အပိုင်း ၇၈
Viewers 17k

Chapter 78


ရလဒ်များမှာ မျက်နှာပြင်ကြီးပေါ်တွင်ထွက်ပေါ်လာခဲ့သည်။


၎င်းမှာ အေဟူသည့်စာလုံးအကြီးကြီးပြနေခဲ့ပြီး ဆိုလိုသည်မှာ ယွမ်ရှင်းကျဲ၏စိတ်စွမ်းအားမှာ အေအဆင့်သို့ရောက်နေခြင်းဟူ၍ဖြစ်သည်။


ရစ်ချက်၏မျက်လုံးများအနည်းငယ်တုန်လှုပ်သွားခဲ့၏။ သူသည်ယွမ်ရှင်းကျဲသည်ခုန်ပျံသည့်မက်ခါလုပ်နိုင်မည်ဟုထင်မိခဲ့သဖြင့် သူအနည်းငယ်စိတ်ပျက်သွားမိခဲ့သည်။


အော်ရီရယ်သည်အရှေ့ရှိမျက်နှာပြင်အားဖျစ်ညစ်လိုက်မိလေသည်။ သူ၏မျက်လုံးများသည်မျက်နှာပြင်ပေါ်သို့ကြည့်နေလျက် ပြူးကျယ်သွားကာ မယုံနိုင်သောပုံဖြင့် ယွမ်ရှင်းကျဲအားကြည့်နေပြီ " မင်းအေအဆင့်ကိုအဲ့လောက်မြန်မြန်ရောက်သွားတာလား…"


ယွမ်ရှင်းကျဲသည်လည်း ခဏကြာတောင့်ခဲနေလေ၏။ သူသည်လည်း သူ၏စိတ်စွမ်းအားသည် သူပင်သတိမပြုမိဘဲ အေအဆင့်သို့ တိုးတိတ်စွာဖြတ်ကျော်သွားနိုင်မည်ဟု သတိမပြုခဲ့မိချေ။


ယွမ်ရှင်းကျဲသည် ခုန်ပျံကာ မက်ခါများမောင်းနှင်နိုင်သောလူတစ်ယောက်နှင့် မတူခဲ့သော်လည်း နှစ်လမှသုံးလအတွင်း သူ၏စိတ်စွမ်းအားအဆင့်အား ‌စီအဆင့်မှ အေအဆင့်ထိရောက်အောင် မြှင့်တင်နိုင်ခဲ့ခြင်းမှာ အလွန်ရှားပါးလေသည်။ သို့ဖြစ်ရာ ကျောင်းအဖွဲ့မှအခြားသောသူများသည် သူ့အားမနာလိုသောမျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။


ရစ်ချက်သည် သူ၏မျက်လုံးထဲမှစိတ်ပျက်နေမှုများအား မောင်းထုတ်လိုက်ပြီး ခေါင်းယမ်းကာ ယွမ်ရှင်းကျဲအားပြောလိုက်လေသည် " မင်းကအခုပဲအေအဆင့်ကိုရောက်သွားတာပဲ…သီအိုရီအရတော့ အေအဆင့်ပေါ့… တကယ်လို့မင်းအမျိုးသားစစ်တက္ကသိုလ်မက်ခါပြိုင်ပွဲမှာ အမှတိကောင်းကောင်းနဲ့ နိုင်ချင်တယ်ဆိုရင်တော့ အဲ့ဒါကကောင်းကင်ပေါ်ကိုပျံတက်သွားတာထက်ပိုခက်မှာပဲ…"


ထိုသို့အဆိုပြုချက်ထွက်ပေါ်လာသောအချိန်၌ လေထုမှာ အနည်းငယ်လေးလံလာခဲ့လေသည်။


ယွမ်ရှင်းကျဲသည်လည်း ရစ်ချက်မညာတတ်ကြောင်းအားသိနေခဲ့သည်။ ထို့အပြင် ရစ်ချက်နှင့်သူ၏ဆရာကျိုးဖေးရွှယ်တို့မှာပြိုင်ဘက်များဖြစ်နေသောကြောင့် သဘာဝကျစွာပင် ရစ်ချက်၏အပြုအမူများမှာ သူ့အပေါ်တွင်မကောင်းလှချေ။ မည်သို့ပင်ဆိုစေကာမူ ရစ်ချက်အမှန်ကိုသာပြောခဲ့ကြောင်းကို သူသိလေသည်။


ခေါင်းဆောင်းအားချွတ်လိုက်ပြီးနောက် ယွမ်ရှင်းကျဲ သူ့အသင်းဖော်များ၏အဆင့်များစစ်ဆေးနေသည့်ဘက်သို့လျှောက်သွားချင်ခဲ့သော်လည်း ရုတ်တရက်ဆိုသလို သူ့အားလက်ကြီးကြီးတစ်ဖက်မှဆုပ်ကိုင်ခြင်းကိုခံလိုက်ရသည်။


လော့ဝမ်ချွမ်းသူ၏ဘက်သို့ ယွမ်ရှင်းကျဲအားတိတ်ဆိတ်စွာဆွဲခေါ်လိုက်ပြီး ရစ်ချက်မမြင်နိုင်မည့်အနေအထားအဖြစ်သို့ ကာဆီးလိုက်သည်။


ယွမ်ရှင်းကျဲမှာကြောင်အသွားပြီး လော့ဝမ်ချွမ်းအားကြည့်ကာ " ဘာပြသနာရှိလို့လဲ…"


" ရစ်ချက်ကသောက်ပိုတွေပြောနေတာ…" လော့ဝမ်ချွမ်းသည် ယွမ်ရှင်းကျဲ၏နားနားသို့ကပ်အား အလွန်နိမ့်သောအသံဖြင့် " အေအဆင့်ကိုဒီလောက်မြန်မြန်တက်လာနိုင်တယ်ဆိုတာ မင်းမှာကောင်းမွန်တဲ့ လုပ်ရည်ကိုင်ရည်ရှိတယ်လို့ဆိုလိုတာပဲ…"


အဆုံးမှာတော့ ယွမ်ရှင်းကျဲတုန့်ပြန်နိုင်ခဲ့သည်။ ၎င်းမှာလော့ဝမ်ချွမ်းသည် သူ့အားရစ်ချက်၏အဆိပ်ပြင်းလှသောလျှာကြောင့် မခံစားရစေရန် သူ့ကိုယ်သူကာကွယ်ပေးနေခြင်းပင်ဖြစ်၏။


ရစ်ချက်ပြောခဲ့သည်အား သူအလွန်အရေးမစိုက်မိသော်လည်း လော့ဝမ်ချွမ်း၏သေးငယ်သောလှုပ်ရှား‌မှုလေးကြောင့် နွေးထွေးသွားရကာ မနေနိုင်တော့ဘဲ ရယ်ချမိလိုက်လေသည် " ကျေးဇူးပါ စီနီယာ…"


ယွမ်ရှင်းကျဲပြုံးလိုက်အား မြင်လိုက်ရပြီးနောက် လော့ဝမ်ချွမ်းသည်သူ့အားစိတ်ပူနေခြင်းမရှိတော့ပေ။ ထို့နောက်မှ သူသတိပြုလိုက်မိသည်မှာ သူသည်ယွမ်ရှင်းကျဲ၏လက်အားကိုင်ထားဆဲဖြစ်ပြီး သဘာဝမကျစွာပင် သွားခွင့်မပြုခဲ့မိချေ။


လော့ဝမ်ချွမ်းခန္ဓာကိုယ်၏အ‌ပူချိန်မှာ ယွမ်ရှင်းကျဲ၏လက်ကောက်ဝတ်ပေါ်၌ကျန်ရစ်ခဲ့လေသည်။


ကျောင်းအသင်းမှအဖွဲဝင်များသည် စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုများလုပ်ဆောင်နေကြပြီး ရလဒ်များမှာ မျက်နှာပြင်ကြီးပေါ်၌ တစ်ခုပြီးတစ်ခုထွက်ပေါ်‌လျက်ရှိသည်။


မြင့်ရာမှ နိမ့်ရာသို့ အစီအစဉ်မှာ လော့ဝမ်ချွမ်း SS+ ဟဲဟောင်မင် S+ ခယ့်လိုင် S အက်ရှလေ S ချီယု A+ ကာလက် A+ ဆာတိုအန်း A+ အိုးရွေ့ A+ အော်ရီရယ် A+ ယွမ်ရှင်းကျဲ A တို့ဖြစ်သည်။


သူတို့ထဲတွင် ဆာတိုအန်းနှင့် အိုးရွေ့တို့သည် လေးတန်းမြောက်မှစစ်ပြန်များဖြစ်ပြီး သူတို့မှာအမျိုးသားဘီတာနှင့် အမျိုးသမီးဘီတာတို့အသီးသီးဖြစ်ကြပြီး ယွမ်ရှင်းကျဲသည်အိုမီဂါဖြစ်လေသည်။ ကျန်သောလူခုနစ်ဦးစလုံးမှာ‌ အယ်လ်ဖာများသာဖြစ်၏။


ဤသည်မှာ အသင်းတစ်ခုလုံး၏အင်အားသည် ယမန်နှစ်အဖွဲ့ထက်အနည်းငယ်မြင့်မားသည်ဟုဆိုနိုင်ပေသည်။


ရလဒ်များအရကြည့်မည်ဆိုပါက ယွမ်ရှင်းကျဲ၏စိတ်စွမ်းအားမှာ ကျောင်းအသင်းတစ်ဖွဲ့လုံးတွင်အားအနည်းဆုံးဖြစ်ရာ ရစ်ချက်ဤသို့ပြောသည်မှာ အံ့ဩစရာမရှိပေ။


စိတ်စွမ်းအားစမ်းသပ်မှုအပြီးတွင် လူတိုင်းရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတစ်ခုကိုထပ်မံခံယူခဲ့ကြသည်။


အခြားသူများ၏အဆိုးဆုံးအခြေအနေမှာပင် အေအဆင့်ရှိရာ ယွမ်ရှင်းကျဲ၏သက်လုံမှာဘီအဆင့်ဖြစ်သောကြောင့် အဖွဲ့၏အောက်ခြေအဆင့်သာရှိလေသည်။


ယွမ်ရှင်းကျဲ၏ရုပ်ပိုင်းဆိုင်ရာခွန်အားကိုမြင်ပြီးသည့်နောက် ရစ်ချက်လှောင်ရယ်လိုက်မိတော့သည်။ သူ၏မျက်လုံးထဲရှိအလင်းမှာမပြတ်မသားဖြစ်နေသော်လည်း ယွမ်ရှင်းကျဲသည် ရစ်ချက်သူ့အားလှောင်ပြောင်နေသည်ဆိုသည်ကိုမူသိနေသေးသည်။


" မင်းတို့ရဲ့အားနည်းချက်တွေနဲ့အင်အားမဲ့မှုတွေကို နှလုံးသားထဲမှာရှင်းရှင်းလင်းလင်းသိထားပြီးသားပဲလေ…" 


ရစ်ချက်မှတ်ဉာဏ်တုပေါ်ရှိ ရလဒ်များအားပေါ့ပေါ့ပါးပါးကြည့်လိုက်ကာ အေးစက်နေသောအသံဖြင့်


 " မင်းတို့ကျောင်းကလုပ်တဲ့မက်ခါပြိုင်ပွဲကိုအောင်မြင်သွားပြီဆိုတော့နားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်…အဆင့်တစ်ဆယ်အတွင်းဝင်နိုင်တယ်ဆိုတာက မင်းတို့ကရှင်းဟိုင်စစ်တက္ကသိုလ်ကိုကိုယ်စားပြုတယ်လို့ဆိုလိုတာပဲလေ…နိုင်ငံအဆင့်ပြိုင်ပွဲကျရင်ကောင်းကောင်းလုပ်ဆောင်ရလိမ့်မယ် နားလည်လား…"


" ဟုတ်ကဲ့ " လူတိုင်းမတ်မတ်ရပ်ကာ ရစ်ချက်၏မိန့်ခွန်းအားထောက်ခံလိုက်ကြသည်။


" ငါမင်းတို့အတွက်သတင်းပို့ပြီးပြီ.." 


ရစ်ချက်မှတ်ဉာဏ်တုအားမောင်းနှင်လျက်


 " နောက်လဝက်နေရင် ငါမင်းတို့ကိုသေလုနီးပါးအထိလေ့ကျင့်ပေးတော့မှာ နားလည်ကြလား…"


အားလုံးညီညီညာညာဖြင့် " နားလည်ပါပြီ "

78.2


ယွမ်ရှင်းကျဲသည် NCLM ပွဲစီစဉ်သူထံမှပေးပို့လိုက်သည့် မေးလ်တစ်စောင်အား မှတ်ဉာဏ် တုပေါ်၌လက်ခံရလိုက်လေသည်။


သူဖွင့်ဖောက်ကြည့်ရှုလိုက်ရာ ထိုအရာမှာနိုင်ငံအဆင့်ပြိုင်ပွဲအတွက်ရေးသားထားခြင်းသာဖြစ်၏။


( အင်ပါယာအတွင်းရှိစစ်တက္ကသိုလ်များ၏ မက်ခါလေ့လာခြင်းအား အထောက်အပံ့ဖြစ်စေရန်အတွက် ဧကရာဇ်သည် နိုင်ငံအဆင့်စစ်တက္ကသိုလ်များဆိုင်ရာ မက်ခါပြိုင်ပွဲအားနှစ်စဉ်နှစ်တိုင်းကျင်းပပေးခဲ့ရာ ဤပြိုင်ပွဲတွင်ပါဝင်ခွင့်ရသည့်အတွက်ဂုဏ်ပြုပါသည်…) မေးလ်အားဖတ်ပြီးသည့်နောက်တွင်တော့ ယွမ်ရှင်းကျဲသည် ပြိုင်ပွဲအားလေးလေးနက်နက်နားလည်သွားရတော့သည်။


သူ၏စိတ်ထဲရှိမူလဇာတ်ကြောင်းမှာ ထိုအရာအားသူ့ကိုမဖော်ပြခဲ့ချေ။ မူလပိုင်ရှင်သည် စေ့စပ်ပွဲအားအဆုံးသတ်ရန် သူ့၏ဂလင်းများအားဖြတ်‌တောက်လိုက်သောကြောင့် သေဆုံးသွားသည့်အချိန်တွင် ပြိုင်ပွဲစတင်ခဲ့သည်မှာ မကြာသေးပေ။ ထို့ကြောင်း ၎င်းပြိုင်ပွဲမှာ မူလယွမ်ရှင်းကျဲနှင့် အများမသက်ဆိုင်ခဲ့ချေ။


NCLM မစတင်ခင်အချိန်၌ အမျိုးသားပညာရေးအစည်းအရုံးနှင့် စစ်ဘက်ရေးရာဝန်ကြီးဌာနတို့သည် စစ်တက္ကသိုလ်ကြီးများ၏ အင်အားကို ပူးတွဲအကဲဖြတ်ကြမည်ဖြစ်ပြီး ပြိုင်ပွဲအတွက် ၁၆နေရာရှိမည်ဖြစ်သည်။ အဖွဲ့လိုက်ပြိုင်ပွဲများအတွက် ကျောင်းများအား လေးဖွဲ့စီပိုင်းခြားထားကာ ပြိုင်ပွဲအပြီးတွင် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။


ကျောင်း၏ရှည်လျားသောသမိုင်းကြောင်းရှိခြင်းကြောင့် ရှင်းဟိုင်စစ်တက္ကသိုလ်သည်လည်းပါဝင်ခွင့်ရခဲ့လေသည်။ ၎င်းအားလွန်ခဲ့သောနှစ်ရာပေါင်းများစွာက တော်ဝင်စစ်တက္ကသိုလ်ဟုခေါ်ဝေါ်ခဲ့ကြသော်လည်း များစွာသောအပြောင်းအလဲများအပြီးတွင် ရှင်းဟိုင်စစ်တက္ကသိုလ်ဟူ၍ပြောင်းလဲသတ်မှတ်ခဲ့ကြသည်။


လွန်ခဲ့သောအချိန်များက ရှင်းဟိုင်စစ်တက္ကသိုလ်သည် NCLMပွဲ၏ ထိပ်ဆုံးသုံးနေရာအား ခိုင်မြဲစွာရယူခဲ့နိုင်သည်။ ထိုအချိန်တုန်းက ပွဲတွင်အခြေခံမက်ခါများသာရှိခဲ့ပြီး ၎င်းတို့မှာ အလင်းဓားမက်ခါ သို့မဟုတ် ကြယ်တံခွန်မက်ခါတို့သာဖြစ်ခဲ့သည်။ နဂါးငွေ့တန်းတွင် မက်ခါအသစ်များပြန့်နှံ့ခဲ့ပြီးသည့်နောက်တွင်တော့ ရှင်းဟိုင်စစ်တက္ကသိုလ်သည်အခွင့်အရေးအားဖမ်းဆုပ်နိုင်ရန်ကျရှုံးသွားရပြီး သူ၏အင်အားမှာလည်း ယိမ်းယိုင်လာရလေသည်။


ထိုအရာကြောင့်ပင် မူလအစတုန်းက ကျောင်းသားများ၏မိသားစုနောက်ခံအပေါ်မူတည်၍လိုအပ်ချက်အလွန်များပြားခဲ့သောရှင်းဟိုင်ကျောင်းသည် မကြာသေးမီနှစ်များအတွင်း စွန့်ပစ်ကြယ်ရှိ‌ကျောင်းသားများအတွက်ပင် ဝင်ခွင့်အရည်အချင်းများကို ဖွင့်လှစ်ပေးခဲ့သည်။လော့ဝမ်ချွမ်း၊ စုကျီနန်နှင့် ဟဲဟောင်မင်တို့အားလုံးမှာ ထိုစာရင်း၏တစိတ်တပိုင်းဖြစ်ကြသည်။


NCLM၏ထိပ်ဆုံးသုံးနေရာမှာ အလွန်ကြီးမားသောဆုကြေးများရရှိနိုင်ပေမည်။ သူတို့သည် စစ်တက္ကသိုလ်မှဂုဏ်ယူခံရမည့်အပြင် မက်ခါစစ်တပ်အတွင်းသို့ဝင်နိုင်ရန်အတွက်လည်း အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်သည်။


ပထမနေရာအတွက်မူ ပွဲစီစဉ်သူမှကိုယ်တိုင်ဖန်တီးပေးထားသည့် အက်စ်သုံးလုံးအဆင့်မက်ခါကိုပါရရှိမည်ဖြစ်သည်။ ၎င်းမက်ခါမှာ ချန်ပီယံအဖွဲ့အတွင်းရှိ အကောင်းဆုံးစွမ်းဆောင်နိုင်သည့်ကစားသမားသာပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး မက်ခါ၏အမျိုးအစားနှင့် အသွင်အပြင်ကိုလည်း အကောင်းဆုံး ကစားသမားမှ ဖန်တီးပေးထားခြင်းပင်ဖြစ်သည်။


ယွမ်ရှင်းကျဲ ဆုစာရင်းအတွင်းရှိ အက်စ်သုံးလုံးမက်ခါအားမြင်လိုက်ရချိန်တွင် မတတ်နိုင်ဘဲ တံတွေးသာမြိုချလိုက်မိလေသည်။


သူ၏ချန်ပီယံပွဲအားအနိုင်ယူမည့်အိမ်မက်လေးမှာ စတင်လိုက်သည်နှင့် အနည်းငယ်မျောပါသွားရတော့သည်။


သိထားရမည့်အချက်တစ်ချက်မှာ ရှင်းဟိုင်စစ်တက္ကသိုလ်သည် ယမန်နှစ်အဖွဲ့လိုက်ပြိုင်ပွဲမှ ထုတ်ပယ်ခံခဲ့ရပြီး အဆင့်ရှစ်သာရခဲ့လေသည်။ ထိုအချိန်မတိုင်ခင်ကမူ သူတို့သည် ဆယ်နှစ်ဆက်တိုက် အဖွဲ့လိုက်ပြိုင်ပွဲစင်သို့ရောက်ရှိနိုင်ရန်ပင် အဆင့်မမှီခဲ့ကြချေ။


စာရင်းသွင်းခြင်းပြီးဆုံးသွားချိန်တွင် စီစဉ်သူသည် အဖွဲ့များအတွင်း စတင်၍မဲများခွဲဝေပေးလိုက်မည်ဖြစ်သည်။ သို့မှသ အဓိကစစ်တက္ကသိုလ်များမှာ သူတို့၏ပြိုင်ဘက်များအတွက်ပြင်ဆင်နိုင်ကြပေမည်။


ရစ်ချက်သည် ယမန်နှစ်မဲနှိုက်ရာတွင်အလွန်ကံဆိုးခဲ့ရသည်။ သူတို့၏အဖွဲ့အတွက် သန်မာသောကစားသမားမှာ နှစ်ဦးသားပါဝင်ခဲ့ပြီး လော့ဝမ်ချွမ်းသာ အကောင်းဆုံးမကစားခဲ့ပါက သူတို့၏အရည်အချင်းများမှာလည်း ဆိုင်းငံ့ထားခြင်းခံရတော့မည်ဖြစ်သည်။


သို့ဖြစ်ရာ ယခုနှစ်တွင်မူ ရစ်ချက်သည် သူ၏မဲနှိုက်ခွင့်အား ပြိုင်ဘက်ဖြစ်သူကျိုးဖေးရွှယ်ကိုသာ ပေးအပ်ရန်ဆုံးဖြတ်လိုက်တော့သည်။


စီစဉ်သူများမှာ အဓိကစစ်တက္ကသိုလ်များအား တစ်မှဆယ့်ခြောက်အတွင်းရွေးချယ်ရန်ပြောလိုက်ရာ ကျိုးဖေးရွယ်ထံသို့ ရစ်ချက်စာတစ်စောင်ပို့လာခဲ့သည်။


 " လူအိုကြီးကျိုး ဘာ‌ရွေးမှာလဲ.."


ကျိုးဖေးရွယ်မှာမူ လုရန်ရှုအား မက်ခါနှင့်သက်ဆိုင်သောမေးခွန်းများ ကူညီဖြေကြားပေးနေခဲ့ရသည်။ မကြာသေးမှီအချိန်က လုရန်ရှုသည် အိုမီဂါမက်ခါအစည်းအရုံးဖွဲ့စည်းရန်အတွက်ပြင်ဆင်နေခဲ့ပြီး ယွမ်ရှင်းကျဲအား အကဲဖြတ်ညွှန်းကိန်းများ ကူညီပြင်ဆင်ပေးရန်အတွက် မေးမြန်းလာခဲ့သည်။


အစပိုင်းမှာတော့ လုရန်ရှုသည် ယွမ်ရှင်းကျဲအားမေးမြန်းချင်မိသော်လည်း ယွမ်ရှင်းကျဲမှာ ကျောင်းအဖွဲ့၏လေ့ကျင့်ရေးများဖြင့် အလွန်အလုပ်ရှုပ်နေခဲ့သည်။


" ရုပ်ပိုင်းဆိုင်ရာခွန်အားအတွက် အကဲဖြတ်တဲ့အချိန်ကျရင် အရမ်းလျော့ကျနေလို့မရဘူး…အဆုံးမှာတော့ အိုမီဂါတွေရဲ့မွေးရာပါခွန်အားကနိမ့်ကျတယ်ဆိုပေမယ့် အားအင်ရှိနေဖို့တော့လိုအပ်နေတာပဲလေ.."


ကျိုးဖေးရွှယ်စကားပြောနေသည့် လမ်းတဝက်တွင် မှတ်ဉာဏ်တုမှရသည့်သတင်းကြောင့် တောင့်ခဲသွားကာ လုရန်ရှုအားမေးမြန်းလာလေသည်။


" မင်းရဲ့ကံကောင်းစေတဲ့နံပါတ်ကဘာလဲ…"


လုရန်ရှု : " 88 "


ကျိုးဖေးရွှယ် : " အဲ့ဒါဆို 1 ကနေ 16 ထဲကတစ်ခုရွေး "


လုရန်ရှုအံ့ဩသွားပြီးပြန်မေးလာလေသည်။


 " ကံကောင်းစေတဲ့နံပါတ်ကရွေးလို့ကောရသေးလို့လား…"


ကျိုးဖေးရွယ်သူ့အားအမြန်သာရွေးခိုင်းလိုက်တော့သည်။


လုရန်ရှုမှာ မတတ်နိုင်တော့ဘဲ နံပါတ်တစ်ခုကိုသာ ဖြစ်သလိုပြန်‌ဖြေပေးလိုက်သည် " ကိုး "


ထို့ကြောင့် ကျိုးဖေးရွှယ်သည်လည်း ရစ်ချက်အား ပြန်ပြောလာခဲ့သည် " ကိုးကိုရွေး "


အခြားစစ်တက္ကသိုလ်များသည်လည်း နံပါတ်ကိုးအား မရွေးချယ်ခဲ့ကြသောကြောင့် ရစ်ချက်စီစဉ်သူများအား အကြောင်းပြန်လိုက်လေသည်။


xxxxxxx