Ch 22
Viewers 6k

အပိုင်း(၂၂)

 

စားစရာများ ဆုံးရှုံးသွားသည်ဆိုသော အချိန်တွင် ယန်ရှစ်ရွှမ်း၏ ခန့်မှန်းမှုက မှန်ကန်ကြောင်း နားလည်လိုက်သည်။

 

ဒီစံအိမ်က တစ်ခုခုက သူ့ကို လေးထပ်ကို မတက်အောင် တားနေတယ်။

 

ကျန်းဝူပင်းက သူ၏ဆဲလ်ဖုန်းကို ကိုင်ရင်း ယန်ရှစ်ရွှမ်းထံ စိုးရိမ်တကြီးလာပြီး အကြောင်းပြချက်ကို ရှာလိုသည်။ အခြားသော သူများကလည်း စားစရာကို ဘယ်လို ရှာသင့်ကြောင်း တွေးနေကြသည်။ သို့ရာတွင် ယန်ရှစ်ရွှမ်းကမူ နောက်သို့လှည့်ပြီး လေးထပ်သို့ ဆက်တက်သည်။

 

“ယန်ကော”

 

ကျန်းဝူပင်းက ကြောင်သွားသည်။ သို့ရာတွင် ယန်ရှစ်ရွှမ်းက ခိုင်မာစွာ လျှောက်လှမ်းနေသည်။ သူ လျှောက်လိုက်ချိန်တိုင်း ကြမ်းတမ်းသော ပွတ်တိုက်သံက ထွက်လာသည်။ သူက လူတိုင်းရှိနေသော ဧည့်ခန်းကို ကျောပေးထားပြီး ကျန်းဝူပင်းကို ကျော်ဖြတ်သွားသည်။

 

စံအိမ်ထဲက အဲဒီအရာတွေရဲ့ ဦးဆောင်နေတာကို မျက်ကန်း ခုခံနေတာနဲ့ယှဉ်ရင် အလျင်လက်ဦးမှုယူပြီး ခုခံမှုကနေ တိုက်ခိုက်မှုအဖြစ် ပြောင်းလဲလိုက်တာက အကောင်းဆုံးပဲ။

 

နောက်ပြီး အဲဒီအရာတွေက သူ့ကို လေးထပ်မြောက်ကို မရှာဖွေစေချင်ဘူး ဟုတ်လား။

 

အိုး ဒါဆိုရင် သူ လေးထပ်မြောက်ကို သွားကြည့်ရတော့မှာပဲ။

 

ယန်ရှစ်ရွှမ်း၏ မျက်ဝန်းက မဲမှောင်နေသည်။ သူ၏နူတ်ခမ်းပါးရှိ အပြုံးက အရိုင်းဆန်ကာ ရူးသွပ်မတတ် တောက်ပသွားသည်။

 

သူ၏ပိန်ပါးသော ခန္ဓာကိုယ်က ဗုဒ္ဓရုပ်ပွားတော်နှင့် ကွမ်ရင်ရုပ်ထုရှိရာ ထောင့်နားကို ကျော်ဖြတ်လိုက်သည့်အခိုက် ထိုနေရာမှတဆင့် လေးထပ်ပေါ်သို့ ဦးတည်သော လှေကားပေါ်သို့ တစ်ဆင့် တက်လိုက်သည့် အချိန်တွင် အလွန်ပြင်းထန်သော လေက ရုတ်ချင်း တိုက်ခိုက်လာသည်။ စံအိမ်တစ်ခုလုံးရှိ လိုက်ကာတိုင်းကို လွှင့်ထွက် သွားစေ၏။ သရဲမတစ်ယောက်၏ အံကြိတ်သံ၊ လက်သည်းဖြင့် ကုပ်ခြစ်သံ၊ ရှည်လျားသော ဆံပင်က လေတွင် လွှင့်နေသံကဲ့သို့သော အသံမျိုးကိုပင် ကြားလာရသည်။

 

ရှင်းလင်းနေသော လေထုအတွင်းတွင် ရုတ်တရက် အလွန်စူးရှပြီး ကြမ်းတမ်းလွန်းသည့် အော်သံက ဟိန်းထွက်လာသည်။ ထိုသို့ဖြင့် ပြတင်းပေါက်မှန်တိုင်းကို တုန်ယင်သွားစေပြီး တကျီကျီအသံများကိုပင် ထွက်လာစေသည်။

 

စံအိမ်အပြင်ဘက်ရှိ မူလက တိမ်ကင်းမဲ့နေခဲ့သော ကောင်းကင်က ကြီးမားသော အနက်ရောင်တိမ်စိုင်ကြီးများကို စံအိမ်အပေါ် အုပ်မိုးလျက် စုဝေးလာစေရင်း ကောင်းကင်တစ်ခုလုံးကို မဲမှောင်သွားစေသည်။

 

အနက်ရောင်တိမ်စိုင်များက တစ်ခုပြီးတစ်ခု စုပုံလာသည်။ ထိုသို့ဖြင့် တောင်၊ မြစ်၊ ပင်လယ်များကို ကွဲကြေနိုင်သော အင်အားမျိုးကို သယ်ဆောင်လျက် ကောင်းကင်ကိုပင် ပြိုကျအောင် ဖိချမည့်သဏ္ဍာန်ပေါ်လာသည်။

 

တိမ်စိုင်အတွင်းတွင် မိုးခြိမ်းသံ၊ လျှပ်စီးလက်ပုံများက ပေါ်ထွက်လာသည်။ ပြင်းထန်သော မိုးကရွာသည်။

 

သရဲမတစ်ယောက်က ဒေါသကြီးသွားပြီး သူမ၏အမာရွတ်ကို ထိရဲသည့် မောက်မာလွန်းသော လူကို အရင်သတ်ချင်သလို ထင်ရသည်။

 

ပထမထပ်ရှိဧည့်ခန်းအတွင်း နေနေကြသော လူတိုင်းကလည်း ထိုမြင်ကွင်းကြောင့် အလွန်ကြောက်လန့်သွားကြသည်။ သူတို့၏မျက်နှာက ဖြူဖျော့သွားကြသည်။ သူတို့က ကိုယ့်ကိုယ်ကို ဘောလုံးအဖြစ်ကွေးကာ သိုင်းဖက်လိုက်ပြီး လေဖြင့်မလွှင့်သွားအောင် ထိန်းသည်။

 

တင်းချန်က သတိလက်လွတ် အော်လိုက်မိသည်။ သူမက ဘေးဘက်ရှိ ဝန်ထမ်းတစ်ယောက်၏ လက်မောင်းကို ဖက်ရင်း တုန်ယင်နေသည်။ သူမက ယန်ရှစ်ရွှမ်း၏ နာမည်ကို သူမယုံကြည်သက်ဝင်သော နတ်ဘုရားတစ်ပါး၏အမည်ကို ရေရွတ်နေသူကဲ့သို့ ဆက်တိုက် ရွတ်နေခဲ့သည်။ ဒီနည်းအားဖြင့် သူမက အန္တရာယ်မှ လွတ်နိုင်မည်ဟု ယုံကြည်ထားပုံပေါ်သည်။

 

ပြင်းထန်သော လေပြင်းအတွင်းတွင် ဖုန်အလုံးလိုက် သယ်ဆောင်လာသည်။ ထိုသို့ဖြင့် လေးထပ်မှတဆင့် ယန်ရှစ်ရွှမ်းထံ တိုက်ရိုက်တိုးဝင်လာသည်။ သူ၏အဝတ်က ပွတ်တိုက်ခံရသည်။ နဖူးပေါ်ကျနေသော ဆံပင်တိုင်းက လွှင့်ထွက်သွားသည်။

 

ထိုသို့ဖြင့် အလွန်တောက်ပပြီး အရိုင်းဆန်သည့် မျက်ဝန်းတစ်စုံက ပေါ်လာသည်။

 

သူက လေကိုဆန်ရင်း အပေါ်သို့ တက်သည်။ တွန်းကန်မှုက အလွန်ပြင်းထန်၏။

 

သို့ရာတွင် ယန်ရှစ်ရွှမ်းကလည်း ဟိန်းဟောက်နေသော လှိုင်းများအတွင်းတွင်  မားမတ်စွာ ခိုင်မြဲစွာ ရှိနေသော တိုင်တစ်လုံးအလား မည်သည့်မုန်တိုင်းမှ သူ့ကို မယိမ်းယိုင်အောင် လုပ်နိုင်သလို ထင်ရသည်။ သူဟာ သွေးထားသော ဓားတစ်လက်လိုမျိုး ရန်ငြိုးကြီးစွမ်းအင်နှင့် ဒေါသတိုင်းကို ဖြတ်တောက်နိုင်သည်။

 

ယန်ရှစ်ရွှမ်းက လက်မောင်းကို အသာမြှောက်လိုက်ပြီး သွယ်လျသော လက်ချောင်းများကိုသုံးပြီး အရှေ့တွင် ချိတ်စည်းသဏ္ဍန်တစ်ခုကို ထုတ်ဖော်သည်။ ထိုသို့ဖြင့် ပြင်းထန်သောလေကို ရင်ဆိုင်လိုက်သည်။

 

“မင်းက အရင်ကနဲ့ နောက်ပိုင်းမှာ အမှားတစ်ခုခု လုပ်ခဲ့ရင်တောင်မှ မင်းကို ခွင့်လွှတ်ပေးလို့ ရနိုင်သေးတယ် ဆိုတာကို မမေ့သွားသင့်ဘူး။ ဒါက ဝိဉာဉ်တွေကို ဆွဲဆောင်ပြီး ကပ်ဘေးတွေကို ဆိုက်စေရင် ခန္ဓာကိုယ်အပေါ် ဆိုးယုတ်တဲ့ ဓာတ်တွေက ပြည့်နှက်လာလိမ့်မယ်။ ဂိုဏ်းရဲ့ပုံစံဓလေ့က ဆုတ်ယုတ်သွားရင်တောင်မှ တာအိုပညာကတော့ နာမည်ကြီးကျော်ကြားနေဦးမှာပဲ”

 

ထိုဂါထာက ယန်ရှစ်ရွှမ်း၏ နီရဲသော နူတ်ခမ်းပါးမှ ရှင်းလင်းပြတ်သားစွာ ထွက်လာသည့်အချိန်တွင် လေထုအတွင်း ရွှေရောင်ဂါထာတစ်ပုဒ်အဖြစ် ပြန့်ကျဲကာ ဖြစ်တည်လာသည်။

 

ထိုရွှေရောင်မန်ထျွာများက အဆောင်လက်ဖွဲ့များကို ရစ်ပတ်ထားပြီး ထိုက်ချိစက်ဝိုင်းပုံသဏ္ဍာန်ကို လည်ပတ်လျက် ထုတ်ဖော်သည်။ ထိုအရာက ဆိုးယုတ်သော ဝိဉာဉ်များကို တားမြစ်နိုင်သလို ဆိုးယုတ်သော ဝိဉာဉ်များကို မနီးကပ်လာအောင် ကာကွယ်ထားနိုင်သည်။ အစီအစဉ်တကျ မဖြစ်နေသောအရာများကို ဖယ်ထုတ်ပြီး တားမြစ်မှုများ လုပ်နိုင်သည်။ ဆိုးယုတ်သောအရာများနှင့် သဘာဝကို ဖီဆန်သော အရာများကို ဖျက်ဆီးဖယ်ရှားနိုင်သည်။

 

ထိုအဆောင်သင်္ကေတက တောက်ပလွန်းသော ရွှေရောင်အလင်းများနှင့် ရုတ်ချည်းပေါက်ကွဲသွားသည်။ ထိုလှေကားတောက်လျောက် သုန်မှုန်နေသော နေရာတစ်ခုလုံးက လင်းရှင်းသွားသည်။

 

ထိုသို့ဖြင့် နေရာအဟကြားတိုင်းတွင် တောက်ပသောအလင်းက ရုတ်ချည်းပျံ့နှံ့သွားသည်။ အလင်းက အမှောင်ထုကို တစ်လက်မချင်းစီ  ဝါးမြိုသွားသည်။ မရပ်တန့်နိုင်သော အရှိန်မျိုးနှင့် စံအိမ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ တိမ်စိုင်များအပြည့် အလွှမ်းခံထားရသော စံအိမ်ကြီးက ရွှေရောင်အလင်းဖြင့် တောက်ပသွားသည်။ ထိုအခိုက် လေထဲတွင် ဘုန်းကနဲ အသံကြီးက ထွက်သွားပုံပေါ်သည်။

 

ပြင်းထန်သော လေပြင်းတွင် ရွာနေသော သည်းထန်သည့်မိုးက ရုတ်ချည်းရပ်တန့်သွားသည်။

 

ထို့နောက် ဖန်သားပြင်တွင် ပင့်ကူအိမ်ကဲ့သို့ ကွဲအက်ရာများ ပေါ်လာပြီး ပေါက်ကွဲသွားသောအသံက ထွက်လာသည်။ ထို့နောက် မိုးခြိမ်းသံ၊ ဝုန်းကနဲအသံများက ယန်ရှစ်ရွှမ်း၏အရှေ့ အာကာသပြင်အတွင်း ဝရုန်းသုန်းကားဖြစ်လျက် ပေါ်ထွက်နေလေသည်။

 

နောက်ဆုံးသော ပေါက်ကွဲမှုက စံအိမ်တစ်ခုလုံးကို တုန်ခါစေပြီးနောက်တွင် မမြင်ရသော လေးထပ်သို့ မတက်အောင် ကာထားသည့် မမြင်ရသော အကာအကွယ်တစ်ရပ်က အက်ကွဲသွားသည်။

 

နောက်ပိုင်းကပ်လိုက်လာသည်မှာ သရဲမတစ်ယောက်၏ နာကျင်မှုအပြည့်နှင့် စူးရှစွာ အော်ဟစ်လိုက်သံဖြစ်သည်။

 

ယန်ရှစ်ရွှမ်းအရှေ့ဘက်ရှိ မြင်ကွင်းက ရုတ်ချည်းမဲမှောင်သွားသည်။ ထိုနေရာက စံအိမ်ပင်ဖြစ်‌စေ၊ လှေကား ဖြစ်စေ၊ ဧည့်ခန်းအတွင်းမှ လူများဖြစ်စေ အားလုံးပျောက်ကွယ်သွားသည်။

 

သူ၏အနားအတွင်းတွင် လေတိုးသံ သို့မဟုတ် အလားတူသော အသံမျိုးက ဖြာထွက်နေရင်း အရာအားလုံးက တိတ်ဆိတ်သွားသည်။

 

အမှောင်ထုက  လူအများ၏ အာရုံခံနိုင်စွမ်းအားကို မြင့်မားစေသည်။ အထူးသဖြင့် အကြားအာရုံနှင့် အမြင်အာရုံဖြစ်သည်။ ထိုသို့ပိန်းဖိန့်အောင် မဲမှောင်နေမှုအတွင်း အမည်မသိရသော အန္တရာယ်များက တည်ရှိနေသလိုမျိုး မည်သည့်နေရာက ကောင်းကင်၊ မည်သည့်နေရာက မြေပြင် မခွဲခြားနိုင်တော့သလို_ _ _အချိန်၏စီးဆင်းမှုကို မသိနိုင်တော့သည့်အတွက် မည်သည့်နေရာမှ မည်သို့သော မကောင်းဆိုးဝါးများက ထွက်လာမည့်အရေးကို ကြိုမသိနိုင်တော့ချေ။

 

သို့ရာတွင် ယန်ရှစ်ရွှမ်းက ရုတ်တရက် အမှောင်ထုအတွင်း ကျရောက်သွားသည့်တိုင်အောင် မထိတ်လန့်သွားချေ။ သူက တည်ငြိမ်စွာ ရပ်ပြီး စောင့်သည်။

 

အချိန်ကာလ မည်မျှကြာမှန်း မသိရသော အခိုက်အတံတစ်ခုကို ကျော်ဖြတ်ပြီးမှသာ ယန်ရှစ်ရွှမ်း မြင်ကွင်းအဆုံးနားမှ ဖျော့တော့သည့်အလင်းက တောက်လာသည်။ ထို့နောက် တဖြည်းဖြည်းချင်း ပျံ့နှံ့လာပြီး သူ့ပတ်လည်ရှိ မြင်ကွင်းတစ်ခုလုံးကို ယောင်ပြန်ဟပ်စေသွားသည်။

 

ဒါက မဲမှောင်တဲ့ ဝန်းကျင်မှာ တစ်စုံတစ်ယောက်က စလိုက်ရှိုးတစ်ခု ဖွင့်လိုက်သလိုပဲ။ လျှပ်စီးနေတဲ့ တစ်ဇစ်ဇစ်အသံ ခပ်ဖျော့ဖျော့အပြင် နှင်းမှုန်များ တဖြတ်ဖြတ်လက်နေတဲ့ ခေတ်ဟောင်းရုပ်ရှင်ကို ပြန်မြင်ရသလိုမျိုး_ _ _

 

ဒီအတိုင်း ယန်ရှစ်ရွှမ်းက စံအိမ်ထဲမှာ မဟုတ်တော့ဘူး။ သူက ညအမှောင်သိပ်သည်းတဲ့ တောအုပ်အတွင်းကို ရောက်နေတယ်။

 

သူကလည်း သူ၏ကိုယ်ပိုင်လေးလံသော အသက်ရူသံ၊ အထိတ်တလန့် အသံများကို ကြားရသည်။ သူ၏ ကျောတွင်လွယ်ထားသော ကျောပိုးအိတ်၏အလေးချိန်ကိုလည်း ခံစားမိသည်။ သူက မည်မျှကြာမှန်းမသိအောင် လျှောက်နေခဲ့ရသည်။ သူ၏ခြေထောက်က မရပ်တန့်ချေ။ သူ၏ကြိမ်းကိုက်နေသော ကြွက်သားများက တုန်ယင်လာသည်။ သူ၏နဖူးမှ ချွေးစေးများက မျက်လုံးအတွင်းသို့ ဝင်သွားပြီး ပြင်းထန်သည့် နာကျင်လာစေသည်။

 

သို့သော် သူက လက်ထုတ်ပြီး ချွေးမသုတ်အားချေ။ အနားယူရန်ပင် ပို၍ဝေးသည်။

 

“ခေါင်းဆောင် ဟုတ်တယ် ဒါက ဗုံးပဲ။ ဗုံးထောင်တဲ့သူပဲ ဖြစ်မယ်”

 

ရုတ်တရက် ယန်ရှစ်ရွှမ်းအနောက်ဘက်မှ အော်သံက ထွက်လာသည်။

 

“ခေါင်းဆောင် ဟုတ်လား”

 

ယန်ရှစ်ရွှမ်းက မျက်မှောင်ကြုတ်လိုက်ပြီး ထိုအမည်အကြောင်း တွေးနေသည့်အချိန်တွင် ထိုသို့ခေါ်လိုက်သံက ခေတ်သစ်လောကမှ အသုံးအနူန်းနှင့် အလှမ်းကွာဝေးနေကြောင်း သိလိုက်သည်။

 

သူက လက်တိုဝတ်စုံ အထပ်ထပ်ကို ဝတ်ထားသည်။ သူ၏ခြေထောက်တွင်လည်း ကောက်ရိုးမျှင်ဖိနပ်ပါးကို စီးထားသည်။ သူ၏ဝတ်ထားသော ကြမ်းရှသော ဝတ်စုံကလည်း ရွှံ့များဖြင့် ပေကြေနေသည်။ သိသာစွာပင် သူက ဒီတောင်တောအုပ်အတွင်း လက်လျှောက်နေသည်မှာ အချိန်အတန်ကြာအောက်လေပြီ။ ယန်ရှစ်ရွှမ်းက ခေါင်းကို မော့ချင်သည်။ သို့သော် မမော့နိုင်ချေ။

 

သူက ယာယီအားဖြင့် သူများအပိုင်ကိုယ်အတွင်း ဝင်နေရသလိုမျိုး ဖြစ်ပျက်ခဲ့ပြီးသော အရာကို ကြုံတွေ့နေရသလိုမျိုး ဖြစ်နေသည်။ ထို့ကြောင့် မြင်နေရသည့်အပိုင်းမှသာ ကြည့်နိုင်သည်။  အပိုအပြုအမူကိုမှ လုပ်၍မရချေ။ ဘာကိုမှလည်း ပြောင်းလဲနိုင်မည် မဟုတ်ချေ။

 

သို့သော် သူ၏မျက်ဝန်းထောင့်နားမှတဆင့် အသားမာများ ပြည့်နေသော ပုတိုတို လက်တစ်စုံအပိုင် လက်ပြတ်တစ်ထည်ကို ဝတ်ဆင်ထားသော တစ်စုံတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလက်တစ်စုံက ထိုမျှအသာမာများ ပြည့်နေလေရာ ဓားနှင့်တုတ်များကို အချိန်အတန်ကြာ ကိုင်ထားခဲ့ရပုံပေါ်သည်။

 

ယန်ရှစ်ရွှမ်း၏ ခန္ဓာကိုယ်တစ်ခုလုံးက လည်ထွက်သွားပြီး သူဟာ အနောက်ဖက်ရှိလူကို လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် ယန်ရှစ်ရွှမ်းကလည်း သူတစ်ယောက်တည်းကဟာ တောအုပ်ကို ဖြတ်သန်းလမ်းလျှောက်နေသူ မဟုတ်ကြောင်း သိလိုက်ရသည်။

 

သူ၏အနောက်တွင်လည်း လူဆယ်ယောက်မက ရှိမည့် တစ်ဖွဲ့လုံးပါလာသည်။အားလုံးက ကြမ်းတမ်းသော ဂျာကင်ပုံစံမျိုးကို ဝတ်ဆင်ထားကြသည်။ ပုံစံက သူနှင့်တူသည်။ ကျောတွင်လည်း အကြီးအသေးအိတ်များကို လွယ်ထားသည်။ အားလုံးက ဖုန်များ ပေကြေနေပြီး အရှက်ရဖွယ် ပုံသဏ္ဍာန်မျိုးဖြစ်သည်။ သူတို့က ပြေးလွှားနေခဲ့ရပုံနှင့်တူသည်။

 

ခန္ဓာကိုယ်ပိုင်ရှင်က ထိုလူညွှန်ရာ ကောင်းကင်ဘက်သို့ လိုက်ကြည့်လိုက်သည်။

 

မဲမှောင်သော ညကောင်းကင်တွင် လေယာဉ်ပျံများမှ ထွက်သော အသံများကို ကျယ်လောင်စွာ ကြားနိုင်နေသည်။ ကောင်းကင်တွင် ဖြတ်ပြေးနေသော မီးဖွားများကိုလည်း မြင်နိုင်သည်။ တောက်ပလွန်းသော ဗုံးကြီးများက အဝေးတစ်နေရာရှိ မြို့အတွင်းသို့ ကျသွားသည်။

 

“ဘုန်း”

 

မြေကြီးက တုန်ခါသွားသည်။

 

သစ်ရွက်ခြောက်များပေါ် နင်းလိုက်မိရင်း ယန်ရှစ်ရွှမ်းက မြို့ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ ပေါက်ကွဲမှုကြောင့် ဖြစ်သောမီးက ညကောင်းကင်တစ်ဝက်ခန့်ကို နီရဲသွားစေသည်။

 

သူက ရုတ်တရက် နာနီက ပြသသော ပုံရိပ်ယောင်မြင်ကွင်းအတွင်း အလားတူသော မြင်ကွင်းတစ်ခုကို မြင်ခဲ့ရကြောင်း မှတ်မိသွားလေသည်။

 

ဆိုတော့ ဒီခန္ဓာကိုယ်ပိုင်ရှင်က အဲဒီသူပေါ့။

 

“သေစမ်း ဒီကောင်တွေကို ဓားပြတွေကို ဖိနှိပ်ခိုင်းလိုက်စမ်းပါ ဟွန့်ဟွန့်  ငါတို့က ငါ့တို့ရဲ့ခံတပ်ကိုတောင် စွန့်လွှတ်ပြီး ဒီလောက်ထိ ပြေးလာပြီးပြီ။ သူတို့က ဗုံးလာကျဲရဲသေးတယ် ဟုတ်လား ဟွန့်ဟွန့် သိပ်ကောင်းတယ်”

 

ခေါင်းဆောင်က ခပ်ကြမ်းကြမ်း အော်ဟစ်ကာ တံတွေးထွေးလိုက်ပြီး သူက ကျယ်လောင်စွာ အော်ရယ်နေသည်။

 

မဲမှောင်သော တောင်တောအုပ်အတွင်း တိတ်ဆိတ်မှုက စိုးမိုးနေသည်။ ထိုခေါင်းဆောင်၏ အော်ရယ်သံကလည်း ထပ်တလဲလဲ ဖြစ်ပေါ်နေသည်။

 

အဝေးရှိတောအုပ်အတွင်းမှ ဖျော့တော့သော မီးရောင်ရဲ့အလင်းက ထိုခေါင်းဆောင်၏အာရုံကို ဆွဲဆောင်လိုက်သည်။

 

“ဟင် တောင်ထဲမှာ လူတွေနေထိုင်ကြသေးတာလား”

 

ထိုခေါင်းဆောင်က သံသယအပြည့်နှင့် မေးသည်။

 

“ဟုတ်လောက်တယ်”

 

“စံအိမ်ကြီးနဲ့တူတယ် ခေါင်းဆောင် ငါတို့တော့ ကြီးပွားပြီ”

 

နေ့ရောညပါ ဆက်တိုက်ပြေးလွှားနေရသဖြင့် လူတိုင်းက ဆာလောင်ကာ ပင်ပန်းနေကြပြီ ဖြစ်သည်။ ယခုအခါ သူတို့က ဆာလောင်နေသော ဝံပုလွေတစ်အုပ်က ဝပြောလွန်းသော သိုးကိုမြင်လိုက်ရသလို ခက်ထန်သော အပြုံးမျိုးနှင့် ပြောလိုက်ကြသည်။

 

ခေါင်းဆောင်ထိုလူကလည်း ကျန်သော ဓားပြများကို ဦးဆောင်ပြီး စံအိမ်ဆီ သွားလိုက်သည်။ သူက ဓားကြီးကို  ခေါင်းကျော်အောင် လွှဲယမ်းလိုက်လျက် အနီးသို့ ဝင်ရောက်လာသော လူတစ်ယောက်ကို ခုတ်ဖြတ်လိုက်သည်။

 

သွေးများက ထိုခေါင်းဆောင်၏ ကိုယ်ကိုပင် ပေကျံသွားစေသည်။

 

“ဟွန်း မင်းက ဘယ်သူလဲ”

 

“ငါလား”

 

ထိုခေါင်းဆောင်က ခက်ထန်စွာ ပြုံးသည်။

 

“ငါက မင်းရဲ့ဘိုးဘေးကျိုးချီလေ”

 

******