတယ်တဲ့လား… လက်မခံနိုင်စရာပဲ!”


ကိုယ်လုပ်တော်များ တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသည်။ အစကတော့ လီသဲ့ဟွိုက် အံ့ဩတုန်လှုပ်မိသော် လည်း တဖြည်းဖြည်းအသားကျသွားခဲ့သည်။


စိတ်ထင်တာလား မပြောတတ်သော်လည်း ဧကရာဇ်မင်းကြီး၏အနောက်နန်းဆောင် မဟုတ်တော့ဘဲ ဧကရီမိဖုရားကြီး၏အနောက်နန်းဆောင်အဖြစ် တစစပြောင်းလဲလာပြီဟု တဖြည်းဖြည်းခံစားနေရသည်။