Chapter 70
ယွမ်ရှင်းကျဲ၏သေနက်နှစ်ခုမှာ သူ့၏လျို့၀ှက်.လက်နက်များပင်။ လော့၀မ်ချွမ်းပင်လျှင် ဤအကြောင်းကိုမသိခဲ့ချေ။ ၄င်းတို့မှာ ဟယ့်ဟောင်မင်ကို
နှိမ်နင်းရန်သူ၏ အသေသတ်ကွက်ဟုဆိုနိုင်သည်။
လော့၀မ်ချွမ်းသည် ကွင်းပြင်ထဲမှ ထူးဆန်းသောပုံသဏ္ဍာန်နှင့်မက််ခါကိုကြည့်လိုက်ပြီး သူ၏မျက်လုံးများမှအနည်းငယ်တုန်လှုပ်သွားခဲ့သည်။ ယခုတွင်မူ ယွမ်ရှင်းကျဲ၏မက်ခါအဆင့်မြင့်တင်ရေးအစီအစဥ်ကအဘယ်ကြောင့်ထူးဆန်းနေခဲ့နေကြောင်း နားလည်ချေပြီ။
သူလုံး၀မမှတ်မိနိုင်သောအပိုင်းများပင်လျှင်ရှိသည်။
ယွမ်ရှင်းကျဲမှာ ဤစက်ရုပ်သားရဲကြီးကိုလုံး၀ပြေင်းလဲပစ်လိုက်သည်ပဲ။ ငွေမှော်အကာအရံဖြင့် တိုက်ခိုက်မှုမှန်သမျှကိုတားဆီးနိုင်သော ဒိုင်းကာကြီးအဖြစ်ကိုပြောင်းနိုင်ရုံသာမက ကြီးမားသော သေနတ်ကြီးအဖြစ်လည်းတဖန်ပြန်ပြောင်းနိုင်သည်ပင်။
မက်ခါအဆင့်မြင့်တင်ရေးတစ်ခုလုံးကိုသိထားသော လော့၀မ်ချွမ်းပင်လျှင်ဤပြောင်းလဲမှုကြီးကြောင့် အံ့အားသင့်သွားရသည်အထိ။ တချိန်တည်းမှာပင် အဆင့်မြှင်တင်မှုတွင် ချို့ယွင်းချက်ရှိနေမည်ကိုလည်းစိုးရိမ်သွားမိသည်။
တိုက်ပွဲအတွင်းရှိ ဟဲ့ဟောင်မင်
မှာ ယွမ်ရှင်းကျဲ၏မက်ခါပြောင်းလဲသွားပုံအားကြည့်နေမိသည်။ သူ၏နှလုံးသားထဲတွင် အတော်လေးအံ့သြသွားမိသည့်တိုင် စိတ်ကိုငြိမ်အောင် အမြန်ပြန်ထိန်းလိုက်၏။
ယွမ်ရှင်းကျဲ၏ စိတ်စွမ်းအားမှာ Bအဆင့်နှင့် B+အထိသာရှိကြောင်း သူသိထားသည်။
ထိုမျှကြီးမားပြီး စွမ်းဆောင်ရည်မြင့်လွန်းသော မက်ခါမှာ ယွမ်ရှင်းကျဲထိန်းချုပ်နိုင်သော အတိုင်းအတာထက်ကျော်လွန်နေချေပြီ။ ထို့ကြောင့်ဟဲ့ဟောင်မင်မှာ လှောင်ပြောင်မှုတို့ မျက်လုံးတွင်ဖြတ်ပြေးသွားကာ "သေချင်နေတယ်"
မုန်တိုင်းမက်ခါသည် သူ၏သံလိုက်ပုဆိန်ကိုထပ်မံမြောက်လိုက်ပြီး ယွမ်ရှင်းကျဲ၏မက်ခါထံနောက်တစ်ကြိမ်ပြေး၀င်သွားပြန်သည်။ ယွမ်ရှင်းကျဲထံမှ ပစ်ခတ်မှုများကိုပင်ဂရုမစိုက်ဟန်ပင်။
သို့သော်ထိုအချိန်တွင် ယွမ်ရှင်းကျဲမက်ခါမှလက်နက်များ၏ အ၀တွင် အလင်းရောင်များတဖြည်းဖြည်းစုစည်းလာတော့သည်၊ ထိုအလင်းနှစ်ခုမှာ လွန်စွာထင်းလင်းနေရကား ကွင်းပြင်ရှ်ပရိတ်သတ်များပင်လျှင် အံ့အားသင့်နေကြတော့သည်။
ချီယုမှာလက်သီးကိုတင်းတင်းဆုပ်လျက်သူ၏နှုတ်ခမ်းကိုအသာဖွင့်ကာ
"ယွမ်ရှင်းကျဲက တကယ်ပဲအဲဒီလက်နက်နှစ်ခုကိုသုံးနိုင်တဲ့စွမ်းအားရှိတာလား"
"မဖြစ်နိုင်တာ သူ့ရဲ့မက်ခါကအရင်ကအလင်းဓါးမက်ခါပဲလေ၊ ဒီလောက်အမျိုးစုံအောင်ပေါင်းထည့်ပြီး လက်နက်ကြီး၂ခုပါထပ်ထည့်ထားရင် Bအဆင်ွစိတ်စွမ်းအားနဲ့သူကဘယ်လိုလုပ်မောင်းနိုင်မှာတဲ့လဲ"
"အခုနလေးက ဒိုင်းကာကြီးနှစ်ခုကလည်း ဘီအဆင့် စိတ်စွမ်းအားနဲ့ထိန်းချုပ်နိုင်တာမျိုးမဟုတ်ဘူးလေ"
"ကြည့်လိုက် သူပစ်လိုက်ပြီ"
ထိုတော့မှဟယ့်ဟောင်မင်လည်း တောက်ပသောအလင်းရောင်နှစ်ခုကိုသတိထားမိသွားတော့သည်။ သူ့တွင်ရှောင်စရာနေရာမရှိတော့ချေ။ မျက်လုံးများပြူးကျယ်လျက် သူကျောက်ရုပ်နှယ်စိုက်ကြည့်နေမိတော့သည်။သို့သော်လည်း ဟဲ့ဟောင်မင်၏စိတ်စွမ်းအားမှာ တခြား Sအဆင့်စိတ်စွမ်းအင်ပိုင်ဆိုင်သူများထက် နိမ့်ကျနေစေကာမူ သူ၏တုန့်ပြန်နှုန်းကလည်းသိပ်တော့မဆိုးလှချေ။ သူသည် ပုဆိန်ကိုအလျင်အမြန်သိမ်းလျက် ဒိုင်းကာကိုမြှင့်ကာ ကာရန်ပြင်လိုက်သည်။
ဒိုင်းကာကိုဖွင့်နိုင်လိုက်သည်နှင့် ယွမ်ရှင်းကျဲထံမှပေါက်ကွဲမှုအားကိုခုခံနိုင်လိမ့်မည်။
"ဘုန်း .. ဘုန်း ."
ကြီးမားလေးလံသော စွမ်းအင်မြင့် ပေါက်ကွဲမှု၂ခုက ယွမ်ရှင်းကျဲ၏လက်နက်များထံမှပြေးထွက်လာခဲ့သည်။ ထိုသို့မပစ်ခတ်ခင်တွင် ယွမ်ရှင်းကျဲသည် တည်နေရာချိန်ရွယ်မှုကိုအနည်းငယ်ပြောင်းလဲခဲ့ကြောင်းမည်သူမျှသတိမထားမိခဲ့ချေ။
ဟဲ့ဟောင်မင်၏ဒိုင်းကာပွင့်လုဆဲဆဲတွင် လူတိုင်းက ယွမ်ရှင်းကျဲ၏ပစ်ခတ်မှုမှာ တားဆီးခံရမည်ဟုထင်နေကြချိန်တွင် ထိုစွမ်းအင်မြင့်ပေါက်ကွဲမှုအလင်းတန်းနှစ်ခုမှာ ဟဲ့ဟောင်မင်၏ဒိုင်းကာကိုဖောက်ထွင်းလျက် မက်ခါ၏ရင်ဘတ်ကိုတိုက်ရိုက်ထိမှန်သွားတော့သည်။
အတိအကျပြောရလျှင် ယွမ်ရှင်းကျဲ၏လက်နက်နှစ်ခုမှာ ဒိုင်းကာဖွင့်ပြီးသား မုန်တိုင်းမက်ခါကိုအပြည့်အ၀ထိမှန်သွားခဲ့တာပင်။ ထိုပစ်ခတ်မှုပြီးနောက် ကွင်းပြင်ပရှိပရိတ်သတ်များမှာတမဟုတ်ချင်းတိတ်ဆိတ်သွားတော့သည်။
စုကျီနန်၏မျက်လုံးများပြူးကျယ်သွားခဲ့သည်။ ကြယ်တံခွန်မက်ခါမောင်းနှင်သူအနေနှင့် ထိုလက်နက်နှစ်ခုမှာ မည်မျှ ပြင်းထန်လှကြောင်းသူပြောနိုင်သည်ပင်။ ထိုပေါက်ကွဲမှုအလင်းတန်းနှစ်ခုက သူ့မျက်လုံးအိမ်တွင်အလင်းပြန်လျက် ကြောက်ရွံ့လာစေသည်။
ခတ္တမျှကြာပြီးနောက် တအံ့တသြဖြင့်တီးတိုးရေရွတ်သံများညံလာခဲ့သည်၊
"သေစမ်း၊ ဟဲ့ဟောင်မင်ကိုထိသွားတာလား"
"သူဒိုင်းကာကိုဖွင့်လိုက်နိုင်တယ်မဟုတ်ဘူးလား"
"ယွမ်ရှင်းကျဲသူ့ကိုဘယ်လိုများထိအောင်ပစ်လိုက်တာလဲ"
"ဒါလုံး၀မဖြစ်နိုင်ဘူး၊ သိပ္ပံနည်းမကျလိုက်တာ"
ဟဲ့ဟောင်မင်ကိုယ်တိုင်ပင်လျှင် မိမိမှာ ယွမ်ရှင်းကျဲဆီကအပစ်ခံရမည်ဟုမထင်ထားချေ။ ပြင်းစွာသောနာကျင်မှုက သူ၏ရင်ခေါင်းမှလှိုက်တက်လာတော့သည်။
မက်ခါအတွက်စွမ်းအင်ထုတ်လုပ်ပေးနေသော မိုက်ခရိုနျူကလီးယားစွမ်းအင်စက်မှာလည်း တချိန်တည်းမှာအပစ်ခံလိုက်ကာ အရေးပေါ်အခြေအနေကိုကျရောက်သွားတော့သည်။
မုန်တိုင်းမက်ခါ၏ စွမ်းအင်မီးမှာတဖြတ်ဖြတ်နှင့် ဟဲ့ဟောင်မင်၏အခြေအနေမှာမတည်ငြိမ်နိုင်တော့ချေ။ အက်ရှလေမှမျက်လုံးအပြူးသားဖြင့်ခယ့်လိုင်ကိုကြည့်လိုက်ကာ
"ရှောင်လိုင် မင်းသေချာမြင်လိုက်ရဲ့လား၊ယွမ်ရှင်းကျဲရဲ့လက်နက်ကဘယ်လိုလုပ် ဟယ့်ဟောင်မင်ရဲ့ မက်ခါကိုထိအောင်ပစ်နိုင်ရတာလဲ၊ ဟယ့်ဟောင်မင်က ဒိုင်းကာကိုဖွင့်လိုက်တယ်လေ"
70.2
Sအဆင့် ကြယ်တံခွန်မက််ခါမောင်းနှင်သူတစ်ယောက်အနေနှင့် ခယ့်လိုင်မှာ အေ၀းရှိမက်ခါပစ်ခတ်မှုများကိုကောင်းစွာခွဲခြားသိမြင်နိုင်သည်၊ သူ၏မျက်လုံးထဲမှ အံ့အားသင့်မှုကိုမဖယ်ပစ်နိုင်ခင် သူကအငေးသားဖြင့်ဆိုလာခဲ့သည်။
"ယွမ်ရှင်းကျဲရဲ့ လက်နက်တွေက ဒိုင်းကာတွေကို တုန့်ပြန်မှုမရှိသလိုပဲ"
"မဖြစ်နိုင်တာ"
အက်ရှလေကမျက်မှောင်ကျုံ့လိုက်သည်။
"မုန်တိုင်းဒိုင်းကာက ဘယ်လိုပဲဖြစ်ဖြစ် ခုခံနိုင်ရမှာလေ"
"ငါပြောချင်တာက ယွမ်ရှင်းကျဲက အားနည်းချက်ကိုရှာတွေ့သွားတာ"
ခယ့်လိုင်ရုတ်ချည်းတက်ကြွလာတော့သည်။
"သူက ဟယ့်ဟောင်မင်ဒိုင်းကာကိုဖွင့်လိုက်တဲ့အချိန်မှာ တဖက်လူရဲ့အားနည်းချက်ကိုရှာတွေ့သွားတာ အဲဒီအခွင့်အရေးကိုအမိအရအသုံးချပြီး ဒိုင်းကာနှစ်ခုကိုကျော်ပြီးပစ်လိုက်နိုင်တာ"
ခဲ့လိုင်မှာ ကွင်းထဲရှိမက်ခါနှစ်စီးကိုကြည့်လျက် မနေနိုင်ပဲ ချီးကျူးမိလိုက်ရသည်။
"သူကတကယ့်ဥာဏ်ကြီးရှင်ပဲ"
ဘေးမှလော့၀မ်ချွမ်း၏အသံကဖြတ်ပြောလာခဲ့သည်။
"ပွဲပြီးပြီ"
ဟယ့်ဟောင်မင်၏မက်ခါမှာအပစ်ခံလိုက်ရပြီ။ ယွမ်ရှင်းကျဲကသူ့ကိုတုန့်ပြန်ရန်အခွင့်အရေးတစ်ခုမျှမပေးခဲ့ချေ။ ဟယ့်ဟောင်မင်၏မက်ခါအားတရစပ်ပစ်ခတ်လျက်တမဟုတ်ချင်းနိဂုံးချုပ်ပစ်လိုက်ချင်းပင်။
ဟယ့်ဟောင်မင်မှာသူ၏ဒိုင်းကာကိုဖွင့်ချင်ခဲ့သော်လည်း နာကျင်မှုကြောင့် လှုပ်ပင်မလှုပ်နိုင်တော့ချေ။ ထိုနာကျင်မှုထက်စာလျှင် နှလုံးသားထဲမှကြောက်ရွံ့မှုကပို၍ကြီးမားလေသည်။
ယွမ်ရှင်းကျဲသူ့အားမည်သို့ထိအောင်ပစ်ခဲ့ပါသနည်း။
ဟယ့်ဟောင်မင်၏မုန်တိုင်းမက်ခါအားနောက်ဆုံးတစ်ချက်ပစ်ခတ်လျက် အလင်းဓါးဖြင့်ပိုင်းချပြီးသည့်နောက် ယွမ်ရှင်းကျဲ၏နှုတ်ခမ်းထောင့်လေးကွေးတက်သွားခဲ့သည်၊
ဟယ့်ဟောင်မင်က ရှောင်ချင်ခဲ့သော်လည်း သူ၏မက်ခါမှာ အပျက်အစီးများလှသဖြင့် မျှချေမညီတော့ပဲ မြေပြင်ပေါ်လဲကျသွားတော့သည်၊
ကြီးမားသော မုန်တိုင်းမက်ခါကြီးမြေပြင်ပေါ်လဲကျသွားလျှင် တုန်ခါသံကြီးဖြင့်ဖုန်များတထောင်းထောင်းထသွားခဲ့သည်။ ပွဲကြည့်စင်မှလူများမှာ ဤပြောင်းပြန်လှန်နေသောမြင်ကွင်းကြောင့် အကြောင်သားကြည့်နေမိကြတော့သည်၊
ဒိုင်များမှာအကြောင်သားငေးနေရာမှ အလျှင်အမြန် စက္ကန့်ကိုရေတွက်ရတော့သည်၊ ဟဲ့ဟောင်မင် မည်မျှပင်ပြန်ထစေချင်ကာမူ ထိုမျှကြီးမားစွာပျက်ဆီးနေသော သတ္တုမက်ခါကြီးကိုထိန်းချုပ်နိုင်ရန်အခွင့်အလမ်းမရှိဆော့ချေ။
ဆယ့်စက္ကန့်ကျော်လွန်သွားပြီးနောက် ဒိုင်မှ ယွမ်ရှင်းကျဲအနိုင်ရရှိကြောင်းကြေညာပေးလိုက်တော့သည်။
ဟဲ့ဟောင်မင်မက်ခါတွင်းမှထွက်လာလျှင် သူ၏တကိုယ်လုံးမှာချွေးများစိုရွှဲလျက်။
သူ၏ပြာနှမ်းနေသောမျက်နှာက အသက်ကိုပြင်းပြင်းရှူလျက် ယွမ်ရှင်းကျဲအားမုန်းတီးစွာကြည့်လိုက်သည်။ သို့သော်အဆုံးတွင်တော့သူသည် အံကိုကြိတ်ကာ မမေးပဲမနေနိုင်ခဲ့ချေ။
"မင်း...သောက်ကျိုးနည်း...ဘယ်လိုများပစ်ခဲ့တာလဲ"
"အဲဒါလား..."
ယွမ်ရှင်းကျဲ မျက်ခုံးကိုပင့်လျက် သူ့အား ကြည့်လိုက်သည်။
"ဘယ်တစ်ခုလဲ၊ မင်းတိုက်ခိုက်မှုကိုတားလိုက်တာကိုလား၊ ငါမင်းကိုလဲအောင်ပစ်ချလိုက်တာကိုလား"
ဟယ့်ဟောင်မင်မှာလှောင်ပြောင်ခံရသောခံစားချက်ကြောင့်လက်သီးကိုတင်းဆင်းဆုပ်လိုက်သည်။
သူ၏ကိုယ်ကနာကျင်နေသည့်တိုင် သူကတည်ငြိမ်စွာရပ်လျက်ဆိုလိုက်သေးသည်။
"မင်းရဲ့အမှုန်စွမ်းအင်လက်နက်တွေ ၊ ငါ့ကိုဘယ်လိုထိသွားတာလဲ..."
"သြော်အဲဒါကိုမေးတာလား"
ယွမ်ရှင်းကျဲက ဟယ့်ဟောင်မင်အားပေါ့ပေါ့ပါးပါးကြည့်လျက် သူ၏လက်ကိုမြှောက်ကာ သေနတ်ပစ်လိုက်ဟန်လေးလုပ်ပြလိုက်သည်။
"ဒီတိုင်းပဲလေ"
အမှန်တော့သူက ဟယ့်ဟောင်မင်မက်ခါဒီဇိုင်း၏အားနည်းချက်ကိုအခွင့်ကောင်းယူခဲ့ရုံသာ။
ဒိုင်းကာနှစ်ခုကိုမြှောက်ရာတွင် မဆိုစလောက်လေးအချိန်ကွာခြားမှူရှိခဲ့သည်။
သူ၏လေသံမှာအလွန်တရာမှမထီမဲ့မြင်မှုများနှင့် ပြည့်နှက်နေကာ ဟယ့်ဟောင်မင်မှာ စိတ်တိုလွန်းသဖြင့် ယွမ်ရှင်းကျဲအားပေါက်ထွက်မတက်စိုက်ကြည့်ရင်း
"မင်းကိုယ်မင်း သိပ်အထင်ကြီးမနေနဲ့၊ ငါကသတိနည်းနည်းလွတ်သွားလို့ပါ။ ယွမ်ရှင်းကျဲ ဒီအကြွေးကိုငါမှတ်ထားမယ်"
"မင်းလိုSအဆင့်ကစားသမားက Bအဆင့်ကစားသမားကိုမှတ်ထားမယ်တဲ့လား"
ယွမ်ရှင်းကျဲမျက်ခုံးပင့်လိုက်သည်။
"ငါသာမင်းနေရာမှာဆိုခုလိုရပ်နေရမှာတောင်အတော်ရှက်မှာ"
ဟယ့်ဟောင်မင်မှာ ယွမ်ရှင်းကျဲ၏စကားလုံးများကြောင့် ဒေါသထွက်လွန်း၍တကိုယ်လုံးပင်တုန်လာခဲ့သည်။ သူ၏ဖြူဖျော့နေသောမျက်နှာဖြင့် ယွမ်ရှင်းကျဲအားရွံရှာစွာကြည့်လျက်
"ယွမ်ရှင်းကျဲမင်းကငါ့ကိုနိုင်တယ်ဆိုရင်တောင် မင်းကသောက်ကျင့်မကောင်းတဲ့ အိုမီဂါပဲ၊ မင်းကိုကြိုက်မယ့်လူရှိမယ်ထင်လား၊ မင်းသာစုကျီနန်ကိုချောက်မချရင် သူ့အမှတ်ကမင်းထက်ပိုကောင်းဦးမှာ..."
ယွမ်ရှင်းကျဲမှာမူ ဟယ့်ဟောင်မင် ရူးနေသည်ဟုသာခံစားမိကာ
"မင်းစုကျီနန်ကိုဘာလို့အရမ်းတွေထောက်ခံနေတာလဲ၊ ငါတကယ်ကိုနားမလည်တာ..."
"သူကကြင်နာတတ်တယ်၊ ငါ့ကိုအမြဲတမ်းကူညီပေးတယ်၊ မင်းဘာသိလို့လဲ"
ဟယ့်ဟောင်မင်က ယွမ်ရှင်းကျဲအားမုန်းတီးစွာကြည့်လျက်
"ငါသိသားပဲ မင်း.ကစုကျီနန်ကမင်းထက် ထောက်ခံတဲ့သူပိုများလို မနာလိုဖြစ်နေတာ၊ ကံမကောင်းတာက သူအနားယူသွားရင်တောင် သူ့ကိုထောက်ခံတဲ့သူအများကြီးရှိဦးမှာပဲ၊ မင်းဆီကိုတော့ရောက်မလာဘူးကွ..."
ဟယ့်ဟောင်မက်စကားမဆုံးခင်မှာပင် ကျယ်လောင်သောလက်ခုပ်သံတို့ကာ သူ့စကားကိုဖုံးလွှမ်းသွားခဲ့သည်။ ယွမ်ရှင်းကျဲရုတ်ချည်းတန့်သွားကာ ပွဲကြည့်စင်များထံမော်ကြည့်လိုက်မိတော့သည်။
ဒိုင်များမှာ ပြိုင်ပွဲရလဒ်ကိုကြေညာပြီးဖြစ်ပုံပင်။
ယွမ်ရှင်းကျဲမှာ ဆယ်ပွဲဆက် ရှုံးပွဲမရှိစံချိန်ကိုယူထားသော သုံးယောက်မြောက်ကစားသမားဖြစ်လာချေပြီ၊ ၄င်းကြောင့်ပင် အားပေးသံများညံနေခဲ့ခြင်းဖြစ်သည်။
xxxxx