အပိုင်း ၇၉
Viewers 17k

Chapter 79


အဖွဲ့လိုက်ရလဒ်များထွက်ပြီးသည့်နောက်တစ်နေ့တွင် ရစ်ချက် ကျိုးဖေးရွှယ်၏ရုံးခန်းသို့ မနက်‌စောစောအပြေးသွားကာ ထိုက်ချိကစားနေသော ကျိုးဖေးရွှယ်အား အော်ပြောလိုက်လေသည် " မကောင်းတဲ့လူအိုကြီး ခင်ဗျားကြောင့်ပဲ…"


သူ၏မျက်လုံးများမှာပေါက်ကွဲထွက်တော့မလို ဖြစ်နေကာ မျက်လုံးထောင့်မှအမာရွတ်သည်ပင်လွင့်ပျံထွက်လာတော့မတတ်ဖြစ်နေခဲ့သည်။


ရစ်ချက်၏အမူအယာအားမြင်ပြီးသည့်နောက်တွင် ကျိုးဖေးရွှယ်သည်အဖွဲ့ခွဲသည့်ရလဒ်များသိပ်မကောင်းနိုင်ကြောင်းကိုသဘောပေါက်သွားမိလေသည်။


 " ဘာဖြစ်တာလဲ ငါတို့မနှစ်တုန်းကသန်မာတဲ့ကစားသမားတွေနဲ့တွေ့ခဲ့လို့လား…"


ရစ်ချက် အုပ်စုစာရင်းအား သူ့ထံပစ်ပေါက်လိုက်ကာ " ကိုယ့်ဘာသာပဲကြည့်လိုက်တော့.."


ကျိုးဖေးရွှယ် အုပ်စုစာရင်းအားကြည့်လိုက်မိချိန်၌ ထိုက်ချိကစားနေခြင်းပင် ချက်ချင်းဆိုသလို ရပ်တန့်သွားကာ နာမည်စာရင်းအားအလွန်အံ့ဩနေသောပုံစံဖြင့် " ဂျက်ကော့ပထမစစ်တက္ကသိုလ်၊ ယွမ်ရှန်စစ်တက္ကသိုလ်၊ စိန့်ကလီတိုမက်ခါတက္ကသိုလ်… သောက်ချီး ဒါကြီးကမှားနေတာပဲနေမှာ.. ဘယ်လိုဖြစ်ပြီး ဒီမကောင်းဆိုးဝါးတက္ကသိုလ်သုံးခုကိုအတူဖွဲ့ပေးထားတာလဲဟ…"


ဂျက်ကော့ပထမစစ်တက္ကသိုလ်အား ဂျက်ကော့ကြယ်တာရာအစုအဝေး၏ ထိုက်တန်သောအာဏာရှင်ဟူ၍ဆိုနိုင်ပေသည်။ ယမန်နှစ်ပြိုင်ပွဲတွင် တတိယအဆင့်ချိတ်ခဲ့ပြီး သူတို့၏အင်အားမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်သန်မာကာ ချန်ပီယံပြိုင်ပွဲအချို့လဲနိုင်ခဲ့ဖူးသည်။


ယွမ်ရှန်စစ်တက္ကသိုလ်မှာမူ ကုယွမ်ကြယ်တာရာအစုအဝေး၏အသန်မာဆုံးစစ်တက္ကသိုလ်ဖြစ်သည်။ ယမန်နှစ်ပြိုင်ပွဲတွင် ဂျက်ကော့ပထမစစ်တက္ကသိုလ်နှင့် အဆင့် သုံးနေရာအတွက် ယှဉ်ပြိုင်ခဲ့ရပြီး အဆင့်လေးသာရရှိခဲ့သော်လည်း သူတို့၏ခွန်အားမှလျော့တွက်၍မရချေ။


စိန့်ကလီတို၏မက်ခါတက္ကသိုလ်သည်လည်း ငန်းနက်ကြယ်တာရာအစုအဝေး၏အင်အားကြီးတက္ကသိုလ်တစ်ခုဖြစ်လေသည်။ ၎င်းမှာ အံ့ဩဖွယ်ရာ မက်ခါဌာနရှိ‌သည့် သေးငယ်သောတက္ကသိုလ်တစ်ခုသာဖြစ်သည်။ ယမန်နှစ်တွင် ကစားပုံအစီအစဉ်မကျခဲ့သောကြောင့် အဆင့်ငါးနေရာသာရခဲ့လေသည်။ ယင်းမတိုင်မီကမူ သူတို့သည် နှစ်စဉ်နှစ်တိုင်း ပြိုင်ပွဲတွင် ထိပ်ဆုံးသုံးယောက်စာရင်းဝင်ခဲ့သူများဖြစ်ကြသည်။


သို့ဖြစ်ရာ ထိုကျောင်းသုံးကျောင်းစလုံးမှာ ချန်ပီယံပွဲကိုနိုင်ရန်အတွက် လူသိများသောအဖွဲ့များဟူ၍ခေါ်ဆိုနိုင်ပေသည်။


နှိုင်းယှဉ်ကြည့်ရမည်ဆိုလျှင် လွန်ခဲ့သောဆယ်နှစ်ဆက်တိုက်အဆင့်မမှီခဲ့ပြီး အဆုံး၌အဆင့်မှီခဲ့သောယမန်နှစ်တွင်လည်း ထုတ်ပယ်ခံခဲ့ရသော ရှင်းဟိုင်စစ်တက္ကသိုလ်မှာမူ အနည်းငယ်ဘောင်အပြင်ဘက်သို့ရောက်နေခဲ့လေသည်။


" ငါတော့သေမလိုကိုစိတ်တိုမိတာပဲ…အရူးလိုကိုရီမိနေပြီ.." ရစ်ချက်မှာအလွန်ဒေါသထွက်နေသောကြောင့် ကျိုးဖေးရွှယ်အားခါးထောက်ကြည့်နေလျက် ကဲ့ရဲ့စကားဆိုလာခဲ့သည်။


 " မင်းမျက်နှာနဲ့လက်တွေကိုလည်းသွားဆေးလိုက်ပါဦး မင်းကမုန်တိုင်းမက်ခါကိုတောင်အနက်ရောင်ဆိုးလို့ရနေပြီ…"


ကျိုးဖေးရွှယ်မသက်မသာဖြင့်တုံ့ပြန်လာခဲ့သည်။


 " အဲ့ဒါမင်းဘာသာမင်းကောင်းကောင်းမဲမနှိုက်ခဲ့လို့လေ ဒါတောင်ငါ့ကိုလာအပြစ်တင်နေသေးတယ်…"


" မင်းအတွက်ကျောင်းသားတစ်ယောက်ကနေ ကျောင်းရဲ့တရားဝင်အဖွဲ့ဝင်ဖြစ်လာတာကခက်ခဲမယ်ထင်ခဲ့မိလို့ပေါ့ဟ…" 


ရစ်ချက်နှာခေါင်းရှုံလိုက်ကာ " အဲ့ဒါကြောင့် မင်းကိုမဲနှိုက်ဖို့အခွင့်အရေးပေးခဲ့တာ… မင်းရဲ့ကျောင်းသားတွေကအားနည်းနေရုံတင်မကဘူး မင်းရဲ့ကံကပါပိုဆိုးနေမယ်လို့ငါမထင်မိလိုက်ဘူး…"


ကျိုးဖေးရွှယ်လည်းအလွန်ဒေါသထွက်လာသဖြင့် သူ၏မုတ်ဆိတ်မွှေးအားပင့်ကာ စိုက်ကြည့်လာခဲ့သည် " ငါ့ကျောင်းသားတွေရဲ့ခွန်အားကဘာဖြစ်နေလို့…ပြောစမ်းပါ ဘာဖြစ်နေလို့လဲလို့…"


" အေအဆင့်အထိအတင်ခံလိုက်ရတဲ့အိုမီဂါတစ်ယောက်က တကယ်ကြီး ကျောင်းအဖွဲ့ရဲ့တတိယနေရာကိုရသွားတာလေ…" 


ရစ်ချက်လေးနက်သောအမူအယာဖြင့်ခေါင်းယမ်းလိုက်ကာ " ‌ဒါကြီးကအဟားခံရတော့မှာပဲ…"


" ယွမ်ရှင်းကျဲကသူ့ခွန်အားကြောင့်အနိုင်ရခဲ့တာကွ မင်းဘာသိလို့လဲ…" 


ကျိုးဖေးရွှယ်သည်လည်း အငြင်းအထန်ငြင်းခုံလိုက်ပြီး


 " ရစ်ချက် အခုကနှစ်ပတ်ပဲကျန်တော့တာနော် ကျောင်းအဖွဲ့ကိုသေချာလေ့ကျင့်ပေးချည် ငါ့ကျောင်းသားတွေကို လိုက်ပြီးကဲ့ရဲ့မနေနဲ့…"


ကျိုးဖေးရွှယ် ရစ်ချက်ကြောင့်အလွန်ဒေါသထွက်နေခဲ့သည် အထူးသဖြင့်ယွမ်ရှင်းကျဲအားတွေ့သွားသောအချိန်တွင်ပင် 


" ရှင်းကျဲ ရစ်ချက်ကတကယ်ကြီးကိုငါ့ကျောင်းသားတွေကိုအထင်သေးရဲတယ်… မင်းတောင့်ခံနိုင်ပါ့မလား.."


ယွမ်ရှင်းကျဲ လေးနက်စွာပြန်ဖြေလာခဲ့သည် " သေချာပေါက် ဘယ်ခံနိုင်မလဲ…"


" ငါမင်းကိုဒီရက်ပိုင်းအတွင်း အထူးလေ့ကျင့်ခန်းတွေပေးမယ် အဲ့ဒါဆိုရင် မင်းရဲ့ခွန်အားက ခုန်ပျံကျော်လွှားပြီး တိုးတက်သွားမှာပဲ…အဲ့ကျရင် မင်းလဲအဲ့ဒီစိတ်ပုပ်တဲ့ဒေါသအိုးဆီကနေအထင်သေးမခံရတော့ဘူး…" 


ကျိုးဖေးရွှယ်၏လက်တစ်ဖက်မှာလက်သီးဆုပ်လိုက်ပြီး ကျယ်လောင်စွာဟစ်ကြွေးလိုက်လေသည်။


 " ရစ်ချက်ကဘာများတော်နေလို့လဲ သူကလော့ဝမ်ချွမ်းရဲ့ဆရာဖြစ်နေတာပဲရှိတာမဟုတ်ဘူးလား… ငါသူ့ထက်ဘယ်လိုမှပိုမဆိုးနိုင်ဘူး…"


ယွမ်ရှင်းကျဲသည် ကျိုးဖေးရွှယ်အား မျှော်လင့်တကြီးကြည့်လျက် " အထူးလေ့ကျင့်‌ခန်းကဘာလဲ…"


ကျိုးဖေးရွှယ်သူ၏နောက်မှာ ဂိမ်းကစားရာတွင်အသုံးပြုသောခေါင်းဆောင်းအားထုတ်ကာ ယွမ်ရှင်းကျဲထံပေးလိုက်လေသည်။


ယွမ်ရှင်းကျဲ : "....."


သူပဲကန်းနေတာလား ဒါမှမဟုတ် ကျိူးဖေးရွှယ်က အထူးလေ့ကျင့်ခန်းဆိုတဲ့စကားကိုများ အထင်မှားနေတာလား…


" ငါကအိုနေပြီ မင်းကိုအဖော်ပြုပြီးမက်ခါမမောင်းနိုင်တော့ဘူး…"


 ကျိုးဖေးရွှယ်ပြောလိုက်ကာ " ဘယ်လိုပဲဖြစ်ဖြစ် မက်ခါကြယ်ပွင့်ဂိမ်းထဲမှာတော့ ငါကဆာဗာပေါ်က ထိပ်တန်း PKဆရာကြီး အယောက်၂၀၀ထဲပါတာပဲလေ ဒါကလုံလောက်တာထက်ကိုပိုနေပြီ…"


ယွမ်ရှင်းကျဲလည်း ခေါင်းဆောင်းအားကြည့်ကာ ခဏတာဆွံ့အနေပြီးနောက် ပြောလာခဲ့သည် " ကောင်းပြီ စမ်းကြည့်တာပေါ့…"


ထို့နောက် ကျိုးဖေးရွှယ်ကော ယွမ်ရှင်းကျဲပါခေါင်းဆောင်းများဝတ်ဆင်လိုက်လေသည်။


ကျိုးဖေးရွှယ်က " တစ်ယောက်ထဲဆော့ရမဲ့ PKအခန်းထဲဝင်ပြီးရင် ငါမင်းကိုလှုပ်ရှားပုံသုံးမျိုးပေးမယ် မင်းငါ့ကိုလာပြီးတော့ရိုက်နိုင်တယ်… ငါ့ကိုထိခိုက်မိမှာကိုလည်းပူစရာမလိုဘူး ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကိုထိနိုင်မှာမှမဟုတ်တာ…"


ကျိုးဖေးရွှယ်၏စကားများအား ကြားရပြီးသည့်နောက်တွင် ယွမ်ရှင်းကျဲလည်း အနည်းငယ်အံ့ဩသွားခဲ့သည်။


PKအခန်းထဲဝင်ပြီးသည့်နောက်တွင် ကျိူးဖေးရွှယ်သည်အလင်းဓားမက်ခါအားရွေးချယ်ခဲ့ပြီး ယွမ်ရှင်းကျဲမှာ မြေခွေးပုံစံစက်ရုပ်သားရဲပါသည့် ကြယ်နှစ်ထပ်မက်ခါအားရွေးချယ်ခဲ့လေသည်။ ၎င်းမှာသူ၏ကိုယ်ပိုင်စက်ရုပ်သားရဲထက်ပင် ပို၍လွှမ်းမိုးနိုင်သည့်ပုံပေါ်နေလေ၏။


မက်ခါကြယ်ပွင့်ထဲ၌ ကစားသမားများ၏စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာခွန်အားများအားကန့်သတ်ထားခြင်းမရှိသောကြောင့် လူတိုင်းအတွက်ကစားရန်လွယ်ကူပြီး မျိုးစုံသောလှုပ်ရှားမှူအကွက်များအားလေ့ကျင့်ရန်အတွက် အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည်။

79.2


ကျိုးဖေးရွှယ်သူ၏မက်ခါအားအသက်သွင်းလိုက်ပြီးနောက် " လာစမ်းပါ…"


ငါးမိနစ်ခန့်အကြာတွင်…


စက်ရုပ်သားရဲသည် အလင်းဓားမက်ခါ၏မျက်နှာ‌ပြင်ပေါ်၌ကြမ်းတမ်းစွာ ထိုင်နေလျက် ပြိုင်ဘက်အား ပြန်တိုက်နိုင်မည့်အခွင့်အရေးမပေးခဲ့ချေ။


ကျိုးဖေးရွှယ်၏အသံမှာခက်ခဲနေမှုများအပြည့်ဖြင့် မက်ခါထဲမှထွက်လာခဲ့ပြီး " ငါ့ကိုလွှတ်ပါဦး လွှတ်ဦး လွှတ်ဦး…"


ယွမ်ရှင်းကျဲ : " ရေတွက်နေတဲ့အချိန်ကအခုထိမပြီးသေးဘူးနော်…"


ဆယ်စက္ကန့်အကြာတွင်တော့ ကျိုးဖေးရွှယ်ရှူံးနိမ့်သွားရကာ သူ၏သွားများအားကြိတ်လျက် ပြောလာလေသည်။


 " မင်းတကယ်ကြီးကို အဲ့ဒီလှည့်ကွက်ကို အိုမင်းနေတဲ့ဆရာအပေါ်သုံးရဲတယ်.. မင်း ရိုးရိုးရှင်းရှင်းနဲ့ကို…"


" ဒါကဂိမ်းတစ်ပွဲပဲလေ…" 


ယွမ်ရှင်းကျဲအလျင်အမြန်ပြ‌န်ပြောလိုက်ရတော့သည်။


" ငါပြောချင်တာက မင်းကရိုးရိုးရှင်းရှင်းနဲ့ကို အကျင့်စာရိတ္တကောင်းတစ်စက်တောင်မရှိဘူး အဲ့ဒါကပြိုင်ပွဲကျရင် သေချာပေါက်ကိုတောက်ပနိုင်လိမ့်မယ်…"


ယွမ်ရှင်းကျဲ : "..." သူ့ငါကိုချီးမွန်းနေတာလား ဆူနေတာလား…


မယုံနိုင်စရာကောင်းလောက်အောင်ပင် ကျိုးဖေးရွှယ်သည် ယွမ်ရှင်းကျဲအားအကြိမ်ပေါင်းများစွာ ထပ်မံစိန်ခေါ်ခဲ့သော်လည်း ချွင်းချက်မရှိဖိနှိပ်ခံလိုက်ရသည်ပင်ဖြစ်၏။


ကျိုးဖေးရွှယ် " အရမ်းကောင်းတယ် မင်းရဲ့အကျင့်စာရိတ္တကလုံးဝချုပ်ငြိမ်းသွားပြီပဲ… မင်းဒီအရှိန်အတိုင်းသွားနေသရွေ့ သေချာပေါက်ကိုဂျက်ကော့စစ်တက္ကသိုလ်ကအရူး‌အဖွဲ့ကိုရိုက်နှက်နိုင်လိမ့်မယ်…"


ထိုအရာ၏ကြာချိန်မှာ စတင်ချိန်မှအပြီးအထိ တစ်နာရီထက်ပင်နည်းခဲ့လေသည်။


မည်သို့ပင်ဆိုစေကာမူ ကျိုးဖေးရွှယ်သည် ယွမ်ရှင်းကျဲသူ၏စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာကန့်သတ်ချက်များအားဖြေလျော့ပြီးနောက် ထိုမျှအထိအားကောင်းသည့် ထိရောက်သောတိုက်ကွက်များအားပြသနိုင်မည်ဟုပင် ထင်မထားမိခဲ့ချေ။


၎င်းမှာလော့ဝမ်ချွမ်းကိုပင် မရှုံးနိုင်ပေ။


ထိုအရာမှာ အချိန်အတော်အတန်ကြာမတိုက်ခိုက်ခဲ့ရသည့် ကျိုးဖေးရွှယ်ကိုယ်တိုင်နှင့်သာသက်ဆိုင်နေသော်လည်း သူသည်ယွမ်ရှင်းကျဲ၏အလားအလာများမှာ မက်ခါပြိုင်ပွဲတွင် လူတိုင်းမြင်ခဲ့ရသည်ထက်ပင် ပို၍အံ့ဩစရာကောင်းသည်ကိုမြင်နိုင်ခဲ့သည်။


ကျိူးဖေးရွှယ်ခေါင်းဆောင်းကိုချွတ်ကာ ယွမ်ရှင်းကျဲအားပြောလိုက်လေသည်။


" နောက်တစ်ခေါက်ကျရင် မင်းမက်ခါကြယ်ပွင့်ကတခြားဆရာကြီးတွေကိုစိန်ခေါ်လို့ရတယ်… တစ်ယောက်ချင်းPKဖြစ်ဖြစ် အဖွဲ့လိုက်PKဖြစ်ဖြစ် စမ်းကြည့်လို့ရတယ်…ဂိမ်းထဲမှာကဆရာကြီးတွေအများကြီးရှိတာဆိုတော့ အရိုက်တော့မခံလာနဲ့ပေါ့.."


ယွမ်ရှင်းကျဲနာခံစွာ ခေါင်းငြိမ့်လိုက်ကာ " ကျွန်တော်ကြိုးစားပါ့မယ်…"


ယွမ်ရှင်းကျဲလည်း ကျိုးဖေးရွှယ်၏အကြံနောက်သို့လိုက်ကာ မက်ခါကြယ်ပွင့်မှ အခြားသောပြိုင်ဘက်များအား နိုင်ငံအဆင့်ပြိုင်ပွဲမတိုင်ခင်အထိ ဆက်လက်စိန်ခေါ်နေခဲ့သည်။


ထိုအရာမှာ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာခွန်အားတို့ကို မကန့်သတ်ထားသောကြောင့် ယွမ်ရှင်းကျဲအတွက် ရေထဲမှငါးတစ်ကောင်ကဲ့သို့ဖြစ်နေလေသည်။


အစပိုင်းတွင်မူ သူသည်အနိမ့်ပိုင်းPKကွင်းပြင်၌သာကစားခဲ့ပြီး သူ၏ပြိုင်ဘက်များမှာလူသစ်များသာဖြစ်သည်။ ယွမ်ရှင်းကျဲ မက်ခါတိုက်ခိုက်ပုံနည်းလမ်းများအား လေ့လာနေလျက် သူ့ပြိုင်ဘက်များဆော့ကစားနေသည်ကို ကြည့်ရှုနေခဲ့သည်။


သူ၏ PK ရမှတ်များတိုးတက်လာချိန်တွင်တော့ သူသည် အားနည်းသည့် သို့မဟုတ် အားကောင်းသည့် ထူးဆန်းသောပြိုင်ဘက်များနှင့်ကြုံတွေလာရကာ တောရိုင်းနည်းလမ်းအသစ်အဆန်းများအား လေ့လာခဲ့ရပြီး အများအပြားရရှိခဲ့လေသည်။


လူတွေ့စစ်ဆေးသည့်နေ့မတိုင်ခင်အထိပင် သူထိုဂိမ်းအားကစားနေခဲ့‌သည်။ ထိုအချိန်တွင် သူသည် လူတွေစစ်ဆေးမည့်ပုံစံနှင့် လက်လျောညီထွေဖြစ်ချင်ခဲ့သောကြောင့် ယခုအချိန်၌ များပြားသောမက်ခါတိုက်ခိုက်သည့်နည်းလမ်းများနှင့်အတွေ့အကြုံများအားစတင်စုဆောင်းနေလေသည်။


နေ့အချိန်၌ ယွမ်ရှင်းကျဲ ကျောင်းအဖွဲ့မှလူများနှင့်လေ့ကျင့်ရပြီး ညအချိန်မှာတော့ အိပ်ဆောင်သို့ပြန်ကာ မက်ခါကြယ်ပွင့်ရှိ PK ဂိမ်းနေရာသို့ဝင်ကာ ထပ်မံလေ့ကျင့်ရပြန်သည်။ သူအလွန်ပင်ပန်းနေရသော်ငြား သူ၏အင်အားမှာမူ တိတ်တဆိတ်ဖြင့် အလွန်တိုးတက်လာခဲ့သည်။


သုံးရက်ကြာပြီးနောက်…


ကျိုးဖေးရွှယ်ဂိမ်းမျက်နှာပြင်အားဖွင့်လိုက်ပြီး PK အဆင့်ရလဒ်များအားကြည့်ရှုလိုက်ချိန်တွင် " ငါအရမ်းအားနည်းတယ် " ဟူသောအကောင့်မှာ သူ့ကိုကျော်တက်သွားသည်အားမြင်တွေ့လိုက်ရသောကြောင့် အချိန်အတန်ကြာမှင်တက်သွားလေသည်။


ယွမ်ရှင်းကျဲကဘယ်လိုထူးဆန်းတဲ့မကောင်းဆိုးဝါးမျိုးလဲ…


သုံးရက်နှင့်ပင် သူအဆင့်၂၀၀အတွင်းရောက်သွားခဲ့သည်လား…


" ငါ့တပည့်ဖြစ်ဖို့ထိုက်တန်တယ်…" ကျိုးဖေးရွှယ် လက်ဖက်ရည်တစ်ငုံမျှမော့ကာ တည်ငြိမ်စွာဖြင့် ခေါင်းငြိမ့်နေခဲ့ပြီး " ဒီနှစ်ပြိုင်ပွဲကတော့ သူ့အပေါ်မူတည်နေတာပဲ…"


ယွမ်ရှင်းကျဲ ဂိမ်းထဲတွင်အလွန်ပျော်ရွှင်နေခဲ့ရသောကြောင့် အဆင့်သတ်မှတ်ချက်အားဂရုမစိုက်ခဲ့ချေ။ ထိုအစား အဆင့်သတ်မှတ်ချက်ရှိအခြားသောကစားသမားများမှာမူ "ငါအရမ်းအားနည်းတယ်" ဟူသောကစားသမား၏ရုတ်တရက်ထွက်ပေါ်လာမှုကြောင့် အလွန်ရှော့ရကာ သိချင်နေခဲ့ကြသည်။


သူ၏PKရလဒ်အား နှိပ်ကြည့်လိုက်ကြချိန်တွင် ထိပ်ဆုံး၅၀အတွင်းမှ ခေါင်းဆောင်ပိုင်းများနှင့်တိုက်ခိုက်ခဲ့သည်အား မြင်လိုက်ကြရသော်လည်း တစ်ပွဲမှပင်မရှူံးထားခဲ့ချေ။ သူ၏အသင်းအဖွဲ့ PKပွဲအောင်မြင်မှူရလဒ်မှာမူ ၇၀ရာခိုင်နှုန်းထက်ပင်ကျော်လွန်နေခဲ့သည်။


ထို့ကြောင့် လူတိုင်းမှာ ထို ငါအရမ်းအားနည်းတယ်ဟူသောလူသားမှာ သူတို့အား ထရမ်းပက်ဖြင့်လိုက်လံအနိုင်ကျင့်နေသည့် လူဆိုးအဆင့်ဟူ၍ မှန်းဆနေကြလေသည်။


ယွမ်ရှင်းကျဲ၏ ယခုနေ့ရက်များအတွင် အလွန်ခက်ခဲကြမ်းတမ်းသော ကိုယ်ကာယလေ့ကျင့်ခန်းများအား မြင်လိုက်ရချိန်၌ လော့ဝမ်ချွမ်း မတတ်နိုင်ဘဲ သူ့အတွက်အနည်းငယ်စိတ်ပူသွားခဲ့ရသည်။


သူသည် ယွမ်ရှင်းကျဲ၏စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာခွန်အားတို့ လျင်လျင်မြန်မြန်တိုးတက်လာသည်အား ခံစားနေရသော်လည်း သူ၏အလုံးစုံစွမ်းအားမှာမူအေအဆင့်သာရှိနေသေးကာ NCLMတွင် ပါဝင်ယှဉ်ပြိုင်ခြင်းကြောင့် အလွန်အမင်းခံစားရပေမည်။


ထို့ထက်ပိုသည်မှာ သူတို့နှစ်၏ပြိုင်ဘက်များသည် အလွန်အားကောင်းသော စစ်တက္ကသိုလ်သုံးခုမှဖြစ်သည်။


၎င်းမှာ သေးငယ်သောအားနည်းသည့်သိုးတစ်ကောင်သည် သူ၏အမြီးမရှိသောကြောင်များအားဦးဆောင်ကာ ဝံပုလွေများကိုတိုက်ခိုက်ရန်ပြင်ဆင်နေသည်နှင့်တူနေခဲ့၏။


လော့ဝမ်ချွမ်းထိုကဲ့သို့ပို၍တွေးမိလာလေလေ သူ ယွမ်ရှင်းကျဲအန္တရာယ်ရှိနိုင်မည်အား ပို၍စိုးရိမ်လာလေလေပင်။


xxxxxxx