Ch 7
Viewers 6k

အပိုင်း (၇)

 

ကျန်းဝူပင်းကမူ စံအိမ်၏ ဧည့်ခန်းအတွင်း တိုက်ရိုက်ထုတ်လွှင့်မှု၏ အဓိက ကင်မရာကို ရူထောင့်ချိန်ကာ ချန်ထားရစ်ခဲ့ရန် စဉ်းစားခဲ့သည်။ ထိုအတိုင်းလည်း လုပ်ခဲ့၏။ ဆိုဖာပေါ်တွင် မှေးမှိန်သော အလင်းမီးအိမ်ကို ဖွင့်လိုက်ပြီး စောင်ခင်းလျက် ဝင်ထိုင်လိုက်သည်။ ညပိုင်း တိုက်ရိုက် ထုတ်လွှင့်မှု၏ နွေးထွေးသော ဘက်ခြမ်းကို ပြခြင်းအားဖြင့် ကြည့်ရှုသူများကလည်း ညနက်ပိုင်းအတွင်း တိုက်ရိုက် ထုတ်လွှင့်အတွင်းသို့ ဝင်ရမည်ဆိုလျှင်ပင် ငြိမ်းချမ်းသော လေထုအခြေအနေကို ခံစားမိရန် မျှော်လင့်ခဲ့လေသည်။

 

သို့ရာတွင် မျှော်လင့်ထားမှုနှင့် ဆန့်ကျင်ဘက် ဖြစ်သွားသည်မှာ ဧည့်ခန်းထဲရှိ အလင်းတိုင်းက မဲမှောင်လုနေပြီး စံအိမ်တစ်ခုလုံးက အမှောင်ထုက လွှမ်းမိုးထားသည်။

 

ဧည့်သည်အများစုက ညပိုင်းတွင် သူတို့၏သီးသန့်အခွဲစခရင် ကင်မရာများကိုသာ ဖွင့်ထားကြသောကြောင့် ဆိုရှယ်ပလက်ဖောင်းများမှ လာသော ကြည့်ရှုသူ အများစုကလည်း ရသစုံရှိုး၏ အဓိကဖန်သားပြင် အတွင်းသို့သာ ဝင်မိသွားကြသည်။

 

ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ဖွင့်လိုက်ပြီးပြီးချင်း သွေးများစိုရွှဲနေပြီး ကြောက်မက်ဖွယ်ကောင်းလွန်းသော မျက်နှာကြီးကို မြင်လိုက်ရသဖြင့် အားလုံးက ခြောက်ခြားသွားရသည်။

 

ကြည့်ရှုသူများ “သရဲရှိတယ်”

 

သို့ရာတွင် ထိုသရဲကပင် ကြည့်ရှုသူများထက် ပို၍ ထိတ်လန့်သွားပုံပေါ်သည်။ ကင်မရာတွင် ပေါ်လာသည့် စက္ကန့်အနည်းငယ် အတောအတွင်း သူက နောက်သို့ မကြာခဏ လှည့်ကြည့်နေပြီး တစ်စုံတရာက သူ့ကို အမဲလိုက်နေသလို ပြုမူသည်။ သူက ကင်မရာ၏အရှေ့မှ ခပ်မြန်မြန် ဖြတ်သွားပြီးနောက် အနောက်ဘက်ရှိ အမှောင်ထုအတွင်းသို့ ဝင်ရောက်ကာ အနီရောင်အရိပ်ကိုသာ ချန်ထားရစ်ခဲ့လျက် ပျောက်ကွယ်သွားသည်။

 

ကြည့်ရှုသူများ “?”

 

အဓိကဖန်သားပြင်၏ အရှေ့မှ ကြည့်ရှုသူများက စိတ်ရှုပ်ထွေးနေကြ အချိန်တွင် မူလက အန်းနန်ယွမ်၏ အခွဲစခရင်အတွင်းတွင် ရှိနေသော ပရိတ်သတ်တိုင်းက ရူးသွပ်လုနီးပါး ဖြစ်သွားကြသည်။

 

တခဏတွင် သူတို့၏ ရှောင်ကောကောက ကင်မရာ၏အရှေ့တွင် လှပစွာ ပြုံးနေခဲ့သည်။ ထို့နောက် တခဏတွင် တံခါးက ပွင့်သွားပြီး ကင်မရာတွင် သွေးနီရောင် အရာကြီးကို မြင်လိုက်ရသည်။ ထိုအရာကြီး၏မျက်နှာက အန္တရာယ်များမှုအပြည့်နှင့် ပြုံးနေခဲ့သည်။ ထိတ်လန့်သဲဖို ရုပ်ရှင်အတွင်းမှ ကုန်းထွက်လာသည့် မကောင်းဆိုးဝါးကြီး တစ်ကောင်ကဲ့သို့ ရူးသွပ်မှုများနှင့် ပြည့်နှက်နေသော မျက်နှာထားကြီးကို မြင်လိုက်ရသေးသည်။

 

သူ၏မျက်နှာနှင့်ပင် အန်းနန်ယွမ်ကို ချက်ချင်းစားပစ်မည်ဟု ပြောနေသည်ဟုထင်ရသည်။

 

တံခါး၏အပြင်ဘက်ရှိ အလင်းက ဖျော့တော့သည်။ မဲမှောင်နေသော လျှောက်လမ်းကို ကင်မရာမှတဆင့် ထင်ထင်ရှားရှားမြင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အန်းနန်ယွမ်၏အသံက ရုတ်ချည်းရပ်တန့်သွားသလို ထင်ရသော အခြေအနေကိုသာ သိလိုက်ကြရသည်။

 

အချို့သော ထိတ်လန့်တတ်သည့် ပရိသတ်များက ငိုပင်ငိုကြသည်။

 {ငါ့ရဲ့ ကော ဘာဖြစ်သွားတာလဲ။ အဆင်ပြေရဲ့လား။ မြန်မြန်လေး အကြောင်းပြန်ပါဦး}

 

{ဖာ့ခ် အဲဒီအနီရောင်အရာကြီးကို မင်းတို့ မြင်လိုက်ကြလား။ တိုက်တိုက်ဆိုင်ဆိုင် ငါက ဖန်သားပြင်ကို ရီကောတင်း ယူထားတယ်။ ဒါကို အနှေးပြကွက်နဲ့ ငါ ပြန်ကြည့်လိုက်တော့ ကြောက်လွန်းလို့ ဖုန်းတောင် ပစ်ချမိသွားတယ်။ သောက်ကျိုးနည်း ဒါက သရဲ}

 

{ငါ အစကတော့ ကောကော ပို့စ်တင်ထားတဲ့ သတင်းအချက်ကြောင့် ဒီကျော်ကြားတဲ့ ရသစုံရှိုးက တမင် hide လုပ်ချင်တယ်လို့ ထင်ပြီး စောင့်ဖမ်းဖို့ ရောက်လာခဲ့တာ။ မမျှော်လင့်ထားပဲ ဖြတ်လျှောက်ရုံ ရှိသေးတယ်။ ဒီလို အခြေအနေမျိုးကို မြင်လိုက်ရတယ်။ တစ်ယောက်ယောက် ငါ့ကို ရှင်းပြပေးနိုင်မလား။ အဲဒါက ဘာကြီးလဲ}

 

{ညီအစ်မတို့ ရသစုံရှိုးကောကောရဲ့ အက်ပဒိတ်ကို မြန်မြန်လေး သွားကြည့်လိုက်ကြပါ။ နောက်ပြီး ရှိုးရဲ့ အဓိက ဖန်သားပြင်ရဲ့ ကွန့်မန့်ကဏ္ဍကိုလည်း သွားကြည့်လိုက်။ ဒီစံအိမ်က သရဲအစစ် ရှိတဲ့ပုံပဲ}

 

{အစစ်လား အတုလား။ ဒါဆိုရင် ကောအတွက် အန္တရာယ်များလွန်း မနေဘူးလား}

 

ဖန်သားပြင်အခွဲက ရှုပ်ထွေးနေသည်။ သို့သော် ကင်မရာကမူ ဆက်လက် ရိုက်ကူးနေသေး၏။

 

စံအိမ်အတွင်းမှ အမှောင်ထုကို ကျင့်သားရနေသော ပရိတ်သတ်များကလည်း ထိုလျှောက်လမ်းတွင် ရပ်နေသည့် တစ်စုံတစ်ယောက်ကို ဖျော့တော့သော အလင်းရောင်မှတဆင့် မြင်လိုက်ရသည်။ ထိုလူ၏မျက်နှာက ကြောက်စရာကောင်းသော သွင်ပြင်မျိုး ရှိနေသည်။ သူက သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်သည်။

 

“ငါက ယန်ရှစ်ရွှမ်း ဧည့်သည်တွေထဲက တစ်ယောက်ပဲ”

 

ထိုမျက်နှာက ယခုလေးတင် မြင်လိုက်ရသည့် ရူးသွပ်မှုနှင့် ထိတ်လန့်သဲဖိုမှုများ ပြည့်နှက်နေ‌သော ခံစားချက်ကို ငြိမ်သက်သွားစေသည့် အချိန်တွင် ပတ်ဝန်းကျင်နှင့် မျက်နှာထားများ အားလုံး၏ အားဖြည့်ပေးမှု မရှိတော့ပဲ နဂိုမူရင်း ချောမောသည့် ရုပ်ရည်အဖြစ် ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။

 

အန်းနန်ယွမ်ဟာ အခြားလှပသော အိုင်ဒေါလ်များ အကြားတွင်ပင် ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်သည့် အနေအထားမျိုးတွင် ရှိသောသူ ဖြစ်သည့်အလျောက် သူ၏ပရိသတ်များကလည်း ထိုကဲ့သို့သော ရုပ်ရည်မျိုးကို ကျင့်သားရနေပြီးသား ဖြစ်သည်။ ထို့အပြင် ယန်ရှစ်ရွှမ်း၏ မျက်နှာကမူ ထိုထက်ပိုပြီး အဆင့်မြှင့်သော အနေအထားမျိုးတွင် ရှိသည့်အတွက် ပရိတ်သတ်များက အသိဝင်သွားကြသည်။ အရေးကြီးဆုံးအချက်ကမူ ယန်ရှစ်ရွှမ်းက လူသားဖြစ်သည်။ သရဲမဟုတ်ချေ။

 

ထိုအခါမှသာ ပရိတ်သတ်များက စိတ်အေးသွားကြသည်။

 

{ဒါပေမယ့် ဒီစခရင် ရီကော့တင်းရဲ့အရှေ့ စက္ကန့်အနည်းငယ်လောက်ကို ပြန်ကြည့်မိတယ်။ ဒါက တကယ်ကို_ _ _}

 

{ဒီ‌ရှောင်ကောကောက တအားချောလွန်းနေတာ မဟုတ်လား။ ဒါပေမယ့် အခု သူ့ရဲ့မျက်နှာထားက တော်တော်လေး ကြောက်ဖို့ကောင်းသွားတယ်။ ငါ သူ့ကို သရဲလို့တောင် ထင်သွားတယ်}

 

ကင်မရာကို တောင့်တင်းစွာ ရင်ဆိုင်နေသည့် ယန်ရှစ်ရွှမ်းကလည်း ကွန့်မန့်ကဏ္ဍမှ ခမ်းနားသော မြင်ကွင်းကို သတိမမူမိချေ။ သူက သူလုပ်မိသည့်အရာကိုသာ အလေးအနက်ထားကာ တွေးနေသည်။

 

ငါ ဒီလိုလုပ်လိုက်လို့ ကျန်းဝူပင်းရဲ့ ရှိုးက အပိတ်မခံရလောက်ပါဘူးနော် ဟုတ်တယ်မလား။

 

“မင်းက အိပ်တဲ့အချိန်မှာ ဒီအခွဲကင်မရာကို ဖွင့်ပြီး ဘာလုပ်နေတာလဲ”

 

ယန်ရှစ်ရွှမ်းက အန်းနန်ယွမ်၏ ပါးစပ်ကို အုပ်ထားသောလက်ကို တဖြည်းဖြည်းချင်း ပြန်ဖြည်လိုက်ပြီး ခြေလှမ်းအနည်းငယ် ဆုတ်သည်။ ထို့နောက် ကင်မရာနှင့် အကွာအဝေးခြားလိုက်ကာ မေးလိုက်၏။

 

“မင်းက ဘာလဲ”

 

အန်းနန်ယွမ်က ကူကယ်ရာမဲ့စွာ ပြောသည်။

 

“လူကြီးမင်းယန် ငါက တီကေအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ ငါ လူ‌ရှေ့ ထွက်ပြဖို့အတွက် လိုအပ်ချက်တွေ ရှိနေတာမို့လို့ နောက်ပြီး အခုလည်း မအိပ်ချင်သေးတဲ့အတွက် ပရိတ်သတ်တွေနဲ့ စကားပြောနေတာပါ”

 

ရိုးရိုးရှင်းရှင်း ပြောရသော် .. ငါက စီးပွားရေး လုပ်နေတာ။

 

“...”

 

ယန်ရှစ်ရွှမ်းက တခဏခန့် တွေးတော ကြည့်သည်။ ထို့နောက် သူ၏နှလုံသားထဲမှ စိတ်ကူးယဉ်ဆန်သည့် နောက်ဆုံးသော ခံစားချက်များနှင့်အတူ မေးလိုက်၏။

 

“ကျန်းဝူပင်းရဲ့ရှိုးမှာ မင်းရဲ့ပရိတ်သတ်တွေ အများကြီး မရှိလောက်ဘူး မဟုတ်လား။ နောက်ပြီး ဒါက ဖန်သားပြင်အခွဲကို ဖွင့်ထားမယ် ဆိုရင်တောင်မှ ကြည့်တဲ့လူတွေက ဒီလောက်ထိ နောက်ကျခံပြီး ကြည့်တဲ့သူ မရှိလောက်ဘူး မဟုတ်လား”

 

အန်းနန်ယွမ်ကလည်း ယန်ရှီရွှမ်းက ဖျော်ဖြေရေးလောကမှ မဟုတ်ကြောင်း သိထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူက ဒဲ့တိုးအကျဆုံး ပုံစံမျိုးနှင့် ဒေတာများကို ဖော်ပြလိုက်သည်။

၃၃

“ငါ့ရဲ့ဆိုရှယ်အကောင့်မှာ ပရိတ်သတ် ကိုးသန်းရှိတယ်။ ဒီအခွဲ ဖန်သားပြင်ကို စခရက်ရှင်း လုပ်ထားတာက သိန်းပေါင်းများစွာပဲ”

 

ယန်ရှစ်ရွှမ်းက သူ၏ဖုန်းကို ထုတ်ပြီး ကျန်းဝူပင်းထံ စာပို့သည်။

 

{မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက အပိတ်ခံလိုက်ရရင် မင်း ဘယ်လို တုန့်ပြန်မှာလဲ}

 

ယန်ရှစ်ရွှမ်းကြောင့် နိုးပြီးကတည်းက ပြန်မအိပ် နိုင်တော့သော ကျန်းဝူပင်းကလည်း တိုက်ရိုက် ထုတ်လွှင့်မှုကိုသာ အထူးတလည် အာရုံစိုက်နေခြင်း ဖြစ်သည်။ သူက ပြင်းပြင်းထန်ထန် တုန့်ပြန်လာသည်။

 

“ငါက ဒီရှိုးနဲ့အတူ သေမယ်။  ဒီရှိုးနဲ့အတူ အသက်ရှင်သွားမယ်”

 

{ယန်ကော ကျေးဇူးပြုပြီး သရဲမရှိဘူး ဆိုတဲ့အကြောင်း ကင်မရာကို ရှင်းပြပေးပါ။ ကော ဒီအတိုင်းသာ ဆက်လုပ်နေမယ်ဆိုရင် တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ ခွင့်ပြုမိန့်က အပိတ်ခံရလိမ့်မယ်}

 

ယန်ရှစ်ရွှမ်းကလည်း ရှိုး၏ကွန့်မန့်ကဏ္ဍကို တိတ်တဆိတ် ဖွင့်လိုက်သည်။ သေချာစွာပင် ဖန်သားပြင်ပေါ်တွင် သရဲ ထွက်ပြေးသွားသည်ဆိုသော အကြောင်းအရာကို ဆွေးနွေးမှုက အပြင်းအထန် ဖြစ်စေသည်။ ကွန့်မန့်ကဏ္ဍတွင်ပင် စခွင်ရှုများကိုပင် မြင်ရသေးသည်။

 

ဆိုရှယ်ပလက်ဖောင်းပေါ်တွင် အလွန်ပူပြင်းသည့် ဆွေးနွေးသော အကြောင်းအရာတစ်ခု ဖြစ်လာပြီး ပို၍များပြားသော လူများက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ ဝင်လာကြသည်။ တိုက်ရိုက်ထုတ်လွှင့်မှု၏ အဓိက ဖန်သားပြင်က မှောင်မဲနေကြောင်း မြင်သောအခါ သူတို့ကလည်း တစ်ခုတည်းသော ဖွင့်နေသည့် ဖန်သားပြင်အခွဲဖြစ်သည့် အန်းနန်ယန်၏ ကင်မရာထံ ဝင်ရောက်လာကြလေသည်။

 

ယန်ရှစ်ရွှမ်းကလည်း သူ၏မိုလ်ဘိုင်းဖုန်း စာမျက်နှာတွင် ဖော်ပြနေသည့် ဆက်တိုက် တိုးတက်လာနေသည့် ရူးသွပ်မတတ် များပြားသော ကြည့်ရှုသူ အရေအတွက်ကို ကြည့်နေရင်း ဒီပရိုဂရမ်က သူ၏အိမ်မက်၏ စမှတ်ဖြစ်သည်။ သို့သော် ဒီအရာကသာ အပိတ်ခံခဲ့ရလျှင် ကျန်းဝူပင်းက ရူးသွားလောက်သည်ဟု တွေးလိုက်သည်။ နောက်ဆုံးတွင်မူ ယန်ရှစ်ရွှမ်းက ခေါင်းမော့လိုက်ပြီး အန်းနန်ယွမ်၏ ကင်မရာကို ကြည့်လျက် လေးနက်သော မျက်နှာနှင့် ရှင်းပြလိုက်သည်။

 

“ဒီကိစ္စက မင်းတို့ အခုမြင်လိုက်ရတာက လေတိုက်တာကြောင့် လွှင့်သွားတဲ့ လိုက်ကာပဲ။ အများကြီး လျှောက်တွေးမနေကြနဲ့။ မင်းတို့က ဒီလောက်အထိ နောက်ကျတဲ့အထိ နေနေမှာတော့ ထင်ယောင်ထင်မှား ဖြစ်နေမှာပေါ့”

 

သူက ထိုကင်မရာ၏အ‌ရှေ့တွင် ဖုန်းကို ယမ်းခါပြသည်။ ဖုန်း၏မျက်နှာပြင်တွင်လည်း ရှိုး၏ကွန့်မန့် ကဏ္ဍကို ဖော်ပြနေ၏။ ဆိုလိုသည်မှာ သူက ပရိတ်သတ်များ၏ ကွန့်မန့်များကို မြင်ကြောင်း ပြောပြနေခြင်း ဖြစ်သည်။

 

“မြန်မြန် အိပ်ယာဝင်ကြတော့။ ဒီလောက် ညနက်တဲ့အထိ ဘယ်သူကမှ တိုက်ရိုက်ထုတ်လွှင့်မှုကို လိုက်ကြည့်မနေသင့်ဘူး။ မင်းတို့အားလုံး နားလည်ရဲ့လား”

 

ယန်ရှစ်ရွှမ်းက ခပ်တင်းတင်း ပြောသည်။

 

“မင်းတို့က ဒီအချိန်အထိ ရောက်နေပြီ။ အိပ်ယာမဝင်သေးဘူး။ ရုတ်တရက် သေချင်နေကြတာလား”

 

အန်းနန်ယွမ်က ယန်ရှစ်ရွှမ်းကို သံသယအပြည့်နှင့် ကြည့်သည်။

 

သူက တံခါးဖွင့်ဖွင့်ချိန်က တစ်စုံတရာက အမှန်တကယ် ဖြတ်ပြေးသွားပြီး အမှောင်ထုသို့ ဝင်ရောက်သွားကြောင်းကို အမှန်တကယ် မြင်ခဲ့ရသည်။ ကင်မရာက သူ၏ ခံစားချက်များကို မပြောင်းလဲစေနိုင်ချေ။

 

သို့သော် ထိုအရာက ထိုနေရာတွင် အမှန်တကယ် ရှိခဲ့ကြောင်း အမှန်တကယ် ခံစားခဲ့ရ၏။ ထို့အရာက သူ၏အရှေ့မှ ဖြတ်ပြေးသွားသောအခါ အေးစက်သော လေအေးများက သူ့ကို ဖြတ်တိုက်သွားသည်။ တစ်ကိုယ်လုံးက ကြက်သီးအပြည့်ထသွားသဖြင့် နှလုံးသား အောက်ခြေအပိုင်းမှ စိမ့်တက်လာသော ခံစားချက်ကို ရလိုက်သည်။

 

ဒါ့အပြင်_ _ _

 

နောက်ပြီး ဒီလျှောက်လမ်းမှာ ဘယ်ကလိုက်ကာ ရှိမှာလဲ။ သူ့ရဲ့အခန်းထဲက လိုက်ကာနဲ့ အထည်စတွေအားလုံးက ဖြူဖွေးနေတာ။ အနီရောင် တစ်ခုမှမရှိဘူး။

 

“မင်း ပြန်မအိပ်သေးဘူးလား”

 

အန်းနန်ယွမ်က အတွေးနက်နေချိန်တွင် ယန်ရှစ်ရွှမ်းက မေးလိုက်သည်။

 

“ဒါရိုက်တာက မင်းကို ကောင်းကောင်းအိပ်ပြီး နောက်ပိုင်း အပြင်မထွက်ရဘူးလို့ မပြောထားဘူးလား”

 

“အာ ငါ ဒီအတိုင်း အပြင်ထွက်ပြီး ရေတစ်ခွက် သွားထည့်မလို့ပါ။ ခဏနေရင် ပြန်မှာပါ”

 

အန်းနန်ယွမ်က မရှင်းပြနိုင်ခင် အနောက်ဘက်မှ ခရွီးဆိုသော အသံကို ကြားလိုက်ရသည်။ တွန်းဖွင့်ရသော တံခါးက လေကြောင့် ဝုန်းကနဲ့ အသံနဲ့အတူ ပိတ်သွားသည်။

 

သူက သတိလက်လွတ် တုန်သွားသည်။

 

နောက်လှည့်ကြည့်လိုက်သောအခါ ကြောင်တောင်တောင် ဖြစ်သွားသည်။

 

ထိုအခါ တံခါးက တင်းတင်းကြပ်ကြပ် လော့ကျနေပြီး မည်သည့်နည်းကို သုံးသုံး ဖွင့်၍ မရတော့ကြောင်း သိလိုက်သည်။

 

အန်းနန်ယွမ်က တောင့်ခဲသွားသည်။

 

“ငါ သော့မယူလာမိဘူး။ ဘယ်လိုပြန်ဝင်ရမှာလဲ”

 

အန်းနန်ယွမ်ကို အခန်းထဲ ထိုးထည့်ကာ အပြေးအလွှား ထွက်သွားပြီး ထွက်ပြေးသွားသော တစ်စုံတရာကို လိုက်ဖမ်းနေသည့် ယန်ရှစ်ရွှမ်း “ မင်း အပြန်ထွက်တဲ့အခါ ဘာလို့ သော့မယူတာလဲ”

 

တောင်တန်းများ၏ ညအချိန်က အလွန်အေးသည်။ သို့သော် အန်းနန်ယွမ်ကမူ ချွေးပျံနေသည်ဟု ခံစားရသည်။

 

“ငါ ဒီအတိုင်း ရေလေးပဲ သောက်ချင်တာပါ။ ဒါကြောင့် ရေထွက်ယူရုံပဲ။ ဒါကြောင့် သော့လဲမယူဘူးလေ”

 

ယန်ရှစ်ရွှမ်းက အန်းနန်ယန်ကို ဆွံ့အစွာ ကြည့်သည်။ တစ်ဖက်သူ၏ အမျိုးမျိုးသော နည်းလမ်းကို သုံးကာ တံခါးဖွင့်နေသော အမူအယာကို ကြည့်နေပြီး တစ်စုံတရာ ပြောချင်သော်လည်း ကင်မရာ၏ တည်ရှိမှုကို သိလိုက်သဖြင့် ပါးစပ် ပြန်ပိတ်လိုက်သည်။

 

ညနေကတည်းက ယန်ရှီရွှမ်းရဲ့အနေနှင့် အိမ်တောထိန်းအိုကြီးက ဧည့်သည်များ အခန်းရွေးချယ်မှုတွင် ဝင်ပါခဲ့သည်တိုင်အောင် အခန်းအပြင်ဘက်တွင် ရပ်ကာ အခန်း၏ သမိုင်းကြောင်းနှင့် စံအိမ်အကြောင်းကို ရှင်းပြပေးခြင်းမျိုး ပြုပြီး အခန်းအတွင်းသို့ လိုက်မဝင်ခဲ့ကြောင်း သိထားသည်။

 

အိမ်တော်ထိန်းအိုကြီးက သူ့ကိုပစ်မှတ်ထားသော အချိန်တွင်လည်း လျှောက်လမ်းတွင်သာ လှုပ်ရှားနေပြီး အထဲသို့ ဝင်လာခဲ့ခြင်း မရှိခဲ့ပါချေ။ ထို့ကြောင့် သူက မည်မျှ ဒေါသထွက်နေစေကာမူ အခန်းအပြင်သို့ ဆွဲမထုတ်နိုင်ခဲ့ချေ။

 

ယန်ရှစ်ရွှမ်း၏အထင်ကသာ မှန်ကန်နေခဲ့လျှင် အခန်းက လုံခြုံသော နယ်မြေ ဖြစ်လောက်သည်။ စံအိမ်မှ တစ်စုံတရာများကို အတိုင်းတာတစ်ခုထိ သက်ရောက်မှု ရှိနေတာ။ ထို့ကြောင့် သူတို့က အခန်းထဲသို့ ဝင်ခွင့်မရှိပေ။ ဒီနည်းအားဖြင့် အခန်းတွင် နေထိုင်သော သူများကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

 

ထိုသို့ကြောင့်ပင် ညစာစားချိန်အတောအတွင်း သူက ကျန်းဝူပင်းနှင့် ဧည့်သည်များအား အခန်းသို့ပြန်ပြီး လော့ချကာ အိပ်ရန် ပြောထားသည်။ မည်သည့်အသံကို ကြားကြား အာရုံမတက်ခင်အထိ အပြင်မထွက်ရန် ပြောထားခဲ့၏။

 

ညလယ်ခေါင်အချိန်တွင် တစ်စုံတစ်ယောက်က ကျန်းဝူပင်း အယောင်ဆောင်ကာ အပြင်ဘက်မှ တံခါးခေါက်လျက် သူ့ကို အခန်းအပြင်သို့ထွက်လာအောင် လှည့်ဖြားလာခဲ့သော အခြေအနေကို ကြည့်ရုံနှင့်ပင် သိနိုင်သည်။ တံခါးကို အထဲမှသာ ဖွင့်၍ရသည်။

 

တံခါးက ပိတ်သွားသည်နှင့် အတွင်းထဲရှိလူက တံခါးကို မဖွင့်သမျှ အပြင်ဘက်က တံခါးကို မည်သို့ဖျက်ဆီး ဖျက်ဆီးစေကာမူ ဝင်လာနိုင်လိမ့်မည် မဟုတ်ချေ။ ပိုင်ရွမ်းအတွက်လည်း အလန့်တကြား ဖြစ်သည်။ သူမက တစ်စုံတရာကို လိုချင်၍သာ အခန်းအတွင်းမှ သူမဘာသာ ဖွင့်၍ ထွက်သွားခဲ့ခြင်းဖြစ်သည်။

 

ပိုင်ရွမ်းရဲ့ အခန်းထဲသို့ ဝင်ခဲ့စဉ်က ယန်ရှီရွှမ်းကို ပုံရိပ်ယောင်မြင်အောင် ဖန်တီးခဲ့သော အမျိုးသမီးကလည်း စံအိမ်အပြင်ဘက်မှသာ သီချင်းဆိုနေခဲ့ခြင်း ဖြစ်သည်။ သူမက မည်မျှ ဒေါသထွက်နေစေကာမူ အခန်းထဲသို့ဝင်ပြီး ယန်ရှစ်ရွှမ်းနှင့် မျက်နှာချင်းဆိုင် မတိုက်ခိုက်နိုင်ခဲ့ချေ။

 

အမှန်တိုင်းဆိုရသော် ယန်ရှစ်ရွှမ်းက စိတ်မကောင်းဖြစ်သလိုပင် ခံစားရသေးသည်။ သူကလည်း ထိုအမျိုးသမီးနှင့် မျက်နှာချင်းဆိုင်ပြီး သူမ၏ သီချင်းဆိုစွမ်းရည်က အမှန်တကယ် မကောင်းကြောင်း မပြောနိုင်ခဲ့ချေ။

 

ဒါက လူတွေကို စိတ်ဒုက္ခပေးနေသလိုပဲ။

 

“ကြိုးစားမနေနဲ့။ ပွင့်လာမှာမဟုတ်ဘူး”

 

ယန်ရှစ်ရွှမ်းက နောက်ဆုံးတွင် အန်းနန်ယွမ်က နည်းလမ်းအမျိုးမျိုးသုံးကာ တံခါးဖွင့်နေသော မြင်ကွင်းကို တောင့်မခံနိုင်တော့သဖြင့် သတိပေးလိုက်သည်။

 

“မင်း အာရုံတက်တဲ့ထိ အပြင်မှာနေရမှာ။ အဲဒီအခါ တံခါးက အလိုလိုပွင့်သွားလိမ့်မယ်”

 

အန်းနန်ယွမ်က ရွေးချယ်စရာမရှိပဲ နောက်ပြန်လှည့်ကာ ယန်ရှစ်ရွှမ်းကို သနားခံသော မျက်လုံးမျိုးဖြင့် ကြည့်သည်။

 

“ယန် _ _ _”

 

ယန်ရှစ်ရွှမ်းကမူ လျင်မြန်သော အရှိန်ဖြင့် ရှေ့တိုးလာသည်။

 

အန်းနန်ယွမ်က အံ့ဩသွား၏။ သူက အမှောင်ထုအတွင်းရောက်နေသော စံအိမ်ကို တစ်ချက်ကြည့်သည်။ ထို့နောက် ယခုလေးတင်မြင်လိုက်ရသည့် ထူဆန်းသောပုံစံနှင့် နီနီရဲရဲအရာကြီးကို ပြန်တွေးမိသွားသည်။ သူ ကြည့်ခဲ့ဖူးသမျှ ထိတ်လန့်သဲဖို ရုပ်ရှင်များအတွင်းမှ ပြကွက်များအားလုံးက ပြန်ပေါ်လာသည်။

 

အမှောင်ထုက သယ်ဆောင်လာသော အမည်မသိရသည့် ကြောက်လန့်မှုအောက်တွင် အန်းနန်ယွမ်၏စိတ်က ဆက်တိုက် လည်ပတ်နေသည်။ သူ၏စိတ်ကလည်း တံခါးကို ဖွင့်ခဲ့သောအချိန်က မြင်ခဲ့ရသည့် မြင်ကွင်းကို ထပ်ကာတလဲလဲ ဖော်ပြသည်။ထို့နောက် သူ ရှာဖွေတွေ့ရှိလိုက်သည်မှာ _ _ _

 

ထိုနီရဲသော အရာကြီးကို ယန်ရှစ်ရွှမ်းက လိုက်ဖမ်းနေခြင်းဖြစ်ပြီး ယန်ရှစ်ရွှမ်းကို တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိပုံရသည်။

 

ပို၍ဆိုးသည်မှာ ယန်ရှစ်ရွှမ်း၏ မျက်နှာထားကို စမြင်ခဲ့ချိန်က သူက ကြောက်လန့်ခဲ့ရသည်။ ယန်ရှစ်ရွှမ်းကို သရဲဟုပင် ထင်ခဲ့မိသည်။ ဒီလိုနည်းလမ်းအတိုင်း တွေးကြည့်သော် ယန်ရှစ်ရွှမ်းက ပို၍ပင် ဆရာ ကျနေလောက်သေးသည်။

 

ဒါဆိုရင် သရဲတွေက သူ့မြင်တဲ့အခါ ကြောက်သွားကြမှာလား။

 

ထပ်ပေါင်းဆိုရသော် ယန်ရှစ်ရွှမ်းက လုံလောက်အောင် ကြမ်းတမ်းသည်။ အစပိုင်းကတည်းက ရက်စက်မှုကို ပြသခဲ့ပြီးသားဖြစ်ပြီး သူက ဘာကိုမှ မကြောက်ပုံပေါ်သည်။

 

အန်းနန်ယွမ်၏ အင်အား ပြင်းထန်လွန်းသည့် ဦးနှောက် မုန်တိုင်းထန်သော စွမ်းရည်က သူ့အား တွေးလေလေ ပို၍ပင် အသိဝင်လာစေသည်။ သူက ယန်ရှစ်ရွှမ်းကို ကြည့်လိုက်သည့်အချိန်တွင် သူ၏မျက်ဝန်းက နောက်ခံကို ဖုံးကွယ်ထားသည့် ဆရာသခင်တစ်ယောက်ကို ကြည့်လျက် ဆရာ ငါ့ကို ကယ်ပါ ဆိုသော မျက်နှာထားမျိုးအဖြစ် ပြောင်းလဲသွားသည်။

 

ထိုသို့ အတွေးများသွားသဖြင့် ဖန်သားပြင်အခွဲက ဖွင့်နေလျက်သားရှိကြောင်းကိုပင် မေ့သွားပြီး ချက်ချင်းဆိုသလိုပင် အပြေးအလွှား ယန်ရှစ်ရွှမ်း၏ လက်မောင်းကို ဖက်သည်။

 

သူ၏ လေသံများတွင်လည်း ဆုံးဖြတ်ချက် ပြတ်သားမှုက အပြည့်ပါသည်။ ယဉ်ကျေးမှုအပြည့်နှင့် သူက လူကြီးမင်းယန်ထက်ပင် ပို၍ပင် ရင်းနှီးကျွမ်းဝင်ကြောင်း ဖော်ပြသည့် ယန်ကောဆိုသည် အသုံးအနှုန်းကို ပြောင်းသုံးလိုက်သည်။

 

“ယန်‌ကော ငါတို့က အချင်းချင်း တွေ့ဆုံဖို့ ကံကြမ္မာပါလာတယ်။ အပြင်က တအားမှောင်နေတယ်။ ငါ့ကို ဒီမှာတစ်ယောက်ထဲပဲ ထားခဲ့တော့မလို့လား။ ငါနဲ့အတူ သွားရအောင်လား။ မင်း ဘယ်သွားသွားလိုက်မယ်”

 

အန်းနန်ယွမ်က ယန်ရှစ်ရွှမ်း၏ လက်မောင်းကို လက်နှစ်ဖက်လုံးနှင့် ခက်တင်းတင်း ဖက်ထားပြီး ယန်ရှစ်ရွှမ်းက ခါချကာ ထွက်ပြေးသွားမည့် အခြေအနေကို ကြောက်လန့်နေပုံ ပေါ်သည်။ သူက ထိတ်လန့်သဲဖို ရုပ်ရှင်ပေါင်းများစွာကို ကြည့်ဖူးသည်။ တောင်တန်းထဲတွင် နေထိုင်ချိန် ကာလအတောအတွင်း ညပိုင်း ပုံမှန်မဟုတ်သော အခြေအနေများကို မြင်လိုက်ရသောအခါ တစ်ယောက်ထဲ ရှိနေသမျှ တစ်စုံတရာက ဖြစ်ပျက်လာပေလိမ့်မည်။

 

“ငါ ယန်ကောရဲ့အခန်းထဲမှာ တစ်ညလောက် လိုက်နေရင် ဘယ်လိုလဲ”

 

ဘာပဲဖြစ်ဖြစ် အမှောင်ထဲမှာတော့ သူ့ကို တစ်ယောက်တည်းပဲထားဖို့ မစဉ်းစားနဲ့။

 

လူအများက ကြောက်လန့်ပြီး အန္တရာယ်ကို ရင်ဆိုင်ရသောအခါ သူတို့၏ အလားအလာကို လှုံ့ဆော်ခံရသလိုဖြစ်ပြီး ပို၍ပင် အင်အား ကြီးလာတက်သည်။ ထပ်ပေါင်းဆိုရသော် သူက အိုင်ဒေါ တစ်ယောက်ဖြစ်သည့်တိုင်အောင် အန်းနန်ယွမ်က နေ့စဉ် လေ့ကျင့်ခန်းလုပ်ပြီး သူ၏ခန္တာကိုယ်ကို ပုံစံကျအောင် ထိန်းထားသည်။ အက ကခြင်းကလည်း သူ့အား ပိုမိုသန်မာ လာစေသေးသည်။

 

ယန်ရှစ်ရွှမ်းက ရုန်းသည်။ သို့သော် တခဏခန့်ကြာသည်အထိ အန်းနန်ယွမ်လက်မှ မရုန်းနိုင်ချေ။ သူက ခြေတစ်လှမ်း လှမ်းသောအချိန်တွင် အန်းနန်ယွမ်က လိုက်ပါလာသည်။ သူက လူသားပုံသဏ္ဉန် လက်ကိုင်တုတ်နဲ့ပင် တူသေးသည်။

 

“..”

 

ယန်ရှစ်ရွှမ်းက မျက်မှောင်ကျုံ့သည်။ တစ်ဖက်သူကို ချက်ချင်း ခါချကာ ရိုက်နှက်ချင်စိတ်ကို ထိန်းလိုက်ရ၏။ ဘယ်လိုဖြစ်ဖြစ် တိုက်ရိုက် ထုတ်လွင့်နေတဲ့ အချိန်မှာ သွေးသံရဲရဲမြင်ကွင်းနဲ့ ကြမ်းတမ်းတဲ့ ရိုက်နှက်တဲ့ အခန်းတွေ ပါသွားလို့မရဘူး။ မဟုတ်ရင် အပိတ်ခံရလိမ့်မယ်။ အဲဒီကောင်… အဲဒီအရူးကောင် ကျန်းဝူပင်းက သူ့ကို တစ်ချိန်လုံး လာရှာပြီး အော်ငိုနေလိမ့်မယ်။ ဒီလိုဆို သူ ခေါင်းကိုက်ရမှာပဲ။

 

ထိန်းထား ထိန်းထား

 

“ငါကို လွှတ်”

 

ယန်ရှစ်ရွှမ်း၏ အသံကတိုးသွားသည်။ သူက သည်းမခံ နိုင်တော့သလို အော်၏။

 

“ငါ မင်းကို ခေါ်သွားမယ်။ ကျေးဇူးပြုပြီး ငါ့ကို လွှတ်‌ပေး။ ငါနဲ့ ဝေးဝေးနေ ဟုတ်ပြီလား”

 

အန်းနန်ယွမ်က ယန်ရှစ်ရွှမ်းကို မယုံကြည်သော မျက်ဝန်းမျိုးဖြင့် ကြည့်သည်။

 

“ယန်ကော ယန်ကော… ငါ့ကို လိမ်ဖို့ ကြိုးစားနေတာ မဟုတ်လား။ ငါ လွှတ်ပေးတာနဲ့ ယန်ကောက ဒီအခွင့်အရေးကို အရယူပြီး ထွက်ပြေးသွားလိမ့်မယ်”

 

နဂိုကထဲက ထိုသို့တွေးထားတဲ့ ယန်ရှစ်ရွှမ်း “..”

 

သူက မျက်မှောင်ကျုံ့လိုက်သည်။ ထို့နောက် လေးနက်စွာ ပြော၏။

 

“မပြေးဘူး ဘယ်တော့မှ မလိမ်ဘူး”

 

မူရင်းအကြံ ပေါ်သွားသည့် ယန်ရှစ်ရွှမ်းက ကျွစ် သပ်လိုက်သည်။ ရွေးချယ်စရာ မရှိတော့သဖြင့် အန်းနန်ယွမ်ကို ခေါ်သွားလိုက်ရသည်။

 

ထို့အပြင် နိုးလာကတည်းကလည်း ပိုင်ရွှမ်း၏ တံခါးအပြင်ဘက်တွင် ပုန်းနေခဲ့သည့် တစ်စုံတရာကို ဖမ်းချင်ခဲ့ခြင်း ဖြစ်သည်။ ယခုလို ကြန့်ကြာသွားပြီးနောက် ထိုအကောင်က ပျောက်သွားပြီးလေပြီ။ ထို့ကြောင့် လိုက်ဖမ်းရန် မဖြစ်နိုင်တော့‌ပေ။ ပိုင်ရွှမ်းနှင့် အန်းနန်ယွမ်တို့ အခန်းက တတိယအထပ်၏ တစ်ခြမ်းထဲတွင်ရှိသည်။ အကွာအဝေးကလည်း သိပ်မဝေးချေ။

 

သူက ထိုအရာကို မမှီနိုင်ကတည်းက ယန်ရှစ်ရွှမ်းက ရွေးချယ်စရာမရှိဘဲ ပိုင်ရွမ်း၏ သဲလွန်စကို ပြန်ရှာရသည်။ မူရင်းအခြေခံအကြောင်းတရားအရ သူက အန်းနန်ယွမ်ကို မေးလိုက်သည်။

 

“ပိုင်ရွမ်းက အခန်းထဲမှာ မရှိဘူး။ သူမ ပျောက်နေတယ်။ သူမ ဘယ်သွားလဲ မင်းသိလား”

 

အန်းနန်ယွမ်အတွက် မျှော်လင့်ချက် မရှိဟု ယူဆထားသော ယန်ရှစ်ရွှမ်းက မမျှော်လင့်ထားစွာပင် အန်းနန်ယွမ်က အဖြေကို ပြောပြလာမည်ဟု မထင်ထားမိချေ။

 

“ပိုင်ရွှမ်းက အောက်ဘက်က ဥယျာဉ်ကို တအား သဘောကျတဲ့ပုံပဲ။ ညနေပိုင်း ဂိမ်းကစား ပြီးတဲ့နောက်မှာ ညပိုင်းဥယျာဉ်ရဲ့ ရှုခင်းက တအား ကောင်းတယ်လို့တောင် ပြောနေသေးတာ။ ဒါကြောင့် လရောင်အောက်မှာ ဆက်ဖီရိုက်ပြီး ဆိုရှယ်အကောင့်မှာ တင်ချင်နေတယ်တဲ့”

 

ပိုင်ရွမ်း၏စကားကို နားထောင်ခဲ့စဉ်ကလည်း အန်းနန်ယွမ်အနေဖြင့် ထူးခြားသည်ကို မခံစားခဲ့ရပါချေ။ သို့သော် ဒီချိန်ကမူ အမည်မသိရသော တစ်စုံတရာက ဖြတ်ပြေး သွားခဲ့သေးသည်။ ထို့အပြင် ဝန်းကျင်က အလွန်မှောင်ပြီး ထူးဆန်းသော အခြေအနေမျိုးဖြစ်နေလေရာ အကြောင်းအရာကို ဆက်မပြောနိုင်တော့ချေ။ တစ်စုံတရာက မှားယွင်းနေကြောင်း နားလည်လိုက်သည်။

 

“ပိုင်ရွမ်းက တစ်ခုခုဖြစ်သွားသေးလား။ ဘယ်ရောက်သွားလဲ”

 

အန်းနန်ယွမ်၏ စိတ်က တစ်ဖန်ပြန်လည် ပြောင်းလဲသွားပြန်ကာ သူယခင်က ကြည့်ဖူးသည့် ထိတ်လန့်သဲဖို ရုပ်ရှင်များထံ ပြန်ရောက် သွားပြန်သည်။ ထိုအခါ လူတစ်ယောက်က ညအချိန် အဆောက်အဦးထဲက ထွက်သွားသည့် အချိန်တွင် အမည်မသိရသော အန္တရာယ်က အနောက်မှ ချဉ်းကပ်လာသော မြင်ကွင်းဆီ ရောက်သွားသည်။

 

သူ၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူ၏မျက်ဝန်းကလည်း အမှောင်ထုအတွင်း ကြောက်လန့်မှု အပြည့်နှင့် စိုက်ကြည့်နေသည်။ ယန်ရှစ်ရွှမ်းကမူ ကျိန်ဆဲမိသွားသည်။ သူက လှေကားအောက်သို့ ခပ်ကြမ်းကြမ်း ပြေးဆင်း၏။

 

“ယန်ကော ယန်ကော ပိုင်ရွမ်းကိုရှာဖို့ ဥယျာဉ်ထဲသွားမလို့လား”

 

အန်းနန်ယွမ်က တုံ့ဆိုင်းသွားသည်။

 

“စံအိမ်အပြင်ဘက်က မလုံခြုံဘူး မဟုတ်လား။ တောင်တန်းထဲမှာ တိရိစ္ဆာန်သေးသေးလေး ရှိလောက်တယ်”

 

ယန်ရှစ်ရွှမ်းက မျက်လုံးလှန်သည်။

 

“ဒါဆို မင်း ဒီမှာစောင့်နေခဲ့။ ငါ့ဘာသာ သွားမယ်”

 

အန်းနန်ယွမ်က အံ့အားသင့်သွားပြီး ယန်ရှစ်ရွှမ်း၏ အင်္ကျီကို လှမ်းကိုင်သည်။

 

“အတူ သွားရအောင်ပါ။ ငါ ပိုင်ရွှမ်းကို စိုးရိမ်တယ်”

 

ယန်ရှစ်ရွှမ်းက ငကြောက်ကောင်ကို လှည့်ကြည့်လိုက်သည်။ သို့သော် ဥယျာဉ်အတွင်းတွင်လည်း တစ်စုံတရာ ဖြစ်နေလောက်သည်ဟု ခံစားရသေးသည်။ သူ့ကို ခေါ်သွားခြင်းက ပိုကောင်းသည်။ အန်းနန်ယွမ် တစ်ယောက်တည်းကို စံအိမ်ထဲကို ထည့်ထားခဲ့ပြန်လျှင်လည်း တစ်စုံတရာဖြစ်သွားခဲ့ပါက သူက အချိန်မီ ပြန်လာပြီး ကာကွယ်နိုင်မည်မဟုတ်ချေ။

 

ထိုအရာအားလုံးကို တွေးမိသောသူက ရွေးချယ်စရာမရှိဘဲ အန်းနန်ယွမ်ကို ခေါ်လိုက်သည်။

 

“ငါ မင်းကို ငါနဲ့ ခေါ်သွားမယ်။ ဒါပေမယ့် ဘာကိုပဲမြင်မြင် မအော်နဲ့။ မပြေးနဲ့။ ငါ့နောက်ပဲလိုက်”

 

ယန်ရှစ်ရွှမ်းက ဆက်ပြောသည်။

 

“နောက်ပြီး မနက်ဖြန်မင်းရဲ့ ဆုကြေးငွေကို ငါ့ကို ပေးဖို့မမေ့နဲ့”

 

အန်းနန်ယွမ်က ပြင်းထန်သည့် စိတ်ကူးယဉ်မှု အတောအတွင်း ရောက်နေလေရာ ထိုစကားများကြောင့် သေလုအောင် ကြောက်လန့်သွားပြီး ချက်ချင်းလိုလို သဘောတူလိုက်သည်။ ထိုအချိန်တွင် အန်းနန်ယွမ်၏ အော်ရယ်ဂျင်နယ် ဖန်သားပြင်အခွဲထဲသို့ အသားကုန်တိုးဝင်လာသည့် ကြည့်ရှုသူ ပေါင်းများစွာကလည်း ထိတ်လန့်သွားသည်။

 

“ဒါက ဘာဖြစ်နေတာလဲ”

 

******