အပိုင်း (၂၀၁)
Viewers 31k

Chapter 201


မစ္စလီက စိတ်ငြိမ်သွားသည့်အခါ မေးလိုက်သည်။

" စုန့်ထင်ရှန်း ဘက်ကရော ..."


ထိုမေးခွန်းကို မေးပြီးသည့်နောက် သူမကိုယ်သူမ ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

စုန့်ထင်ရှန်းမှာ ဇနီးချောလေးနဲ့ ချစ်စရာကောင်းတဲ့သားလေးရှိတာပဲ ... ဘယ်လိုလုပ် သူ့မိသားစုကို ဖျက်ဆီးပြီး လီကျင်းနဲ့ပက်သတ်မှာလဲ ... စုန့်ထင်ရှန်းက အထီးကျန်နေလို့ ချစ်သူရှာချင်ရင်တောင် လီကျင်းကို ရွေးမှာ မဟုတ်ဘူး ...


" ရှင် ဘာလုပ်ဖို့ စဉ်းစားထားလဲ ..."

မစ္စလီက သူမခင်ပွန်းကို ကြည့်လိုက်သည်။


" ရှောင်ကျင်းက သတ်သေဖို့ကြိုးစားတာနဲ့ပဲ ရှင်ကသူမကို အလုပ်ထွက်ဖို့ ဖိအားမပေးတော့ဘူးလား ... အဲ့လိုတွေးနေတယ်ဆိုရင်တော့ အဲ့အကြံမကောင်းဘူးလို့ပဲ ကျွန်မပြောချင်တယ် ... သူမက ရှင့်ကို ဖိအားပေးဖို့ သတ်သေဖို့အထိတောင် စဉ်းစားထားမှတော့ နောက်ဆို အဲ့ထက်ပိုဆိုးတာတွေ လုပ်ဖို့ပဲ ကျန်တော့တယ် ... အဲ့အချိန်ရောက်ရင် ကိစ္စတွေအကုန် ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်လိမ့်မယ် ..."


လီယွမ်ဟန့်က သက်ပြင်းချလိုက်သည်။

" ကိုယ်သိပါတယ် ... ကိုယ် ရှောင်ကျင်းနဲ့ စကားပြောပြီး လောင်စုန့်ကိုဖုန်းခေါ်ပြီး အလုပ်ထုတ်ခိုင်းလိုက်မယ် ..."


" သူမက စုန့်ထင်ရှန်းကို ဘာလို့ အဲ့လိုတွေးရတာလဲ ..."

မစ္စလီက မယုံကြည်နိုင်ဖြစ်နေသေးသည်။


" စုန့်ထင်ရှန်းမှာ မိန်းမနဲ့ကလေးရှိတယ်လေ ... သူမလည်း အဲ့ဒါကိုသိတာပဲ ... သူမဘာတွေလုပ်နေတာလဲ ... စုန့်ထင်ရှန်းနဲ့ပါ အတူနေချင်နေတာတော့ မဟုတ်ဘူးမလား ..."


လီကျင်းက အမှန်ပင် ကျိုးကြောင်းဆီလျော်မှုမရှိပေ။ အကယ်၍ တခြားလူတစ်ယောက်ဖြစ်ခဲ့ပါက မစ္စလီက ထိုလူကို အရှက်သိက္ခာမဲ့သည်ဟု ပြောဆိုကာ ကျိန်ဆဲမိလိမ့်မည်ဖြစ်သော်လည်း ထိုသို့ပြုလုပ်သူက သူမယောင်းမဖြစ်နေသဖြင့် သူမ ဘာမှမပြောနိုင်ဖြစ်နေရသည်။


" ထပ်မပြောပါနဲ့တော့ ..."

လီယွမ်ဟန့်က သူမလက်ကို တို့လိုက်သည်။


" မင်း မသိသလိုပဲ ဟန်ဆောင်နေလိုက်ပါ ... မင်း အဲ့ကိစ္စကို သိတယ်ဆိုတာ ရှောင်ကျင်းမသိစေနဲ့ ..."


မစ္စရှစိတ်ထဲတွင် ရယ်နေမိသည်။

သူမ ယောင်းမက ဒီလိုကိစ္စမျိုး လုပ်ထားတာတောင်မှ သူမကို ကာကွယ်ပေးနေကြသေးတယ် ... တကယ်ကိုပဲ ...



နောက်နေ့တွင် လီကျင်းနိုးလာခဲ့သည်။ သူမက ဆေးရုံကုတင်ပေါ်တွင် မိန်းမောမှင်သက်နေသည်။ ဘေးကုတင်မှ အမျိုးသမီးကြီးက သူမကို စကားပြောရန်ကြိုးစားသော်လည်း သူမက ပြန်မဖြေပေ။


သူမ နည်မျှကြာအောင် မှင်သက်နေမိသည်မသိပဲ ဖုန်းမြည်သံကြားမှ အသိစိတ်ဝင်လာသည်။


ဖုန်းဖြေရမည်ကို လီကျင်းကြောက်နေမိသည်။


သူမစိတ်ထဲ ကမောက်ကမဖြစ်နေသည်။ သူမ စုန့်ကော်ပိုရေးရှင်းမှ အလုပ်မထွက်ချင်ပေ။ သူမက စုန့်ထင်ရှန်းကို အဝေးမှ ငေးကြည့်လိုသော်လည်း သူမအစ်ကိုက ခွင့်မပြုသဖြင့် ဘာလုပ်ရမည်ကို မသိတော့ပေ။ ထိုညက သူမအလွန်ဒေါသထွက်နေသဖြင့် မတော်တဆတွေ့သည့် ကောလိပ်ကလပ်တွင်ခင်ခဲ့သော သူငယ်ချင်းကို သူမအကြောင်းများ ပြောပြမိသည်။ အကြောင်းအရာ အသေးစိတ်များကိုပါ မခြွင်းမချန်ပြောပြခဲ့ခြင်းဖြစ်သည်။


ထိုမိန်းကလေးက သူမက သူမအစ်ကိုရှေ့တွင် ကလေးတစ်ယောက်သာသာ ဖြစ်နေသဖြင့် ကလေးများထံတွင်  စိတ်ဆိုးပြီး *ဒေါသပေါက်ကွဲတတ်သည့် နည်းလမ်းများစွာရှိကြောင်း ပြောပြခဲ့သည်။ ထိုသို့ပြုလုပ်လိုက်ပါက သူမအစ်ကိုက ဖိအားမပေးနိုင်တော့ဟုလည်းပြောခဲ့သည်။


သူမက ငိုယို၍ ကဂျီကကြောင်လုပ်ပြီးသည်ဖြစ်သော်လည်း ထိုကြိုးပမ်းမှုများက အသုံးမဝင်ခဲ့ပေ။ ဖော်မပြနိုင်သာ့် အကြောင်းအရင်းတစ်ချို့ကြောင့် သူမကိုယ်သူမ သေကြောင်းကြံရန်တွေးမိသွားသည်။


* (T/N: လီကျင်းသူငယ်ချင်းက တင်စားတဲ့သဘောနဲ့ ဒေါသပေါက်ကွဲတတ်တဲ့နည်းလမ်းလို့ သုံးခဲ့ပေမယ့် ဒီနေရာမှာသူက idiomတစ်မျိုး သုံးသွားတာပါ။  အဲ့ဒီစကားလုံးရဲ့ တကယ့်အဓိပ္ပါယ်က အရင်ဆုံးငိုကြည့် ၊ မရရင် တဗျစ်တောက်တောက်ပြော ဂဂျီဂကြောင်လုပ် ဘယ်လိုမှမရရင် နောက်ဆုံး ကိုယ့်ဘာသာ ဆွဲကြိုးချသေ ဆိုတဲ့သဘောပါ။ စာရေးသူပြောချင်တာက အဲ့ဒီတစ်ယောက်က လီကျင်းရဲ့ခေါင်းထဲကို အဲ့လိုမျိုးအကြံကို မသိမသာရိုက်သွင်းခဲ့တယ်ဆိုတဲ့သဘောပါ )


ထိုအချိန်က သူမက အိပ်အေးတစ်ပုလင်းလုံးကို သောက်ခဲ့မိသည်။ သူမက အစ်ကိုဖြစ်သူကို ခြောက်လှန့်စေချင်ရုံသာ ဖြစ်သော်လည်း အမှန်တကယ်မေ့လဲသွားသည့်အချိန်၌ ကြောက်စိတ်ဝင်လာသည်။ မှန်ကန်သောပမာဏကို သောက်ခဲ့သည် မသောက်ခဲ့သည်ကို မသိသဖြင့် အသက်ရှင်ရန်လည်း မသေချာခဲ့ပေ။


သူမ နိုးလာသည့်အချိန်တွင် ဆေးရုံမှ ပိုးသတ်ဆေးနံ့များကို ရှုရှိုက်လိုက်ရပြီး တစ်ကိုယ်လုံး အားအင်ချိနဲ့နေသည်။ ယခုအခါမှ သူမ၏မှတ်ဉာဏ်များ ရှင်းလင်းပြတ်သားလာသည်။ အစာအိမ်ထဲမှ ဆေးများကို စုပ်ထုတ်လိုက်ရခြင်းက စိတ်မချမ်းမြေ့စရာကောင်းသော အရာတစ်ခုပင်။


ထိုလူက ဖုန်းဆက်မည်ကို လီကျင်း ကြောက်လန့်နေမိသည်။ ထိုလူက သူမကို သတ်သေရန်လမ်းမပြခဲ့သော်လည်း သူမစိတ်ထဲတွင် ထိုလူ့အပေါ် မဖော်ပြနိုင်သည့် ကြောက်လန့်ခြင်းတစ်မျိုးဖြစ်ပေါ်နေသည်။


ဖုန်းခေါ်ဆိုမှု၏ အခြားတစ်ဖက်မှမိန်းကလေးက လီကျင်းဖုန်းမကိုင်သည်ကို မြင်သောအခါ သူ့ရှေ့တွင် ထိုင်နေသောလူကို ပြောလိုက်သည်။


" သူမ အသက်ရှင်တယ် ... နိုးလာပြီးတဲ့နောက် ‌ကြောက်လန့်နေလို့ ကျွန်မ ဖုန်းဆက်တာကို မကိုင်တာဖြစ်မယ် ... နောက်ဆိုရင် ကျွန်မ သူ့နားကိုကပ်လို့မရတော့လောက်ဘူး ..."


ထိုလူက လက်ပတ်နာရီကိုငုံ့ကြည်လိုက်ပြီး မူမမှန်စွာဖြင့် တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။


" ကောင်းပြီလေ ..."


နှမျောစရာကောင်းပေမယ့်လည်းပေါ့ ...


xxxxxx