Chapter 72
ချီယုအံကိုကြိတ်လျက် "စုကျီနန် မင်းအရှက်မရှိတဲ့လူလိမ် "
စုကျီနန်မှာရှက်ရွံ့မှုကြောင်မျက်နှာမှာ နီရာမှဖြူသွားခဲ့သည်။ ဘေးပါတ်ပါတ်လည်မှမျက်၀န်းများမှာ သူ့အား ရေခဲအကျဥ်းထောင်ထဲဖမ်းချုပ်ခံထားရသကဲ့သို့ ခံစားရစေသည်။
လုရန်ရှုမှာ ချီယု၏မျက်နှာမှာထူလွန်းလှသည်ဟုခံစားမိလျက် ထေ့ငေါ့လိုက်သည်။
"မင်းကရော အရင်တုန်းကကျ ယွမ်ရှင်းကျဲကို မုန်တိုင်းမက်ခါအတွက် အစိတ်အပိုင်းတွေတောင်းနေခဲ့တာလေ မင်းကရော စုကျီနန်ထက်ဘာများပိုကောင်းနေလို့လဲ"
လုရန်ရှု၏စကားကိုကြားလျှင်လူအုပ်ကြီးမှာအခြေအနေကိုချက်ချင်းသဘောပေါက်သွားခဲ့သည်။ ချီယု ဟယ့်ဟောင်မင်နှင့် စုကျီနန်ကိုကြည့်နေသောသူတို့၏အကြည့်များမှာ ရွံရှာမှုများဖြင့်ပြည့်နှက်လျက်။
"သေစမ်း စားစရာဖရဲစေ့တွေကျန်နေသေးတာပဲဟ"
"အမေရေ၊ စုကျီနန်က၆၉၀၀၀၀ကို ၃၀၀၀၀၀လို့လိမ်ခဲ့တာပေါ့၊ သူဘယ်လောက်များများအိတ်ကပ်ထဲထည့်ထားလိုက်တာလဲ"
"စုကျီနန်ကကြားက ကြယ်င်္ဒါး သိန်းဂဏန်းကျော်မြတ်သွားတာပဲ မိုက်လိုက်တာ"
"တကယ့်လက်ဖက်စိမ်းမပဲ၊ သူကနှစ်ဖက်လုံးကိုလိမ်နေခဲ့တာကိုး"
"ချီယုလည်းတကယ့်ရွံစရာပဲ၊ အဲဒီတုန်းကယွမ်ရှင်းကျဲကသူ့ရဲ့သူတို့သားလောင်းဖြစ်နေတုန်းပဲ၊ အဲဒါကိုယွမ်ရှင်းကျဲပေးထားတဲ့ပစ္စည်းတွေကိုသူများကိုပြန်ရောင်းပစ်တယ်"
"ဟယ့်ဟောင်မင်ရောဘာထူးလဲ၊ ယွမ်ရှင်းကျဲကိုများ ရွံစရာစကားတွေပြောရဲသေးတယ်"
"တကယ်ဂုတ်သွေးစုတ်တဲ့ အုပ်စုပဲ"
ဖရဲစေ့စားနေသောလူအုပ်ကြီးမှာ ပြဇာတ်ကောင်းကိုကြည့်လျက် ဆွေးနွေးနေကြသည်။ အများစုမှာ ယွမ်ရှင်းကျဲအားဂရုဏာသက်စွာကြည့်နေကြလေသည်၊
သူ့ခမျာ သူ၏သူတို့သားလောင်း၏ဖောက်ပြန်ခြင်းကိုခံခဲ့ရသည်။ ထို့အပြင် လက်ဖက်စိမ်းမထံမှ ဂုတ်သွေးစုပ်ခြင်းကိုလည်းခံရသည်။ ထိုလက်ဖက်စိမ်းမကသူ့အား နာမည်ဖျက်ပြီးဟယ့်ဟောင်မင်နှင့်လည်း ထိပ်တိုက်တွေ့စေခဲ့သည်။
ယွမ်ရှင်းကျဲ၏ထက်မြက်သောစွမ်းရည်ကြောင့်သာမဟုတ်လျှင် ဟယ့်ဟောင်မင်နှင့်ရင်ဆိုင်ရခြင်းမှာအဆုံးသတ်ကောင်းလိမ့်မည်မဟုတ်ချေ။
လော့၀မ်ချွမ်း ခယ့်လိုင်နှင့် အက်ရှလေတို့မှာလည်းထိုနေရာတွင်ရှိနေခဲ့သည်။ အက်ရှလေမှာ ဖြစ်ပျက်သည်တို့ကိုကြားလျှင် ပါးစပ်ကိုလက်နှင့်မကာပဲမနေနိုင်ခဲ့ချေ။
"ဘုရားရေ သူကသနားစရာကောင်းလိုက်တာ"
ယွမ်ရှင်းကျဲမှာထိုသို့ဖြစ်လာခြင်းကိုအံ့ပင်မအံ့သြချေ။အစကတည်းကပင် သူ့မှာချီယုအတွက်မျှော်လင့်ချက်ရှိမနေခဲ့တာဖြစ်သည်။
လော့၀မ်ချွမ်းမှာလူအုပ်အလယ်ကလူငယ်လေးကိုကြည့်ရင်း မျက်မှောင်ကျုံ့လိုက်မိသည်။ သူ၏မျက်လုံးထဲတွင် မခံမရပ်နိုင်မှုတစွန်းတစထွက်ပေါ်လာခဲ့သည်။
ချီယုမှာယွမ်ရှင်းကျဲကိုကြည့်ကာတောင်းပန်လိုက်သည်။
"ရှင်းကျဲ ငါတကယ်မှားခဲ့ပါတယ်၊ ဒါပေမယ့် ဟယ့်ဟောင်မင်က မင်းကိုအဲဒီပစ္စည်းတွေနဲ့တိုက်ခိုက်လာမယ်လို့တော့တကယ်မထင်ထားတာပါ၊ ငါရောင်းရတဲ့ငွေတွေကိုတော့ မင်းကိုပြန်ပေးပါ့မယ်၊ တပြားမှမလျော့စေရပါဘူး၊ ငါ့ကိုခွင့်လွှတ်ပေးပါ"
ယွမ်ရှင်းကျဲမှာချီယုနှင့်တကယ်ကိုဘာမှပြောချင်စိတ်မရှိချေ။ သူကချီယုကိုအေးစက်စွာကြည့်လျက်
"မင်းကိုခွင့်မလွှတ်နိုင်ဘူး၊ ပိုက်ဆံလား၊ ဒါပေါ့ မင်းပြန်ပေးဖို့လိုတာပေါ့"
"ငါကျိန်းသေပြန်ပေးမှာပါ" ချီယုကစုကျီနန်ကိုကြည့်လိုက်ကာ သူ၏လေသံမှာချက်ချင်းအေးစက်သွားလျက်
"စုကျီနန် ၆၉၀၀၀၀ထဲကမင်းအချောင်နှိုက်သွားတဲ့ ၄၉၀၀၀၀ကို ရှင်းကျဲကိုပြန်ပေးလိုက်ပါ"
စုကျီနန်၏နှုတ်ခမ်းတို့တုန်ရီလာခဲ့သည်။ သူကချီယုကိုကြည့်လျက်တောင်းပန်လိုက်သည်။
"ချီယု မင်းဘာလို့ဒီလိုလုပ်ရက်ရတာလဲ၊ အဲဒါကမင်းအကြံလည်းပါခဲ့တာပဲလေ"
ချီယုမှ ယွမ်ရှင်းကျဲသူ့အားစိတ်ဆိုးမည်စိုး၍ စုကျီနန်အားဖြတ်ပြောလိုက်သည်။
"ပါးစပ်ပိတ်ထား"
ထိုစဥ်ဟယ့်ဟောင်မင်မှာ ရုတ်ချည်းအသိ၀င်လာခဲ့ကာ မျက်မှောင်ကြုတ် လျက် စုကျီနန်အား စူးရှစွာကြည့်ကာ
"စုစု သူတို့ပြောတာအမှန်ပဲလား၊ မင်းတကယ်ပဲ အဲလိုလုပ်ခဲ့တာလား"
"ငါ..ငါ မဟုတ်.." စုကျီနန်မှာ လူအုပ်ကြားမှလွတ်မြောက်ရန်ကြိုးစားရင်းဆိုလိုက်သည်။ သို့သော်လူအုပ်ကသူ့အားလျှင်မြန်စွာ၀ိုင်းထားလိုက်လေသည်။
"မင်းတကယ်ပဲ ယွမ်ရှင်းကျဲရဲ့ မက်ခါပစ္စည်းတွေကိုပြန်ရောင်းခဲ့တယ်ပေါ့?ပြီးတော့ ၃၀၀၀၀၀နဲ့ရောင်းတာဆိုပြီးတောင်လိမ်လိုက်သေးတယ်၊ "
ဟယ့်ဟောင်မင်မှာ ထွက်ပြေးရန်ပြင်နေသော စုကျီနန်လက်ကိုဖမ်းဆွဲလျက်
"စုကျီနန်မင်းဘာလို့ဒီလိုလုပ်ရတာလဲ"
"ဟယ့်ဟောင်မင် မင်းကပါငါ့ကိုဒီလိုဆက်ဆံနေတာလား၊ "စုကျီနန်ကမတရားခံရသလိုအကြည့်မျိုးဖြင့် ဟယ့်ဟောင်မင်အားကြည့်လျက် တုန်ရီနေသောအသံဖြင့်
"ငါတို့နှစ်ယောက်လုံး ကြယ်အစွန်အဖျားကလာတာလေ၊ မြို့တော်မှာ ပထမနှစ်တွေအတွက်နေထိုင်စားရိတ်ဘယ်လောက်ကုန်လဲ မင်းသိတာပဲ၊ငါလည်း ငွေလိုနေလို့ပါ၊ ငါဥပဒေကိုလည်းမချိုးဖောက်ခဲ့ပါဘူး၊ ငါ့ကိုခွင့်လွှတ်ပါ"
ထို့နောက်စုကျီနန်မှာ ယွမ်ရှင်းကျဲနှင့်ချီယုကိုကြည့်လျက် ကျယ်လောင်စွာပြောလိုက်သည်။
"ယွမ်ရှင်းကျဲကချီယုကို အဲဒီပစ္စည်းတွေလိုလိုချင်ချင်ပေးခဲ့တာ၊ ချီယုကလည်းကလည်းသူ့ဆန္ဒနဲ့သူရောင်းတာ၊ ဒီတော့ငါရောင်းတာ ဘာမှားနေလို့လဲ"
ဟယ့်ဟောင်မင်မှာ စုကျီနန်အားအေးစက်စွာကြည့်လျက် အလှည့်စားခံရသောခါးသည်းမှုနာကျင်မှုများဖြင့် "စုကျီနန်ငါမင်းကိုသိပ်စိတ်ပျက်တယ်"
စုကျီနန်ကမူဟယ့်ဟောင်မင်အားအော်ဟစ်လိုက်သည်။
"မင်းဘာလို့ဟန်ဆောင်နေတာလဲ၊ မင်းအဲဒါတွေကို၀ယ်တုန်းကအရမ်းကျေနပ်နေခဲ့တာလေ၊အခုကျငါ့ကိုစိတ်ပျက်တယ်ဟုတ်လား၊ ယွမ်ရှင်းကျဲပေးထားတဲ့ဟာတွေသာမရှိရင် မင်းဒီနေ့ဘာများလုပ်နိုင်မှာလဲ
ကျောင်းအသင်းကိုတောင်၀င်နိုင်မှာလား"
စုကျီနန်ထံမှသရော်ခံရမှုကြောင့် ဟယ့်ဟောင်မင်၏မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။ သူ၏မျက်လုံးတို့မှာ လွန်ခဲ့သော မိနစ်အနည်းငယ်ကသူထေ့ငေါ့ခဲ့သောယွမ်ရှင်းကျဲကိုကြည့်လျက် ပြောမပြတတ်သောခံစားချက်များဖြင့်ပြည့်နှက်သွားတော့သည်၊
72.2
စုကျီနန်က သူ့အားလှောင်ရယ်လိုက်ကာ
"မင်းS+အဆင့်ရှိလို့သာပဲ၊ မင်းကBအဆင့်ကိုတောင်မချနိုင်တဲ့ အမှိုက်ကစားသမားပဲ"
ချီယုကသု့အားအေးစက်စွာကြည့်လျက်
"စုကျီနန်မင်းဘာမင်းလူတွေကိုလိမ်တာဟာ မင်းရဲ့အပြစ်သပ်သပ်ပဲ"
"ပြီးတော့မင်း" စုကျီနန်အံကိုကြိတ်လျက် ချီယုအားပြောလိုက်သည်၊
"မင်းရော ယွမ်ရှင်းကျဲဆီက ပစ္စည်းတွေယူခဲ့တာ နည်းနည်းနောနောလား၊ပထမနှစ်တစ်နှစ်ထဲနဲ့တင် ချီမိသားစုက ကန်ရှန်းကုမ္ပဏီကနေမက်ခါဘယ်လောက်များများခိုးထုတ်ထားတာလဲ၊ လူတွေကတော့ ယွမ်မိသားစုက မင်းတို့မိသားစုဆီက အကျိုးအမြတ်ရနေတယ်ထင်ကြတယ်၊တကယ်တမ်းမှာမင်းတို့ချီမိသားစုကသာ ဂုတ်သွေးစုပ်နေတာမဟုတ်ဘူးလား၊ မင်းမှာငါ့ကိုအပြစ်ပြောဖို့ ဘာအရည်အချင်းရှိလဲ"
ချီယု၏လက်နှင့်ခြေတို့မှာ ချက်ချင်းအေးစက်လာတော့သည်။ သူသည်စိတ်လှုပ်ရှားစွာတံတွေးမြိုချလိုက်ပြီး ယွမ်ရှင်းကျဲအားအမြန်ကြည့်လိုက်မိသည်၊
ယွမ်ရှင်းကျဲ၏လေသံမှာ ခံစားချက်တစိုးတစိမျှမပါရှိပဲရှင်းလင်းလျက်ပင် "ဘယ်လောက်များများအကြွေးတင်နေတာလဲ၊ မင်းဘာမင်းပြန်စဥ်းစားပါ"
သူကိုယ်တိုင်လည်းငွေမည်းများကိုသိပ်မလိုချင်လှချေ။ ထို့အပြင်သူ့တွင်မူလယွမ်ရှင်းကျဲအားသနားစိတ်သာရှိသည်၊ အကယ်၍ချီယုသာငွေများကိုသူ့ထံပြန်ပေးနိုင်လျှင် မူလပိုင်ရှင်၏အစွဲတချို့ကိုပျယ်စေလိမ့်မည်ဟုမျှော်လင့်မိသည်ပင်။
ဟယ့်ဟောင်မင်ကယွမ်ရှင်းကျဲအားကြည့်လျက် သူ၏လည်စေ့မှာလှုပ်ရှားနေခဲ့သည်။ သူ၏မက်ခါပစ္စည်းများမှာ ယွမ်ရှင်းကျဲထံမှရရှိထားသည်များဖြစ်နေမည်ဟု မမျှော်လင့်ထားမိချေ။ ရုတ်တရက်သူသည် အခြေအနေကပြောင်းပြန်လှန်သွားသလိုခံစားရသည်။ ခံစားချက်မျိုးစုံကသူ့အားအလွန်မသက်မသာဖြစ်စေသည်။
သူကရှေ့သို့တိုးလျက် ယွမ်ရှင်းကျဲအားတောင်းပန်လိုခဲ့သည်။ သို့သော်သူဘာကိုမှပြောမထွက်ချေ၊
သူကိုယ်တိုင်ယွမ်ရှင်းကျဲကိုပြောခဲ့သော ရက်စက်သောစကားလုံးများကိုသတိရမိလျှင် လွန်စွာရှက်ရွံ့မိတော့သည်၊
ယွမ်ရှင်းကျဲဘာမှမတုံ့ပြန်သည်ကိုမြင်လျှင် ချီယုကရှေ့သို့လှမ်းလျက် လက်ကိုဖမ်းဆွဲချင်ခဲ့သည်။
သို့သော်ချီယု၏လက်မှာ ဖြတ်ခနဲရိုက်ထုတ်ခံလိုက်ရတော့သည်။
လော့၀မ်ချွမ်းမှာမည်သည့်အချိန်က ယွမ်ရှင်းကျဲ၏ဘေးကိုရောက်နေခဲ့သလဲမသိချေ။ သူ၏ရှည်လျားသောအရပ်ဖြင့် ဘေးပါတ်၀န်းကျင်အားကာလိုက်ကာ ချီယုအားအေးစက်စွာပြောလိုက်သည်၊
"မင်းနဲ့စုကျီနန်နဲ့ နှစ်ယောက်ပေါင်းပေးရမယ့်အကြွေးကိုသေချာတွက်ထားပါ၊ ယွမ်ရှင်းကျဲကိုမနှောင့်ယှက်ပါနဲ့"
စုကျီနန်၏လေသံမှာတုန်ရီလျက်
"ငါ့မှာငွေအများကြီးမရှိပါဘူး"
"ဒါဆိုကျောင်းကထွက်"
လော့၀မ်ချွမ်း၏လေသံမှာလွန်စွာအေးစက်လှသည်။သူ၏စကားလုံးများကစုကျီနန်အားဓါးသဖွယ်ဖောက်ထွင်းသွားခဲ့သည်။
၄င်းကိုမြင်လျှင် ချီယုကအမြန်ပြောလိုက်သည်။
"ငါပြန်ပေးမှာပါ ရှင်းကျဲ ငါ့ကိုနားထောင်နိုင်မလား၊ ငါတကယ်မရည်ရွယ်ပါဘူး"
"ဒါကိုမှတကယ်မရည်ရွယ်ဘူးဆိုရင် ရူးနေလို့လား"
လော့၀မ်ချွမ်းမှာ ချီယုအားနည်းနည်းမှမျက်နှာသာမပေးခဲ့ချေ။သူသည် ယွမ်ရှင်းကျဲနှင့်ချီယုကြား နံရံကြီးသဖွယ် ကာဆီးနေခဲ့သည်။
ချီယုမှာလော့၀မ်ချွမ်း၏စကားကြောင့် သီးတော့မတက်ပင်။ ဘေးပါတ်လည်ရှိမျက်၀န်းများမှာလည်း သူ့အားလှောင်ပြောင်နေကြသည်။
ယွမ်ရှင်းကျဲမှာ လော့၀မ်ချွမ်းအား အငေးသားကြည့်နေမိစဥ် တဖက်လူမှာဘေးမှအကြည့်တို့မှ သူ့အား သန်မာသောလက်မောင်းများကြားထည့်လျက် ကာကွယ်လိုက်သည်ကို မြင်လိုက်ရလေသည်။
ယွမ်ရှင်းကျဲအသိပြန်၀င်လာချိန်တွင် လော့၀မ်ချွမ်းမှာသု့အား လူအုပ်အေ၀းမှ ခေါ်ထုတ်သွားခဲ့ပြီးဖြစ်လေသည်။
ချီယုကနောက်မှလှမ်းအော်ပြောနေခဲ့သည်။ "ရှင်းကျဲမသွားပါနဲ့ ငါမင်းကို ၆၉၀၀၀၀ယွမ်ပေးမှာပါ၊ ရှင်းကျဲ"
လုရန်ရှုကမျက်မှောင်ကျုံ့လျက် "နားညီးလိုက်တာ၊ မင်းပိုက်ဆံအရင်ပေးပြီးမှဆက်ပြောလို့ရမလား"
ချီယုမျက်နှာမှာဖြူဖျော့လျက် ဘာကိုမှမဆိုနိုင်တော့။
လော့၀မ်ချွမ်းကယွမ်ရှင်းကျဲအား ချယ်ရီတောအုပ်ထံခေါ်ထုတ်သွားခဲ့သည်။
ယွမ်ရှင်းကျဲမှာတံတွေးကိုမြိုချလျက် တိုးတိုးလေးပြောလိုက်သည်။
"စီနီယာကိုဒုက္ခပေးမိပြန်ပြီ"
ယွမ်ရှင်းကျဲမှာ မိမိသည်လော့၀မ်ချွမ်းအားရှက်စရာအကောင်းဆုံးအခြေအနေမျိုးတွင်သာအမြဲတွေ့နေရသလိုခံစားရသည်။
"မင်းသူတို့နဲ့ မဆက်ဆံချင်ရင် သူတို့နဲ့ဝေးဝေး နေလို့ရတယ်"လော့၀မ်ချွမ်းကယွမ်ရှင်းကျဲအားငုံ့ကြည့်လျက် သူ၏လေသံမှာတည်ငြိမ်နေခဲ့သညံ္
"သူတို့နဲ့မဖြစ်မနေတွေ့ဖို့လိုရင် ငါမင်းနဲ့လိုက်ခဲ့ပေးမယ်"
လော့၀မ်ချွမ်းမှာယွမ်ရှင်းကျဲ၏ဘေးတွင် ခိုင်မာစွာ ညင်သာစွာအမြဲရပ်နေပေးခဲ့သည်။
ချီယု၏"ငါမင်းအပေါ်ကောင်းပါ့မယ်"ဟူသော စကားများကဲ့သို့မဟုတ်ပဲ" လော့၀မ်ချွမ်းမှာသူ့အပေါ် အလွန်ကြင်နာလွန်းလှသည်ဟုခံစားမိလေသည်။ သူကအမြဲကာကွယ်ပေးရန်အသင့်ရှိနေပေးသည်။
ထို့ကြောင့် သူ ယွမ်ရှင်းကျဲ မငြင်းဆန်နိုင်ခြင်းဖြစ်ပါလိမ့်မည်။
xxxxx