Ch 25
Viewers 6k

အပိုင်း(၂၅)

 

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ကြည့်ရှုသူများက ယန်ရှစ်ရွမ်း ရုတ်တရက် ပျောက်ကွယ်သွားမှုကြောင့် အံ့အားသင့်ကာ ပဟေဠိဖြစ်နေသည့် အခိုက်အတန့်တွင် ဟိုင်ရွန်ဂူဘုရားကျောင်းမှ ဘုန်းတော်ကြီး အချို့က အမြန်နိုင်ဆုံးသော အချိန်နှုန်းနှင့် ကွေ့တက်ဘက်သို့ ထွက်ခွာ လာခဲ့ကြပြီ ဖြစ်သည်။ ကွေ့တောင်တန်းနား ရောက်ရှိနေပြီးသား ကယ်ဆယ်ရေးအသင်းက သိချင်ပြင်းပြသော ရွာသားများ  စူးစမ်းပြီး  ဝင်ရောက်ခြင်းမှ တားမြစ်နိုင်ရန် အလို့ငှာ နယ်နမိတ်နယ်မြေ သတ်မှတ် ထားလေသည်။

 

ထိုကိစ္စက ပရိုဂရမ်ကို အာရုံစိုက်နေသော ကြည့်ရှုသူများ၏ အာရုံစိုက်မှုမှ မလွတ်မြောက် သွားခဲ့ချေ။ ထို့ကြောင့် ဆိုရှယ်မီဒီယာများပေါ်မှ အချိန်နှင့် တပြေးညီတက်လာသော ထရန်းတင်းသတင်းများ အကြားတွင် ဟက်တက်စ်တစ်ဝက်ခန့်က ထိုရှိုးအကြောင်းကို နေရာယူထားသည်။ ပထမဦးဆုံး ပရိုဂရမ်အကြောင်း ပို့စ်တင်ခဲ့သည့် နာမည်ကျော် ရသစုံရှိုးဗလော့ကာ အကိုဘဲငန်း၏ ကွန့်မန့်ကဏ္ဍက ကွေ့တောင်ကို လော့ဒေါင်းချထားသော ကိစ္စနှင့် ပတ်သက်နေသေးသည်။

 

“ဘာလို့ ထပ်ပြီး လော့‌ဒေါင်းလဲ။ သူတို့ပြောတော့ ဒရုန်းအများကြီးသုံးပြီး ရှာပြီးတာတောင်မှ ဒီတောင်ထဲမှာ ဘယ်သူမှ မရှိဘူးဆို”

 

“ဒါပေမဲ့ အချို့ အာရုံစိုက်ခံချင်လို့ ကွေ့တောင်ကို တကူးတကသွားတဲ့ အင်တာနက် ဆလယ်ဗရတီအချို့က on side ဗီဒီယိုတွေကို ပြန်တင်ထားတဲ့အတိုင်းဆိုရင် အဲဒီမှာ တာအိုဘုန်းတော်ကြီးလို ဝတ်စာထားတဲ့သူတွေလည်း ရှိနေသလိုပဲ။ ဘာတွေ ဖြစ်နေတာလဲ။ သူတို့က လျို့ဝှက်ဆန်းကြယ်တဲ့ နည်းကို သုံးဖို့ လူငှားထားတာလား”

 

“ငါတော့ အဲဒီလိုမထင်ဘူး။ တကယ်တော့ ငါက သတင်းဝက်ဆိုဒ်မှာ အလုပ် လုပ်တာလေ။ ဒါကြောင့် ကွေ့တောင်နားက လူတွေက tipတွေ‌ပေးပြီး ငါ့တို့ကို ဖုန်းခေါ် ကြသေးတယ်။ ကွေ့တောင်နားမှာ ထူးဆန်းတဲ့ သတ္တဝါတွေ အများကြီးရှိကြောင် အခိုင်အမာ ပြောဆိုတဲ့သူတွေ ရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ ငါတို့က သတင်းကို မတင်နိုင်ခင် နောက်တစ်ရက်မှာတင် ကောလဟလတွေကို မဖြန့်ဖို့၊ ဒီအကြောင်းကို ရပ်ဆိုင်းထားဖို့‌ ပြောလာတယ်။ ငါ သိထားတဲ့အတိုင်းဆိုရင် အခြားဝိုက်ဆိုက်ဒ်နဲ့ မီဒီယာ outletsတွေလည်း အလားတူ အကြောင်းကြား ခံရလောက်တယ်။ ဒါကြောင့် ဒီအကြောင်း အွန်လိုင်းမှာ မတက်လာတာပေါ့။ ဒါပေမဲ့ ဒီtipပေးထားတဲ့ လူတွေရဲ့ ဖော်ပြချက်အရ ဒီပရိုဂရမ်ရဲ့  footageထဲမှာ ပါလာတဲ့ သွေးနီရောင် သတ္တဝါတွေနဲ့တော့ တော်‌တော်လေး တူနေသလိုပဲ”

 

“အိုး ဒါဆိုရင် ရှင်းပြပြီးသား ဖြစ်သွားပြီ။ ငါ့အိမ်က ပင်းဟိုင်မြို့ကနေ ကွေ့တောင်ကို သွားတဲ့ တရားဝင် ဟိုက်ဝေးနားမှာလေ။ ဒါကြောင့် မနေ့ညက ညလယ်ခေါင်ကြီး ကွေ့တောင်ဆီ ဦးတည်သွားတဲ့ အရာရှိယာဉ်တန်းကို တွေ့ခဲ့ရသေးတယ်။ ဟိုင်ရွန်ဂူဘုရားကျောင်းက ဘုန်းတော်ကြီး‌ တော်‌တော်များများလည်း ပါသွားတယ်။ ဒါကြောင့် အရှိန်အဝါက တော်‌တော်လေး ခမ်းနားနေတာပေါ့။ ငါ့ကတော့ ဘုရားကျောင်းက ဒီနေ့ပင်းဟိုင်မြို့နားမှာ မုန်တိုင်း မတိုက်စေ‌တော့ဘူးလို့ ထင်နေတာ။ မမျှော်လင့်ထား အဲဒီလို မဟုတ်နေခဲ့ဘူးပဲ”

 

“ဆိုတော့ အဲဒီလိုသာဆိုရင် အာဏာပိုင်တွေ ကိုယ်တိုင်တောင် ကွေ့တောင်က တစ္ဆေခြောက်နေတာကို သိနေကြပြီပေါ့လေ။ ဆိုလိုတာက ရှိုးမှာ ပေါ်လာတာက အမှန်လား”

 

“ငါ့ရဲ့လောကအမြင်က‌တော့ အက်ကွဲသွားပြီ။ ငါ ဒီလိုအကြောင်းအရာကို မယုံကြည်ဘူး။ ဒါပေမဲ့ အခုတော့ သေစမ်း…ယန်ကောရဲ့ ဖုန်းနံပါတ်နဲ့ ဆိုရှယ်မီဒီယာအကောင့်ကို တစ်ယောက်ယောက်များ သိကြလား။ ငါ အသက်ရှင်ဖို့အတွက် သူ့လိုလူမျိုးနဲ့ ရင်းနှီး ထားချင်တယ်”

 

“ပြောရရင် ငါ့ရဲ့မိတ်ဆွေက ဟိုင်ရွန်ဂူဘုရားကျောင်းက ဘုန်းကြီးလေ။ မနေ့က ငါ  သူ့ကို ယန်ရှစ်ရွှမ်း အဆောင်လက်ဖွဲ့ဆွဲတဲ့ စခရင်ရှုကို ပြလိုက်တာ။ အဲဒီအချိန်မှာ ပြောင်းသွားတဲ့ သူ့ရဲ့အမူအယာကို မင်းတို့ မမြင်ကြလို့။ ဒါက တော်‌တော်လေး ကြောက်ဖို့ ကောင်းတယ်။ ဒါတွေက အမှန်တွေ ဖြစ်လောက်တယ်။ ငါ့ရဲ့မိတ်ဆွေရဲ့ဆရာတောင်မှ ဒီနေ့ ကွေ့တောင်ကို သွားတယ်”

 

“အိုး ကျေးဇူးပြုပြီး ကလေးကို ကယ်ပေးပါ။ ကလေးက သိချင်စိတ် မပြင်းပြသင့်ဘူး။ ငါ မနေ့ညက အိပ်ယာမဝင်ခင် တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုကို ကြည့်သွားသေးတယ်။ ငါ့ကို အိပ်ပျော်စေမယ့် ခရီးသွားရှိုးလို့ ငါထင်တာလေ။ ဒါပေမဲ့ အခု ငါ တစ်ညလုံး မအိပ်နိုင်တော့ဘူး။ ငါ အိမ်မှာ တစ်ယောက်တည်းလေ။ ငါ့ရဲ့ ညိုမည်းနေတဲ့ မျက်ကွင်းတွေက နှုတ်ခမ်းထိတောင် ရောက်တော့မယ်။ ငါ စောင်အောက်မှာ ဒီတိုင်းလေး ခွေနေတာ။ ကြောက်လွန်းလို့ တုန်နေပေမယ့်လည်း ဆက်ကြည့် နေမိတုန်းပဲ။ ငါ မျက်လုံးကို ပိတ်လိုက်တိုင်း မနေ့ညက မကောင်းဆိုးဝါးတွေက ငါ့ရဲ့စိတ်ထဲမှာ အလိုအလျောက် ပေါ်လာတယ်။ ဘယ်လိုလုပ်သင့်လဲ”

 

“ဟူး ဘယ်သူက အဲဒီလို မဖြစ်လို့လဲ။ ငါ ဒီနေ့ မနက်စာရော၊ နေ့လည်စာပါ မစားရသေးဘူး။ ငါ တံခါးကို တင်းတင်းကြပ်ကြပ် ပိတ်ထားတာ။ အခန်းထဲက နေတောင် မထွက်ရဲဘူး။ တံခါးအပြင်ဘက်မှာ မကောင်းဆိုးဝါးက ဆောင့်ကြောင့် ထိုင်စောင့်နေမယ်လို့ ငါ ထင်နေတာ”

 

“ငါ ဒီနေ့ တစ်နေ့လုံး ဒီရှိုးကို ကြည့်မှာပါ။ အားလုံး လုံလုံခြုံခြုံနဲ့ ကယ်တင်ခံရ မပြီးမချင်း ငါ မအိပ်ဘူး။ ဒါက တော်တော်လေး ကြောက်ဖို့ကောင်းတယ်။ လူတိုင်း လုံခြုံပါစေ”

 

ဆိုရှယ်မီဒီယာ ပလက်ဖောင်းနှင့် ပရိုဂရမ်အကြောင်း ဆွေးနွေးကြသည့် ကဏ္ဍတိုင်းတွင် လူတိုင်းက သူတို့ သိကြသည့် သတင်းအချက်အလက်များကို ဝေမျှပေးကြသည်။ ထိုသို့ဖြင့် သူတို့၏စိတ်ရင်းဖြင့် ဆုတောင်းပေးနေကြသည်။

 

လူအများစုကမူ ပွဲကြီးပွဲကောင်း စောင့်ကြည့်နေကြသလို ကံဆိုးသွားသည့် အခြေအနေအတွက် အခွင့်ကောင်း ယူလိုကြရင်း သူတို့သည် သရဲတစ်ကောင်မှ မမြင်ကြောင်း မပြောကြသလို ပရိုဂရမ်အဖွဲ့က သူတို့၏ ကြည့်ချင်စိတ် ပြင်းပြမှုအတွက် လူအချို့ကိုပင် တမင်တကာ သတ်ချင်နေသည်ဟု ပြောရင်း မေးခွန်း ထုတ်နေကြသလို အချို့သော သူများကလည်း ပရိုဂရမ်က hideလုပ်ရန်အတွက် တမင်တကာ ဇာတ်ညွှန်းရေးသည်ဟု ပြောနေကြသည်။ အလားတူသော ကွန့်မန့်ပေါင်းများစွာ ပေါ်လာသော်လည်း အမြင်မှန်ရှိသော လူများက ဖိနှိပ် လိုက်ကြသည်။

 

ထိုသို့ဖြင့် ဆူညံသော ကဏ္ဍ ဖြစ်နေသည်။

 

ထိုအချိန် စံအိမ်အတွင်းတွင် ကျန်းဝူပင်းတို့အားလုံးက ယခင်က တည်ငြိမ်နေသော လိုင်းများက မတည်မငြိမ် ဖြစ်နေကြောင်း သိလိုက်သည်။ ထိုလိုင်းများကို တစ်စုံတစ်ရာက ဝင်၍ နှောက်ယှက် နေသလိုမျိုး ဖြစ်နေသည်။ ပစ္စည်းများကလည်း ကွဲအက်နေသလို ဆူညံသံများ ထွက်လာပြီး အချိန်မရွေး လိုင်း ပြတ်တောက် သွားနိုင်သော အခြေအနေမျိုးကို ရင်ဆိုင် နေရလေသည်။

 

ထိုအရာသာ မကသေးချေ။ လိုင်းကလည်း အားနည်းလာသည်။ ကျန်းဝူပင်း၏ တက်ပလက် အင်တာဖေ့ပေါ်တွင် ပန်းပွင့်လေးများက လည်နေပြီ။ ဗီဒီယိုပလက်ဖောင်းပေါ်မှ ပရိုဂရမ်၏ စာမျက်နှာက လုတ်တင်း မဖြစ်တော့‌ချေ။

 

မူလကမူ ကျန်းဝူပင်းက ယခုလိုမျိုး မည်သည့် မတော်တဆမှုမှ မရှိသည့် ရှားပါးသော  အခွင့်အရေးကောင်းကို အရယူ ပရိုဂရမ်အသင်းမှ ကွန့်မန့်များကို ဖတ်လျက် ကွန့်မန့်စခရင်ကို ကြည့်ချင်ခဲ့သည်။ သို့ရာတွင်မူ သူက ထိုသို့မလုပ်နိုင်ပြန်ချေ။ အခြားသော ပါဝင်သူများက ရုတ်တရက် ရပ်သွားသော ကျန်းဝူပင်းကို ကြည့်ရင်း တုန့်ဆိုင်းစွာ မေးလိုက်သည်။

 

“ဒါရိုက်တာ”

 

ကျန်းဝူပင်းက တက်ပလက်ကို ခပ်မြန်မြန် ပိတ်လိုက်ပြီး အနားသို့ လျှောက်လာသည်။

 

“မစိုးရိမ်နဲ့ ငါ ဒီနားမှာ ဝိုင်သိုလှောင်ခန်းလေး တွေ့လိုက်တယ်။ အဲဒီကို သွားစစ် ကြည့်ရအောင်။ သိုလှောင်ထားတဲ့ စားစရာတွေတော့ ရှိမှာပေါ့”

 

အထိတ်တလန့် မဖြစ်စေရန် အလို့ငှာ ကျန်းဝူပင်းက လိုင်း ပြတ်တောက် သွားသည့် ကိစ္စအကြောင်း အခြားသူများအကြောင်း မပြောရန် ဆုံးဖြတ်လိုက်သည်။

 

မော်ဒယ်လူများအတွက် အင်တာနက်နှင့် စမတ်ဖုန်းများက သူတို့၏ ကိုယ်ပိုင်ဦးနှောက်နှင့် လက်များအတိုင်း ဖြစ်သည်။ အင်တာနက်မှတဆင့် သတင်း အချက်အလက်များကို အရယူသော လူများရှိသလို ရုတ်တရက် တောင်တန်း အနက်ရှိုင်းဆုံး အပိုင်းတွင် လိုင်း ပြတ်တောက်သွားပြီး အပြင်လောကနှင့် ခွဲခြား ခံထားရသည့်အပြင် အကူအညီလည်း မတောင်းနိုင်သောအခါ အလွန် ထိတ်လန့်လာပြီး ခံစားချက်၏ လွှမ်းမိုးမှုကို ခံရလျက် အစောတလျင် လှုပ်ရှားမိသည့် အခြေအနေမျိုး ရှိလာနိုင်သည်။

 

လက်ရှိအခြေအနေတွင် သူတို့သည် စားစရာမရှိ၊ သောက်စရာမရှိ၊ ဆေးဝါးရိက္ခာမရှိသော အနေအထားမျိုးတွင် ရှိသည်။ ထို့ကြောင့် ယန်ရှစ်ရွမ်းက လူတိုင်းကို လုံခြုံစွာ ခေါ်ထုတ် ပေးသွားနိုင်သည့် နည်းလမ်းရှိသည် ဆိုသော ယုံကြည်ချက်ကိုသာ ကိုင်ဆွဲထားရသည်။

 

ပရိုဂရမ်အဖွဲ့က ရုတ်တရက် ယန်ရှစ်ရွမ်းမရှိသည့် အခိုက်အတန့်တွင် လိုင်း ပြတ်တောက် သွားကြောင်းကိုသာ သိလိုက်ရမည်ဆိုလျှင်

 

_ _ _

 

ကျန်းဝူပင်း၏ နှလုံးသား လေးလံသွားသည်။

 

ကုန်လွန်ခဲ့သော နှစ်များတွင် သူ့ကို မိဘများနှင့် ယန်ရှစ်ရွမ်းက အမျိုးမျိုးသော ထောင့်တိုင်းမှ မကျန် ကာကွယ် ပေးထားခဲ့သည်မှာ ကလေးကြီးတစ်ယောက်ကို စောင့်ရှောက် ပေးနေခဲ့သလို ဖြစ်နေသည်။

 

သို့ရာတွင် ယခုအခါ ယန်ရှစ်ရွမ်းက အနားတွင် မရှိသောအခါ သူသည် အံကို ကြိတ်ပြီး  ပရိုဂရမ်တစ်ခုလုံး၏ ဒါရိုက်တာဆိုသည့်အတိုင်း ပထမဦးဆုံးအကြိမ်အဖြစ် အစစ်အမှန် လူကြီးတစ်ယောက်လို တာဝန်ယူလျက် ပြုမူ ဆောင်ရွက် နေရသည်။

 

အနည်းဆုံး ယန်ရှစ်ရွမ်း မပြန်လာခင်အထိ တည်ငြိမ်အောင် လုပ်ပေးထားလျက် ဘယ်သူကမှ အထိတ်တလန့် မဖြစ်စေရန်၊ မည်သူ့၏ဝိဉာဉ်ကမှ မတုန်ယင်စေရန် သေချာ စီစဉ် ရပေမည်။

 

_ _ _

 

သို့ရာတွင် လိုင်းမရှိတော့သောအခါ ကျန်းဝူပင်းကိုယ်တိုင်ပင် အပြင်လောကနှင့် တိုက်ရိုက်ပင် ဖြတ်တောက် ခံလိုက်ရပြီ ဖြစ်သည်။

 

ထမင်းစားခန်းထဲတွင် ရပ်နေရင်း ယန်ရှစ်ရွမ်းက လေးထပ်မြောက်သို့ တက်သော လှေကားများပေါ်တွင် မရှိသည့် အခြေအနေကို မသိသေးချေ။ ထို့အပြင် ဟိုင်ရွန်ဂူဘုရားကျောင်းက လူများပင် အလန့်တကြား ဖြစ်သွားသည့် အခြေအနေကို နားမလည်  သေးပါချေ။

 

ကျန်းဝူပင်းက အသက်ပြင်းပြင်း ရှူပြီး ရင်းနှီးကျွမ်းဝင်သော အပြုံးနှင့်အတူ ဆက်လျှောက်သွားလိုက်သည်။

 

စံအိမ်တစ်ခုလုံးကို လျှောက်သွားရမည့် အခြေအနေ အတောအတွင်း ဝန်ထမ်းတစ်ယောက်က မီးဖိုခန်းအနားရှိ ဝိုင်သိုလှောင်ခန်းကို တွေ့လိုက်သည်။ ယခုအခါ သူတို့က ထိုဝန်ထမ်း၏ နောက်မှလိုက်၍ ဝိုင်သိုလှောင်ခန်းအတွင်း ဆင်းရန် ကြံစည်နေခြင်း ဖြစ်သည်။

 

ဝိုင်သိုလှောင်ခန်းက လွန်ခဲ့သည့် နှစ်တစ်ကျော်ခန့်က ခေတ်ဟောင်းပုံစံအတိုင်း ဖြစ်သည်။ အသင့်တော်ဆုံးသော ဝန်းကျင်အနေအထားမျိုးအောက်တွင် ဝိုင်များကို သိုလှောင်ထားနိုင်ရုံသာမကသေးလေပဲ ကပ်ဘေးကာလမျိုးတွင်ပင် စံအိမ်ပိုင်ရှင်၏ လုံခြုံရေးကို သေချာစေနိုင်မည့် အကာအကွယ်နေရာ တစ်မျိုးအဖြစ်လည်း အသုံးပြု နိုင်လေသည်။

 

ဝန်ထမ်းက ရှေ့မှ လှုပ်ရှားသွားရင်း အသစ်စက်စက် ရှာတွေထားကာစ စက်ခလုတ်တစ်ခုကို ဖိနှိပ်လိုက်သည်။ ထိုသို့ဖြင့် ခပ်အုပ်အုပ် အသံမျိုးက ထွက်လာသည်။ ထို့နောက် ထမင်းစားခန်း၏ သန်မာခိုင်ခံလွန်းသော ကျောက်တုံးနံရံကြီးက လှုပ်ခါသွားပြီး ဖုန်အတန်းလိုက် ထွက်လာသည်။ ထိုတံခါးက ဘေးဘက်သို့ တဖြည်းဖြည်း လျောဝင်သွားပြီးနောက် နှစ်တစ်ရာကျော် ကျောက်တုံးနံရံနားတွင် ပိတ်မိနေခဲ့သည့် မဲမှောင်သည့် အာကာသပြင်က ထွက်ပေါ်လာသည်။

 

ချက်ချင်းဆိုသလို အောက်ဘက်က တိုက်ခတ်လာသော အေးစက်သော လေပြင်းက လူတိုင်းကို တုန်ယင်သွားစေသည်။

 

“တကယ်ပဲ ဒီအောက်မှာ စားစရာရှိမှာလား”

 

တင်းချီက အနားရှိလူ၏လက်မောင်းကို ကြည့်လိုက်ပြီး တုန့်ဆိုင်းစွာ ကြည့်သည်။

 

“ကြည့်ရတာ အသုံးမပြုတာ ကြာပြီထင်တယ်”

 

“မစိုးရိမ်နဲ့ အဲမှာ ဘာရှိမှာလဲ”

 

အန်းနန်ယွမ်က နှစ်သိမ့်ပေးသည်။

 

“ငါတို့ ဝိုင်ဖြစ်ဖြစ်၊ ပျားရည်ဖြစ်ဖြစ် ရှာတွေရင် အဆင်ပြေတာပေါ့။ ဘာမှ မရှိတာထက်စာရင် ကောင်းသေးတာပေါ့။ စားစရာနဲ့ သောက်စရာတွေက ငါတို့ရဲ့စိတ်ကို တည်ငြိမ်သွားစေလိမ့်မယ်။ ဒီတော့ ငတ်သေမှာကို မစိုးရိမ်ရတော့ဘူး”

 

ကျောက်တုံးနံရံကြီးအနောက်ဘက်တွင် အောက်ဘက်သို့ တိုက်ရိုက်ဆင်းသွားသည့် ကျောက်တုံး လှေကားကြီး ရှိသည်။

 

ကျန်းဝူပင်းက ဝင်ပေါက်နားတွင် ရပ်ပြီး အောက်ဘက်သို့ ကြည့်သည်။ ဝိုင်သိုလှောင်အိမ်ကို အတိတ်က ဝင်စီးခဲ့သော ကာလတွင် ခိုနားစရာအဖြစ် အသုံးပြုခဲ့သောကြောင့် ဖြစ်လောက်သည်။ တည်ဆောက်မှုက အလွန်နက်သည်။ အသုံးပြုရန် ပြင်ဆင်ထားသောကြောင့် ဖြစ်လောက်သည်။ တည်ဆောက်ပုံက အလွန်နက်သည်။ သူ၏ဖုန်းမှ မီးက နေရာကျဉ်းလေးကိုသာ မြင်ရသည်။ ထို့ကြောင့် အောက်ဘက်ရှိ မြင်ကွင်းတိုင်းကို အသေးစိပ် မမြင်နိုင်ချေ။

 

လှေကားများက ပင့်ကူအိမ်များ ပြည့်နေသလို ဖုန်များ ထူထဲစွာ တက်နေသည်။ ထို့အပြင် မည်သည့် ခြေရာကိုမှ မမြင်နိုင်ချေ။ ထို့ကြောင့် ဒီနေရာသို့ မည်သူမှ မရောက်သည်မှာ ကြာပြီဖြစ်ကြောင်း ဖော်ပြ နေပြန်သည်။

 

ကျန်းဝူပင်းက မူလကမူ ဧည့်သည်များကို အပေါ်တွင် စောင့်ခိုင်းထားပြီး ဝန်ထမ်းအချို့ကို ခေါ်ကာ ဆင်းရန် တွေးမိလိုက်သေးသည်။ သို့သော် သူ၏တည်ဆောက်ပုံကြောင့် သူသည် ကလေးဘဝကတည်းက ညစ်ညမ်းသော အရာများကို မကြာခဏမြင်နေ၊ ကြုံနေရကာစ ဖြစ်ပြီး သဘာဝလွန်ဖြစ်ရပ်များကို ကျင့်သား ရလာသလိုလို ရှိသည်။

 

သို့ရာတွင် အခန်းတံခါးဖွင့်လာသည့် အခိုက်အတန့်တွင် ရုတ်တရက် သူ၏နှလုံးသား အနက်ရှိုင်းအပိုင်းမှ နာကျင်လွန်းသလို၊ မွန်းကြပ်သည့် ခံစားချက်က လိမ့်တက်လာသည်မှာ အန္တရာယ်ပြင်းထန်သည့် အရိပ်အယောင်ကို သိလိုက်သလို ဖြစ်သည်။

 

ယန်ရှစ်ရွှင်း မရှိသောအခါ ကျန်းဝူပင်းသည် အန္တရာယ်က မည်သည့်နေရာက လာနိုင်ကြောင်း မဆုံးဖြတ်နိုင်ချေ။ သို့သော် လူသားသဘာဝအရ အမှောင်ထုကို ကြောက်လန့်စိတ်ကြောင့် သူဟာ သတိလက်လွတ် ဝိုင်ခန်းထဲတွင် အန္တရာယ်ဖြစ်တည်မှု ရှိနိုင်သည်ဟု ထင်လိုက်သည်။

 

အခြေအနေက ပုံမှန်မဟုတ်နေသည့်အပြင် စားစရာများကို ရှာဖွေနိုင်မည်ဆိုသော မျှော်လင့်ချက်ရေးရေး ရှိနေသောကြောင့် အောက်ဘက်သို့ ဆင်းပြီး ရှာသင့်ကြောင်း သိနေသည်။ သို့ရာတွင် သူသည် ကိုယ်တိုင်တာဝန်ယူရန် ဆုံးဖြတ်လိုက်ပြီး သတ္တိကို စုစည်းလိုက်ရင်း ဧည့်သည်များကို လုံခြုံသော နေရာတစ်ခုတွင်နေရန် ပြောလိုက်သည်။

 

သို့သော် ထိုကမ်းလှမ်းချက်ကို အန်းနန်ယွမ်က ပယ်ချသည်။

 

“ဒါရိုက်တာ မင်း ဟောလိဝုဒ်ရုပ်ရှင်တွေ မကြည့်ဖူးဘူးလား။ သူတို့အားလုံးက ဒီလိုပဲ ရိုက်တာ။ အားလုံး အတူရှိရင် လုံခြုံလိမ့်မယ်”

 

ပြောင်မြောက်သော စိတ်ကူးယဉ်စွမ်းရည်ရှိသည့် အန်းနန်ယွမ်ကလည်း သူ ယခင်က ကြည့်ဖူးသော ရုပ်ရှင်များကို တွေးပြီး အနည်းငယ် ထိတ်လန့် နေသေးသည်။ မည်သို့ပင်ဆိုစေ သူသည် ဧည့်ခန်းထဲတွင် မနေနိုင်ပါချေ။

 

အခြားသော ဧည့်သည်များကလည်း အရေအတွက် မြောက်များလေ လုံခြုံနိုင်မည် ယုံကြည်ကြသည်။ တစ်စုံတစ်ရာ ဖြစ်လာလျှင်ပင် လူပိုများသောကြောင့် လုံခြုံမှု ပိုရှိနိုင်သည်။

 

ထို့ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသော သတိလစ်နေသည့် လျိုရီရီကို စောင့်ကြည့်ရန် ဧည့်ခန်းထဲတွင် နေခဲ့သည့် ဝန်ထမ်းအချို့က လွဲပြီး အခြားသောသူများက အောက်ဘက်ရှိ ဝိုင်ခန်းထဲသို့ အတူသွားရန် ဆုံးဖြတ် လိုက်ကြသည်။

 

သူတို့က လုံလောက်သော စားစရာများကို ရှာတွေ့သည်နှင့် သိပ်မကြာခင် အပေါ်သို့ ပြန်တက်လာပြီး တစ်စုံတစ်ရာ ဖြစ်လာသည် သို့မဟုတ်  အောက်ဘက်တွင် စားစရာမရှိသည်နှင့် ချက်ချင်း ပြန်တက်လာမည်ဟု ပြောလိုက်သည်။

 

ကျန်းဝူပင်းက ပရိုဂရမ်၏ ပစ္စည်းကိရိယာဘောက်စ်ထဲတွင် တွေ့သော ညှိ့အားပြင်းသည့် ဓာတ်မီးကို ကိုင်ထားသည်။ အခြားသော သူများက သူတို့၏ ဖုန်းဖလက်ရှ်မီးကို ကိုင်ထားရင်း အောက်ဘက်သို့ တစ်လှမ်းချင်းစီ ဆင်းသည်။

 

အခန်းကို ပထမဦးဆုံး ရှာတွေ့သော ဝန်ထမ်းလည်းပါသည်။

 

လူတိုင်းက လှေကားမှတဆင့် အောက်ဘက်သို့ ဆင်းလိုက်သောအခါ နောက်ဆုံးမှ ဝင်ရမည့် ငယ်ရွယ်ပြီး ချောမောသော ဝန်ထမ်းအဖွဲဝင်က တစ်ခဏခန့် တုန့်ဆိုင်းနေပြီး နောက်မှ လိုက်လာသည်။ သူက ကျောက်တုံးနံရံနားမှ ဖြတ်သွားချိန်တွင် သူ၏လက်ဝါးက ထိုနေရာကို ပွတ်တိုက် သွားသည်။

 

ငယ်ရွယ်သော လူငယ်၏မျက်နှာက ဝိုင်သိုလှောင်ခန်း၏ အမှောင်ထုအောက်တွင် မြှပ်သွားသည်။

 

အ‌ရှေ့တွင် မီးအလင်းရောင် ဆယ်ခုရှိသည့်တိုင်အောင် သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရနိုင်ချေ။ သူ့တွင် ကိုယ်ပိုင်အရေပြား ပျောက်ဆုံးနေသလို ဖြစ်သည်။

 

ရှေ့ဆုံးမှ သတိကြီးလွန်းသော ကျန်းဝူပင်းက ရုတ်တရက် သူ၏ခြေထောက် အောက်ဘက်မှ မြေအမာကို နင်းမိသောအခါ စိတ်အေးသွားသလို သက်ပြင်းချသည်။ သူက ဖလက်ရှ်မီးကို ဖွင့်ပြီး ဝိုင်ခန်း တစ်ခုကို ကြည့်သည်။ 

 

ဝိုင်ခန်းက အတော်လေးကြီးသည်။ မြေအောက်က အထူးတလည် အေး၏။ ဝိုင်စည်များထားရာ စင်အတန်းလိုက်က ပြိုကျနေပြီး ဝက်သစ်ချ စည်ပိုင်းများကလည်း တစ်ကွဲတစ်ပိုင်နှင့် ဖြစ်သည်။ မီးရောင်ကြောင့် ဝရုန်းသုန်းကား ထပြန်ပြေးသည့် ပိုးကောင် အသံများကိုလည်း ကြားရသည်။

 

အိုဟောင်းနေသည့်တိုင်အောင် တစ်ချိန်က ခမ်းနားမှုကို မြင်နိုင်နေသေးသည်။ ထိုအခြေအနေက လူတိုင်းအား မျှော်လင့်ချက်ကို ပေးစွမ်းနေသည်။

 

“ကြည့်ဦး အဲဒီမှာ ရိက္ခာအချို့ ရှိနေတုန်းပဲ။ အချို့လူတွေက သူတို့ရဲ့အိတ်ထဲမှာ ဒီလိုခိုနားစရာပုန်းကွယ်စရာ နေရာမျိုးကို တည်ဆောက်တဲ့အခါ ရိက္ခာတွေကိုလည်း ထည့်သွင်းသိမ်းဆည်းတတ်တယ်လေ”

 

ဧည့်သည်တစ်ယောက်က ပြောသည်။

 

“သေချာဂရုစိုက်ရှာကြ အရေးပေါ်ရိက္ခာတွေတော့ သိုလှောင်ခဲ့လောက်မှာပဲ။ သံဗူးပစ္စည်းတွေပဲဖြစ်ဖြစ်၊ စစ်တပ်သုံးရိက္ခာတွေပဲ ဖြစ်ဖြစ်ပေါ့ စားလို့တော့ ရလောက်ဦးမှာပါ။ အရေးပေါ် fist ait kit လည်း လိုအပ်တယ်”

 

“အခုတော့ အဆင်ပြေသွားပြီ။ ငါတို့ ဒိတ်လွန်တဲ့ ပစ္စည်းတွေ ရှာရင်တောင်မှပဲ အရည် နည်းနည်းတော့ ရှာနိုင်လောက်မှာပဲ။ ဒါတွေက အလွယ်တကူ မပျက်စီးတတ်ဘူးလေ။ ဒါကြောင့် ရေအဖြစ် သုံးတာပဲဖြစ်ဖြစ်၊ ပိုးသတ်ဖို့ အတွက် ပဲဖြစ်ဖြစ် အဆင်ပြေတာပဲ”

 

ထိုအဖွဲ့က စိတ်အေးသွားသလို သက်ပြင်း ချကြသည်။ မူလက သောင်းကျန်းနေသော လေထုအခြေအနေက ပြေလျော့နေသည်။ သူတို့က သတိအပြည့်ကပ်လျက် အသုံးပြုရလောက်မည့် ရိက္ခာများကို ရှာဖွေနေပြီး ဝိုင်ခန်းအနက်ရှိုင်းဆုံးအပိုင်းသို့ မဝင်မိအောင် သတိထားကြသည်။ ထိုအတွက်ကြောင့် တစ်ယောက်နှင့်တစ်ယောက် လူစုကွဲကြမည် မဟုတ်ချေ။

 

ကျန်းဝူပင်းကလည်း ဝက်သစ်ချ စည်ပိုင်းများအနှံ့ လိုက်ရှာနေသည်။ သူ၏ဗို့အားမြင့်သော ဖလက်ရှ်မီးက ထောင့်တစ်နေရာရာကို လင်းထိန်သွားစေသည်။ ကျန်းဝူပင်းကမူ အစက သတိ သိပ်မထားမိပဲ ဘေးဘက်သို့ ပြန်လှည့် လိုက်သည်။ သို့ရာတွင် ရုတ်တရက် သူက မြင်လိုက်သည့် အရာကို သေချာ နားလည် သွားပြီးနောက် သူ၏ကျောရိုးက တောင့်တင်း သွားသည်။ သူ၏အမွှေးများက အဆုံးထိ ထောင်တက် သွားသည်။  သူက တဖြည်းဖြည်းချင်း ခေါင်းကို စက်ရုပ်လို လှည့်ပြီး ဦးတည်ရာဘက်သို့ ပြန်ကြည့်လိုက်သည်။

 

သူ၏စိတ်ထဲတွင်မူ ကျန်းဝူပင်းသည် သူ ထင်ယောင်ထင်မှား မြင်ရန်သာ ဆက်တိုက် ဆုတောင်းနေခဲ့သည်။  ထိုနေရာတွင် မည်သည့်အရာမှ မရှိရန် မျှော်လင့်မိသည်။ သို့ရာတွင် သူက တုန်ယင်စွာနှင့် တဖန်  ပြန်ကြည့်လိုက်သောအခါ _ _ _

 

တကွဲစီ ဖြစ်ပြီး လဲနေသည့် ဝက်သစ်ချ စည်ပိုင်းများအကြားတွင် စည်ပိုင်းတစ်ခုက ထောင်နေသည်။

 

ထိုစည်ပိုင်းအတွင်းမှ ဖြူဖျော့သည့် ခေါင်းက ဆန့်ထွက်ပြီး စည်ပိုင်း၏အစွန်းနားကို တောင့်တင်းစွာ မှီထားသည်။ ဒါ အခုလေးတင် ဒေါသတကြီး ထွက်သွားတဲ့ အဆိုတော်ပဲ။

 

သို့ရာတွင် ယခင်နှင့် မတူသည်မှာ သူ၏အဝတ်များက နီရဲ စိုရွှဲနေပြီး  သူ၏ ပါးစပ်ထောင့်နားမှ အနီရောင်အရည်များက ဆက်တိုက် စီးကျကာ အောက်ဘက်ရှိ ဝက်သစ်ချ စည်ပိုင်းအတွင်းသို့ ဝင်စေလျက် သွေးညှီရနံ့ကို တထောင်းထောင်း ထစေသည်။

 

ထိုသူ၏ နူတ်ခမ်းမှ သွေးစက်များက ဆက်တိုက် စီးကျနေသည်။ ထိုအခိုက်အတန့်တွင် ကျန်းဝူပင်းက သူ၏ဦးခေါင်းခွံ့က ပေါက်ကွဲပြီး ထုံထိုင်းသွားပြီဟု ခံစားလိုက်ရသည်။

 

“ဒီ  ဒီ  ဒီ ဒီ”

 

“ သရဲ အားးးး ယန်ကော ငါ့ကိုကယ်ပါ”

 

ဝူး

 

သို့ရာတွင် ကျန်းဝူပင်းက ဆက်တိုက်ဆိုသလို အော်ဟစ်မိသော်လည်း အသံက လည်မျိုတွင် တစ်သွားပြီး အသံက အလွန်အမင်း ကြောက်လန့် နေသောကြောင့် သီးသွားသလိုမျိုး တုန်ယင်သော အသံကသာ ထွက်လာသည်။

 

သို့သော် သတိအပြည့်ကပ်နေသော အခြားသူများက ပုံမှန်မဟုတ်သော အသံကို ကြားမိရုံနှင့် ကိုင်လက်စ အရာများကို ပစ်ချကာ ဖုန်းမီးရောင်ကို အားကိုးပြီး အပြေး လာသည်။

 

“ဒါရိုက်တာ ဘာဖြစ်တာလဲ”

 

“အဆင်ပြေရဲ့လား”

 

သို့ရာတွင် သူတို့သည့် ကျန်းဝူပင်း၏ အကြည့်နောက် လိုက်ကြည့်လိုက်ပြီး သူတို့၏လက်ထဲမှ ဖုန်းများကပင် ပြုတ်ကျလုနီးပါး အံ့ဩသွားကြသည်။

 

“wtf ဒါ ဒါက ဘာလဲ  လူ လူ လူကို သုံးပြီး ကဇော် ဖောက်ထားတာလား”

 

“နေဦး ဒါက ငါတို့ ငါတို့လူ မဟုတ်လား။ ငါတို့ သူ့ကိုမတွေ့တာ နှစ်နာရီတည်း ကြာသေးတာလေ။ ဘယ်လိုကြောင့် ဒီလိုဖြစ်သွားတာလဲ”

 

“သူက ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်နေတာလဲ။ သူ အသက်ရှင်သေးရဲ့လား”

 

“မြန်မြန် မြန်မြန် သူ့ကို ကယ် လိုက်ကြရအောင်”

 

ဝရုန်းသုန်းကား အခြေအနေအကြားတွင် ငယ်ရွယ် ချောမောသော ဝန်ထမ်းအဖွဲ့ဝင်ကသာ လှေကားနားတွ င်ရပ်လျက် အောက်ဘက်မှ ဝရုန်းသုန်းကား အခြေအနေကို အပေါ်စီးမှ ငုံ့ကြည့် နေခဲ့သည်။

 

ထို့နောက် သူ၏ပုံရိပ်က အ‌မှောင်ထုအတွင်း တဖြည်းဖြည်းချင်း ဝင်ရောက်သွားသည်။

 

******