Ch 4
Viewers 6k

အပိုင်း(၄)

 

လှပစွာ ပြင်ဆင်ထားသော ထမင်းစား စားပွဲပေါ်တွင် ဥယျာဉ်ထဲမှ ခူးထားသော ပန်းများကို ပန်းအိုးများထဲ ထည့်ကာ အလှဆင်ထားကြောင်း မြင်ရသည်။ ထိုပန်းပွင့်များက တောက်ပနေသေးပြီး အသက် စွမ်းအားအပြည့်နှင့် ဖြစ်သည်။

 

ဧည့်သည်များ၏ အံ့အားသင့်သော အကြည့်ကို ရင်ဆိုင်ရသောအခါ ယန်ရှစ်ရွှမ်းက နောက်ဆုံး စားစရာကို ခပ်အေးအေး ကိုက်လိုက်ရင်း ကုလားထိုင်ကို နောက်သို့ ဆွဲထုတ်လျက် ပြန်ထရပ်လိုက်ပြီး အခန်းထဲသို့ ပြန်ရန် ပြင်ဆင်သည်။

 

“ဒီနေ့က တအားပင်ပန်းရတဲ့နေ့ ဖြစ်နေကတည်းက ညဘက်မှာ အိပ်ခန်းတံခါးကို နာနာခံခံနဲ့ ပိတ်ထားသင့်တယ်။ ဘယ်သူလာလာ မဖွင့်နဲ့”

 

ယန်ရှစ်ရွှမ်းက အိပ်ကပ်ထဲသို့ လက်တစ်ဖက် ထည့်လျက် အခြားတစ်ဖက်ဖြင့် လက်ပြရင်း ပြောသည်။

 

“ငါ အရင်ဆုံး သွားအိပ်တော့မယ်။ မနက်ဖြန်မှ တွေ့ကြရအောင်”

 

သူ၏အနောက်ဘက်မှ ဧည့်သည်ပေါင်းများစွာက မကျေနပ်သော မျက်နှာထားမျိုးနှင့် ဖြစ်နေကြသည်။

 

“နေဦး မင်းက ဘာကို ဆိုလိုတာလဲ”

 

သရုပ်ဆောင်များထဲ တစ်ယောက်က စိတ်ဆတ်သည်။ သူက အရင်ဆုံး မတ်တပ်ထရပ်လိုက်ကာ ယန်ရှစ်ရွှမ်းကို လက်ညိုးထိုးလျက် မေးခွန်းမေးသည်။

 

အခြားသော ဧည့်သည်များကလည်း ထိုအကြောင်းအရာကို မကျေနပ်ကြကာ ထုတ်ပြောကြသည်။

 

“ယန်ရှစ်ရွှမ်း မင်း ပင်ပန်းနေရင်လည်း ဒီအတိုင်း ပြောလိုက်လို့ရတယ်။ ငါတို့ နားလည်ပေးနိုင်တယ်။ ဒါပေမယ့် မင်းရဲ့အပြုအမူက ဘာလဲ”

 

“အားလုံးက ဒီနေရာကို ခရီးထွက်လာကြတာ။ ငါတို့က စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စတွေကို လိုက်မရှာဘူးဆိုရင် ပျင်းစရာကောင်းနေတော့မှာပေါ့”

 

…..

 

ဧည့်သည်များအားလုံးက အချင်းချင်း အပြစ်တင်နေကြသည်။ သူတို့၏ ရှိုး၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှေ့တွင် ကွန့်မန့်ပေါင်းများစွာ များလာကြောင်း မြင်လိုက်ရ၏။ အားလုံးက ယန်ရှစ်ရွှမ်းကို ဦးတည်နေကြသည်။

 

ပိုင်ရွှမ်းကသာ ယန်ရှစ်ရွှမ်းအကြောင်း ပြောပေးသည်။ သူမက ယန်ရှစ်ရွှမ်းကို ကာကွယ်ပေးရင်း လေထုအခြေအနေကို ပေါ့ပါးအောင် လုပ်ပေးလိုလေသည်။

 

ပိုင်ရွှမ်းကလည်း ယန်ရှစ်ရွှမ်းဟာ တောင်ပေါ်သို့ တက်လာသည့်အချိန်က သူမရဲ့ပုခုံးကို အသာပုတ်ခဲ့သည့် မြင်ကွင်းကို မြင်နေသေးသည်။ ထိုအချိန်က သူမရဲ့ ခန္ဓာကိုယ်က သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားလိုက်ရ၏။ အကြောင်းပြချကို မသိသော်လည်း ပိုင်ရွှမ်းအနေနှင့် ယန်ရှစ်ရွှမ်းကို ကျေးဇူးတင်သင့်သည်ဟု ထင်ရသည်။

 

သူမကလည်း ဘာကြောင့်ရယ်မသိ ယန်ရှစ်ရွှမ်းက လူတိုင်းကြားထဲတွင် ထင်းထွက်ရပ်နေသည်ဟု ခံစားရသည်။ သူမ မည်သည့် စကားမှမဆိုလျှင်ပင် တောက်ပလွန်းနေသေးပြီး မည်သူကမှ လစ်လျူမရှုရဲအောင် ဖြစ်နေသေးသည်။ သူက သူမတို့နှင့် ခြားနားသော ကိုယ်ပိုင်လောကတစ်ခုအတွင်း ရှိနေပုံရပြီး ပိုင်ရွှမ်းကိုယ်တိုင်ပင် နားမလည်သည့် လျို့ဝှက်ချက်များအပြည့် ပိုင်ဆိုင်ထားပုံပေါ်သည်။ ထိုအကြောင်းအရာများက ကြောက်စရာကောင်းသည်ဟု ခံစားရသည့် တိုင်အောင် သူမက သိချင်မိသေးသည်။

 

သူက အခြေအနေကို မထိန်းချုပ်နိုင်ကြောင်း ခံစားမိသဖြင့် ဒါရိုက်တာကျန်းဝူပင်းက ကင်မရာအနောက်ဘက်မှ လှမ်းကာ အော်လိုက်ရသည်။

 

“ကြည့်ရတာ ယန်ရှစ်ရွှမ်းက လူတိုင်းရဲ့လုံခြုံရေးအတွက် အရမ်းစိုးရိမ်နေတာ ဖြစ်လိမ့်မယ်”

 

“နေ့ပိုင်းမှာလည်း မိုးရွာခဲ့သေးတာ မဟုတ်လား။ တောင်က လမ်းတွေက တအားချောနေမှာ။ ညဘက်ကလည်း မှောင်တယ်။ ဒီတော့ အပြင်ထွက်ဖို့ မသင့်တော်တာ အမှန်ပဲ။ စံအိမ်ထဲမှာပဲ ဂိမ်းအချို့ ကစားရအောင်။ ငါတို့က ကွေ့ရှန်းမှာ လေးရက် နေကြမှာလေ။ ဒီတော့ မနက်ဖြန်မနက်အထိ စောင့်ပြီးမှ တောင်တောတွေအုပ်ထဲကို သွားလည်လို့ ရတာပဲ”

4 02

ဒါရိုက်တာ ထိုသို့ပြောလာပြီ ဆိုကတည်းက စိတ်အား ထက်သန်သော သရုပ်ဆောင်ကလည်း ယခုအခါ တိုက်ရိုက် ထုတ်လွှင့်နေခြင်းကြောင့် နားလည်သဖြင့် သဘောတူလိုက်ရသည်။

 

ဧည်သည့်များကလည်း ဒါရိုက်တာက အခြေအနေကို ထိန်းသိမ်းလိုသည့် ရည်ရွယ်ကို နားလည်သည်။ ထို့ကြောင့် သူတို့အားလုံးကလည်း အချင်းချင်း မျက်လုံးမှိတ်ပြရင်း အခြေအနေကို ပြောင်းလျက် နောက်ပိုင်းဆော့မည့် ဂိမ်းများအကြောင်း ပြောကြသည်။ သူတို့၏ မျက်နှာထားများကလည်း ပြောင်းလဲသွားကြပြီး မနက်ဖြန်အတွက် စိတ်အား ထက်သန်နေကြောင်း ဖော်ပြကြသည်။

 

စားသောက်နေချိန်တွင် နေ့အချိန် တောင်ပေါ်တက်လာချိန်က ကြောက်လန့်ခဲ့ရသော တင်းချန်ကသာ ယန်ရှစ်ရွှမ်း၏ ဖော်ပြရန် ခက်ခဲနေသော အပြုအမူကို မှတ်မိနေပြီး သူမကို စိတ်အေးအောင် လုပ်ပေးနိုင်သည့် အရှိန်အဝါကို ခံစားနေရသည်။ သူမက ဧည့်သည်များ၏ ဆွေးနွေးမှုအတွင်း ဝင်မပါခဲ့ချေ။

 

တခဏခန့် တုံ့ဆိုင်းနေပြီးနောက် ယန်ရှစ်ရွှမ်းနည်းတူ လုပ်ရန် ဆုံးဖြတ်လိုက်သည်။

 

ထိုအချိန်တွင် သူမကလည်း သူမ၏နားအတွင်း အထွန့်တက်သံကို အမှန်တကယ် ကြားခဲ့ရလေသည်။

 

 

ဖြူဖျော့သော မျက်နှာနှင့် တင်းချန်က အနားရှိလူကို ပြုံးပြနေရန် မနည်း ကြိုးစားလိုက်သည်။ သူမက ကြောက်လန့်ခဲ့ရသည့်အပြင် နေ့အချိန်အတောအတွင်း အအေးလည်း မိခဲ့သေးသည်။ ထိုအတွက်ကြောင့် သူမက နေလို့သိပ်မကောင်းသဖြင့် အခန်းသို့ ပြန်ကာ နားချင်သည်ဟု ဆိုလိုက်သည်။

 

အခြားဧည့်သည်များကလည်း သူတို့နှင့် ကင်မရာ ဝေမျှမည့် လူတစ်ယောက် လျော့သွားသောကြောင့် ပို၍ ပျော်ရွှင်သွားသည်။ စိုးရိမ်စကား အနည်းငယ် ပြောကြပြီးနောက် တင်းချန်ကို သွားခွင့်ပြုလိုက်ကြသည်။

 

ကင်မရာအပြင်မှ ကျန်းဝူပင်းကသာ အနည်းငယ် ထိတ်လန့်နေသည်။ ယန်ရှစ်ရွှမ်းက အိပ်ခန်းသို့ ပြန်ပြီး ဆေးကြော သန့်စင်သည်။ ထို့နောက် သူက အဝတ်ပင်မချွတ်ပဲ အိပ်ယာပေါ်သို့ တန်းတက်ပြီး လှဲချရန် အဆင်သင့် ပြင်လိုက်သည်။

 

သူက အလွန် စိတ်အား ထက်သန်သော သူမျိုးလည်း မဟုတ်ချေ။ သူက ကိစ္စများကို လုပ်ကိုင်သည့် အချိန်တိုင်းလိုလို အကျိုးအကြောင်းနှင့် သက်ရောက်မှုများကို ဂရုစိုက်တတ်သူ ဖြစ်သည်။ သူက အချို့သော ကိစ္စများကို ကူညီဖြေရှင်းပေးသော အချိန်တိုင်းလိုလို အခကြေးငွေယူသည်။ သူက တစ်ဖက်သူကို အလကား ကူညီလိုက်လျှင် သူနှင့် တစ်ဖက်သူအကြား ယင်နှင့်ယန်စာချုပ် ချုပ်ဆိုလိုက်သည့် အခြေအနေမျိုး အဖြစ်မခံပေ။ ထို့ကြောင့် အခကြေးငွေ ယူကိုယူရသည်။ သို့မှသာ နှစ်ယောက်ကြားမှ ပတ်သက်မှုက ရှင်းလင်းနေမည် ဖြစ်သည်။

 

ထိုနည်းအားဖြင့် သူ့အပေါ် မလိုလားအပ်သည့် စိုးရိမ်စရာ အကျိုးဆက်များ ဖြစ်လာစေလိမ့်မည် မဟုတ်ချေ။

 

ထိုအတွက်ကြောင့် ယန်ရှစ်ရွှမ်း ကျန်းဝူပင်းက ဖိတ်ခေါ်သော ပရိုဂရမ်အကြောင်း ကြားသိရချိန်တွင် အသေးစိပ် အခြေအနေကို မမေးမြန်းခဲ့ပေ။ ထိုအချက်များအပြင် ကျန်းဝူပင်းက တန်ဖိုးထားသော ဒီပရိုဂရမ်ကို သူ၏ မသေချာသေးသော သတိပေးချက် အချို့လောက်နှင့် အခြေအနေ ပြောင်းလဲသွားစေပြီး ပျက်စီးသွားစေမည့် အခြေအနေမျိုးကို မဖြစ်စေချင်ခဲ့ပေ။

 

သို့သော် စားပွဲပေါ်ရှိ လူတိုင်း၏ မျက်နှာထားအရ သူ၏သတိပေးမှုက အလဟဿ ဖြစ်ခဲ့ပုံပေါ်သည်။

 

ယန်ရှစ်ရွှမ်းက ပိုင်ဆိုင်ထားသည့် သီးသန်အခွဲကင်မရာက စခရက်လုပ်သူ အလွန်နည်းသည်။ ထို့ကြောင့် သူက ဖုန်းကို ထုတ်လိုက်ပြီး အခြားဧည့်သည့် တစ်ယောက်ချင်းစီ၏ ဆိုရှယ်အကောင့်များကို လိုက်စစ်ကြည့်လိုက်သည်။

 

မျှော်လင့်ထားသည့်အတိုင်း တောင်ပေါ်သို့ တက်လာချိန်က တင်းချန်က ကြောက်လန့်နေသောကြောင့် ဖြစ်လောက်သည်။ ထို့ကြောင့် တစ်ချိန်လုံး သူမက အိပ်ခန်းထဲတွင်သာ နေခဲ့ပြီး ညစာမစားခင်အထိ အပြင်သို့ မထွက်လာခဲ့ချေ။ သူမက လွဲပြီး အခြားသော ဧည့်သည်များကမူ အားနေသောအချိန်ကို အခွင့်ကောင်းယူလျက် စံအိမ်နှင့် ဥယျာဉ်အနှံ့သွားကာ ဓာတ်ပုံ ရိုက်ခဲ့ကြသည်။ သူတို့က သူတို့၏ ဆိုရှယ်အကောင့်များတွင် တင်ခဲ့ကြသည်။ ထိုလူများထဲတွင် ယန်ရှစ်ရွှမ်း အာရုံအစိုက်မိဆုံးက ထိုဧည်သည့်များထဲမှ အမျိုးသားအိုင်ဒေါလ် တစ်ယောက် ဖြစ်သည်။ ထိုအိုင်ဒေါလ် အနုပညာရှင်၏ နာမည်ကို အန်းနန်ယွမ်ဟု ခေါ်သည်။ သူသည် မနှစ်က တဲလ်လန့် ရှိုးတစ်ခုတွင် ပွဲဦးထုတ်ခဲ့ပြီး နာမည်ကြီး အိုင်ဒေါလ်တစ်ယောက် ဖြစ်သည်။ သူက ဒီခရီးသွား ရသစုံရှိုးတွင် အကျော်ကြားဆုံး သူတစ်ယောက်လည်း ဖြစ်သည်။

 

တစ်ချိန်တည်းတွင်ပင် အန်းနန်ယွမ်က ဒီစံအိမ်တစ်ခုလုံးကို လျှောက်ကြည့်ခဲ့သော သူလည်း ဖြစ်သည်။ သူက သူ၏ အခွဲတိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာလေးဖြင့် ရိုက်ကူးခဲ့သမျှကို ပြန်လည်တည်းဖြတ်ပြီး ပရိတ်သတ်များက ပြန်လည် ကြည့်ရှုနိုင်ရန်အတွက် သူ၏ ဆိုရှယ်အကောင့်သို့လည်း တင်ပေးခဲ့သည်။

 

ယန်ရှစ်ရွှမ်းက ထိုဗီဒီယိုကို တိုက်ရိုက်နှိပ်လိုက်ပြီး ဖွင့်လိုက်စေသည်။ ထိုအခါ အခြားသူ၏ ကင်မရာမှန်ဘီလူးမှ တဆင့် ဒီစံအိမ်ကို မတူညီသော ပုံစံမျိုးဖြင့် မြင်လိုက်ရလေသည်။

 

သူက မီးဖိုခန်းထဲသို့ ဝင်ရောက်ကာ ရှာဖွေ ကြည့်ရှုခဲ့သေးသောကြောင့် ယန်ရှစ်ရွှမ်းက ပုံမှန်မဟုတ်ဟု ခံစားရသော အသားတစ်အိုးကို ဖျက်ဆီးခဲ့သည်။ ထိုနည်းအားဖြင့် အိမ်တော်ထိန်းအိုကြီးကို အလန့်တကြား ဖြစ်သွားစေခဲ့လေသည်။

4 03

ထို့ကြောင့် ညစားမစားခင် ယန်ရှစ်ရွှမ်းက မည်သည့်နေရာသို့ သွားသွား နောက်လှည့်ကာ ကြည့်လိုက်သော အချိန်တိုင်းလိုလို ထိုအိမ်တော်ထိန်းအိုကြီးကို သူနှင့် သိပ်မဝေးသော နေရာတွင် မြင်နေရလေသည်။ သူက တစ်စုံတရာ လိုအပ်သလောဟု ယဉ်ကျေးသော ပုံစံမျိုး ဖြင့် မေးမြန်းနေသည့်တိုင်အောင် သူက အသံသွင်းထားသော အကြောင်းအရာတစ်ခုခုကို ထပ်ခါတလဲလဲ ပြန်ဖွင့်ပြသလိုမျိုး အသံတုံးက တောင့်တင်း နေခဲ့သည်။

 

ယန်ရှစ်ရွှမ်းကလည်း သူ့ကို အိမ်တော်ထိန်းအိုကြီးက စောင့်ကြည့်နေပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်လေသည်။

 

သူ၏စိတ်ထဲတွင်လည်း ခပ်ရေးရေး သံသယဝင်နေသော အခြေအနေမျိုး ရှိသော်လည်း သူက သက်သေ မရှာနိုင်သေးခင်အထိ ရှိုးတစ်ခုလုံးမှာ ဝန်ထမ်းနှင့် ဧည့်သည်များကို ရင်းပြီး အသားကုန် ခြောက်လှန့်သည် အပြုအမူမျိုးကို မလုပ်ရဲသေးချေ။ ထိုအတွက်ကြောင့် သူက ယာယီအားဖြင့် စံအိမ်တစ်ခုလုံးကို လိုက်ကြည့်မည့်အကြံကို လက်လျော့ခဲ့ရသည်။

 

သို့သော် ညစားစားနေချိန် အတောအတွင်း အန်းနန်ယွမ်က သူဟာ စံအိမ်တစ်ခုလုံးအနှံ့ လိုက်ကြည့်ခဲ့ပြီး အိမ်တော်ထိန်းအိုကြီးက ပြင်ဆင်မှု အောက်တွင်ရှိသည်ဟု ပြောသော လေးထပ်မြောက်သို့ပင် သွားကြည့်ခဲ့ကြောင်း ထည့်ပြောခဲ့သည်။

 

ထိုအခြေအနေကပင် ယန်ရှစ်ရွှမ်း၏ မျက်ဝန်းကို ချက်ချင်း တောက်ပစေခဲ့သည်။ သိသာစွာပင် ပြီးပြည့်စုံသော လမ်းကြောင်းဟူ၍ မရှိချေ။

 

ယန်ရှစ်ရွှမ်းက ဗီဒီယိုကို ဖွင့်လိုက်သောအခါ ဗီဒီယိုထဲရှိ အန်းနန်ယွမ်၏ အနောက်ဘက်တွင် အဖြူရောင် အလင်းတစ်ချက်က ဖြတ်ပြေးကာ ပျောက်ကွယ်သွားသော မြင်ကွင်းမျိုးကို သူက ရုတ်ချည်း မြင်လိုက်ရသည်။

 

ထိုဗီဒီယို၏အောက်ဘက် ကွန့်မန့်ကဏ္ဍတွင်လည်း အန်းနန်ယွမ်၏ လက်များ၏ ကျော့ရှင်း ကြည့်ကောင်းမှု၊ ထိုစံအိမ်၏ ရီထရိုဆန်သည့် ပုံစံမျိုးကို ဆက်တိုက် ချီးကျူးနေသော ကွန့်မန့်များက ရူးသွပ်မတတ် ပေါ်ထွက်နေသည်။ တစ်ချို့သော ပရိတ်သတ်ကမူ စက္ကန့်တစ်ဝက်ပင် မကြာသော ပုံစံမျိုးဖြင့် ဖြတ်ကနဲပေါ်ကာ ပျောက်သွားသည့် အရာကို သတိထားလိုက်မိကြသည်။

 

{အစပိုင်းမှာလေ ငါ့ကောရဲ့အနောက်မှာ _ _ _ လူရိပ်လားလို့}

 

{ငါလည်း မြင်လိုက်တယ်။ ဝန်ထမ်းရဲ့အရိပ်က မှန်ကနေ တစ်ဖန် ပြန်ဟပ်နေတာလားလို့လေ}

 

{လိုက်ကာ မဖြစ်လောက်ဘူးလား။ အများကြီး တွေးမနေပါနဲ့။ ဒီအတိုင်း သူ့ရဲ့မျက်နှာကိုပဲ လျက်ဖို့စဉ်းစားထားကြ။ ကောက တအားကြည့်ကောင်းနေတာ မဟုတ်လား}

 

ယန်ရှစ်ရွှမ်းက သူ၏ လက်ချောင်းများကို ရပ်လိုက်သည်။ သူက နောက်သို့ ပြန်ရွှေ့ပြီး ပြန်ကြည့်သည်။ ထို့နောက် ဆက်ကြည့်၏။

 

ထို့နောက် ဗွီဒီယိုထဲတွင် အန်းနန်ယွမ်က စံအိမ်တစ်ခုလုံးကို စတင်ကာ ကြည့်ရှုလေသည်။ ယန်ရှစ်ရွှမ်း၏ အာရုံကလည်း ပတ်ဝန်းကျင် အနေအထားကို တောက်လျောက် အာရုံစိုက်ခဲ့ရာမှ အနောက်ဘက်ရှိ ပန်းချီကားတစ်ချပ်ကို သတိပြုမိသွားသည်။

 

လှေကား ထောင့်စွန်းနေရာတွင် အလွန်အမင်း ရှေးကျသည့် ဗုဒ္ဓရုပ်ပွားတော်လေးတစ်ခုကို မြင်ရသည်။ ယခုလို ပြန်လည် မွန်းမံထားသော စံအိမ်အတွင်းတွင် ပျက်စီးနေသော ကွမ်ရင်ရုပ်ထုလေးက ရှိနေ၏။

 

ထိုရုပ်ထုနှစ်ခုကို လျှောက်လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ချထားပြီး တစ်ဖက်ခြမ်းက ညိုးနွမ်းနေသော ပန်းများနှင့် ငိုကြွေးနေသော ပုံရိပ်များ ပြည့်နှက်နေသလို အခြား တစ်ဖက်ခြမ်းတွင်မူ လန်းဆန်းသော ပန်းများနှင့် ပြုံးနေသော ပန်းချီကားများ ရှိနေသောကြောင့် ဆန့်ကျင့်ဘက်ပုံစံမျိုး ဖြစ်နေသည်။

 

လေးထပ်မြောက်တွင် လှပသော မှန်တင်ခုံ တစ်ခုရှိသည်။ ထိုမှန်တင်ခုံပေါ်တွင် သလင်းသဲနာရီတစ်ခု ရှိနေပြီး ပွင့်နေသော တစ်ဝက်ခန့်သာ အသုံးပြုရသေးပုံပေါ်သည့် ခေတ်ဟောင်းနူတ်ခမ်းနီဘူး တစ်ခုလည်း ရှိနေသည်။

 

တစ်ထပ်ချင်းစီတိုင်း၏ အခန်းတိုင်တွင် ဘယ်ဘက်ခြမ်းတွင် အဖြူရောင် လိုက်ကာများကို တွေ့ရပြီး အဖြူရောင် ကော‌ဇောများကို မြင်ရသည်။ တစ်ချက် ကြည့်ရုံဖြင့်ပင် တစ်ခြမ်းလုံးက ဖြူဖွေးနေသည်။ လေတိုက်သောအခါ တဖြည်းဖြည်းချင်း လွှင့်နေတတ်၏။ ညာဖက်ခြမ်းတစ်ခုလုံးကိုမူ သွေးနီရောင် လိုက်ကာများဖြင့် မွမ်းမံထားပြီး နီရဲလွန်းနေသည်။ ထို့ကြောင့် နောက်ပြ န်လှည့်ကြည့်လိုက်သောအခါ သွေးမိုးများ ရွာသွန်းနေသည်ဟု ထင်ရလောက် လေသည်။

 

_ _ _

 

ဗွီဒီယိုထဲတွင် အန်းနန်ယွမ်က သူ၏ချောမောသော မျက်နှာကို ကင်မရာရှေ့တွင် အကောင်းဆုံးပြနိုင်ရန် ကြိုးစားနေသေးသည်။ ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်သည့် အချိန်အတွင်း မကြာခဏဆိုသလို ကွန့်မန့်ကဏ္ဍမှ သူငယ်ချင်းများနှင့် မကြာခဏဆိုသလို အပြန်အလှန် ပြောဆိုနေကြပြီး ရယ်ရယ်မောမော ရှိနေလေ၏။

 

သို့သော် ကွန့်မန့်ကဏ္ဍတွင်မူ အချို့သော ပုရိသတ်များက စတင်ကာ တုန့်ဆိုင်းပြီး တစ်စုံတရာဟာ မှားယွင်းနေကြောင်း နားလည်လာသည်။

4 04

{ငါ့ရဲ့ကော နေနေတဲ့ ဒီစံအိမ်က ဟောင်းနေတာကြောင့်များလား။ ဘာလို့ အရမ်းမှောင်နေတယ်လို့ ခံစားနေရတာလဲ}

 

{ငါလည်း အေးလာသလို ခံစားနေရသလိုပဲ။ ဒါကြောင့် ငါ အရင်ဆုံး အဝတ်သွားဝတ်ပြီးမှ ပြန်လာခဲ့မယ်}

 

{ဒီဗွီဒီယိုကို ညဘက်ကြည့်နေရတော့ ငါ့ရဲ့ကောက သိသိသာသာ လှလှပပ ပြုံးနေတာ ဆိုပေမယ့်လည်း ဘာကြောင့်လည်းမသိ ငါ နည်းနည်း ကြောက်လာတယ်။ ထားလိုက်ပါတော့ ငါ မနက်ဖြန် မနက်ပိုင်းမှ ပြန်ကြည့်တော့မယ်}

 

ထိုကဲ့သို့သော ကွန့်မန့်များကလည်း အန်းနန်ယွမ် ချီးကျူးမှုများကြား မြှပ်သွားသည်။

 

ယန်ရှစ်ရွှမ်းက ကွန်မန့်များအကြားမှ ကွန့်မန့်အချို့ကို ရွေးထုတ်ကြည့်ပြီး ဖတ်ကြည့်လိုက်သည်။ ထိုအရာက စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားရ၏။

 

ထိုသို့ကြောက်လန့်ပြီး အအေးဒဏ်ကို ခံစားရသော လူများက အတန်အသင့် ငယ်ရွယ်လောက်သည်။ သို့မဟုတ်လျှင် သူတို့၏ မွေးရာပါ ဝိဉာဉ်ဓာတ်က အပြည့်အဝ လျော့ပါး ပျောက်ကွယ် နေလောက်မည် မဟုတ်ချေ။ ထိုအတွက်ကြောင့်ပင် တခြားသူများထက် ပို၍အကင်းပါးစွာ ကိစ္စများကို အာရုံခံစားနိုင်ခြင်း ဖြစ်လောက်သည်။

 

သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဖုန်းကို ပြန်ပိတ်လိုက်ကာ အိပ်ကပ်ထဲသို့ ပြန်ထိုးထည့်လိုက်သည်။ ထို့နောက် နူးညံ့သော စောင်ကို ဆွဲယူလိုက်ပြီး ခြုံကာ အိပ်စက်ရန် ပြင်လိုက်သည်။

 

အသံမလုံသော အခန်းအတွင်းတွင် ဧည့်ခန်းထဲတွင် ရှိနေသည့် ဧည့်သည်များ၏ ရယ်သံ၊အော်သံများကို ကြားနေရသည်။ သို့သော် ယန်ရှစ်ရွှမ်းကမူ သက်ရောက်ခံရပုံ မရဘဲ မျက်လုံးမှိတ်လိုက်သည်နှင့် အိပ်ပျော်သွားသည်။

 

_ _ _

 

အာရုံတက်ဖို့ အချိန်အများကြီး လိုသေးတယ်။ အဲဒီမတိုင်ခင် တစ်ခုခုတော့ ဖြစ်ဦးမှာပဲ။ ဒီတော့ တတ်နိုင်သမျှ စောစောအိပ်ထားတာ ပိုကောင်းမယ်။

 

…..

 

ယန်ရှစ်ရွှမ်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ လျိုရီရီနှင့် အခြားသော ဧည့်ခန်းထဲရှိ ဧည့်သည်များ၏ မချုပ်ထိန်းထားသည့် ရယ်သံများ၊ အသံတုံးမြှင့်အသံများကပင် သူ့ကို မနိုးနိုင်ခဲ့ပေ။

 

_ _ _

 

ည၁၁နာရီတွင် ဧည့်သည်တိုင်းက ဂိမ်းကို ဆုံးသတ်လိုက်ကြသည်။ သူတို့က ကင်မရာ၏အရှေ့တွင် တောက်ပသော အပြုံးများဖြင့် နူတ်ဆက်စကားပြောလိုက်ကြပြီး သူတို့၏ အခန်းထဲအသီးသီးသို့ ပြန်ဝင်သွားကြသည်။

 

နေ့ချိန်အတောအတွင်း ပရိုဂရမ်ကို စခရက်ရှင်း လုပ်ထားကြသော အရေအတွက်ကို စစ်ကြည့်ပြီးနောက် ကျန်းဝူပင်းက ကျေနပ်စွာ ခေါင်းညိတ်နေသည်။ သူက ညပိုင်း တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာ၏ ရှုထောင့်ကို သေချာချိန်ညှိပြီးနောက် ဝန်ထမ်း၂ယောက်ကို ချန်ထားရစ်ခဲ့လျက် ဒီညပိုင်းတွင် ဒီကိရိယာကို စောင့်ကြည့်ရန် ချန်ထားခဲ့လိုက်သည်။

 

ယန်ရှစ်ရွှမ်း၏ သတိပေးမှုကြောင့် ကျန်းဝူပင်းကလည်း လွန်ခဲ့သော နှစ်၂၀ အတောအတွင်း သူ မကြာခဏကြုံတွေ့ရလေ့ရှိသည့် တစ္ဆေသရဲများအကြောင်းကို သတိရလိုက်သည်။ ထို့အပြင် လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းကလည်း ယန်ရှစ်ရွှမ်းဟာ သူ၏ကံကောင်းမှုက သာမာန်လူများထက် အလွန်ညံ့ကြောင်း ပြောပြခဲ့ဖူးသည်။

 

သူ၏နှလုံးသားက တုန်ယင်သွားသည်။ သို့သော် သူက ဝန်ထမ်းတိုင်းအား သူတို့အတွက် ပြင်ဆင်ထားသည့် ပထမထပ်မှ အခန်းအတွင်းသို့သာ တစ်ညလုံး ဝင်နေပြီး စံအိမ်အပြင်သို့ မထွက်ရန် မှာကြားထားလိုက်သည်။ ထို့နောက် သူ၏အခန်းသို့ ပြန်ပြီးနောက် စိတ်အေးအေးနှင့်အိပ်သည်။

 

ထို့အပြင် စံအိမ်တစ်ခုလုံးက တိတ်ကျသွားပြီး တိတ်ဆိတ်လွန်းသဖြင့် အသက်ရှူသံကိုပင် ကြားနိုင်လောက်၏။

 

လော်ဘီမှ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်နေသော ဝန်ထမ်းကလည်း ငိုက်မျဉ်းလာခဲ့သည်။ သူတို့က အချိန်မရွေး အိပ်ပျော်သွားတော့မည့်ပုံပေါ်လာ၏။

 

…..

 

ဒုန်း ဒုန်း ဒုန်း

 

ဒုန်း ဒုန်း ဒုန်း

 

ဆက်တိုက်ဆိုသလို ထွက်လာသည့် တံခါးခေါက်သံက သက်တောင်သက်သာ အိပ်နေသည့် ယန်ရှစ်ရွှမ်းကို နိုးလာစေသည်။ သူက မျက်လုံးကို ဆတ်ခနဲဖွင့်လိုက်သောအခါ လျှပ်စီးက ဖြတ်ကနဲ ဖြတ်ပြေးသွားသည်ဟုပင် ထင်ရသည်။

 

“ယန်ကော အမြန်ထပါဦး။ တစ်ခုခုတော့ ဖြစ်နေပြီ”

 

ကျန်းဝူပင်း၏ စိုးရိမ်တကြီး အသံက အပြင်ဘက်မှ ထွက်လာသည်။

4 05

“ငါတို့ လူတစ်ယောက် ပျောက်သွားပြီ”

 

ယန်ရှစ်ရွှမ်း “…”

 

သေချာစွာပင် ကျန်းဝူပင်းက သူ၏နာမည်ကို ကျန်းယို့ပင်းဟု ပြောင်းသင့်သည်။ သူက ရှက်လျှင်ပင် ယန်ရှစ်ရွှမ်းက မရှက်တတ်ပေ။ ဒါက သူနဲ့ ဘာဆိုင်လဲ။

 

ကျန်းဝူပင်းက ငိုချင်လုနီးပါး ဖြစ်နေလေပြီ။ တံခါးအပြင်ဘက်မှ တဒုန်းဒုန်းအသံက တိတ်ဆိတ်နေသော စံအိမ်အတွင်း ပုံမှန် မဟုတ်သလိုပင် ထင်ရသေးသည်။

 

“ယန်ကော ယန်ကော ပိုင်ရွှမ်းကို မှတ်မိသေးလား။ သူမရဲ့ အခန်းတံခါးက ပွင့်နေတယ်။ ဒါပေမယ့် အထဲမှာ လူ မရှိတော့ဘူး။ စံအိမ်ထဲမှာလည်း ရှာမတွေ့ဘူး။ သူမက ပျောက်နေတယ်”

 

ယန်ရှစ်ရွှမ်း .. “ဝိုး ရှက်စရာပဲ”