Chapter 71
"မိုက်ချက်ပဲ ယွမ်ရှင်းကျဲကဆယ်ပွဲဆက်နိုင်သွားပြီကွ"
"ယွမ်ရှင်းကျဲကအတော်ဆုံးပဲ၊ ရှေ့လျှောက်ဒီထက်ပိုကောင်းကောင်းလုပ်နိုင်ဖို့အားပေးနေမယ်နော်"
"ပထမနှစ်မှာယွမ်ရှင်းကျဲကအတော်ဆုံးပဲဟ၊သူကအိုမီဂါလည်းဖြစ်လိုက်သေး၊ အံ့သြစရာပဲ"
"ယွမ်ရှင်းကျဲနိုင်ငံအဆင့်ပြိုင်ပွဲမှာလည်းဆက်ကြိုးစားပါ"
"ယွမ်ရှင်းကျဲက မက်ခါဌာနရဲ့ ဂုဏ်ဆောင်ပဲကွ"
"မင်းရဲ့နတ်ဘုရားကြောင်ကိုခေါ်ပြီး နိုင်ငံပြိုင်ပွဲအထိတက်သွားလိုက်ကွာ"
အသံအများစုမှာ မက်ခါဌာနမှ အတန်းEမှသူများနည်းတူ အိုမီဂါများဖြစ်သည်။ သူ၏ယခင်ပြိုင်ပွဲများမှ သူ၏ပုရိတ်သတ်များဖြစ်လာသူများလည်းရှိလေသည်။ ယခင်က ယွမ်ရှင်းကျဲကိုသိပ်မကြည်သော မက်ခါဌာနမှအယ်လ်ဖာများသည်ပင်လျှင် ယွမ်ရှင်းကျဲအတွက် သောင်းသောင်းဖျဖျအားပေးနေကြတော့သည်။
ပါတ်ပါတ်လည်မှချီးကျူးသံအများအပြားက ယွမ်ရှင်းကျဲ၏နားထဲ၀င်လာခဲ့သည်။ ပန်းများနှင့် မီးရှူးမီးပန်းများမှာလည်းအကာအကွယ်အလွှာပေါ်၌မိုးရွာသကဲ့သို့ပင် ။ ၄င်းမှာ ရှင်းဟိုင်တက္ကသိုလ်ဌာနပေါင်းစုံမှ ကျောင်းသားများက သူ၏ကြိုးကြိုးစားစားယှဥ်ပြိုင်မှုရလဒ်အတွက် အားပေးကြခြင်းပင်။
၄င်းမှာ ယခုလေးတင် ခယ့်လိုင်ကိုဆက်ဆံပုံထက်ပင် ပို၍ခမ်းနားလေသည်။
"၀ါး ငါယွမ်ရွှယ်တိကိုတကယ်ပဲမနာလိုဖြစ်မိတယ်"
ခယ့်လိုင်မှာ ဘေးပါတ်၀န်းကျင်မှသြဘာပေးသံများကိုနားထောင်ရင်း ဆိုလိုက်သည်။
"သူနိုင်တာကို ငါနိုင်တာထက်တောင် ပိုအားပေးနေကြသေးတယ်"
"ဒါပေါ့" အက်ရှလေမှာကွင်းလယ်မှလူငယ်လေးအား စိုက်ကြည့်ကာ ပြုံးလျက်ဆိုလိုက်သည်။
"ဒီပန်းတွေနဲ့ လက်ခုပ်သံတွေကယွမ်ရှင်းကျဲရဲ့ ကြိုစားမှုကိုအသိအမှတ်ပြုတာပဲ၊ သူကစံချိန်ကိုချိုးခဲ့တဲ့ အိုမီဂါလေးပဲလေ၊ အရင်ကတည်းက ရှင်းဟိုင်မက်ခါပြိုင်ပွဲနဲ့ တခြားပြိုင်ပွဲတွေက အယ်လ်ဖာတွေချည်းကြီးစိုးလာတာ၊ မနှစ်ကဆို စုကျီနန်အရံလူလေးဖြစ်ရုံနဲ့တောင် မိုးပွင့်မတတ်အားပေးကြသေးတာ၊ ယွမ်ရှင်းကျဲက ဆယ်ပွဲဆက်ရှုံးပွဲမရှိစံချိန်ချိုးရုံတင်မကဘူး၊ ကျောင်းအသင်းရဲ့တရား၀င်ကစားသမားတောင်ဖြစ်လာသေးတယ်၊"
ယွမ်ရှင်းကျဲမှာ ပါတ်ပါတ်လည်မှ အော်ဟစ်အားပေးသံများနှင့် တက်ကြွမှုများဆီမှကူးစက်ခံလိုက်ရတော့သည်။ ထိုအခိုက်အတန့်တွင် ပွဲကြည့်စင်ပေါ်မှအိုမီဂါအများအပြားကသူ့အား လေးစားအားကျသော မျက်၀န်းများဖြင့် ကြည့်နေကြသည်ကိုသတိထားမိလိုက်သည်။
သူ၏အောင်ပွဲမှာ လူတိုင်းအတွက်မျှော်လင့်ချက်များဆောင်ကျဥ်းပေးလိုက်သကဲ့သို့၊ ထိုမြင်ကွင်းကိုမြင်လိုက်ရသော ဟယ့်ဟောင်မင်မှာ နှလုံးသားထဲ ရှုပ်ထွေးသောခံစားချက်များဖြစ်ပေါ်လာတော့သည်။
လူတိုင်း၏ကျယ်လောင်သောလက်ခုပ်သံများက သူ့၏မျက်နှာကိုဖြတ်ရိုက်လိုက်သည့်နှယ်၊ ယွမ်ရှင်းကျဲမှာ စုကျီနန်ထက်ထောက်ခံသူပိုများပြားလှကြောင်း သိသာလွန်းနေခဲ့သည်။
ယွမ်ရှင်းကျဲလက်ကိုမြှောက်လျက် အားပေးသံများကိုတုန့်ပြန်လိုက်သည်။ တောက်ပသော စက္ကူစလေးများ၊ နှင်းပွင့်လေးများ၊နှင့် ပွင့်ဖတ်ဘေးများက အေးစက်သော ပြိုင်ပွဲကွင်းပြင်၏အကာအကွယ်မျက်နှာပြင်ပေါ်တွင် ပုံပြင်တစ်ခုနှယ်ရွာကျလျက်။
ထိုရောင်စုံလှသောအောင်ပွဲခံမှုကြီးတွင် ယွမ်ရှင်းကျဲမှာ အထက်နားတွင်ရပ်နေသူတစ်ဦးကိုရှာတွေ့သွားခဲ့သည်။
သူတို့၏နှလုံးသားများမှာဆက်နွယ်နေသည့်နှယ်၊ မျက်၀န်းတို့ကချက်ချင်းအကြည့်ဆုံသွားခဲ့သည်။ ေ၀းကွာလွန်းနေသည်မို့ ယွမ်ရှင်းကျဲမှာ လော့၀မ်ချွမ်း၏မျက်နှာအမူအယာကိုမမြင်နိုင်ချေ။ သို့သော်လော့၀မ်ချွမ်းကမူသူ့အား တိုက်ရိုက်ထုတ်လွှင်းခြင်းမှတဆင့်ကြည့်နေကြောင်းသူခံစားမိသည်။
ထို့ကြောင့်သူကပြုံးလျက် သူ၏နှုတ်ခမ်းပါးတို့မှ
'စီနီယာလော့'ဟုအသံလေးပြုလိုက်သည်။ သူသည်လော့၀မ်ချွမ်း၏မျက်နှာကိုမမြင်နိင်သလို အသံကိုလည်း မကြားနိုင်သော်လည်း လော့၀မ်ချွမ်း၏ရင်ထဲမှပျော်ရွှင်မှုကိုခံစားနိုင်သည့်နှယ်"
ထိုအောင်ပွဲခံမှုမှာ မိနစ်အနည်းငယ်အထိကြာမြင့်လေသည်။ အဆုံးတွင် ယွမ်ရှင်းကျဲနှင့်ဟယ့်ဟောင်မင်က ပြိုင်ပွဲကွင်းပြင်မှအတူထွက်ခွာသွားတော့သည်။
ထိုအချိန်တွင်လော့၀မ်ချွမ်းတစ်စုံတစ်ခုကိုရုတ်ချည်းသတိရသွားခဲ့သည်။
သူကအိတ်ကပ်ထဲသို့လက်နှိုက်လိုက်သော်လည်း ယွမ်ရှင်းကျဲကမူထွက်သွားနှင့်ချေပြီဖြစ်သည်။ ဆုံး ရှုံးလိုက်ရသောခံစားမှုလေးက သူ၏မျက်လုံးထဲဖြတ်ပြေးသွားခဲ့သည်။
ဟယ့်ဟောင်မင်မှာရှုံးနိမ့်မှုကြောင့်လွန်စွာစိတ်ဓါတ်ကျနေတော့သည်။
စုကျီနန်၏အတွေ့အကြုံကိုတွေးမိလျှင် ယွမ်ရှင်းကျဲကိုပိုမိုမုန်းတီးမိတော့သည်။ ယွမ်ရှင်းကျဲကရုတ်ချည်းဟယ့်ဟောင်မင်ကိုလှည့်ကြည့်လျက်
"ကန်ချန်းကုမ္မဏီကမက်ခါပြုပြင်ရေး၀န်ဆောင်မှုရှိတယ်မဟုတ်လား၊ မင်းသွားတွေ့သင့်တယ်ထင်တယ်"
ဟယ့်ဟောင်မင်မှာနှုတ်ခမ်းကိုတင်းတင်းစေ့လျက်
"မင်းဘာမှလာပူနေစရာမလိုဘူး"
"မင်းမက်ခါကိုပုံမှန်၀န်ဆောင်မှုတွေမှာပဲ အပ်တာဆိုရင်"
ယွမ်ရှင်းကျဲအနည်းငယ်တွေးတောလျက်
"မင်းပြသနာကဘာများလဲ"
ဟယ့်ဟောင်မင်မှာ ယွမ်ရှင်းကျဲကစုကျီနန်ကိုလှောင်ပြောင်နေသည်ဟုထင်လျက်
"ယွမ်ရှင်းကျဲ မင်းအပြောအဆိုဆင်ခြင်ပေးလို့ရမလား၊ ငါ့မက်ခါကိုစုစုကသေချာအပ်ပေးထားတာကွ"
ယွမ်ရှင်းကျဲကသူ့ကိုလျစ်လျူရှုလိုက်သည်။
ကွင်းပြင်မှထွက်လိုက်သည်နှင့် ယွမ်ရှင်းကျဲကိုလာကြိုသောကျောင်းသားအုပ်ကြီးဖြင့် ၀န်းရံခံလိုက်ရတော့သည်။ မနှစ်က စုကျီနန်လည်းဤသို့ကြုံရသည့်တိုင် ယွမ်ရှင်းကျဲလောက်တော့ အုံးအုံးကျွတ်ကျွတ်မဖြစ်ခဲ့ချေ။ဟယ်ဟောင်မင်မှာဒေါသတကြီးဆူပူချင်ခဲ့သည်။
71.2
"ယွမ်ရှင်းကျဲ မင်းဟယ့်ဟောင်မင်ရဲ့ မက်ခါကိုဘယ်လိုပစ်ချခဲ့တာလဲ"
"ဟုတ်တယ်၊ မင်းသူ့ရဲ့မက်ခါကဒိုင်းကိုဘယ်လိုမျိုးကျော်ပစ်နိုင်တာလဲ"
"မင်းက S+အဆင့်ကစားသမားကိုတောင်အနိုင်ယူခဲ့တာဆိုတော့မင်းကတကယ် Bအဆင့်ကစားသမားဟုတ်ရဲ့လား"
မျိုးစုံသောမေးခွန်းတို့က ယွမ်ရှင်းကျဲ၏ရလဒ်ကို လူအများမည်မျှအံ့သြတကြီးဖြစ်နေကြောင်း ဖော်ပြနေခဲ့သည်။
ယွမ်ရှင်းကျဲမှာလူအများထံမှ ၀န်းရံခံနေရတာကိုမြင်လျှင် ဟယ့်ဟောင်မင်မှာပို၍ပင်မကျေမနပ်ဖြစ်လာတော့သည်။ ဤလူမှာစုကျီနန်ကိုမည်သို့ယှဥ်နိုင်မည်နည်း။ သူကလှည့်ထွက်သွားရန်ပြင်လိုက်သည်၊
ထိုစဥ် ကျောင်းသားတစ်ယောက်ကမေးလာခဲ့သည်။
"ယွမ်ရှင်းကျဲ ဟယ့်ဟောင်မင်က ယွမ်မိသားစုရဲ့ မုန်တိုင်းမက်ခါကိုသုံးခဲ့တာကြောင့် သူ့အားနည်းချက်ကိုသိပြီး အနိုင်ယူခဲ့တာလား"
အလွန်ကျယ်လောင်သောအသံပေမို့ မီတာအကွာအေ၀းတချို့ကပင်လျင်သု့အသံကိုကြားနိုင်လေသည်။ထိုမေးခွန်းကိုကြားသည်နှင့်ပါတ်ပါတ်လည်မှလူများလည်းတိတ်ဆိတ်သွားတော့သည်။ သူတို့သည်လည်း ဟယ့်ဟောင်မင်မက်ခါမှ အစိတ်အပိုင်းများတွင် ယွမ်မိသားစု၏ တံဆိပ်အမှန်တကယ်ပါ၀င်နေကြောင်းသတိထားမိလေသည်။
"ဟုတ်တယ်၊ ဟယ့်ဟောင်မင်ရဲ့မက်ခါက ယွမ်မိသားစုရဲ့ထုတ်ကုန်ပဲ၊"
"အဲလိုဆိုရင်တောင်S+အဆင့်ကို B-အဆင့်ကနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးမလား"
တစ်ယောက်ယောက်က ထွက်သွားခါနီးဟယ့်ဟောင်မင်ထံ မေးခွန်းကိုပုတ်ထုတ်လိုက်တော့သည်။
"ဟယ့်ဟောင်မင် မင်းဘယ်လိုထင်လဲ"
ဟယ့်ဟောင်မင်မှာထိုစကားကိုကြားလျှင် ငါးစက္ကန့်ခန့်မတုန့်ပြန်မိချေ။ ထို့နောက်တွက်သူကအံ့အားသင့်သွားခဲ့သည်။ သူကယွမ်ရှင်းကျဲအားမယုံနိုင်စွာကြည့်လျက်
"မင်းရဲ့မက်ခါပစ္စည်းတွေလား ၊ ကန်ရှန်းကုမ္မဏီကမင်းကုမ္ပဏီပေါ့"
ယွမ်ရှင်းကျဲက မျက်လုံးကိုပင့်လျက်သူ့ကိုကြည့်လိုက်ပြီး
"ဟုတ်တယ်"
ဟယ့်ဟောင်မင်မှာ အစွန်အဖျားကြယ်လေးမှလာသူဖြစ်ရာ နာမည်ကြီးကုမ္ပဏီဟူ၍ ကန်ရှန်းကုမ္ပဏီကိုသာသိလေသည်။
သူသည် ကြားသာကြားဖူးကာ ထိုကုမ္ပဏီမှထုတ်ကုန်များကိုမသုံးဖူးခဲ့ချေ။စုကျီနန်သာ သူ့အတွက် အစိတ်အပိုင်းတချို့ရောင်းခဲ့တာမဟုတ်လျှင် သူသည်ထိုစျေးကြီးသောပစ္စည်းကိုသုံးဖြစ်လိမ့်မည်မဟုတ်။
ထို့အပြင် ပြိုင်ပွဲများပြိုင်ပြီးပိုက်ဆံရှာဖို့သာစိတ်အားထက်သန်နေသောသူ့မှာ ပထမနှစ်မှလူသစ်ကကန်ချန်းကုမ္ပဏီ၏အကြီးဆုံးသခင်လေးမှန်းမသိခဲ့ချေ။
ထိုစဥ်မှာပင်စုကျီနန်မှာရောက်ရှိလာခဲ့သည်။ သူကလူအုပ်ထဲမှာ ဟယ့်ဟောင်မင်အား လက်ယမ်းကာ နှုတ်ဆက်လိုက်ပြီး
"စီနီယာဟောင်မင် သွားရအောင်"
ဟယ့်ဟောင်မင်၏ရှုံးနိမ့်ခြင်းကိုသူကမကျေနပ်လှသော်လည်း သူ့တွင်တခြားနည်းလမ်းမရှိချေ။
ကျောင်းတွင်သူ့ကိုထောက်ခံသည်မှာ ဟယ့်ဟောင်မင်သာရှိတော့သည်။ ဟယ့်ဟောင်မင် အသက်ကိုပြင်းစွာရှူလိုက်သည်။ သူသည်ဤမတော်တဆကြောင့်အံ့သြမိသေည်လည်း ၄င်းအစိတ်အပိုင်းများမှာ စုကျီနန်၀ယ်လာခြင်းဖြစ်ရာ ၄င်းတို့မှာယွမ်မိသားစုမှဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အရေးမပါတော့။ သူကယွမ်ရှင်းကျဲအား အေးစက်စွာကြည့်ကာ
"ဒီလိုဆိုရင်တောင် အဲဒါတွေကို ငါ့ကို စုစု၀ယ်ပေးတာ မင်းရဲ့ ယွမ်မိသားစုနဲ့မဆိုင်ဘူး"
"စုကျီနန်ကမင်းအတွက်၀ယ်ပေးတာဟုတ်လား"
လုရန်ရှုကလူအုပ်ကြားမှတိုးထွက်လာလျက်မေးလိုက်သည်။ သူကဟယ့်ဟောင်မင်အားအေးစက်စွာကြည့်လျက်
"ငါထင်တာမမှားရင် အဲဒါတွေကို စုကျီနန်က ချီယုဆီကနေအလကားရလာတာပါ"
စုကျီနန်မျက်နှာမှာ တမဟုတ်ချင်းပြောင်းလဲသွားလျက် လုရန်ရှုနှင့် ဟယ့်ဟောင်မင်အား စိတ်လှုပ်ရှားစွာကြည့်လိုက်ပြီး သူ၏လက်ချောင်းများမှာတုန်ရီလာခဲ့သည်။
"မင်းလာတွေပြောနေတာလဲ အဲဒါတွေကို စုစုကငါ့ကို ၆၀၀၀၀၀ကနေ၇၀၀၀၀၀ကြားလျှော့စျေးနဲ့ရောင်းပေးခဲ့တာ၊ သူကငါ့ကိုကူညီတာတင်ကြင်နာလွန်းနေပြီ၊သူကဘယ်လိုလုပ်ချီယုဆီကအလကားယူရမှာလဲ"
"၆၀၀၀၀၀ကနေ ၇၀၀၀၀၀ကြားဟုတ်လား" တခြားတဖက်မှအသံတစ်စထွက်လာခဲ့သည်။ ထိုသူမှာချီယုပင်။ သူရောက်ရောက်လာချင်းကြားရသောစကားများက သု့နားကိုပင်မယုံနိုင်ဖြစ်စေသည်။
သူကမျက်မှောင်ကျုံ့လျက် စုကျီနန်ကိုကြည့်လိုက်ကာ
"စုကျီနန်မင်းပြောတော့ ဒီအသုံးမလိုတာတွေကို ငါ့အတွက် ဟယ့်ဟောင်မင်ဆီ ၃၀၀၀၀၀နဲ့ရောင်းပေးခဲ့တာဆို ၊ မင်းငါ့ကိုလိမ်နေခဲ့တာပေါ့"
စုကျီနန်မှာပါးစပ်ကိုဖွင့်လျက်ခုခံရန်ကြိုးစားလိုက်သည်။
"မဟုတ်ဘူး..ငါ..ငါ မှားတွက်မိတာဖြစ်မယ်"
"၃၀၀၀၀၀ဟုတ်လား" ဟယ့်ဟောင်မင်မှာ စုကျီနန်၏အဖြေကြောင့်အံ့အားသင့်သွားခဲ့သည်။
သူ၏လေသံမှာမယုံနိုင်မှုများဖြင့်
"စုကျီနန်ငါမင်းကို ကြယ်ဒင်္ဂါး၆၉၀၀၀၀လွှဲပေးခဲ့တယ်လေ၊ အဲဒါက ငါစုထားသမျှအကုန်ပဲ"
စုကျီနန်မှာဟယ့်ဟောင်မင်ကိုပင်မကြည့်တော့ပဲ ကျောခိုင်းလျက် ရွံ့ရှာစွာဆိုလိုက်သည်။
"မင်းကို၆၉၀၀၀၀နဲ့ရောင်းတာတင်တော်လှပြီ၊ မင်းမှာဘာအရှုံးရှိလို့လဲ"
ထို့နောက်ရုတ်ချည်း သူစကားမှားပြောမိခြင်းကိုသိလိုက်ရကာ ပါးစပ်ကိုအမြန်ပိတ်လိုက်မိတော့သည်။
xxxxx