အပိုင်း ၇၅
Viewers 17k

Chapter 75


​ေအာ်ရီရယ်၏ကံမှာအတော်လေးကောင်းသည့်ပုံပင်။ သူရင်ဆိုင်ရမည့်ပြိုင်ဘက်များမှာ အလွန်အားကောင်းသည့်အထဲမပါကြပေ။ သူကိုယ်တိုင်သည်လည်း အေအဆင့်မှ ယခုပြိုင်ပွဲအတွင်းအေ+အဆင့်တိုးမြင့်ခံရသူဖြစ်သောကြောင့် သူ့၏ရမှတ်မှာအဆင့်မီသွားကာ ကျောင်းအဖွဲ့သို့အစားထိုးကစားသမားအနေနှင့်ဝင်ခွင့်ရသွားခဲ့သည်။


အတိအကျပင် ၎င်းမှာယွမ်ရှင်းကျဲနှင့်လည်း သက်ဆိုင်လေသည်။ ထိုအချိန်အတောအတွင်း သူသည်မကြာခဏဆိုသလို ယွမ်ရှင်းကျဲအား မက်ခါနှင့်ပတ်သက်သောမေးခွန်းများမေးမြန်းခဲ့ပြီး အခြားမက်ခါအမျိုးအစားများအားမည်ကဲ့သို့တိုက်ခိုက်နိုင်မည်ကိုလည်း မေးမြန်းခဲ့သည်။


သိသိသာသာပင် မကြာသေးမီအချိန်ကအော်ရီရယ်သည်ယွမ်ရှင်းကျဲအားအထင်သေးခဲ့မိသော်လည်း ယခုအချိန်တွင်မူ ယွမ်ရှင်းကျဲအား အစ်ကိုကြီးဟုခေါ်ဆိုနိုင်ရန်မစောင့်နိုင်တော့ချေ။


" ပွင့်ပွင့်လင်းလင်းပြောရရင် မင်းသာအိုမီဂါတစ်ယောက်မဟုတ်ဘူးဆိုရင်…" 


အော်ရီရယ်ခေါင်းကုတ်လိုက်ကာ အနည်းငယ်နီမြန်းနေသောမျက်နှာဖြင့် 


" ငါ မင်းကို အစ်ကိုကြီးယွမ်လို့ခေါ်မိမှာပဲ…"


" ငါစိတ်မရှိပါဘူး…" 


ယွမ်ရှင်းကျဲလေးနက်စွာပြောလာခဲ့သည်


 " အကိုကြီးလို့ခေါ်လို့ရတယ်…"


အော်ရီရယ်မှာကြောင်အသွားရပြီး


 " ဒါပေမယ့် အယ်လ်ဖာတစ်ယောက်ကအိုမီဂါတစ်ယောက်ကို အစ်ကိုလို့ခေါ်တာတော့မမြင်ဖူးသေးဘူး…"


" အဲ့ဒါဆိုလည်း မင်းဆီကသမိုင်းရဲ့ပထမဆုံးအိုမီဂါအစ်ကိုကြီးလို့အခေါ်ခံရတဲ့ဂုဏ်ရသွားတာပေါ့…"


 ယွမ်ရှင်းကျဲနောက်ပြောင်လိုက်ကာ


 " ဒါကအဆင်မပြေဘူးလား…"


" ပြေတယ် " အော်ရီရယ်ပြုံးလိုက်ကာ သူ့၏လက်များအား ယွမ်ရှင်းကျဲ၏ပုခုံးပေါ်သို့တင်လိုက်ပြီး


 " အစ်ကိုကြီး…"


ယွမ်ရှင်းကျဲပုခုံးပေါ်မှအော်ရီရယ်၏လက်အားမြင်လိုက်ရသည်နှင့် လော့ဝမ်ချွမ်းမျက်မှောင်ကြုတ်သွားလေသည်။


သို့သော်လည်း ယွမ်ရှင်းကျဲမှာမူ ထိုအရာအား ဂရုစိုက်သည့်ပုံမပေါ်ခဲ့ချေ။


ပထမအဆင့်အီးအတန်းမှကျောင်းသားနှစ်ဦးသည်ကျောင်းအဖွဲ့သို့ဝင်ရောက်လာနိုင်ခဲ့သဖြင့် သဘာဝကျစွာပင် သူတို့၏ဆရာဖြစ်သူကျိုးဖေးရွှယ်၏မျက်နှာမှာအတော်အတန်ဝင်းပနေခဲ့၏။ သူသည်အခြားဆရာများထံမှချီးကျူးမှုအားခံယူရန် ကွင်းပြင်ရှိရာသို့စောစောလာရောက်ခဲ့ပြီး သူ၏တပည့်နှစ်ဦးဖြစ်သူ ယွမ်ရှင်းကျဲနှင့်အော်ရီရယ်အားချီးမွန်းရန်လည်းမမေ့ခဲ့ပေ။


မကြာမီအချိန်၌ ဆုပေးပွဲအခမ်းအနားတွင်ပါဝင်သောသူများမှာ တစ်ယောက်ပြီးတစ်ယောက်စတင်‌ရောက်လာကြသည်။ ကျောင်းအုပ်ကြီးလာရောက်ခဲ့ပြီးနောက်တွင်တော့ အခမ်းအနားအား တရားဝင်စတင်လိုက်ပြီဖြစ်သည်။


ကျောင်းအဖွဲ့မှ အဖွဲ့ဝင်များမှာ ပထမဆုံးအတန်းတွင်ထိုင်ကာ ကျောင်းအုပ်ကြီး၏မိန့်ခွန်းအားနားထောင်နေကြ၏။


ယွမ်မိသားစုမှာနောက်ကျနေခဲ့ပြီး ပထမဆုံးအတန်းမှအထူးဖိတ်ကြားထားသောမိသားစုထိုင်ခုံသုံးခု‌တွင်ဝင်ထိုင်လိုက်လေသည်။


" ဝိုး ဒါကတော်တော်လေးခမ်းနားတာပဲ…" ယွမ်ချန်ရှန့် မနေနိုင်ဘဲရေရွတ်လိုက်ကာ သူ၏မျက်လုံးများက ယွမ်ရှင်းကျဲထိုင်နေသည့်နေရာသို့ရောက်သွားပြီး " ရှင်းကျဲလည်း ဒီမှာထိုင်နေတာပဲ…"


ချင်ရွှမ်းသည်လည်း ယွမ်ရှင်းကျဲထိုင်နေသည့်နေရာသို့ အနည်းငယ်ထိတ်လန့်နေသောမျက်လုံးများဖြင့် လိုက်ကြည့်လိုက်ပြီး အဘယ့်ကြောင့်သူမ၏အကြီးဆုံးသားပြောင်းလဲသွားသည်ဟုခံစားနေရသည်နည်းဟူ၍တွေးလိုက်မိလေသည်။


သူ၏နောက်ကျောအားကြည့်ရုံနှင့်ပင် အရင်အချိန်တုန်းကထက်စာလျင် သူသည်အရပ်ပိုရှည်လာခဲ့ပြီး ထင်းရှူးပင်တစ်ပင်ကဲ့သို့ဖြောင့်မတ်စွာဖြင့် ချောမောနေ၏။


မကြာမီအချိန်တွင် ကျောင်းအဖွဲ့ဝင်များ၏ရလဒ်များအား ကြေငြာလိုက်ရာ လူအများ၏နွေးထွေးသောကြိုဆိုသံများနှင့် လက်ခုပ်သံများထွက်ပေါ်လာခဲ့သည်။


သူတို့သည် အဆင့်တစ်ဆယ်မှစတင်လိုက်ပြီး ယွမ်ရှင်းကျဲ၏နာမည်အားခေါ်လိုက်ချိန်၌ ထရပ်လိုက်ပြီး ပရိတ်သတ်များ၏ ကြည်နူးမှုနှင့်စိတ်လှုပ်ရှားနေမှုများပြည့်နေသော အကြည့်များအောက်တွင် စင်ပေါ်သို့တက်သွားလိုက်လေသည်။


" ဝိုးးး အဲ့ဒါကဆယ်ပွဲဆက်တိုက်နိုင်ထားတဲ့အိုမီဂါလား…"


" သူကကြည့်ကောင်းပေမယ့် မိန်းကလေးဆန်တဲ့စိတ်နေစိတ်ထားရှိပုံပဲနော် တတိယနေရာပဲရတာအံ့ဩဖို့တော့မကောင်းပါဘူး…"


" ငါကြားမိတာ သူ့ရလဒ်ကခယ့်လိုင်ထက်နည်းနည်းပဲနည်းတာတဲ့ မင်းသိတဲ့အတိုင်းခယ့်လိုင်ကအက်စ်အဆင့်ကစားသမားလေ…"


" တအားကိုသန်မာလွန်းတယ်ဟ…"


ဘေးပတ်ပတ်လည်မှအသံများမျိုးစုံမှာ ယွမ်ချန်ရှန့်နှင့်ချင်ရွမ်း၏နားထံသို့ထိုးဖောက်ဝင်ရောက်လာကြပြီး သူတို့ယွမ်ရှင်းကျဲအားမည်သည့်အချိန်ကမှဂရုမစိုက်ခဲ့ကြသော်လည်း ထိုအချိန်တွင်သူတို့၏သားဖြစ်သူ ကောင်းကောင်းလုပ်နိုင်ခဲ့သည်ဟူသောခံစားချက်မျိုးအား ခံစားလိုက်ရသည်။


၎င်းမှာ ယွမ်ရှင်းကျဲအတွက် သူတို့ပထမဆုံးခံစားဖူးခြင်းပင်ဖြစ်၏။


စင်ပေါ်သို့ဆုယူရန်တက်လာသော ယွမ်ရှင်းကျဲအား ယွမ်ဝူအနည်းငယ်မှင်သက်နေသောအကြည့်ဖြင့်ကြည့်နေခဲ့မိ၏။ ထိုလူသားမှာသူ့အတွက် ရင်းနှီးနေသလို စိမ်း‌နေသည်ဟုလည်းခံစားလိုက်ရသည်။ သေသေချာချာပင် သူ၏အစ်ကိုကြီးဖြစ်သူသာဖြစ်နေသေးသော်လည်း ထိုသူ၏ပုံစံမှာ လုံးလုံးပြောင်းလဲသွားသကဲ့သို့ဖြစ်နေခဲ့သည်။


ဆုအားပေးအပ်ချိန်တွင် ကျောင်းအုပ်ကြီးသည်ယွမ်ရှင်းကျဲအား အထူးတလည်ပြောကြားလာခဲ့သည်။


 " မင်းကကျောင်းအဖွဲ့မှာ တရားဝင်အဖွဲ့ဝင်ဖြစ်လာတဲ့ပထမဆုံးအိုမီဂါတစ်ယောက်ပဲ…မင်းဆက်ပြီးတော့ ကောင်းကောင်းကြိုးစားသွားပြီးတော့ မင်းရဲ့တာဝန်တွေကိုမေ့မပစ်လိုက်ပါနဲ့…"


ထို့နောက် ကျောင်းအုပ်ကြီးသည် ဂုဏ်ပြုလွှာနှင့် ကြေးနီရောင်ဒိုင်းဆုတစ်ခုအပြင် ငွေ၅သိန်းပါသည့်ချက်လက်မှတ်တစ်စောင်အား ယွမ်‌ရှင်းကျဲထံသို့ပေးအပ်လာခဲ့သည်။


ယွမ်ရှင်းကျဲ၏မျက်လုံးထဲမှာမူ ထိုချက်လက်မှတ်သာရှိလေသည်။ သူ၏ဆုလက်ခံသည့်မိန့်ခွန်းအားပြောရသည့်အချိန်၌ပင်


 " ကျောင်းအဖွဲ့မှာပါဝင်ရအတွက်တကယ့်ကိုဂုဏ်ယူဝမ်းမြောက်မိပါတယ်…အစကတည်းက လိုချင်မိတဲ့အရာကတော့ ဒီသန်းတစ်ဝက်ပါပဲ..မက်ခါကိုဆက်လက်မွမ်းမံသွားဖို့ မကိုက်ညီဘဲစုတ်ပြတ်နေတဲ့ပစ္စည်းတွေပဲသုံးနေရတာက မလွယ်ကူဘူးလေ…"


သူ၏ပြောစကားအားကြားလိုက်ရချိန်တွင် စင်အောက်ရှိလူများမှာ ယွမ်ရှင်းကျဲ၏အလွန်အရုပ်ဆိုးစွာမွမ်းမံထားသောမက်ခါအားတွေးမိသွားကြပြီး မရယ်မောပဲမနေနိုင်တော့ပေ။


မည်သို့ပင်ဖြစ်စေ ယွမ်ချန်ရှန့်နှင့် ချင်ရွှမ်းတို့၏မျက်နှာအမူအယာမှာတော့ သိပ်မကောင်းလှချေ။


သူတို့၏‌ဘေးမှမိဘတစ်ဦးတီးတိုးပြောလာခဲ့သည် " အဲ့ဒီယွမ်ရှင်းကျဲရဲ့အိမ်ကမက်ခါတွေရောင်းတာမဟုတ်ဘူးလား… သူ့မှာဘာလို့ပြင်ဆင်မွမ်းမံဖို့အတွက်တောင်ငွေမရှိရတာလဲ…"


" သူ့ရဲ့စွမ်းအားတွေကိုလေ့ကျင့်ပေးဖို့အတွက် သူ့မိသားစုဝင်တွေကကြိုးစားနေတာလို့တော့ခန့်မှန်းရတာပါပဲ… သူကမွမ်းမံဖို့အတွက်ငွေမရှိတာတောင်ဒီလောက်သန်မာတာ ငါသာသူ့မိဘသာဆိုရင်တော့ အရမ်းကိုဂုဏ်ယူနေမိမှာပဲ…"


" အဲ့ဒါမင်းကြောင့်ပဲ…" ယွမ်ချန်ရှန့် သူ၏ဘေးတွင်ထိုင်နေသော ချင်ရွှမ်းအားကြည့်ကာ အသံနိမ့်နိမ့်ဖြင့်ပြောလာခဲ့သည်။


 " မင်းဘာလို့များရှင်းကျဲရဲ့အသုံးစရိတ်တွေကိုဖြတ်ပစ်ခဲ့ရတာလဲ အခုသူ့ကိုကြည့်ပါဦး သူတကယ်ကိုငွေရဖို့အတွက်မက်ခါပြိုင်ပွဲကိုသွားခဲ့ရတယ်…"


ချင်ရွှမ်းနှုတ်ခမ်းကို‌ကိုက်ကာ ခေါင်းအားငုံ့လျက် ယွမ်ချန်ရှန့်၏စကားကြောင့် ပြန်လည်ချေပစရာစကားမရှိဖြစ်နေလေသည်။

75.2


ယွမ်ချန်ရှန့်သူ၏အကြီးဆုံးသားဖြစ်သူရင့်ကျက်ကာအသိဉာဏ်ရှိလာပုံအား ကြည့်နေမိသည်။ သူ၏စိတ်အတွင်းတွင်တော့ တစ်ချိန်တစ်ခါတုန်းကရှိခဲ့ဖူးသည့် မဖြစ်နိုင်သော မက်ခါမောင်းခါမောင်းနှင်ခြင်းအိမ်မက်ကြောင့် မနေနိုင်ဘဲ သက်ပြင်းချလိုက်ကာ..


. " သားကြီးကတကယ့်ကိုအသက်ကြီးလာခဲ့ပြီပုံ…"


ထို့နောက် သူနှင့်လူတိုင်း ယွမ်ရှင်းကျဲအား တက်ကြွစွာလက်ခုပ်တီးအားပေးလိုက်ကြပြီး လူအုပ်ထဲရှိအိုမီဂါမိန်းကလေးတစ်ယောက်သည်ပင် ထအော်လာခဲ့သည်။


 " ယွမ်ရှင်းကျဲငါနင့်ကိုအရမ်းသဘောကျတယ် နင်ဆက်ပြီးကောင်းကောင်းကြိုးစားသွားရမယ်နော်…"


ယွမ်ဝူမှာမူ သူ၏နံဘေးမှလူများ ယွမ်ရှင်းကျဲအားရူးသွပ်စွာဖြင့် ဩဘာပေးနေကြသည်ကိုသာကြည့်နေမိသည်။ ထိုလူများသည်အမှန်တကယ်ကို သူ၏အစ်ကိုအား ဤမျှလေးစားနေကြသည်လော…


ထိုအချိန်တွင် ယွမ်ဝူသူ့အမေ၏စကားအားပြန်လည်တွေးတောမိလိုက်ပြီး မတတ်နိုင်ဘဲ သူ့ကိုယ်သူမေးခွန်းပြန်ထုတ်မိလာသည်။ သူ၏အစ်ကိုအား သူအမှန်တကယ်ကျော်နိုင်ပါမည်လော…


ယွမ်ဝူကလေးဘဝထဲကပင် ချင်ရွှမ်းသည် အယ်လ်ဖာများကအိုမီဂါများထက်သန်မာသည်ဟူသောအတွေးအား သူ့ထံ ရိုက်သွင်းခဲ့သည်။ ထို့အပြင် သူသည်သာယွမ်မိသားစု၏အမွေများအားဆက်ခံရမည့်သူဖြစ်ပြီး ယွမ်ရှင်းကျဲ၏တန်ဖိုးမှာမူလက်ထပ်ရန်အတွက်အသုံးချခံပစ္စည်းတစ်ခုသာဖြစ်နေမည်ဆိုသည်ကို သူမသည်သူ့အားတစ်ကြိမ်ထက်မကအရိတ်အမြွတ်ပြခဲ့ဖူးသည်။


ထိုအခိုက်အတန့်တွင် စင်ပေါ်ရှိတောက်ပနေသောလူငယ်လေးအားမျက်နှာချင်းဆိုင်ကြည့်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် သူ၏ယုံကြည်မှုကင်းမဲ့ခြင်းအား ယွမ်ဝူခံစားလိုက်ရလေသည်။


သူ၏အချစ်တစ်ခုသာသိသောအစ်ကိုဖြစ်သူမှာ အရင်နှင့်မတူတော့ဘဲ ပြောင်းလဲသွားသည့်ပုံပင်။


ကျောင်းအုပ်ကြီးမှ အဖွဲ့ဝင်များအား ဆုများပေးချိန်ပြီးသွားနောက် ခန်းမထဲရှိလူများရှေ့၌ ရုပ်မြင်သံကြားမျက်နှာပြင်တစ်ခုပေါ်လာပြီး ပြိုင်ပွဲအတွင်းမှ အကောင်းဆုံးမြင်ကွင်းများအားပြသလာ၏။ ၎င်းတွင် ပြကွက်နှစ်ဆယ်မျှရွေးချယ်ထားကာ တက်ကြွသောဂီတနှင့်မှတ်ချက်များအား ထည့်ပေါင်းထားခဲ့သည်။


နှစ်စဉ်နှစ်တိုင်းယခုလိုအချိန်တွင် အကောင်းဆုံးပြကွက်များထဲတွင် အများဆုံးပါဝင်ခွင့်ရသည့်သူအား ရေတွက်ကြမည်ဖြစ်သည်။ ယခင်နှစ်များတွင်တော့ ၎င်းမှာ အထူးအယ်ဖာဖြစ်သူလော့ဝမ်းချွမ်းသည်သာ အမြဲဗိုလ်စွဲခဲ့ပြီး ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့သည်။


ယခုနှစ်တွင်မူ…


 ယွမ်ရှင်းကျဲသည် လော့ဝမ်ချွမ်းကဲ့သို့ပင် အကြိမ်ရေအတော်များများပေါ်လာခဲ့သည်။


မျက်နှာပြင်ပေါ်၌ ယွမ်ရှင်းကျဲနှင့်စုကျီနန်တို့၏ကစားပွဲအားပြသနေ၏။ မြင်ကွင်းမှာမူ ကောင်းကင်ပေါ်မှနတ်ဘုရားအသွင်နှင့်ကြောင်တစ်ကောင်ပြုတ်ကျလာပြီး အာမေဋိတ်သင်္ကေတများပေါက်ကွဲထားလာသည့်မြင်ကွင်းပင်ဖြစ်သည်။ ထို့နောက် စက်ရုပ်သားရဲတစ်ကောင်က စုကျီနန်မက်ခါ၏လက်မောင်းအားကိုက်ဖြဲလိုက်ပြီး ကစားပွဲအားမကြည့်ရှုရသေးသော လူများစွာကို အံ့အားသင့်သွားစေသည်။


မှတ်ချက်ပေးနေသူ၏အသံမှာ အလွန်တက်ကြွနေခဲ့သည် " ‌ကစ်‌တီကြောင်ကမိုက်ချက်ပဲ စုကျီနန်ကို အရှေ့နောက်တောင်မြောင်မကွဲတော့တဲ့အထိကို ဖျက်ဆီးလိုက်နိုင်တယ်…မင်းတို့မြင်တဲ့အတိုင်းပဲ ကြောင်ရဲ့အရှိန်ကမြန်လွန်းအားကြီးတယ်… ဒီမှာပဲ ယွမ်ရှင်းကျဲရဲ့အလင်းဆေဘာက စုကျီနန်ရဲ့ ဒြပ်ထုဒိုင်းရဲ့ တားဆီးခံလိုက်ရပေမယ့် ကြောင်ကပြန်ထလာနိုင်ခဲ့တယ်… ထလာပြီ ထလာပြီ … ဒီကြောင်ကတော့တကယ်ကို မသေနိုင်တဲ့နတ်ဘုရားပါပဲ…" 


မှတ်ချက်ပေးသူ၏အသံမှာ အနည်းငယ်ကြမ်းရှနေခဲ့သော်လည်း ထိုရုပ်ဆိုးသည့်ကြောင်အပေါ်သူမ၏သဘောကျနေမှုများမှာ စကားလုံးဖြင့်ပြင်မဖော်ပြနိုင်ချေ။


ယွမ်ရှင်းကျဲမှာမူ လူအုပ်ကြားထဲတွင် သူ၏နဖူးကိုသာအုပ်ကိုင်လိုက်မိတော့သည်။ သိသိသာသာပင် ထိုအရာမှာကျားတစ်ကောင်ဖြစ်နေသော်လည်း အဘယ့်ကြောင့်အနှီမှတ်ချက်ပေးသူမှာသူ့အား သီးသန့်ပိုင်ဆိုင်သည့်ပစ္စည်းတစ်ခုကဲ့သို့ပြောနေရသည်နည်း…


ထပ်မံ၍ ယွမ်ရှင်းကျဲ၏ခယ့်လိုင်နှင့် ဟဲဟောက်မင်တို့ဖြင့်ပြိုင်ပွဲအားလည်း ပြသလာခဲ့သည်။အပိုင်းတစ်ခုဆီမှ စိတ်လှုပ်ရှားနေမှုများမှာ အက်စ်အဆင့်ပြိုင်ပွဲများနှင့်ပင် မရှုံးနိမ့်နိုင်ချေ။


အကယ်၍ယခင်ကသာ ယွမ်ချန်ရှန့်နှင့်ချင်ရွမ်းတို့ အံ့အားသင့်ခဲ့ကြမည်ဆိုလျှင် ယခုအချိန်မှာမူ သူတို့လုံးလုံးမျက်စိလည်သွားခဲ့ရပြီဖြစ်၏။ 


" ငါ ငါ ရှင်းကျဲကကံကောင်းခဲ့တယ်လို့ထင်ထားခဲ့တာ…" 


ယွမ်ချန်ရှန်ဝေဝါးနေမှုကြောင့် ရေရွတ်လာပြီး " သူကဒီလိုအင်အားမျိုးနဲ့ကျောင်းအဖွဲ့ကိုဝင်ခဲ့တယ်လို့ လုံးဝမထင်ထားခဲ့မိဘူး…"


" သူကဘယ်အချိန်တုန်းကမက်ခါကောင်းကောင်းမောင်းနှင်နိုင်သွားတာလဲ…" 


ချင်ရွမ်း၏မျက်လုံးမှာမူ အံ့ဩနေခြင်းများပြည့်‌နှက်နေခဲ့သည်။ သူမမျက်နှာပြင်ပေါ်သို့ကြည့်လိုက်ပြီး မယုံနိုင်စွာဖြင့် အော်ဟစ်မိလိုက်တော့သည်။


" မဟုတ်သေးဘူး သူဘယ်တုန်းကမက်ခါမောင်းတာသင်လိုက်တာလဲ…"


သူမသည် ဗီဒီယိုထဲရှိမက်ခါမောင်းနှင်နေသူမှာ သူမ၏သားဖြစ်သူဖြစ်သည့်အချက်အား မယုံကြည်နိုင်ခဲ့ပေ။ အိုမီဂါတစ်ယောက်သည် မည်ကဲ့သို့မက်ခါမောင်းကာ တိုက်ခိုက်နိုင်သည်နည်း…


ယွမ်ချန်ရှန့်၏စိတ်ထဲတွင် အံ့ဩမှုနှင့်ဂုဏ်ယူမှုများပေါ်လာခဲ့ပြီး ​ပြင်းထန်သည့်နောင်တရမှုလည်းပေါ်ပေါက်လာလေသည်။


သူပြန်လည်သတိရခဲ့သည်မှာ သူသည်အမြဲလိုလိုပင် ယွမ်ရှင်းကျဲနှင့်အနေစိမ်းခဲ့ကာ သူ့အားမည်သည့်အကြောင်းကိုမှမမေးမြန်းခဲ့မိချေ။ အဘယ့်ကြောင့်ဆိုသော် သူ၏မျက်လုံးထဲတွင် ယွမ်ရှင်းကျဲသည် အလွန်လျစ်လျူရှုတတ်ပြီး မိသားစုစီးပွားရေးအား ဆက်ခံနိုင်စွမ်းမရှိသည့်သူတစ်ယောက်ဖြစ်နေခဲ့ခြင်းကြောင့်ပင်။


ယခုအချိန်၌ ရုပ်မြင်သံကြားမျက်နှာပြင်ပေါ်တွင်ယွမ်ရှင်းကျဲ၏နာမည်ပေါ်ပေါက်လာချိန်မှာတော့ သူ၏မျက်နှာအားအချက်ပေါင်းများစွာဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ခံစားနေရလေသည်။


ယွမ်ရှင်းကျဲအား ယနေ့ဆုပေးပွဲ၏မျက်လုံးအဖမ်းစားနိုင်ဆုံးသောဇာတ်ဆောင်ဟူ၍ပင်ဆိုနိုင်ပေမည်။ သူ၏အမျိုးအစားနှင့် အောင်မြင်‌မှုများကြောင့်သာမက သူ၏အကောင်းဆုံးပြကွက်တွင် ငါးကြိမ်မျှပေါ်လာခဲ့ခြင်းကြောင့်အပြင် ထိုပြကွက်များ၏လေးပုံတစ်ပုံအားရေတွက်ရမည်ဆိုပါက သုံးခုမှာ ထိပ်ဆုံးအဆင့်ငါးသို့ဝင်ရောက်ခဲ့ခြင်းကြောင့်ဖြစ်သည်။


ဤသည်ကိုကြည့်ရုံနှင့်ပင် ဒိုင်များယွမ်ရှင်းကျဲအားမည်မျှတန်ဖိုးထားကြသည်ကိုမြင်နိုင်ပေမည်။


xxxxxx