Chapter 73
ယွမ်ရှင်းကျဲသည်လော့၀မ်ချွမ်းအား ကျေးဇူးတင်စွာကြည့်လျက် "ကျေးဇူးပါပဲ စီနီယာ "
"ဒီနေ့ရာသီဥတုကောင်းတယ်"
လော့၀မ်ချွမ်းဘေးဘီကိုကြည့်လျက်ဆိုလိုက်သည်။ .ချယ်ရီပွင့်ဖတ်များမှာ နွေးထွေးသောနေရောင်ခြည်အောက် လေပြည်အသွေးတွင် လှပစွာပြန့်ကျဲနေခဲ့သည်။ ၄င်းမှာအလွန်လှပသောမြင်ကွင်းပင်
"သူတို့ကြောင့် စိတ်မရှုပ်ပါနဲ့"
ယွမ်ရှင်းကျဲခေါင်းငြိမ့်လိုက်သည်။
"မရှုပ်ပါဘူး"
"တော်တယ်" လော့၀မ်ချွမ်းရုတ်ချည်းလှည့်လျက် ယွမ်ရှင်းကျဲကိုကြည့်ကာဆိုလိုက်သည်။
"ကိုယ် ရုံထဲမှာတစ်ခုခုကျန်နေခဲ့တယ်"
ယွမ်ရှင်းကျဲသိချင်စိတ်ဖြင့်မေးလိုက်သည်။
"ဘာများလဲ"
လော့၀မ်ချွမ်းမှာကျောင်း၀တ်စုံကို၀တ်ဆင်ထားခဲ့သည်။ သူသည်ဘောင်းဘီအိတ်ထဲလက်နှိုက်လိုက်ပြီး အထဲမှတစ်ခုခုကိုထုတ်ယူလိုက်ပုံပင်။
"မင်းမျက်လုံးကိုခဏမှိတ်လိုက်ပါ"
လော့၀မ်ချွမ်း ကယွမ်ရှင်းကျဲကိုကြည့်လိုက်ပြီး သူ၏လည်စေ့ကလှုပ်ရှားသွားခဲ့သည်။ သူ၏မျက်နှာတွင် မည်သည့်အမူအယာမှမရှိချေ။ သို့သော်သူ၏လေသံမှာလွန်စွာအတည်အတံ့ဖြစ်နေခဲ့သည်၊ ယွမ်ရှင်းကျဲမနေနိုင်ပဲရယ်လိုက်မိတော့သည်၊
"ဘာများလဲ၊ သိပ်လျှို့၀ှက်နေတာ" သို့သော်ယွမ်ရှင်းကျဲ မျက်လုံးကိုမှိတ်ပေးလိုက်သည်။ သူသည်လော့၀မ်ချွမ်း၏နောက်ထပ်လှုပ်ရှားမှုကိုစောင့်လိုက်သည်။ စက္ကန့်အနည်းငယ်ကျော်လွန်သွားပြီးနောက်
"ဘုန်း.." အသံတစ်ခုကယွမ်ရှင်းကျဲ၏ခေါင်းထက်တွင်ပွင့်အံကျလာခဲ့သည်။ ၄င်းကတောအုပ်ထဲမှငှက်တချို့ကိုပင်ထပျံသွားစေသည်။ ယွမ်ရှင်းကျဲအနည်းငယ်တွန့်ဆုတ်သွားမိလေသည်၊ သူမျက်လုံးကိုဖွင့်လိုက်လျှင် မီးရှူးမီးပန်းဘူးငယ်လေးကို ကိုင်ထားသောလော့၀မ်ချွမ်းကိုကြည့်လိုက်သည်။ သူကနောက်ကိုဆုတ်လျက် ခလုတ်လေးကိုဖိလိုက်သည်။
မီးပန်းလေးများ ချယ်ရီပွင့်ဖတ်များက ယွမ်ရှင်းကျဲ၏ခေါင်းပေါ်တွင်ဖုံးလွှမ်းသွားခဲ့သည်။ တစ်ခေါက်ပြီးတစ်ခေါက်နေရောင်အောက်တွင် ရောင်ပြန်ဟပ်လျက် ယွမ်ရှင်းကျဲကိုအံ့အားသင့်စေသည်။
"၀ိုး စီနီယာကတကယ် အံ့သြအောင်လုပ်တာပဲ"
ယွမ်ရှင်းကျဲကရယ်လိုက်သည်။ ထို့နောက်ဆိုလိုက်သည်။
"ဒီမီးပန်းတွေက ရုံထဲမှာပစ်တဲ့ဟာတွေလား"
"ဟုတ်တယ်" လော့၀မ်ချွမ်းအတည်အတံ့ဖြေလိုက်သည်။
"ကိုကျနေတာတစ်ခုကောက်လာခဲ့တာ၊ ဒီတိုင်းမဖြုန်းတီးပစ်ချင်ဘူး၊ဒါကြောင့် မင်းကိုလက်ဆောင်ပေးတာ"
ယွမ်ရှင်းကျဲသည်လော့၀မ်ချွမ်းနောက်ပြောင်ခြင်းကိုကြားလိုက်ရပြန်သည်။ သူကခေါင်းကိုမော့လျက် စက္ကူနှင်းပွင့်များနှင့် ပန်းရောင်ပွင့်ဖတ်များကိုမော့ကြည့်လိုက်သည်။ လော့၀မ်ချွမ်းသည်ထိုမီးပန်းဘူးကိုဖယ်လိုက်ပြီး ယွမ်ရှင်းကျဲ အားကြည့်လိုက်ကာ
"ကျောင်းအသင်းကို၀င်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်၊ မက်ခါမာစတာလေး"
ပြောပြီးနောက်သူ၏နှုတ်ခမ်းတို့တွန့်ကွေးသွားလျက်
ယွမ်ရှင်းကျဲကမူခေါင်းကိုကုတ်လျက်
"ကျွန်တော်ကျောင်းအသင်းကို၀င်ခွင့်ရမယ်တောင်မထင်ထားဘူး၊ ဒီတိုင်း ဆယ်ပွဲဆက်နိုင်ချင်တာပဲရှိတာ"
လော့၀မ်ချွမ်းသည် ယွမ်ရှင်းကျဲ၏ဆံပင်ကြားတွင် စက္ကူနှင်းပွင့်လေးများညပ်နေသည်ကိုတွေ့လျှင်မနေနိုင်ပဲလက်ကိုဆန့်လျက် ဖယ်ထုတ်ပေးလိုက်သည်။
ထိုအခိုက်အတန့် သွယ်လျသောလက်ချောင်းများယွမ်ရှင်းကျဲ၏ဆံပင်ကိုထိလာသောအခါ လေထုမှာပင်နွေးထွေးလာသကဲ့သို့။ လူနှစ်ဦးမှာတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
ယွမ်ရှင်းကျဲအေးခဲသွားမိသည်။ လော့၀မ်ချွမ်းကမူလက်ကိုအမြန်ဖယ်လျက် ဆိုလိုက်သည်။
"မင်းရဲ့ ကြယ်ဒင်္ဂါး သန်း၀က်ဆုကြေးအတွက်လည်းဂုဏ်ယူပါတယ်"
လက်သည်အမြန်ဖယ်ခွာသွားသည့်တိုင် ယွမ်ရှင်းကျဲ၏ဆံပင်တို့တွင် အနွေးဓါတ်လေးကတွယ်ညိကျန်ရစ်ဆဲပင်။ သူ၏နှုတ်ခမ်းထောင့်တို့ကိုတွန့်ကွေးလျက်
"ကျွန်တော်ကလည်း စီနီယာကကျောင်းအသင်းကို ဒီနှစ်မှာဆုတွေအများကြီးရအောင်ဦးဆောင်နိုင်ပါစေလို့မျှော်လင့်ပါတယ်"
လော့၀မ်ချွမ်းကသူ၏နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ကာ၊ သူ့အကြည့်တို့ကယွမ်ရှင်းကျဲ၏ခေါင်းပေါ်တွင်ေ၀့၀ဲနေပြီးမှ ယွမ်ရှင်းကျဲကိုငုံ့ကြည့်လိုက်သည်။ အတော်လေးကြာပြီးနောက်သူက
"အင်း"ဟု အသံပြုလိုက်သည်။ ထိုတိုတောင်းသော အဖြေက တခါမှမကြုံဖူးစွာခိုင်မာနေခဲ့သည်။
လော့၀မ်ချွမ်း၏မျက်လုံးထဲတွင် ယွမ်ရှင်းကျဲမှာဖမ်းစားခံလိုက်ရတော့သည်။
ပြိုင်ပွဲဆယ်ခုလုံးမှာပြီးဆုံးသွားခဲ့ပြီး ပြိုင်ပွဲစီစဥ်သူများကလည်း ရလဒ်များကိုထုတ်ပြန်ပြီးဖြစ်၍ ယွမ်ရှင်းကျဲလည်းနောက်ဆုံးတွင် အနားယူနိုင်တော့သည်။
ထိုအချိန်တွင် ချီယုမှာ ယွမ်ရှင်းကျဲကိုရှာရန်ကြိုးစားနေခဲ့သည်။ ဟယ့်ဟောင်မင်သည်လည်းသူ၏တောင်းပန်မှုကိုတခြားသူများမှတဆင့် ဖော်ပြခဲ့သည့်တိုင် ယွမ်ရှင်းကျဲမှာ တုံ့ပြန်မှုမရှိချေ။
ထိုသုံးယောက်မှာ ပြန်ရောင်းသည့်ပြသနာကိုမည်သို့ဖြေရှင်းနေသလဲတော့မသိ။သို့သော်ယွမ်ရှင်းကျဲ၏အကောင့်ထဲတွင်တော့ ချီယုပို့သော လိုတာထက်ပိုသည့် ငွေပမာဏရောက်နေခဲ့သည်။
73.2
ချီယုမှာငွေလွှဲမက်ဆေ့၌ပင်သူ၏အပြစ်ရှိမှုကိုရှေးရှုလျက်တောင်းပန်ခဲ့သည်။ သို့တိုင်အောင် ယွမ်ရှင်းကျဲမှာ မည်သို့မျှမနေချေ။ တချိန်လုံးအပြစ်ရှိသလိုခံစားနေရပြီး မတည်ငြိမ်နိုင်သောဟယ့်ဟောင်မင်မှာမူ စိတ်အခြေအနေကောင်းမနေခဲ့ချေ။ သူ၏မူလက ယွမ်ရှင်းကျဲအပေါ်ထားရှိသောအမုန်းများမှာ စုကျီနန်ဆီကူးပြောင်းသွားခဲ့သည်။ ထို့အပြင် ထိုထက်ဆိုးရွားသောစုကျီနန်၏လုပ်ရပ်တချို့က ဖိုရမ်ပေါ်ပေါက်ကြားလာပြန်တော့သည်။
ယွမ်ရှင်းကျဲအတွက်စိတ်မကောင်းဖြစ်မှုအပြင် လူတိုင်းမှာ စု၊ ချီ၊နှင့်ဟယ့်တို့၏လုပ်ရပ်ကိုရွံ့မုန်းကုန်ကြသည်။ ထိုသုံးဦးမှာ ဖိုရမ်ပေါ်တွင် လူတိုင်း၏ပစ်မှတ်ဖြစ်လာခဲ့လေသည်။
စုကျီနန်မှာသေချာပေါက်ကို ကျောင်းမှထွက်ရဲသောသတ္တိမရှိချေ။ သူထွက်လျှင်တောင် လော့၀မ်ချွမ်းမှာသူ့ထံမှဤအကြွေးကိုမရရအောင်တောင်းလိမ့်မည်မှန်းသိနေခဲ့သည်။ထို့အပြင်သူကထိုထက်မကပိုပေးကောင်းတောင်ပေးရနိုင်သည်။ ထို့ကြောင့်ကျောင်းတွင်သာပေကပ်နေလျက် လူတိုင်း၏ဆူပူမှု ဆဲဆိုမှုများကိုခံကာ စောစောထလျက် အကြွေးဆပ်ရန်ငွေရှာရတော့သည်။
သူ့တွင်မူလကစိတ်ကြီး၀င်မှုမျိုးမရှိတော့၊ သူများဒုက္ခပေးဖို့ဆိုတာလည်းမတွေးနိုင်တော့ပဲ ညလယ်တွင် မျက်ရည်ကိုသာခိုးသုတ်နေရတော့သည်။
မက်ခါပြိုင်ပွဲ၏ရလဒ်များမကြာမီတရား၀င်ထုတ်ပြန်ချေတော့မည်။ထိုရလဒ်ထုတ်ပြန်သည့်နေ့အား
ရှင်းဟိုင်ကျောင်းသားများက"အောင်ပွဲနေ့"ဟုတင်စားခေါ်ေ၀ါ်ကြသည်။
ကျောင်းက စစ်တပ်တွင်းမှအရာရှိများအား ကျောင်းအသင်းကို၀င်နိုင်သူတို့အတွက်ဆုတံဆိပ်များပေးအပ်ရန်ဖိတ်ခေါ်လိမ့်မည်ဖြစ်သည်။
တချိန်တည်းမှာပင် ဆုပေးပွဲအခမ်းအနားတွင် ထိုကျောင်းသားများ၏ ပြောင်မြောက်သော လုပ်ဆောင်မှုများအားပြန်လည်ပြသပေးမည်ဖြစ်သည်။ ၄င်းမှာ စစ်ရေးတက္ကသလိုလ်ကျောင်းသားများများအမြဲပစိတ်ကူးယဥ်ကြသော ခမ်းနားသောပွဲကြီးဖြစ်သည်။
လူတိုင်းကအောင်ပွဲနေ့ကိုမျှော်လင့်စောင့်စားနေကြသည်။ လုရန်ရှုဆိုလျင်ထိုနေ့မတိုင်ခင်တစ်ရက်တွင်စိတ်လှုပ်ရှားလွန်း၍ အိပ်ပင်မအိပ်နိုင်ခဲ့၊ သူကယွမ်ရှင်းကျဲအားဆက်တိုက်ပြောနေခဲ့သည်။
"ရှင်းကျဲ မနက်ဖြန်က မှော်ဆန်တဲ့နေ့ကိုလက်တွေ့ကြုံရမှာပဲသိလား၊ မင်းကတော့တောက်ပတော့မှာ"
ယွမ်ရှင်းကျဲက ထိုတောက်ပမှုကိုဂရုမစိုက်ချေ။
သူ၏မက်ခါမှာ ဟယ့်ဟောင်မင်နှင့်ပြိုင်ပွဲတုန်းက ခြစ်မိသွားခဲ့ရာ ပြန်ပြင်ရန်ပိုက်ဆံလိုလေသည်။
သူသည်ကျိုးဖေးရွယ်အားလည်းအကြွေးတင်နေသေးသည်။ သူလောလောဆည်ဂရုစိုက်သည်မှာ ဘောနပ်စ် ၅၀၀၀၀၀ကိုပင်။ယွမ်ရှင်းကျဲ ကဆုပေးပွဲအခမ်းအနားကိုတက်မည်ဟူသောသတင်းကိုကြားလျှင် ယွမ်မိသားစုမှာ ရှော့ခ်ရသွားတော့သည်။
အဖေယွမ်၊ ယွမ်ကန်ရှန်းနှင့် အမေချင်ရှောင်းနှင့် ယွမ်ရှင်းကျဲ၏ညီငယ် ယွမ်၀ုတို့က ညစာစားရန်စုဝေး လိုက်ကြသည်။ ယွမ်၀ုမှာမကြာခင်တက္ကသိုလ်ရောက်တော့မှာဖြစ်သည်။ မိသားစုတစ်ခုလုံး၏မျှော်လင့်ချက်မှာ ဤအယ်လ်ဖာသားဖြစ်သူထံပုံအပ်ထားလေသည်။
"ယွမ်၀ုများများစား၊ မင်းတို့အယ်လ်ဖာတွေက ခုချိန်ဖွံ့ဖြိုးတုန်းပဲ"
ချင်ရှောင်းက ယွမ်၀ု၏ပန်းကန်ထဲအသီးအရွက်များထပ်ထည့်နေခဲ့သည်။
"ပိန်ပါးပြီး ကျေးဇူးမသိတဲ့ မင်းအကိုလိုမဖြစ်စေနဲ့"
ယွမ်၀ုမျက်မှောင်ကြုတ်လိုက်မိသည်။ သူသည်ချင်ရှောင်၏စကားတို့ကိုမကြိုက်သော်လည်း ဘာမှတော့
မပြောချေ။
တချိန်လုံးအလုပ်များနေသော အဖေနှင့်အမေ၊ ဦးနှောက်ထဲတွင် အချစ်နှင့်သာပြည့်နေသောအကို။ ဤမိသားစုကယွမ်၀ုအားအသက်မရှုမ၀ဖြစ်စေသည်။
ယွမ်ကန်ရှန်းကယွမ်၀ုအားဆိုလိုက်သည်။
"မင်းနောက်နှစ်ကျ ရှင်းဟိုင်တက္ကသိုလ်ကို၀င်နိုင်လိမ့်မယ်၊အဲဒီခါကျရင် မင်းရဲ့အဖေအတွက် တိုက်ခိုက်ဖို့မမေ့နဲ့ ချီမိသားစုကကလေးလို ကျောင်းအသင်းကို၀င်နိုင်အောင်လုပ်၊ပြီးတော့နိုင်ငံအဆင့်ပြိုင်ကွဲတွေ၀င်ပြိုင် ၊ဒီလိုဆိုမင်းက တော်၀င်စစ်တပ်ရဲ့အလေးပေးမှုကိုခံရပြီး တော့ အန်ကယ်ချီကလည်းမင်းကိုကူညီပေးလိမ့်မယ်"
"ချီမိသားစုကကျွန်တော်တို့မိသားစုနဲ့ စေ့စပ်ပွဲဖျက်လိုက်ပြီမဟုတ်ဘူးလား"
ယွမ်၀ုမျက်မှောင်ကြုတ် လျက်ဆိုလိုက်သည်။
"ဘာလို့ဒီကိစ္စဟောင်းကြီးကိုပဲထည့်ထည့်ပြောနေတလဲ"
ချင်ရှောင်မှာ၄င်းကိုကြားလျှင် စိတ်အနှောင့်အယှက်ဖြစ်စွာ
"ဘယ်သူကပျက်တယ်ပြောလဲ၊ ချီယုအဲကောင်လေးက ငယ်သေးတော့စိတ်လိုက်မန်ပါဖြစ်နေတာ၊ ငယ်တုန်းမှာမျက်စိမကစားတဲ့ အယ်လ်ဖာရယ်လို့ရှိလို့လား။ အမှားလုပ်မိတာကပုံမှန်ပါပဲ၊ မင်းအကိုသခင်လေးရဲ့စိတ်ကိုလည်းမင်းသိသားပဲ၊ ငါတို့မိသားစုက ချီမိသားစုနဲ့အဆက်အဆံပျက်လို့မဖြစ်ဘူး"
ထိုစဥ်ယွမ်မိသားစု၏အိမ်တော်ထိန်းကျန်းရှုမှာ ဗီလာထဲအမြန်လျှောက်၀င်လာတော့သည်။
"ဥက္ကဌယွမ် ရှင်းဟိုင်အကယ်ဒမီကကျွန်တော်တို့ကိုဖိတ်စာပို့လိုက်ပါတယ်"
ကျန်းရှူမျက်နှာမှာအံ့အားသင့်လျက်
"အောင်ပွဲနေ့အတွက်ဖိတ်စာလို့ထင်ပါတယ်"
"ဘယ်လို" ယွမ်ကန်ရှန်းက လက်တစ်ဖက်ဖြင့်လှမ်းယူလိုက်သည်။
"ဆုပေးပွဲအတွက်ငါတို့ကိုဖိတ်တာလား၊ ဟုတ်တာပေါ့ ငါတို့ကန်ရှန်းကုမ္ပဏီက နာမည်ကြီးပဲလေ၊ စစ်တက္ကသိုလ်တစ်ခုလုံးကိုတောင်ဆုပေးလိုက်လို့ရတယ်"
ကျန်းရှုကချောင်းဟန့်လိုက်ကာ
"ဆုပေးပွဲက စစ်တပ်အရာရှိတွေကပဲအမြဲ ဆုပေးရတာပါ"
ယွမ်ကန်ရှန်းကမျက်လုံးကိုလှိမ့်လိုက်ပြီး
"ဒါဆိုသူတို့ကဘာအတွက်ဖိတ်တာလဲ"
ချင်ရှောင်မျက်မှောင်ကျုံ့လျက်ဆိုလိုက်သည်။
"ယွမ်ရှင်းကျဲများပြသနာထပ်ရှာထားပြန်ပြီလား"
"မဟုတ်ပါဘူး..." ကျန်းရှုကခေါင်းကိုခါလျက်
"ကျွန်တော်ကြားတာကတော့အကြီးဆုံသခင်လေးကဒီနှစ်မက်ခါပြိုင်ပွဲမှာ ရလဒ်ကောင်းကောင်းရလို့ သူ့ရဲ့မိသားစု၀င်တွေကိုလည်းဖိတ်ကြားတဲ့သဘောပါ"
၄င်းကိုကြားသည်နှင် တခန်းလုံးတိတ်ဆိတ်သွားတော့သည်။
"ဘာ..." ယွမ်ကန်ရှန်းမယုံနိုင်သောလေသံဖြင့်
"မင်းပြောတာက ယွမ်ရှင်းကျဲ သူကမက်ခါပြိုင်ပွဲကို၀င်ပြိုင်တယ်ပေါ့၊ အယ်လ်ဖာတွေပြိုင်တဲ့ပြိုင်ပွဲကိုလေ"
ချင်ရှောင်မှာလည်း အံ့အားသင့်စွာ
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဖိတ်စာမှားပို့တာဖြစ်မယ်"
ကျန်းရှုကသူ့ခေါင်းကိုလျင်မြန်စွာခါယမ်းလျက်
"မဟုတ်ပါဘူး၊ ကျွန်တော်သေချာကြည့်ပါပြီ၊ တကယ်ပဲအကြီးဆုံးသခင်လေးပါ"
ယွမ်ကန်ရှန်းမှာဖိတ်စာကိုအလျင်စလိုကောက်ကိုင်လိုက်ပြီးဖွင့်ရန်ကြိုးစားလိုက်သည်။ လွန်စွာရှော့ခ်ရမှုကြောင့်သူ၏လက်များမှာတုန်ရံလျက် စာအိတ်ကိုဖွင့်ရန်အတော်အချိန်ယူလိုက်ရလေသည်။
ဘေးမှချင်ရှောင်က "တကယ်ပဲလား၊ ဘယ်အဆင့်လဲ၊ ထိပ်ဆုံး၁၀၀ထဲမှာလား"
ယွမ်၀ုသည်လည်းသူ၏တူအစုံကိုချလိုက်ပြီး သိချင်စိတ်ဖြင့်စောင့်မျှော်နေလိုက်သည်။
စာအိတ်ကိုဖွင့်လိုက်ချိန်တွင် ယွမ်ကန်ရှန်း၏မျက်လုံးအစုံမှာ ပြူးကျယ်သွားတော့သည်။
xxxxxx