Ch 21
Viewers 6k

အပိုင်း (၂၁)

 

ရုတ်တရက် ဆန်သော အခြေအနေက လူတိုင်းက ထိတ်လန့် သွားစေသည်။

 

စားစရာများကို ဝန်ထမ်းအခန်းထဲတွင် ထားထားသည်။ လူများအားလုံးကလည်း ထိုအခန်းအတွင်းသို့ ဝင်ချည်ထွက်ချည် ပြုနေကြခြင်း ဖြစ်သည်။ သို့ရာတွင် လူအပြည့် ရှိနေသော အနေအထားမျိုးက ထိုအစားအစာအများဟာ လေထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ် သွားသလို ဖြစ်နေသည်။

 

ထိုအခြအနေကလည်း ဧည်သည့်များအား သိပ္ပံနည်းမကျသော ဘက်ထောင့်မှ တွေးမိစေသည်။

 

ဧည့်ခန်းအတွင်းက လေထု အခြေအနေက တင်းကြပ်သွားပြီး စိတ်ဓာတ် ကျဖွယ်ရာ ဖြစ်သွားသည်။ ဖိအားက ပြင်းထန်ကာ ရှည်လွန်းသဖြင့် တောင့်တင်းလွန်းသည့် ကြိုးက အချိန်မရွေး ပြတ်တောက်တော့မလို ဖြစ်လာသည်။

 

တိုက်ရိုက်ထုတ်လွှင့်၏ အဓိက ဖန်သားပြင်အရှေ့တွင် စောင့်နေသော ကြည့်ရှုသူများ အားလုံးကလည်း ဧည်သည်များ၏ ခပ်အေးအေး အပြုအမူများကြောင့် စိတ်အေး သွားခဲ့ရာမှ သူတို့၏ နှလုံးသားက တဖန်ပြန်လည် တောင့်တင်းကာ တင်းကြပ် သွားရပြန်သည်။

 

တချို့သော ကြည့်ရှုသူများက စိုးရိမ်စိတ် ကြီးလွန်းသဖြင့် ငိုချင်သွားသည်။

 

[သွားပြီ။ သွားပြီ။ နောက်ဆုံးတော့ ရှာဖွေထားတဲ့ အဆာပြေမုန့်တွေက အခု အားလုံး ပျောက်သွားပြီပဲ။ ဒီလိုဆိုရင် သူတို့ ဘယ်လိုလုပ်ကြမလဲ။ ဘုရားရေ… ငါ ငါ တော့ ဆက်ပြီး မတွေးရဲတော့ဘူး]

 

[ဒီစံအိမ်က ဆိုးယုတ်တဲ့ အရာတွေ ရှိနေတာ။ ငါ အိမ်သာတောင် မသွားရဲဘူး။ သေးပေါက် ချင်တာကို ထိန်းထားရလွန်းလို့ ငါရဲ့ခြေထောက်တွေတောင် တုန်နေပြီ။ မနေ့ညက ငါ ဗီဒီယို ပလက်ဖောင်းပေါ် ကလစ်နှိပ်ပြီး ဝင်လိုက်တဲ့အချိန်မှာ ဒီပရိုဂရမ်က ကြည့်လို့ မကောင်းလောက်ဘူးဆိုပြီး စနောက် တင်ခဲ့သေးတယ်။ ဒီနေ့မှပဲ ငါ ဘယ်လောက် မှားလည်း သိရတော့တယ်]

 

[မိတ်ဆွေတို့ တစ်ခုခုတော့ မှားနေပြီ ထင်တယ်။ ငါ ပင်းဟိုင်မြို့ ကယ်ဆယ်ရေး  အသင်းကို ဖုန်းခေါ်ပြီး ပရိုဂရမ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု စခရင်ရှုတွေကို ပို့ပေးလိုက်တယ်။ ဒါပေမဲ့ သူတို့ ဂြိုလ်တုနဲ့ ဟယ်လီကော်ပတာတွေကို ပို့ခဲ့ပေမယ့်လည်း ပရိုဂရမ်အဖွဲ့က ဘယ်သူ့ကိုမှ မတွေ့ခဲ့ရဘူးလို့ ပြောတယ်။ ဘာတွေ ဖြစ်နေတာလဲ]

 

[အာ… ဘာဖြစ်တာလဲ။ ပရိုဂရမ်အဖွဲ့ထဲမှာလည်း လူဆယ်ယောက်ကျော် ရှိတာ မဟုတ်လား။ ကယ်ဆယ်ရေး အသင်းက လူတွေက ကျွမ်းကျင်ပညာရှင်တွေပါ။ သူတို့က ဒီလောက်ကြီးတဲ့ ပစ်မှတ်ကိုတောင် မရှာနိုင်ဘူးလား]

 

[မင်းတို့ ကောင်တွေက အဓိက ဖန်သားပြင်ပေါ်မှာ တောက်လျောက် ဆောင့်ကြောင့် ထိုင်ကြည့်ပြီး စောင့်ကြည့် နေကြတာကိုး။ ဒီတော့ ဘယ်သိပါ့မလဲ။ အန်းနန်ယွမ်ရဲ့ ဖန်သားပြင်အခွဲကနေ ဒါရိုက်တာ ပြောလိုက်တဲ့ စကားကို ငါ ကြားလိုက်တယ်။ တောင်ခြေက လူတွေကိုတောင် ဆက်သွယ်လို့ မရဘူးတဲ့]

 

[မရဘူး။ ဟုတ်လား။ လိုင်းက မကောင်းရင် ငါတို့က ဘာလို့ တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နိုင် နေဦးမှာလဲ။ ဒါက  ဒါက ဆန့်ကျင်ဘက် ဖြစ်နေတယ်နော်]

 

[တကယ်တော့ ဒါကတင် တော်တော်လေးကို ကြောင်တောင်တောင် နိုင်နေတယ်။ မင်းတို့ တွေးကြည့်စမ်းပါ။  ဒါရိုက်တာနဲ့ ဝန်ထမ်းတွေက ညပိုင်း အိပ်နေတဲ့အချိန်မှာ ဘာပြဿနာမှ မရှိခဲ့ဘူး။ ဒါပေမဲ့ မနက်ပိုင်းမှာမှ ဘာကိုမှ ဆက်သွယ်လို့ မရဘူး ဖြစ်သွားတယ်။ နောက်ပြီး တောင်ခြေက လူတွေက ထူးဆန်း လွန်းမနေဘူးလား။ တောင်ပေါ် တက်သွားတဲ့ သူတွေနဲ့ အဆက်အသွယ် အကြာကြီး ပြတ်သွားတယ်။ သူတို့က ဖုန်းခေါ်ပြီး အကူအညီ တောင်းသင့်တာ မဟုတ်လား]

 

[ဒီစံအိမ်က ဆိုးယုတ်တဲ့ သဘာဝ အနေအထား အတိုင်းဆိုရင် ဖြစ်နိုင်ချေတစ်ခုပဲ ရှိတော့တယ်]

 

[ငါလည်းပဲ….. ငါ အဲဒီလိုတော့ တွေးထင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ တိုက်ရိုက် ထုတ်လွှင့်မှုရဲ့ တောင်ခြေက လူတွေက တိုက်ရိုက် ထုတ်လွှင့်မှု အရှေ့ပိုင်းမှာ မပါခဲ့တဲ့အပြင် သူတို့မှာ ကင်မရာလည်း မရှိလို့ သူတို့က ဘာဖြစ်နေလဲဆိုတာကို မသိနိုင်ဘူး။ ဒါက ပိုပြီးစိုးရိမ်စရာ ကောင်းသွားတယ်။ တောင်ခြေက လူတွေ လုံခြုံမှာပါနော်]

 

[တကယ်တော့ ငါ မနေ့က ကတည်းက ပြောချင်ခဲ့တာ။ ပရိုဂရမ်အဖွဲ့ သွားတဲ့နေရာက တကယ်ပဲ ကွေ့ရှန်း ဟုတ်ရဲ့လား။ ငါက ပင်းဟိုင်တက္ကသိုလ်ရဲ့ ဘုမိဗေဒဌာနမှာ လေ့လာနေတဲ့ သူပါ။ ငါလည်း ကွေ့ရှန်းကို သွားပြီး သုတေသန လုပ်ဖူးပါတယ်။ ဒါပေမဲ့ မနေ့က တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ အဓိက ဖန်သားပြင်ပေါ်မှာ ပြသနေတဲ့ မြေမျက်နှာသွင်ပြင် အနေအထားတွေကို အကဲဖြတ် ကြည့်ရုံနဲ့တင် ဒါက ကွေ့ရှန်းနဲ့ တူမနေဘူး။ နောက်ပြီး နေရာအများစုက ကွေ့ရှန်းနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်]

 

[တကယ်တော့ ငါလည်း အစပိုင်းကတည်းက အဲဒီလို ပြောချင်နေခဲ့တာပါ။ မနေ့ကနဲ့ ဒီနေ့အထိ ပင်းဟိုင်မြို့ရဲ့ ရာသီဥတုက နေသာ လွန်းနေတာကို မင်းတို့ သတိထားမိ ကြတယ် မဟုတ်လား။ ငါက ပင်းဟိုင်မြို့မှာ နေတာ။ မနေ့က တိုက်ရိုက် ထုတ်လွှင့်မှုကို တွေ့တော့ ညနေမှာ ကတည်းက ညဘက်လို မှောင်မဲနေတာကို တွေ့ခဲ့ရတယ်။ ငါ လေသာဆောင်ကိုတောင် ထွက်ပြီး ကောင်းကင်ကို စစ်ကြည့် ပါသေးတယ်။ တော်တော်လေးကို ထူးဆန်းတယ်။ မနေ့က ပင်းဟိုင်းမြို့နဲ့ လူနေရပ်ကွက်တွေမှာ မိုးမရွာခဲ့ပါဘူး]

 

[အဲဒီလို မပြောနဲ့ဦး။ ငါ တအား ကြောက်နေပြီ။ ဒါဆိုရင် ပိုင်ရွှမ်းကျဲနဲ့ အခြားသူတွေက ဘယ်နေရာကို ရောက်သွားခဲ့တာလဲ။ နောက်ပြီး ယန်ကောက အဲဒီမှာ ရှိနေတော့ အဆင်ပြေမှာ မဟုတ်လား။ ငါ အရင်က ပိုင်ရွှမ်းကျဲရဲ့ အခန်းတံခါးကို ရိုက်ဖွင့်ခဲ့တာ ရိုင်းတယ်လို့ ထင်ခဲ့မိပြီး ယန်ကောအပေါ် အပြစ် ပြုမိခဲ့ပါတယ်။ အဲဒီအတွက် တောင်းပန်ပါတယ်။ အခုကစပြီး ငါ ယန်ကောကိုပဲ ယုံကြည် ကိုးကွယ်ပါတော့မယ်။ ယန်ကောက ပိုင်ရွှမ်းကျဲနဲ့ အခြားသူတွေကို လုံလုံခြုံခြုံနဲ့ ခေါ်ထုတ်လာနိုင်ဖို့ပဲ တောင်းဆိုပါတယ်]

 

ကျန်းဝူပင်းတို့အားလုံးက စားစရာနှင့် ဆေးဝါးများကြောင့် စိုးရိမ် ပူပန်နေရသည်။ ထို့ကြောင့် သူတို့က တိုက်ရိုက်ထုတ်လွှင့်မှု၏ ကွန့်မန့်များကို အာရုံစိုက်ချိန် မရှိချေ။ သို့ရာတွင် ပို၍များပြားသော ကြည့်ရှုသူများကလည်း ပရိုဂရမ်အသင်းက စည်းမျဉ်းများကို လိုက်နာခြင်း ရှိမရှိ အပါအဝင် ဆိုရှယ်ပလက်ဖောင်းပေါ်မှာ ဆွေးနွေးမှုများက မြင့်သထက် မြင့်လာသည်။ မနေ့ညက ယခုအချိန်အထိ အချိန်နှင့် တပြေးညီ ကျော်ကြားမှုစာရင်းတွင် top 10အထိပင် ဝင်ရောက် သွားသေးသည်။

 

ပြောရမယ်ဆိုရင် ရှာဖွေမှု အများဆုံးစာရင်းမှာ ရှိနေတာ။

 

#ကွေ့ရှန်း#ဆိုသော hashtagက လူပြောအများဆုံး အကြောင်းအရာ ဖြစ်လာသည်။ ဖရဲစေ့  စားချင်သူများပင် ဖြစ်စေ၊ ရှိုး၏ ကြည့်သော သူများပင် ဖြစ်ပေ ထိုတက်ဒ်များကို ကလစ်နှိပ်ကာ ဝင်ကြည့်ရုံဖြင့် ကွေ့ရှန်း၏ အခြေအနေကြောင့် ဆွဲဆောင် ခံရမည်ဖြစ်သည်။

 

ထိုမတော်တဆမှုမှ ပင်းဟိုင်၏ တာဝန်ရှိသူများကိုလည်း အလန့်တကြား ဖြစ်သွားစေခဲ့သည်။ သူတို့၏ဖုန်းကလည်း စိတ်အား ထက်သန်လွန်းသော ကြည့်ရှုသူ များကြောင့် ကွဲလုနီးပါးပင် ဖြစ်သွားသည်။ ပရိုဂရမ်မှ စခရင်က ပြသနေသော နေရာတွင် မည်သည့်နေရာ၊ မည်သည့်စားစရာ မရှိတော့ဟု ဆိုလိုနေသည်။ ထိုအခြေအနေကို မြင်ပြီးနောက် အဖျားကြီး နေသော၊ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသော လူတစ်ယောက်အပြင် ကြောက်လန့် လွန်းသဖြင့် စိတ်ပိုင်းဆိုင်ရာ လွတ်ထွက်သွားသည်ဟု ယူဆရသည့် လူတစ်ယောက်ကလည်း ရှိနေကြောင်း သိ‌လိုက်ရလေရာ ကယ်ဆယ်ရေး အသင်းကို စုစည်းပြီး ကွေ့ရှန်းသို့ ချက်ချင်းပို့ခဲ့သည်။

 

သို့ရာတွင် ဒီနေ့ လေက တည်ငြိမ်သည်။ ဥတုကလည်း လှပသည်။ ကွေ့ရှန်းရာသီဥတုကလည်း နေသာ နေသေးသည်။ ကောင်းကင်တွင် မည်သည့်တိမ်မှ မရှိချေ။ တောင်တော အုပ်များအတွင်းတွင် ကြည့်ရှုသူများ ပြောသော အနီရောင် မကောင်းဆိုးဝါးများဆိုသည့် အရာများကိုလည်း မမြင်ရပါချေ။ သို့သော် တောင်ပေါ်မှ တောင်အောက်တွင် မည်သည့် လူတစ်ယောက်မှ ရှိမနေခဲ့ချေ။

 

ပရိုဂရမ်အဖွဲ့က တိုက်ရိုက် ထုတ်လွှင့်မှု အတောအတွင်း မကြာခဏ ဒုက္ခရောက်နေသော နေရာ ဖြစ်သည့် စံအိမ်ကမူ အမှန်တကယ် တည်ရှိသည်။ ဒီအတိုင်း ထိုစံအိမ်ကို လွန်ခဲ့သော နှစ်တစ်ရာခန့်က ပြန်လည် တည်ဆောက်ထားခဲ့သည်။ သို့သော် ပုံစံပြောင်းလိုက်ပြီး ခေတ်မှီ ဥရောပစတိုင် အဆင့်အတန်းမြင့် အပန်းဖြေစခန်း ဟော်တယ်အဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်။ ပြင်ဆင်သော ပုံစံက တိုက်ရိုက် ထုတ်လွှင့်မှုထဲမှ ပုံစံနှင့် ဆန့်ကျင်ဘက် ဖြစ်နေရုံသာ မကသေးလေပဲ ကယ်ဆယ်ရေး အသင်းက ဟော်တယ်ပိုင်ရှင်ကို ရှာဖွေခဲ့သည့် အချိန်တွင်ပင် ပို၍ထူးခြားသည့် အခြေအနေများကို ရှာဖွေ တွေ့ရှိခဲ့ရသည်။ ဟော်တယ်ပိုင်ရှင်က သူ ဘယ်ပရိုဂရမ်အဖွဲ့ဆီကမှ ဘိုကင် ယူသည့် အခြေအနေမျိုး လုပ်တာကို မခံခဲ့ရသလို နောက်ပြီး ဒီလူတွေကိုလည်း မမြင်ခဲ့ဖူးကြောင်း ဆိုလေသည်။

 

သူ ပိုင်ရွှမ်းရဲ့ ပရိတ်သတ် တစ်ယောက်ပါ။ ပိုင်ရွှမ်းကသာ သူ့ရဲ့ မိသားစု စီးပွားရေးကြောင့် တစ်ခုခု ဖြစ်သွားခဲ့ရင် သူ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရာတွေကိုတောင်မှ မတွေးရဲတော့ဘူး။

 

တာဝန်ရှိသူများ၊ စုံစမ်း စစ်ဆေးသူများအရ ထုတ်ပြန်ချက်ဟာ စုံစမ်း စစ်ဆေးသည့် ဖြစ်စဉ် တောက်လျောက် စောင့်ကြည့်နေသော သူတိုင်းကို ပွက်လော ရိုက်သွားစေခဲ့သည်။

 

အချို့သော ကြည့်ရှုသူများကလည်း ဘယ်ဘက်ခြမ်းမှ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းအတွင်းရှိ ကွေ့ရှန်းစံအိမ်ကို ကြည့်သည်။ ထို့နောက် ညာဘက်ခြမ်းမှ အာဏာရှိသူများ၏ စုံစမ်းစစ်ဆေးမှု အနှစ်ချုပ်တင်ပြချက်ကို ကြည့်နေရင်း မှင်သက် သွားကြသည်။

 

၉၉ရက်သာ နှလုံးခုန်သံ ခရီးသွား ရသစုံရှိုးဟာ ပင်းဟိုင်မြို့၏ အာဏာပိုင်များ၏ အာရုံစိုက်မှုကို ခံလိုက်ရပြီ ဖြစ်သည်။

 

သူတို့ကလည်း ဗီဒီယိုပလက်ဖောင်းကို ဖုန်းခေါ်ပြီး ထိုပရိုဂရမ်ကို ယာယီအားဖြင့် စင်မြင့်မှ ဖယ်ထုတ်ရန် ဆိုင်းငံ့ ထားခိုင်းမည့် အချိန်တွင် ရုတ်တရက် ဖုန်းတကောက ဝင်လာသည်။

 

ပင်းဟိုင်မြို့ရှိ ဟိုင်ရွန်ဂူဘုရားကျောင်းကလည်း တရုတ်ပြည်၏ အဓိက ဂူဘုရားကျောင်းထဲမှ သုံးခု ဖြစ်သည်။

 

“ပရိုဂရမ်ရဲ့ မူပိုင်ခွင့်ကို ပိတ်စရာမလိုဘူး။ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းမှာ ပေါ်လာတဲ့ အဲဒီသွေးနီရောင် မကောင်းဆိုးဝါးတွေက ငါတို့ရဲ့ ဟိုင်ရွန်ဂူကွမ်းက အချိန်ကာလ ကြာမြင့်စွာ ခြေရာခံခဲ့ပေမယ့် ရှာမတွေ့တဲ့ မကောင်းဆိုးဝါးတွေပဲ။ ကျေးဇူးပြုပြီး ဒီကိစ္စကို ငါတို့ရဲ့ဟိုင်ရွန်ဂူကွမ်း တာဝန် ထားလိုက်ပါ။ ငါတို့က မျက်စိဒေါက်ထောင့် ကြည့်နေပါ့မယ်”

 

ဧည့်တွေ့ခံခြင်းမရှိဘဲ တံခါးပိတ် ကာထားသည့် ဟိုင်ရွန်ဂူဘုရားကျောင်းက ပင်းဟိုင်မြို့ အရာရှိများနှင့် အချိန်အတန်ကြာ စကားပြောပြီးနောက် ထိုပရိုဂရမ်အဖွဲ့၏ လုံခြုံရေးကို တာဝန် ယူပေးသည်။

 

ဖုန်းချပြီးနောက် အကျဉ်းထောင် အစောင့်ကလည်း တိတ်ဆိတ်သွားပြီး သူ၏အရှေ့တွင် ပရင့်ထုတ်ထားသည့် စခရင်ရှုပေါ်မှ သွေးနီရောင် မကောင်းဆိုးဝါးကို ကြည့်သည်။

 

“အကျဉ်းထောင် တရားရုံး ဒါက ကွေ့ရှန်းမှာ ငါတို့ အချိန်အတန်ကြာ ရှာနေခဲ့ရတဲ့အရာ မဟုတ်လား”

 

အခြားသော တာအိုဘုန်းတော်ကြီးတစ်ပါးက ရောက်လာသည်။

 

“အဲဒီနေရာကို တစ်ယောက်ယောက်ကို ခေါ်ပြီး ချက်ချင်း သွားစေချင်လား”

 

“အရင်ဆုံး ပြင်ဆင် သွားဦး။ အလောတကြီး လုပ်ဖို့တော့ မလိုပါဘူး။ မင်းတို့ အလောတကြီး လုပ်လိုက်ရင် သူတို့ကို ခြောက်လန့်သလို ဖြစ်သွားလိမ့်မယ်။ နောက်ပြီး သူတို့ ပေါ်လာပြီ။ ဒီတော့ ဒီအခွင့်အရေးကို အရယူပြီး သူတို့ တစ်သုတ်တည်းပဲ ကိုင်တွယ်လို့ ထွက်မပြေးနိုင်အောင် ကိုင်တွယ်လိုက်ရင် အကောင်းဆုံးပဲ”

 

အကျဉ်းထောင်အစောင့်၏ မျက်ဝန်းက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထံ ရောက်သွားသည်။

 

“ယန်ရှီရွှင်း ဟုတ်လား”

 

အကျဉ်းထောင်အစောင့်က မျက်မှောင်ကြုတ်သည်။

 

ဒီနာမည်ကို တစ်နေရာရာမှာ ကြားဖူးနေသလိုပဲ။

 

******