အပိုင်း(၁၅)
မနေ့ညက အန်းနန်ယွမ်၏ ဖန်သားပြင်အခွဲကို ကြည့်ရှုပြီးနောက် တိုက်ရိုက် ထုတ်လွှင့်မှု ဗီဒီယိုများ၏ ကျော်ကြားမှုက ဆက်တိုက် မြှင့်တက်လာခဲ့သည်။ မည်သူမျှ သတိမထားမိလောက်မည့် ထောင့်အကျဆုံး အပိုင်းနားလေးမှတစ်ဆင့် ကြည့်ရှုသူများက သိန်ပေါင်းများစွာ ဆက်တိုက် မြှင့်တက်လာမှုကြောင့် တဖြည်းဖြည်း နောက်ဆုံး ရက်ကော်မန့်ဒေးရှင်း ပေးထားသော နေရာအထိပင် ရောက်ရှိသွား သေးသည်။ ထိုနည်းအားဖြင့် ပြည်သူပလက်ဖောင်းထဲသို့ ဗီဒီယိုကြည့်ရန် ဝင်လာသော လူတိုင်းက အလိုအလျှောက် နှိပ်ကာ ကြည့်မိစေသည်။
ဒီမနက်ပိုင်း ပရိုဂရမ်က တိုက်ရိုက်ထုတ်လွှင့်နေစဉ် အတောအတွင်း မတော်တဆမှုနှင့် ထိုသရုပ်ဆောင်၏ ကြောင်တောင်တောင်နိုင်ကာ ဆိုးရွားသည့် ကြောက်မက်ဖွယ် ကောင်းလွန်းသည့် ဖန်သားပြင်အခွဲမှ ပုံရိပ်များကြောင့် ရှိုး၏ကျော်ကြားမှုက ဆက်တိုက် မြှင့်တက် သွားခဲ့ပြန်သည်။
မနက်အစောပိုင်းက အလုပ်သွားချိန်၊ ကျောင်းတက်ချိန်ဖြစ်သည်။ ထို့ကြောင့် လူပေါင်းများစွာကလည်း သွားလာရေး ဂိတ်များအတွင်း သူတို့၏ဖုန်းကို ကျင့်သားရစွာနှင့် ဖွင့်ကြည့်လိုက်သည်။ ဒီနည်းအားဖြင့် ဆိုရှယ်ပလက်ဖောင်းပေါ်မှ စိတ်ဝင်စားဖွယ် ကောင်းသော အကြောင်းအရာများကို ရှာဖွေ ကြည့်တတ်ကြသည်။ ထို့သို့ဖြင့် အချိန်နှင့်တစ်ပြေးညီ အကျော်ကြားဆုံး စာရင်းဝင်နေသော ဗီဒီယိုတစ်ခုကို ရှာတွေ့လိုက်ကြသည်။ တက်စ်ဆယ်ခုကျော်မက ရှိနေပြီး အားလုံးက ကိုးဆယ့်ကိုးရက်တာ နှလုံးခုန်သံခရီးသွားခြင်း ရသစုံရှိုးနှင့် ပတ်သက်နေသည်။
အရှင်းလင်းဆုံး တက်စ်ကမူ #သေဆုံးသူ အသက်ဝင်ခြင်း # ဖြစ်နေသည်။
များပြားလှသော ရသစုံရှိုးများနှင့် ဖျော်ဖြေရေးရှိုးများအကြားတွင် ထိုခရီးသွား ရသစုံရှိုးက ဆွေးနွေးမှု အများဆုံး ဖြစ်နေသည်။ ဗီဒီယို ပလက်ဖောင်းမှ ပြန်လာသော ကြည့်ရှုသူ ပေါင်းများစွာအပြင် tag နောက်လိုက်ပြီး သိချင်စိတ် ပြင်းပြစွာ ဝင်ရောက်လာခဲ့သော ကြည့်ရှုသူပေါင်းများစွာကြောင့် ကျော်ကြားမှုက ရူးသွပ်မတက် ပြင်းထန်သွားခဲ့၏။
ထိုလူများထဲတွင် လိုက်ခ်အများဆုံးရရှိထားသောသူက ထိုခရီးသွားရသစုံရှိုးကို ပထမဦးဆုံး ရှာဖွေတွေ့ရှိခဲ့သည့် ရသစုံရှိုးများအကြောင်း ရီဗျူးများတင်လေ့ရှိသည့် ဝေဖန် အကဲဖြတ်လေ့ရှိသော ဗွီအကြီး ရထားသော သူဖြစ်သည်။ သူနှင့်ပတ်သက်၍ ဆွေးနွေးမှုအများဆုံး ဖြစ်နေသည်။ ကြည့်ရှုသူများကလည်း အလိုအလျာက်ပင် ထိုအကောင့်ကို ဒီရသစုံရှိုး၏ ဆွေးနွေးရာ အခြေချစခန်းတစ်ခု အဖြစ် သက်မှတ်လိုက်ကြသည်။ ထို့ကြောင့် အခု ကောမန့်နယ်မြေတွင် တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်ကာ မှတ်ချက်များ ပေးကြသည်။ တိုက်ရိုက်ထုတ်လွင့်မှု foothe အတွင်း တွေ့ခဲ့သမျှ အရာအားလုံးကို ဝေမျှပေးမှုများ၊ စက်ခရင်ရှုများကို တင်ခြင်း၊ ဗီဒီယိုများကို တင်ပေးခြင်းတို့ကို ပြုလုပ်လာကြသည်။
@ ရသစုံရှိုးတွေကို ကြည့်ရှုရင်း စားသောက်ရတာကို သဘောကျတဲ့ ကောကော ..
@ ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါ အိပ်ရာထဲဝင်ပြီး သေးလဲ ပေါက်ပြီးသွားပါပြီ။ ဒီခရီးသွားရသစုံရှိုးက တော်တော်လေး အဆိပ်ပြင်းတယ်။ ငါ မနေ့ညက တိုက်ရိုက်ထုတ်လွှင့်မှုက သရဲရှိနိုင်ချေ ရှိတယ်ဆိုတဲ့ ဖြစ်နိုင်ချေကို တွေ့လိုက်တဲ့အချိန်ကစပြီး ယခုချိန်ထိ ငါ ကြောက်လွန်းလို့ အထိတ်တလန့် ဖြစ်ခဲ့ရတယ်။ နောက်ပြီး ငါ့ရဲ့အိပ်မက်ထဲမှာလဲ ရွာက အဖိုးကြီးကို မြင်မြင်နေပြီး ခဏခဏ လန့်နိုးလာခဲ့တယ်။ ငါ အိမ်သာတောင် ထမသွားရဲခဲ့ဘူး။
ငါနောက်ဆုံးတော့ သတ္တိကို စုမွေးလိုက်ပြီးတဲ့အချိန်မှာ နောက်ထပ် ဖန်သားပြင်အခွဲ တစ်ခုကို တွေ့ရတယ်။ သောက်ကျိုးနည်း ဒါက ဘာလဲ။ အား တံခါးဝမှာ မကောင်းဆိုးဝါးက ဆောင့်ကြောင့် ထိုင်နေသေးတာလား။ ဘာလို့ ဆောင့်ကြောင့် ထိုင်နေသေးတာလဲ။ နောက်ပြီး ဘာလို့ မြေကြီးထဲကနေ ထွက်လာပြီး လူတွေဆီ တိုက်ရိုက် လက်လှမ်းနေတဲ့ ဟာကြီးတွေက ရှိနေသေးတာလဲ။ ဒါက ဇာတ်ညွှန်းလား ဒါက ဇာတ်ညွှန်းလား။ ဒါက လိုက်ကာ မဟုတ်နိုင်တော့ဘူး။ ဟုတ်တယ်မလား။ ငါ ကြောက်လွန်းလို့ ငါ အသစ်စက်စက် ဆန့်ထုတ်ထားတဲ့ ခြေထောက်ကိုတောင် အိပ်ရာပေါ် ပြန်ရုတ် လိုက်မိတယ်။ အခုငါ အိပ်ရာအပြင်ဘက် တံခါးပေါ်မှာ ငါ့ကို ဆောင့်ကြောင့်ထိုင်စောင့်နေတဲ့ မကောင်းဆိုးဝါးတစ်ကောင် ရှိတယ်လို့ ငါသံသယ ဝင်နေပြီ။
ထိုကံဆိုးလှစွာသော ဗွီအကြီးဟာ ကြောက်လွန်းသဖြင့် သေလုနီးပါး ဖြစ်နေလေပြီ။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအောက်မှ စခရင်ရှုတိုင်းက သိချင်စိတ် ပြင်းပြသော လူပေါင်းများစွာအား ထိုဗွီအကြီးက မည်သည့်အတွက်ကြောင့် ထိုမျှ စိတ်လှုပ်ရှားနေကြောင်း သိချင်စိတ်ကို အာသီသ ပြေသွားစေသည်။
ပုံထဲတွင် သွေးသံရဲရဲလက်မောင်းကြီးက ဖန်သားပြင်ထံ လှမ်းနေပြီး ဟောင်းလောင်းပေါက် ဖြစ်နေသော မျက်အိမ်ကြီးများမှ တစ်ဆင့် ဖန်သားပြင်ကို တိတ်တဆိတ်ဖြင့် စိုက်ကြည့်နေသည်။
“အား ကျေးဇူးပဲ တကောရေ ငါတော့ ကြောက်လို့ သေတော့မယ်”
“ဒါက ရယ်ရတာပဲ။ ဒါကို တိုက်ရိုက်ထုတ်လွှင့်တဲ့ ရသစုံရှိုးလို့ ပြောမယ်ဆိုရင် ငါကတော့ ဒါကဒီတိုင်း ထိတ်လန့်သဲဖို ဂိမ်းတစ်ခုအတွက် ပရိုမိုးရှင်းဆင်းနေတဲ့ ဗီဒီယိုတစ်ခုလို့ပဲ လက်ခံချင်ပါတော့တယ်။ ထုတ်လုပ်ထားတာ တအားကောင်းတာပဲ”
“သောက်ကျိုးနည်း ရှစ် ရှစ် မင်းဇာတ်ညွှန်း ရှိထားတာလား။ ကန်းနေတာလား။ ကင်မရာက အဲဒီနီနီရဲရဲအရာကို ဘယ်ချိန်ကများ ချိန်ထားသေးလို့လဲ။ ကင်မရာက အဲဒီအနီရဲရဲအရာကို တိုက်ရိုက်ကွက်တိ ချိန်လိုက်တဲ့အချိန်မှာ သူရဲ့ပါးစပ်ထဲမှာ ဆွေးမြေ့နေတဲ့သွားကို ရှင်းရှင်းလင်းလင်း မြင်လိုက်တယ် မဟုတ်လား။ ဟုတ်ပြီလား ဒါက လှုပ်နေတဲ့အချိန်မှာ စက် လည်ပတ်နေတယ် ဆိုတဲ့ ပုံသဏ္ဌန်မျိုးကို မမြင်ရဘူးလေ။ ဘယ်လို ဇာတ်အရံပစ္စည်းကများ ဒီလောက်ထိ အစစ်အမှန် ဆန်လွန်းနေလို့လဲ”
“ငါ ကျောင်းသွားသင့်တာပါ။ ဒါပေမဲ့ ငါ ခွင့်တိုင် ထားတယ်။ ဘာလို့လဲဆိုတော့ ငါ့ရဲ့အိမ်တံခါးမှာ ဆောင့်ကြောင့် ထိုင်စောင့်နေတဲ့ မကောင်းဆိုးဝါး တစ်ကောင် ရှိတယ်လို့ ငါ ဆိုးဆိုးရွားရွားကို ခံစားမိနေပြီ သူက တစ်ညလုံး ဘာစကားမှ မပြောဘူး။ ဘာအသံမှလည်း မထုတ်ဘူး။ ဒါပေမဲ့ အာရုံတက်တဲ့ အချိန်ထိ ဆောင့်ကြောင့် ထိုင်စောင့်နေတယ်။ ငါထွက်လာတဲ့အခါ ငါ့ရဲ့သတိက လျေ့ာသွားလိမ့်မယ်။ အဲဒီအချိန်မှာမှ _ _ _ ငါ ဘယ်လိုနည်းနဲ့မှ အပြင်မထွက်ရဲတော့ဘူး”
“ငါက ပိုဆိုးတယ်။ ငါရေချိုးနေတဲ့ အချိန်မှာ ကြည့်နေတာလေ။ အခုငါ ရေပြန်ဆေးတဲ့အချိန်မှာ မျက်လုံးတောင် မမှိတ်ရဲတော့ဘူး။ ငါ မျက်လုံး မှိတ်လိုက်တာနဲ့ ဖန်သားပြင်ထဲက မကောင်းဆိုးဝါးတွေအားလုံး ကုန်းထွက်လာသလို ငါ ခံစားနေရပြီ”
“တကောရေ အကျိုးအကြောင်းကျကျ ဝေဖန် ပေးပါလား။ မင်းကသာ ဒီလောက်ထိ ကြောက်နေရင် ငါတို့တောင် ဘယ်လိုလုပ်ရမလဲ။ ဒီအတိုင်းပဲ ဖန်သားပြင်ကို ပိတ်လိုက်ပါတော့လား”
ထိုတကြီးကလည်း ထိုကောမန့်ကို မျက်ရည်အပြည့်နှင့် ရီပလိုင်း ပြန်လာသည် ..။
”မဟုတ်ဘူး ငါကြိုးစားကြည့်တယ်။ ဒီရသစုံရှိုးက တကယ်ကို အဆိပ်ရှိနေတာ ငါ ပိတ်လိုက်တယ်။ ဒါပေမဲ့ ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်ပြီး ယားယံလာလို့ ငါ ပြန်ဖွင့်လိုက်မိတာပဲ။ ငါ ကြောက်တယ် ဒါပေမဲ့ ရပ်လို့မရဘူး။ ငါ ငိုလဲငိုချင်နေပါပြီ”
ထိုတဗွီအကြီးထံမှ ပြန်စာက ပရိတ်သက်ပေါင်းများစွာ၏ နှလုံးသားကို တိုက်ရိုက် ထိမှန်သွားသည်။ သူတို့အားလုံးကလည်း ထိုကောမန့်ကို လိုက်ခ် သွားကြသည်။
“ငါလည်းပဲ”
“+1”
“ဘာလို့ မင်းတို့တွေ ဆိုရှယ်ပလက်ဖောင်းပေါ် မှာ ရှိနေသေးတာလဲ။ ပရိုဂရမ်ရဲ့ အဓိက တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်က ပွင့်နေပြီလေ။ နောက်ပြီး အခြားဖန်သားပြင်အခွဲ အားလုံးကလည်း ပွင့်နေပြီ။ အဲဒီထဲမှ ယန်ရှစ်ရွှမ်းအမည်ရတဲ့ လူရဲ့ ဖန်သားပြင်လည်း ပါတယ်။ မင်းတို့ သွားမကြည့်ကြဘူးလား”
“သွားမယ်။ သွားမယ်။ သွားမယ်။ ငါ စံအိမ်ထဲက အဲဒီအဖိုးကြီးကြောင့် ကြောက်လွန်းလို့ မျက်ရည်တွေတောင် ကျနေပြီ။ မြန်မြန်လေး သွားပြီး ကော့မန့်တွေကို များများ ပို့လို့ ကလေးတွေကို ကယ်တင် ရအောင်”
“စနေပြီလား။ ငါ လာပြီ”
...
စံအိမ်အတွင်းတွင် ဝန်ထမ်းများကလည်း ကျန်းဝူပင်း၏ ဦးဆောင်မှုအောက်တွင် မူရင်း အလုပ်ချိန်တွေကို ပြန်လည် ရောက်ရှိ သွားကြသည်။ ဒီနည်းအားဖြင့် တိုက်ရိုက် ထုတ်လွှင့်မှု ကိရိယာများကို ချိန်ညှိပြီး ထမင်းစားခန်းအတွင်းမှ ဧည့်သည်များကို ချိန်ရွယ် ထားလိုက်ကြသည်။
ပရိုဂရမ်၏ စီစဉ်မှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မှားယွင်းနေသော်လည်း ပုံမှန်အားဖြင့် ခပ်အေးအေး ရှိသင့်သည့် ခရီးသွား ရသစုံရှိုးက တစ်ရက်ပင်မကြာသေးသော အခြေအနေမျိုးတွင် မတော်တဆမှုပေါင်း များစွာကို ကြုံတွေ့ခဲ့ရလေသည်။ ဧည့်သည်တစ်ယောက်က ရူးသွားသည်။ သူက စိတ်ပိုင်းဆိုင်ရာ လွှတ်ထွက် သွားပုံပေါ်သည်။ အခြားသော တင်ဆက်သူကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး သတိမေ့နေသေးသည်။ သို့သော် ရှိုးကမူ ဆက်ဖြစ်နေရ၏။
အရေးပါဆုံး အချက်ကမူ အိမ်တော်ထိန်းက အမြဲတစေ စောင့်ကြည့်နေခြင်း ဖြစ်သည်။
မနေ့ညက အဖြစ်အပျက်ကို သိပြီးသည့်အပြင် ယန်ရှစ်ရွှမ်းထံမှ တစ်ဆင့် အချို့သော အကြောင်းအရာများကို နားလည် သဘောပေါက်ပြီးနောက် ဝန်ထမ်းများကလည်း စံအိမ်၏ ပုံမှန် မဟုတ်လွန်းသော အိမ်တော်ထိန်းအိုကြီးကို သတိအပြည့် ကပ်နေကြပြီ ဖြစ်သည်။ ထို့ကြောင့် အိမ်တော်ထိန်းအိုကြီး အနားရှိနေချိန် ပို၍ပင် သတိထား ကြသေးသည်။ သူတို့ကလည်း ထိုအိမ်တော်ထိန်းအိုကြီးအား ပုံမှန် မဟုတ်သည့် အခြေအနေများကို သတိပြုမိ၍ မရချေ။ သို့မဟုတ် ထို့ကြောင့် ပုံမှန်အတိုင်း ဆက်လက် လုပ်ဆောင် နေရခြင်း ဖြစ်သည်။
သို့တိုင်အောင် သူတို့က မည်သည့်နေရာသို့ သွားစေကာမူ အိမ်တော်ထိန်းအိုကြီး၏ အေးစက်သော အကြည့်က ကျောနောက်တွင် ကပ်ပါနေကြောင်း ခံစားနေရသည်။ သူတို့က အမြဲတစ်စေ တစ်ယောက်တည်း ရှိနေချိန်တိုင်း အကြည့်တစ်ခုကို ခံစားမိနေကြလေသည်။
အပြင်ဘက်မှ ဧည့်သည်များနှင့် ဝန်ထမ်းများကလည်း ပုံမှန်အတိုင်း စီးပွားရေး ဆက်လုပ်နေကြပုံ ပေါ်သေးသည်။ သို့သော် သူတို့၏ နှလုံးသားအတွင်းမှ စိုးရိမ်မှုနှင့် ကြောက်လန့်မှုက မည်မျှ ပြင်းထန်နေကြောင်း သူတို့သာလျှင် သိနိုင်သည်။
ကျန်းဝူပင်းက သူ၏ မိုဘိုင်းဖုန်းမှ တစ်ဆင့် ပရိုဂရမ်အဖွဲ့ကို စက်ခရင်ရှု လုပ်နေသူများက မည်မျှ မြှင့်တက်လာကြောင်း မြင်နေရသည်။ သို့သော် သူက မပျော်ရွှင် နိုင်လောက်အောင် ဝမ်းနည်းလွန်းနေသည်။
ထိုစံအိမ်တစ်ခုလုံးကို ထိတ်လန့်၊ ခြောက်ခြားဖွယ် ကောင်းသော လေထု အခြေအနေက လွှမ်းခြုံထားသည်။ သို့သော် ထမင်းစား စားပွဲတွင် ထိုင်ပြီး ပုံမှန် မျက်နှာထားမျိုးနှင့် ရှိနေသော ယန်ရှစ်ရွှမ်းကမူ ချွင်းချက် ဖြစ်သည်။
ခြားနားသွားသည်မှာ မနေ့ညက ညစာစားခဲ့စဉ်က လူတိုင်းက သူ့ကို လျစ်လျူရှု ထားပြီး ယခုအခါမူ ဧည့်သည်များက ယန်ရှစ်ရွှမ်းကို ထိတ်လန့်တကြီး ကြည့်နေကြပြီး သူ လုပ်သော အပြုမူအတိုင်း ဆုံးဖြတ်ချက် တစ်ခုလိုမျိုး လိုက်ပါ လုပ်ဆောင်သည့် ပုံသဏ္ဌန်မျိုးကို ပြသ ကြသည်။
ထိုလူများထဲတွင် ဧည့်သည်တစ်ယောက်က လူတိုင်းထံ မနက်စာ ခင်းကျင်း ပေးနေသော အိမ်တော်ထိန်းအိုကြီးကို ကြည့်ပြီး ပြောလိုက်သည်။
“ ငါ့ရဲ့ဝေစုတော့ မလိုတော့ဘူး။ ငါ ဗိုက်မဆာဘူး”
သို့ရာတွင် ယန်ရှစ်ရွှမ်းက အခြားသောသူများ မျက်နှာထားကို နားမလည်နိုင်သလိုမျိုး ထူဆန်းသော ပုံစံမျိုးနှင့် မေးလိုက်သည်။
“မင်းမစားရင် မဆာနေလောက်ဘူးလား”
လူတိုင်း၏ အကြည့်အောက်တွင် ယန်ရှစ်ရွှမ်းက တည်ငြိမ်စွာဖြင့် စားပွဲတင် ပစ္စည်းများကို သုံးကာ သူ၏ကိုယ်ပိုင် မနက်စာကို ပျော်ရွှင်စွာ စားသည်။ အမှား လုပ်လိုက်မိပြီဟု ယူဆလိုက်သည့် ထိုဧည့်သည်ကလည်း ရှက်သွားသည်။
“ဒါပေမဲ့ မင်း ပြောတာတော့ မင်းမရ ...”
“အသားရဲ့ အရသာက ကောင်းတယ်”
ယန်ရှစ်ရွှမ်းက သူ၏စကားကို ဖြတ်လိုက်ပြီး အိမ်တော်ထိန်းအိုကြီးကို မေးသည်။
“နှမြောစရာ ကောင်းတာက မနေ့ကလိုမျိုး လူသား မရနိုင်တာပဲ။ ဒါပေမဲ့ ဒီလို အရသာမျိုးက လူသားထက် ပိုတောင် အရသာ ရှိနေသေးတယ်။ နာမည်က ဘယ်လို ခေါ်လဲ”
အိမ်တော်ထိန်းအိုကြီးက နောက်သို့ လှည့်ရန် ပြင်နေစဉ်မှ ရုတ်တရက် တန့်လိုက်ပြီး သေရမည်ကို မကြောက်သည့် ထိုလူငယ်ကို သုန်မှုန်တဲ့ မျက်နှာဖြင့် လှည့်ကြည့်သည်။ တစ်ခဏ ခန့်ကြာပြီးနောက် ကြမ်းတမ်းပြီး ဩရှသည့်အသံက ထွက်လာသည်။
“ဒါဆိုရင် မင်းဘာသာ သူမကို မေးကြည့်လိုက်”
“ဒါပေမဲ့ ငါ့အထင် ဒါကို ဝိရောဓိလို့ ခေါ်သင့်တယ်”
အမည်မသိရသော အဓိပ္ပာယ်နှင့် စကားတစ်ခွန်းကို ချန်ရစ်ပြီးနောက် ထိုအိမ်တော်ထိန်းအိုကြီးက မီးဖိုခန်းထဲသို့ လျှောက်ဝင်သွားကာ လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
ဧည့်သည်များက တစ်ယောက်ကို တစ်ယောက် ကြည့်လျက် ကျန်ခဲ့သည်။ ယန်ရှစ်ရွှမ်းကမူ စိတ်ရှုပ်သွား၏။ သူတို့ ဘာလုပ်သင့်ကြောင်း မသိကြတော့ချေ။
“ကြည့် ငါ ဘာလုပ်လဲဆိုတာကို မြင်လား”
ယန်ရှစ်ရွှမ်းက ပဟေဠိ ဖြစ်သွားသည်။
“မင်းတို့ မစားရင် ဗိုက်ဆာ နေကြမှာပေါ့။ ငါတို့ ဒီနေရာကနေ ဘယ်အချိန်မှ ထွက်သွားနိုင်မယ် ဆိုတာကိုလဲ ငါကိုယ်တိုင်တောင် မသိသေးဘူး။ ဒါ့အပြင် အခုက ယခင်ထက် ပိုပြီး နောက်ကျသွားရင် ပိုပြီးတော့တောင် စိုးရိမ်စရာ မကောင်းသွားဘူးလား။ မင်းတို့ မနေ့ညက ညစာ စားခဲ့ကြလား”
“ဆိုတော့ ဒါတွေက အဆင်ပြေတာလား”
“ငါ စားလိုက်ရင် ငါ လျိုရီရီလို ဖြစ်သွားမှာလား။ ငါ ရက်အနည်းလောက် ဆာနေတာ အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ် ကင်မရာပေါ်မှာလဲ အလေးချိန်ချတာက ပုံမှန်ပဲလေ”
ယန်ရှစ်ရွှမ်းက လှောင်သည်။
“စား မင်းတို့ ဗိုက်မပြည့်နေရင် ထွက်ပြေးဖို့ ဘယ်အင်အား ရှိမှာလဲ”
ယန်ရှစ်ရွှမ်း၏ တိကျပြတ်သားသော စကားက သူ၏ပါးစပ်မှ ကွက်တိ ထွက်လာကြောင်း မြင်လိုက်ရချိန် ဧည့်သည်များ မသက်မသာ ဖြစ်နေသော နှလုံးသားက ထိုးကျ သွားသည်။ ထိုသို့ဖြင့် သူတို့က စိတ်အေးစွာဖြင့် မနက်စာ စားကြသည်။
သို့သော် ယန်ရှစ်ရွှမ်းကမူ လူတိုင်းကို ကျော်လွန်ပြီး ပိတ်သွားသည့် မီးဖိုခန်းတံခါးသို့ ကြည့်နေသည်။
အိမ်တော်ထိန်းအိုကြီး၏ တုန့်ပြန်မှုနှင့်် ပြန်ဖြေသံက သူ၏ ခန့်မှန်းချက်ကို အတည်ပြုလိုက်နိုင်သည်။
လျိုရီရီထံမှ တစ်ဆင့် သာမန်ကာ လျှံကာ ပြုမူလိုက်မိသော အလှဲလှယ် လုပ်မိသော ကိစ္စကို ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် ယန်ရှစ်ရွှမ်းကလည်း ဆန့်ကျင်ဘက် အနေထားကို ခံစားခဲ့ရသည်။
အိမ်တော်ထိန်းအိုကြီးနှင့် စံအိမ်ထဲမှ တစ်စုံတစ်ရာက အလှဲလှယ် လုပ်ချင်ပြီး သက်ရှိလူသားများ၏ အသွေးသားများကို စားသုံး စေချင်နေလျှင် သူတို့က တွန်းအားပေး၍ ရသည်။ ထိုသို့ဆိုလျှင် ရှိုးအဖွဲ့မှ အဖွဲ့ဝင်တိုင်းကို ဖမ်းချုပ်ထားပြီး အင်အားသုံးကာ ခြိမ်းခြောက်ပြီး သူတို့၏ အသွေးသားများကို အတင်း ထိုးသွတ်ကာ စားခိုင်း၍ ရသေးသည်။
ဒါဆိုရင် ဘာလို့ ပထမဦးဆုံးနေ့ကလို ညစာထဲမှာ လူသားတွေ ထည့်ပြီး လှည့်ကွက် ဆင်ရတာလဲ။ နောက်ပြီး လျိုရီရီကို သွေးကို ဝိုင်နီအဖြစ် ပြောင်းတိုက်ပြီး လှည့်ကွက် ဆင်ရတာလဲ။ နောက်ပြီး ကျန်းဝူပင်း အယောင်ဆောင်ပြီး သူ့ကို အိမ်တံခါး အပြင်ဘက်ကို ထွက်လာအောင် ဟန်ဆောင် ရတာလဲ။
ဒီလောက်ထိ အင်အား စိုက်ထုတ်ပြီးတဲ့နောက်မှာ ညအချိန် အခန်းထဲကို မဝင်နိုင်ဘူးဆိုတဲ့ စည်းမျဉ်းနဲ့ တားမြစ်ချက်နဲ့ ကန့်သတ် ခံရသေးတယ်ဆိုရင် စံအိမ်ထဲမှာ သူတို့ ကြောက်လန့်ရတဲ့ အဲဒီအရာတွေက ဘာတွေ ဖြစ်နေမလဲ။
ဒီလောကတွင် လူသား မဟုတ်သော အရာများက အချိန်အတန်ကြာအောင် တည်တံ့ကာ နေနိုင်သည်မှာ သူတို့၏ မပြည့်ဝသေးသော အယူသီး စိတ်များကြောင့် ဖြစ်သည်။ အထူးသဖြင့် သရုပ်ဆောင်၏ ဖန်သားပြင်အခွဲတွင် ပေါ်ခဲ့သော သွေးရဲရဲနဲ့ လူသားပုံသဏ္ဌန် အရာများ ပြောသော စကားများအရ ယန်ရှစ်ရွှမ်းအနေနှင့် စံအိမ်အတွင်းရှိ အရာများဟာ ကောင်းသောသူများ မဟုတ်လောက်ကြောင်း သိနိုင်သည်။
ကွေ့ရှန်းမှ ကောလဟလများကို ထပ်မံ ထည့်ပြီး အတည်ပြု ကြည့်မည်ဆိုလျှင် ထိုလူများက လွန်ခဲ့သော နှစ်တစ်ရာ ခန့်ကတည်းက ဒီနေရာတွင် ရှိခဲ့လောက်သည်။ ဆိုလိုသည်မှာ ဒီနေရာတွင် ရှိနေခဲ့သည်မှာ နှစ်ရာကျော်သွားလေပြီ။
နှစ်ရာကျော်တိုင်အောင် တည်ရှိနိုင်နေခြင်း၊ ဖြတ်သွားဖြတ်လာများ၏ သေဆုံးသွားမှု၊ ပျောက်ဆုံးသွားမှု စသော ကောလဟလပေါင်းများစွာကို ထည့်ဖြည့် တွက်ကြည့်သော် စံအိမ်အတွင်းရှိ ထိုအရာများ၏ အယူသီးစိတ်က မည်မျှ နက်ရှိုင်း နေလောက်ကြောင်း သိနိုင်သည်။ သူတို့၏ ပန်းတိုင်ပြည့်ရန် ရက်စက်သော နည်းလမ်းကို အသုံးပြုရန် ဝန်မလေး လောက်ချေ။ သို့သော် ယခုလိုမျိုး တစ်စုံတစ်ရာ၏ ကန့်သက်မှုကို ခံနေရသလို ပြုမူနေခြင်းက သူတို့တွင် ကိုယ်ပိုင်စည်းမျဉ်းများ ရှိသလို ပြုမူနေသလို ဖြစ်နေသည်။
ယန်ရှစ်ရွှမ်းက ရုတ်တရက် ပိုင်ရွမ်းကို တွေးမိသွားသည်။ လျိုရီရီကဲ့သို့ အခန်းအတွင်းတွင် ပုဆိန်နှင့် အခုတ်ခံရပြီး ဒဏ်ရာရသွားသောသူနှင့် မတူညီသည်မှာ ပိုင်ရွမ်းက မနေ့ညက အခန်းထဲကပင် ထွက်သွားခဲ့သည်။ သို့တိုင်အောင် မည်သည့် ပြင်းထန်ဒဏ်ရာမှ မရရှိသွားခဲ့ချေ။ ခြစ်ရာပင် မထင်ခဲ့ချေ။ သူမက လူအသွေးအသားများကိုလည်း မထိခဲ့ပါချေ။ သို့သော် မှန်မှပြသော ပုံရိပ်ရောင်မှ တစ်ဆင့် ဝတ်စားပြင်ဆင်ရင်း ဥယျာဉ်အတွင်းတွင် သီချင်းဆိုရန် လှည့်ဖြား ခံခဲ့ရသည်။ လျိုရီရီနှင့် သရုပ်ဆောင်တို့၏ အခြေနေနှင့် ဆန့်ကျင်ဘက် ဖြစ်သွားသည်။ မည်သို့ပင် ကြည့်ကြည့် ပိုင်ရွမ်းက ခံစားရသော အခြေအနေက ပေါ့လွန်းသည်။
ဘာလို့လဲ။
ယန်ရှစ်ရွှမ်းက ဖြစ်နိုင်ချေ တစ်ခုကိုသာ တွေးမိသည်။
မနေ့ညက သူနှင့် ပိုင်ရွှင်းကို ပုံရိပ်ယောင်များ ပြခဲ့သော ထိုအမျိုးသမီးက အိမ်တော်ထိန်းအိုကြီးနှင့် ဆန့်ကျင်ဘက် ဖြစ်ပေလိမ့်မည်။ ပြောရလျှင် ထိုအဖိုးအိုကြီးက ထိုအမျိုးသမီးကို ကြောက်လောက်သည်။
သို့မဟုတ်လျှင် အိမ်တော်ထိန်းအိုကြီးက သူမ၊ ဝိရောဓိ ဆိုသော စကားလုံးများကို ထည့်ပြောသွားလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ယန်ရှစ်ရွှမ်းကိုလည်း ကိုယ့်ဘာသာကိုယ် မေးခိုင်းသေးသည်။ သူက တိုက်ရိုက် မဖြေသွားခဲ့ချေ။ ထို သူမဆိုသော နာမ်စားက အိမ်တော်ထိန်းအိုကြီးအတွက် ရွံ့မုန်းစရာ ဖြစ်သလို ကြောက်လန့်ရာလည်း ဖြစ်လောက်မည်။
မနေ့ညက အဓိက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ပေါ်လာခဲ့သော အိမ်တော်ထိန်းအိုကြီးက ဧည့်ခန်းအတွင်း ဖြတ်လျှောက်သွားသော ပုံစံအတွင်း သူဟာ ကြမ်းခင်းမှ မျက်နှာကျက်အထိ မြင့်မားလွန်းသော ပြတင်းပေါက်ကြီးအနားတွင် ရပ်သွားသည်။ သူက အပြင်သို့ မထွက်ခဲ့ချေ။ ထိုကြောင့် အိမ်တော်ထိန်းအိုကြီးကလည်း စံအိမ်အတွင်းတွင် လျိုရီရီကို ဒဏ်ရာရအောင် လုပ်ခဲ့သော လူသားပုံသဏ္ဍာန် အသားလုံးကြီးနှင့် ဆက်စပ်ကောင်း ဆက်စပ် နေလောက်သည်။ သူတို့က တစ်ဖွဲ့တည်း ဖြစ်နိုင်သည်။ ဥယျာဉ်အတွင်းမှ အမျိုးသမီးကလည်း စံအိမ်အတွင်းသို့ မဝင်နိုင်ချေ။ ထိုတစ်ဖွဲ့က အခြားတစ်ဖွဲ့ ဖြစ်လောက်သည်။
ထိုအမျိုးသမီးက စံအိမ်အတွင်းသို့ မဝင်နိုင်ခြင်းအပြင် အိမ်တော်ထိန်းအိုကြီးကလည်း စံအိမ်အတွင်းမှ ထွက်ကာ ဥယျာဉ်အတွင်းသို့ မသွားနိုင်ချေ။ ဥယျာဉ်အတွင်းတွင် လူသားပုံသဏ္ဍာန် နှင်းဆီများ ရှိနေသေးသည်။ ထိုပန်းများကလည်း ထင်းတဲကို ကြောက်သည်။ အဖြူရောင် အေးခဲမှုဟု အမည်ရသော ထိုအမျိုးသမီးကလည်း ထင်းတဲအနားတွင် လဲကျနေခဲ့သည်။
ကြည့်ရသည်မှာ အရာအားလုံးက အချိတ်အဆက်နှင့် ရှိနေခြင်း ဖြစ်လောက်သည်။
ပြောရလျှင် အိမ်တော်ထိန်းအိုကြီးကိုသာ ထိုမိန်းမက ဒီစည်းမျဉ်းများ အတိုင်း နေထိုင်ရန် တွန်းအားပေးခဲ့ခြင်း ဖြစ်လောက်သည်။ ဒီတစ်ကြိမ် အိမ်တော်ထိန်းအိုကြီးကို စမ်းသပ် ကြည့်ပြီးနောက် မနေ့ညက လိုအပ်နေခဲ့သည့် ဂရုစိုက်ရမည့်အပိုင်းက ပြည့်သွားသည်။ ယန်ရှစ်ရွှမ်းက ရုတ်တရက် ကိစ္စတစ်ခုလုံးကို နားလည် လိုက်သည်။
စံအိမ်အပြင်ဘက်တွင် အတားခံခဲ့ရသော ထိုသရုပ်ဆောင်နှင့် သူ့ကို တောင်အောက်သို့ မဆင်းနိုင်အောင် ပိတ်ပင်ခဲ့သော အကြောင်းအရာများအပြင် မနေ့ညက ဖြစ်ပျက်ခဲ့သော ထင်းတဲ့အပြင်မှ အခြေအနေများအားလုံးကို ဆက်စပ် ကြည့်လိုက်ပြီးနောက် သူတို့အနေဖြင့် ဒီနေရာမှ ထွက်ခွာ၍ မရနိုင်ကြောင်း နားလည် လိုက်သည်။ သူတို့ကို မထွက်ခွာစေလိုသည်မှာ အိမ်တော်ထိန်းအိုကြီး၏ အဖွဲ့မှလူများ ဖြစ်လောက်သည်။
သူကသာ အိမ်တော်ထိန်းအိုကြီး ကြောက်လန့်သော ထိုအမျိုးသမီးကို ကောင်းကောင်း အသုံးချနိုင်သမျှ ပရိုဂရမ်အဖွဲ့ တစ်ခုလုံးကို ရှင်သန်အောင် ကာကွယ်ထားရင်း တောင်အောက်သို့ ဦးဆောင် ခေါ်သွားမည့် အခွင့်အရေး ရရှိလောက်မည်။
ဧည့်သည်များကလည်း သူတို့၏ မနက်စာကို ခပ်မြန်မြန် စားကာ အဆုံးသတ် လိုက်ကြပြီး သူတို့၏အခန်းအတွင်း ပုန်းနေ လိုက်ကြသည်။ ယေဘုယျ ကျကျပင် ယန်ရှစ်ရွှမ်းကသာ စားသောက်ခန်းတွင် ကျန်ရစ် ခဲ့၏။ သူ၏ပိန်ပါးပြီး သန်မာသော ခန္ဓာကိုယ်က ကုလားထိုင်တွင် ဖြောင့်မတ်စွာ ထိုင်နေသည်။ သူက အချိန်အတန်ကြာ တရားထိုင်နေသလို တိတ်ဆိတ်သွားသည်။
တိုက်ရိုက်ထုတ်လွှင့် အဓိက ဖန်သားပြင်အရှေ့မှ ကြည့်ရှုသူများကလည်း ယန်ရှစ်ရွှမ်း၏ ဆွံ့အဖွယ် ကောင်းသော ပုံပန်းသွင်ပြင်ကို မြင်သောအခါ စိုးရိမ်စိတ် ကြီးလာကြသည်။ ထိုအချိန်တွင် ထူးဆန်းသော တစ်စုံတစ်ရာ ဖြစ်လာမည့်အရေးကို ကြောက်လန့်နေကြ၏။ မနေ့ညက သရုပ်ဆောင်ကဲ့သို့ စိတ်ပိုင်းဆိုင်ရာ လွှတ်ထွက် သွားမည့် အခြေအနေကိုလည်း စိုးရိမ်ကြသေးသည်။
သို့သော် ယန်ရှစ်ရွှမ်း၏ လက်ထဲတွင် ကိုင်ထားသော အဖြူအပြာ ကြွေခံ ပန်းကန်လုံးအတွင်းမှ အဖြူရောင် ဆန်ပြုတ်များက အပြီးတိုင် အေးကျသွားသော အချိန်မှသာ မျက်တောင် ခတ်လာပြီး အင်အား ပြန်ပြည့်သွားပုံ လှုပ်ရှားလာသည်။
သူက အဓိပ္ပာယ်မဲ့စွာ ထရယ်သည်။ ထို့နောက် ဆန်ပြုတ်ပန်းကန်ကို ကောက်မပြီး ပြောင်ရှင်းအောင် မော့သောက်လိုက်သည်။ ထို့နောက် မတ်တပ် ထရပ်လိုက်ပြီး လေးထပ် မြောက်သို့ သွားရန် ကြံစည်သည်။
သူက မနေ့ညက စစ်ကြည့်ခဲ့ချိန်က အိမ်တော်ထိန်းအိုကြီး၏ ပြောစကားအရ လေးထပ်မြောက်ဟာ ရေယို နေသောကြောင့် လူနေထိုင်၍ မရချေ။ ထို့ကြောင့် လူတိုင်း၏ရှာဖွေမည့် အစီအစဉ်ကို ငြင်းပယ်ခဲ့သည်။
သို့သော် အိမ်တော်ထိန်းအိုကြီး၏ ရက်စက် ကြမ်းတမ်းလွန်းသော စိတ်ဆန္ဒမှ တဆင့် ဒါဟာ အကြောင်းပြချက် ဖြစ်နိုင်သည်ဟု ခံစားရသည်။
လေးထပ်မြောက်တွင် အိမ်တော်ထိန်းအိုကြီးက လူအများကို မသိစေလိုသည့် တစ်စုံတစ်ရာ ရှိနေလောက်သည်။ ပို၍ဆိုးသည်မှာ အိမ်တော်ထိန်းအိုကြီးကိုယ်တိုင်က လေးထပ်မြောက်သို့ မသွားနိုင် လောက်ချေ။
မနေ့ညက အန်းနန်ယွမ်က ညစာ စားပြီးနောက် စံအိမ်တစ်ခုလုံးအနှံ့ လျှောက်သွားခဲ့သည်။ ထိုအထဲတွင် လေးထပ်မြောက်လည်း ပါသည်။ အိမ်တော်ထိန်းအိုကြီးကမူ လေးထပ်မြောက်တွင် ပေါ်လာပြီး သူ့အား မတားရစ်ခဲ့ချေ။ ထိုအချက်ကတင် အိမ်တော်ထိန်းအိုကြီး ပြုမူနေကျ အခြေအနေနှင့် သွေဖယ်နေသည်။
ယန်ရှစ်ရွှမ်းက မနေ့ညက ထင်ယောင်ထင်မှား မြင်ကွင်းအတွင်း မှန်တင်ခုံ၏ မှန်တွင် ပေါ်လာခဲ့သော ချုံဆန်းဝတ်ဆင်ထားသည့် အမျိုးသမီးကို မြင်တွေ့ခဲ့ရသည်။ ထိုအမျိုးသမီးကို ပြန်တွေး ကြည့်မိလိုက်၏။
ထိုအချိန်က သူမ ရှိနေခဲ့သည့်အခန်းက စံအိမ်၏စတိုင်နှင့် တူသည်။ သို့သော် အနည်းနှင့်အများ ပိုပြီးခမ်းနားပြီး ဧည့်သည်များနေသော အခန်းတိုင်းထက် ပိုပြီး ခမ်းနား လွန်းနေခဲ့သည်။
ဒါက ထင်ယောင်ထင်မှား စိတ်ကူးယဉ် ဖန်တီးထားခြင်း မဟုတ်ဘဲ လွန်ခဲ့သော နှစ်တစ်ရာခန့်က မြင်ကွင်း ပြန်ပေါ်လာခြင်း ဖြစ်လောက်သည်။ ပြတင်းပေါက် အပြင်ဘက်မှ ပေါ်လာခဲ့သော မြင်ကွင်းများကို ခန့်မှန်းကြည့်ရုံနှင့် ထိုအမြင့်က တတိယထပ် သို့မဟုတ် စတုတ္ထထပ် ဖြစ်လောက်သည်။
သို့သော် တတိယထပ်မှ အခန်းလေးခန်းလုံးကို ပိုင်ရွှမ်း၊ အန်းနန်ယွမ်တို့က ဘယ်ဘက်ခြမ်း၊ လျိုရီရီနှင့် တင်းချန်တို့က ညာဘက်ခြမ်း အသီးသီး ယူထားကြပြီးသား ဖြစ်သည်။
မနက်ပိုင်းတွင် လျိုရီရီက မတော်တဆ ဖြစ်ခဲ့သော အချိန်က ယန်ရှစ်ရွှမ်းက အခွင့်ကောင်း အရယူပြီး အခန်းလေးခန်းတိုင်းကို လိုက်ကြည့်ခဲ့သည်။ သို့သော် မည်သည့်အခန်းကမှ သူမြင်ခဲ့သော အခန်းတိုင်းနှင့် မတူညီချေ။ ထိုသို့ဆိုလျှင် ထိုအခန်းက လေးထပ်တွင်သာ ရှိရပေလိမ့်မည်။
ပို၍ဆိုးသည်မှာ အန်းနန်ယွမ်က စံအိမ်တစ်ခုလုံးကို လိုက်ကြည့်ခဲ့ချိန်က မြင်ခဲ့ရသော ဖန်သားပြင်အခွဲမှ ပုံရိပ်အရ လေးထပ်တွင် မိန်းမဆန်ပြီး ခမ်းနားလွန်းသော ပြင်ဆင်မှုပုံစံနှင့် အခန်းများကို တွေ့ခဲ့ရသည်။ ထို့အပြင် အလှဆင်စားပွဲတွင်လည်း ခေတ်နောက်ကျနေသော ပုံစံမျိုးဖြင့် နူတ်ခမ်းနီဘူးကို တွေ့ခဲ့ရလေသည်။
ဒါက သူ ထင်ယောင်ထင်မှား ပုံရိပ်အတွင်းမှ မြင်ခဲ့ရသည့် နူတ်ခမ်းနီနဲ့ အတူတူပဲ။ နောက်ပြီး အဲဒီမှာ အေးခဲခြင်းဆိုတဲ့ စကားလုံးကိုလည်း ရေးထိုးထားသေးတယ်။
ယန်ရှစ်ရွှမ်းက လေးထပ်မှ ထိုအမျိုးသမီးနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ရှာဖွေ လိုသည်။ ထို့အပြင် သူမနှင့် အိမ်တော်ထိန်းအိုကြီးဟာ အချင်းချင်း ကြောက်လန့်နေရသော အနေအထားတွင် ရှိကြောင်း သိလိုက်ရသည်။
ကျွီ
လှေကား လက်ရမ်းများက ခမ်းနားပြီး အဆင့်အတန်း မြင့်နေသေးသည့် တိုင်အောင် သစ်သားတံခါးကမူ သက်တမ်းရင့်မှုကို မဖုံးကွယ်နိုင်ချေ။
ယန်ရှစ်ရွှမ်းက အပေါ်သို့ တက်လိုက်သော အချိန်တွင် ကျယ်လောင်သော အသံက ထွက်လာသည်။ ထို့နောက် သူက တက်နင်းမိလိုက်သည့် အချိန်တွင်ပင် လွှမ်းမိုးခံရသည့် ငြီးငြူသံ သဲ့သဲ့တို့ကို ကြားလိုက် ရသေးသည်။
ယန်ရှစ်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့် ဖန်သားပြင်အခွဲ အရှေ့တွင် ဆောင့်ကြောင့် ထိုင်နေခဲ့သော ကြည့်ရှုသူများကလည်း ဘာကြောင့်ရယ်မသိ ထိုတစ်ခဏတွင် ထိတ်လန့် လာကြသည်။ သူတို့က ယန်ရှစ်ရွှမ်း၏ ပြီးပြည့် စုံလွန်းသော ရုပ်ရည်အကြောင်းကို ဆွေးနွေးနေမှုအား ရပ်တန့် လိုက်ကြပြီး ဘာကိုမှ မှတ်ချက် မချကြတော့ချေ။ သူတို့ဟာ ဖန်သားပြင်ကိုသာ အနီးကပ် စိုက်ကြည့်နေကြပြီး ရုတ်တရက် တစ်စုံတစ်ရာ ထွက်လာမည့်အရေးကို ထိတ်လန့်နေကြသည်။
သို့သော် နေ့အချိန် ဖြစ်နေသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်လောက်သည်။ ကြည့်ရှုသူများက ဘာကိုမှ မကြောက်ကြချေ။
ယန်ရှစ်ရွှမ်းက တတိယထပ်သို့ ရောက်သွားပြီး စတုတ္ထထပ် အနားသို့ ရောက်ရှိတော့မည့် အချိန်မှသာ ဘေးဘက် လက်ရမ်းပေါ်တွင် ရှိနေသော ပျက်စီးနေသည့် ဗုဒ္ဓရုပ်ထုလေးက_ _ _
ထိုနေရာ နားတွင်လည်း ကြာပန်းခုံကဲ့သို့သော နေရာပေါ်တွင် ထိုင်နေဟန်သဏ္ဍာန် ရှိနေသည့် ကွမ်ရင်ရုပ်ထုလည်း ရှိနေသည်။ ထိုအရာက ရုတ်တရက် လေမတိုက်ပါဘဲနှင့် လွှင့်ထွက်လာပြီး ယန်ရှစ်ရွှမ်း၏ အရှေ့တည့်တည့် ကျလာလျက် လေးထပ်မြောက်သို့ တက်မည့် လမ်းကို ပိတ်လိုက်သည်။
ယန်ရှစ်ရွှမ်းက သတိလက်လွှတ် အောက်ကို အကြည့် ပို့လိုက်မိသည်။
ကြွေပြားပေါ်မှ ကွမ်ရင်ရုပ်ထုက အချိန်၏ တိုက်စားမှု ဒဏ်ကို ခံထားရပြီး မှေးမှိန်ကာ ပျက်စီးနေပြီ ဖြစ်သည်။ သူ၏လက်ထဲတွင် ကိုင်ထားသော သန့်စင်ခြင်း ပုလင်းကပင် ပျောက်ဆုံးနေသည်။
သို့သော် တစ်ဝက်သာ ဖွင့်ထားဟန် ဖြစ်နေသော မျက်ဝန်းက နတ်ဘုရားများ၊ ဗုဒ္ဓများ၏ ညှာတာမှု၊ သနားစာနာမှုကို ပိုင်ဆိုင်ထားသလို၊ သူ အချိန်အတန်ကြာ ကောင်းချီးပေးပြီး ချစ်ခင် စောင့်ရှောက်ခဲ့ရသော ကလေးငယ်ကို စိုက်ကြည့်နေဟန်ဖြင့် သူ့ကို ကာကွယ် ပေးချင်သလို ဖြစ်နေသည်။
ထိုကွမ်ယင်ရုပ်ထုက နောက်ဆုံးတွင် ငြိမ်အောင် ရပ်သွားပြီးနောက် သူက အပေါ်သို့ ဆက်တက်သည်။ သို့ရာတွင် ယန်ရှစ်ရွှမ်းနှင့် ကွမ်ယင်ရုပ်ထုက မျက်လုံးချင်း ဆုံသွားသည့်အခိုက် ကွမ်ယင်ရုပ်ထု၏ မျက်ဝန်းက တဖြည်းဖြည်းချင်း ပိတ်သွားသည်။
ကွမ်ယင်၏ မျက်ဝန်းက ပိတ်သွားသည်။ သူမက လောကကို မကယ်နိုင်တော့ချေ။
ယန်ရှစ်ရွှမ်းက မတုန့်ပြန်နိုင်သေးခင် ချက်ချင်းလိုလို တတိယထပ်ထံမှ စူးရှသော အမျိုးသမီးတစ်ယောက်၏ ကြောက်လန့်တကြီး အော်သံက ထွက်လာသည်။
“အား”
******