Ch 33
Viewers 6k

အပိုင်း(၃၃)


လက်ရှိအိမ်တော်ထိန်းအိုကြီး၏ ပုံစံက သူတို့စံအိမ်တွင် ပထမဦးဆုံးအကြိမ် ဝင်ရောက်ခဲ့ချိန်က ရိုက်ကူးရေးအဖွဲ့ကို ကြိုဆိုခဲ့သည့် လက်ရွေးစင်အဆင့် အိမ်‌တော်ထိန်းအိုကြီးနှင့် အလွန်တစ်ရာ ခြားနားနေပြီး အတော်လေး ပျက်ယွင်း နေသည်။


သူသည် အသား ကြမ်းတမ်းလောက်မည့် အဝတ်များကို အထပ်ထပ် ဝတ်ထားသည်။ ထိုအဝတ်များက သံကြေးရောင် ပေါက်သည်အထိ အရောင်ရင့်နေသော သွေးအစွန်း ထင်းရာများနှင့် ခြောက်ကပ်နေသည်။ သူ၏အင်္ကျီမှ အတွန့်များအရ လူသားဖြင့် ချူပ်ထားကြောင်း သိသာစေသည်။


ယန်ရှစ်ရွှမ်းသည် အိမ်တော်ထိန်အိုကြီးကို မီးဖိုချောင်အတွင်း စတင်မြင်ခဲ့သည်မှ စတင်ပြီး ထိုမျက်နှာနဲ့ ပတ်သတ်ပြီး တစ်စုံတစ်ရာဟာ မှားယွင်းနေကြောင်း အလိုလို ခံစားမိနေခဲ့သည်။ မသိလျှင် လူအရေခွံတစ်ခုကို ကိုက်ညီသော ပုံစံမျိုးပေါ်အောင် အတင်း ကပ်ချုပ်ထားသော်လည်း ကိုးရိုကားယားနိုင်နေသည့် ပုံစံမျိုးဖြင့်သာ ရှိသည့် ချုပ်ရိုးချုပ်သားလို ခံစားချက်မျိုးက အလွန်ပြင်းထန်ခဲ့၏။


သို့ရာတွင် မှတ်ဉာဏ်လောကအတွင်းတွင် လွန်ခဲ့သော နှစ်တစ်ရာကျော်ခန့်က ဖြစ်ခဲ့သည့် မျက်နှာကို မြင်တွေ့ခဲ့ပြီး အခုမျက်နှာကို ပြန်မြင်သောအခါ ယန်ရှစ်ရွှမ်းက မနေနိုင်ပဲ မျက်မှောင် ကြုတ်မိသွားသည်။ လွန်ခဲ့တဲ့ နှစ်တစ်ရာက ရန်ငြိုးကြီး ဝိဉာဉ်ဖြစ်လာခါစ ချီရွှမ်းက ဓားမြတိုင်းကို အရှင်လတ်လတ် အရေခွံစုတ်ခဲ့တယ်။ ဒါကြောင့် စံအိမ်နဲ့တောင်တန်းထဲမှာ သွေးနီရောင် မကောင်းဆိုးဝါးတွေအများကြီး ပေါ်နေတာပေါ့။ ဒါကိုဘာလို့ ဓားမြခေါင်းဆောင်ကျိုးရှီလိုမျိုး ပထမဦးဆုံး အရေခွံစုတ်ခံရတဲ့သူက လူအရေခွံ ထပ်ထားသေးတာလဲ။


အိမ်တော်ထိန်အိုကြီးကျိုးရှီက တံခါးဝတွင် ရပ်နေခဲ့စဉ်က သူ၏တောင့်တင်းပြီး အနည်းငယ် ပုံစံမကျသလို ဖြစ်နေသော မျက်နှာတွင် သက်ရှိလူတစ်ယောက် မပိုင်ဆိုင်သင့်သည့် မဲသလိုလို ပြာသလိုလို အရောင်ဆင်းများ ရှိနေသည်။ သူသည် အထဲသို့ ဝင်လာခြင်းမရှိဘဲ တံခါးဘောင်ကို မှီထားလျက် အနည်းငယ် အရောင် ထိုင်းမိုင်းပြီး အင်အော်ဂန်းနစ် ဖန်လုံးများကဲ့သို့သော မျက်စံမျိုးနှင့် ယန်ရှစ်ရွှမ်းအပေါ် မုန်းတီးမှု အပြည့်နှင့် ကြည့်ခဲ့သည်။ 


ထိုမျက်လုံးများတွင် ခါးသီးမှု၊ မုန်းတီမှုနှင့် နောက်ဆုံးတွင် တစ်စုံတစ်ရာကို လုပ်နိုင်လိုက်သလို သဘောကျစိတ်လည်း ပါသည်။ ထိုခံစားချက်တိုင်းကို ပေါင်းစပ်ပြီး ဖြစ်ပေါ်လာသည့် အကြည့်က ရှုပ်ထွေးနေသလို အလွန်အမင်း ကျောစိမ့်ဖွယ် ကောင်းနေသည်။


“ခွင့်ပြုချက်မရှိဘဲ ငါတို့ရဲ့ဧည့်သည်တွေ စံအိမ်ပတ်ပတ်လည်မှာ လျှောက်မသွားဖို့ ငါ သတိပေးခဲ့သင့်တာ။ ဒီလိုနဲ့ အချို့ သတိမမူမိလောက်တဲ့ အန္တရာယ်များတဲ့နေရာတွေကို ဝင်ရောက်မိရင် မတော်တဆ လည်ပင်းကျိုး သေတာမျိုး မဖြစ်အောင်ပေါ့”


အိမ်တော်ထိန်းအိုကြီးက ခပ်ဟဟ ရယ်သည်။ သူ၏ အသံထဲတွင် နွေးထွေးမှု မပါပေ။ 


“မင်းလို လုပ်ရဲကိုင်ရဲတဲ့ ဧည့်သည်မျိုးကိုတော့ ငါက သတိပေးချင် စိတ်ကို မရှိတာ။ နှမြောစရာပဲ မတော်တဆမှု ဖြစ်လာခဲ့တဲ့အခါ မင်းရဲ့ အပေါင်းဖော်တွေက အတော်လေး ဆိုးဆိုးရွားရွားခံစားခဲ့မှာပဲ မဟုတ်လား”


“ခင်ဗျားက ငါ့ကို စိုးရိမ်စရာလဲမလိုပါဘူး”


ယန်ရှစ်ရွှမ်းက လှောင်လိုက်သည်။ သူသည် အိမ်တော်ထိန်းအိုကြီး၏ အသံအတိုင်း သူမှာပင် ချုပ်ထိန်းထားခြင်း မရှိဘဲ အော်လိုက်သည်။


“တကယ်တော့ ငါက ခင်ဗျားကိုတောင် ပိုပြီးစိုးရိမ် ပေးသင့်တယ်။ ခင်ဗျားရဲ့ အပေါင်းအဖော်တွေက အရမ်းကို မနာလိုကြီးပြီး ခင်ဗျားကို အရှင်လတ်လတ်လာ ဆွဲဖြဲမှာကို မစိုးရိမ်ဘူးလား။ ဘာလို့ဆို ခင်ဗျားတစ်ယောက်ထဲကပဲ နေရာကနေ လွတ်ထွက်နေပြီး ဘယ်နေရာကမှန်းမသိ ကောက်လာတဲ့ ချဉ်စုတ်စုတ်အမူအရာနဲ့ အ‌ရေခွံကြီးကို ကောက်တက်ထားတာလေ။ သူတို့က တော်တော်လေး သဘောမကျ ဖြစ်နေလိမ့်မယ်”


သူ၏ စကားလုံးများက သူသည်ဆက်လက်ပြီး ဟန်ဆောင် နေစရာမလိုတော့သည်ဟု ယူဆလိုက်ပြီး အိမ်တော်ထိန်း‌အိုကြီး၏ အစစ်အမှန်နောက်ခံကို သိထားပြီးသူလို တိုက်ရိုက် ပြောလျက် တိုက်ခိုက်လို က်သည်။


ယခင်ကမူ စံအိမ်အတွင်းရှိနေခဲ့စဉ်က ယန်ရှစ်ရွှမ်းသည် လူတိုင်းအား တစ္ဆေ၊ သရဲများ၊ နတ်များ၊ မကောင်းဆိုးဝါးများ စသည်ဖြင့် သဘာဝလွန်သည့် နာမ်စားများကို မပြောရန် တားမြစ်ခဲ့သည်။ ထိုသို့ဖြင့် သူတို့က ပတ်ဝန်းကျင်မှ အခြေအနေကို သတိမမူမိနေချိန်တွင် စံအိမ်အတွင်းရှိ သဘာဝလွန် အမည်နာမများ ရှိနေသည့် အရာများကို ရန်မစမိအောင်တားမြစ် ကာကွယ်ရန် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ရိုက်ကူးရေးအသင်းသားများက ကိုယ့်ကိုကိုယ် ခုခံစွမ်းအားလည်း မရှိချေ။ သူ၏ မမြင်ကွယ်ရာတွင် ရှိနေပါက သူက ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။


သို့ရာတွင် ထိုအခိုက်အတန့်တွင် ယန်ရှစ်ရွှမ်း ကိုယ်တိုင်က စံအိမ်နဲ့ တစ္ဆေတောင်၏ လျို့ဝှက်ချက်တိုင်းကို သိပြီးလေပြီ။ ပို၍စိုးသည်မှာ သူနှင့် အိမ်တော်ထိန်းအိုကြီးက ယခုလို သီးခြားဖြစ်တည်နေသည့် နေရာတစ်ခုတွင် ရှိနေကြလျှင် အခြားရိုက်ကူးရေး အဖွဲ့သားများက အခြားတစ်နေရာတွင် ရှိနေသောကြောင့် သူတို့၏ လုံခြုံမှုကို စဉ်းစားပေးနေရန် မလိုအပ်ချေ။


အရာအားလုံးက ဒီနေရာအထိ ရောက်လာပြီးပြီ ဆိုကတည်းက ယန်ရှစ်ရွှမ်းကလည်း ထပ်မံပြီး ထိန်းထားနေရန် မလိုအပ်တော့ချေ။ 


မဟုတ်သေးဘူး။ ပိုပြီး တိတိကျကျ ပြောရရင် သူက အိမ်တော်ထိန်းအိုကြီးကို ရန်စ ချင်နေတာ။ အဲဒီလိုနဲ့ ရန်ငြိုးစွမ်းအားအပြည့်နဲ့ အသတ်ခံခဲ့ရတဲ့ ဓားပြခေါင်းဆောင် ရက်စက်တဲ့ လူကြီးကို ပြန်ပေါ် လာစေချင်တာလေ။ သူက တစ်ဖက်သူကို ဟန်ချက်ပျက်ပြီး သတင်းအချက်အလက် နည်းနည်းရဖို့ မျှော်လင့်တာ။


မျှော်လင့်ထားသည့်အတိုင်း ယန်ရှစ်ရွှမ်းကို စိတ်ပိုင်းဆိုင်ရာ ဒုက္ခပေးလိုခဲ့သည့် အိမ်တော်ထိန်းအိုကြီးကသာ ယန်ရှစ်ရွှမ်း၏ ခေါင်းမာပြီး တိုက်ရိုက် ပြန်ပြောသော ချေပမှုကြောင့် ကြောင်သွားသည်။ သူက တစ်စက္ကန့်ခန့် တုန့်ဆိုင်း သွားသည်။ ထို့နောက် အိမ်တော်ထိန်းအိုကြီး၏ အနက်ရောင် အစက်များ၊ အရေးကြောင်းများ ပြည့်နှက်နေသော မျက်နှာကြီးက ခပ်ကြမ်းကြမ်း တုန်ခါသွားပြီး ဒေါသထွက်နေသည့် လက္ခဏာကို ပြလာသည်။


“မင်း ကောင်စုတ်_ _ _ “


“မျက်နှာမရှိတဲ့ တစ်စုံတစ်ယောက်ထက်တော့ သာတယ် ထင်တာပဲ”


ယန်ရှစ်ရွှမ်းက သာမာန်ကာလျှံကာ ပြန်ဖြေလိုက်ရင်း မှန်တင်ခုံစားပွဲပေါ်တွင်ရှိသည့် ကုန်လုနီးပါး ဖြစ်နေသည့် သဲနာရီလေးကို အပြည့်အတိုင်းဖြစ်အောင် ပြန်လှည့်လိုက်သည်။ ထိုသို့ဖြင့် အစမှ ပြန်ရေတွက် စေသည်။


ထို့နောက် သူက အရှေ့ဘက်သို့ အသာငုံ့ကိုင်းလိုက်ရင်း အိပ်ကပ်ထဲသို့ လက်တစ်ဖက် ထည့်သည်။ ထို့နောက် စားပွဲခုံပေါ်မှ အသာ ထရပ်လိုက်သည်။


“အခု ခင်ဗျားတပ်ထားတဲ့ မျက်နှာ တကယ်ပဲ ခင်ဗျား မျက်နှာလား ဒါမှမဟုတ် ကံဆိုးတဲ့ ဖြတ်လျှောက် တစ်ယောက်ယောက်ရဲ့ မျက်နှာများလား”


“ခင်ဗျားရဲ့ လူ့အရေခွံနဲ့ မျက်နှာမရှိဘဲ ခင်ဗျားရဲ့နောက်ခံကို ပြောဖို့က တော်တော်လေး ခက်လောက်တယ်နော်”


ယန်ရှစ်ရွှမ်းသည် စကားလုံးများကို ထိန်းသိမ်းခြင်းမရှိဘဲ အိမ်တော်ထိန်းအိုကြီး၏ အစစ်အမှန်နောက်ခံနှင့် နာမည်ကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။


“ကျိုးချီ ခင်ဗျား လူအဖြစ် ပြန်လည်မွေးဖွားဖို့ အခွင့်အရေး မရှိဘူး။ မြေအောက်လောက က အရာရှိတွေတောင် ခင်ဗျားကို ချမ်းသာပေးမယ် မထင်ဘူး။ ဒီတော့ ငရဲဆယ့်ရှစ်ထပ်ကို သွားပြီး နေ့ရောညပါ နှိပ်စက်ခံရတာက ခင်ဗျားအတွက် ဇိမ်ခံတာ ဖြစ်လောက်တယ်”


“ခင်ဗျားက စွန့်ပစ် ခံထားရပြီ။ ခင်ဗျားတစ်ယောက်တည်း ဒီလို ဘာမှမရှိတဲ့ တစ္ဆေတောင်ကြီးမှာ အမေ့ခံ ဖြစ်နေရတယ်။ ခင်ဗျားမှာ သွားစရာလည်း မရှိဘူး”


ယန်ရှစ်ရွှမ်း၏ ချောမောသောမျက်နှာနှင့် ထက်ရှပြီး အထင်သေးမှုအပြည့်ရှိ‌နေသော မျက်ခုံး ၊မျက်လုံးတို့က အိမ်တော်ထိန်းကျိုးချီအပေါ် လှောင်ပြောင်လိုစိတ်ကို အပြည့်အဝ ဖော်ပြသည်။ သူက _ _ _ 


ခင်ဗျား ဒါနဲ့ပဲ တန်တယ်_ _ _ ပြောနေသည့်အလား ထင်ရသည်။ 


ယန်ရှစ်ရွှမ်း၏ ပုန်ကန်လိုသော မျက်နှာမှ လာသည့် အမှုအယာက ပြင်းထန်သည့် သက်ရောက်မှု ရှိသည်။ အသက်ရှင်နေသူကိုပင် သေသွားစေနိုင်၏။


အထူးသဖြင့် အိမ်တော်ထိန်းအိုကြီးကဲ့သို့ လူမျိုးအတွက်မူ အချက်ပေး ခေါင်းလောင်းများ ဆက်တိုက် မြည်ဟီး စေလောက်သည်။


တုန့်ပြန်သည့် အနေဖြင့် ကျိုးချီ၏ ဒေါသများက ပေါက်ထွက် လာသည်။ သူ၏မျက်နှာက ဒေါသထွက်လွန်းသော မျက်နှာကြီးအဖြစ် ရှုံ့မဲ့ကာ ပြောင်းလဲ သွားသည်။ သူသည် တင်းကြပ်ရာမှ ပြေလျော့လာသည့် မျက်နှာကြီးကို ပို၍ ဆိုးသွားစေခဲ့သည်။ 


အိမ်တော်ထိန်းအိုကြီး၏ မူရင်းပြစ်မှတ်က နှစ်တစ်ရာလုံးလုံး စတုတ္ထထပ်တွင် နေခဲ့သော တစ်စုံတစ်ယောက်သာ ဖြစ်သည်။ 


သူသည် အရင်နှစ်များအတွင်း ချောင်းမြောင်းပြီး ရိုက်ကူးရေးအဖွဲ့သားမှ လူတိုင်းကို စိတ်ရှည်လွန်းသည့် အမဲလိုက် သမားတစ်ယောက်က တစ်ယောက်ချင်းစီ ကွဲထွက်သွားမည့် အခိုက်အတန့်ကို စောင့်နေသလို စိတ်ရှည်ရှည် စောင့်ဆိုင်းခဲ့သည်။


သို့ရာတွင် မမျှော်လင့်ထားသည်မှာ အနုစိပ်ကျကျ စဉ်းစားနိုင်ပြီး လေးစားဖွယ် ကောင်းသော ထိုလူငယ်က မွေးရာပါ နာမ်ဝိဉာဉ်များဆိုင်ရာ အထိမခံဖြစ်သည့် စွမ်းအင်ကို ပိုင်ဆိုင်ထားပုံ ပေါ်သည်။ ထိုအချက်က သူ့အား အကင်းပါးပါးနှင့် ပုံမှန် မဟုတ်မှုကို သတိ ထားမိလိုက်သည်။ အကြံများကို ထပ်ခါတလဲလဲ စောင့်ကြပ်လျက် ပြည့်စုံအောင် ထပ်ခါတလဲလဲ ဖျက်ဆီးခံခဲ့ရ၏။


သို့ရာတွင် ယန်ရှစ်ရွှမ်းက စတုတ္တထပ်သို့ ဦးဆောင်သွားနိုင်သော အကာအကွယ်လွှာကို ဖျက်ဆီးနိုင်ခဲ့ပြီးနောက် အိမ်‌တော်ထိန်းအိုကြီးကလည်း ဒါဟာ နှစ်တစ်ရာအတွင်းမှ တစ်ကြိမ်သာ ရနိုင်သည့် ရှားပါးသည့် အခွင့်အရေး ဖြစ်ကြောင်း သိလိုက်သည်။ သူသည် ဒီနည်းအားဖြင့် စတုတ္ထထပ်သို့ တက်ပြီး ရန်ငြိုးကြီးဝိဉာဉ် ချီရွှမ်းကို ဝါးမြို လိုက်နိုင်မည်ဆိုလျှင် တစ္ဆေတောင်မှ ထွက်နိုင်မည့် အခွင့်အရေးကို ရနိုင်ပေလိမ့်မည်။


သူ လွန်ခဲ့သော နှစ်တစ်ရာလုံးလုံး ခံစားခဲ့ရသည့် ကိစ္စများအားလုံး၏ စည်းမျဉ်းက သူ၏အရှေ့တွင်ပင် ဖြစ်နေသည့်တိုင်အောင် သူဟာာ ယာယီအားဖြင့် ချီရွှမ်းကို ဘေးဖယ်ထားလိုက်ရသည်။ သူက သူမကို ဝါးမြိုနိုင်သမျှ သူသည် နောက်ဆုံးတွင် သူ နှစ်တစ်ရာလုံးလုံး တောင့်တခဲ့သည့် လွပ်လပ်မှုကို ရနိုင်ပေလိမ့်မည်။ အိမ်တော်ထိန်းအိုကြီး ကျိုးချီ၏အာရုံက သူ၏အရှေ့မှ သူ့ကို ဝိဉာဉ်ကိုပင် တုန်ခါစေသည့် ဒေါသထွက်အောင် လုပ်နေသည့် လူငယ်ထံတွင်သာ ဖြစ်သည်။ သူ၏လည်ချောင်းထဲမှ ကျိုးပဲ့လေသောကြောင့် အသံဟု မဆိုရလောက်အောင် ဆိုးရွားသည့် အသံတစ်မျိုးက ထွက်လာသည်။ ထိုအသံက တိရိစ္ဆာန်များ မတိုက်ခိုက်ခင် လုပ်တတ်သည့် ဆူညံသံနှင့် တူသည်။


“ဟား ဟား_ _ _ ကောင်စုတ်လေး မင်းက ငါ့ကို အထင်သေးရဲတယ်။ ဒါဆိုလဲ ငါက သေဆုံးမှုရဲ့ ခါးသီးခြင်းကို ခံခိုင်းရတာပေါ့။ အဲဒီလိုနဲ့ တစ်နေရာတည်းမှာ နှစ်တစ်ရာလုံးလုံး ပိတ်လှောင်ခံထားရတဲ့အခါ ခံစားရတဲ့ စိတ်ပျက်အားငယ်မှုကို မင်း နားလည် သွားလိမ့်မယ်လေ”


“ငါ မင်းကို သတ်မယ်”


“ငါ မင်းကို သတ်မယ်”


သို့ရာတွင် ယန်ရှစ်ရွှမ်းကမူ မှန်တင်ခုံအရှေ့တွင် ခပ်အေးအေးရပ်ပြီး လှုပ်ရှားမှု ကင်းမဲ့နေသည်။ သူ၏ ထပ်ရှသော ဓားသွားလိုပုံစံက ရန်ငြိုးကြီးဝိဉာဉ်တစ်ကောင်နှင့် ရက်စက်ကြမ်းတမ်းသော သရဲကောင်အကြား သွေးလွှမ်းသော မှန်မျက်နှာပြင်အတွင်း‌ နေရာယူထားသလို ဖြစ်သည်။ တံခါးတစ်ဖက်ခြမ်းမှ လျှောက်လမ်းတံခါး အပြင်ဘက်တွင်သာ ရပ်နေခဲ့သော အိမ်တော်ထိန်းအိုကြီးနှင့် သူက မျက်လုံးချင်း ဆုံနေသည်။


သူက သူ့ကို ပြင်းထန်စွာ စိုက်ကြည့်နေသည့် အိမ်တော်ထိန်းအိုကြီးကို ထိုလူ၏ ကြောက်ရွံ့သည့်စိတ်ကို လှောင်သလို တစ်ချက်နှာခေါင်းရှုံ့လိုက်သည်။


_ _ _


“ခင်ဗျားက ငါ့ကို သတ်မယ်လို့သာ ကြီးကြီးကျယ်ကျယ် ပြောနေတာ။ ဒီနေရာကို ဝင်ပြီး သတ်ရဲလို့လား”


ဒါမှမဟုတ် ခင်ဗျားက ဒီအတိုင်း ဝက်သစ်ချ စည်ပိုင်းထဲမှာ ပိတ်လှောင်ခံထားရတဲ့ အသားတစ်တုံး သက်သက်ပဲ။ အားနည်းလွန်းလို ဟိုနေရာ ဒီနေရာတောင် မခုန်ပေါက်နိုင်ဘူး။ ငါ့ကို သတ်ဖို့တောင် မပြောနဲ့ ဓားပြ သရဲ ဟွန့်။ စကားလုံးနဲ့ပဲ ပြောတတ်တဲ့ ငကြောက်ထက် မပိုပါဘူး။


အိမ်တော်ထိန်းအိုကြီး၏ ယန်ရှစ်ရွှမ်း၏ အပြုအမူမှတဆင့် အရာအားလုံးကို မြင်နိုင်ပုံ ပေါ်သည်။ သူ၏ပြူးထွက်လုနီးပါး ဖြစ်သော ဖန်ဂေါ်လီလုံးလို မျက်ဆံများက အဖြူရောင်အလင်း တစ်စပင် မရှိဘဲ မဲမှောင်သွားသည်။


ခရက်


ခရက်


သူ၏ခန္ဓာကိုယ် တစ်ခုလုံးအ‌ပေါ်တွင် အုပ်ထားသော အရေခွံများထံမှ ကွဲအက်သံလို အသံမျိုး ထွက်ပေါ်လာပြီး တဗြစ်ဗြစ် ကွဲထွက်သွားသည်။ ထိုသို့ဖြင့် မူလက တည်ရှိခဲ့သည့် သွေးနီရောင် အသားများကသာ ပေါ်လာသည်။


ထိုသွေးနီရောင် အသားများက မြေကြီးအောက်တွင် သွားနေသော လောက်များအလား ကွဲထွက်သွားသည့် အ‌ရေခွံများ အောက်တွင် ပေါ်ထွက်လာသည်။ တွန့်လိမ့်နေသော အသားတုံးများတွင် သွေးကြောများက ထောင်းထနေသလို ထိုကြွက်သားအတုံးများက မျက်လုံးများ ရှိနေသလိုမျိုး ယန်ရှစ်ရွှမ်းဘက်သို့ ဦးတည်ချိန်ရွယ်လျက် ရက်စက်မှု အပြည့်နှင့် စိုက်ကြည့်လာသည်။


နောက်ဆုံးတွင် အလယ်မှ လိမ္မော်ခွံကြီးတစ်ခုလို ကွဲထွက်သွားသည့် အိမ်‌တော်ထိန်းအိုကြီး၏ မူလက ဖျင်ကြမ်းထည်ဟု ယူဆရလောက်သည့် လူအ‌ရေခွံကြီးက အရပ်မျက်နှာအနှံ့ ပေါက်ကွဲ ထွက်သွားသည်။ ထိုသို့ဖြင့် အောက်ဘက်တွင် ပုန်းကွယ်နေလျက် ရှိသည့် အရာအားလုံးက ပေါ်လာသည်။ 


ထိုတစ်ခဏတွင် ယန်ရှစ်ရွှမ်း၏ ချောမောသော မျက်နှာပေါ်တွင် ရွံ့ရှာသည့် အမူအယာမျိုးက ပေါ်လာလေသည်။


_ _ _ 


ဒါက ယန်ရှစ်ရွှမ်း တစ္ဆောတောင်ဥယျာဉ်နဲ့ ဖန်သားပြင်အခွဲတွေမှာ မြင်ထားရတဲ့ သွေးနီရောင်လူသားပုံသဏ္ဍာန် မကောင်းဆိုးဝါးတွေနဲ့ မတူဘူး။ အိမ်တော်ထိန်းရဲ့ လူ့အရေခွံအောက်မှာ နုတ်နုတ်စင်းခံထားရတဲ့ အသွေးအသားတုံးတွေပဲ ပြည့်နေတာ။ 


အတွင်းတွင် ခြေမွ ခံထားရပုံရသည့် အဖြူရောင် အရိုးများကိုပင် ခပ်ရေးရေး မြင်နိုင်လေသေးသည်။


ဟုတ်တယ် ဒီအသားတုံး တစ်တုံးချင်းစီတိုင်းက ကိုယ်ပိုင် အသိစိတ် ရှိနေသလိုမျိုး၊ မမြင်ရတဲ့ အင်အားတစ်ရပ်နဲ့ ကန့်သတ်ချက်တစ်ခုကြောင့် လူအရေခွံခြုံပြီး လူသားပုံသဏ္ဍာန်ပေါ်အောင် အတင်း စုကပ်ထားရသလိုမျိုး_ _ _


ယခုအခါ ထိုအသွေးအသားများနှင့် ဖွဲ့စည်းထားရသည့် မကောင်းဆိုးဝါးကြီးက စူးရှစွာ အော်ဟစ် လိုက်သည်။ လည်ချောင်းအတွင်းမှ နှာမှုတ်သော အသံမျိုးက ပေါ်ထွက်လာသည်။ ထို့နောက် တံခါးထဲမှ ထွက်ပြီး နဂိုနေရာတွင်သာ လှုပ်ရှားခြင်းမရှိဘဲ ရပ်နေသည့် ယန်ရှစ်ရွှမ်းထံ သွေးနီရောင်လက်သည်းများကို ဆန့်တန်းလျက် တိုက်ခိုက်ရန် ကြိုးစားသည်။


“မင်းက သေသူကို လှောင်ပြောင် လွန်းနေမှတော့ မင်းကိုယ်တိုင် ခံစား ကြည့်လိုက်တော့”


လူမျက်နှာပင် မရှိတော့သည့် ကျိုးချီ၏ ပြောင်ရှင်းနေသော ဦးခေါင်းခွံကြီး၏ ပုတ်ပွနေသည့် အရာများအောက်ဘက်တွင် ရှိသော မဲတူးနေသည့် ကြွက်သားနှင့် သွေးကြောများက မေးရိုးအဟောင်းသား ဖြစ်သည်အထိ ဟပြဲကြီး ဖြစ်သွားသည်။ ထိုသို့ဖြင့် ပါးစပ်ဟု ထင်ရလောက်သည့် ထိုအရာ၏အတွင်းမှ ပိုးကောင်များနှင့် ပုတ်ပွနေသည့် သွားများက ပေါ်ထွက်လာသည်။ 


ဖွီ


ထိုပုံစံကို မြင်လိုက်ရရုံနှင့် မည်သူမဆို အသိစိတ်လွတ်ပြီး ကြောက်သွား စေလောက်သည်။ ထိုအကောင်ကြီးက အရှေ့မှ လူငယ်ကို ကြည့်ရုံနှင့် တစ်ဖက်သူက သူ၏ပုံပန်းသွင်ပြင်ကြီးကို ကြည့်ပြီး အလွန်အမင်း ကြောက်လန့်ကာ စိတ်ပျက်အားငယ်လျက် မျက်ရည်အပြည့်နှင့် ဖြစ်နေလောက်မည်ဟု စိတ်ကူးယဉ် ကြည့်လိုက်သည်။


သို့တိုင်အောင် အင်္ကျီအိတ်ကပ်ထဲသို့ လက်တစ်ဖက်ထည့်လျက် သာမာန်ကာလျှံကာ ပုံစံမျိုးဖြင့် ရပ်လျက် ယန်ရှစ်ရွှမ်းကမူ နီးကပ်လာသော ကျိုးချီကို ကြည့်ရန်အတွက် သူ၏ ခပ်ထူထူ မျက်တောင်ကို တစ်ချက်ပင့်လိုက်သည်။ အလွန်အမင်းတောက်ပပြီး လင်းထိန်လွန်းသော မျက်ဝန်းတစ်စုံက ချဉ်းကပ်လာသည့် မကောင်းဆိုးဝါးအား အရူးတစ်ကောင်၏ မိုက်ရူးရဲဆန်မှုကို လှောင်ပြောင်ချင်နေသလို လှောင်ချင်သလိုလို၊ သဘောတကျ ဖြစ်နေသလို အမူအယာမျိုးနှင့် တစ်ချက် စိုက်ကြည့် လိုက်သည်။


ကျိုးချီက တစ်စုံတစ်ရာ မှားယွင်းကြောင်း အလိုလို အာရုံခံမိလိုက်သည်။ သို့သော် ထိုတစ်ခဏတွင် သူ၏အရှိန်ကို ထိန်းရန် ရပ်တန့်သွားလေသည်။


ယန်ရှစ်ရွှမ်း၏ အနောက်ဘက်ရှိ ကွဲကြေလုနီးပါး ဖြစ်နေသော မှန်အကွဲများအတွင်းမှ အရိုးပင်ပေါ်နေသည့် လက်ကြီးက ဆန့်ထွက်လာသည်။ ထို့နောက် သူ၏မျက်နှာပြင်ပေါ် တစ်စစီကျနေသည့် အနက်ရောင်ဆံပင်များကိုလည်း နောက်သို့ လွှင့်ထွက်သွားစေ၏။ ထိုသို့ဖြင့် အလွန်အမင်း ထက်ရှသော စိတ်လှုပ်ရှားမှုကို မဖုံးကွယ် နိုင်လောက်အောင် ဖြစ်နေသည့် မျက်နှာက ထင်ထင်ရှားရှား ပေါ်လာသည်။


ကျိုးချီက ထိုလက်မောင်း မှီနိုင်သည့် အတိုင်းအတာအတွင်းသို့ ရောက်ရှိသွားသည့် အခိုက်အတန့်တွင်  ယန်ရှစ်ရွှမ်းက နဂိုက ဝှက်ထားသောလက်များကို ဆက်ကနဲထုတ်ပြီး ကျိုးချီ၏ ဦးခွံထိပ်ကို ပေါင်တစ်ထောင် လေးလံသည့် အရာကိုပင် အသာအယာ ဆွဲမနိုင်လောက်သည့် အားမျိုးဖြင့် ဆတ်ကနဲ လှမ်းဆွဲလိုက်သည်။ ထိုသို့လှမ်းဆွဲလိုက်ခြင်းက ထိုမိစ္ဆာဝိဉာဉ်၏ ဦးခေါင်းကိုပင် အ‌ရေခွံ နွှာနိုင်မတတ် ဖြစ်သည်။


ကျိုးချီကို တုန့်ပြန်ခွင့်ပင် မပေးသော ယန်ရှစ်ရွှမ်း၏ မျက်လုံးများက အေးစိမ့်နေသည်။ သူ၏ ဖျော့တော့သော နူတ်ခမ်းတစ်စုံက မကောင်းဆိုးဝါး ထက်ပင် ကြောက်စရာ ကောင်းသော အပြုံးမျိုး ပေါ်သည်အထိ ကော့တက် သွားသည်။ သူ၏လက်ဖဝါးထံမှ တလက်လက် တောက်ပနေသော ရွှေရောင်အလင်းများက မလွတ်မြောက်နိုင်သည့် ကျိုးချီ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည့်အခါ စူးရှသောအော်သံနှင့် ခပ်ကြမ်းကြမ်း ရုန်းကန်မှုကသာ ထွက်ပေါ်လာသည်။ 


ယန်ရှစ်ရွှမ်း၏ လက်ဖဝါးမှ အလင်းက ဖြတ်ကနဲလက်သလို အားကလည်း ဆောင့်ထွက်သွားသည်။ ကျိုးချီက ပြင်းထန်သည့် နာကျင်မှုနှင့် မလှုပ်နိုင်သည့် အခိုက်အတန့်ကို ချက်ချင်းလိုလို ခံစားလိုက်ရပြီးနောက် ကိုယ်နှင့် တွဲဆက်နေသည့် အသားများက ကွဲထွက်လုနီးပါး ဖြစ်လာသောအခါ သူသည် ဖမ်းကိုင်ထားသည့် ကျိုးချီ၏ခေါင်းကို ကြမ်းပြင်ပေါ်သို့ ဆောင့်ပစ်ချလိုက်သည်။ 


ဘန်း


ထိုသို့ဖြင့် စကျင်ကျောက် ခင်းထားသော အခန်း၏ကြမ်းပြင်တိုင်းပေါ်သို့ တစ်စစီ ကွဲအက် ထွက်လာသည့် ထိုအသားတုံးများက ပြုတ်ကျသွားသည်။


ကျိုးချီ၏ အတတ်နိုင်ဆုံး လူပုံသဏ္ဍာန်ပေါ်အောင် ဖန်တီးထားရသည့် အရာများက တကြွပ်ကြွပ် အသံများကို ထုတ်ပြလာသည်။ ယန်ရှစ်ရွှမ်း၏ ရွှေရောင်လက်ဖဝါးဒဏ်နှင့် ပြင်းထန်သည့် ရိုက်ချက်ကို ခံခဲ့ရသော ဦးခေါင်ခွံက ဆိုးဆိုးရွားရွား ထိခိုက်သွားသည်။ နဂိုက ပုတ်ပွနေသော အသွေးအသားနှင့် အရိုးများက ကွဲအက်ရာများအကြားမှ ယိုဖိတ်ထွက်လာသည်။ ထို့အပြင် မျက်အိမ်အတွင်းမှ အနက်ရောင် မျက်ဆံလုံးကြီး တစ်လုံးလုံးက ကျွတ်ထွက်လျက် ဘေးဘက်သို့ လိမ့်ထွက်သွားပြီး သူ၏သွေးလွှမ်းနေသော အကြည့်ဖြင့် ယန်ရှစ်ရွှမ်းကို မုန်းတီးမှု အပြည့်နှင့် စိုက်ကြည့်လိုက်သည်။


 သို့တိုင်အောင် ယန်ရှစ်ရွှမ်းကမူ ထိုရန်ငြိုးကြီးဝိဉာဉ်ကို အကြည့် တစ်ချက်ပင် မပေးချေ။ 


“ငါ့ကို သတ်မယ်ဟုတ်လား။ မင်းရဲ့အပြစ်ကို အရင်ဆေးလိုက်ဦး။ အဲဒီနောက်မှ လူပုံစံ ပြန်ပြောင်းပြီး ငါ့ကို ဒီစကားလာပြော။ မဟုတ်သေးဘူး ဘယ်သရဲမှ ငါ့ကို မသတ်နိုင်သေးပါဘူး။ အော် ဟုတ်သားပဲ ငါ မေ့တော့မလို့_ _ _”


သူက ရည်ရွယ်ချက်ရှိရှိဖြင့် စကားကို ရပ်ပြီး ကျိုးချီ၏ ထွက်ကျသွားသော အနက်ရောင်မျက်စံလုံး ရှိရာဘက်သို့ စိုက်ကြည့်လျက် တစ်လုံးချင်းစီ ဖိပြောသည်။


“ခင်ဗျားက ခင်ဗျားရဲ့လူနောက်ခံကို အဆုတ်ဖြဲခံရပြီးသားပဲ”


ကျိုးချီ၏ အသွေးအသားတုံးကြီး တစ်ခုလုံးက ခပ်ကြမ်းကြမ်း လှုပ်ခါသွားသည်မှာ သူ၏ဒေါသကို ဖော်ပြနေသည်။ 


သို့သော် ယန်ရှစ်ရွှမ်းကမူ သူ့အား တု့န်ပြန်ချိန် မပေးပြန်ချေ။


သူ၏စကား ဆုံးပြီးပြီးချင်း သူ၏သွယ်လျသော လက်ဖဝါးက ကျိုးချီ၏ ဦးခေါင်ခွံကို အရိုးများ ကွဲထွက်သွားစေသည်အထိ တိုက်ရိုက် ရိုက်ချလိုက်သည်။ သူက တဖြည်းဖြည်းချင်း မတ်တပ် ထရပ်လိုက်သည့် ပုံစံနှင့်အတူ ကျိုးချီ၏ ဦးခေါင်းခွံကို တကျွတ်ကျွတ် မြည်သံများ ထွက်စေအထိ နောက်မှ ကျယ်သွားစေသည်။ 


ယန်ရှစ်ရွှမ်းက ကျိုးချီအား ကြမ်းပြင်ပေါ်သို့ ခပ်ကြမ်းကြမ်း တစ်ဖန် ပြန်ဆောင့် ရိုက်ပြန်သည်။ ရိုက်ချတိုင်းက အရင်တစ်ခေါက် ပို၍ပြင်းထန်သည်။ သူသည် သူ၏လက်ဖဝါးအတွင်းမှ ခေါင်းကို ကြမ်းပြင်နှင့် တစ်ဖန် ပြန်ဆောင့် ရိုက်ပြန်သည်။ 

ဘန်း


ဘန်း


 ဘန်း


သွားကျဉ်စေလောက်သည့် ကျယ်လောင်စူးရှသော အသံက ပို၍တိုးလာသည်နှင့်အမျှ ကျိုးချီ၏ခေါင်းက ယန်ရှစ်ရွှမ်း၏ လက်ဝါးအောက်တွင် အသွေးအသားတုံးများအဖြစ် ပြောင်းလဲသွားပြီး ဖြစ်သည်။ သို့သော် ဦးခေါင်းခွံဟု ယူဆရသည့် အရိုးကြီး သက်သက်ကသာ သွေးများစွန်းထင်းလျက် ကျန်ရစ်သည်။ နဂိုက အသားနှင့်ဆက်နေသော ကိုယ်ကြီးကလည်း ပေါင်းစပ်မှု ဆုံးရှုံးသွားသလိုမျိုး တစ်ပိုင်းတစ်စစီ ကွဲထွက်လျက် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီ ဖြစ်သည်။


ထိုအခါမှသာ ယန်ရှစ်ရွှမ်းက လွှတ်ပေးလိုက်ပြီး နဂိုအရပ်ရှည်ရှည်နှင့် ကျော့ရှင်း ကြည့်ကောင်းသော ပုံသဏ္ဍာန်အသွင် ပြန်ပြောင်းလျက် ခပ်မတ်မတ် ရပ်လိုက်သည်။ သူက အောက်ဘက်မှ အသွေးအသား၊ အရိုးများ ရောနေသည့် အပုံကြီးကို စိုက်ကြည့် လိုက်သည်။ 


သူ၏သွေးစွန်းနေသာ သွယ်လျသော လက်တွင် ရှင်းလင်းစွာပင် မှော်စက်ကွင်းတစ်ခု ရေးဆွဲလိုက်သလိုမျိုး ရွှေရောင်အလင်းတန်းများက ပေါ်ထွက်လာသည်။ ဆက်တိုက် ဆိုသလို ထိန်လင်းသော အလင်းနှင့် ခမ်းနားထည်ဝါသော ဖြောင့်မတ်မှန်ကန်မှုများက ပေါ်ထွက်လာလျက် မိစ္ဆာဝိဉာည်များကိုပင် ကြောက်ရွံ့လာစေသည်။


_ _ _ 


လက်စသတ်တော့ သရဲမကို ရန်ငြိုးကြီးဝိဉာဉ်ရဲ့ စိတ်ပြောင်းလဲအောင် ဖြောင်းဖြရာတွင် ကျရှုံးမှုမျိုးကို ကြုံတွေ့လာနိုင်နေသည့်အတွက် ထိုအခြေအနေကို စောင့်ကြပ်ရန် ယန်ရှစ်ရွှမ်းဟာ သူ၏လက်ဖဝါးတွင် ဝိဉာဉ်ချုပ်နှောင်ဝင်္ကပါ အစီအရင်ကို ပြင်ဆင်ထားပြီးသားဖြစ်သည်။ မမျှော်လင့်ထားစွာပင် ကျိုးချီနှင့် တွေ့သည့်အခါ တိုက်တိုက်ဆိုင်ဆိုင် အသုံးပြု၍ ရသွားသည်။ 


ဒါပေါ့ မူလက သရဲမချီရွှမ်းအတွက် ပြင်ဆင်ထားတဲ့ အစီအရင်ကတော့ ဒီလောက် အကြမ်းအရမ်း နည်းလမ်းကို သုံးစရာမလိုဘူးပေါ့။ ဒီအတိုင်း ဝိဉာဉ်ကိုပဲ ဖယ်ရှား သုတ်သင်ရုံပဲ အသုံးပြုနိုင်တာ။ ဒါပေမယ့် ကျိုးချီက ပေါ်လာပြီးတဲ့နောက်မှာ ယန်ရှစ်ရွှမ်းက အိပ်ကပ်ထဲသို့ ထည့်ထားသော လက်အတွင်းတွင် သင်္ကေတများကို အသာအယာ ပြန်ဖြည့်လိုက်ခြင်း ဖြစ်လောက်သည်။ ထိုသို့ဖြင့် ယခုလိုမျိုး အစီအရင်ကြီး၏ အင်အားများကို မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။


ရန်ငြိုးကြီးဝိဉာဉ်များသည် မကြာခဏဆိုသလို ဦးခေါင်းခွံထဲတွင် ကပ်နေတတ်သည်။ ထိုအတွက်ကြောင့် ယန်ရှစ်ရွှမ်းက ကျိုးချီ၏ခေါင်းကို အမိအရကိုင်ပြီး ဝိဉာဉ်နှင့်အနီးဆုံး နေရာသို့ ထိုအားများ ဝင်သွားစေလျက် သူ့အား ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားစေခဲ့သည်။ ထိုသို့ဖြင့် အစပိုင်းကတည်းက ခုခံနိုင်စွမ်းအား မရှိလောက်အောင် အင်အားကုန်ဆုံးသွားစေခဲ့သည်။ 


ထိုရလဒ်ကြောင့်လည်း ကျိုးချီကဲ့သို့ ရန်ငြိုးကြီး ဝိဉာဉ်တစ်ကောင်က ယန်ရှစ်ရွှမ်း၏ ကြမ်းတမ်းပြီး ထပ်ခါတလဲလဲ ရိုက်ချက်များအောက်တွင် အားအင်မဲ့ရသည်။


ယန်ရှစ်ရွှမ်းသည် အစပိုင်းကတည်းက သူ၏အကန့်အသတ်နှင့်သာ ရှိသော အချက်အလက်များကို အခြေခံပြီး ဖြစ်လာနိုင်သည့် အန္တရာယ်များကို တွေးဆလျက် ကြိုတင်ပြင်ဆင်မှုများ လုပ်ခဲ့သည်။ 


“ငါ့ကို သတ်မယ်ဟုတ်လား”


ယန်ရှစ်ရွှမ်းက လှောင်သည်။


“ကောင်းကင်အောက်က လူတိုင်းမှာ အပြစ်ကျူးလွန်တဲ့ လူတိုင်း၊ အပြစ်ကျူးလွန်တဲ့ မိစ္ဆာဝိဉာဉ်တိုင်းကို အပြစ်ပေးနိုင်တဲ့ တာဝန်ရှိတယ်။ ကောင်းကင်ဘုံကလည်း ပစ်ပယ်၊ မိစ္ဆာတွေကတောင် ဖယ်ကျဉ်ခြင်းကို ခံထားရတဲ့ အရာတစ်ခုမှာ ဒီလိုမေးခွန်း ထုတ်နိုင်တဲ့ စွမ်းရည်ရှိမယ် ထင်တာလား”


ကြမ်းပြင်တွင် ကျိုးချီ၏ တကွဲတပြားစီ ဖြစ်နေသော နုတ်နုတ်စဉ်း လုပ်ခံထားရသည့် အသားများက ပုရွတ်ဆိတ်များ အုံလိုက်ကျင်းလိုက် ထွက်ပြေးချင်သလိုမျိုး အရိုးနှင့် ရူးသွပ်စွာ ခွဲထွက်ရန် ကြိုးစား နေကြသည်။


ယခင်ကတည်းက အမျိုးမျိုးသော ကောက်ကျစ်လှည့်ဖျားနိုင်တဲ့ ဖြစ်တည်မှု ပေါင်းများစွာကို မြင်ခဲ့ရပြီးသည့်တိုင်အောင် ယန်ရှစ်ရွှမ်းသည်လည်း ယခုလိုမျိုး ရွံစရာကောင်းသော မြင်ကွင်းမျိုးကြောင့် အမှန်တကယ် ရွံရှာမိသည်။ သူက လက်တစ်ဖက်ကို ထုတ်ပြီး လက်မောင်းကို ပွတ်လိုက်ကာ ကြက်သီးများကို ဖယ်ရှားသည်။


ဒီနေ့ခေတ်မိစ္ဆာတွေက ဘာမန်နာမှ မရှိတော့ဘူးပဲ။ 


“အား လူတွေကို ရွံစရာကောင်းအောင် ခံစားစေချင်ကြတာပဲ အား”


ယန်ရှစ်ရွှမ်းက မုဒြာကို တစ်ချက်စိပ်ပြီး ထွက်ပြေးရန် ကြိုးစားနေသည့် အသားတုံးများကို လှမ်းတားမည့်အချိန်တွင် ရုတ်တရက် သူ၏အနောက်ဘက်မှ စောင့်ကြည့်နေသည့် အကြည့်တစ်ခုကို အာရုံခံမိသွားသည်။


ထူးဆန်းတယ်။ ဒီနေရာမှာ ပုတ်ပွနေတဲ့ အလောင်းတွေနဲ့ မိစ္ဆာဝိဉာဉ်တွေနဲ့ ပြည့်နေတာ။ ဘာလို့ ဒီအကြည့်ကနေ မကောင်းတဲ့ ခံစားချက်ကို မရတာလဲ။


အနှစ်ချုပ်ဆိုရသော် ထိုအကြည့်က အမျိုးမျိုးသော ခံစားချက်ကို ပြည့်နှက်နေပြီး ရှုပ်ထွေး လွန်းနေသည်။ ယန်ရှစ်ရွှမ်းက နောက်သို့တစ်ချက်လှည့်လိုက်သောအခါ သွေးနီရောင် မှန်အတွင်းတွင် ရပ်နေသည့် သရဲမချီရွှမ်းကို တွေ့လိုက်ရသည်။ သူမ၏သွယ်လျသော ကိုယ်က တုန်ယင်နေသလို လှပသည့် ဖီးနစ်မျက်လုံးက ယန်ရှစ်ရွှမ်းကို ပြူးကျယ်စွာ ကြည့်နေသည်။ သူမသည် မှန်နယ်မြေအတွင်းသို့လည်း ဝင်မပုန်းသလို မျက်လုံးကိုလည်း မအုပ်ထားချေ။ ထိုအစား အရှေ့မှမြင်ကွင်းတိုင်းကို အစမှအဆုံးထိ ကြည့်ခဲ့သည်။ 


“နင်က_ _ _ ကျိုးချီနဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူးလား”


ချီရွှမ်းသည် ယန်ရှစ်ရွှမ်းကို ငိုချင်စိတ်ကို ထိန်းထားရသည့် လေသံမျိုးနှင့် မေးလိုက်သည်။


“နင် နင် ငါ့ကို ကယ်ဖို့လာတာလား”


သူမက တစ်စုံတစ်ရာကို အတည်ပြုချင်သလို သူမကိုယ်တိုင် နားလည်အောင် ပြောချင်နေသလိုလို ထပ်ခါတလဲလဲ ပြောသည်။


“ငါ့ကို တစ်ယောက်ယောက် လာကယ်တယ်”


သူမ၏ မုန်းတီးမှုများကြောင့် သူမ၏ မျက်လုံးများက အမြဲတစေ မြူဆိုင်း နေတက်လေရာ သက်ရှိများ၏ အစစ်အမှန်စိတ်ရင်း စိတ်ဆန္ဒကို မမြင်နိုင်ချေ။ ထိုအစား သူမသည် သက်ရှိများက သူမ၏ရည်ရွယ်ချက်အတိုင်း လုပ်ဆောင်တတ်သည့် ခံစားချက်နှင့် အပြုအမူများကိုသာ မှီခိုနေရလေသည်။


တစ်ချိန်က ချီရွှမ်းသည် ကောင်းမွန်သည့် စိတ်ဆန္ဒအပြည့်နှင့် တစ္ဆေတောင်အတွင်းသို့ ဝင်ရောက်လာသည့် လူတစ်ယောက်ချင်းစီကို ကောင်းမွန်စွာ ဆက်ဆံပေးခဲ့သည်။ သို့ရာတွင် ထိုတစ်ယောက်ချင်းစီတိုင်းက သူမကို မြင်လိုက်ရုံနှင့် သူမ၏ တည်ရှိမှုကို အာရုံ ခံလိုက်မိရုံနှင့် စူးရှစွာ အော်ဟစ်ပြီး တိုက်ခိုက်သူက တိုက်ခိုက်၊ ထွက်ပြေးသူက ထွက်ပြေး လုပ်တတ်သည်။ သူတို့်၏ အပြုအမူများက သူမ ယခင်က တွေခဲ့သည့် ဓားပြများနှင့် မခြားနားချေ။ 


ထို့ကြောင့် နဂိုကကတည်းက မုန်းတီးခဲ့ပြီး ရန်ငြိုးများ၏ လွှမ်းခြုံမှုကြောင့် ခံထားရသည့် ချီရွှမ်းက ထိုလူတိုင်းက ဓားပြများနှင့် တစ်ဖွဲ့တည်းဖြစ်ကြောင်း၊ သူမကို ဒုက္ခပေးရန် လာကြောင်း သတ်မှတ်လိုက်သည်။ ထိုအတွက်ကြောင့် သူမသည် သူတို့၏ အစစ်အမှန် စိတ်ဆန္ဒကို ဖုံးကွယ်ပြီး လာရောက်ရန် ကြိုးစားသည့် လူတိုင်းကို မုန်းတီးကာ ဘယ်သောအခါမှ ပြန်ထွက်သွားခွင့် မရှိအောင် တောင်တန်းထဲတွင်သာ လှည့်လည် လျှောက်သွားနေ‌အောင် လွှတ်ထား‌ပေးလိုက်သည်။


_ _ _


မဟုတ်ဘူး။ ငါ နောက်ထပ်ဓားပြတစ်ကောင်ကို အခြားသူတွေကို ဒုက္ခပေးဖို့ လွှတ်ပေးလိုက်လို့ မရဘူး။


ထိုစိတ်ကသာ သေဆုံးပြီးသော ချီရွှမ်း၏မှတ်ဉာဏ်ထဲတွင် ထင်ရှားနေခဲ့သည့် အကြောင်းအရာ ဖြစ်သည်။


သူမသည်လည်း ဓားပြများနှင့်အတူ ရပ်နေသော ထိုလူများ၊ ထိုအနီရောင်ပုံရိပ်များ အားလုံးက ဓားပြများဟုသာ ယုံကြည်ထားသည်။ သူမနှင့်အတူ ရပ်နေသောသူ၊ ထိုညက လရောင်အောက်တွင် ဖြူဖွေးနေသော နှင်းဆီခြုံပုတ်များလို၊ နှင်းဆီပန်းများလို အရာများကသာ သူမဘက်တွင် ရှိသောသူ ဒီစံအိမ်ထဲမှ သူမ သိသောသူ ဖြစ်သည်။ သူမကို ဒုက္ခမပေးနိုင်သော သူများဖြစ်နေသည်။


နှစ်တစ်ရာလုံးလုံး ချီရွှမ်းသည် တစ္ဆေတောင်နှင့် စံအိမ်သို့ ဝင်ရောက်ခဲ့သူများကို ထိုသို့ ဖယ်ရှားခဲ့သည်။


ထို့နောက် ယန်ရှစ်ရွှမ်း အမည်ရသော လူတစ်ယောက်က ရောက်ရှိလာပြီး သူမကိုယ်တိုင် သူမအတွက် တည်‌ဆောက်ထားသည့် လှောင်အိမ်ကို အတင်းဖောက်စေလျက် မုန်းတီးမှု စွန်းထင်းနေသော သူမ၏ ပိတ်လှောင်ခံထားရသည့် ဝိဉာဉ်နယ်မြေထဲသို့ ရောက်ရှိလာပြီး နာရီနှင့် ပတ်သက်သည့် အမှန်တရားတစ်ခုလုံးကို ပြောပြနိုင်သည်။


ဓားမြများက တိုက်ခိုက်လာသောအခါ သူသည် ကာကွယ်ပေးလိုသော ပုံစံမျိုးဖြင့် သူမကို အမှန်တကယ် ကာကွယ်ပေးခဲ့သည်။


ဒီတစ်ကြိမ်တွင် သူမက ဒဏ်ရာမရခဲ့ချေ။ သူမ၏ သွေးများကလည်း မှန်တင်ခုံပေါ်တွင် မစွန်းခဲ့ချေ။


သူမသည်လည်း စိတ်ပျက်အားငယ်စွာနှင့် ကိုယ့်အခန်းအတွင်း ပြန်လည် အသတ်ခံခဲ့ရသည့် အခြေအနေမျိုးကို မကြုံရပြန်ချေ။


ယန်ရှစ်ရွှမ်းက သူမကို ကာကွယ်ပေးရန် ရောက်ရှိလာခဲ့သည်။


ယန်ရှစ်ရွှမ်းသည် သူမ၏နာနီက အယုံကြည်ဆုံးလူ ဖြစ်သည်။ သူသည် ဓားပြများထံမှ သူမကို ကယ်ခဲ့သည်။


အစပိုင်း ထိတ်လန့်မှု၊ သတိထားမှုများနှင့် မတူညီစွာပင် ချီရွှမ်း၏မျက်နှာ အမူအယာနှင့် အပြုအမူပုံများက ပြောင်းလဲသွားသည်ကို ယန်ရှစ်ရွှမ်းသည်လည်း မြင်လိုက်သည်။


သူမသည် ယခင်ကကဲ့သို့ ရန်ငြိုးကြီးဝိဉာဉ်တစ်ကောင်၏ ကြောက်မက်ဖွယ် ကောင်းသော ပုံစံအား မပြတော့ချေ။ ထိုအခိုက်အတန့်တွင် ယန်ရှစ်ရွှမ်းသည် အဆုံးအစမဲ့သော အမှောင်ထုအတွင်း ဦးတည်ရာမဲ့စွာ လျှောက်သွားနေသည့် မိန်းမငယ်လေးတစ်ယောက်အသွင် ဖြစ်သည်။ သူမသည် ခရီးတစ်ခုလုံး မုန်းတီးမှု ပြည့်နှက်ပြီး နှလုံးသားများကို သယ်လျက် သူမ၏ မွေးရာပါ ကောင်းမွန်ကြင်နာစိတ် ပျောက်ကွယ်သွားမှု ထို့နောက် တစ်ဖန်ထပ်ပြီး ရန်ငြိုးကြီးဝိဉာဉ်တစ်ကောင်၏ မုန်းတီးစိတ်နှင့် အယူသီးစိတ်များကသာ ကျန်ရစ်ခဲ့သော ဖြစ်ရပ်ကို ကြုံတွေ့ ခံစားရသည်။ ထိုသို့ဖြင့် သူမဟာ တဖြည်းဖြည်းချင်း အမှောင်ထု၏ အနက်ရှိုင်းဆုံး အပိုင်းအတွင်းသို့ ရန်သူများကို တရွတ်တိုက် ဆွဲခေါ်သွားသည်။


သို့ရာတွင် ရုတ်တရက် သူမ ဘယ်သောအခါမှ လက်မလျော့ပဲ စောင့်နေခဲ့သည့် တစ်ယောက်က လေထဲတွင်ပေါ်လာသည်။


လွန်ခဲ့သော နှစ်တစ်ရာခန့်က လရောင်ကွယ်သောညတွင် ချီရွှမ်းသည် တစ်စုံတစ်ရာသည် သူမကို လာပြီးကယ်တင်ပေးရန် ထပ်ခါတလဲလဲ ဆု‌တောင်းခဲ့ဖူးသည်။ ယခုမူ လူက ပေါ်လာလေပြီ။


ထို့ကြောင့် သူမ၏ စိတ်ပျက်အားငယ်မှုများနှင့် မုန်းတီးမှုများက ဖျော့တော့၍ လာသည်။


ရန်ငြိုးကြီး ဝိဉာဉ်တစ်ကောင်၏ အခွံအောက်တွင် ကြာရှည်စွာ မေ့မြော့နေခဲ့သော နူးညံ့လွန်းသည့် ကောင်းမွန်စိတ်များက တဖန် ပြန်လည်ပြီး ဝင်ရောက် လာလေသည်။


ကြည့်မှန်မှတဆင့် ချီရွှမ်း၏ ယန်ရှစ်ရွှမ်းကို ကြည့်နေသော အကြည့်များတွင် ရန်လိုမှုများ မရှိတော့ပဲ အယုံကြည်ရဆုံး အပေါင်းဖော်တစ်ယောက်ကို ပေးသည့် ကြည့်အဖြစ် ပြောင်းလဲသွားသည်။ 


ချီရွှမ်း၏ ခံစားချက်ပိုင်းဆိုင်ရာ အပြောင်းအလဲကို မှန်ကတဆင့် မြင်လိုက်ရသည့်အခါ ယန်ရှစ်ရွှမ်း တစ်စုံတစ်ရာကို သိလိုက်သည်။


သူ ခန့်မှန်းတာ မှန်တယ်။


ချီရွှမ်းက တစ္ဆေတောင် ဝင်္ကပါတစ်ခုလုံးရဲ့ အဓိကအုတ်မြစ် ဖြစ်ရုံတင်မကသေးပဲ တစ္ဆေတောင်က ထွက်နိုင်တဲ့ တစ်ခုတည်းသော နည်းပဲ။ 


သူမက သူ့ရဲ့ဓားပြခေါင်းဆောင် ကျိုးချီကို တိုက်ခိုက်ပြီး ဒီစံအိမ်အတွင်းက ချီရွှမ်းကို ကာကွယ် ပေးလိုက်တာက အမျိုးမျိုးသော အာဏာတွေ၊ စည်းမျဉ်းတွေ ပြည့်နှက်နေတဲ့ နေရာကနေ သူမကို ကာကွယ်ပေးသလို ဖြစ်သွားပြီး ချီရွှမ်းက သူ့ကို အပေါင်းအဖော် တစ်ယောက်လို သတ်မှတ်လိုက်တာပဲ။


ထို့ကြောင့် စံအိမ်နှင့် တစ္ဆေတောင်တန်း၏ သဘောသဘာဝကို ဖောက်မြင်နိုင်သောသူ ချီရွှမ်း၏ ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေပုံပန်းသွင်ပြင် အနောက်မှ အစစ်အမှန် စိတ်သဘောထားကို အသိအမှတ်ပြုနိုင်သော သူဆိုလျှင် နာနီယုံကြည်မှုကိုလည်း မရနိုင်သလို ချီရွှမ်းကိုလည်း တွေ့ဆုံနိုင်လိမ့်မည် မဟုတ်ချေ။ ထိုအခါ တစ်သက်လုံး ဓားပြများ၏ အပေါင်းအဖော်များအဖြစ် သတ်မှတ်ခံရပြီး တစ္ဆေတောင်အတွင်းတွင်သာ ထာဝရ ပိတ်မိနေပေလိမ့်မည်။


ခြေတစ်လှမ်း မှားသွားလျှင် ပြန်ပြောင်းနိုင်ခွင့် မရှိဘူး။


သို့သော် သူကသာ ချီရွှမ်းနှင့် ပုဆိန်ကိုင်ထားသည့် သွေးသံရဲရဲ သတ္တဝါကောင်အကြားမှ ပုံမှန်မဟုတ်သည့် အခြေအနေကို သတိမထားမိခဲ့လျှင်၊ သူကသာ ရက်စက်ကြမ်းတမ်းပုံ ရသည့် ရန်ငြိုးကြီးဝိဉာဉ် ချီရွှမ်းကို မောင်းထုတ်ရန် လက်လျော့ပြီး သူမအပေါ် ထားခဲ့သည့် ရန်လိုမှုများထားပြီး ရှုံးနိမ့်သွားခဲ့လျှင် ရိုက်ကူးရေးအသင်းတစ်ခုလုံးက တစ္ဆေတောင်အတွင်း သူနှင့်အတူ ပိတ်လှောင်ခံရနိုင်သည်။


တကယ်ကိုပဲ တစ္ဆေတောင်ဆိုတဲ့အတိုင်း။


ယန်ရှစ်ရွှမ်းကဲ့သို့ အခြေအနေတစ်ခုလုံးကို နားလည်သွားပြီးသော သူကပင် မနေနိုင်ပဲ တိတ်ဆိတ်သွားရသည်။ 


“ကံကောင်းလို့ပေါ့”


ယန်ရှစ်ရွှမ်းက ချီရွှမ်းနှင့် ထိုသို့ ရင်ဆိုင်နေချိန်တွင် ကြမ်းပြင်ပေါ်ရှိ အသားတုံးတစ်တုံးက ရုတ်တရက် အခွင့်အရေး အရယူပြီး အနောက်ဘက်မှ သူ့ထံ ပျံသန်လားသည်။ ထိုနည်းအားဖြင့် သူ့ကို ခြုံခိုတိုက်ခိုက်ရန် ကြံစည်သည်။ 


ချီရွှမ်းက စူးရှစွာ အော်ဟစ်လိုက်သည်။ သူမ၏ရှည်လျားသော အနက်ရောင်ဆံပင်ရှည်များက လျှပ်စီးကဲ့သို့ မြန်ဆန်‌သော အရှိန်နူန်းဖြင့် မှန်ထဲမှ ထွက်လာပြီး ထိုအသားတုံးကို ခပ်ကျစ်ကျစ် တုပ်နှောင်လျက် ဆံပင်များအတွင်း လုံးထွေးကာ ဝါးမြိုပစ်သည်။ သူသည် မြေဩဇာတစ်ခုကို စုပ်ယူလိုက်သလိုမျိုး စုပ်ယူပစ်လိုက်သည်။


ယန်ရှစ်ရွှမ်းကမူ ကြွက်သားတစ်ခုပင် မလှုပ်ချေ။ ကပ်ဘေးက ပြီးသွားသည်။


သို့ရာတွင် ကျိုးချီက သူ့ကို တိုက်ခိုက်လာခြင်းအား ချီရွှမ်းက ဒေါသထွက်သွားသည်။ 


ယန်ရှစ်ရွှမ်းသည် သူ၏ဘေးနားရှိ မှန်တင်ခုံက ခပ်ကြမ်းကြမ်း လှုပ်ခါလာပြီး စားပွဲ ခြေထောက်များက ကြမ်းပြင်ကို တတောက်တောက် ထိကာ ဘန်းဘန်းဘန်း အသံများ ထွက်လာကြောင်း သိလိုက်သည်။ သွေးနီရောင်မှန်ကြီးအတွင်းမှ ချီရွှမ်းသည် ကျိုးချီ၏ စတုတ္ထထပ်သို့ပင်တက်ပြီး ယန်ရှစ်ရွှမ်းကို တိုက်ခိုက်ရဲသည့် ကိစ္စကြောင့် ဒေါသ ထွက်သွားပုံရသည်။ 


ထိုသို့ဖြင့် စားပွဲ၏မှန်တင်ခုံအတွင်းမှ သွေးများက ဆက်တိုက် စီးကျလာသည်။ ပို၍ဆိုးသည်မှာ အခန်းအတွင်းရှိ မှန်တိုင်းတွင် နီရဲနေသော လူပုံရိပ်ပေါင်းများစွာက ပေါ်လာပြီး ကြမ်းပြင်ရှိ သွေးအိုင်များက တဗွက်ဗွက်ထလာသည်။ 


ချီရွှမ်းက မှန်တင်ခုံ စားပွဲမှန်အတွင်းမှ ကုန်းထွက်လာသည်။ သူမ၏ တစ္ဆေပုံစံကြီးက ယခင်ပုံစံထက်ပင် ပို၍ဆိုးယုတ်ကာ ကြောက်စရာကောင်းလေသည်။


ယန်ရှစ်ရွှမ်းက နာနီအကြောင်း ပြောသောကြောင့် ငြိမ်သက်သွားပြီဖြစ်သည့် ရန်ငြိုးကြီးဝိဉာဉ်က တစ်ဖန်ထပ်ပြီး အငြိုးတရားများကို သတိရသွားသည်။


သူမ၏ နှင်းဆီပုံစံထိုးထားသော ချည်ဖောင်တွင် သွေးနီရောင်အစင်းက ပြန်လည် စွန်းထင်းလာပြီး လှပသော မျက်နှာက ပြင်းထန်သည့် အငြိုးတရားများနှင့် ပြည့်နှက် သွားသည်။ သူမ၏ မျက်လုံးက ဒေါသများ ပြည့်နှက်နေလေပြီး လက်သည်းများက ဓားမြှောင်များအလား ရှည်ထွက်သွားပြန်သည်။ သူမထံမှ ကျောစိမ့်ဖွယ်ကောင်းသည့် တစ္ဆေတကောင်၏ အရှိန်အဝါက ဖောက်ထွက်လာလျက် လျှောက်လမ်းရှိ နံရံကပ်မီးအိမ်တိုင်းကို တစ်ခုပြီးတစ်ခု ပေါက်ထွက်သွားစေကာ တစ်ခွက်ခွက်အသံများ ပေါ်ထွက်လာစေသည်။ ထိုအသံကို ကြားသောသူတိုင်း နှလုံးသားက ရပ်တန့်သွားနိုင်သည်။


လျှောက်လမ်းတွင် လေပြင်းတိုက်သံများက ထွက်လာသည်။ မရေမတွက်နိုင်သော အရိုးခြောက်ပေါင်းများစွာ မြေပြင်တွင် လျင်မြန်စွာ တွားသွား၍ လာနေသလို ထင်ရသည်။


သို့သော် သိပ်မကြာခင် ယန်ရှစ်ရွှမ်းသည်လည်း ထိုအသံများဟာ မည်သည့်အသံ ဖြစ်ကြောင်း သိလိုက်သည်။


ဒါတွေက အရင်သူလျှောက်လမ်းမှာ ရှိနေတဲ့ အချိန်တုန်းက ပန်းချီကားထဲက ထွက်လာခဲ့တဲ့ မိန်းမအလောင်းတွေနဲ့ တူတယ်။ 


ထိုမိန်းမအလောင်းများသည် ဖော်ပြရန် ခက်ခဲသော မျက်နှာထားများနှင့် အနက်ရောင် ဆံပင်ရှည်များ အုပ်ဆိုင်းလျက် ရှိနေသည်။ ထိုဆံပင်များက ကြမ်းပြင်တွင်ပင် ပုံနေသေး၏။ သူတို့၏ အရိုးဖြူဖြူသာ ပေါ်သည့် လက်ကြီးများက ရန်ငြိုးစွမ်းအားအပြည့်နှင့် မြေပြင်တွင် တစစီရှိနေသည့် သွေးနီရောင်အသားတုံးများထံ လှမ်းလာသည်။ 


မတူညီသော အင်အားစုမှ ခပ်ကြမ်းကြမ်း ဖြတ်တိုက်ရင်ဆိုင်သည့်အခါ မည်သူကမှ တစ်ဖက်သူကို ရုန်းကန်ခွင့် မပေးလိုချေ။


“ချီရွှမ်း”


ချီရွှမ်းက ယန်ရှစ်ရွှမ်းကို ကျော်ဖြတ်သွားသည့်အချိန်တွင် သူမ၏ရှည်လျားသော အနက်ရောင်ဆံပင်များက မြေပြင်တွင် တရွတ်တိုက်ပါသွားသည်။ ထိုအခိုက် သူက သူမ၏လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။


ရည်ရွယ်ချက်ရှိရှိနှင့် ချုပ်ထိန်းထားသော အင်အားနှင့် ယန်စွမ်းအင်များအောက်တွင် ယန်ရှစ်ရွှမ်း၏ ဖမ်းကိုင်မှုကို ခံလိုက်ရသည့် ချီရွှမ်းကမူ မည်သို့မှ သက်ရောက်မှု မခံရချေ။ ဒဏ်ရာလည်း မရသွားပါချေ။ 


ရန်ငြိုးကြီးဝိဉာဉ်တစ်ကောင် ဖြစ်လင့်ကစား ယန်ရှစ်ရွှမ်းက သူမကို နှင်ထုတ်ပြီး အညံ့ခံအောင် သိမ်းသွင်းလိုစိတ် မရှိပါချေ။ ထို့အစား သူသည် အကြီးအကဲ တစ်ယောက်က အပ်နှံထားသည့် ယုံကြည်ရသော မိတ်ဆွေတစ်ယောက်လိုမျိုး ခေါင်းမာနေသည့် အပေါင်းအဖော်ကို ဖြောင်းဖြဟန်ဖြင့် ပြောလိုက်သည်။ 


“မင်းကိုယ်တိုင် ကလဲ့စားချေပြီးပြီဆိုကတည်းက ထွက်သွားရအောင်။ တစ္ဆေတောင်က သေမျိုးလောကမှာ မရှိသလို မြေအောက်လောကမှာ မဟုတ်ဘူး။ နောက်ပြီး ဒီနေရာက ဝိဉာဉ်တွေ လျှောက်သွားနေသင့်တဲ့ နေရာမျိုးမဟုတ်ဘူး။ အချိန်တစ်ခုသာ လုံလောက်‌အောင် ကြာသွားရင် မင်းအနေနဲ့ ကိုယ်ပိုင်နာမည်ကိုတောင် မေ့ပြီး အသိစိတ် ပျောက်နေတဲ့ ရန်ငြိုးကြီး သရဲတစ်ကောင် ဖြစ်လိမ့်မယ်”


“ပိုဆိုးတာက မင်းရဲ့နာနီက မင်းကို ပြန်လည်ဝင်စားစေချင်နေတယ်”


ယန်ရှစ်ရွှမ်းက ရည်ရွယ်ချက်ရှိရှိဖြင့် သူ၏သံလိုက်လို ဆွဲဆောင်မှုပြင်းသည့် အသံကို တိုးဖျော့သော လေသံမျိုးဖြင့် ပြောလိုက်သည်။


ထိုအသံက စိတ်အေးစေသလို တည်ငြိမ်ပြတ်သားမှုလည်း ပါဝင်သေးသည်။ 


ထိုအခိုက်အတန့်တွင် ချီရွှမ်းက နေရာတွင်ပင် ရပ်တန့်သွားပြီး တောင့်ခဲပြီး မှင်သက်သွားလေသည်။ 


******