Ch 29
Viewers 6k

အပိုင်း (၂၉)

 

တိုက်ရိုက်ထုတ်လွှင့်မှု ဆင်ဂနယ် ပြတ်တောက်သွားခြင်းက ရိုက်ကူးရေးအသင်း၏ အပြင်လောကနှင့် တစ်ခုတည်းသော တည်ရှိနေသော နောက်ဆုံးသော အဆက်အသွယ်ကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

 

ကြည့်ရှုသူများက ရုတ်တရက် မဲမှောင်သွားသော ဖန်သားပြင်ကြီးကို ကြည့်နေရင်း မှင်သက် သွားကြသည်။

 

ထိုအခိုက်အတန့်တွင် ကင်မရာဖုတေ့တွင် ပေါ်လာသော သဘာဝမကျသည့် အရာများ၏ လှုံ့ဆော်မှုက တဖြည်းဖြည်းချင်း အထွက်အထိပ် ရောက်ရှိသွားခြင်း ဖြစ်သည်။

 

လူသားများသည် အမည်မသိရသည့် အရာများကို ကြောက်ကြသည်။

 

စောင့်ဆိုင်းခြင်းသည် စိုးရိမ်စိတ် များလာစေသည်။

 

ရလဒ်အနေဖြင့် ဗီဒီယိုပလက်ဖောင်းက သမိုင်းတွင်သည့် အခိုက်အတန့်မျိုးကို လက်ခံရရှိလိုက်သည်။

 

အဓိက ဖန်သားပြင်တိုင်းနှင့် အခွဲဖန်သားပြင်တိုင်းက မဲမှောင်သွားသော တိုက်ရိုက် ထုတ်လွှင့်မှုအခန်းတစ်ခု၏ ကြည့်ရှုနှုန်းက စက္ကန့်တိုင်းလိုလို မြင့်တက်သွားပြီး လျင်မြန်စွာနှင့် ဗီဒီယိုပလက်ဖောင်း၏ ဟုမ်းပေ့၏ ဇယားထိပ်ဆုံးသို့ လျင်မြန်စွာ ကုန်းတက်သွားသည့်မှာ သာမန်မဟုတ်သော အရှိန်မျိုးနှင့် ဖြစ်သည်။

 

သန်းနှင့်ချီသော စခရိုက်ပါ မှောင်သွားသော ဖန်သားပြင်ကြီးကို စိုးရိမ်တကြီး စောင့်ကြည့် နေကြသည်။ ဖုန်းနှင့် ဖြစ်စေ၊ ကွန်ပြူတာ ဖန်သားပြင်မှ ဖြစ်စေ၊ စိုးရိမ်သော မျက်နှာမျိုးကို ပြန်မြင်နိုင်မည် ဖြစ်သည်။

 

သူတို့သည် ကောမန့်ကဏ္ဍတွင် အခြားသော ကြည့်ရှုသူများနှင့် စိုးရိမ်တကြီးဖြင့် ဆွေးနွေးမှုများ ဖြစ်စေ၊ တိတ်တဆိတ် ဆုတောင်းမှုများ ဖြစ်စေ ပြုနေကြပြီး သူတို့၏ စိတ်မရှည်မှုနှင့် ကြောက်လန့်မှုများကို ပြေပျောက်အောင် လုပ်နေကြရသည်။

 

ဆိုရှယ် မီဒီယာပေါ်တွင် တိုက်ရိုက် ထုတ်လွှင့်မှုကို အပျော်သဘောနှင့် ကြည့်ရှုနေသော လူပေါင်းများစွာက ရူးကြောင်ကြော င်ဖြစ်သလိုမျိုး ကြောင်လာကြ၏။

 

“ငါက ဇာတ်ညွှန်းရှိတယ်ဆိုတဲ့ သီဟိုရီကို ခိုင်ခိုင်မြဲမြဲ ယုံကြည်နေတဲ့ လူတစ်ယောက်ပဲ။ အစကနေ အခုအထိ မင်းတို့ ဘယ်လိုပြောပြော ငါ့ကတော့ ဒါက ဇာတ်ရန် သုံးပစ္စည်းတွေကို အသုံးပြု ထားတာ။ ကင်မရာရဲ့ ဖုတေ့မှာ မကောင်းဆိုးဝါးတွေ ပေါ်လာခဲ့တာက လူ လုပ်တာလို့ ဆက်တိုက် ယုံကြည် နိုင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ သံသယ ဝင်လာပြီး ဒီရှိုးရဲ့ ဒါရိုက်တာက အရူးလား။ ဘာလို့ ဖန်သားပြင်ကို မဲသွားအောင် လုပ်လိုက်တာလဲ။ ဒါက ဘယ်လို နည်းနဲ့မှ နည်းမကျ တော့ဘူးလေ။ လုပ် လုပ်ဖို့ လိုမှ မလိုအပ်တာ။ ငါ ငါကောင်တို့ ငါ တကယ်တော့ ယုံတော့ ယုံလာပြီနော်။ ဟုတ်ပြီလား”

 “အခုချိန်ထိ ဇာတ်ညွှန်းလို့ လက်ခံ ယုံကြည်နေတဲ့သူက ရှိနေ သေးတာပဲလား။ ပင်းဟိုင်မြို့ရဲ့ အာဏာပိုင်တွေတောင်မှ ဝင်ပါ လာကြတာလေ။ မိတ်ဆွေရေ မင်းက လူတွေ အများကြီးကို မွှေနှောက်ထားတာ။ ကယ်ဆယ်ရေး အသင်းတောင် အဲဒီနေရာကို ရောက်နေပြီ။ ဒါက ဇာတ်ညွှန်း ဖြစ်နိုင်ဦးမှာလား”

 

“ဒါပေမဲ့ အာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးအသင်းက ကွေ့တောင်မှာ ဘယ်သူမှ မရှိဘူးလို့ တင်ပြချက်ထုတ်ထားတာ မဟုတ်လား။ နောက်ပြီး ဘူမိဗေဒ ပညာရှင်ကလည်း ဒီဖုတေ့က ကွေ့တောင်နဲ့ မတူဘူးလို့ ပြောသွားတယ်လေ။ ဆိုတော့ ဒီရှိုးက တမင်ပြင်ဆင်ထားတာဆိုတာ သက်သေပြပြီးသား ဖြစ်နေပြီ မဟုတ်လား။ နောက်ပြီး တစ်နေရာက တောင်ကုန်းငယ်လေးတွေကို ရွေးပြီး ရိုက်ကူးတာ ဖြစ်နိုင်တာပဲ”

 “အာဏာပိုင်တွေနဲ့ ပတ်သက်လာတဲ့အခါ နောက်ပြီး ကယ်ဆယ်ရေး လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မတွေ့ရတာ နာရီအနည်းငယ်တောင် ကြာသွားပြီ  ဆိုတာကို သတိထား မိကြသေးလား။ အွန်လိုင်းမှာ ကျော်ကြားတဲ့ အင်ဖလူရန်ဆာ အချို့ဆိုရင် ကွေ့တောင်မှာ မုန်တိုင်းတိုက်နေတယ်လို့ ပြောတာတောင် မြင်လိုက် သေးတယ်။ နောက်ပြီး ကွေ့တောင်ကို အင်အား ဖြည့်ဖို့အတွက် ယာဥ်တွေအများကြီး ထွက်ခွာသွားပြီးတဲ့။ အခုဆိုရင် အဲဒီကို ရိုက်ကူးဖို့ ရောက်နေတဲ့ အင်ဖလူရန်ဆာတွေအားလုံး ကန်ထုတ် ခံထားရပြီး သူတို့က ကွေ့တောင်ကို သွားတဲ့ ဟိုက်ဝေးလမ်းတွေ အားလုံးနဲ့ ပြည်နယ်လမ်းတွေအားလုံးကို အစောင့်တွေ အများကြီး ချပြီး ပိတ်ထားတာ ဘယ်သူမှ ဖြတ်သန်းခွင့် မရှိတော့ဘူး”

 

“နောက်ဆုံးပေါ်သတင်း ဟိုင်ရွန်ဂူဘုရာကျောင်းက ရုတ်တရက် ခရီးသွားတွေ  အားလုံးကို နှင်ထုတ်လို့ ဘုရာကျောင်းကိုပိတ်ပြီး အတွင်းသတင်းအရ ဓလေ့ထုံးတမ်း ပူဇော်ပွဲ လုပ်မယ်လို့ ပြောကြတယ်”

 

“ဘုရားရေ ဒါတကယ်လား။ တကယ်သာဆိုရင်တော့ ဒါ ကိစ္စကြီးပဲ။ ငါလဲ အဲဒီနေရာက တစ်ခုခု မှားနေပြီလို့ ခံစားနေရတာ။ ဒါက ဇာတ်ညွှန်း ဟုတ်နိုင်ပါ့မလား။ ဒါရိုက်တာက အာဏာပိုင်တွေကို သူနဲ့ ဒီလောက်တောင် ပူးပေါင်းအောင်လို့ လုပ်နိုင်လောက်အောင် အာဏာ မရှိလောက်ဘူး ထင်တာပဲ”

 

“ငါ သည်းခံပြီး မမေးနိုင်အောင် ကြိုးစားခဲ့တာပါ။ ငါတို့တွေ တိုက်ရိုက်ထုတ်လွှင့်မှု လိုင်းပြတ်သွားပြီး ဘာတင်ပြချက်မှ မရှိခင်ကတည်းက ရိုက်ကူးရေးအသင်းရဲ့ လုံခြုံရေးကိုပဲ စိုးရိမ်နေသင့်တာ မဟုတ်ဘူးလား။ တကယ်လို့ ကြောက်စရာ ကောင်းတာ တစ်ခုခု ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ နောက်ပြီး ဇာတ်ညွှန်းလို့ မေးခွန်း ထုတ်နေတဲ့သူတွေကို ငါ မေးပါဦးမယ်။ ဒါရိုက်တာက ဘယ်လောက်တောင် နောက်ခံကြီးတဲ့ သူမျိုးမို့လို့ အာဏာပိုင်တွေကိုပါ လိုက်ပြီး သရုပ်ဆောင် ခိုင်းနိုင်တာလဲ”

 

“တိုက်ရိုက် ထုတ်လွှင့်မှုရဲ့ လိုင်းပြတ်တောက်သွားတဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ငါက အဓိက ဖန်သားပြင်ကို ကြည့်နေတဲ့သူဆိုတော့ ပိုပြီးတော့တောင် ကြောက်စရာ ကောင်းသေးတယ်။ ငါ ကြောက်လွန်းလို့ တောင့်ခဲ သွားမတက်ပဲ။ ငါ စက်ခရင်ရှုတောင် မရိုက်ခဲ့ရဘူး။ ဘာလို့လဲဆိုတော့ မင်းတို့တွေ မမြင်‌လောက်ပင်မယ့် ရိုက်ကူးရေး အဖွဲ့သားတွေရဲ့ အဲဒီအနောက်မှာ သူတို့နော က်ကနေ ကပ်လိုက်သွားတဲ့ သွေးနီရောင် အရိပ်ကြီးတစ်ခု ပါသွားတယ်လေ။ ရိုက်ကူးရေးအဖွဲ့သားတွေက မမြင်ကြဘူး ထင်တယ်။ ပုံမှန်လိုပဲ စကား ပြောနေကြတုန်းပဲ။ ဒါပေမဲ့  လိုင်းမပြတ်ခင် တစ်စက္ကန့်လေးမှာတင် အဲဒီသွေးစိုရွှဲနေတဲ့ အဲဒီမျက်နှာကြီးက ဖန်သားပြင်မှာ ရုတ်တရက် ပေါ်လာတာပဲ။ ငါ ကြောက်လွန်းလို့ အိပ်ရာ ပေါ်ကနေတောင် လိမ့်ကျ သွားတယ်။ ငါ့ နှလုံးသားက ရင်ဘက်ကနေ ခုန်ထွက် တော့မယ်လို့ ထင်တယ်”

 

“ဟွန့် ဒီရှိုးက အတုအယောင် ကွန့်မန့်မန့်တဲ့ သူတွေကိုပါ ငှားထားတာလား။ ပုံပြင်တွေ ဆက်လုပ်နေလိုက် ငါတို့အားလုံးမှာ နားတွေ ရှိတယ်”

 

“လိမ်နေတာ မဟုတ်ဘူး‌နော် ငါလည်း မြင်လိုက်တယ်။ ငါက အစကတော့ ယန်ကောရဲ့ ဖန်သားပြင်အခွဲကို ကြည့်တာလေ။ နောက်ပြီး ဘာကိုမှ မမြင်ရတော့ အဲဒီအဓိက ဖန်သားပြင်ကို ပြောင်းကြည့် တာပေါ့။ ဒါကြောင့် ငါ မြင်လိုက်တာ။ တစ်ယောက်ချင်းစီတိုင်းရဲ့ အနောက်မှာ သွေးနီရောင်အရိပ် တစ်ခုစီ ရှိနေတာကို ခပ်ရေးရေး မြင်နေရတာပဲ။ အဲဒီအရိပ်တွေက စကားလဲ မပြောဘူး လှုပ်လည်း မလှုပ်ဘူး။ ဒီအတိုင်း အဲဒီအရှေ့ကလူ ဘယ်သွားသွား ဘာလုပ်လုပ် တိတ်တဆိတ်ပဲ နောက်က ကပ်လိုက်သွားပြီး ကြည့်နေတာ။ အစပိုင်းမှာတော့ ငါက အနီးမှုန်တော့ ငါ့ရဲ့မျက်လုံးအခြေနေက ပိုဆိုးလာပြီလို့ ထင်နေတာလေ။ ဒါကြောင့် ငါ ကောမန့်ကဏ္ဍက အခြားသူတွေကို မေးကြည့် လက်စသက်တော့ အဓိက ဖန်သားပြင်ကို ကြည့်နေတဲ့လူတိုင်း မြင်လိုက်ရတာတဲ့”

 

“မင်းတို့ ပြောတာတွေ မှန်နေရင် ငါသီဟိုရီတစ်ခုတော့ ထုတ်နိုင်ပြီ။ ပြောကြတာက သရဲတွေနဲ့ သဘာဝလွန်ဆန်တဲ့ ကိစ္စတွေက သံလိုက် ဆက်ကွင်းတစ်ခုလိုပဲတဲ့။ သူတို့မှာ မတူတဲ့ ကိုယ်ပိုင် သံလိုက်ဆက်ကွင်း တစ်ခုစီရှိလို့ ဆားကစ်တွေ၊ စစ်ဂနယ်တွေ အဲဒီလိုအရာမျိုးတွေ ရှိနေတာပေါ့။ ဒီတော့ ရုတ်တရက် တိုက်ရိုက် ထုတ်လွှင့်မှုအခန်း ပြတ်သွားတာက ဒါနဲ့ သက်ဆိုင် လောက်တယ်”

 

“ငြင်းမနေကြနဲ့တော့ ဒါကိုပဲ အတည်ပြုရအောင် _ _ _ “

 

ထိုသို့ဖြင့် အကြောင်းအရာက ထရန့်တင်းဝင်ရင်း ဆွေးနွေးမှုများက ပို၍ဝရုန်းသုန်းကား ဖြစ်လာလျက် မူရင်းအကြောင်းအရာမှာ သွေဖယ် သွားသည်။ နာမည်ကျော် ရသစုံရှိုး ဘလော်ကာ အစ်ကိုဘဲငန်းက ရုတ်တရက် hashtage တစ်ခုနှင့်အတူ ပေါ်လာသည်။

 

အိမ်တွင် တစ်ယောက်ထဲ ရှိနေသော ထိုအစ်ကို ဘဲငန်းကောက သူ၏ ကွန်ပြူတာကို စက်ခရင် ရှုရိုက်သည်။ ထို့နောက် စိတ်ဓာတ်ကျစွာနှင့် သက်ပြင်းချနေ၏။ သူကိုယ်သူ ကြားသော အသံမျိုးနှင့် သုံးကြိမ်တိုင်တိုင် ရွတ်ဆိုသည်။

 

“အဲမီသောဖော အဲမီသောဖော ကျေးဇူးပြုပြီး သရဲတွေ ငါ့ကို လာမရှာကြပါနဲ့”

 

သူက သတ္တိကိုစုစည်းပြီး တင်သည်ဆိုသော ခလုတ်ကို နှိပ်လိုက်သည်။

 

ထိုဘလော်ကာ၏ နောက်ဆုံးသော အက်ပဒိတ်က ဆွေးနွေးမှုများ ပြုနေကြသည့် လူတိုင်း၏ ဖန်သားပြင်အရှေ့တွင် ချက်ချင်းဆိုသလို ပေါ်လာသည်။

 

@ ဖျော်ဖြေရေးအသိုင်းအဝင်းက စိတ်အားထက်သန်လွန်းတဲ့ ဘဲငန်းကော .. ဒီဘဲငန်းလေးကို ရေချိုးခန်းထဲသွားဖို့ နေရာလေး ဖယ်ပေးကြပါ။ ကျေးဇူးပြုလို့ ငါ တော်တော်လေးကို ဆိုးဆိုးရွားရွားကို သွားချင်နေပြီ။ ဖန်တွေက ငါဆီကို ပို့လာတဲ့ စက်ခရင်ရှုကို ကြည့်ပြီးတဲ့နောက်မှာ ငါ ကုတ င်နံရံနားကို ကပ်ပြီး ထိုင်နေတာ ဘယ်နေရာကိုမှ မသွားရဲတော့ဘူး။ ငါ င့ါအနောက်မှာ နေရာအလွတ်တောင် မထားရဲဘူး။ ဆိုးဆိုးရွားရွားကို ငါ့အနောက်မှာ တစ်ခုခုက တိတ်တဆိတ်  ရပ်နေမယ်လို့ ခံစားနေရပြီ။ ( ရင်းနှီးလွန်းလို့ သတိပေးမယ်နော် .. မင်းတို့မှာ နှလုံးရောဂါ ရှိရင် ဒါမှမဟုတ် နှလုံးပြဿနာ ရှိမယ်ဆိုရင် အောက်ဘက်မှာ တွဲတင်ထားတဲ့ ပုံတွေကို ဖွင့်မကြည့်ကြနဲ့။ သိချင်စိတ်က ကြောင်ကိုတောင် သေစေနိုင်တယ်)

 

ထိုသို့ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ အမျိုးမျိုးသော ရှုထောင့်များမှ ရိုက်ကူး ယူထားသော စက်ခရင်ရှုများ၏ ဖောက်ကွဲ စေနိုင်သော ပုံရိပ်များအရ ရိုက်ကူးရေး အဖွဲ့သားများနှင့် ဧည့်သည်များ အားလုံးကို တိတိကျကျ ဖော်ပြထားသည်။

 

ထိုနာမည်ကျော် ဘလော်ကာဘဲငန်းကောက ဖန်များက သူ့ကို သီးသန့် စာပို့လာသည့်အထဲ မြောက်များလှစွာသော အကောင်းဆုံး ဖမ်းယူ ရိုက်ကူးနိုင်သည့် ပုံပေါင်းများစွာကို ရွေးနှုတ်ထားသည်။ သူက ထိုပုံများကို ပြန်လည် ဝေမျှထားခြင်း ဖြစ်သည်။

 

ထိုစက်ခရင်ရှုများမှ တစ်ဆင့် ရိုက်ကူးရေးအဖွဲ့ဝင် တစ်ယောက် ချင်းစီတိုင်း၏ အနောက်တွင် နီရဲလွန်းနေသော အရောင်နှင့် လူသားသဏ္ဍန်ရှိသည့် အရာက ရပ်နေကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ သူတို့အားလုံး တိတ်ဆိတ် နေကြသည်။ ငြိမ်နေ ကြသည်။ သူတို့၏ ဟောင်းလောင်းပေါက် ဖြစ်နေသော ဖန်သားပြင်လို နီရဲသည့် မျက်လုံးကြီးများက အရှေ့မှ သက်ရှိ လူတစ်ယောက်ချင်းစီတိုင်းကိုသာ ကြည့်နေကြသည်။ သူတို့၏ အမူအရာက အလွန်အမင်း ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီး သည်းမခံ နိုင်တော့သလို၊ မစောင့် နိုင်တော့သလို သို့သော် တစ်စုံတစ်ယောက်က သူတို့ကို ချုပ်ထိန်း နေရသည့် မှန်ကန်သည့် အခိုက်အတန့်ကို စောင့်နေရသလို ထင်ရသည်။

 

သို့ရာတွင် ရိုက်ကူးရေးအဖွဲဝင်များက ထိုသရဲလို ပုံရိပ်များနှင့် သိသာ ထင်ရှားလွန်းနေသည့် အချက်များကို မြင်နိုင်သည်။ အကြောင်းမူကား သူတို့ရှိနေသော အခန်းအတွင်းတွင် တစ်စုံတစ်ရာ ရှိနေသော လက္ခဏာကို မတွေ့ရသောကြောင့် အလွန်အမင်း စိတ်အေးနေသည့် အနေထားမျိုး ဖြစ်သည်။

 

သို့သော် ထိုအခန်းအတွင်း ရက်စက်  ကြမ်းတမ်းသော ရန်ငြိုးကြီး ဝိဉာဥ်များက ပြည့်နှက် နေပြီးသား ဖြစ်သည်။

 

ကင်မရာ၏ မှန်ဘီလူးကြောင့်လော သို့မဟုတ် ဘောင်ကဲ့သို့ ဖြစ်နေသည့် နံရံများပေါ်မှ အနက်ရောင် ကျောက်တုံးများကြောင့်လော အနုစိတ်ကျကျ ရွေးချယ်ထားသည့် ဗီဒယို စက်ခရင်ရှုများကို မြင်လိုက်သော လူတိုင်းက ထိုပုံရိပ်များက သရဲများ ဖြစ်ကြောင်း ပြောနိုင်ပေလိမ့်မည်။

 

သိချင်စိတ်သည် လူတိုင်း၏ အခြေခံ မသိစိတ်အရ မသိစိတ် ဖြစ်သည်။ ထို မသိစိတ်ကလည်း ပုန်ကန်တတ်၏။ နဂိုက ထိုရှိုး၏ တည်ရှိမှုကို သတိမထားမိသော လူပေါင်းများစွာက ဘဲငန်းကော၏ ပို့စ်ကို မြင်ပြီးနောက် ထရန့်တင်းတက်ကို  ဖွင့်ကြည့်လိုက်ကြသည်။ အချို့သော ရှိုးပွဲမှ ကြည့်ရှုသူများကမူ ဘဲငန်းကော၏ စိတ်ဓာတ် ကျနေသော လေသံကို ခန့်မှန်းမိခြင်းအားဖြင့် တစ်စုံတစ်ရာဟာ လွဲမှားနေကြောင်း သိလိုက်ရသည်။

 

သို့ရာတွင် ဘဲငန်းကော၏ နောက်ဆုံး သတိပေးချက်စကားက နဂိုက ဓာတ်ပုံကို ဖွင့်ကြည့်လိုစိတ် မရှိသည့် လူပေါင်းများစွာကို ပြင်းထန် လွန်းသော သိချင်စိတ်၏ လှုံ့ဆော်မှုကို ခံလိုက်ရလေသည်။

 

“မင်းက နှိပ်မကြည့်နဲ့လို့ ပြောတယ်။ ငါတို့က နှိပ်မကြည့်ရဘူးလား။ နှိပ်ကြည့်မှ ဘာလဲဆိုတာကို သိရမှာလေ”

 

ထိုသို့ဖြင့် သိချင်စိတ် ပြင်းပြသော လူများက ပို့စ်ကို ဖွင့်ကြည့် လိုက်ကြသည်။ ဖွင့်ကြည့်လိုက်ရုံနှင့် သေလုနီးပါး ခြောက်ခြားသွားပြီး သူတို့၏ နှလုံးသားက သေလုနီးပါး အရှိန်မျိုးနှင့်အတူ ခုန်လှုပ် သွားသည်။

 

လူအများစုက ထအော် မိကြသည်။ အချို့ဆိုလျှင် တုန်ယင်သော လက်များကြောင့် ဖုန်းကိုပင် လွတ်ကျ သွားကြသည်။ လူအနည်းစုကသာ ဟန်အမူအယာကို ထိန်းနိုင် လိုက်ပြီးနောက် သူတို့၏ နှလုံးသားဟာ မထိန်းချုပ်နိုင်လောက် ဆက်တိုက် ထပ်ခါတလဲလဲ အသားကုန် ခုန်ပေါက်နေကြောင်း သိလိုက်ရသည်။

 

"သေစမ်း သေစမ်း သေစမ်း အား"

 

"မားရေ ငါ အိမ်ပြန် ချင်တာ"

 

"ငါ တိုးတိုး ပြောပြမယ်နော်။ ငါရဲ့ဗီဒိုကြီးက လှုပ်နေတယ်။ ငါ ဒါကို ထပ်ပြီး မကစား ရဲတော့ဘူး"

 

"ငါ တိတ်တိတ်လေး စောင်ခြုံလိုက်ပြီး ပက်လက်လှန် လဲလိုက်ပြီ။ ဒီပုံတွေ မြင်ပြီးတဲ့နောက်မှာ ကုတင်ပေါ်မှာ ကျောကပ် ထားတာကပဲ ပိုလုံခြုံမယ်လို့ ခံစားရတယ် ဟူး"

 

"ဟီး အပေါ်ထပ်က တစ်ယောက် မင်း မသိလောက်ဘူး။ တကယ်တော့ မင်းရဲ့ကုတင်အောက်မှာ တစ်ခုခုက တိတ်တဆိတ် ပုန်းနေပြီး မင်း ကုတင်ပေါ်က ဆင်းမဲ့ အချိန်ကို စောင့်နေတာလဲ ဖြစ်နိုင်တာပဲ"

 

"အား တော်ပါတော့"

 

"နေဦး နေဦး မင်းတို့တွေ ပိုင်ရွှမ်းနဲ့ အန်းနန်ယွမ်က ဘာကိုမှ သတိ မထားမိတာကို သိလိုက်ကြလား။ ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ငါ စိုးရိမ်လို့ သေတော့မယ်။ ငါ ငိုချင်လာပြီ။ တိုက်ရိုက် ထုတ်လွှင့်မှုကလည်း ပျက်သွားပြီ။ ကွန့်မန့်တွေကို ရိုက်ကူးရေးအသင်းက မတုန့်ပြန်နိုင်ဘူးဆိုတော့ သူတို့ကို ဒီအကြောင်း ပြောဖို့ နည်းလမ်း မရှိတော့ဘူးပေါ့"

 

"အို မကောင်းတော့ဘူး။ သူတို့ ဒုက္ခရောက်ပြီပေါ့။ ဒါပေမဲ့ သူတိူ့ တစ်ခုခုလုပ်မှာ သေချာတယ်။ ငါ အကူအညီလိုတယ်။ ကယ်ကြပါ။ တစ်ယောက်ယောက် ကယ်ကြပါ"

 

တစ်ညလုံး မအိပ်ရသေးသောကြောင့် နွမ်းနယ်ပင်ပန်းနေသော မျက်လုံးများနှင့် ဘဲငန်းကောက သူ၏ ပို့စ်အောက်တွင် ဆက်တက် တိုက်လာသော ကွန့်မန့်များကို ကြည့်ပြီး မောပန်း နွမ်းနယ်စွာ ခေါင်းညိတ်လိုက်သည်။

 

_ _ _

 

ကြည့်ရတာ ငါတစ်ယောက်တည်းတော့ သေလုနီးပါး အကြောက် မခံနိုင်ဘူး။ ဒါကြောင့် ငါတို့ အားလုံးက ရှိုးကို တူတူ ကြည့်နေကြတာပဲ။ ကြောက်မယ့်ကြောက် တူတူ ကြောက်တာပေါ့။

 

ထို့နောက် ကြောက်လန့်နေသော မျက်လုံးများနှင့် ဘယ်ကြည့်၊ ညာကြည့် ကြည့်လိုက်ပြီး သူ၏အနားတွင် ရပ်နေသော မည်သည့် အနီရောင်သရဲ ပုံရိပ်မှ မရှိကြောင်း သေချာနေ စေလိုက်သည်။ ထိုအခါမှသာ သူက စိတ်အေးသွားသလို သက်ပြင်းချပြီး သူ၏သေးငယ်သည့် စောင်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ငိုယိုနေသည့် ပရိတ်သတ်များကို ရီပလိုင်း ပြန်လိုက်သည်။

 

"ငါ ကယ်ဆယ်ရေးအသင်းနဲ့ အာဏာပိုင်တွေကို ဒီစခရင်ရှုတွေကို ပို့ပြီးပြီ။ သူတို့က ကွေ့တောင်ကို ရောက်နေကြပြီလို့ ပြောတယ်။ ဒီပုံတွေကို မြင်ပြီးတဲ့နာက်မှာ ကွေ့တောင် အတွင်းပိုင်းကို သတင်းပို့ဖို့ နည်းလမ်းတော့ ရှာမှာပါ။ မစိုးရိမ်ကြနဲ့"

 

ဘဲငန်းကော၏ ပြန်စာကို မြင်ပြီးနောက် ရှိုးကို ကြည့်ရှုနေသော လူများကလည်း စိတ်အေးသွားသလို သက်ပြင်း ချ‌လိုက်ကြလေသည်။

 

ဟုတ်တယ်။ အခုအ‌ခြအနေအရ ဒါက အကောင်းဆုံး လုပ်ဆောင်မှုပဲ။ သူတို့က ဖန်သားပြင်ရှေ့မှာ စိုးရိမ်တကြီး စောင့်ကြည့်နေတာပဲ တတ်နိုင်တယ်။ နေရာမှာ ရှိနေတဲ့ ရိုက်ကူးရေး အသင်းကပဲ  ပြဿနာကို အမှန်တကယ် ဖြေရှင်းနိုင်တယ်။

 

သို့ရာတွင် စိတ်‌အေးသွားသော ကြည့်ရှုသူများကလည်း စခရင်ရှုများကို ယီအာဏာပိုင်များ ကိုယ်တိုင်ကပင် စိုးရိမ် နေရကြောင်း မသိချေ။

 

ကြည့်ရှုသူများကသာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအတွင်းမှ တစ္ဆေပုံရိပ်များကို သတိ ထားမိလိုက်ခြင်း မဟုတ်ချေ။ ဟိုင်ရွန်ဂူဘုရားကျောင်းမှ ဘုန်းတော်ကြီးများလည်း တွေ့လိုက် ကြ‌လေသည်။

 

တစ်ချို့သော ကြည့်ရှုသူများကဆိုလျှင် စခရင်ရှုအတွင်းမှ အနီရောင် ဝေဝေးဝါးဝါး ပုံရိပ်ကိုသာ မြင်နိုင်ကြခြင်း ဖြစ်သည်။ သို့သော် အချို့ကမူ ကင်မရာအတွင်းမှ တစ္ဆေပုံရိပ်များကိုပင် တိုက်ရိုက် မြင်လိုက်ကြ၏။ အကြောင်းမူကား မွေးရာပါ ဝိဉာဉ်ဆိုင်ရာ ကိစ္စများနှင့် အထိမခံ ဖြစ်သော သူများကြောင့် ဖြစ်စေ၊ ငယ်ရွယ်လွန်းသော သူများကြောင့် ဖြစ်စေ သူတို့သည် သဘာဝလွန်သော ဖြစ်တည်မှုများ၏ တည်ရှိမှုနှင့် ပတ်သက်ပြီး ပို၍ အထိမခံ ဖြစ်ကြသည်။

 

ထို့ကြောင့် တစ္ဆေဖမ်းယူရာတွင်၊ အပနှင်ရာတွင် ကျွမ်းကျင်လွန်းသော တာအိုဘုန်းတော်ကြီးများက ယန်ရှစ်ရွှမ်း၏ ဖန်သားပြင်အခွဲတွင် ရေကြီးသလို လွှမ်းလာသော သွေးများ၏ ပုံမှန် မဟုတ်သော မြင်ကွင်းကို မြင်လိုက်ရရုံနှင့် အခြေအနေ၏ လေးနက်မှုကို သိလိုက်ကြသည်။ သူတို့သည်  ဝိဉာဉ်မျက်လုံး ဖွင့်ထားသော တာအိုဘုန်းတော်ကြီးက တိုက်ရိုက် ထုတ်လွှင့်မှုကို စောင့်ကြည့် ခိုင်းထာပြီး စံအိမ်အတွင်းတွင် ရှိလောက်မည့် သရဲတိုင်းကို စောင့်ကြည့်ခိုင်းထားသည်။ သူ့အတွက် တစ်စုံတစ်ရာ လွှဲမှားလျှင် သူတို့က ကွေ့တောင်မှ တာအိုဘုန်းတော်ကြီးများ ရှိရာအဖွဲ့သို့ သတိပေးနိုင်မည် ဖြစ်သည်။

 

သို့ရာတွင် ကွေ့တောင်အပြင်ဘက်တွင် ကယ်ဆယ်ရေး အဖွဲ့ဝင်အချို့နှင့် နေခဲ့သော တာအိုဘုန်းတော်ကြီးများက သတင်းရသဖြင့် ကွေ့တောက်သို့ အပြေးအလွှား ဝင်ရန် ကြိုးစားလိုက်ချိန်တွင် သူ၏မျက်နှာက ဖြူဖျော့သွားရသည်။

 

ကွေ့တောင်က ပျောက်သွားပြီ။

 

အလွန်ပေါများပြီး ရှုပ်ယှက်ခတ်နေသည့် ကြီး‌မားလွန်းသော သစ်ပင်များက ယခုအခါ ပြီးပြည့်စုံသော လို့ဝှက်ဆန်းကြယ် ဝင်္ကပါ တစ်ခုအလား ဖြစ်သွားသည်။ တာအိုဘုန်းတော်ကြီးက ဘယ်ညာ ဆက်တိုက်ပြောင်းပြီး ဝင်ရန် ကြိုးစားနေစေကာမူ ကွေ့တောင်သို့  သွားသည့်လမ်းကို ပိတ်ထားသည့် မိုးထိုးနေသော သစ်ပင်များကို တွေ့ရသလို ကောင်းကင်ကလည်း ပို၍ပင် အုံ့ဆိုင်း မဲမှောင် လာသေးသည်။

 

အရပ်မျက်နှာအနှံ့ သွားပြီး ရှာဖွေသော်လည်း လမ်းအဆုံးများကိုသာ တွေ့ရသည်။ ထိုသို့ဖြင့်  နတ်ဘုရားများထံ သွားရောက် လိုသဖြင့် ကောင်းကင်သို့ တက်ရန် ကြိုးစားနေရသလို၊ တစ္ဆေသရဲများနှင့် တွေ့ရန် လမ်းကြောင်းကို ရှာမတွေ့သလို သက်ရှိများအတွက် ဝင်ပေါက်မရှိသလိုမျိုး ဝင်ရောက်မှုတိုင်းက တားမြစ်ခံရလေသည်။

 

"တာအိုဘုန်းတော်ကြီးမာ တောင်ထဲကို ဝင်သွားတဲ့ နံပါတ်တစ် ကယ်ဆယ်ရေးအသင်းရဲ့ ရေဒီယို အချက်ပြမှုကလည်း ပျောက်သွားပြန်ပြီ။ သူတို့ကို ဖုန်းခေါ်ပေမယ့် ဘယ်သူမှ မဖြေကြဘူး"

 

နောက်ဘက်‌တွင် ကျန်နေရစ်ခဲ့သည့် ကယ်ဆယ်ရေးခေါင်းဆောင်က သူ၏ဆက်သွယ်ရေးစက်ကို ကိုင်ထားရင်း မျက်နှာက လေးနက် တည်ကြည် လာသည်။

 

"ကျေးဇူးပြုပြီး တာအိုဘုန်းတော်ကြီးစုန့်ကို အရေးတကြီး ဆက်သွယ်ပေးနိုင်မလား။ သူတို့ တပ်ကူတွေ လိုသေးသလားဆိုတာ သိရဖို့ ဒါမှမဟုတ် မမျှော်လင့်ထားတဲ့ အခြေအနေ ကြုံရလား သိရဖို့ တစ်နည်းနည်းနဲ့တော့ ဆက်သွယ်မှ ဖြစ်မယ်"

 

သစ်ပင် ပင်စည်ပေါ် တက်နေသည့် တာအိုဘုန်းတော်ကြီးမာက လေထဲမှတဆင့် နောက်ပြန် ခုန်လိုက်ပြီး ပြင်းထန်သော လေကြောင့် လွှင့်လာသော သစ်ကိုင်းကို ရှောင်ရှားပြီး ခေါင်းဆောင်၏အနားသို့ ခိုင်မြဲစွာ ရပ်လိုက်သည်။ ထို့နောက် သူက ကောင်းကောင်း အသက်မရှူနိုင်သေးခင် ဂမ္ဘီရတွက်ချက်မှုကို စတင်ကာ ပြုသည်။ ထို့နောက် သူက ခေါင်းခါသည်။ ခေါင်းဆောင်က မျက်လုံးပြူးသည်။

 

"တာအိုဘုန်းတော်ကြီးမာ ငါ ငါက ဖုန်း ဆက်ခိုင်းတာလေ။ ဒီလိုလုပ်ခိုင်းတာ မဟုတ်"

 

"ဒါက ဖုန်းထက် ပိုမြန်တယ်။ လိုင်းတွေလဲ မလိုဘူး။ အရမ်း အဆင်ပြေတယ်"

 

တာအိုဘုန်းတော်ကြီးမာက မျက်မှောင်ကြုတ်နေရင်း သတိ ကပ်နေသော မျက်လုံးမျိုးဖြင့် ကွေ့တောင်ကို ကြည့်သည်။

 

"ဒါပေမဲ့ အလုပ် မဖြစ်ဘူး။ ကွေ့တောင်က ပျောက်သွားပြီ။ လျှပ်စီးပိုင်းဆိုင်ရာ အချက်ပြမှုလဲ မရှိသလို ဂမ္ဘီရနည်းနဲ့တောင်မှ တုန့်ပြန်မှု မရတော့ဘူး"

 

"အဆိုးရွားအခြေအနေက ကွေ့တောင်က သေမျိုး နယ်မြေမှာ မရှိတော့မဲ့  ကိစ္စပဲ"

 

သူ၏အသံက အလွန်တိုးသည်။ ထို့ကြောင့် ရေရွတ်နေသလိုသာ ထင်ရသောကြောင့် ခေါင်းဆောင်ကပင် ကောင်းကောင်း မကြားရချေ။

 

"ဆရာသခင်ဦးလေး အရင်က အကြုံပြူတဲ့ ကိစ္စက မှန်နေလောက်လား။ ဒီနေရာမှာ ကွေ့တောင်တင် မကပဲ ယင်စွမ်းအားတွေ ပြည့်နေတဲ့ တ‌စ္ဆေတောင်ပါ ရှိတယ် ဆိုတာလေ"

 

ရှင်းလင်းစွာဖြင့်ပင် တောင်ဟာ သူတို့၏အရှေ့တွင် ရှိနေသည်။ သို့သော် ထိုအခိုက်အတန့်တွင် အလွန်ဝေးနေသည်မှာ အဆုံးအစ မဲ့နေသည်ဟု ထင်ရ၏။ ထို့ကြောင့် သက်ရှိတစ်ယောက်က သေခြင်းရှင်ခြင်းတံခါးကို  မဖြတ်နိုင်သလောက် ဝေးကွာသည့် အကွာအဝေးမျိုး ဖြစ်သည်။

 

"ခေါင်းဆောင် ကြည့်ဦး သစ်ပင်တွေ သစ်ပင်တွေ ရွေ့လာကြပြီ"

 

ထိုအခိုက်အတန့်တွင် အနီးအနားရှိ ကယ်ဆယ်ရေးတစ်ယောက်က အော်သည်။

 

"ငါ ဘာတွေ မြင်လိုက်ရတာလဲ"

 

လူတိုင်းက ကွေ့တောင်ပေါ်ရှိ စိမ်းလန်းသော သစ်ပင်များက လျင်မြန်စွာ ညိုးနွမ်း ခြောက်သွေ့သွားပြီး မဲမှောင်သွားလျက် ဘေးဘက်သို့  ပြန့်လာသော မြင်ကွင်းကို စတင်ကာ ကြောက်လန့်တကြား ကြည့်လိုက်ကြရသည်။ ဆက်တိုက် ဆိုသလိုပင် မျက်တောင်တစ်ခတ် အချိန်အတွင်း နဂိုရှိနေသော သစ်ပင်များအစား ရှည်လျား မြင့်မားလွန်းသော ကျိုင်းကောင်သစ်ပင်များက အစားထိုးနေရာ ယူသွားသည်။

 

"ကျိုင်းကောင် သစ်ပင်တွေပဲ _ _ _"

 

"ဒီမှာ အခွံရှာနေတဲ့ သရဲတွေပဲ"

 

တာအိုဘုန်းတော်ကြီးမာ၏ နှလုံးသားက လေးလံ သွားသည်။ ကွေ့တောင်အပြင်ဘက် ဝရုန်းသုန်ကား အခြေအနေက ကြီးစိုး‌ နေသည်။

 

သို့ရာတွင် ဝိုင်သိုလှောင်ခန်းမှ ဧည့်သည်များနှင့် ကွေ့တောင်ပေါ်မှ ရိုက်ကူးရေးအဖွဲ့ဝင်များက လိုက်မလျော့သေးဘဲ သူတို့ကို ရှာဖွေနိုင်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးစား ရှာဖွေ နေကြသောကြောင့် စိတ်မအေးနိုင် ဖြစ်နေကြသည်ကို မသိကြသေးချေ။  ထိုအခိုက်အတန့်တွင် သူတို့က ဒီအတိုင်း ကယ်ဆယ်ရေးသမားများ၏ ကြောက်လန့်မှုများနှင့် စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုကို သတိ မထားမိဘဲ ရှိနေသည်။

 

ထိုအခိုက်အတန့်တွင် ဧည့်သည်များက ဝိုင်သိုလှောင်ခန်းအတွင်းရှိ ဝက်သစ်ချ စည်ပိုင်းအတွင်း ရောက်နေသော အဆိုတော်၏ အနားတွင်သာ ဝိုင်းနေကြသည်။

 

အကွာအဝေးတစ်ခုမှ ဆိုလျှင် ရုတ်တရက် ကြည့်လိုက်ပါက ဒီအတိုင်း ဝိုင်လှောင်ထားသည့် စည်ပိုင်းတစ်ခုဟုသာ ထင်ရပေလိမ့်မည်။ သို့ရာတွင် နီးကပ်သွားသော အခါမှသာ အ‌အေးဓာတ်ကြောင့် အချိန်မှီ မပျံ့နှံ့လာနိုင်သည့် ညှီဟောက်နေသည့် သွေးရနံ့ကို ရလိုက်ကြသည်။

 

ထိုညှီစို့နေသော သွေးရနံ့များက သူတို့၏ အာရုံခံနိုင်စွမ်းအားများကို သုတ်သင်လာပြီး အချို့သော ဧည်သည့်များဆိုလျှင် သတိလက်လွတ် အများကြီး ရှူရှိုက်မိသွားသဖြင့် အလွန်အမင်း ရွံရှာသွားကြသည်။

 

သူတို့သည် နေပူအောက်တွင် ဆယ်ရက်ကျော်ခန့် ထားထားသည့် အလောင်းထံမှ ထွက်လာသည့် ရနံ့ကို ရလိုက်သလိုမျိုး မသက်မသာဖြစ်စေသည့် ခံစားချက်များက ဝင်ရောက်လာသည်။

 

တင်းချီ၏မျက်မှာက ဖြူဖျော့သွားပြီး အဝေးသို့သွားကာ အန်ချင်ဟန် ပြုသည်။ သူမသည် နံရံမှ ဖုန်များကိုပင် သတိ မထားနိုင်တော့ပဲ နံရံကို ကိုင်ရင်း သူမ၏  အားနည်းသော ကိုယ်ကို အတတ်နိုင်‌ဆုံး ထိန်းထားရသည်။

 

" တင်းချီ အဆင်ပြေရဲ့လား"

 

ရုတ်တရက် တင်းချီ၏အနားမှ ငယ်ရွယ်သော လူငယ်၏အသံက ထွက်လာသည်။ သူက သူ၏လက်မောင်းကို သူ့ထက်ဆန့်ပြီး စိုးရိမ်ဟန်ပြသည်။ သို့ရာတွင် ထိုအသံကမူ မည်သည့် စိုးရိမ်သံမှ ပါဝင်နေခြင်း မရှိလေပဲ ကျောချမ်းဖွယ်ကောင်းလောက်အောင် အရိုးကွဲစိမ့်မတတ် အေးစိမ့်သည့် အရည်အသွေးကို ပိုင်ဆိုင်ထားသည်။

 

သို့ရာတွင် ကြောက်လန့်ပြီး ခြေထောက်များပင် တုန်ယင်နေသည့် တင်းချီကမူ အသေးစိတ် အချက်အလက်များကို အာရုံ မစိုက်နိုင်နေချေ။ သူမက ဝက်သစ်ချ စည်ပိုင်းအတွင်းမှ မြင်ကွင်းကို မြင်လိုက်ရပြီး သူမ၏အစာအိမ်အတွင်း အက်ဆစ်များ လိမ့်တက် လာသလို ခံစားနေရလေရာ အရာအားလုံးကိုလည်း လည်ချောင်းမှတဆင့် အန်ထုတ် ချင်နေသည်။ သို့ရာတွင် မနက်ကတည်းက အနည်းငယ်သာ စားထားရသောကြောင့် ဘာကိုမှ မအန်နိုင် ပြန်ချေ။

 

ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင် နေသည်။ သူမ၏ မျက်နှာကလည်း အရည်လဲ့လာလေပြီး မြင်ကွင်းက ဝေဝါးလာသည်။

 

သူမက ဘေးဘက်ကို အစောတလျင် ကြည့်လိုက်သောအခါ ထိုသူ၏ဝတ်စုံအရ ဒါဟာ ရိုက်ကူးရေးအသင်းမှ ငယ်ရွယ်ချောမောသည့် လက်ထောက်ဒါရိုက်တာ ဖြစ်ကြောင်း သိလိုက်သည်။

 

သူသည် သူမ ဒီဘက်သို့ တစ်ယောက်တည်း အပြေးထွက်လာကြောင်း မြင်လိုက်ရသဖြင့် တာဝန်ဝတ္တရားအရ လာပေးခြင်း ဖြစ်ပေလိမ့်မည်။

 

တင်းချီက ကျေးဇူးတင်ကြောင်း ခပ်တိုးတိုးပြောပြီး ထိုသူ၏လက်မောင်းကို ကိုင်လိုက်သည်။ ထို့နောက် ဆက်လက်ပြီး ကျေးဇူးတင်ရန်လည်း မမေ့ချေ။

 

သူမက အေးစက်လွန်းသော ဝိုင်သိုလှောင်ခန်းအတွင်း အချိန်အကြာကြီး နေမိသောကြောင့်လားမသိ ထိုလူ၏ ခန္ဓာကိုယ်အပူချိန်က အလွန်နိမ့်နေသည်။ သူမက သူ့ကို ထိလိုက်မိသည့် အခိုက်အတန့်တွင် အအေးဒဏ်ကြောင့်ပင် တုန်ယင် သွားရသည်။

 

ငယ်ရွယ်ချောမောသော ဝန်ထမ်းကမူ မည်သူမှ သတိမထားမိသော ထောင့်တစ်နေရာတွင် တင်းချီကို တွဲထားပေးသည်။ သူ၏နူတ်ခမ်းများက တောင့်တင်းစွာ ပြုံးလိုက်သည့် အခိုက်အတန့်တွင် သူ၏အရေအပြားပေါ်တွင် မည်သည့် ခံစားချက်အမူအယာကမှ ပေါ်လာခြင်း မရှိချေ။ သို့သော် သူ၏ နီရဲလုနီးပါး ဖြစ်လာသည့် မျက်လုံးများ၏အနားမှ အ‌ရေခွံများကမူ အတင်း ပင့်တင့် ထားရပြီး ပြုံးထား ရသောအားကြောင့် တွန့်သွားလေသည်။

 

နဂိုကတည်းက ထိုအရေခွံက သူ့အပိုင် မဟုတ်သလို သူက အတင်းချွတ်ယူပြီး ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသလိုမျိုး ထင်ရသည်။

 

ထိတ်လန့်မှုများအကြားတွင် တင်းချီ ထွက်ပြေးသွားကြောင်း မည်သူကမှ မသိ‌ချေ။ အားလုံးက သူတို့၏ အန်ချင်စိတ်ကိုသာ ထိန်းနေရသည်။

 

“နေပါဦး သူက အသက် ရှင်နေသေးပုံပဲ။ အခုလေးတင် သူ့ရဲ့လည်ပင်းက ဇလုတ်လှုပ်သွားတာကို တွေ့လိုက်တယ်”

 

ရဲ့ရင့်သော အမျိုးသားဧည်သည့်များထဲမှ တစ်ယောက်က အနီးကပ်ကြည့်ပြီး တအံ့တဩပြောသည်။ ထို့နောက် ခပ်မြန်မြန်အော်သည်။

 

“မြန်မြန် မြန်မြန် သူ့ကို ကယ်လိုက်ဦး။ သူ့ကို ကယ်လို့ ရလောက်သေးတယ်”

 

ဝန်ထမ်းများနှင့် အမျိုးသားဧည့်သည်များက သွေးများအပြည့်ရှိနေသော စည်ပိုင်းကြီးအတွင်းမှ တစ်စုံတစ်ယောက်ကို ကယ်ထုတ်ရန် အလွန်အမင်း တွန့်ဆုတ်မိသည့်တိုင်အောင် သူတို့၏ ရွံရှာစိတ်ကို ထိန်းလိုက်ရသည်။ မည်သို့ပင်ဆိုစေ လူ့အသက်က အရေးကြီးလေသည်။ ထို့ကြောင့် သူတို့က ချက်ချင်းလိုလို ပြေးဝင်သွားပြီး ထိုဝက်သစ်ချစည်ပိုင်းအတွင်းမှ ထိုအမျိုးသားအဆိုတော်ကို ဆွဲထုတ်ကြသည်။

 

ထိုစည်ပိုင်းအတွင်းရှိ သွေးများက တည်ရှိနေခဲ့သည်မှာ မည်မျှကြာခဲ့သည်မှန်း မသိနိုင်ချေ။ အလွန်အမင်း စေးကပ်ပြီး ရွံရှာဖွယ်ရာ ဖြစ်နေသည်။ ထို့အပြင် အလွန် ပြစ်ခဲနေသေးသည်။ 

 

အမျိုးသားအဆိုတော်ကို ဆွဲထုတ်လိုက်သည်နှင့် သူ၏ကိုယ်နှင့်ကပ်နေသော သွေးများက သူ့ကို ဆွဲထုတ်လိုက်သူများ၏ လက်များပေါ် ပေကျံသွားသည်။

 

ထိုလူများက အမျိုးသား အဆိုတော်အပေါ် ရွံရှာစိတ်က အထွန့်အထိပ်သို့ပင် ရောက်ရှိ သွားသေးသည်။

 

ထိုထဲမှ တစ်ယောက်ဆိုလျှင် မတော်တဆ မျက်လုံးထဲသို့ သွေးများစင်သွားသည့် အခိုက်အတန့်တွင် ထူးခြားသည့် နာကျင်မှုကို ခံစားလိုက်ရသည်။ သူတို့က ခပ်မြန်မြန် နောက်ဆုတ်လိုက်သည်။ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပဲ သူ၏အဝတ်ကို သုံးပြီး မျက်လုံးကို သုတ်သည်။

 

“သူ့ကို ကြည့်ပါဦး။ သူ ရေမွှန်းနေတာတော့ မဟုတ်ပါဘူးနော်”

 

တစ်စုံတစ်ယောက်က ပြောသည်။

 

သူသည် ကြမ်းပြင်ပေါ်လဲနေသော အဆိုတော်ကို ကြည့်ရင်းပြောသည်။

 

“သူ့ရဲ့ဗိုက်က တအားဖောင်းနေတာဆိုတော့ ရေတွေအများကြီးကို မြိုချထားမိတဲ့လူလို ဖြစ်နေတာ”

 

ထိုအဆိုတော်က သတိလစ် နေသည်။ သူ၏ခန္ဓာကိုယ် အပူချိန်က ရေခဲတမျှ အေးစက်  နေသည်။ ဖျော့တော့သည့် အသက်ရှူသံနှင့် နိမ့်လိုက်မြင့်လိုက် ဖြစ်နေသော ရင်ဘတ်ကြောင့်သာ အသက်ရှင်နေသေးကြောင်း သိနိုင်သည်။

 

သူ၏အသားအရည်က ပြာနှမ်းနေလေသည်။

 

သူ၏ သွေးရောင်မဲ့သော နူတ်ခမ်းများက ဆက်တိုက်ဆိုသလို သွေးများစီးကျနေသည်။ သူ၏ ဗိုက်ကလည်း ဖောင်းနေသည်မှာ ထိုလူပြောသည့်အတိုင်းဖြစ်သည်။

 

ရေနစ်တဲ့သူက ရေသောက်ထားလို့ ဖြစ်တာဆိုပေမယ့် ဒီလူ‌ သောက်ထားတာက _ _  _

 

ထိုအကြောင်းအရာကို တွေးမိလိုက်ရုံနှင့် အားလုံး၏မျက်နှာက ဖြူဖျော့သွားသည်။ သူတို့သည် သတိလက်လွတ် ခြေနှစ်လှမ်းခန့် ဆုတ်မိသွားသည်။ အားလုံးသည်လည်း ဝိုင်ပုလင်းထဲမှာ သွေးသောက်ခဲ့သည့် လျိုရီရီ၏ ကံကြမ္မာကို မြင်ခဲ့ပြီးသား ဖြစ်သည်။

 

လျိုရီရီ အရေးပေါ်ကုသရေးခန်းထဲတွင် လဲနေသေးသည်။ ဒုတိယတစ်ကြိမ် ထပ်ရသော ဒဏ်ရာများကြောင့် ပိုးပင်ဝင်ပြီး အဖျားကြီးနေပြီဖြစ်သည်။

 

ယန်ရှစ်ရွှမ်းကြောင့်သာ မဟုတ်လျှင် သူမက ကုသမှု ခံယူရန်အတွက် အခန်းအတွင်း လှဲရန် အခွင့်အရေးပင် မရှိလောက်ချေ။

 

သို့သော် ယန်ရှစ်ရွှမ်းကမူ သူတို့နှင့် အတူ မရှိချေ။

 

_ _ _

 

ယန်ရှစ်ရွှမ်းသာ ရှိနေရင် အိမ်တော်ထိန်းအိုကြီးက လျိုရီရီကို ပေးခဲ့သည့် သွေးပြည့်နေသော ပုလင်းနှင့် ဒီဝိုင်ခန်းအကြားမှ ဆက်စပ်မှုကို သိနိုင်ပေလိမ့်မည်။ ထိုသိုဖြင့် ဝိုင်ပါသင့်သော ပုလင်းထဲတွင် ရှိနေသော အရာများက ဒီသိုလှောင်ခန်းအတွင်းမှ ဖြစ်နေကြောင်း သိပေလိမ့်မည်။ ထိုသို့ဆိုလျှင်လည်း အိမ်‌တော်ထိန်းအိုကြီးက ရိုက်ကူးရေးအဖွဲ့ဝင်များကို ကျွေးချင်သည့် အသွေးအသားများက ဝိုင်ခန်းတွင် သိုလှောင်ထားသော အရာများဖြစ်ကြောင်း တန်းသိပေလိမ့်မည်။

 

သို့ရာတွင် ယန်ရှစ်ရွှမ်းကမူ စတုတ္ထထပ်၏ အခြားသော ကြားခံနယ်တစ်ခုတွင် ရှိနေသည်။ စတုတ္ထထပ်တစ်ခုတွင် ဖြစ်သည်။ ထိုနေရာကို ရန်ငြိုးကြီးဝိဉာဉ်က ထိန်းသိမ်းထားသည်။ ထိုအတွက်ကြောင့် ဝိုင်ခန်းအတွင်းမှ လူများနှင့် မဆက်သွယ် နိုင်သလို အခြေအနေကိုလည်း မသိပါချေ။

 

အဖွဲ့က သူတို့၏ ဓာတ်မီးများဖြင့် ပတ်ဝန်းကျင်ကို ထိုးကြည့်ကြသည်။ ထိုသို့ဖြင် လျိုရီရီကို ဒဏ်ရာရအောင် လုပ်ခဲ့... ။

 

“အပေါ်ထပ်ကို မြန်မြန်  ပြန်တက်ရအောင်။ ဝိုင်ခန်းက တအားမှောင်တယ်။ ဒီနေရာမှာ တကယ်ပဲ တစ်ခုခု ရှိနေရင် မကောင်းဘူး”

 

အန်းနန်ယွမ်က တုန်ယင်သွားသည်။ သူ အတိတ်က ကြည့်ခဲ့ဖူးသော ရုပ်ရှင်များ၏ ကြောက်မက်ဖွယ် ကောင်းသော ပြကွက်များက သူ၏စိတ်အတွင်း ပြန်လည် ပေါ်ထွက်လာပြန်သည်။ ထိုသရဲများ၏ ဝက်သစ်ချစည်ပိုင်းများ၏ အ‌နောက်တွင် ပုန်းအောင်းနေခြင်းလည်း ဖြစ်နိုင်သည်။ ထိုနည်းအားဖြင့် နံရံများ၏ အနောက်ဘက် အရိပ်အတွင်းသို့ ဝင်ရောက်လာအောင် မြှားခေါ်လေပြီး လှောင်ပြောင်လိုသော ကြောက်မက်ဖွယ်  ကောင်းသော မျက်နှာများကို တိတ်တဆိတ် စောင့်ကြည့်နေပေလိမ့်မည်။ ထို့အပြင် လူသားများ၏ အသွေးအသားများကို အရသာခံရန်အတွက် စိတ်ကူးယဉ် နေကြလောက်သည်။

 

အန်းနန်ယွမ်က သူ၏အတွေးများနှင့်အတူ ကြောက်လွန်းသဖြင့် ထအော်လိုက်သည်။

 

“အား”

 

သူက ကျန်းဝူပင်းကို အကြံပေးသည်။

 

“နောက်ပြီး နောက်ပြီး သူ့ကို ချက်ချင်း ကုသဖို့ လိုအပ်တယ်မလား။ ငါတို့ အချိန်ဆွဲလို့ မရဘူး။ အဲဒီလိုမှ  မဟုတ်ရင် သူသေသွားနိုင်တယ်”

 

ကျန်းဝူပင်းက သူ ကြောက်လွန်းသဖြင့် ထုံထိုင်းလုနီးပါး ဖြစ်လေသည်။ ထို့နောက် အရိုးအချင်းချင်း ထိမိသွားသော ခရက်ဆိုသော အသံကိုပင် ကြားလုနီးပါးဖြစ်နေသည်။ သို့သော် လူတိုင်းက သူ့ကို ကြည့်လာပြီး သူ၏သဘောတူမှုကို စိုးရိမ်တကြီး စောင့်နေကြကြောင်း မြင်လိုက်ကြသောအခါ ဒီလိုအခြေအနေမျိုးတွင် သူ သတ္တိ မကြောင်သင့်ကြောင်း သိလိုက်သည်။

 

ထို့ကြောင့် သူက တောင့်တင်းစွာနှင့် ခေါင်းငုံ့ရင်း ပြောလိုက်သ်ည။

 

“အင်း”

 

လူတိုင်းက ထိုအဆိုတော်ကို ချက်ချင်းကောက်မလိုက်ပြီး အပေါ်ထပ်သို့ ကယ်တင်ရန် ကြံစည်သည်။

 

သို့ရာတွင် ပိုင်ရွှမ်းက ရုတ်တရက် အော်သည်။

 

“ချီချီကျဲကျဲက ဘယ်မှာလဲ”

 

“အခုလေးတင် ငါ့တို့ရဲ့ဘေးနားမှာ ရပ်နေတာ မဟုတ်ဘူးလား”

 

ပြောလိုက်သောသူက သတိလက်လွတ် လက်ကို ဘေးဘက်သို့ ညွှန်ပြသည်။ သို့သော် ဘေးဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူ၏စကားလုံးများက လည်ချောင်းတွင် တစ်သွားသည်။

 

မည်သည့်အချိန်ကမှန်းမသိ တင်းချီက အနားတွင် မရှိတော့ချေ။

 

“ဘယ်ရောက်သွားတာလဲ”

 

“မင်းတို့အားလုံး ဘယ်သွားကြမလို့လဲ”

 

အမှောင်ထုအတွင်းတွင် အေးစက်သော အသံက ထွက်ပေါ်လာသည်။

 

လူတိုင်းက ကြောင်အသွားကြပြီး သူတို့၏ ဓာတ်မီးများကို အသံလာရာဘက်သို့ ချက်ချင်းလိုလို မြှောက်ကြည့်လိုက်ကြသည်။

 

ထိုအခါ ငယ်ရွယ်ချောမောသော လက်ထောက်ဒါရိုက်တာက ထောင့်တစ်နေရာက တဖြည်းဖြည်းချင်း ချဉ်းကပ်လာကြောင်း မြင်လိုက်ရသည်။ သူ၏မျက်နှာတွင်  တောင့်တင်းသော ကျောချမ်းဖွယ် အပြုံးက ရှိနေသည်။

 

သူ၏မျက်နှာက သူ၏အသက်နှင့် လိုက်ဖက်သော ငယ်ရွယ်တက်ကြွမှု အပြည့် ရှိနေသေးသည်။ ထိုသို့ဖြင့် တောက်ပသော အပြုံးမျိုးကို ပိုင်ဆိုင်ထားလေသည်။ သို့သော် ဝိုင်ခန်း၏ အမှောင်ထုကြောင့်လား မသိ ထိုအပြုံးက အသွေးနှင့်အသားက သီးသန့်ဖြစ်တည်နေသလို ခေါင်းထိပ်မှ ခြေဖျားအထိ စိမ့်တက်သွားစေလောက်အောင် ကြောက်စရာ ကောင်းလေသည်။

 

“ငါ့ရဲ့ပျူငှာမှုက မင်းတို့အတွက် မလုံလောက် သေးလို့လား။ ဒီနေရာမှာ ရှိတဲ့ စားစရာနဲ့ သောက်စရာတွေကို မင်းတို့ မကြိုက်လို့လား”

 

လက်ထောက်ဒါရိုက်တာ အဖွဲ့နားသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး အတက်အကျ မဲ့သော လေသံမျိုးနှင့် ပြောသည်။

 

“ဒါဆိုရင် မဖြစ်ဘူး (ဓားပြများက ကျိုးချီကို ခေါ်သော နာမည်) ခေါင်းဆောင်က ဒီမှာ မရှိရင် ငါက လူတိုင်းကို ဧည့်ခံပေးရမယ့် တာဝန် ရှိတယ်။ မင်းတို့ထဲက တစ်ယောက်ယောက် မကျေနပ်တာမျိုး ရှိရင် ခေါင်းဆောင် ပြန်လာတဲ့အခါ ငါ့ကို သတ်မှာပေါ့”

 

ရိုက်ကူးရေးအဖွဲ့မှ အဖွဲ့ဝင်များက ပုံမှန်ဆိုလျှင် သိုသိပ်စွာ နေတတ်ပြီး အားကိုးထိုက်သော လက်ထောက်ဒါရိုက်တာ မည်သည့်အတွက်ကြောင့် ပုံမှန် မဟုတ်သလို ပြုမူလာကြောင်း ထုတ်မပေးလာသေးခင် တစ်စုံတစ်ရာက ဖြစ်လာသည်။

 

ဝိုင်ခန်း၏ အနောက်ဘက် အဆုံးအစမဲ့အောင် မဲမှောင်နေသော နေရာအတွင်းမှ တဘန်းဘန်း အသံများက ထွက်လာသည်။

 

ထိုအသံများက ကျယ်ပြောသော မြေအောက်ခန်းနေရာအတွင်း ပဲ့တင်ထပ်လာရင်း လူတိုင်း၏ ကျောရိုးကို တုန်ခါသွားစေသည်.

 

“ဘန်း”

 

“ဘန်း”

 

.....

 

ဝိုင်ခန်းအတွင်းတွင် လဲကျနေသော ဝက်သစ်ချစည်ပိုင်းများက စည်းပိုင်း၏ အဖုံးကို ဖောက်လျက် ထိုးထွက်လာသော သွေးနီရောင်လက်များကြောင့် စုတ်ပြဲသွားကြသည်။ ထိုအရာများက တဖြည်းဖြည်းချင်း ကုန်းထွက်လာ၏။

 

ဖလက်ရှ်မီး၏ တုန်ယင်နေသော မီးများအောက်တွင် သွေးနီရောင်မကောင်းဆိုးဝါးက သူတို့၏ ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း မတ်လိုက်ရင်း ဦးတည်ရာမဲ့ ယမ်းနေသော လက်များနှင့် ထွက်လာကြသည်။

 

သူတို့တွင် လူသား အရေခွံများ မရှိပါချေ။ တဖြည်းဖြည်းချင်း သူတို့သည် အမှောင်ထု၏ ဦးတည်ရာ ဘက်တိုင်းမှတဆင့် ရိုက်ကူးရေးအဖွဲ့ထံ ချဉ်းကပ်လာကြပြီ ဖြစ်သည်။

 

လူသားပုံသဏ္ဍာန် ပျောက်ဆုံးနေသော သွေးနီရောင်အသားတုံးလို အရာမျိုးပင် ပါသေးသည်။

 

ထိုအရာမျိုးလို အရာများက စည်းပိုင်းအတွင်းမှ ကုန်းထွက်နိုင်ရန် ရုန်းကန်နေသည်။ ထိုသို့ဖြင့် ရိုက်ကူးရေးအဖွဲ့ ရှိရာဘက်သို့ တဖြည်းဖြည်းချင်း ခုန်ပေါက်လျက် လာသည်။

 

“မင်းတို့ တဖြည်းဖြည်းချင်း အရသာခံ ကြည့်ရင်း ကြိုက်မှာပေါ့”

 

လက်ထောက်ဒါရိုက်တာ၏ စကားက လူတိုင်း၏ ကျောရိုးကို စိမ့်တက်သွားစေသည်။ ထိုအခါမှသာ သူတို့၏ အခြေအနေက မည်မျှ ဆိုးရွားကြောင်း သိလိုက်သည်။

 

ထိုလက်ထောက်ဒါရိုက်တာ၏ အသံက အေးစိမ့်ပြီး ကျောချမ်းဖွယ်ရာ ဖြစ်သည်မှာ သေလွန်ပြီးသော လူတစ်ယောက်အသံလား ထင်ရသည်။

 

လူတိုင်းက ကြောက်လန့်မှု အပြည့်နှင့်အတူ တုန်ယင်သွားကြသည်။ သူတို့၏ တုန်ယင်မှုက မရပ်တန့်တော့ချေ။ သူတို့သည် ထပ်ခါတလဲလဲ နောက်ဆုတ်ရင်း အချင်းချင်း ပူးကပ်သွားကြ၏။ သို့သော် ထိုအရိုးခြောက်ပုံရိပ်များနှင့် အသားတုံးများက နီးသထက် နီးလာသော မြင်ကွင်းကိုသာ ကြည့်နေရသည်။

 

လူတိုင်း၏ အသိစိတ်က ပြိုလဲကျတော့မည်။ အားလုံး၏ မျက်လုံးကပင် ကျဉ်းသထက် ကျဉ်းသွားသည်။

 

နောက်ဆုံးတွင် ခက်ခက်ခဲခဲ ရုန်းကန်နေပြီးသား ကျန်းဝူပင်းက မျက်ရည် ထွက်သည်အထိ ကြောက်လန့်သွားပြီး စိတ်ဓာတ်ကျစွာ အော်ဟစ်လိုက်သည်။

 

“ယန်ကော ယန်ကော ကယ်ပါ။ ကျေးဇူးပြုပြီး အား”

 

_ _ _

 

ထိုအချိန်တွင် ယန်ရှစ်ရွှမ်းက စတုတ္ထထပ်တွင် ရှိသည့် သခင်မဖြစ်သူ၏ အခန်းအတွင်းတွင် သွေးနီရောင်မှန်အတွင်းမှ သရဲမနှင့် ရင်ဆိုင်နေသည်။

 

“မင်း သီးသန့် ခွဲနေဖို့ အချိန်ယူမယ်လို့ ငါ ထင်နေတာ။ မမျှော်လင့်ထားဘဲ မင်းက သက်သာတာ မြန်သားပဲ”

 

ယန်ရှစ်ရွှမ်း၏ ထက်ရှသော မျက်ခုံးက ပင့်တက်သွားပြီး သူဟာ အံ့အား သင့်ချင် ဟန်ဆောင်သည်။

 

“ငါက လွန်ခဲ့တဲ့ နှစ်တစ်ရာက ရှန့်ဟိုင်မြို့ဟောင်းရဲ့ ခေါင်းဆောင် မိန်းမပျို တစ်ယောက်ဆိုတဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်တယ်လို့ မှတ်ချက် ပြုရမယ်။ တော်‌တော်လေးတော့ လေးစားစရာပဲ”

 

ချီရွှမ်း “...”

 

သူမကို ယန်ရှစ်ရွှမ်းက လျှောက်လမ်းတွင် ပေါ်လာ‌အောင် အတင်း ဆွဲခေါ်သွားပြီးချိန်က စတင်ပြီး၊ သူမ၏ နှင်းဆီရွှေဆံထိုးကို လုယူသွားပြီးချိန်မှ စတင်လျက် အမျိုးသမီး အလောင်းနှင့် အရိုးများကို အသွေးအသားပုံ အဖြစ် ပြောင်းလဲပြီးချိန် အထိ ချီရွှမ်းအနေနှင့် သူမသည် သူမ၏အ‌ရှေ့မှ မောက်မာ ထောင်လွှားလွန်းသော အကောင်ကို သတ်ပြီး နှင်းဆီပန်းခင်း၏ မြေဩဇာအဖြစ် မပြောင်း နိုင်လောက်ဟု ခံစားလိုက်ရသည်။

 

ယန်ရှစ်ရွှမ်းသည် သူမ၏နာနီ ထွက်ခွာသွားမှုကို အသုံးပြုပြီး  သူမကို ဆက်တိုက် ရန်စ နေသည်။ ထိုနည်းအားဖြင့် သူမ နှစ်တစ်ရာလုံးလုံး မေ့လျော့ နေခဲ့ပြီး ဘယ်သောအခါမှ မကုစားနိုင်သည့် အကြောက်တရားနှင့် ရန်ငြိုးများကို ခံစားမိလာစေသည်။ ထိုသို့ဖြင့် သူမဝိဉာဉ် အနက်ရှိုင်းဆုံးအပိုင်းမှ ခံစားချက်တိုင်းကို ပြန်လည် ဆွဲထုတ်နေသည်။

 

ဒေါသထွက်မှု၊ စိတ်ဓာတ်ကျမှု ကြားတွင် ရှိနေသော ချီရွှမ်းသည် ချက်ချင်း ပြန်လည်ပြီး မှန်အတွင်းသို့ ဝင်ရောက်ကာ ယန်ရှစ်ရွှမ်းကို ထိုနေရာတွင် ပိတ်လှောင်လျက် တဖြည်းဖြည်းချင်း သူ၏ စိတ်ဓာတ် အင်အား ဖြိုခွဲပြီး ပြိုလဲ ကျသွားအောင် လုပ်ချင်ခဲ့သည်။

 

သို့သော် ယန်ရှစ်ရွှမ်းလိုလူမျိုးကို မတွေ့ဖူးသော ချီရွှမ်းအနေဖြင့် နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုကို မမျှော်လင့်ထားမိချေ။

 

“ဒါက သူမကပဲ ပြိုလဲကျလုနီးပါး ဖြစ်တဲ့အထိ ဒေါသထွက်သွားရတာပဲ”

 

“မသွားနဲ့ မင်းက ဘယ်နေရာကို သွားမလို့လဲ”

 

မှန်အတွင်းမှ ချီရွှမ်းက နောက်ပြန်ဝင်ရန် ခေါင်းလှည့်ကာစသာ ရှိသေးသည်။ ယန်ရှစ်ရွှမ်းက သူ၏လက်နှင့် မှန်ထံ လက်လှမ်းလိုက်ပြီး သူမ၏ ဆံပင်ရှည်ကို လှမ်းဆွဲ ပြန်သည်။

 

ယန်ရှစ်ရွှမ်းက တစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီး ပြောသည်။

 

“သွားရ‌အောင်”

 

ဒေါသတကြီး ဖြစ်နေသော ချီရွှမ်း၏ အနက်ရောင်ဆံပင်များက လေထဲတွင် ခပ်ကြမ်းကြမ်း ကခုန်လာသည်မှာ ကြောက်စရာပင် ကောင်းသေးသည်။

 

သို့ရာတွင် ယန်ရှစ်ရွှမ်း၏ အမူအယာက မပြောင်းလဲချေ။

 

“ငါ အခုလောလောဆယ် ဘာအကြံမှ မရှိသေးဘူး”

 

ယန်ရှစ်ရွှမ်းကလည်း မှန်၏ ခံစားချက်ကြောင့် ထိတ်လန့် သွားရသည်။ အပေါ်ယံတွင်မူ ဒါက ရေမျက်နှာပြင်ကဲ့သို့ ဖြစ်နေသည်မှာ အခြားသော လောကအတွင်းသို့ ဝင်ရောက်နိုင်မည့် ဝင်ပေါက်အလား ထင်ရသည်။ သို့ရာတွင် သူ၏မျက်နှာထားက ပြောင်းလဲသွားခြင်း မရှိချေ။ သူသည် ပုံမှန်အတိုင်း လွပ်လပ်ပေါ့ပါးသလိုမျိုး ပေါ့ပေါ့ပါးပါးနှင့် ဖြစ်နေသေးသည်။ ချီရွှမ်း၏ ဒေါသကိုပင် အာရုံစိုက်ခြင်း မရှိချေ။

 

“ဒါပေမဲ့ မင်း ထွက်လာပြီဆိုမှာတော့ ဘာလို့ ငါတို့ စကားမပြောရမှာလဲ”

 

ယန်ရှစ်ရွှမ်းက ချီရွှမ်း၏ ဆံပင်ကို ဆွဲရင်း မှန်အတွင်းမှ ဆွဲထုတ်လိုက်သည်။ ထို့နောက် သူ၏ရှည်လျားသွယ်လျသော လက်ချောင်းများကို သုံးပြီး အခြားလက်တစ်ဖက်နှင့် စာကို လှမ်းယူလိုက်သည်။ ထို့နောက် ဆံပင်ကို သုံးပြီး ချည်လိုက်သည်။

 

ထိုသို့ လုပ်ပြီးနောက် ယန်ရှစ်ရွှမ်းက လက်ကို ပြန်လွှတ်လိုက်ကာ ပါးကို လက်ထောက်ရင်း ချီရွှမ်းကို ပြောလိုက်သည်။

 

“နာနီက ပြောတယ်။ မင်းက ငါ့ကို လွန်ခဲ့တဲ့နှစ်တစ်ရာက မင်းကို သတ်ခဲ့တဲ့ ဓားပြခေါင်းဆောင်လို့ ထင်နေတာဆို။ တကယ်တော့ ငါက မှားယွင်းပြီး စွပ်စွဲခံရတဲ့လူ ကောင်းလေး တစ်ယောက်ပါ။ ငါက မတရားခံရလွန်းလို့ မှန်ကို ရိုက်ခွဲပြီး ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ အထိပဲ။ ဒါပေမဲ့ မင်းက ငါ့ကို အတိတ်က မှတ်ဉာဏ်တွေ အများကြီးကို မြင်ခိုင်းလိုက်တယ်။ မင်း မြင်တဲ့အတိုင်းပဲ။ ဓားပြတွေက ပျော်ပျော်ရွှင်ရွှင် အောင်ပွဲ ခံနေကြတာ။ မင်းတစ်ယောက်တည်းကပဲ ဒီနေရာမှာ ပုန်းနေရတယ်”

 

“စကား ပြောရအောင်။ ဘာပဲဖြစ်ဖြစ် ငါ ဒီမှာ ဒီအတိုင်း နေရတာ တအား ပျင်းတယ်”

 

မူလကမူ ချီရွှမ်းက ယန်ရှစ်ရွှမ်း၏ အပြုအမူကြောင့် ဒေါသ ထွက်နေခြင်း ဖြစ်သည်။ သူမ၏လှပသော ဖီးနစ်မျက်လုံးက ဒေါသများနှင့် နီရဲနေသည်။ သို့ရာတွင် ယန်ရှစ်ရွှမ်းက နာနီ သူကို ပြောသွားသည့် အကြောင်းအရာကို ထည့်ပြောပြီးပြီးချင်း သူမက အနည်းငယ် ကြောင်သွားသည်။ ထို့နောက် ဖီးနစ် မျက်လုံးအတွင်းမှ နီရဲမှုများက တဖြည်းဖြည်းချင်း လျော့ပါးလာသည်။

 

“နာနီ”

 

“သူမက နင့်ကို ဘာပြော သွားခဲ့သေးတာလဲ”

 

******