Ch 18
Viewers 6k

အပိုင်း(၁၈)

 

ယန်ရှစ်ရွှမ်းကလည်း စံအိမ်သို့ ပထမဦးဆုံး ဝင်လာခဲ့ချိန်က မီးဖိုခန်းထဲသို့ ဝင်ကြည့် ခဲ့ဖူးသည်။

 

ထိုအချိန်က မီးဖိုခန်းက လွန်ခဲ့သော နှစ်တစ်ရာခန့်က မီးဖိုချောင်သုံးပစ္စည်းများဖြင့် ရှိနေသော်လည်း လွန်ခဲ့သော နှစ်တစ်ရာခန့်က ပုံစံနှင့် အလေ့အကျင့်ကိုလည်း သယ်ဆောင် ထားခဲ့သည့်တိုင်အောင် ပြတင်းပေါက်နားက တောက်ပ သွားသည်။ သံမဏိပြုတ်အိုးကြီးများ၊ ဟင်းခတ် အမွှေးအကြိုင်ပစ္စည်းများနှင့် အခြားသော ပါဝင်ပစ္စည်းများကလည်း အသက်စွမ်းအင် အပြည့်နှင့် ဖြစ်သည်။

 

သို့သော် ယခုမူ မီးဖိုခန်းက ဖုန်များ ထူထပ်နေသည်။ ပင့်ကူမျှင်များကပင် ရှိနေသေး၏။

 

ယန်ရှစ်ရွှမ်းက တံခါးဖွင့်လိုက်သည့် တစ်ခဏတွင် အခန်းအတွင်းရှိ ဖုန်များ အပါအဝင် သိပ်သည်းသော ရနံ့က သူ၏မျက်နှာကို ရိုက်ခတ် လာသည်။ တစ်ချက် ကြည့်ရုံဖြင့်ပင် မီးဖိုခန်းအတွင်း မည်သည့် စားစရာမှ မရှိကြောင်း မြင်နိုင်သည်။ တစ်စုံတစ်ယောက်က တည်ရှိနေသော အရိပ်အယောင် သဲလွန်စကိုပင် မမြင်ရချေ။

 

သိသာစွာပင် သိပ်မကြာခင်က အိမ်တော်ထိန်းအိုကြီးက မီးဖိုခန်းအတွင်းမှ မနက်စာများကို လူတိုင်းအတွက် ယူလာပေးခဲ့သည်။ သို့သော် နာရီအနည်းငယ် ကြာခဲ့ပြီးနောက် မီးဖိုခန်းက ချက်ချင်းဆိုသလို ယိုယွင်းအိုမင်းသွားပြီး ကြီးမားသည့် သံမဏိအိုးကပင် သံချေး တက်သွားသည်။ မီးဖိုကလည်း တစ်ဝက်က ကျိုးပဲ့နေ၏။ ထို့ကြောင့် မည်သည့်နည်းနှင့်မှ သုံး၍မရကြောင်း မြင်နိုင်သည်။

 

ယန်ရှစ်ရွှမ်းက မီးဖိုခန်းတံခါးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ မီးဖိုခန်းမှ တဆင့် လာသော အိမ်တော်ထိန်းအိုကြီးနှင့် ထိုအမျိုးသမီးမှ ခြားနားသည့် ခံစားချက်တစ်မျိုးကို ခံစားရသည်။

 

ဒါက စံအိမ် အတွင်းရှိ ထိုအရာများကဲ့သို့ အမုန်းတရားကြီးပြီး ခက်ထန်သော ခံစားချက်များနှင့် ခြားနားသည့် မိခင်တစ်ယောက်၏ နောင်တနှင့် စိုးရိမ်စိတ် ကပ်ညှိနေသော ရနံ့မျိုး ဖြစ်သည်။

 

ဒါက ငယ်ရွယ်စဉ် ကတည်းက ပျိုးထောင်ခဲ့ရတဲ့ နူးညံ့မှု၊ ချစ်ခြင်းအပြည့်နဲ့ စောင့်ကြည့် နေရသလိုမျိုးပဲ။

 

အဲဒီ ကလေးမလေး အစားအသောက် လိုအပ်မှာကို စိုးရိမ်တယ်။ အဝတ်အစား မရှိမှာကိုလည်း စိုးရိမ်ရတယ်။ ကိုယ့်ကိုယ်ကို ဂရုမစိုက်မှာကိုလည်း ပူပန်ရတယ်။ သူမလေး အနိုင်ကျင့်ခံရမှာကိုလည်း စိုးရိမ် ရပြန်တယ်။

 

တစ်စုံတစ်ယောက်က သူမကို တိုက်ခိုက်ခဲ့တဲ့ အချိန်မှာ သူမရဲ့အသက်က ခြိမ်းခြောက် ခံနေရရင်တောင်မှ တုန့်ဆိုင်းမနေပဲ ခုန်အုပ်လိုက်ပြီး ကလေးမလေးအတွက် လက်ဆန့်တန်းလို့ ကာကွယ် ပေးချင်ခဲ့သေးတယ်။

 

သူမရဲ့လုံခြုံရေးက အရေးမကြီးဘူး။ သူမရဲ့အရှေ့မှာ ဒီကလေးမလေးကိုပဲ ကာကွယ် ချင်ခဲ့တာ။

 

ဒါက ကြက်မကြီးတစ်ကောင်က ကြက်ပေါက်လေးကို ကာကွယ် ပေးသလိုမျိုးပဲ။

 

ကြောက်မက်ဖွယ်ကောင်းတဲ့ သိန်းငှက်တစ်ကောင်ကို ရင်ဆိုင် နေရရင်တောင်မှပေါ့…

 

ယန်ရှစ်ရွှမ်း၏ စိတ်က တစ်ခဏခန့် ကြာအောင် မှင်သက်သွားသည်။

 

သူ၏ကျောဘက်မှ လာသော အလင်းက မှုန်မှိုင်းနေသော မီးဖိုခန်းအတွင်း ဖြာကျလာပြီး ဖုန်တိမ်စိုင်များကို မွှေနှောက်လိုက်ကာ မသက်မသာ ဖြစ်စေလောက်မည့် ပုံပြင်ဟောင်း တစ်ပုဒ်ကို ပြန်ပြောင်း ပြောပြသည်။

 

သူဟာလည်း မီးဖိုခန်းအတွင်း အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည့် လက်၊ ခြေများနှင့် ပါဝင်ပစ္စည်းများကို ကိုင်တွယ်နေသော အသက်အရွယ် ကြီးရင့်သည့် နာနီတစ်ယောက်ကို မြင်ရပုံ ပေါ်သည်။ သူမက သူမရဲ့သခင်မလေးနှင့် ထိုဦးလေးအတွက် စားသောက်စရာ များကို ပျော်ရွှင်မှု အပြည့်နှင့် ပြင်ဆင် ပေးနေသည်။ ထို့နောက် ဦးလေးက ရောက်လာပြီး သခင်မလေးက ပျော်တော့မှာပဲ ဆိုသော စကားကို ပြောသေး၏။

 

ထိုနာနီအတွက် ငယ်ရွယ်စဉ် ကတည်းက ကြည့်ရှု စောင့်ရှောက်ကာ ကြီးပြင်း လာအောင် ပျိုးထောင်ပေးခဲ့ရသော သခင်မလေးကသာ သူမ၏ကိုယ်ပိုင် ဘဝထက် ပို၍အ‌ရေးကြီးပုံ ပေါ်သည်။

 

သူမရဲ့ ကိုယ်ပိုင်ဘဝထက်တောင် အရေးကြီးပုံပေါ် နေသေးတယ်။

 

သို့ရာတွင် စားသောက်စရာများက အေးကုန်လေပြီ။ အလင်းများကလည်း အချိန်ကြာလာသည်နှင့်အမျှ ပြိုပျက်ကုန်၏။ မီးဖိုခန်းအတွင်းတွင် ထိုင်ကာ ခေါင်းကို လက်ခုလျက် အိပ်ပျော်နေခဲ့သော နာနီက ရုတ်တရက် လှုပ်နိုးလာသည်။ သို့သော် သူမက ဦးလေး ပြန်လာသည်အထိ မစောင့်နိုင်တော့ချေ။

 

ညကောင်းကင်တွင် လေယာဉ်ပျံများ ဝဲပျံသံကြောင့် ထွက်လာသော ဆူညံသံများက ပြည့်နှက် နေသည်။ အဝေးရှိမြို့ထဲမှ မီးတောက်က ကောင်းကင် တစ်ဝက်ခန့်ကို ရောင်ပြန်ဟပ်နေ၏။ မြို့အပြင်မှ တောင်ပေါ်သို့ လာသော လမ်းတောက်လျှောက် အော်ဟစ်သံများက ပြည့်နှက်နေသည်။ အရာအားလုံးက စိတ်ဓာတ်ကျဖွယ် ဖြစ်သည်။

 

ထိုသို့ ကျယ်လောင်လွန်းသော ပေါက်ကွဲသံများအကြားတွင် အထိတ်တလန့် ထွက်ပြေး လာခဲ့သော ဓားပြတစ်ဖွဲ့က ညအချိန် တောအုပ်ကို ကျော်ဖြတ်လာသည်။ ထိုအခါ တောင်တောအုပ်အတွင်းမှ စံအိမ်၏အလင်းက ထိုဆာလောင်ကာ နွမ်းနယ်နေသည့် ဓားပြတစ်အုပ်၏ အာရုံကို ဆွဲဆောင်လိုက်သည်။

 

သူတို့၏မျက်လုံးက ကြောက်မက်ဖွယ် ကောင်းသော ဝံပုလွေများကဲ့သို့ လင်းလက် သွားသည်။ ထို့နောက် သူတို့က စံအိမ်ရှိရာဘက်သို့ ခပ်မြန်မြန် ပြေးဝင်လာကြပြီး ဥယျာဉ်အတွင်းမှ အလုပ်သမားများ၊ အစောင့်များ အားလုံးကို သတ်ဖြတ်ကာ စံအိမ်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

 

ဆူညံသံများကို ကြားသော နာနီကလည်း မီးဖိုခန်းထဲမှ အပြေးအလွှား ထွက်ပြီး သူမ၏ သခင်မလေးကို သွားရှာသည်။

 

မြောက်ပိုင်းလေနဲ့ ယှဉ်ရင် နေရောင်ခြည်က လူတွေရဲ့ သတိကို ပိုလျော့စေလိမ့်မယ်။

 

ယန်ရှစ်ရွှမ်း၏ မျက်ခုံးက ပြေလျော့ သွားကြောင်း မြင်သောအခါ မီးဖိုခန်းအတွင်းရှိ တစ်စုံတစ်ရာကလည်း သူမ၏ အကြံအစည်ကလည်း အောင်မြင်သွားပြီဟု ယူဆလေပြီး စိတ်အေးသွားသလို သက်ပြင်းချဟန် ပြင်သည်။ သို့ရာတွင် ထင်ယောင်ထင်မှား ဖြစ်ရပ်များအားလုံးကလည်း အဆုံးသတ်သွားပြီ ဖြစ်သည်။

 

ထိုအခိုက် ယန်ရှစ်ရွှမ်း၏ သွယ်လျသော လက်ချောင်းများက သူ၏အရှေ့တွင် ခပ်မြန်မြန် ချိတ်စည်း သဏ္ဍာန်ကို ပုံဖော်လိုက်ကာ မီးဖိုခန်းအတွင်းသို့ တိုက်ရိုက် တိုးဝင် သွားစေသည်။ သူက ခေါင်းကို အသာမော့လိုက်သည့် အချိန်တွင် ဖြာကျနေသော ဆံပင်များကြောင့် သူ၏ မျက်နှာ အမူအယာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ချေ။

 

လျို့ဝှက်ဆန်းကြယ်တဲ့ စစ်တပ်ပိုင်းဆိုင်ရာ တိုက်ခိုက်စွမ်းရည် နောက်ပြီး ဝင်္ကပါက ပုံမှန်ပဲ။

 

အခြေပြုသတ္တိ ငါးမျိုးနှင့် အခင်းအကျင်း ပုံစံနှစ်မျိုးက ဓမ္မချိတ်စည်း ပုံသဏ္ဍာန်မျိုးနှင့် ဆက်တိုက်ဆိုသလို မွေးဖွားလာပြီး ဝိုင်းသထက် ဝိုင်းသွားရင်းနှင့် တဖြည်းဖြည်း အင်အား ကြီးမားလွန်းလှသည့် အင်အားတစ်ရပ်ကို ထုတ်လွှတ်ကာ မိစ္ဆာဝိဉာဉ်တိုင်းကို ပယ်ဖျက် နိုင်သည်။

 

ယန်ရှစ်ရွှမ်း၏ နှလုံးသားအတွင်းတွင် ရွတ်ဖတ်နေသော runesများက ရွှေရောင် ကာရိုက်တာများအဖြစ် ပြောင်းလဲလာပြီး လေထဲတွင် တစ်ခုချင်းစီ မျောလွှင့်လာသည်။ ထိုသို့ဖြင့် ချိတ်စည်းသင်္ကေတ ပုံသဏ္ဍာန်က အပြည့်အဝ ပုံပေါ်လာသည်။ ရုတ်တရက် ဆိုသလို ထိုအရာများက ကြီးမားသော ဝင်္ကပါအဖြစ် ပြောင်းလဲသွားပြီး ရဲရင့်စွာဖြင့် အရှေ့သို့ တိုးဝင်သွားသည်။ ထိုသို့ဖြင့် ယန်ရှစ်ရွှမ်း၏ အ‌ရှေ့မှတဆင့် မီးဖိုခန်း အနက်ရှိုင်းဆုံးအပိုင်းတွင်းသို့ တိုးဝင်သွားသည်မှာ မည်သူမျှ မလွတ်မြောက်နိုင်သည့် ပိုက်ကွန်တစ်ခုအလား ထင်ရသည်။

 

ယန်ရှစ်ရွှမ်းက စက္ကန့် အနည်းငယ်ခန့် သတိလွတ်သွားသော အခိုက်အတန့်တွင် သူ့ကို ခုန်အုပ်ချင်နေသည့် တစ်စုံတစ်ရာက စူးရှသော အော်သံကို ထုတ်ပြီး ပြေးထွက်လာသည်။ ထို rune လောင်ကျွမ်းမှုကြောင့် ဖြစ်လာသော ပြင်းထန်သည့် နာကျင်မှုက မည်သို့ ဖြစ်နေစေကာမူ သူက အကောင်းဆုံး ကြိုးစားပြီး တတ်စွမ်းရှိသမျှ အင်အားသုံးလျက် မီးဖိုအခန်းအတွင်းမှ ပြေးထွက် ချင်နေသည်။

 

ယန်ရှစ်ရွှမ်းက အေးစက်မှုအပြည့် ရှိနေသော သူ၏မဲမှောင်နေသည့် မျက်ဝန်းကို အသာ ဝင့်လိုက်သည်။ ထို့နောက် မီးဖိုခန်း၏ ထောင့်တစ်နေရာကို ကြည့်သည်။

 

“ခင်ဗျား ဘာကို ဆိုလိုလဲ ဆိုတာကို ငါသိတယ်။ ယင်နဲ့ယန်က ကွဲနေ ပြီးသားပဲ။ ခင်ဗျားနဲ့ ခင်ဗျားရဲ့ သခင်မလေး နှစ်ယောက်စလုံးက လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်ကတည်းက မေ့လျော့ ခံရပြီးပြီ။ သူတို့ကို ဒီတစိမ်းတွေ ပြည့်နေတဲ့ ဒီလို လောကကြီးမှာ ဆက်နေခိုင်းတာက ဝမ်းနည်းမှုတွေကို ပိုတိုးစေရုံပဲ ရှိလိမ့်မယ်”

 

သူ၏အသံက တည်ငြိမ်သည်။ ထိုထဲတွင် ကြောက်လန့်မှု တစ်စွန်းတစ်မှ မပါဝင်ချေ။

 

ယန်ရှစ်ရွှမ်း၏ ခက်ထန်သော ချိတ်စည်း တိုက်ကွက်နှင့် မတူသည်မှာ သူ၏စကားလုံးများက တိုက်ခိုက်လိုစိတ် မပါချေ။ သူက အမှန်တရားကို မမြင်နိုင်သည့် သို့မဟုတ် မမြင်လိုသည့် စိတ်ရှုပ် ထွေးနေသော အခိုက်အတန့်မျိုးတွင် ရှိနေသော သနားစရာ ကောင်းသည့် လူများကို တည်ငြိမ်သော ရှု့ထောင်မှ မြင်နိုင်နေသည့် ဉာဏ်ရှိသော လူတစ်ယောက်က ဖျောင်းဖြပေးသော ပုံစံမျိုးနှင့် ပြောပြ ပေးနေခြင်း ဖြစ်သည်။

 

“ငါက နင့်ကို မုန်းနေရင် တောင်မှ ငါ လက်လွှတ်မခံနိုင်ရင် ဘယ်လို လုပ်ရမလဲ။ ဒီတော့ ထွက်သွားတာ ပိုကောင်းတယ်”

 

ရှင်းလင်းနေသော မီးဖိုခန်းအတွင်းမှ ထွက်လာသည့် စူးရှသည့် အော်သံများက ယန်ရှစ်ရွှမ်းကို မတုန်လှုပ်စေနိုင်ချေ။ သူက ခပ်အေးအေးသာ ပြောသည်။

 

“မင်းရဲ့ဒေါသ ရန်သူကို ပိတ်လှောင်နိုင်တယ်။ ဒါပေမဲ့ မင်းကိုယ်တိုင် ကိုလည်း ပိတ်လှောင် ထားမှာပဲ။ အခုကစပြီး မင်းက မကြည်လင်တဲ့ စိတ်နဲ့ တောင်တန်းအတွင်းမှာ လေလွှင့်နေရတဲ့ ဝိဉာဥ်တစ်ကောင်ပဲ ဖြစ်နေလိမ့်မယ်။ ဘယ်တော့မှ ထွက်ပေါက်ကို ရှာတွေ့မှာ မဟုတ်ဘူး”

 

“မင်းကသာ အတိတ်ကို လွတ်ပြီး ဘဝသစ်တစ်ခုကို ကြိုဆိုချင်ရင် မစိုးရိမ်နဲ့။ _ _ _ ကံ _ _ _စက်ကွင်းက မပျော်မရွှင် ဖြစ်နေရလိမ့်မယ်။ လူတိုင်းရဲ့ အပြုအမူအလိုက် ဆိုးယုတ်တဲ့ အကျိုးဆက်တွေက ကပ်ပါနေမှာပဲ။ ဒါပေမဲ့ မင်းကို လောကရဲ့ ကောင်းကင်ဘုံနဲ့ ငရဲက မဆုံးဖြတ် စေရဘူးလို့ အာမခံ ပေးနိုင်တယ်။ အပြစ်ကျူးလွန်ခဲ့တဲ့ သူတွေက ခါးသီးတဲ့လမ်းစဉ်အတိုင်း ပြန်လည် ခံစားရမှာပဲ”

 

ယန်ရှစ်ရွှမ်း၏ လျင်မြန်စွာ လှုပ်ရှားနေသော လက်ချောင်းများက ရုတ်ချည်း ရပ်တန့်သွားသည်။ ထိုသို့ဖြင့် ဝင်္ကပါက တဖြည်းဖြည်းချင်း ပျက်ပြယ်သွားသည်။ သူက သူ၏လက်ကို ညင်သာစွာဖြင့် ရှေ့သို့ မြှောက်တွန်းဟန် လုပ်လိုက်ပြီး သွယ်လျသော လက်ဝါးကို ဖွင့်လျက် တစ်စုံတစ်ရာကို ဖိတ်ခေါ်သည့် အမူအယာ လုပ်လိုက်သည်။ သူက တစ်စုံတစ်ယောက်ဟာ သူ၏လက်ကို လှမ်းကိုင်လာမည့် အခိုက်အတန့်ကို စောင့်နေပုံ ပေါ်သည်။

 

“ခင်ဗျား ဒီနေရာက မထွက်သွားချင်ဘူးလား”

 

“မသွားဘူး မသွားဘူး”

 

******