အပိုင်း (၁၉၉)
Viewers 31k

Chapter 199


ဝဝကစ်ကစ်ကလေးလေးက အချိန်အများစုတွင် နတ်သားလေးကဲ့သို့ ပြုမူတတ်သော်လည်း သူ၏လျှို့ဝှက်ချက်များကို မထိန်းသိမ်းထားနိုင်ကြောင်းကို ယွမ်ရှသိသည်။ သူမ၏လျှို့ဝှက်ချက်များကို ဖွင့်ထုတ်လိုက်ချင်သော်လည်း ဤကလေးပေါက်စကို သူမ ယုံကြည်စိတ်ချ၍ မရ‌ပေ။ ထိုကလေးက သူမကို မျက်စိတစ်မှိတ်အတွင်း ရောင်းစားပစ်နိုင်သည်။


အလွန်တက်ကြွလွန်းသော ဦးနှောက်လုပ်ဆောင်ချက်ကလည်း ရောဂါတစ်ခုဖြစ်သည်။


လီကျင်းကတော့ အဲ့လိုကိစ္စအတွက် ဥပမာတစ်ခုပဲ ...


သူမက လီကျင်းကို ဤကဲ့သို့ ပြဿနာမျိုးမရှိသည့် သာမန်မိန်းကလေးတစ်ယောက်ဟု ထင်ခဲ့သော်လည်း သူမက စုန့်ထင်ရှန်းကို ထိကိုင်၍မရနိုင်သော နတ်ဘုရားတစ်ပါးကဲ့သို့ ဆက်ဆံကာ အဝေးမှသာ သဘဘောကျနေခဲ့ပုံပေါ်သည်။ သာမန်မိန်းကလေးတစ်ယောက်က သေကြောင်းကြံစည်သည်အထိ ဆိုးရွားစွာလုပ်မည်မဟုတ်ပေ။ ရိုးသားစွာပြောရလျှင် သူမ၏ စိတ်ကူးယဉ်မှုက သူမကို ထိခိုက်စေခဲ့ခြင်းပင်ဖြစ်သည်။ အကယ်၍ သူမက လက်တွေ့ဆန်သူတစ်ယောက်ဖြစ်ပါက ဤသို့သော ပြဿနာမျိုး ဖြစ်လာမည်မဟုတ်ပေ။


စုန့်ထင်ရှန်းက သူမကို ဘာမှမပြောသည့်အပြင် သူမအပေါ် ခံစားချက်ရှိသည့် အမူအယာမျိုးလည်း မပြသခဲ့ပေ။ 

တကယ်လို့ လီကျင်းကသာ ဆက်ပြီး စိတ်ကူးယဉ်နေခဲ့မယ်ဆိုရင် စုန့်ထင်ရှန်းက သူမကို စိတ်ဝင်စားတယ်လို့ ထင်မှာများလား ... သူမကို စုန့်ထင်ရှန်းက ကြိုက်တယ်လို့ တွေးနေမယ်ထင်တယ် ...


ယောက်ျားများ၏ အတွေးအခေါ်နှင့် ပတ်သက်လာပါက အတွေးမများရန် အရေးကြီးသည်ကို ယွမ်ရှသိရှိထားသည်။ အကယ်၍ ယောက်ျားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားနေပါက အတွေးများနေစရာမလ်ိုပေ။ လက်တွေ့ဆန်ဆန် လုပ်ဆောင်ချက်များနှင့် ထိုမိန်းကလေး သိရှ်ိအောင်ပြုလုပ်မည်သာဖြစ်သည်။ အကယ်၍ ယောက်ျားလေးဘက်က စိတ်ဝင်စားသည့် အမူအယာမပြသပဲ ပရောပရည်လုပ်သည့် စကားများမပြောပဲ မိန်းကလေးဘက်မှ အနာဂတ်တွင် ညအိပ်ဝတ်စုံတူတူဝတ်ရန် တွေးနေပါက ဆိုးရွားသော ကိစ္စများဖြစ်လာနိုင်သည်။

( T/N - ယောက်ျားလေးတစ်ယောက်က ကိုယ့်ကိုစိတ်မဝင်စားတာကို မိန်းကလေးဘက်က စိတ်ဝင်စားတယ်ထင်ပြီး အနာဂတ်ကိုကြိုပြီး စိတ်ကူးတွေယဉ်နေရင် မကောင်းဘူးလို့ ပြောချင်တာပါ ༎ຶ‿༎ຶ )


ယွမ်ရှ ဝမ်လေးကို ချီလိုက်ပြီး အိပ်ရာတွင်လှဲစေလိုက်သည်။

" မာမား ဘာမှမတွေးပါဘူး ... အိုင်းယား ... ကလေးလေးနဲ့ အိပ်ရတာ ပိုပြီးသက်တောင့်သက်သာရှိတယ် ..."


သူမ ဘာကိစ္စကိုမှ ထပ်မတွေးတော့ပဲ သူမ၏ ဝဝကစ်ကစ်သားလေးနှင့်သာ အိပ်ရန်ပြင်လိုက်တော့သည်။ 


အခြားအိပ်ခန်းတစ်ခုမှ စုန့်ထင်ရှန်းမှာလည်း ကိစ္စများစွာကို လေးနက်စွာတွေးပြီး ပဟေဠိဖြစ်နေဆဲပင်ဖြစ်သည်။ သူအလုပ်လုပ်ချင်စိတ်ပင် မရှိတော့ပေ။


တကယ်လို့ သူနဲ့ယွမ်ရှသာ blind dateလုပ်ပြီး တွေ့ခဲ့တဲ့လူနှစ်ယောက်ဖြစ်​ေနရင် သူတို့ခုချိန်မှာ ဘယ်အဆင့်ထိ ရောက်နေလောက်ပြီလဲ ... 


တစ်ကြိမ်တစ်ခါမှ ဒိတ်မလုပ်ခဲ့ဖူးသည့်လူတစ်ယောက်ဖြစ်သည့်အတွက် စုန့်ထင်ရှန်းမှာ သူ၏အနေအ‌ထားကို ရှင်းလင်းစွာမသိနိုင်ဖြစ်နေသည်။

ဘာလို့ သူမက တုံ့ပြန်မှုတစ်ခုခု မပြရတာလဲ ...



နောက်တစ်နေ့ စုန့်ထင်ရှန်း အလုပ်သို့ရောက်ပြီးသည့်အခါတွင်လည်း လီကျင်း၏ကိစ္စကို မမေ့သေးပေ။ သူက HRမန်နေဂျာနှင့် ဘဏ္ဍာရေးဌာန အကြီးအကဲကို သူ့ရုံးခန်းထဲ ခေါ်ထားသည်။


ထိုလူနှစ်ယောက်က ရုံးခန်းအပြင်ဘက်တွင် ဆုံမိကြသည်။ စီအီးအိုစုန့်က သူတို့နှစ်ယောက်ကို အဘယ့်ကြောင့် တစ်ချိန်တည်းတွင်ခေါ်ကြောင်းမသိသဖြင့် စိတ်ရှုပ်ထွေးနေကြသည်။ HRဌာနနှင့် ဘဏ္ဍာရေးဌာနမှ လူများက ဆက်နွယ်စရာကိစ္စမရှိသည်က ပိုများသည်။


လက်ထောက်ချန်က သူတို့နှစ်ယောက်ကို ရုံးခန်းထဲခေါ်သွားသည်။ စုန့်ထင်ရှန်းက လုပ်လက်စ အလုပ်များကို ရပ်ထားလိုက်သည်။ ဘဏ္ဍာရေးဌာနခေါင်းဆောင်ကို ပြောလိုက်သည်။


" လီကျင်းက မင်းရဲ့ ဌာနမှာမလား ... သူမရဲ့ အမျိုးတစ်ယောက်က မင်းကို အချိန်တစ်ခုအထိ ခွင့်တိုင်ထားပေမယ့် သူမ ဒီရုံးမှာ ပြန်လုပ်တော့မှာ မဟုတ်ဘူး ... HRဌာနနဲ့တိုင်ပင်ပြီး သူမနေရာမှာ တစ်ယောက်ယောက်နဲ့ အစားထိုးဖို့ ဆွေးနွေးလိုက်ပါ ... ပြီးတော့ ဘဏ္ဍာရေးဌာနကတစ်ယောက်ယောက်ကို လီကျင်းရဲ့ခုံကိုရှင်းခိုင်စလိုက်ပြီး သူမပစ္စည်းတွေကို တစ်နေရာရာမှာ ထားခိုင်းလိုက်ပါ ..."


ဘဏ္ဍာရေးဌာနခေါင်းဆောင်က ပို၍ စိတ်ရှုပ်သွားရသည်။ 

လီကျင်းက အလုပ်ထွက်သွားတဲ့ပုံပဲ ... ဒါပေမဲ့ စီအီးအိုစုန့်က အခုမှအလုပ်ဝင်ကာစ ဝန်ထမ်းတစ်ယောက်အလုပ်ထွက်တာကို သူ့ကို ကိုယ်တိုင်လာပြောနေရတာပါလိမ့် ... ကောလဟာလတွေက အမှန်များလား ... လီကျင်းနဲ့ စီအီးအိုစုန့်ကြား တစ်ခုခုရှိနေတာများလား ... ဒါပေမဲ့ စီအီးအိုစုန့်က သူမကို အထူးတလည် ဂရုစိုက်ပုံတော့မပြဘူး ...


စုန့်ထင်ရှန်းက HRမန်နေဂျာဘက်သို့ လှည့်လာသည်။

" ကုမ္ပဏီက လီကျင်းကို အလုပ်ဖြုတ်လိုက်ပြီ ... တကယ်လို့ သူမက အမြဲတမ်းဝန်ထမ်းတစ်ယောက် ဖြစ်နေပြီးသားဆိုရင်တော့ အလုပ်သမားဥပဒေအရ လုပ်အားခပေးလိုက်ပါ ... အားလုံးကို စည်းမျဉ်းတွေအတိုင်းပဲ လုပ်လိုက် ..."


HRဌာနမန်နေဂျာနှင့် ဘဏ္ဍာရေးဌာန ခေါင်းဆောင်နှစ်ယောက်လုံး စိတ်ရှုပ်ထွေးသွားသည့်ပုံဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။


သူက လီကျင်းကို အလုပ်ထုတ်ချင်နေတာလား ...လီကျင်းက စီအီးအိုနဲ့ ဘာမှမဆိုင်ဘူးပေါ့ ... ဒါသာ အမှန်ဆိုရင်တော့ သူမက ကုမ္ပဏီသမိုင်းတစ်လျှောက် ခါးသီးစရာအကောင်းဆုံးလူပဲ ... ဘာလို့လဲဆိုတော့ စီအီးအို ကိုယ်တိုင်က သူမကို အလုပ်ဖြုတ်လိုက်တာလေ ...


xxxxxx


Chapter 200


လီကျင်းက ဆေးရုံကုတင်ပေါ်တွင် အိပ်မောကျနေဆဲဖြစ်သည်။ သူမနှုတ်ခမ်းများ ဖြူဖျော့နေကာ အသားအရည်ကလည်း သွေးရောင်သန်းမနေပေ။ ဆေးရုံတွင် အခန်းလုံလောက်မှုမရှိသည့်အပြင် သူမက အပြင်းအထန် နာမကျန်းဖြစ်နေသူ မဟုတ်သည့်အတွက် သူမက အခြားလူနာနှစ်ယောက်နှင့် အခန်းမျှသုံးနေရသည်။


" ကလေးမလေးက ငယ်ငယ်လေးပဲရှိသေးတာ ဘာလို့ အဲ့လိုလုပ်ရတာပါလိမ့် ..."

ဘေးကုတင်မှအမျိုးသမီးကြီးက လီကျင်းအိပ်ဆေးများသောက်ထားသည်ကို သိသည်။ သူမက လီယွမ်ဟန့်ကိုကြည့်ကာ ပြောလိုက်သည်။


" မင်းရဲ့ ညီမလေးကို ပိုဂရုစိုက်ပါ ... ခုခေတ်လူငယ်တွေရဲ့ လောကဓံကို တောင့်ခံနိုင်စွမ်းက ပိုပြီးဆိုးလာကြပြီ ..."


လီယွမ်ဟန့်က ခြောက်ကပ်စွာပြုံးပြလိုက်သည်။ သူက တာဝါတစ်ထည်ဖြင့် လီကျင်း၏လက်ကြိ သုတ်ပေးနေသည်။


" ယောက်ျား အိမ်ပြန်ပြီး အနားယူလိုက်ပါဦး ... ကျွန်မ ဒီမှာညအိပ်ပြီး ရှောင်ကျင်းကို ကြည့်ထားပေးမယ် ..."


သူမ ခင်ပွန်း ပင်ပန်းနေသည်ကိုမြင်၍ မစ္စလီက သူမ၏ ယောင်းမအကြောင်း မကောင်းသည့် ထင်မြင်ချက်များမပေးချင်ပေ။ 


ယခုရက်ပိုင်းတွင် အားလုံးကိုယ်စီ အလုပ်ရှုပ်နေကြသည်။ သူမ၏ ယောက္ခမများက နိုင်ငံခြားသို့ ခရီးသွားနေကြသည့်အပြင် သူမယောင်းမက အသေးအဖွဲ့ကိစ္စလေးအတွက် သေကြောင်းကြံစည်သဖြင့် သူတို့လင်မယားနှစ်ယောက်က အလုပ်ရှုပ်နေသည့်ကြားမှ သူမကို လာရောက်ပြုစုပေးနေရခြင်းဖြစ်သည်။


ဇနီးဖြစ်သူ မကျေမနပ်ဖြစ်နေသည်ကို လီယွမ်ဟန့်သိသည်။ ဘေးကုတင်မှ အမျိုးသမီးကြီးကို သူ့ညီမလေးအား ခဏကြည့်ခိုင်းထားပြီးသည့်နောက် သူ့ဇနီး၏လက်ကိုဆွဲကာ ဆေးရုံအပြင်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့လိုက်သည်။ ညနေအချိန်သို့ရောက်နေပြီဖြစ်၍ နေ့အချိန်ထက်ပို၍ တိတ်ဆိတ်နေသည်။ ‌အနားတွင် လူတစ်ယောက်မှ မရှိသည့်အခါမှ လီယွမ်ဟန့်က ပြောလိုက်သည်။


" ဒီရက်ပိုင်း မင်းတော်တော်ပင်ပန်းနေမှာပဲ ... ကိုယ်လူနာစောင့်တစ်ယောက် ရှာထားတယ် ... မနက်ဖြန်လောက်ဆိုရင်တော့ ရောက်လာမှာပါ ..."


" ကျွန်မ စိတ်အလိုမကျဖြစ်တယ်ဆိုတာ ရှင်အလုပ်များနေတာကို သိလို့ပါ ... ရှင်က ပရောဂျက်အကြီးတွေ အများကြီးကို တာဝန်ယူနေရတာလေ ... နေ့တိုင်း အရမ်းနောက်ကျတဲ့အထိ အလုပ်လုပ်ရတယ် ... အမေနဲ့အဖေကိုလည်း ပြောပြလို့မရတော့ ကျွန်မတို့တစ်လှည့်စီ ဒီကိုလာစောင့်ရှောက်နေရတာမလား ... ယောက်ျား ကျွန်မကို မဖုံးကွယ်ထားပါနဲ့ ... ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်မသိတယ် ..."

မစ္စလီက စိတ်တိုလာသည်။


" ရှောင်ကျင်းက သူ့ဘာသာ သတ်သေဖို့ကြိုးစားတာမဟုတ်ဘူး ... သူမျိုချလိုက်တဲ့ ဆေးက အရမ်းမများဘူးတော့ သူ အဆင်မပြေစရာအကြောင်း မရှိဘူး ... သူမက မသေချင်မှတော့ ဘာကြောင့် ဒီလိုလုပ်ရတာလဲ ...ကျွန်မမှာလည်း သိခွင့်ရှိတယ်လေ ..."


ယခင်က သူမယောင်းမကို သဘောကျခဲ့သော်လည်း ယခုအခါ ပြောင်းလဲသွားပြီဖြစ်သည်။ ပြဿနာရှာတတ်သည့်လူမျိုးကို မည်သူမှ သဘောမကျကြပေ။


လီယွမ်ဟန့်က ထိုကိစ္စကို ဖုံးကွယ်၍ မရနိုင်တော့ကြောင်း သိသွားသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင်မှ ပြောလိုက်သည်။

" ကိုယ်သူ့ကို အလုပ်ထွက်ခိုင်းပေမယ့် သူမက မထွက်ချင်ဘူး ..."


" ဘာလို့လဲ ..."

မစ္စလီက ငတုံးမဟုတ်သည့်အတွက် အကြောင်းအရာကို လမ်းလွဲမသွားစေပဲ မေးလိုက်သည်။ သူမခင်ပွန်းက ရှင်းလင်းစွာမပြောသော်လည်း သိသင့်သည်ကို မေးမြန်းရမည်သာဖြစ်သည်။

ဘာလို့ သူမခင်ပွန်းက သူ့ညီမလေးကို စုန့်ထင်ရှန်းရဲ့ ကုမ္ပဏီက အလုပ်ထွက်ခိုင်းတာလဲ ... ဘာလို့ သူမကကရော အဲ့လိုမလုပ်ချင်ရတာလဲ ... ဒီလို အသေးအဖွဲ့ကိစ္စလေးကြောင့် သေကြောင်းကြံတယ်ဆိုတာ အဓိပ္ပါယ်မရှိဘူးလေ ...


မစ္စလီက သူမ‌ခင်ပွန်းကိုကြ