အပိုင်း ၅၆
Viewers 17k

Chapter 56


လော့ဝမ်ချွမ်း၏စကားကိုကြားသည့်အခါ ခယ့်လိုင်အနေဖြင့် အနည်းငယ်ထူးဆန်းသလိုခံစားလိုက်ရသည်။ သို့သော် သူ၏အမူအရာမှာ တွန့်ဆုတ်မှုမရှိသလို နောက်ပြောင်နေပုံလည်းမရချေ။


"အေးလေ...ညီလေးယွမ်ရဲ့ပုံပါနေတာပဲ.."


ခယ့်လိုင်  က လက်ဆစ်များကိုချိုးရင်း ပြောလိုက်သည်။ 


"ငါဒီပုံတွေအားလုံးကို ဖျက်လိုက်မယ်.."


ပုံများအားဖျက်ပြီးနောက် ခယ့်လိုင်က ခေါက်ဆွဲဆက်စားရင်း ပြောလာပြန်သည်။


 "ပြောကာမှ မနှစ်ကငါတို့တွေချီယုနဲ့ ကျောင်းလက်ရွေးစင်အသင်းမှာ အတူတူကျခဲ့တာမဟုတ်လား...သူ့ရဲ့မိတ်ဖက်ယွမ်ရှင်းကျဲအကြောင်း သူကိုယ်တိုင်ပြောတာတစ်ခါမှမကြားဖူးသလိုပဲ...အဲ့ဒီ့အစား သူကစုကျီနန်နဲ့တောင် ပိုပြီးနီးစပ်ဦးမယ်...ငါ့စိတ်ထင်ပြောရရင် ချီယုကသူ့မိတ်ဖက်သူ နေရာမပေးချင်ပုံပဲ.."


ခယ့်လိုင်က ပြောနေရင်းပင် နှုတ်ခမ်းအားတင်းတင်းစေ့လိုက်သည်။ 


"ယွမ်ရှင်းကျဲကသူ့ကို ဘာကြည့်ကြိုက်တာလဲ.."


ထို့နောက် လော့ဝမ်ချွမ်းထံမှ တုံ့ပြန်မှုရလိုရငြား လှမ်းကြည့်လိုက်သည်။ လော့ဝမ်ချွမ်းက ရေခဲသေတ္တာထံသို့လျှောက်သွားကာ ပုလင်းတစ်ပုလင်းကိုယူပြီးနောက် စကားတစ်ခွန်းမှမဆိုပဲ အခန်းထဲဝင်သွားလေသည်။


ခယ့်လိုင်အနေဖြင့် ထိတ်လန့်သွားခြင်းအား မဖုံးကွယ်နိုင်ခဲ့ချေ။ လော့ဝမ်ချွမ်းစိတ်ဆိုးလာသည့်အခါ ဘီယာသောက်လေ့ရှိသည်။ သူဝိုင်နီကိုသောက်လျှင်...


မှတ်မှတ်ရရ နိုင်ငံအဆင့်ပြိုင်ပွဲတွင် လော့ဝမ်ချွမ်းအမှားလုပ်မိခဲ့စဥ်က နောက်ဆုံးအကြိမ်ဝိုင်နီသောက်ခဲ့ခြင်းဖြစ်သည်။


လော့ဝမ်ချွမ်း၏ပိတ်ထားသောတံခါးကိုကြည့်ရင်း ခဲ့လိုင်ကရေရွတ်လိုက်သည်။


 "သူပြန်လာခါစက စိတ်အခြေအနေအကောင်းကြီးပါ...."


အခန်းတွင်းဝင်ပြီးနောက် လော့ဝမ်ချွမ်းကဖန်ခွက်ထဲသို့ ဝိုင်နီများလောင်းထည့်လိုက်သည်။ မျက်ဝန်းများကိုမှိတ်ချလိုက်ကာ ဝိုင်၏ရနံ့အားရှူရှိူက်ရင်း သူ့နှလုံးသားတွင်းရှိမပျော်ရွှင်မှုကို ဖိနှိပ်လိုက်သည်။


သူ၏မကျေနပ်မှုအပြင် ကိုယ်ပိုင်ခံစားချက်များကြောင့် ပို၍မပျော်မရွှင်ဖြစ်ရခြင်းဖြစ်သည်။ မည်သည့်အချိန်မှစ၍ ယွမ်ရှင်းကျဲနှင့်ပတ်သတ်သည့် သတင်းအားလုံးကို သူစတင်စိတ်ဝင်စားလာခဲ့မှန်းမသိချေ။


အေးမြသောဝိုင်နီက သူ့လည်ချောင်းတွင်းသို့စီးဆင်းသွားကာ စိတ်ကိုပြေလျော့ရန်ကူညီပေးလေသည်။ ထို့နောက် ဝိုင်ခွက်အားချကာ ဗီရိုဆီသို့လျှောက်သွားပြီးဖွင့်လိုက်သည်။ အဝတ်များချိတ်ထားသောနေရာတွင် ခပ်မှိုင်းမှိုင်းအနက်ရောင်ထီးတစ်ချောင်းရှိနေလေသည်။ ထီး၏ရွှေရောင်လက်ကိုင်မှ အနက်ရောင်အလွှာတစ်ချို့ထုတ်လွှတ်နေသည်။ 


ထိုထီးကို ပလတ်စတစ်အိတ်နှင့်ထုတ်ပိုးထားလေသည်။


လော့ဝမ်ချွမ်းထိုနေ့ကတည်းက အိတ်ကိုဖယ်ဝံ့ခြင်းမရှိချေ။


သူက ထီးကိုကိုင်ယူလိုက်သည်။


ယခုကဲ့သို့သူပြောင်းလဲလာရခြင်းမှာ ယွမ်ရှင်းကျဲဖယ်ရိုမုန်းများ၏ သက်ရောက်ခံရခြင်းဖြစ်မည်ဟု ယူဆလိုက်သည်။ သူ့အနေဖြင့်ထီးကို လွှင့်ပစ်သင့်သည်။


ယွမ်ရှင်းကျဲက ချီယုအပေါ် ဆက်လက်သဘောကျခြင်းမရှိတော့ကြောင်း လော့ဝမ်ချွမ်းခံစားနိင်သည်။ သို့ရာတွင် ချီယုလက်ထဲရှိကိတ်မုန့်နှင့် ဖိုရမ်ပေါ်ရှိဓာတ်ပုံများသည် သူ့အားမပျော်မရွှင်ဖြစ်စေသည်။


ကျစ်လျစ်ရှည်လျားသောလက်ချောင်းများသည် ထီးကိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။


မျက်ဝန်းများကိုပိတ်လိုက်ချိန်တွင် ချယ်ရီပင်အောက်တွင်ရရှိခဲ့သော ဖယ်ရိုမုန်းရနံ့သည် သူ့ခေါင်းထဲဝင်ရောက်လာသည်။ ထိုရနံ့အားရစဥ်က သူ၏လက်မောင်းများအတွင်းသို့ ဒဏ်ရာရနေသောကြောင်ကလေးနှင့်တူသည့်လူငယ်လေးသည် ပြိုလဲကျလာခဲ့သည်။


လော့ဝမ်ချွမ်းက ထီးကိုပို၍တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူ၏လက်ဖဝါးတွင် နာကြင်မှုအနည်းငယ်ရှိလာသော်လည်း အာရုံမစိုက်မိချေ။


စက္ကန့်အနည်းငယ်ကြာသွားပြီးနောက် ထီးကိုဗီရိုထဲသို့ပြန်လည်သိမ်းလိုက်သည်။ သူ၏မျက်ဝန်းများတွင် ဝေခွဲမရဟန်ပေါ်နေသည်။


လော့ဝမ်ချွမ်းက ပြတင်းပေါက်ဆီသို့သွား၍မတ်တပ်ရပ်ကာ အပြင်ဘက်မြင်ကွင်းအား ငေးကြည့်နေမိသည်။ အရေးမစိုက်ဟန်ပြုခဲ့သော ခယ့်လိုင်၏စကားအား အမှတ်တမဲ့ဖြင့် တုံ့ပြန်လိုက်မိသည်။


"သူကချီယုကို ဘာကြည့်ကြိုက်တာလဲ..."


သူ့အသံတွင် သဝန်တိုမှုများစွာပါဝင်နေကြောင်း သူကိုယ်တိုင်ပင်သတိမထားမိချေ။


.......


ကျောင်းတွင်းမက်ခါပြိုင်ပွဲသည် ပုံမှန်အတိုင်းဆက်ရှိနေလေသည်။


စုကျီနန်က ပြိုင်ပွဲမှထွက်လိုက်ရပြီးသည့်နောက်တွင် သူနှင့်ချီယုကြားရှိဆက်ဆံရေးအား ထိန်းသိမ်းရန်အလို့ငှာ ချီယုကိုလိုက်ရှာခဲ့သည်။


"ကျွန်တော်က ဆက်ပြီးပြိုင်လို့မရတော့ဘူး...လာမယ့်ပြိုင်ပွဲတွေမှာ အကိုကြီးယုကောင်းကောင်းလုပ်နိုင်ဖို့ ဆုတောင်းပေးနေမယ်နော်..."


ဆက်တိုက်ဖြစ်ပေါ်နေသောဖြစ်ရပ်များကြောင့် စုကျီနန်၏ မျက်တွင်းများချောင်ကျနေလေသည်။ သူ့တွင် ယခင်ကဲ့သို့ လှပလန်းဆန်းမှုမျိုးရှိမနေချေ။


ချီယုက မျက်မှောင်ကြုတ်လိုက်သည်။ "ငါမင်းအားပေးတာမလိုပါဘူး.."


စုကျီနန်က ခဏမျှတိတ်ဆိတ်သွားပြီးနောက် ချီယုအား သူမေးမြန်းလိုသည့်မေးခွန်းကို မေးလိုက်သည်။


 "ချီယု...မင်း..ယွမ်ရှင်းကျဲကိုသဘောကျနေပြီလား.." 


ချီယုက ထိုကိစ္စနှင့်ပတ်သတ်၍ အလေးအနက်မတွေးခဲ့ဖူးချေ။ သူနှင့်ယွမ်ရှင်းကျဲသည် ငယ်စဥ်ကတည်းက စေ့စပ်ထားခြင်းဖြစ်ပြီး အတူတကွကြီးပြင်းလာခဲ့ကြသည်။ ယွမ်ရှင်းကျဲမှာ ယခုဆိုလျှင်ပို၍ကောင်းမွန်လာပြီဖြစ်သဖြင့် သူ့မိတ်ဖက်အနေနှင့် သင့်လျော်သည်ဟုယူဆမိသည်။


တကယ်တော့ ချီယုအနေဖြင့် ယွမ်ရှင်းကျဲအပေါ်ခံစားချက်များမရှိလိုပေ။ သို့ရာတွင် သူသည် ပြသနာအားရှောင်လွှဲနေရုံသပ်သပ်ဖြစ်သည်။


သူယခင်ကမနှစ်မြို့ခဲ့သော အိုမီဂါတစ်ဦးအပေါ် ချစ်မိသွားကြောင်းကို ချီယုအနေဖြင့်ဝန်မခံလိုခြင်းသာဖြစ်သည်။

56.2


ချီယု၏တုန့်ဆိုင်းနေမှုအားကြည့်ကာ စုကျီနန်၏နှလုံးသားထဲတွင် ခါးသက်သွားသည်။ သူအဖြေတစ်ခုအား နားလည်သွားပြီဖြစ်သည်။


"အဲ့ဒါ မင်းကိစ္စမဟုတ်ပါဘူး.."


ချီယုက အေးစက်စွာပြောလိုက်သည်။ သူ့မျက်ဝန်းများတွင် မလုံမလဲဖြစ်မှုများထင်ဟပ်နေသည်။


"ဝန်ခံလိုက်စမ်းပါ...မင်းယွမ်ရှင်းကျဲကိုကြိုက်နေပြီမလား.."


စုကျီနန်က ချီယုအား လှောင်ရယ်လိုက်သည်။ 


"ချီယု..မင်းသူ့ကိုကြိုက်သွားမယ်လို့ ငါထင်မထားဘူး..."


ချီယုက ခြိမ်းခြောက်သလိုပြောလိုက်သည်။


"စုကျီနန်...မင်းငါနဲ့ယွမ်ရှင်းကျဲရဲ့ကိစ္စတွေမှာ ဝင်မပါတာကောင်းမယ်.."


သူ၏အမူအရာသည် စုကျီနန်အားစိတ်ဆိုးစေခဲ့သည်။ သူတို့နှစ်ဦးယခင်က တစ်ဖက်ထဲတွင်ရှိခဲ့ကြဖူးသည်။ ယခုမူ ချီယုက ယွမ်ရှင်းကျဲအပေါ် အမှားလုပ်မိမည်စိုးသည့်အတွက် သူအားအသိအမှတ်ပြုရန်ပင် ငြင်းဆန်နေလေသည်။


"ချီယု...မင်းသူ့ကိုကြိုက်လည်းအပိုပဲ.."


စုကျီနန်က နှာခေါင်းရှုံ့ရင်းပြောသည်။


 "ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းရဲ့မက်ခါမာစတာလေ...သူကလော့ဝမ်ချွမ်းကို ကြိုက်ချင်ကြိုက်နေမှာ.."


"မင်းပါးစပ်ပိတ်ထား.."


ချီယုက ဒေါသတကြီးအော်ဟစ်လိုက်သည်။"သူလော့ဝမ်ချွမ်းကို ကြိုက်တယ်လို့ ဘယ်သူပြောလဲ.."


စုကျီနန်က ချီယု၏နှလုံးသားအား ထိုးဖောက်ရန်ရည်ရွယ်ထားလေသည်။


"မင်းမိသားစုနောက်ခံသာမရှိရင် မင်းကလော့ဝမ်ချွမ်းနဲ့ဘာများယှဥ်နိုင်လို့လဲ...လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကိုအများကြီးကူညီထားတာ...သူ့နှလုံးသားကပြောင်းလဲသွားနိုင်တာပဲမဟုတ်လား.."


ချီယုက သူ့အားစိုက်ကြည့်လိုက်သည်။ 


"ထွက်သွားစမ်း...ငါမင်းမျက်နှာမမြင်ချင်ဘူး.."


စုကျီနန်က အေးစက်စက်ပြန်ကြည့်ကာ လှည့်ထွက်သွားလေသည်။


ချီယု၏မျက်နှာထားသည် မဲမှောင်နေကာတစ်ကိုယ်တည်းရေရွတ်နေမိသည်။ 


"ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းကိုကြိုက်စရာလား...မဖြစ်နိုင်တာ.."


သူ့အသံသည် မနာလိုမှုများဖြင့်ပြည့်နှက်နေသည်။


ချီယုထံမှ စုကျီနန်ထွက်လာပြီးမကြာမီတွင် ဟဲဟောင်မင်နှင့်သွားတွေ့လေသည်။


စုကျီနန်၏ မသာမယာမျက်နှာထားကြောင့် ဟဲဟောင်မင်ကနှစ်သိမ့်လိုက်သည်။


 "စုစု...ဝမ်းမနည်းပါနဲ့...နောက်တခါသူများတွေ အလွယ်တကူခန့်မှန်းနိုင်တာမျိုး.မလုပ်မိစေနဲ့နော်...ဟုတ်ပြီလား.."


စုကျီနန်က ဟဲဟောင်မင်အားမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းကြည့်လိုက်သည်။


 "ကျွန်တော်က ယွမ်ရှင်းကျဲလောက်မတော်တော့ ဘယ်သူမှကျွန်တော့်ဘက်က ရပ်တည်မပေးကြဘူးလေ..."


ယွမ်ရှင်းကျဲအား သူသည်ထပ်မံ၍မထိရဲပေ။ ကျောင်း၏ပြစ်ဒဏ်သည် သူ့လည်ပင်းကိုဓားဖြင့်ထောက်ထားသကဲ့သို့ တည်ရှိနေလေသည်။


ယခင်ကဲ့သို့ တက်ကြွလန်းဆန်းမှုမရှိတော့သော စုကျီနန်ကိုကြည့်ကာ ဟဲဟောင်မင်စိတ်မကောင်းဖြစ်သွားသည်။ 


"စုစု...မင်းသူနဲ့ယှဥ်စရာမလိုပါဘူး...သူကဒီတိုင်းကံကောင်းလို့ မင်းကိုနိုင်သွားရုံပါ.."


စုကျီနန် သူ၏နှုတ်ခမ်းအားစုဝိုင်းလိုက်သည်။ "ကျွန်တော့်ကိုနှစ်သိမ့်ပေးတာ ကျေးဇူးပါ.."


"စုစု..ကိုယ်မင်းအတွက်လက်စားချေပေးမယ်.."


ဟဲဟောင်မင်၏မျက်လုံးများသည် တောက်ပလာသည်။


"လာမယ့်ပြိုင်ပွဲမှာ အမှတ်မြင့်တဲ့ပြိုင်ပွဲဝင်အချင်းချင်း ပြိုင်ရနိုင်ချေရှိတယ်...တကယ်လို့ယွမ်ရှင်းကျဲနဲ့ပြိုင်ရရင် ကိုယ်သူ့ကိုချေမွပစ်မယ်.."


စုကျီနန်၏နှုတ်ခမ်းထောင့်များ မြင့်တက်လာကာ မဆိုင်းမတွပင်ပြောလိုက်သည်။


 "ကျွန်တော် လုပ်ခိုင်းတာမဟုတ်ဖူးနော်...ကျွန်တော့်အကြောင်းမပါစေနဲ့.."


ဟဲဟောင်မင်ကခေါင်းညှိတ်လိုက်သည်။


"မပူပါနဲ့..သူ့ကိုပြိုင်ပွဲတွင်းမှာပဲ တိုက်ခိုက်မှာပါ...ဘယ်သူမှဘာမှပြောမှာမဟုတ်ဖူး...တစ်ခုခုဆိုရင်တောင် သေချာဂရုမစိုက်မိတဲ့သူ့အမှားပဲလေ..."


ဟဲဟောင်မင်မှာ ကျောင်းလက်ရွေးစင်အသင်း၏ S+တိုက်ခိုက်သူဖြစ်သည်။ တတိယမြောက်အသင်းဝင်ဖြစ်ပြီး ခဲ့လိုင်နှင့်အက်ရှလေတို့ထက်ပို၍သန်မာလေသည်။ လော့ဝမ်ချွမ်းအားဖယ်လိုက်ပါက အသန်မာဆုံးတစ်ယောက်ဟူ၍ပင်ပြော၍ရသည်။ ယွမ်ရှင်းကျဲ၏ B အဆင့်နှင့်နှိုင်းယှဥ်၍မရချေ။


ထို့အပြင် ဟဲဟောင်မင်၏မုန်တိုင်းမက်ခါသည် ယွမ်ရှင်းကျဲ၏မက်ခါအား အလွယ်တကူချေမွနိုင်လေသည်။


ပုံမှန်အားဖြင့် Sအဆင့်တိုက်ခိုက်သူသည် မိမိထက်အဆင့်နိမ့်သော ပြိုင်ပွဲဝင်များနှင့်ယှဥ်ပြိုင်ချိန်တွင် စွမ်းအားများကိုလျှော့ချထားရသည်။ မဟုတ်လျှင် ပြိုင်ဘက်သည် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဒဏ်ရာရသွားနိုင်ချေရှိသည်။


လွန်ခဲ့သည့်နှစ်အနည်းငယ်က Sအဆင့်တိုက်ခိုက်သူနှင့် Bအဆင့်တိုက်ခိုက်သူတို့သည် ပြိုင်ပွဲကွင်းပြင်တွင် ထိပ်တိုက်တွေ့ကြသည်။ ပြိုင်ပွဲမစခင်က အချင်းများထားသဖြင့် Sအဆင့်တိုက်ခိုက်သူမှာ မိမိအင်အားကိုမထိန်းချုပ်တော့ပဲ အစွမ်းကုန်တိုက်ခိုက်ခဲ့သည်။


အဆုံးတွင် B+အဆင့်ပြိုင်ပွဲဝင်ကို အရေးပေါ်အခန်းသို့ပို့လိုက်ရပြီး မတော်တဆမှုဖြစ်ရန် အတော်လေးနီးစပ်သွားခဲ့သည်။


ဟဲဟောင်မင်က ယွမ်ရှင်းကျဲအပေါ် ရန်လိုမှုအပြည့်ဖြစ်နေသည်။


စုကျီနန်၏အတွေးထဲတွင် သူတို့နှစ်ဦးထိပ်တိုက်တွေ့ပါက အနိုင်ရမည့်လူမှာဟဲဟောင်မင်သာဖြစ်ကြောင်း အပိုင်တွက်ထားလေသည်။


စုကျီနန်က ယွမ်ရှင်းကျဲအားဘာမှလုပ်နိုင်စွမ်းမရှိချေ။ သို့ရာတွင် ယွမ်ရှင်းကျဲအနေဖြင့် ဟဲဟောင်မင်၏အနိုင်ပိုင်းခြင်းခံရကာ ပြိုင်ပွဲမှထွက်ရပါက သူအနည်းငယ်စိတ်သက်သာရာရလိမ့်မည်။


 ......


English Translator's Note: အယ်လ်ဖာတွေအများကြီးက မနာလိုဖြစ်နေကြတယ်...


ပြီးတော့ ယွမ်ရှင်းကျဲရဲ့ကြောင်လေးအတွက် အမြောက်စာငပိန်းလေးရောပဲ...


.

xxxxxx