Ch 28
Viewers 6k

အပိုင်း(၂၈)

 

ဟိုင်ရွန်ဂူဘုရားကျောင်းသည် တိုင်းပြည်၏ နာမည်ကျော် အဓိက ဘုရားကျောင်း သုံးခုထဲမှ တစ်ခုဖြစ်သလို သရဲနှင်ခြင်း၊ ဝိဉာဉ်ဖမ်းခြင်းများတွင် နှစ်ရာကျော် ဂုဏ်သတင်းကျော်ဇောခဲ့ပြီး လူသိများ ထင်ရှားလေသည်။

 

သို့ရာတွင် ကုန်လွန်ခဲ့သည့်နှစ်များတွင် ဟိုင်ရွန်ဂူဘုရားကျောင်းသည် လောကနှင့် အဆက်အသွယ်ဖြတ်လျက် တံခါးကို ပိတ်ထားပြီး လူများကို ကယ်ရန်သာ သီးသန့် နေထိုင်ကြသည်။ မကြာခဏဆိုသလို တပည့်ဂိုဏ်သားများက အပြင်သို့ ထွက်သွားပြီး ပြန်လာခြင်း မရှိ‌ချေ။ ထိုသို့ဖြင့် ဂူဘုရားကျောင်း၏ အဖွဲ့ဝင်များက နည်းသထက် နည်းကာ တဖြည်းဖြည်းချင်း လူသူ ရှင်းလင်း လာလေသည်။

 

ငြိမ်းချမ်းသည့်ခေတ်ပြီးနောက် ဟိုင်ရွန်ဂူဘုရားကျောင်းက နောက်ဆုံးတွင် အင်အား ပြန်ဖြည့်သည့် အခွင့်အရေးကို ရရှိလာခဲ့သည်။ သို့သော် ကြီးမားသည့် ကပ်ဘေးဆိုက်သော ကာလများမှသာ တံခါးကို ပြန်ဖွင့်ပြီး ပင်းဟိုင်မြို့၏ အာဏာပိုင်များနှင့် ပူးပေါင်းကာ ကောင်းချီးပေးမှုတွေ ရရှိအောင် ဆောင်ရွက်ခြင်း၊ သာမာန်လူများကို ထိခိုက်စေမည့် သဘာဝဘေးအန္တရာယ်များ မဖြစ်အောင် တားမြစ်သည့် အကာအကွယ်လွှာများ တည်ဆောက် ပေးခြင်းတို့ ပြုလုပ် ပေးလေသည်။

 

ရလဒ်အနေဖြင့် ပင်းဟိုင်မြို့ရှိ လူများက ဟိုင်ရွန်ဂူဘုရားကျောင်း တွေးချိန်တွင် သူတို့၏ ယေဘုယျအမြင်က သက်ရောက်မှု ရှိလွန်းသော ဆုတောင်းမှု ပြုရာ နေရာအဖြစ်၊ ကံကြမ္မာဟောပြောရာတွင် တိကျလွန်းသော နေရာအဖြစ်သာ မှတ်မိ ကြတော့လေသည်။ အနည်းငယ် ပိုသိသော သူများက ဟိုင်ရွန်ဂူဘုရားကျောင်းက အစီစဉ်တကျ အပနှင်နိုင်သော နည်းလမ်းများ ပိုင်ဆိုင်ထားကြောင်း ဆိုကြလေသည်။

 

တိတိကျကျဆိုရသော် ဟိုင်ရွန်ဂူဘုရားကျောင်း၏ နှစ်ရာကျော်သက်တမ်းတွင် ကျော်ကြားမှုလဲ မဖက်သလို ပင်းဟိုင်မြို့ရှိ ပြည်နယ်အာဏာပိုင်များနှင့် အပေးအယူများလည်း မလုပ်ဘဲ ကောင်းမှုများသာ ပြုနေခဲ့သောကြောင့် ဂူဘုရားကျောင်းပေါ် လူတိုင်း၏ ခံစားချက်က ကောင်းမွန်သလို အာဏာပိုင်များနှင့်လည်း အလွန်ရင်းနှီးသည့် ဆက်ဆံရေးမျိုးလည်း ရှိနေလေသည်။ ထို့ကြောင့် အားလုံးက ထိုဂူဘုရားကျောင်းကို အမြင့်ဆုံးသော လေးစားမှု၊ ယုံကြည်မှုများကို ပေးထားကြသည်။

 

ယခုလိုမျိုး တီဗွီရှိုးတွင် တိုက်ရိုက် ထုတ်လွှင့်မှုတစ်ခုအတွင်း ကြောက်စရာ ကောင်းသည့် မြင်ကွင်းများ ပေါ်လာသောကြောင့် ဗီဒီယိုရှယ်ရင်းများတွင် ဖြစ်စေ၊ ဆိုရှယ်ပလက်ဖောင်းများတွင် ဖြစ်စေ ဝရုန်းသုန်းကား အခြေအနေများကို ဖြစ်စေခဲ့သည်။ ဆွေးနွေးမှုများက ပြင်းထန်လာပြီး ထရန်းတင်း နံပါတ်တစ်နေရာကိုပင် ယူနိုင်သွားသည်။

 

ထို့အပြင် တီဗွီရှိုး၏ ရိုက်ကူးရေးအတွင်းတွင်လည်း ဒဏ်ရာရသော သူများက ပါလာသည်။ ယခုလို အခြေအနေမျိုးတွင် ပင်းဟိုင်မြို့ရှိ အာဏာပိုင်များက ပရိုဂရမ်၏ တိုက်ရိုက် ထုတ်လွှင့်မှုကို မတော်တဆမှုများကြောင့် ရှာမတွေ့ခင်အထိ ရပ်ဆိုင်း ထားသင့်သည်။ သို့သော် ဂူဘုရားကျောင်းမှ ဘုန်းတော်ကြီးများက တားခဲ့သည်။

 

နောက်ပိုင်းတွင်မူ ထိုဂူဘုရားကျောင်းမှ ဘုန်းတော်ကြီးများက တရားဝ င်ကယ်ဆယ်ရေး အသင်းနှင့်အတူ ကွေ့တောင်သို့ သွားပြီး အာဏာပိုင်များကို ရှင်းပြသောအခါ တစ်ဖက်သူများက ခေါင်းသာ ခါကာကြလေသည်။

 

“အများအမြင် ဟိုင်ရွန်ဂူဘုရားကျောင်းက မီဒီယာအသစ်တွေကို စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး အထူးတလည် တာဝန် ယူပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီရှိုးကို အခုတော့ ပိတ်ထားလို့ မရသေးဘူး။ ငါတို့ ဒီနှစ် အစောပိုင်းကတည်းက ပူးပေါင်း ခဲ့တဲ့အတိုင်း အဲဒီအချိန်က ကွေ့တောင်မှာ ဖြစ်ခဲ့တဲ့ အလောင်းတွေက ပြန်ပေါ်လာတာကို မင်းတို့လည်း သိမှာပါ။ ဒါကြောင့် ဒီရှိုးက ဒီအလောင်းတွေကို ရှာတဲ့နေရာမှာ အရမ်းကို အရေးကြီး နေတယ်။ နောက်ပြီး ဒီတစ်ခုတည်းက အကြောင်းပြချက် မဟုတ်ဘူး”

 

ခေါင်းဆောင်လာသော ဘုန်းတော်ကြီးက တည်ငြိမ်သော မျက်နှာထားနှင့် ဆက်လက်ပြီး ရှင်းပြသည်။

 

“မင်းတို့တွေ ဒီနှစ်အစပိုင်းမှာ ကွေ့တောင်နှင့် ပတ်သက်ပြီး ပေါ်လာတဲ့ သတင်းတွေအားလုံးရဲ့ အရင်းအမြစ်တွေ မှတ်မိကြလား။ တောင်တက်ရင်း ပျောက်သွားတဲ့ ကောလိပ်ကျောင်းသားတွေက စတာလေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ယူထားရသည့် အစိုးရအတွင်းရေးမှုးတစ်ယောက်က နားလည်ကြောင်း ခေါင်းညိတ် ပြသည်။

 

ပင်းဟိုင်တက္ကသိုလ်သည် ဒီတိုင်းပြည်တွင် ထိပ်တန်းအဆင့် တက္ကသိုလ်ကြီး ဖြစ်နေသောကြောင့် သဘာဝအလျောက်ပင် အာရုံစိုက်မှု အမြောက်အမြားကို ခံစား ခဲ့ရသည်။ ပို၍ဆိုးသည်မှာ ကောလိပ်ကျောင်းသားများက အသိုင်းအဝိုင်းကြီးနှင့်အတူ မြေမျက်နှာသွင်ပြင် အနေအထားတစ်ခုလုံးကို လေ့လာရန် တောင်တက်ခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုနှစ်၏ အစောပိုင်းတွင် ကောလိပ်ကျောင်းသားများ ပျောက်ဆုံးသွားသည့် မတော်တဆမှုက မီဒီယာများအတွင်း အလုံးအရင်းနှင့် ပျံ့နှံ့လာခဲ့ပြီး သက်ရောက်မှု အလွန် ကြီးမားခဲ့သည်။ ထို့အပြင် ယခုအချိန်အထိ ရှာမတွေ့သေးသည့် ကောလိပ်ကျောင်းသားတစ်ယောက်က အများ၏ စိုးရိမ်စရာ ဖြစ်စေခဲ့သောကြောင့် အာဏာပိုင်များအပေါ်ပင် ဖိအားများ ကျရောက်ခဲ့သေးသည်။

 

သို့ရာတွင် ကယ်ဆယ်ရေး အသင်းများက အင်တိုက်အားတိုက် ကြိုးစား ရှာဖွေခဲ့ပြီးသည့်တိုင်အောင် ပျောက်နေသည့် ကျောင်းသားကို ရှာမတွေ့ခဲ့သည့်အပြင် အဝတ်စတစ်စကိုပင် မတွေ့ခဲ့ချေ။ ထိုအခြေအနေအရ ပျောက်သွားသော ကျောင်းသားက တောထဲတွင် မျက်ခြေ ပြတ်သွားပြီး ထိတ်လန့်တစ်ခု အတောအတွင်း ချောက် တစ်ခုခုထဲသို့ ပြုတ်ကျ သွားလောက်မည်ဟု အနှစ်ချုပ် ခဲ့ကြရသည်။

 

တာဝန်ယူခဲ့သော လူကလည်း ထိုမတော်တဆမှုကြောင့် ပြင်းထန်စွာ သက်ရောက် ခံရသည်။ အကြောင်းမူကား သူက ကျောင်းသား၏ဖိုင်ကို တွေ့ရှိခဲ့ရသောကြောင့် ဖြစ်သည်။ ထိုကျောင်းသားသည် ချောမောကာ အားကိုးထိုက်သည့် အမျိုးသားကောင်း ဖြစ်ကာ တောက်တောက်ပပ ပျော်ပျော်ရွှင်ရွှင် ပြုံးနေတတ်သည်။ သူသည် ကောင်းမွန်သော ကလေးတစ်ယောက်ဖြစ်ကြောင်း သိသာ ထင်ရှားလွန်းနေခဲ့သည်။ သူပျောက်သွားသော သတင်းက လူပေါင်းများစွာကို ဝမ်းနည်းစေခဲ့သည်။

 

တာအိုဘုန်းတော်ကြီးက ဆက်ပြောသည်။

 

“ငါတို့မှာ ကံကြမ္မာတွက်ချက်မှုမှာ အရမ်းကို ကျွမ်းကျင်တဲ့ စီနီယာတပည့်တစ်ယောက် ရှိတယ်။ သူက အဲဒီကျောင်းသားရဲ့ တည်နေရာကို တွက်ချက်ခဲ့တယ်။  ဒါပေမဲ့ အဲဒီ တွက်ချက်မှုတွေအရ အဲဒီကျောင်းသားဟာ ကွေ့တောင်ထဲမှာ မဟုတ်ဘူးလို့ ဖော်ပြနေတယ်”

 

ကယ်ဆယ်ရေးတာဝန်ကို ယူထားသည့်အဖွဲ့ထဲမှ ခေါင်းဆောင်က ဝမ်းနည်းသော အမူအယာနှင့် ပြောပြသည်။ သူသည်လည်း တာအိုဘုန်းတော်ကြီးက သေဆုံးသွားမည်ဟု ပြောနေသည်ဟု ထင်လိုက်သည်။ သို့သော် တာအိုဘုန်းတော်ကြီးက ခေါင်းခါ ပြီးပြောသည်။

 

“သူ မသေသေးဘူး”

 

“ဘာ”

 

တာဝန်ခံက ကြောင်သွားသည်။

 

“ဒါဆိုရင် ငါတို့ ချက်ချင်းကယ်သင့်တာပေါ့”

 

“ဒါပေမဲ့ သူက အသက်လည်း မရှင်တော့ဘူး”

 

တာအိုဘုန်းတော်ကြီးက တည်ငြိမ်စွာ ပြောသည်။

 

“သူက လောကအနှံ့ လွင့်သွားပြီ။ နောက်ပြီး သူက ဒီလောကထဲမှာ ရှိတုန်းပါပဲ။ နောက်ပြီး လူလည်းမဟုတ်၊ သရဲလဲမကျ အနေအထားမျိုးမှာ ရှိလောက်တယ်။ နောက်ပြီး ကွေ့တောင်ထဲမှာ မဟုတ်လောက်ဘူး”

 

“သူက တစ္ဆေတောင်ထဲမှာပဲ”

 

“တွက်ချက်မှုတွေအရ နွေရာသီ  တစ္ဆေတောင်တန်းထဲကို တစ်စုံတစ်ယောက် ဝင်ရောက် သွားတဲ့ အချိန်မှာ သူ့ကို ရှာတွေ့မယ်လို့ ပြောထားတယ်။  အဲဒီအချိန်မှာ သူရဲ့ နှိပ်စက်ခံနေရတဲ့ ဝိဉာဉ်က ကယ်တင်ခံရပြီး ငြိမ်းငြိမ်းချမ်းချမ်နဲ့ အခြားလောကကို ကူးပြောင်းနိုင်မယ်တဲ့”

 

တာအိုဘုန်းတော်ကြီးက ဆက်ပြောသည်။

 

“ဒါပေမဲ့ သူ့ရဲ့ဝိဉာဉ်က အရမ်းကို အထိမခံဖြစ်ပြီး သေရေးရှင်ရေးကြား အလွှာပါးပါးလေး နေရာလေးကို ရောက်နေလို့ တွက်ချက်မှု အနည်းငယ်ကတင် သူ့ရဲ့ဝိဉာဉ်ကို ပျက်ပြယ် သွားစေလောက်တယ်။  ဒီအတွက်ကြောင့်ပဲ ဒီပရိုဂရမ်တွေကို ရပ်ဆိုင်းလို့ မရတဲ့အပြင် ပြင်ပအင်အားစုတွေ အတင်းဝင်ရောက် စွပ်ဖက်လို့ မရနိုင်တာပဲ”

 

ပို၍ဆိုးသည်မှာ သူ၏ဝိဉာဉ်တင် မဟုတ်ချေ။ လွန်ခဲ့သည့် ရာစုနှစ်တစ်ခုလုံးအတွင်း တစ္ဆေတောင်ကြောင့် ပျောက်ကွယ်သွားသည့် လေလွှင့်ဝိဉာဉ်ပေါင်းများစွာ ရှိနေသည်။ သူတို့သည် ကွေ့တောင်နှင့် တစ္ဆေတောင်အကြားတွင် ပိတ်မိနေလေသည်။

 

တွက်ချက်မှုများက အန္တရာယ်ကို ဖော်ပြနေသော်လည်း ရာစုနှစ်တစ်ခုကြာအောင် တစ္ဆေတောင်အတွင်း လေးလံနေသည့် သိပ်သည်းလွန်းသော တစ္ဆေသရဲများ၏ အရှိန်အဝါများကို ရှင်းလင်းနိုင်ခြင်း သီဟိုရီအရ မဖြစ်နိုင်သည့်တိုင်အောင် သေဆုံးနိုင်ချေ များသည်အထိ အဆုံးအစမဲ့သော ဆိုးရွားသည့် အခြေအနေမျိုး မဟုတ်သေးချေ။

 

မဖြစ်နိုင်သော အခြေအနေများအကြားတွင် ပရိုဂရမ်အသင်းက ကွေ့တောင်သို့ သွားနိုင်ကတည်းက ထူးခြားမှုက ပြသနေလေပြီ။

 

ဟိုင်ရွန်ဂူဘုရားကျောင်းကဲ့သို့သော နေရာမျိုးနှင့် အဆက်အဆံများပြီး ကိစ္စအများစုတွင် တာဝန်ယူ ပါဝင် ပတ်သက် နေသူများကလည်း သေဆုံးသည်အထိ မရောက်သေးသလို ရှင်သန်ခြင်းလည်း မဟုတ်သည့် အနေအထားမျိုးအဖြစ် ရှင်းပြခံရသည့်အခါ ကြောင်‌တောင်တောင် ဖြစ်သွားသည်။

 

တာအိုဘုန်းတော်ကြီးက ဆက်လက်ပြီး မရှင်းပြတော့ပဲ ကွေ့တောင်ရှိရာဘက်သို့ ကြည့်လိုက်သည်။

 

ဟိုင်ရွန်ဂူဘုရားကျောင်းပင် မဟုတ်ချေ။ ထိုအနားတွင်ရှိသော လူတိုင်းက ကွေ့တောင်မှ အခြေအနေနှင့် ပတ်သက်ပြီး စိုးရိမ်နေကြသည်။

 

အာဏာပိုင်များကလည်း ကွေ့တောင်ထဲတွင် မရိုးဖြောင့်သော ကုန်သည်များက အဝတ်အထည်များ ချုပ်ရန် သို့မဟုတ် ဝတ်ပြထားရန် အသုံးပြုသည့် လူရုပ်များကို ပစ်ထားခဲ့ကြောင်း၊ ထိုလူရုပ်များက ညနေခင်း နီရဲနေသော အလင်းရောင်အောက်တွင် သွေးနီရောင် လူသားပုံသဏ္ဍာန်များအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်ကြောင်း ရှင်းပြ ထားသည်။ ထိုသို့ဖြင့် ရွာသားများက အထင်မှတ်များသွားပြီး ယခုလိုမျိုး ထင်ယောင်ထင်မှား ဖြစ်လာကြောင်း ထုတ်ပြန်ကြေငြာထားသည်။

 

သို့ရာတွင် လွန်ခဲ့သော နှစ်တစ်ရာခန့်က ဒီတောင်တန်းအတွင်း ဓားပြတစ်ဖွဲ့လုံးက ဆိုးရွားစွာ သေဆုံးသွားခဲ့ကြောင်းကိုလည်း သိထားသည့် လူများဆိုလျှင် ထိုတောင်အတွင်း သိပ်သည်း လွန်းသော ရန်ငြိုးကြီးစွမ်းအင်များ လွှမ်းခြုံနေကြောင်း နားလည် နေလိမ့်မည်။ လွန်ခဲ့သော နှစ်တစ်ရာအတွင်း ဒီတောင်နှင့် ပတ်သက်သည့် သေဆုံးခြင်း ကောလဟလတိုင်းက မှန်ကန်နေခဲ့သည်။

 

ကျိန်စာကို ဖယ်ရှားရန်အလို့ငှာ လာရောက်ခဲ့သည့် နတ်ဆရာများစွာနှင့် မငြိမ်းချမ်းသော ဝိဉာဉ်ရာပေါင်းများစွာက ဒီနေရာတွင် ရှိနေသည်။

 

ရာစုနှစ်တစ်ခုအတွင်း ကျော်လွန်ခဲ့ပြီးနောက် ထိုနေရာတွင် ပုန်းအောင်းနေသည့် ဆိုးယုတ်သည့် အရာများက မည်မျှ မြောက်များနိုင်ကြောင်း မည်သူကမှ မသေချာ နိုင်တော့ချေ။

 

ပို၍ဆိုးသည်မှာ ထပ်ခါတလဲလဲ ရှာဖွေပြီးသည့်တိုင်အောင် ရလဒ်များ မထွက်သည့် အပြင် တွက်ချက်မှုများအပေါ် အခြေခံခြင်းအရ ကွေ့တောင်ဟု သူတို့က တရားဝင် နာမည်ပေးထားသော ထို‌တောင်က နောက်ထပ် တစ္ဆေတောင်ကို ချန်ထား ရစ်ပြန်ပြီ ထင်သည်။

 

ကွေ့တောင်သည် သက်ရှိလောက၏ တောင်ဖြစ်သည်။ တစ္ဆေတောင်ကမူ သိပ်သည်းလွန်းသော တစ္ဆေအရှိန်အဝါနှင့် ရန်ငြိုးစွမ်းအားများ ရှိလေရာ အမှောင်ဘက်သို့ ကျနေခဲ့ပြီး သက်ရှိလောကမှ အပြီးအတိုင် ထွက်ခွာ သွားနိုင်ခြင်း မရှိသည့်  အမည်မသိရသော အင်အားစု ရှိနေရာ တောင်တစ်တောင် ဖြစ်သည်။ ထိုရှင်သန်ခြင်းနှင့် သေဆုံးခြင်းအကြား နယ်နမိတ်တစ်ခုလို တစ်နေလေသည်။

 

ရှင်သန်နိုင်စွမ်းရည် မရှိသလို ပြန်လည် မွေးဖွားနိုင် စွမ်းရည်လည်း မရှိသေးပြန်ချေ။

 

ယခင်က ပျောက်သော ရွာသားများနှင့် ခရီးသွားများအပြင် တောင်ပေါ်သို့ တက်သော တက္ကသိုလ်ကျောင်းသားများပင် ဖြစ်စေ၊ တောင်ပေါ်တွင် ရှိနေသော ပရိုဂရမ်အသင်း အဖွဲ့ဝင်များကပင် ဖြစ်စေ မည်သူမှ ပြန်လည်ရှာတွေ့နိုင်စွမ်းအား မရှိနေကတည်းက သူတို့သည် တစ္ဆေတောင်သို့ ဆွဲခေါ်ခံရခြင်း ခံရသောကြောင့် ဖြစ်လောက်လေသည်။

 

သူတို့က လူကယ်ရန် အပြေးအလွှား ဝင်ရောက်သွားနိုင်သည့်တိုင်အောင် သေဆုံးခြင်းနှင့် ရှင်သန်ခြင်းနယ်မြေသို့ သွားသည့် လမ်းပေါက်ကိုပင် မရှာနိုင်ချေ။

 

သူတို့သည် စောင့်ရုံသာ တတ်နိုင်သည်။ တစ္ဆေတောင်က သူတို့ကို ပြန်ဆွဲ ခေါ်လာမည့် အချိန်ကို စောင့်ရမည်။ သို့မဟုတ်လျှင်လည်း အတွင်းရှိလူများက နည်းလမ်းတစ်ခု ရှာပြီး တစ္ဆေတောင်အတွင်းမှ ထွက်လာမည့်အချိန်ကို စောင့်ရပေမည်။

 

“ဆရာ”

 

တာအိုဘုန်းတော်ကြီးက အတွေးနက်နေသည့် အချိန်တွင် အနားမှ အော်သံကို ကြားရသည်။

 

တောင်ခြေမှ အပြေးတက်လာသည့် တာအိုဘုန်းတော်ကြီး တစ်ယောက်ကို မြင်ရသည်။ သူက စိုးရိမ် ပူပန်နေသောကြောင့် ကယ်ဆယ်ရေးအသင်း ရှိကြောင်းကို မေ့သွားသည်။ ထို့ကြောင့် ဒဏ္ဍာရီလာ ကိုယ်‌ဖော့စွမ်းရည်ကို ပိုင်ဆိုင်ထားသလိုမျိုး အလွန်အမင်း ကျော့ရှင်းကြည့်ကောင်းပြီး လျင်မြန်လွန်းသော အရှိန်မျိုးဖြင့် ရောက်ရှိလာလေရာ ကယ်ဆယ်ရေးအသင်းက အံ့အား သင့်သွားရသည်။

 

“တစ်ခုခုတော့ မဟုတ်တော့ဘူးဆရာ။ ကွေ့တောင်မှာ ပြောင်းလဲ လာနေပြီ”

 

သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီးက အစောတလျင် ပြောသည်။ သူ၏ အသက်ရှူသံက မတည်ငြိမ်ပေ။

 

“ကွေ့တောင်ပေါ်က သစ်ပင်တွေက ကျိုင်းကောင် သစ်ပင်အဖြစ် ပြောင်းလဲ သွားတယ်”

 

ကျိုင်းကောင်သစ်ပင်များသည် တစ္ဆေသစ်ပင်များနှင့် ပတ်သက်သည်။

 

သူတို့သည် သစ်မျိုးလောကအတွင်း ဝင်ပူးရန် မည်သည့် ပိုင်ဆိုင်မှုမျှ မရှိသည့် လေလွှင့်ဝိဉာဉ်များကို နေထိုင်ခွင့် ပေးသည်။ အချို့သူများဆိုလျှင် ထိုကျိုင်းကောင် သစ်ပင်ကြီးများတွင် နေထိုင်ခြင်းအားဖြင့် လူသားပုံသဏ္ဍာန် အသွင်ယူနိုင်ပြီး ဖြတ်သွားသော ခန္ဓာကိုယ်များကို ခိုးယူလျက် မြေအောက်လောကမှ ခိုးယူ စုဆောင်းသူများကို လှည့်စားတတ်လေသည်။

 

“ဘယ်လို ဘယ်လိုကြောင့် ဒီလိုဖြစ်လာတာလဲ”

 

တာအိုဘုန်းတော်ကြီး၏ အမူအယာက ပြောင်းလဲ သွားသည်။ သူသည် သူ၏ဝတ်ရုံအတွင်းမှ ပစ္စည်းတစ်ခုခုကို ထုတ်လိုက်ပြီး စတင်ကာ တွက်ချက်သည်။ ထို့နောက် တစ်ခဏတွင် ကွေ့တောင်ကို အံ့အားတကြီး ပြန်ကြည့်သည်။

 

ယခင်က ရှင်းလင်းပြတ်သားသည့် နေသာနေသော ကောင်းကင်ကြီးက သိပ်သည်းလွန်းသော တိမ်ဆိုင်များဖြင့် အုပ်ဆိုင်းလာသည်။ ထိုသို့ဖြင့် ကွေ့တောင် တစ်ခုလုံးအနှံ့ အုပ်မိုးသွားလေသည်။

 

အေးစက်သော လေပြင်းက တိုက်ခိုက်သည်။ ထိုလေပြင်းက နွေရာသီ၏ အပူချိန်နှင့် သာမာန် မြေမျက်နှာ သွင်ပြင်နှင့် မကိုက်ညီ ပြန်ချေ။ ထိုလေက တောင်၏ အနက်ရှိုင်းဆုံအပိုင်းမှ တက်လာပြီး တောင်ထိပ်သို့ တက်လာသည်။ ထိုသို့ဖြင့်  ထိုနေရာတွင် ရပ်နေသော ကယ်ဆယ်ရေးအသင်း တစ်ခုလုံးကို ပိတ်လှောင် ထားလိုက်လေရာ မျက်စိပင် မဖွင့်နိုင်အောင် ဖြစ်သွားလေသည်။

 

တောထဲတွင် နှစ်ရာကျော်သက်တမ်းရှိသည့် ရှေးဟောင်း သစ်ပင်များကလည်း ပြင်းထန်သော လေပြင်း‌အောက်တွင် ကျယ်လောင်သော အသံကို လွှတ်ထုတ်သည်။ သစ်ရွက်များက လှုပ်ခါနေပြီး ပင်စည်များက ခပ်ကြမ်းကြမ်း လှုပ်ခါနေသည်။ မဲမှောင်နေသော ကောင်းကင်အောက်တွင် ဝိဉာဉ်များက ငိုငြီးပြီး ရုန်းကုန်နေသလို ထင်ရသည်။

 

တာအိုဘုန်းတော်အိုကြီးက ကျမ်းစာပိုဒ်များကို ရေရွတ်ရင်း လက်ဟန် ခြေဟန်များကို ချက်ချင်းလိုလို ထုတ်ဖော် လိုက်သည်။ ထိုသို့ဖြင့် နွေးထွေးသော ဖြောင့်မတ်မှန်ကန်သော အလင်းတန်းက ထွက်ပေါ်လာလျက် အနားရှိလူတိုင်းကို လွှမ်းခြုံပေးရင်းဖြင့် ပြင်းထန်သော လေကြောင့် ကယ်ဆယ်ရေးအသင်းဝင်များ လွှင့်ထွက် မသွားအောင် သို့မဟုတ် လေကြောင့် လွှင့်လာသော သစ်ကိုင်းကျိုးများ ထိခိုက်ခြင်း မခံရအောင် ကာကွယ် ပေးလေသည်။

 

သို့ရာတွင် ထိုသို့လုပ်လိုက်ပြီးပြီးချင်း လူတိုင်းက ပြင်းထန်သော လေကြောင့် ပိတ်ကွယ် ခံလိုက်ရသည့် အမြင်အာရုံကို ပြန်ရသွားပြီး သူတို့၏အရှေ့မှ ပြောင်းလဲသွားသည့် မြင်ကွင်းကြောင့် မှင်သက်သွားရသည်။ မူလက ဝက်သစ်ချပင်နှင့် ထင်ရှူးပင်များ ပြည့်နှက်နေခဲ့သော တောကြီးက အလွန်ကြီးမားခိုင်မာသည့် ကျိုင်းကောင်အပင်များ ပြည့်နှက်နေသော တောကြီးအဖြစ် ပြောင်းလဲသွားကြောင်း မြင်လိုက်ရသည်။

 

ထိုကျိုင်းကောင်သစ်ပင်များသည် အလွန် ကြီးသည်။ မီတာနှစ်ဆယ်ခန့်ပင် ကြီးပြီး မိုးထိုး တက်နေလေသည်။ သူတို့၏ ပင်စည်ကြီးများက လူနှစ်ယောက် လက်မောင်းဆန့်ပြီး ဝိုင်းပတ်နိုင်လောက်အောင် ကြီးမားနေသည်။ ထို့အပြင် နှစ်ရာကျော် သက်တမ်းရှိပုံ ရလေပြီး နှစ်ရာပေါင်းများစွာ သက်တမ်းရှိပုံလည်း ပေါ်နေသေးပြန်သည်။

 

“ဘယ်လို ဘယ်လို ဘယ်လိုကြောင့်လဲ”

 

အချို့သော ကယ်ဆယ်ရေးအဖွဲ့ဝင်များက ကျယ်လောင် သွားကြသည်။

 

ပြင်းထန်လွန်းသော အံ့အားသင့်မှုအောက်တွင် အချို့သော သူများ၏ စိတ်ပိုင်းဆိုင်ရာက လှုပ်ခါလာသည်။ အချို့သူများဆိုလျှင် သူတို့၏ အနက်ရှိုင်းဆုံး အတွင်းမှ မဖြစ်နိုင်သော အတွေးများကို စတွေးမိလာသည်။

 

ဒီတောင်မှာ တကယ်ပဲ သရဲတွေ ရှိနေတာလား။

 

သောက်ကျိုးနည်း သူတို့ တိုက်ရိုက် ထုတ်လွှင့်မှုအခန်းမှာ မြင်လိုက်ရတဲ့ မကောင်းဆိုးဝါးတွေက အာဏာပိုင်တွေ ပြောသလို ဝတ်စုံတွေ ဝတ်ထားတဲ့ အရုပ်တွေ မဟုတ်ဘဲ တကယ့်သရဲတွေ ဖြစ်နေတာလား။

 

တာအိုဘုန်းတော်ကြီးကလည်း ကွေ့တောင် ပြောင်းလဲမှုကြောင့် မှင်သက်နေသည်။ သူသည် ကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ အမူအယာများကိုလည်း အကဲခတ် လိုက်သည်။

 

သာမာန်လူတွေက သရဲကို တွေ့တဲ့အခါ ဖြစ်တတ်တဲ့ အဆိုးဆုံးအရာက ယုံကြည်မှုပဲ။ ယုံကြည်မှုက အရာအားလုံးကို ပုံဖော်နိုင်သည်ဟု ဆိုရပေမည်။ ထို့ကြောင့် လောကတွင် သရဲမရှိကြောင်း ခိုင်မြဲစွာ ယုံကြည်ထားပြီး နှလုံးသားထဲ အကြောက်အလန့် မဲ့နေပါက ထိုသရဲများက အခွင့်ကောင်းယူနိုင်ရန် မဖြစ်ပေ။ ထို့ကြောင့် သရဲများက ကိုယ့်ကို လွှမ်းမိုးလာမည့် စွမ်းအားများလည်း မရှိပါချေ။

 

ဆန့်ကျင်ဘက်အားဖြင့် လူတစ်ယောက်ကသာ သူတို့သည် သရဲများနှင့် တွေ့ကြောင်း ယုံကြည်ပြီး ကြောက်လန့်လာမည်ဆိုလျှင် ပို၍အခြေအနေ ဆိုးသွားနိုင်ဖွယ်ရာ ရှိသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူတို့၏ ယန်စွမ်းအားများနှင့် အတွင်းမီးတောက်ကို သရဲများက ငြိမ်းသွားအောင် လုပ်နိုင်လာလေသည်။

 

ကယ်ဆယ်ရေး အသင်းဝင်များကလည်း ပုံမှန်မဟုတ်သည့် ပတ်ဝန်းကျင်မှ အနေအထားကြောင့် စိတ်ပိုင်းဆိုင်ရာ ပြိုလဲလာသည်မှာ မှန်ကန်သည်။

 

သူတို့က ဒီနေရာတွင် ဆက်နေရန် မသင့်တော်တော့ချေ။

 

“စုန့်ယိ သူတို့ကို တောင်အောက်ကို ချက်ချင်း ပြန်ပို့လိုက်”

 

တာအိုဘုန်းတော်ကြီးက ခပ်ကျယ်ကျယ် အော်သည်။ သူ၏အသံက ခေါင်းလောင်းလိုမျိုး ပဲ့တင် ထပ်သွားလေသည်။ ချက်ချင်းဆိုသလိုပင် အခုလေးတင် ငေးငိုင်နေသော ကယ်ဆယ်ရေးအသင်းဝင်များက သူတို့၏ နားအတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာသည့် ခေါင်းလောင်းသံကြောင့် နိုးလာကြပြီး တုန်ခါနေသော ဝိဉာဉ်များက တည်ငြိမ် သွားကြသည်။

 

သက်လတ်ပိုင်းအရွယ် ဘုန်းတော်ကြီးက ဒီအခွင့်အရေးကို အရယူပြီး ကယ်ဆယ်ရေး အသင်းဝင်များကို ခေါ်သွားရန် ကြိုးစားသည်။ ထိုသို့ဖြင့် တာအိုဘုန်းတော်ကြီး အမိန့်အတိုင်း တောင်အောက်သို့ ဆင်းနေသည်။

 

 

 

သို့ရာတွင် တာအိုဘုန်းတော်ကြီးက နေရာတွင် နေခဲ့သည်။ သူက ပတ်ပတ်လည်ကို ကြည့်ရင်း မျက်မှောင်က ကြုတ်လာလေလေ ဖြစ်သည်။ သူတို့၏ ယခင်တွက်ချက်မှုက မှန်နေလောက်သည်။ တစ္ဆေတောင်က အမှန်တကယ် တည်ရှိသည်။ သို့သော် ယခုမူ ကွေ့တောင်နှင့် တစ္ဆေတောင်က ပေါင်းစပ် သွားသည်။

 

ကျိုင်းကောင် သစ်ပင်များ ပေါ်လာမှုပင် ဖြစ်စေ၊ ကွေ့တောင်တွင်ရှိသော အခြားသော အပင်များ အစား ထိုပေါ်လာသော သစ်ပင်များကြောင့်ပင် ဖြစ်စေ၊ ဒါက လက္ခဏာ တစ်ခုခုကို ပြနေသည်။

 

တစ္ဆေတောင်တွင် နှစ်ရာကျော် ပိတ်နေခဲ့သည့် ရန်ငြိုးကြီး ဝိဉာဉ်များနှင့် သရဲများက ကွေ့တောင်သို့ တဖြည်းဖြည်းချင်း ရောက်ရှိလာသည်။  ညနေဆည်းဆာ အချိန်တွင် ရွာသားများ တစ်ချိန်က မြင်ခဲ့ဖူးသလို_ _ _

 

ခြားနားချက်က ရွာသားများက ကွေ့တောင်၏ နယ်နမိတ်အတွင်းပိုင်းကို မြင်ခဲ့ခြင်း မဟုတ်လေဘဲ တောင်ပေါ်တွင် ရှိသော ဝိဉာဉ်များကို မြင်ခဲ့ခြင်း ဖြစ်သည်။

 

တာအိုဘုန်းတော်ကြီး၏ မျက်နှာအမူအယာက တည်ငြိမ်သွားသည်။

 

ဒါဆိုရင် တစ္ဆေတောင်ထဲကို ဝင်သွားတဲ့ ရိုက်ကူးရေး အဖွဲ့သားတွေက ဘာဖြစ်နေလောက်ပြီလဲ။

 

ဟိုင်ရွန်ဂူဘုရားကျောင်းမှ လူများနှင့် ကယ်ဆယ်ရေး အသင်းဝင်များက ကွေ့တောင်၏ နယ်နမိတ်အစွန်းသို့ ဝင်ရောက် သွားပြီးနောက် ပရိုဂရမ်၏ တိုက်ရိုက်ထုတ်လွှင့်မှု အချက်ပြ စနစ်ကလည်း ဝိဉာဉ်များနှင့် ထိတွေ့ဆက်ဆံမှု၊ သံလိုက်စက်ကွင်း အားကြောင့် သက်ရောက် ခံလိုက်ရပုံ ပေါ်သည်။ ထိုသို့ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု ဆစ်ကနယ်များအားလုံးက ဖြတ်တောက် ခံလိုက်ရသည်။ အပြင်လောက ကလည်း အတွင်းစံအိမ်အတွင်းရှိ ပရိုဂရမ်အသင်း၏ အခြေအနေကို မမြင်နိုင်တော့ချေ။

 

သို့သော် ထိုအခြေအနေကြောင့် စိုးရိမ်တကြီး ဖြစ်နေပြီးသား ပရိုဂရမ် ကြည့်ရှုသူများကို ပို၍ပင် ထိတ်လန့် သွားစေသည်။ စိတ်သဘောထား နူးညံ့သော လူများဆိုလျှင် စတင်ကာ ငိုငြီးနေကြပြီ ဖြစ်သည်။ သူတို့သည်လည်း ဆိုရှယ်မီဒီယာများအပေါ် ထပ်ခါတလဲလဲ ဆွေးနွေးပြီး လူတိုင်းအတွက် လုံခြုံအောင် ဆုတောင်း ပေးနေကြသည်။ ပင်းဟိုင်မြို့၏ တာဝန်ရှိ အာဏာပိုင်များ၏ အ‌ကောင့်များတွင်ပင် ကြီးစိုးနေလေပြီး တောင်းဆိုမှုများ၊ အကူအညီတောင်းခံမှုများ ပြုနေကြသလို ကယ်ဆယ်ရေး အသင်းတွင် ဆိုရှယ်မီဒီယာများ သွားရောက်ကာလည်း တောင်းဆိုနေကြသည်။ ထိုသို့ဖြင့် အော်ဖစ်ရှယ် ဟော့လိုင်းတစ်ခုလုံးက ထပ်ခါတလဲလဲ မြည်ဟည်း နေလေသည်။

 

သို့ရာတွင် ကြည့်ရှုသူများက မည်မျှ အထိတ်တလန့် ဖြစ်နေစေကာမူ ကွေ့တောင်သို့ အမှန်တကယ် ရောက်ရှိနေသော ဟိုင်ရွန်ဂူဘုရားကျောင်းမှ ဘုန်းတော်ကြီးများကမူ တစ္ဆေတောင်အတွင်းရှိ မည်သည့်အရာက အချက်ပြုမှုကို ပျောက်သွားစေပြီး ကြောင်တောင်တောင်ကို မည်သည့်အရာက ပေါင်းစပ်သွားစေကြောင်း မသိသေးချေ။

 

တစ္ဆေတောင်အတွင်းတွင်

 

ဂမ္ဘီရတွက်ချက်မှုက ကျရှုံးသွားသည်။

 

ရုတ်တရက် တာအိုဘုန်းတော်ကြီးက သူ တိုက်ရိုက်ထုတ်လွှင့်အတွင်း မြင်ခဲ့ရသော ချောမော့သည့် မျက်နှာကို မှတ်မိသွားသည်။

 

ယန်ရှစ်ရွှမ်း

 

သူ ဖြစ်နေ  နိုင်မလား။

 

တစ္ဆေတောင်ကို ကျိုင်းကောင်သစ်ပင်များက လွှမ်းမိုးထားသလိုမျိုး မရေမတွက် နိုင်သော ရန်ငြိုးကြီး ဝိဉာဉ်များက အပြည့် တည်ရှိနေသည်။ သာမာန် မျက်စိဖြင့် မမြင်နိုင်သည့် လေလွင့်ဝိဉာဉ်များလည်း ရှိနေသည်။

 

ထို့ကြောင့် ထိုနေရာက သာမာန်လူများ နေရန် မသင့်တော်တော့ချေ။

 

ထို့ကြောင့် ကယ်ဆယ်ရေး အသင်းဝင်များက တောင်အောက်သို့ အပြေးအလွှား ဆင်းသွားသောအခါ သူတို့နှင့် ပုခုံးချင်း  တိုက်ပြီး တားရန်ကြိုးစားသည့် သရဲများနှင့် ကြုံတွေ့ရလေသည်။ သို့သော် သူတို့က သူတို့ကို ဦးဆောင် ခေါ်သွားသည့် သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီးနှင့် တာအိုဘုန်းတော်အိုကြီး၏ ဂါထာ ရွတ်ဖတ်မှုများကြောင့်သာ သူတို့၏ အသက်ကို မဖယ်ရှား ခံရအောင်၊ ဝိဉာဉ် ပူးကပ်ခြင်း မခံရအောင် ကာကွယ် ပေးနိုင်ခဲ့သည်။

 

ကယ်ဆယ်ရေး  အသင်းဝင်များကလည်း သူတို့၏ဝိဉာဉ်ကို လွှမ်းခြုံရစ်ပတ်လာသည့် ကျောခြမ်းဖွယ် ကောင်းသော အေးစက်မှု ဒဏ်ကို ခံစားနေရပြီး သူတို့၏အရေပြားပေါ် ကြက်သီး တဖြန်းဖြန်း ထနေကြသည်။ သို့ရာတွင် သူတို့၏ စိတ် အနက်ရှိုင်းအပိုင်းတွင်မူ တာအိုဘုန်းတော်ကြီး၏ ဒေါသတကြီးဖြစ်နေသော အသံက ဟိန်းထုတ် နေသည်။

 

“ပြေး မရပ်နဲ့။  နောက်လှည့်မကြည့်နဲ့။ ပြေး”

 

ငယ်ရွယ်သော အဖွဲ့ဝင်တစ်ယောက်က သတိလက်လွတ် နောက်လှည့် ကြည့်လိုက်သည်။ သူသည်လည်း သူနှင့် အန္တရာယ်ကြားမှ နီးကပ်မှုကို သိချင်လေသည်။

 

သို့သော် သူ မြင်လိုက်ရသည်မှာ ဟောင်းလောင်းပေါက် ဖြစ်နေသည့် သွေးနီရောင် အရည်များ ပြည့်နှက်နေသော မျက်ဝန်း တစ်စုံသာ ဖြစ်သည်။

 

ငယ်ရွယ်သော အသင်းဖော်၏ မျက်လုံးက စိတ်လွတ်သွားသော လူတစ်ယောက်အသွင် ပြောင်းသွားသည်။

 

သူဟာ ကြောက်လန့်လွန်းနေသည့် အခိုက်အတန့်တွင် ခြေထောက်အောက်မှ တစ်စုံတစ်ရာကို ခံစားမိလိုက်သည်။ ထို့နောက် မြေပြင်သို့ လဲကျသွားသည်။

 

သူက ထရပ်ရန် ကြိုးစားသည်။ သို့သော် တဆစ်ဆစ်မည်သော အသံမျိုးကို ကြားလိုက်ရသည်။ တုန်ယင်နေသောသူက အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သူ ခလုတ် တိုက်လိုက်သော အရာက ကျိုးနေသည့် လူခြေ‌ထောက်အရိုးကြီး တစ်ခု ဖြစ်ကြောင်း တွေ့လိုက်ရသည်။

 

“နာလိုက်တာ”

 

ရုတ်တရက် အသင်းဖော်၏ အနောက်ဘက်မှ ကျောစိမ့်ဖွယ်ကောင်းသော အရှိန်အဝါမျိုးနှင့် အသံက ထွက်လာသည်။ အရိုးပင်ပေါ်နေသည့် သွေးသံရဲရဲ လက်ကြီးက သူ၏ပုခုံးကို လှမ်းကုပ်လာပြီး သူ့ကို သိုင်းဖက်ရန် ကြိုးစားသည်။

 

ထိုအသင်းဖော်က နံဟောင်နေသော သွေးညှီနံ့ကို ရသည်။ ညစ်ညမ်းလွန်းသော ရနံ့က သူ၏ လည်တို င်အနောက်ဘက်မှ လာသည်။

 

“ငါ့ကို မင်းရဲ့အ‌ရေပြား ပေးပါလား။ ငါ မင်းရဲ့အသားလေးပဲ လိုချင်တာပါ”

 

“ခန္ဓာကိုယ်ချင်း လဲကြမယ်လေ”

 

ထိုငယ်ရွယ်သော အသင်းဖော်က နားလည်နိုင်သည့် အတိုင်းအတာကို ကျော်လွန်နေသည့် ကြောက်လန့်မှု၏ လွှမ်းမိုးမှုကို ခံလိုက်ရလေပြီး သူ၏ စိတ်ပိုင်းဆိုင်ရာ ခုခံမှုများက ပြိုကျသွားသည်။

 

“အား သရဲ သရဲ”

 

ကယ်ဆယ်ရေးအသင်းဖော်များကို ရှေ့ဆုံးမှ ဦးဆောင်ခေါ်သွားသည့် သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီးက အော်သံကို ကြားသဖြင့် နောက်လှည့် ကြည့်လိုက်သည်။ သို့ရာတွင် သူ မြင်လိုက်ရသည်မှာ မြေပြင်ထဲမှာ ထွက်လာသော ပြတ်နေသည့် လက်မောင်း တစ်ဖက်နှင့် မြေကြီးထဲသို့ နှစ်ဝင်သထက် နှစ်ဝင်သွားသော တစ်စုံတစ်ရာသာ ဖြစ်သည်။

 

ထို့အပြင် ထိုလက်မောင်းသည် ကယ်ဆယ်ရေး အသင်း၏ ယူနီဖောင်းကို ဝတ်ထားသည်။

 

******