Ch 3
Viewers 6k

အပိုင်း(၃)

 

ဧည့်ခန်း အတွင်းတွင် အိမ်တော်ထိန်းအိုကြီးက လူတိုင်းကို တောင်းပန်ရင်း ညစာကို ညခုနှစ်နာရီသို့ အချိန် ရွှေ့ပြောင်းရမည်ဟု ရှင်းပြပေးလာသည်။ အကြောင်းမူကား ဧည့်သည် တစ်ယောက်က မီးခိုခန်းအတွင်း ဝင်ရောက်ရင်း မမျှော်လင့်ထားသော အခြေအနေမျိုးကို ပြုခဲ့သဖြင့် ကြိုတင် ပြင်ဆင်ပြီးသား စားစရာများကို ဖျက်စီးမိသွား ခဲ့သောကြောင့် ဖြစ်သည်။

 

ထိုအကြောင်းအရာကို ကြားရပြီး ယန်ရှစ်ရွှမ်းက မီးဖိုခန်းထဲမှ ထွက်လာကြောင်း မြင်လိုက်ရသောသူများ အနေနှင့် သူ့ကို အထွန့်တက်သော မြင်ကွင်းများဖြင့် ကြည့်လိုက်ကြသည်။

 

ဧည့်သည်များ အနေနှင့် တောင်ပေါ်သို့ တက်လာခဲ့ရသည့်အပြင် အအေးဓာတ်ကိုလည်း ခံစားခဲ့ရသည်။ ထို့ကြောင့် သူတို့၏ အင်အားအများကြီး ကုန်ဆုံးခဲ့ရလေသည်။ မူရင်းအစီအစဉ်အရ သူတို့က အိမ်တော်ထိန်းက အသင့် ပြင်ဆင်ပေးထားသော ရေပူနှင့် ရေချိုးမည်။ ထို့နောက် တခဏ ကြာအောင် အနားယူပြီးနောက် ညစာ စစားမည်ဟု တွေးထားကြခြင်း ဖြစ်သည်။

 

ရလဒ်အနေနှင့် ယန်ရှစ်ရွှမ်းကြောင့် အနည်းငယ် စောင့်ရမည်ဆိုသော အကြောင်းအရာကို ကြားလိုက်ကြရသည်။ ထိုအခြေအနေက အစပိုင်းတွင် ဗိုက်မဆာသေးဟု ယူဆထားကြသည့် ဧည့်သည်များအနေဖြင့် ရုတ်ချည်းဆိုသလို ဗိုက်ဆာလာသလို ခံစားလာရသည်။ သူတို့က စောင့်ဆိုင်းရမည် ဆိုသည်နှင့် ဆာလောင် လာကြသည်။ ထို့ကြောင့် ယန်ရှစ်ရွှမ်းကို ကြည့်သော အကြည့်များကလည်း ပို၍ပင် ဆိုးလာသေးသည်။

 

သို့သော် ကံကောင်းသည်မှာ သူတို့က တိုက်ရိုက် ထုတ်လွှင့်နေသော အကြောင်းအရာကို မှတ်မိနေသေးသဖြင့် ခပ်ကျယ်ကျယ် ထုတ်ပြောခြင်း မရှိကြပါချေ။

 

ယန်ရှစ်ရွှမ်းက လူတိုင်း၏ တုံ့ပြန်မှုကို မြင်သောအခါ ပျင်းရိစွာဖြင့် မျက်လုံး လှန်လိုက်သည်။

 

အခြေအနေက မကောင်းကြောင်း မြင်သောအခါ ဒါရိုက်တာအဖွဲ့နှင့် ဆွေးနွေးပြီးနောက် တင်ဆက်သူကလည်း အကြံအစည်ကို ချက်ချင်းပြောင်းပြီး လူတိုင်းအား ရေချိုးပြီးနောက် လွပ်လွပ်လပ်လပ် အတီပတီများ လုပ်ဆောင်ကြရမည်ဟု ဆိုသည်။ သို့မဟုတ်လျှင်လည်း သူက စံအိမ်အတွင်း လျှောက်ကြည့်လျှင်ကြည့် သို့မဟုတ် အနီးအနားရှိ ဥယျာဉ်နှင့် တောအုပ်အတွင်း ဝင်ရောက်ကာ ဓာတ်ပုံ ရိုက်ယူနိုင်သေးသည်။ ထိုအခါမှသာ ဧည့်သည်များက ပြန်လည်ပြီး ပြုံးနိုင်ကြသည်။

 

ဧည့်သည် တစ်ယောက်ချင်းစီတိုင်းက သေးငယ်သော tracking ကင်မရာတစ်ခုကို သယ်ထားသောကြောင့် ပရိုဂရမ်အဖွဲ့၏ အဓိက တိုက်ရိုက်ထုတ်လွှင့်မှု စာမျက်နှာမှ အခွဲစာမျက်နှာ အကန့်လေးတစ်ခုစီ ရရှိလိုက်ကြသည်။ ထိုအတွက်ကြောင့်လည်း ဧည့်သည် တစ်ယောက်ချင်းစီကို သဘောကျသည့် ကြည့်ရှုသူများ အနေနှင့် ထိုဧည်သည်ရှိရာ တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်သို့ သွားရောက် ကြည့်ရှုနိုင်သည်။ စခရိုက်လုပ်သော အရေအတွက်ကလည်း ထိုဧည့်သည် သီးသန့်အပိုင် ဖြစ်သွားသည်။ ထိုသို့ဖြင့် နာမည် ကျော်ကြားသော တန်ကြေးက သိသာလာသလို သီးသန့် ဖန်သားပြင် အခွဲများ ပိုင်ဆိုင်ထားသောကြောင့် လှုပ်ရှားမှုအလိုက် ပရိတ်သတ်တိုးအောင် ဆွဲဆောင်နိုင်သေးလေသည်။

 

ထို့အတွက်ကြောင့်လည်း ဧည့်သည်များက ပျော်ရွှင် သွားကြသည်။ သူတို့က သူတို့၏ကိုယ်ပိုင် သေးငယ်သော ကင်မရာလေး၏ အရှေ့တွင် သူတို့၏ ဆွဲဆောင်မှုများကို လွပ်လွပ်လပ်လပ် ထုတ်ပြရန် အချိန်ရသွားသည့် အတွက် ကျော်ကြားမှု ပိုတိုး လာနိုင်လေသည်။

 

မည်သို့ပင်ဆိုစေ ပရိုဂရမ်အသင်းမှ အဖွဲ့ဝင်တိုင်းက တိုက်ရိုက်ထုတ်လွှင့်မှု အတောအတွင်း တောက်လျောက် ကူညီပေးနေကြသည်။ ကြည့်ရှုသူအားလုံး၏ အမြင်များကိုလည်း လူတိုင်းနှင့် မျှဝေ ပေးနေကြသည်။

 

ဆိုတော့ ကိုယ်ပိုင်ကင်မရာ အခွဲရှိတာက ပိုမကောင်းဘူးလား။

 

ဧည့်သည်များက ကင်မရာ၏ အရှေ့တွင် ရယ်မောပြီး အချိန်ကောင်းကို ပိုင်ဆိုင်နေကြသည်။ ထို့နောက် သူတို့တစ်ယောက်ချင်းစီက ကိုယ်ပိုင်အခန်းသို့ အသီးသီး ပြန်ကာ အအေးဒဏ်ကို ဖယ်ရှားရန် ရေပူကို ချိုးရန် ဆုံးဖြတ်လိုက်ကြသည်။

 

တစ်ချိန်လုံး တိတ်နေခဲ့သည့် ယန်ရှစ်ရွှမ်းက ဧည့်ခန်းကို တစ်ချက်ကြည့်သည်။ မည်သည့် အချိန်ကမှန်းမသိ အိမ်တော်ထိန်းအိုကြီးဟာ တိတ်တဆိတ် ပျောက်သွားကြောင်း ရှာဖွေ တွေ့ရှိလိုက်ပြီးချိန်တွင် သူဟာ တံခါးကို ဖွင့်ပြီး သူ၏အခန်းထဲ လျှောက်ဝင်ခဲ့လိုက်သည်။

 

တင်ဆက်သူက ပြောသွားသော အတိုင်းဆိုလည်း ဒုတိယထပ် လှေကားဘေးနားမှ အခန်း၏ အခြေအနေက သိပ်မကောင်းချေ။

 

ထိုအခန်းတွင် ထိုနေရာတွင် ရှိသင့်သော ပစ္စည်းများ ရှိပြီး ခေတ်မှီသော ပြင်ဆင်မှုမျိုး လုပ်ပေးထားသည့် တိုင်အောင် အသေးစိပ်ကျသော ပြင်ဆင်မှုက သိသာစွာပင် နှစ် ရာကျော် တည်ရှိခဲ့သည့် ခမ်းနားသော ပုံစံမျိုးနှင့် ကွဲထွက်နေခဲ့ပြီး အချိန်တွေကို ဝင်ဆံ့လိုက်မှီအောင် ကြိုးစားခဲ့ရပုံ ပေါ်သည်။ ထို့ကြောင့် ပြန်လည် မွန်းမံခဲ့ခြင်း မရှိခင်ကတည်းက ထိုအခန်းဟာ အလွန်အမင်း ရိုးရှင်းသော ဖွဲ့စည်းပုံစံ ရှိကြောင်း ဖော်ပြနေသည်။

3 02

ထိုအခန်းက အခြားသော အခန်းများထက် အများကြီး သေးငယ်ရုံသာ မကသေးပေပဲ အခန်း၏ အတွင်းပိုင်းရှိ မျက်နှာကြက် တစ်စိတ်တစ်ပိုင်းက လှေကားထစ် ပုံသဏ္ဌာန်မျိုး ဖြစ်နေသည်။ အကြောင်းမူကား တတိယထပ်သို့ သွားသည့် လှေကားထစ် အောက်တည့်တည့်တွင် ရှိနေသောကြောင့် ဖြစ်သည်။ ပြတင်းပေါက် သို့မဟုတ် နံရံများပေါ်တွင် ပြင်ဆင်ထားသော ပုံပန်းသွင်ပြင် များကလည်း အထူးတလည် လှပခြင်း မရှိပါချေ။

 

သိသာနေသည်မှာ လွန်ခဲ့သော နှစ်တစ်ရာခန့်က ဒီစံအိမ်ပိုင်ရှင်အတွက် ဒီအခန်းတွင် နေခဲ့သော သူက ထိုအိမ်ပိုင်ရှင်၏ ကလေးအတွက် ကျူတာ သို့မဟုတ် နာနီ ဖြစ်လောက်သည်။

 

ယန်ရှစ်ရွှမ်းက အခန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုပြီးနောက် ထိုအတွေးကို ခန့်မှန်းချက် ချလိုက်နိုင်သည်။

 

အိမ်တော်ထိန်းအိုကြီးကလည်း ရေပူနှင့် ညစာကို အထူးတလည် ထည့်ပြော သွားသောကြောင့် ယန်ရှစ်ရွှမ်းက မီးဖိုခန်းကို ကြည့်ပြီးနောက်တွင် ပို၍ပင် သတိကပ်နေမိသည်။ သူက ရေချိုးခန်းထဲသို့ ချက်ချင်း လျှောက်ဝင်လိုက်သည်။

 

လွန်ခဲ့သော နှစ်တစ်ရာခန့်က စတိုင်ကို ဒီစံအိမ်၏ လက်ရှိပိုင်ရှင်က သဘောကျသောကြောင့် ဖြစ်လောက်သည်။ ထို့ကြောင့် အခြေခံအကျဆုံး ခေတ်သစ် ဝန်ဆောင်မှုဆိုင်ရာ ပစ္စည်း အချို့ကိုသာ ထပ်ဖြည့်ထည့်ထားပြီး ကျန်သော နံရံတိုင်နှင့် အခြားသော ပစ္စည်းတိုင်းက ထိုခေတ်က ပုံစံအတိုင်း ကျန်ရစ်နေလေသည်။

 

ယန်ရှစ်ရွှမ်းက ကိုယ်ကို ငုံ့ကိုင်းလိုက်ပြီး ရေချိုးကန်၏ အတွင်းနှင့် အပြင်ဘက်ကို ဂရုတစိုက် စစ်ကြည့်လိုက်သည်။ သို့သော် ဘာကိုမှ ရှာမတွေ့ချေ။ သို့သော် သူက ကိုယ်ကို ခပ်မတ်မတ် ပြန်ရပ်လိုက်သည့်အခိုက် သူ၏မျက်နှာချင်းဆိုင်တွင် ရှိသော လက်ဆေးကန်တွင် ကပ်ထားသည့် မှန်တွင် ရုတ်တရက် အဖြူရောင် အရိပ်တစ်ခုက ဖြတ်ပြေးသွားကြောင်း တွေ့လိုက်သည်။ ယန်ရှစ်ရွှမ်းက တစ်ဖန် ထပ်ကြည့်သောအခါ ဘာကိုမှ မတွေ့ရတော့ချေ။ ထိုမှန်က သူ၏အနောက်ဘက်တွင် ရှိသော ရေချိုးခန်း အခြမ်းနေရာကိုသာ ထင်ဟပ် ပြသနေပြီး ထိုနေရာတွင် ဖွင့်ထားသော ပြတင်းပေါက်ကြောင့် ဝင်လာသည့် လေများနှင့်အတူ လွှင့်နေသည့် လိုက်ကာ အဖြူများကို တွေ့ရသည်။

 

မိုးရွာပြီးနောက် စိုစွတ်သွားသော တောအုပ်နှင့် တောင်တန်းများက ထွက်ပေါ်လာသည့် အအေးဓာတ်ကို ထိုလေက သယ်လာသည်။ ထိုသို့ဖြင့် အခန်းတစ်ခုလုံး၏ အပူချိန်ကို ချက်ချင်းထိုးကျ သွားစေပြီး လူတိုင်းကို တစ်ကိုယ်လုံး စိမ့်တက်သွားစေသည်။ အဖြူ‌ရောင် လိုက်ကာများကို လေက တိုက်ခိုက်နေသောကြောင့် လိုက်ကာများက ဆက်တိုက်လွှင့်နေပြီး တဟူးဟူး အသံများကိုလည်း ထွက်နေစေလေသည်။ တိတ်ဆိတ်သော အခန်းအတွင်း ထိုတဟူးဟူးအသံက အဖိုးကြီးတစ်ယောက်၏ လည်ချောင်းထဲမှ လာသော အသံကဲ့သို့ ကြည်လင် ပြတ်သား လွန်းနေသည်။ သို့သော် ယန်ရှစ်ရွှမ်းကမူ သူဝင်လာသော အချိန်က အခန်း၏ ပြတင်းပေါက်တိုင်းဟာ ပိတ်နေကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သူက ပြတင်းပေါက်ကို သွား၍ ဖွင့်ခဲ့ခြင်းလည်း မရှိချေ။ ပြတင်းပေါက်အနားသို့ မသွားသေးလေရာ ဖွင့်ဖိုဆိုလျှင် ပို၍ ဝေးသေးသည်။

 

ယန်ရှစ်ရွှမ်းက မျက်မှောင် ကျုံ့လိုက်ပြီး နောက်သို့ လှည့်ကာ ကြည့်လိုက်သော အချိန်တွင် ရေချိုးခန်းတံခါးနှင့် မျက်နှာချင်း ဆိုင်ထားသည်မှာ သူ၏ အခန်းအတွင်းမှ အိပ်ယာ ဖြစ်ကြောင်း တွေ့လိုက်သည်။

 

သူ၏ရှုထောင့်မှ ကြည့်သော် အိပ်ယာပေါ်တွင် အိပ်နေသော တစ်စုံတစ်ယောက်က မှန်ကို ကြည့်နေသော ပုံစံမျိုးအဖြစ် မြင်လိုက်ရသည်။

 

ယန်ရှစ်ရွှမ်းက ထိုနေရာတွင် စက္ကန့်အနည်းငယ် ကြာအောင် ရပ်နေလိုက်ပြီး ခံစားချက်မဲ့စွာဖြင့် လျှောက်သွားလိုက်ပြီး ပြတင်းပေါက်ကို ပြန်ပိတ်လိုက်သည်။

 

လိုက်ကာဖြူများက မလွှင့်တော့သောအခါ အခန်းက တိတ်ကျသွားပြီး မူရင်းပုံသဏ္ဌာန်အတိုင်း ပြန်ဖြစ်သွားသည်။

 

သူကလည်း လိုက်ကာ ပြန်လွှင့်ကျလာသော ဘက်သို့ သတိလက်လွတ် လိုက်ကြည့်လိုက်မိသည့် အချိန်တွင် သူ၏မျက်ဝန်းကို တစ်ဖန် ပြန်လည် အာရုံ စိုက်လိုက်သောအခါ ရုတ်တရက် တစ်စုံတရာကို တွေ့လိုက်သည်။ သူက ပြတင်းဘောင် အနားသို့ ကပ်သွား၏။

 

ဘန်း ဘန်း

 

ရုတ်တရက် အပြင်ဘက်မှ ထွက်လာသော တံခါးခေါက်သံက သတိ အပြည့်ကပ်ထားသော ယန်ရှစ်ရွှမ်းကို အံ့ဩသွားစေသည်။

 

“ယန်ကော ရေချိုးနေပြီလား။ ငါ နည်းနည်း နေထိုင်လို့ မကောင်းဘူး”

 

ဒါရိုက်တာ ကျန်းဝူပင်း၏ အသံက ထွက်လာသည်။

 

ယန်ရှစ်ရွှမ်းက ကိုယ့်ကို ဖြောင့်အောင် ရပ်လိုက်ပြီး ပြတင်းပေါက်ဘောင် ကျောက်တုံး အစွန်းနားတွင် ကျန်ရစ်နေသည့် ကုပ်ရာများ ဆက်ကြည့်လိုက်သည်။ ထို့နောက် ခြေတံရှည်ကြီးများနှင် အတူ တံခါးထံ လျှောက်သွားသည်။ အပြင်ဘက်ရှိ လူကို အတည်ပြုပြီးမှသာ မကြင်နာသော မျက်နှာထားနှင့် တံခါးကို ဖွင့်လိုက်သည်။

 

“ယန်ကော ယန်ကောရဲ့ ပုံစံအရ အင်္ကျီတွေ ချွတ်ပြီး ရေချိုးတော့မယ် ထင်တယ်။ ဟမ်”

3 03

ကျန်းဝူပင်းက ယန်ရှစ်ရွှမ်းကို ထူးဆန်းသလို ကြည့်သည်။ သူက သတိလက်လွတ် စနောက်ချင်သော်လည်း ရုတ်တရက် ယန်ရှစ်ရွှမ်း၏ မျက်ဝန်းအောက်မှ ဖိအားကို ခံစားလိုက်ရပြီး သူ၏ ရယ်မောမှုက ချက်ချင်းဆိုသလို ကို့ရိုကားယား ပုံစံနှင့် ရပ်တန့်သွားသည်။ ဧည့်သည်များက ရေချိုးပြီး ပြင်ဆင်နေသောကြောင့် တိုက်ရိုက် ထုတ်လွှင့်မှု အခန်းက ကွေ့ချန်း၏ တောင်ရူခင်းများထံ ပြောင်းထားသည်။ ဧည့်သည်များကလည်း သီးသန့် ဖန်သားပြင် အခွဲတစ်ခုစီကိုသာ သုံးရန် ဆုံးဖြတ်ထားကြသည်။ ထို့ကြောင့် ယန်ရှစ်ရွှမ်း၏ အခွဲကင်မရာကို ပိတ်ထားပြီး တိုက်ရိုက် ထုတ်လွှတ်မှုကလည်း သူတို့၏ လက်ရှိအနေအထားကို ဖမ်းယူနိုင်လိမ့်မည် မဟုတ်ချေ။ ကျန်းဝူပင်းက ထိုအခွင့်အရေးကို အရယူပြီး ယန်ရှစ်ရွှမ်းကို လာရှာခြင်း ဖြစ်သည်။

 

“အဟမ်း ဘာဖြစ်တာလဲ။ ငါ ဒီအတိုင်း ယန်ကောကို မေးစရာ ရှိလို့ပါ”

 

ကျန်းဝူပင်းက နှာခေါင်းကို အသာပွတ်ပြီး ဝမ်းနည်းသော မျက်နှာထားမျိုးနှင့် မေးသည်။

 

“ယန်ကော ငါ့ရဲ့ရှိုးက နာမည်ကြီး နိုင်မယ်လို့ ကူပြီး ကြည့်ပေးနိုင်မလား။ ငါ ထွက်မလာခင်က အဖိုးကြီးနဲ့ လောင်းကြေးထပ်ခဲ့တာ။ ဒီရှိုးပွဲကသာ ပျက်စီးသွားရင် ငါ ငါရဲ့အိမ်မက်ကို စွန့်လွှတ်ပြီး အိပ်လိုက်၊ စားလိုက်နဲ့ သေဖို့ကို ထိုင်စောင့်နေရတဲ့ တတိယမျိုးဆက် လူချမ်းသာ သူဌေးသားပဲ ပြန်လုပ်ရတော့မှာ။ ဒီလိုဆိုရင် ဘဝက ဘယ်လောက် ဆိုးရွားလိုက်မလဲ”

 

ယန်ရှစ်ရွှမ်း”…”

 

သူကလည်း သူပြောသော စကားအတွင်း ပါဝင်သော အမှားများကို သတိထားမိပုံ မရသည့် ကျန်းဝူပင်းကို ဖျော့တော့စွာ စိုက်ကြည့်ရင်း မေးလိုက်သည်။

 

“မင်းက ပဟေဋိဆန်တဲ့ ကိစ္စတွေကို သဘောမကျဘူးလား”

 

ကျန်းဝူပင်းက စိတ်ရှုပ်သွားသည်။

 

“အာ”

 

မင်းအခု တိုက်ရိုက် ထုတ်လွှင့်နေတာမျိုး မဟုတ်တဲ့အတွက် ဝမ်းသာသင့်တယ်။ အဲဒီလိုမှ မဟုတ်ရင် မင်း သေတဲ့အထိ အဆူပူခံရတော့မှာ”

 

ယန်ရှစ်ရွှမ်းက လှောင်သည်။

 

“ဒါ့အပြင် ငါက ကံကြမ္မာကို မတွက်ချက် ပေးဘူး။ ငါက သရဲပဲ ဖမ်းတာ။ ဒီလောက် နှစ်တွေ ကြာပြီးတဲ့ နောက်မှာတော့ မင်းက ဒါကို နားမလည်သေးဘူးလား”

 

“နောက်ပြီး …”

 

ယန်ရှစ်ရွှမ်း၏ နူတ်ခမ်းက လှုပ်ရှားသွားသည်။ သို့သော် သူက ဆက်မပြောချေ။

 

သူက လူအချို့ကို ကူညီကာ သရဲဖမ်းပေးပြီး မိစ္ဆာနှင်ပေးသော်လည်း ထိုသူများ၏ ကံကြမ္မာကို မတွက်ချက်ပေးသလို ဖုန်းရွှေလည်း မကြည့်ပေးချေ။ ပြောရလျှင် သူဟာ ကျန်းဝူပင်း၏ ဖိတ်ကြားမှုကို လက်ခံရရှိသော အချိန်ကလည်း သူက သူကိုယ်တိုင်အကြောင်း တွက်ချက်ခဲ့ပြီး ဒီခရီးကို လာလျှင် ကြုံတွေ့နိုင်သည့် အခြေအနေကို မှန်းဆခဲ့သည်။ သို့ရာတွင် သူ၏ ခြောက်ထောင့်ပုံစံခွက်က ဗလာ ဖြစ်နေခဲ့သည်။

 

ထိုကိစ္စအပြင် ကျန်းဝူပင်း၏ ရသစုံရှိုးကိုသာ ဝင်ပါခဲ့လျှင် သူဟာ တစ်စုံတရာကိုသာ အတွေ့အကြုံ ရမည်ဆိုသော ခံစားချက်မျိုးကို တစ်စုံတစ်ယောက်က လာပြောနေသလို ခံစားချက် ရနေခဲ့၏။ သူက ထိုခြောက်ထောင့် ပုံစံခွက်ကို ထပ်ခါတလဲလဲ ပြန်သုံးကာ တွက်ချက်ခဲ့သည့် တိုင်အောင် မည်သည့် သတင်း အချက်အလက်မှ မရရှိနိုင်ခဲ့ချေ။

 

ထိုအတွက်ကြောင့် ယန်ရှစ်ရွှမ်းကဲ့သို့ ဒီနေရာသို့ လာလျှင် ဒီရှိုးက အသေချာပေါက် အပိတ်ခံရနိုင်သည်ဟု တွက်ချက်ခဲ့သည်။ သူ ယခင်က သိထားသော အခြေအနေများကို သုံးပြီးလည်း အကူအညီ မရယူနိုင်လောက်ဟု ယူဆခဲ့၏။

 

ယန်ရှစ်ရွှမ်းကလည်း သူ ကားပေါ်မှ ဆင်းကတည်းက စတင်ကာ ရရှိနေသည့် အမြင်အကြောင်း တွေးလိုက်မိပြီး သူ၏စိတ်က တစ်ဖန်ပြန်လည် ပြောင်းလဲသွားကာ ကျန်းဝူပင်းကို မေးလိုက်သည်။

 

“မင်း ဒီစံအိမ်ကို ဘိုကင်ယူခဲ့တာလား”

 

“မဟုတ်ဘူး”

 

ကျန်းဝူပင်းက အမှန်တိုင်း ပြောသည်။

 

“လက်ထောက် ဒါရိုက်တာနဲ့ သူ့ရဲ့လက်ထောက်က ဒီနေရာက ရှုခင်းကလည်း ကောင်းတယ်။ စံအိမ်ရဲ့ ဝန်းကျင်ကလည်း တော်တော်လေး ကောင်းတယ်လို့ ပြောလို့ ဒီအိမ်ကို ဘိုကင် ယူခိုင်းလိုက်တာ။ နောက်ပြီး ငါကတော့ ပိုက်ဆံပေးဖို့ပဲ တာဝန် ယူထားတာလေ”

 

ယန်ရှစ်ရွှမ်း “…”

 

သူက ကျန်းဝူပင်းအား ဝလွန်းသော သိုးအရူး တစ်ကောင်ကို မြင်ရသလို ကြည့်လိုက်သည်။

 

“ဒီလိုဆိုရင် ဒီဒါရိုက်တာ အဖွဲ့ထဲက တစ်ယောက်ယောက်က မင်းဆီက ပိုက်ဆံ လိမ်ညာယူဖို့ လှည့်စားမှု ပြုလာနိုင်တယ်ဆိုတဲ့ အခြေအနေကို မတွေးမိဘူးလား”

 

ကျန်းဝူပင်း “ ! ”

3 04

ယန်ရှစ်ရွှမ်းကလည်း သူ၏ ရူးကြောင်ကြောင်နိုင်သော ပုံစံကို ကြည့်ပြီး ဆွံ့အစွာ ပြောလိုက်သည်။

 

“ထားလိုက်တော့။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါပဲ ထွက်သွားလို့ မရဘူးလေ။ ကြည့်ရတာ ငါ အခု တောင်အောက်ကို ဆင်းမယ်ဆိုရင်တောင်မှ ထွက်သွား နိုင်တော့မယ်လို့ မထင်ဘူး။  ထားပါတော့”

 

ယန်ရှစ်ရွှမ်း၏ ပုံမှန်မဟုတ်သော အပြုအမူက ကျန်းဝူပင်းကဲ့သို့ ထူးခြားသော ရုပ်ပိုင်းဆိုင်ရာ ပြဿနာ အခြေအနေကြောင့် အချိန်တိုင်းလိုလို သရဲများကို ဆွဲဆောင်မိသည့် လူကို သတိအပြည့် ကပ်သွားစေသည်။ သူကလည်း သူ တောင်ပေါ်သို့ တက်လာသော အချိန်က ယန်ရှစ်ရွှမ်းဟာ သူ့အား ပိုက်ဆံတိုးပေးချင်စိတ် ရှိမရှိ မေးမြန်းခဲ့သော အကြောင်းအရာကို မှတ်မိသွားသည်။ သူက တံတွေး မြိုချလိုက်သည်။ ထို့နောက် တုန်ယင်စွာ မေးသည်။

 

“ယန်ကော ယန်ကော ဆိုလိုတာက ဒီမှာ ဒီမှာ အဲဒါ ရှိနေတာလား”

 

“အင်း”

 

ယန်ရှစ်ရွှမ်းက သူ့ကို တစ်ချက်ကြည့်သည်။ ထို့နောက် ဆက်မပြောတော့ပဲ ရပ်လိုက်၏။ သူက သူ၏နူတ်ခမ်း အရှေ့သို့ သွယ်လျသော လက်ညိုးတစ်ချောင်းကို ကပ်ကာ ရှူးဆိုသော ပုံစံမျိုး ပြသည်။

 

“မပြောသင့်တဲ့ စကားလုံးတွေ ထုတ်မပြောမိစေနဲ့။ ဒီလိုဆိုရင် သူတို့ကို ဆွပေးသလို ဖြစ်သွားလိမ့်မယ်”

 

သူက စီးပွားရေးဆန်သော အပြုံးတုမျိုးနှင့် ဆက်ပြောသည်။

 

“လုပ်နိုင်လား”

 

ကျန်းဝူပင်းက အရူးလိုမျိုး ခေါင်းတဆတ်ဆတ် ညိတ်သည်။

 

ကြည့်ရသည်မှာ ယန်ရှစ်ရွှမ်းက ပြတင်းပေါက်ကို အလောတကြီး ပိတ်ခဲ့သောကြောင့် တံခါးကို ဂျက်ကျအောင် မပိတ်နိုင်ခဲ့ပုံ ပေါ်သည်။ အခန်းက တိတ်ဆိတ်နေသည့် အချိန်တွင် အပြင်ဘက်မှ ဝင်လာသည့် အသံကိုပင် ကြားနိုင်နေ၏။

 

ယန်ရှစ်ရွှမ်းက ပြတင်းပေါက်နားသို့ လျှောက်သွားပြီး ငုံ့ကြည့်လိုက်သောအခါ သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိသော စံအိမ် ဥယျာဉ်အတွင်းတွင် စကပ်ရှည်ကို ဝတ်လျက် သီချင်းဆိုနေသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။

 

သူမက အမျိုးသမီး ဧည့်သည်များထဲမှ တစ်ယောက်ဖြစ်သည့် ပိုင်ရွှမ်းဖြစ်သည်။ ပိုင်ရွှမ်းက သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာအခွဲ၏ အရှေ့တွင် ရယ်မော ပျော်ရွှင်စွာဖြင့် ရုပ်သံများနှင့်အတူ တုံ့ပြန်မှု ပြုနေရင်း သီချင်း ဆိုပြနေသည်။ ဒီနည်းအားဖြင့် ကြည့်ရှုသူများ ပိုများလာရန် မျှော်လင့်နေပုံ ရသည်။

 

သူမ၏ သီချင်းဆိုသံက အလွန်ချိုသည်။ သို့သော် စံအိမ်အတွင်း ဟိန်းထွက်နေသည်။ တောင်တန်းနှင့် တောအုပ်များအတွင်း ပဲ့ထင်ထပ်သံ ထွက်လာသောကြောင့် ဖော်ပြရန် ခက်ခဲသည့် ကျောစိမ့်မှုမျိုးကို ခံစားရစေသည်။

 

ယန်ရှစ်ရွှမ်း၏ မျက်ဝန်းက ချက်ချင်းဆိုသလို အေးစက်သွားသည်။

 

“ပိုင်ရွှမ်းက ဉာဏ်တအား ကောင်းတာ။ သူမက စောစောပြင်ဆင်ပြီး ထွက်လာသော ကင်မရာအခွဲ ထုတ်သုံးနေတဲ့သူ ဘယ်သူမှ မရှိဘူးလေ။ ဒီတော့ ဒီအချိန်အတောအတွင်းမှာ သူမကို စခရိုက်လုပ်တဲ့သူက ပိုများသွားတယ်။ ပရိုဂရမ်တင်းမ် တစ်ခုလုံးရဲ့ စခရိုက်လုပ်ထားတဲ့ သူတွေနဲ့တောင် ယှဉ်လို့ရသေးတယ်”

 

ကျန်းဝူပင်းက တက်ပလက်ကို ယူပြီး အချိန်နှင့် တပြေးညီ မြင်နေရသည့် ဒေတာကို ဖွင့်ကြည့်လိုက်သည်။ သို့သော် သူက အခြားကိစ္စတစ်ခုကို အာရုံစိုက်မိနေ၏။ ဧည့်သည်၏ ကျော်ကြားမှုက သူ့အတွက် ကောင်းသော ကိစ္စဖြစ်သည်။ ယာယီအားဖြင့် ယန်ရှစ်ရွှမ်းကြောင့် ကြောက်နေခဲ့သော စိတ်က ပျောက်သွားပြီး ပြန်ရယ် မိသွားစေသည်။

 

ယန်ရှစ်ရွှမ်းက ဘာစကားမှ ဆက်မပြောတော့ချေ။ သို့သော် ပြတင်းပေါက်ဘောင်ပေါ်မှ ကုတ်ရာများကို ပြန်ကြည့်လိုက်သည်။

 

သူ ထမင်းစား စားပွဲပေါ်တွင် မြင်ခဲ့ရသည့် ဓားခုတ်ရာများနှင့် ခြားနားသည်မှာ ပြတင်းပေါက် ဘောင်ပေါ်ရှိ ကုတ်ရာများက ရှည်လျားသော လက်သည်း၊ ဓားကဲ့သို့ ချွန်ထက်သော တစ်စုံတရာဖြင့် ကုပ်ထားခြင်း ဖြစ်နေသည်။ ဒီအခန်းမှာ ယခင်က ရိုးရှင်း လွန်းသောကြောင့်လည်း ဖြစ်လောက်သည်။ ပြတင်းပေါက်ဘောင်က ပြန်လည် ပြင်ဆင်မွန်းမံသည့် အချိန် အတောအတွင်းတွင်ပင် ရိုးရှင်းစွာသာ ပြောင်းလဲထားခဲ့ပုံ ပေါ်သည်။ ထို့ကြောင့် ယန်ရှစ်ရွှမ်း အနေဖြင့် ကိစ္စအများကြီး ရှာဖွေတွေ့ရှိခြင်း မရှိပေ။

 

ယန်ရှစ်ရွှမ်းက မျက်မှောင်ကျုံ့လိုက်ပြီး ကျန်းဝူပင်းကို ပြောသည်။

 

“အပျော်စော မနေနဲ့ဦး။ ကိစ္စတွေ အားလုံးကို အာရုံစိုက်ထား။ နောက်ပြီး အခြားသူတွေကိုလည်း သတိကပ်ထားခိုင်းလိုက်”

 

ကျန်းဝူပင်းက ဆက်တိုက် တိုးလာနေသည့် စခရိုက်ရှင်း အရေအတွက်ကို ကြည့်နေသေးသည်။ သူက ချက်ချင်းလိုလို သဘောတူလိုက်သည်။

 

“မစိုးရိမ်ပါနဲ့။ ငါက ယုံကြည်လို့ ရပါတယ်”

 

…..

 

ဥယျာဉ်ကို မျက်နှာမူနေသည့် ပထမထပ်တွင် ရှိသော ကြမ်းခင်းမှ မျက်နှာကြက်အထိ မြင့်သည့် ကြီးမားလွန်းသော ပြတင်းပေါက်ကြီး၏ ဘေးတွင် အိုမင်းသော ပုံရိပ်က တိတ်တဆိတ် ရပ်ပြီး အမှောင်ထုနှင့် တစ်သားတည်း ပေါင်းစပ်ရောနှော ဝင်ရောက်လျက် ရှိနေသည်။

3 05

ရုတ်တရက် သူဟာ တစ်စုံတရာကို ကြားလိုက်သလိုမျိုး ခေါင်းမော့ကာ အပေါ်ဘက်ရှိ မျက်နှာကြက်သို့ ကြည့်သည်။ ထို့နောက် ရယ်၏။

 

ညခုနှစ်နာရီ ဒေါင်ကနဲ ထိုးသောအခါ ညစာက အချိန်မှီ ပြီးသွားသည်။

 

တိုက်ရိုက် ထုတ်လွှင့်မှု ကင်မရာ၏ အရှေ့တွင် တောက်ပစွာ ဝတ်ဆင်ထားသည့် ဧည့်သည်များ အားလုံးက ပျော်ရွှင်စွာ ရှိနေကြသည်။ သူတို့က ရှိုး၏လေထု အခြေအနေကို မြှင့်တင့်နိုင်ရန် အကောင်းဆုံး ကြိုးစားနေကြသည်။ အချို့သော လူများကမူ စိတ်အားထက်သန်စွာဖြင့် စံအိမ်ကို လှည့်ပတ်ကြည့်ချိန်က သိခဲ့ရသည့် သူတို့၏ အတွေ့အကြုံများကို ပြောပြသည်။ ထိုသို့ဖြင့် လူအများကို စိတ်ဝင်စားစေသည်။

 

အခြားသော သူများကမူ ဖန်သားပြင် အခွဲနှင့် စံအိမ်အနှံ့ လိုက်ကြည့်သောလူက စခရိုက်ရှင်း ရာကျော်ရကြောင်း မြင်လိုက်ရသည်။ ထို့ပြင် တစ်ဖက်သူက စံအိမ် ခမ်းနားမှု၊ ဂန္တဝင်ဆန်သော ပရိဘောဂများကို မိတ်ဆက်ပြခဲ့သောကြောင့် ထိုလူ၏ ကျော်ကြားမှုက မြှင့်တက်သွားခဲ့သည်။ ထိုအတွက်ကြောင့်လည်း အခြားသော သူများက ညစာ စားပြီးနောက် စံအိမ်ကို လိုက်ကြည့်ချင်သည်ဟု ဆိုသည်။

 

တင်ဆက်သူက ထိုစကားကို ကြားသောအခါ ညဘက်တွင် စံအိမ်ကို လိုက်ကြည့်ရန် အကြံပြုသည်။ လွန်ခဲ့သော နှစ်ရာကျော်ခန့်က အချို့သော ပစ္စည်းများကို ရှာဖွေနိုင်ရန် မျှော်လင့်နေကြသည်။

 

ထောင့်တစ်နေရာနားတွင် တိတ်တဆိတ် ထိုင်လျက် စားသောက်နေသည့် ယန်ရှစ်ရွှမ်းကလည်း လက်ထဲမှ ဇွန်းကိုပင် ရပ်လိုက်မိသည်။ သူက နှာခေါင်းရှုံ့ကာ ပြောသည်။

 

“မင်းတို့ပဲ ညစာ စားပြီးတဲ့နောက်မှာ ဧည့်ခန်းထဲမှာ ထိုင်ပြီး ဂိမ်းကစားကြမယ်လို့ ပြောခဲ့တာ မဟုတ်လား။ အဲဒီအတိုင်းပဲ ပျော်ပါးကြပါ။ လျှောက်မသွားနဲ့”

 

“မင်းတို့ လမ်းပျောက်သွားရင် ပြန်လာနိုင်တော့မှာ မဟုတ်ဘူး”

 

******