အပိုင်း ၈၁
Viewers 17k

Chapter 81


လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲအား သူ၏ကိုယ်ပိုင်သားသမီးကိုစိတ်ပူနေသကဲ့သို့ ကြည့်နေလျက်စကားဆိုလိုက်သည်။


 " မင်းငါ့ဂိုထောင်ထဲက ဘာပဲလိုလိုယူလိုက်လို့ရတယ် မင်းသုံးချင်သလောက်သာသုံး ပြီးတော့ ငါ့စက်ပြင်တဲ့အခန်းကိုလဲဘယ်အချိန်ဖြစ်ဖြစ်သုံးလို့ရတယ် မင်းမှော်ငွေသတ္တုတွေကောထပ်လိုသေးလား…"


ယွမ်ရှင်းကျဲလည်း ကျေနပ်သွားကာ " မလိုဘူး မလိုဘူး…"


ထိုနေ့တွင် လော့ဝမ်ချွမ်း၏နတ်ဆိုးလက်သည်းများမှ လွတ်မြောက်လာသော ယွမ်ရှင်းကျဲသည် သူ့အားလာရှာသည့် လုရန်ရှုနှင့်ဆုံတွေ့ခဲ့လေသည်။


လုရန်ရှုလည်းပျော်ရွှင်စွာ လှမ်းပြောလာခဲ့သည်။


 " ရှင်းကျဲ ငါတို့မက်ခါတွေလေ့လာတဲ့နေရာမှာကူညီဖို့အတွက် အိုမီဂါမက်ခါအဖွဲ့အစည်းကိုဖွဲ့စည်းလိုက်ပြီ… အခုဆို အဖွဲ့ဝင်တောင်အများကြီးရလာပြီ…"


၎င်းအိုမီဂါမက်ခါအဖွဲ့အစည်းမှာ ကျောင်း၏အထောက်အပံ့ဖြင့် ဖြစ်ပေါ်လာခြင်းပင်ဖြစ်၏။


အချိန်အတန်ကြာအထိ ရှင်းဟိုင်စစ်တက္ကသိုလ်သည်အိုမီဂါများအားလေ့ကျင့်ပေးသည့်နေရာတွင် စိတ်ပါဝင်စားခြင်းမရှိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏အရည်အချင်းများမှာ မကြာခဏဆိုသလို ကန့်သတ်ထားခံရခြင်းကြောင့်ပင်ဖြစ်၏။ ရံဖန်ရံခါ သန်မာသည့်တစ်ယောက်ပေါ်လာတတ်ပြီး ၎င်းမှာလည်း သူတို့၏ကူးယူ၍မရသော သန်မာသည့်စိတ်စွမ်းအားကြောင့်သာဖြစ်၏။


သို့သော် ယွမ်ရှင်းကျဲ၏ပေါ်ပေါက်လာခြင်းသည် ထိုကန့်သတ်ချက်များအား ကျိုးပျက်စေခဲ့သည်။


အလွန်အမင်းအရည်အ‌သွေးမပြည့်ဝနေသော အိုမီဂါများသည်လည်း ပြိုင်ပွဲကွင်းပြင်း၌တောက်ပနိုင်ကြောင်းအား ကျောင်းသည် ရှာတွေ့သွားခဲ့ရ၏။ ထို့ကြောင့်ပင် မက်ခါများအကြောင်းစိတ်ပါဝင်စားသောအိုမီဂါများအား ပို၍လေ့ကျင့်ပေးနိုင်ရန်အတွက် အိုမီဂါမက်ခါအဖွဲ့အစည်းတည်ထောင်သည်အား ခွင့်ပြု‌ပေးခဲ့ကြသည်။


အဖွဲ့အစည်း၏အဖွဲ့ဝင်အများအပြားမှာ ယွမ်ရှင်းကျဲ၏ပရိသတ်များသာဖြစ်ကြသည်။ လုရန်ရှု၏ဦးဆောင်မှုဖြင့် ယွမ်ရှင်းကျဲအဖွဲ့အစည်းထဲသို့ဝင်ရောက်ခဲ့သည့်အချိန်တွင် လူအတော်များများသည် သူ့အားချီးမွမ်းနေခဲ့လေသည်။


ထိုလူများကြားထဲမှ စုကျီနန်၏တည်ရှိမှုမှာပေါ်ပေါက်လာခဲ့သည်။ ယွမ်ရှင်းကျဲလမ်းလျှောက်လာစဉ်က သူသည်သန့်ရှင်းရေးလုပ်နေခဲ့ပြီး မျက်နှာအမူအယာပြောင်းလဲခြင်းပင်မရှိဘဲ ကြမ်းပြင်အား ဆက်လက်လှည်းကျင်းနေ၏။


ယွမ်ရှင်းကျဲသူ့အားမြင်လိုက်ချိန်တွင် အလိုအလျောက် မျက်မှောင်ကြုတ်လိုက်မိသည်။


အစည်းအရုံးအတွင်း၌လည်ပတ်ပြီးသည့်နောက် ယွမ်ရှင်းကျဲ လုရန်ရှူ၏ဘေးနား‌တွင်နေရာယူလိုက်ကာမေးလိုက်သည်။


 " စုကျီနန်လည်း အဖွဲ့အစည်းထဲဝင်လာတာလား…"


" မင်းသိတဲ့အတိုင်းပဲ ငါတို့ကျောင်းကအိုမီဂါမက်ခါတိုက်ခိုက်သူတွေရဲ့ခွန်အားက သာမာန်ပဲရှိနေတာလေ…" 


လုရန်ရှုသက်ပြင်းချကာ ဆက်ပြောလာခဲ့သည်


 " ပြီးတော့မင်းကလဲ အချိန်တွေအကြာကြီး အပြင်ထွက်ပြီးပြိုင်ပွဲသွားပြိုင်ရဦးမှာ‌…အဲ့ဒါကြောင့်ကျောင်းကစုကျီနန်ကို သုံးနှစ်သန့်ရှင်းရေးလုပ်ပေးရမယ်ဆိုပြီး အဖွဲ့အစည်းထဲဝင်ခွင့်ပြုလိုက်ကြတာ…ငါကဥက္ကဌဆိုပေမယ့်လည်း စုကျီနန်ကကျိန်းသေပေါက်ကိုငါ့ထက်ပိုသန်မာတယ်…"


" အဲ့ဒါဆိုလည်း သူ မင်းကိုအရှက်မခွဲစေနဲ့ပေါ့…" ယွမ်ရှင်းကျဲမျက်မှောင်ကြုတ်ထားခဲ့သည်။


ထိုအချိန်တွင် ဘေးဘက်မှအသံတစ်သံထွက်ပေါ်လာခဲ့သည် " ငါမင်းနဲ့စကားခဏပြောလို့ရမလား…"


စုကျီနန်မှာ ယခုမှကြမ်းပြင်အားရှင်းလင်းပြီးသည့်ပုံပင်။ သူထွက်ပေါ်လာချိန်တွင် ဘေးနားမှာလူများ၏သူ့အပေါ်အကြည့်များမှာ အလွန်ကောင်းမွန်မနေချေ။


စုကျီနန်မှာ အသင်းမှဖယ်ထုတ်ခံရသည်အား နေသားတကျဖြစ်နေပြီး တစ်ကျောင်းလုံးပင် သူ့အားအထင်သေးနေကြသည်။


ယွမ်ရှင်းကျဲ စုကျီနန်အားကြည့်လိုက်ရာ ထိုလူမှာသူအားတစ်စုံတစ်ရာပြောချင်နေသည့်ပုံပင်။ ထို့ကြောင့် သူလုရန်ရှုအားတီးတိုးပြောလိုက်တော့သည်။


 " ငါ့ ကိုခဏစောင့်‌ပေး…" ပြောပြီးနောက် မည်သူမှမရှိနေသောထောင့်နေရာသို့ စုကျီနန်နှင့်အတူလိုက်သွားလေသည်။


" ဘာကိစ္စရှိလို့လဲ…" ယွမ်ရှင်းကျဲ အေးစက်စက်မေးလိုက်သည်။


စုကျီနန်နှုတ်ခမ်းအားကိုက်ကာ သူ့အားစိုက်ကြည့်နေလျက် ပြောလာခဲ့၏။


 " ငါမင်းကိုအရင်တုန်းကလုပ်ခဲ့တာတွေအတွက် တောင်းပန်ခဲ့ပြီးပြီဆိုပေမယ့်လည်း အခုထပ်ပြီးတောင်းပန်ချင်သေးလို့ပါ…"


သူ၏အသံမှာရိုးသားနေခဲ့၏။ အရင်အချိန်များတုန်းကကဲ့သို့ ဟန်ဆောင်နေသည်နှင့်မတူဘဲ ၎င်းမှာ အမှန်တကယ်ရိုးသားစွာတောင်းပန်နေသည်အား သူမြင်နိုင်ပေသည်။


ယွမ်ရှင်းကျဲ စုကျီနန်ထိုသို့ပြောလာမည်အားမျှော်လင့်မထားခဲ့ပေ။ ထို့ကြောင့် သူမျက်မှောင်ကြုတ်ကာ ပြောလာခဲ့သည်။


 " ဒါပေမယ့်ငါကတော့မင်းကိုခွင့်မလွှတ်ချင်ဘူး…"


" ငါသိတယ် " စုကျီနန်ခါးသီးစွာပြုံးလိုက်ကာ တဖြည်းဖြည်းနှင့်ပြောလာ၏။


 " မင်းငါ့ကိုဘယ်လိုလုပ်ပြီးခွင့်လွှတ်နိုင်မှာလဲ…"


" မင်းပြောလို့ပြီးပြီလား.." ယွမ်ရှင်းကျဲကြားဖြတ်ပြောလိုက်သည်။


 " ကျောင်းကမင်းကိုအဖွဲ့အစည်းထဲဝင်ခွင့်ပြုထားတယ်ဆိုတော့လည်း မင်းအလုပ်ကောင်းကောင်းကြိုးစားပြီး ပြသနာရှာနေတာတွေရပ်သင့်တယ်…ပြီးတော့ မင်းလုရန်ရှူကိုလည်း တောင်းပန်ဖို့အကြွေးကျန်နေသေးတာ…"


စုကျီနန်သူ၏ခေါင်းအားငုံ့လျက် " ငါသူ့ကိုတောင်းပန်ခဲ့ပေမယ့် သူလည်းခွင့်မလွှတ်ခဲ့ဘူး…"


ယခုအချိန်၌ စုကျီနန်မှာ အစည်းအရုံးအတွင်း ရှင်းလင်းပေးရမည်သာမက အပြင်ဘက်တွင်ရှိသောစားသောက်ဆိုင်တွင်လည်းအစားအစာများ ချက်ပြုတ်ခြင်းနှင့် ပန်းကန်များအားဆေးကြောခြင်းတို့ကိုလုပ်ဆောင်ရမည်ဖြစ်၏။ သူလုရန်ရှုအား ပြောခဲ့သော ချက်ပြုတ်ဆေးကြောရန်သာ လိုအပ်သူ ဟူသောစကားမှာ ယခုအခါတွင် သူကိုယ်တိုင်ဖြစ်နေပြီဖြစ်သည်။


" မင်းကိုခွင့်လွှတ်ပေးဖို့ကတကယ့်ကိုမလိုအပ်ဘူး…" 


ယွမ်ရှင်းကျဲ ပေါ့ပေါ့ပါးပါးပြောလိုက်လေသည်။


" ငါမင်းကိုအကြွေးတင်နေတဲ့ပိုက်ဆံပြန်ဆပ်မှာပါ ရင်းနှီးမြုပ်နှံထားတဲ့ဟာပါအပါပေါ့…" 


စုကျီနန် ယွမ်ရှင်းကျဲအား ကြည့်ကာ " ငါကတိကိုဖျက်မှာမဟုတ်ပါဘူး…"


" ကောင်းတာပေါ့…" ယွမ်ရှင်းကျဲတစ်ဘက်လှည့်လိုက်ကာ ထွက်ခွာရန်ပြင်လိုက်၏။


" ပြီးတော့ ငါမင်းကိုကျေးဇူးတင်ပါတယ်…"


 ရုတ်တရက်ဆိုသလိုစုကျီနန်တုန်ယင်လာကာ ယွမ်ရှင်းကျဲအား အော်ပြောလိုက်လေသည်။


 " ကျေးဇူးတင်ပါတယ် လော့ဝမ်ချွမ်းကငါ့ကိုစွန့်ပစ်ကြယ်ဆီပြန်ပို့ခွင့် မပြုပေးခဲ့တာကို…"


ယွန်ရှင်းကျဲလည်း ခဏတာကြောင်အသွားပြီးမှ စုကျီနန်အားကြည့်ကာ " အထင်မမှားနဲ့ ငါကမင်းကိုပိုက်ဆံပြန်ဆပ်စေချင်ရုံတင်.."


" မင်းမသိပါဘူး…စွန့်ပစ်ကြယ်မှာကလိုက်ဖက်မှုအမြင့်ဆုံးအယ်လ်ဖာတွေနဲ့အိုမီဂါတွေက တွဲကိုတွဲရမဲ့စည်းမျဉ်းရှိတယ်…"

81.2


 စုကျီနန်၏မျက်လုံးများမှာ အနည်းငယ်နီမြန်းနေလျက် " ငါအဲ့ဒီနေရာကနေလွတ်နိုင်ဖို့အကောင်းဆုံးကြိုးစားခဲ့ရတာ… ငါဒီတိုင်း‌မြို့တော်မှာခြေကုတ်ယူချင်ခဲ့ရုံပါ.. မင်းကိုအရမ်းမနာလိုဖြစ်ခဲ့ပြီးတော့…"


ယွမ်ရှင်းကျဲသည်လည်း ထိုစည်းမျဉ်းအား အမှန်တကယ်ကိုကြားဖူးခဲ့၏။ သို့သော် သူအမြဲလိုသံသယဝင်နေမိရာ ယခုမူ စုကျီနန်က အတည်ပြုပေးခဲ့သည်။


" ငါ့ရဲ့အိုမီဂါအဖြစ်ဖြစ်တည်မှုကို ငါမုန်းခဲ့မိတယ်…ဒါပေမယ့် မင်းလည်းစွန့်ပစ်ကြယ်ကပဲဆိုရင်တော့ မင်းနားလည်နိုင်မှာပါ…" စုကျီနန်မျက်ရည်များသုတ်လိုက်ကာ အလျင်အမြန်သူ၏တည်ငြိမ်မှုကိုပြန်ဖန်တီးယူလိုက်ပြီး 


" အစတုန်းကတော့ အဲ့စည်းမျဉ်းက ဝေးလံခေါင်ဖျားကဂြိုလ်တွေအတွက်ပဲ ပြဌာန်းထားခဲ့တာ…နောက်ကျ ငါ့ဂြိုလ်အထိပျံ့နှံ့လာတယ်လေ…"


ထိုစည်းမျဉ်းသည် သူ့အားမည်သည့်အချိန်တွင် သက်ရောက်နိုင်မည်ဆိုသည်အား မည်သူကမှမသိနိုင်ပေ။


ယွမ်ရှင်းကျဲမျက်မှောင်မကြုတ်ဘဲမနေနိုင်တော့ပေ။


" ငါမင်းရဲ့အတွေ့အကြုံတွေ‌အပေါ်မှာတော့ မဝေဖန်ချင်ပါဘူး…" ယွမ်ရှင်းကျဲသူအားကြည့်လျက် တည်ငြိမ်စွာပြောလာသည်။


 " ဒါပေမယ့်အဲ့ကိစ္စမှာ မင်းအယ်လ်ဖာတွေကို ကျေနပ်စေဖို့ တခြားအိုမီဂါတွေကိုတော့ ဖိအားမပေးသင့်ဘူးလေ…"


ရုတ်တရက် စုကျီနန်ပြုံးလာခဲ့သည်။


ပြတင်းပေါက်အပြင်ဘက်ရှိနေရောင်မှာ သူ၏မျက်နှာပေါ်သို့ကျရောက်နေ၏။ သူသည် အရင်အချိန်ကကဲ့သို့ ကြည့်မကောင်းတော့ပေ။ ခက်ခဲစေသောနေ့ညအလုပ်များက သူ၏မြို့တော်နှင့်‌ကျောင်းအပေါ်အချိန်အတန်ကြာ တောင့်တနေခြင်းအား ပျောက်ကွယ်သွားစေခဲ့သည်။


" အချို့သော အမှန်တရားတွေကို သဘောပေါက်စေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်…" စုကျီနန် ယွမ်ရှင်းကျဲအား အပြစ်ရှိနေသော်လည်း ကျေးဇူးတင်နေမိသေးသည့်အမူအယာဖြင့်ကြည့်နေခဲ့၏။


၎င်း၏ရည်ရွယ်ချက်ကိုမူ သူမပြောခဲ့ချေ။


သို့သော်လည်း ထိုနေ့တုန်းက စုကျီနန်နှင့်ဟဲဟောင်မင်တို့၏အရှက်မဲ့မှု အားတွေးကြည့်မိလိုက်ချိန်တွင် ယွမ်ရှင်းကျဲ၏နှလုံးသားထဲတွင်အဖြေရှိနေပြီးဖြစ်သည်။


အမှန်တကယ်ကိုပင် မူလဇာတ်ကြောင်း၌ စုကျီနန်သည် နှလုံးမည်းကြာပန်းကောင်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင်မှ တခြားသူများအားမှီခိုခြင်းမှာအသုံးမဝင်ကြောင်း တဖြည်းဖြည်း သဘောပေါက်လာသူဖြစ်သည်။


မူလဇာတ်ကြောင်းနှင့်မတူတော့ဘဲ ယွမ်ရှင်းကျဲ၏ကောင်းမှုကြောင့် စုကျီနန်မှာ ယခုအချိန်တွင် သဘောပေါက်သွားလေသည်။


" မင်းလုပ်ခဲ့တဲ့အမှားတွေကို နောင်တရပြီးတော့ သင်ယူသွားပါ…" 


ယွမ်ရှင်းကျဲ၏မျက်လုံးမှာ သနားနေခြင်း၊ ဝမ်းမြောက်နေခြင်း၊ ဂရုဏာထားနေခြင်းတို့မရှိပေ။


" ပြီးတော့ မင်းကို ရန်ရှူကိုအနိုင်ကျင့်ဖို့ခွင့်မပြုနိုင်ဘူးနော်… မဟုတ်လို့ကတော့ ငါမင်းကိုလွတ်ပေးမှာမဟုတ်ဘူး…"


" သေချာတာပေါ့ ငါမလုပ်ပါဘူး…ပြီးတော့ ငါ့မင်းအတွက်ပေးစရာရှိတယ်…"


ယွန်ရှင်းကျဲ ရှုပ်ထွေးသွားရ၏ " ဘာလဲ…"


" ငါမနှစ်ကအစားထိုး‌ဖြစ်နေတုန်းက အချက်အလက်တချို့စုဆောင်းထားခဲ့တာလေ ငါအခုမင်းကိုလွှဲပေးလိုက်မယ်…"


 စုကျီနန် ယွမ်ရှင်းကျဲအားကြည့်ကာ " စိတ်မပူပါနဲ့ ဗိုင်းရပ်မပါပါဘူး…" 


စုကျီနန်၏ရိုးသားသောအမူအယာအားမြင်လိုက်ပြီးနောက် ယွမ်ရှင်းကျဲဆက်ကာမေးလိုက်သည် " ဘာအချက်အလက်တွေလဲ…" 


" အေစာရင်း…" စုကျီနန်ပြန်ဖြေလာခဲ့သည် " အဓိကစစ်တက္ကသိုလ်ကြီးတွေကကျောင်းသားတွေရဲ့ မက်ခါကြယ်ပွင့်အကောင့်တွေ…"


ယွမ်ရှင်းကျဲ၏မျက်လုံးများ တဖြည်းဖြည်းချင်း ပြူးကျယ်လာ၏။


" အဲ့ဒီသန်မာတဲ့ကျောင်းသုံးကျောင်းနဲ့တိုက်ရမယ်ဆိုတာက ငါတို့ကအသတ်ခံရမဲ့သိုးတွေလိုဖြစ်နေတယ်လေ…" 


စုကျီနန် ယွမ်ရှင်းကျဲအားလေးနက်စွာကြည့်နေခဲ့ပြီး 


" မင်းကကျောင်းအဖွဲ့မှာပါတယ်ဆိုလို့ မင်းကိုစာရင်းပေးတာလေ.."


" ဘာလို့တခြားသူတွေကိုမပေးတာလဲ…" ယွမ်ရှင်းကျဲမေးလိုက်လေသည်။


" အယ်လ်ဖာတွေက ယုံကြည်လို့မရတဲ့ အမှိုက်တွေပဲ…" 


တုံ့ဆိုင်းခြင်းပင်မရှိဘဲ စုကျီနန်ပြောလာခဲ့၏။


 " ဒီအချက်‌အလက်တွေကိုယူပြီးတော့ မက်ခါကြယ်ပွင့်ကိုသွားပြီး ဂျက်ကော့ ယွမ်ရှန်နဲ့ စိန့်ကလီတိုကကောင်တွေကိုသွားရှာချည်…သူတို့နဲ့စိန်ခေါ်တာကိုစလိုက်ပြီးတော့ သူတို့ဆီက တိုက်ကွက်အချက်အလက်တွေကိုစုဆောင်းလာချည်…အခုချိန်ကလေ့ကျင့်ရေးရဲ့အထွတ်အထိပ်အချိန်ဆိုတော့ လူအတော်များများလည်း အဲ့ထဲမှာလေ့ကျင့်နေကြမှာပဲ…"


ယွမ်ရှင်းကျဲ သက်ပြင်းတစ်ချက်အား နက်နက်ရှိုင်းရှိုင်းချလိုက်ပြီးနောက် ထိုစာရင်းမှာမည်မျှအရေးပါကြောင်းအား သဘောပေါက်သွား၏။


စုကျီနန်ဖြည်းညှင်းစွာပြောနေခဲ့သည် " ငါဒီစာရင်းကို မင်းရဲ့သနားညှာတာမှု ဒါမှမဟုတ် ခွင့်လွှတ်မှူအတွက် လဲလှယ်ချင်တာမဟုတ်ဘူး… ဒီတိုင်း ငါ့ကိုကျောင်းအထုတ်မခံရအောင်လုပ်ပေးခဲ့လို့ ကျေးဇူးတင်ချင်တာပဲရှိတာ… ယုံတာမယုံတာကတော့ မင်းအပိုင်းပဲ…"


‌နောက်ဆုံးတွင် ယွမ်ရှင်းကျဲစာရင်းအားလက်ခံယူလိုက်ကာ စုကျီနန်အား ရိုးသားစွာ ကျေးဇူးတင်စကားဆိုလိုက်လေသည်။


ထို့နောက် သူလှည့်ထွက်လာခဲ့သည်။ ဆိုလိုသည်မှာ သူနှင့်စုကျီနန်အကြားတွင် တစ်ဦးနှင့်တစ်ဦး မသက်ဆိုင်တော့ပေ ဟူ၍ဖြစ်သည်။


စုကျီနန် ယွမ်ရှင်းကျဲ၏နောက်ကျောအား ကြည့်နေခဲ့၏။ ထိုအချိန်တွင် ယွမ်ရှင်းကျဲ၏အမြင့်အားမြင်နိုင်ရန်အတွက် မော့ကြည့်နေရပုံပေါ်နေခဲ့သည်။


၎င်းမှာအရင်အချိန်ကနှင့် လုံးဝကိုပြောင်းပြန်ဖြစ်နေခဲ့သည်။


ယွမ်ရှင်းကျဲစာရင်းအားရပြီးချိန်၌ သူစေ့စေ့စပ်စပ်ကြည့်ကာ တစ်စုံတစ်ယောက်အားစိန်ခေါ်ရန်ရှာဖွေဖို့ အသင့်ဖြစ်နေလေသည်။


မည်သို့ပင်ဖြစ်စေ နံပါတ်တစ်မှ အယ်လ်၏နောက်တွင် မည်သည့်အ​ရာမှမကျန်တော့သည်အား ရှာဖွေတွေ့ရှိသွားသည့်အတွက် သူအံ့ဩသွားခဲ့ရသည်။


အခြားစကားဖြင့်ဆိုရသော် စုကျီနန်မှာ အယ်လ်နှင့်ပတ်သက်သည့် အချက်အလက်များ မရှာ‌ဖွေနိုင်ခဲ့ခြင်းပင်ဖြစ်၏။


" မင်းပဲ…" ယွမ်ရှင်းကျဲ အယ်လ်အားထိလိုက်ကာရေရွတိလိုက်သည်။


 " ပထမဆုံးစိန်ခေါ်ရမဲ့လူ…"


ပထမအဆင့်အားစိန်ခေါ်ခြင်းမှာ စတင်တော့မည်ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ အခြားသူများအား ထုရိုက်ရန်အချိန်ကျန်နေသေးသည့်အတွက် သူလည်း လောမနေတော့ပေ။


xxxxxxxx