Ch 34
Viewers 6k

အပိုင်း(၃၄) Part(1)


မှေးမှိန်ပြီး အေးစက်နေသော ဝိုင်သိုလှောင်ခန်းအတွင်းတွင် ရိုက်ကူး‌ရေး အဖွဲ့သားများနှင့် ပါဝင်သူ ဧည့်သည်များ အားလုံးက အချင်းချင်း ပူးကပ်လျက် အတူတကွ ပွေ့ဖက်ထားရင်း တစုတစည်းတည်း ရှိနေကြသည်။ ခေါင်းမာသော ဝန်ထမ်းအဖွဲ့ဝင်အချို့နှင့် ဧည့်သည်များဆိုလျှင် ဆွေးမြေ့နေသော စင်များမှ သစ်သားချောင်းများကို ဆုတ်ဖြဲယူပြီး လက်နက်အဖြစ် အသုံးပြုရန် ကိုင်ထားကြသည်။ ထိုလက်နက်များကို သူတို့၏အရှေ့တွင် ထိုင်ရင်း ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူတို့သည် သွေးသံရဲရဲနှင့် လူသားသဏ္ဍာန် သတ္တဝါများက ခြေတစ်လှမ်းချင်း တိုးလာရင်း နီးကပ်လာသည်နှင့်အမျှ မြေပြင်တွင် သွေးခြေရာ ချန်ထားရစ်ခဲ့သည့် မြင်ကွင်းကိုသာ ကြည့်နေရသည်။ ဖုန်း၏အလင်းရောင်အောက်တွင် ထိုအရာများသည် နီးကပ်သထက် နီးကပ်လာကြသည်။ 


သူတို့သည် သစ်သားတုတ်များကို ရှေ့သို့ ဆက်တိုက်လွှဲယမ်းနေပြီး သူတို့၏ ခွန်အားနှင့် သတ္တိများကို စုစည်းပြီး အသားကုန် အော်ဟစ်ကာ မကောင်းဆိုးဝါးများကို ခြောက်လန့်နိုင်ရန် ကြိုးစားကြသည်။


သို့ရာတွင် သူတို့၏ တုန်ယင်နေသော ခန္ဓာကိုယ်နှင့် ငိုသံတရှုံ့ရှုံ့ပါနေသော အသံများက သူတို့၏ ရက်စက်မှုကို သစ္စာဖောက်နေသည်။ အေးစက်ပြီး ကပ်စေးစေးနိုင်သည့် လက်တစ်ဖက်က ရုတ်တရက် အပြင်ဘက်အစွန်းနားတွင် ရပ်နေသော အမျိုးသားဧည့်သည်တစ်ယောက်၏ ခြေမျက်စိကို လှမ်းကိုင်သည်။


ထိုအခါ ထိုအမျိုးသားဧည့်သည်က တုန်ယင်သွားပြီး တဖြည်းဖြည်းချင်း ခေါင်းကို ငုံ့ကာ ကြည့်လိုက်သည်။


ထိုအခါ ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ဝက်သာ ကျန်သည့် သွေးသံရဲရဲလူသား ပုံသဏ္ဍာန်အရာကြီးက သူ၏တစ်ဝက်သာ ကျန်ရစ်သည့် ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်ကျလျက် ရှိနေသော အူသိမ်အူမများကို တရွတ်တိုက်ဆွဲရင်း လာနေကြောင်း တွေ့လိုက်ရသည်။ သူ၏ အပေါ်သို့ လန်တက်နေသာ မျက်နှာကြီးက တဖြည်းဖြည်းချင်း တွန့်သွားရင်း သွေးသံရဲရဲနှင့် သူ့ကိုယ်သူ လတ်ဆတ်လောက်မည့်ဟု ထင်ရသည့် အပြုံးမျိုးကို ပြုံးပြသည်။ သူ၏အသံကြီးက ဩရှပြီး စူးရှလွန်းနေသည်။


“ငါ့ရဲ့အသားနဲ့ သွေးလေးစားသောက်ပေးပါ။ ဒါဆိုရင် ငါက ငါက မင်းရဲ့အရေခွံကို ရတော့မှာ။ ငါ ဒါကို တအားကြိုက်တယ်”


ထိုအမျိုးသားဧည့်သည်က ကြောက်လန့်တကြား မျက်လုံးပြူးသွားသည်။ ထို့နောက် လက်ထဲမှ သစ်သားတုတ်ဖြင့် ထိုသတ္တဝါရှိသော မြေပြင်ပေါ်သို့ ခပ်ကြမ်းကြမ်း ရိုက်ချလိုက်သည်။


“အား”


ရုတ်တရက် စူးရှပြီး ကြောက်စရာကောင်းလွန်းသော အော်သံက အထိတ်တလန့် ဖြစ်ပြီး ကြောက်လန့်နေခဲ့သော လူတိုင်းကို ပို၍ပင် ဝရုန်းသုန်းကား ဖြစ်သွားစေသည်။ သူတို့သည် မကောင်းဆိုးဝါးများ လာသည့် အမှောင်ထုအတွင်းရှိ နံရံကို အတည်တကျ မမြင်နိုင်ချေ။ သူ၏နဂိုက တောင့်ထားရုံမျှသာရှိသည့် စိတ်ပိုင်းဆိုင်ရာ ခုခံမှူကလည်း ချက်ချင်းလိုလို ပြိုကျသွားသည်။ 


ထိုသို့ဖြင့် ကျန်းဝူပင်း၏ ဩရှပြီး သည်းမခံနိုင်အောင် ကျယ်လောင်လွန်းသည့် အော်သံကို မလိုအပ်တော့ပဲ သူတို့ကသာ ထွက်ပြေး လွတ်မြောင်အောင် ကြိုးစားလိုသည့်အလား လှေကားထစ်များ ရှိရာဘက်သို့ အရူးအမူးသွား အော်ဟစ်ကြသည်။ သို့ရာတွင် သူတို့က လှေကားထစ်များပေါ် ခြေလှမ်းတက်မိရုံသာ ရှိသေးသည်။ သွေးများစိုရွှဲနေပြီး အေးစက်နေသော လက်တစ်ဖက်က သူတို့၏ ခြေမျက်စိများကို လာဆွဲပြီး သွေးသံရဲရဲ လူသားပုံသဏ္ဍာန်အနှံ့ ရှိနေသော နေရာဘက်သို့ ဆွဲချလေသည်။


သူတို့သည် အသားကုန် ရုန်းကုန်ကြသည်။ သို့သော် သူတို့ပေါ် တစ်ကောင်ပြီးတစ်ကောင် ခုန်အုပ်လာသည့် မကောင်းဆိုးဝါးများကို လွှမ်းမိုးနိုင်စွမ်းအား မရှိဘဲ တဖြည်းဖြည်းချင်း မကောင်းဆိုးဝါးအပုံထဲသို့ ဆွဲချခံရသည်။ 


သွေးနီရဲရဲပင်လယ်အတွင်းတွင် ကူကယ်ရာမဲ့ပြီး ကြောက်လန့်နေသော မျက်လုံးတစ်စုံကိုသာ မြင်ရလေသည်။ သို့သော် ကျန်းဝူပင်းနှင့်အတူ ရပ်နေသောသူကလည်း အခြေအနေမကောင်းပါချေ။ ထူးခြားသော ဖွဲ့စည်း တည်ဆောက်မှုကို ပိုင်ဆိုင်ထားသောသူဖြစ်သည့် ကျန်းဝူပင်းသည် ယန်ရှစ်ရွှမ်းနှင့် မတူညီစွာပင် တစ်ဖက်သူကဲ့သို့ သရဲများကို ဖမ်းဆီးပြီး မိစ္ဆာဝိဉာဉ်များကို နှိမ်နှင်းနိုင်စွမ်း မရှိချေ။ သူသည် သရဲပေါင်းများစွာ ကူးခတ်သလိုမျိုး အသည်းအသန် ဝင်ရောက်လာသော အခိုက်အတန့်မျိုးတွင် ကိုယ့်ကိုယ်ကို မကယ်တင်ချေ။ မည်သူ့ကိုမှ မကာကွယ်နိုင်ချေ။


လူအများက မကောင်းဆိုးဝါးများ၏ အဖမ်းအဆီးခံနေရပြီး အမှောင်ထုထဲသို့ ဆက်တိုက်ဆွဲသွင်းခံရသည်။


သူတို့က မည်သို့ပင် ကယ်ဆယ်ရန် ကြိုးစားစေကာမူ အသုံးမဝင်ချေ။ ထို့ကြောင့် ရင်းနှီးကျွမ်းဝင်သော အ‌ပေါင်းအဖော်များ၏ မျက်နှာပေါ်မှ ကြောက်လန့်မှုအပြည့်နှင့် သွေးသံရဲရဲ အကောင်များအတွင်းသို့ ဆွဲသွင်းခံရသည့် မြင်ကွင်းကိုသာ စောင့်ကြည့် နေရသည်။


“ဒါရိုက်တာ ဒါရိုက်တာ ဖြေရှင်းချက် မြန်မြန်‌ပေးပါ”


အန်းနန်ယွမ်က ပိုင်ရွှမ်းကို အနောက်တွင် ကာထားပေးပြီး သစ်သားတုတ် တစ်ချောင်းဖြင့် ရောက်လာသည့် မကောင်းဆိုးဝါးတိုင်းကို ရိုက်ချနေသည်။ ထို့နောက် ကျန်းဝူပင်းကို လှမ်းအော်သည်။


“ခင်ဗျား ယန်ကောကို သိတာကြာပြီ မဟုတ်ဘူးလား။ သူ့ဆီကနေ တစ်ခုခုများ မသင်ထားဘူးလား”


ကျန်းဝူပင်းက ပါပီလေးတစ်ကောင်ကဲ့သို့ ငိုနေလေသည်။ ထိုကဲ့သို့သော အခြအနေမျိုးတွင် အနားမှလူများကို ကယ်ခိုင်းလာသောအခါ သူက ပင့်သက်ရှိုက်ရင်း ပြောသည်။


“ဒါက ဂေါ်ဖီထုပ်ရွေးသလို လွယ်တယ်များ ထင်နေလား။ ငါက ယန်ကောလို မဟုတ်ဘူး။ ယန်ကောက အရမ်းကို တော်ပြီး အရာအားလုံးကို သိတာ။ ငါက အများဆုံးမှ ယန်ကော သုံးလေ့ရှိတဲ့ စာပိုဒ် နည်းနည်းလောက်ပဲ သိတာ”


ငိုနေရင်းတန်းလန်း ကျန်းဝူပင်းက ရုတ်တရက် ရပ်သွားသည်။


နေပါဦး သူက ယန်ကောလိုမျိုး သရဲဖမ်းနိုင်၊ မိစ္ဆာဝိဉာဉ် နှင်တာတွေမှာ မတော်လောက်ပေမယ့်လည်း ယန်ကောလုပ်တာတွေကို သူ မြင်ဖူးတာပဲ။ တစ်ကြိမ်တောင် မကဘူးလေ။ ဒီတော့ သူ ဆယ်ကြိမ်ကျော်မက အတွေ့အကြုံရှိတယ်။ နောက်ပြီး အချို့ဂါထာတွေကို သုံးတဲ့အခါ ခံစားရတဲ့ ခံစားချက်ကိုတောင် သူ မှတ်မိပါသေးတယ်။


ဟုတ်သားပဲ ယန်ကောက အရင်က သူ့ကို ရုပ်ထုသေးသေးလေးကို အဆောင်အဖြစ် ပေးထားဖူးသလိုပဲ။ လိုရမယ်ရ သူ တစ်ထောင့်တစ်နေရာမှာ တစ်ယောက်တည်း သေနေတာမျိုး မဖြစ်အောင်လို့တဲ့လေ။ 


ကျန်းဝူပင်းက ဘာစကားမှ ဆက်မပြောကြောင်း မြင်သောအခါ အန်းနန်ယွမ်က ထိတ်လန့်သွားပြီး အော်သည်။


“ဒါရိုက်တာ တစ်ခုခုပြောပါဦး”


ကျန်းဝူပင်းက တုန်ယင်နေသည့်လက်ကို ဆန့်ထုတ်ပြီး အိပ်ကပ်ထဲသို့ နှိုက်ကာ ရှာဖွေသည်။ သူက တစ်စုံတစ်ရာကို ရှာဖွေနေပုံပေါ်သည်။


အန်းနန်ယွမ်က စိတ်လွတ်တော့မည် ဖြစ်သည်။


“ဒါရိုက်တာ အရေးကြီးတဲ့အချိန်မှာ ဟိုနှိုက်ဒီနှိုက် လုပ်မနေပါနဲ့။ ဒီအတိုင်းသာ ဆက်လုပ်နေမယ်ဆိုရင် ငါတို့ ဒီနေရာမှာ ပိတ်မိသွားလိမ့်မယ်”


“မဟုတ်ဘူး မဟုတ်ဘူး”


ကျန်းဝူပင်းက ခပ်မြန်မြန် ရှင်းပြသည်။


“ယန်ကောက ငါ့ကို အဆောင်တစ်ခု ပေးဖူးတယ်။ ငါ အဲ့တာလေးကို တုတ်ချောင်းသေးသေးလေး ဖြစ်တဲ့အထိ လိပ်ပြီး ဒီကျောက်စိမ်းလည်ဆွဲထဲမှာ ထိုးထည့်ထားတာ။ ဒါက အပနှင်နိုင်တဲ့ပုံပဲ။ ငါ အဲ့တာကို ရှာနေတာလေ”


အန်းနန်ယွမ်၏ မျက်နှာအမူအယာက တောက်ပသွားသည်။ 


“ဒါဆိုလည်း မြန်မြန်ရှာလေ”


သို့ရာတွင် အခြေအနေက ပိုပြီး အရေးကြီးလေလေ အမှားက ပိုများလေလေ ဖြစ်သည်။


ကျန်းဝူပင်းက မည်သို့ရှာနေစေကာမူ သူ၏လည်ပင်းနားတွင် ဆွဲထားသင့်သည့် ထိုကျောက်စိမ်းလည်ဆွဲလေးကို မတွေ့ရချေ။ သူက အလျင်လိုလွန်းသဖြင့် ချွေးများပင် ပျံလာသည်။


ကျန်းဝူပင်းက တိုက်ခိုက်မှုကို ရပ်တန့်ပြီး မလှုပ်ရှားပဲ ထိုနေရာတွင် ရပ်နေခဲ့သောကြောင့် လူသားပုံသဏ္ဍာန် မကောင်းဆိုးဝါးပေါင်းများစွာက သူ့ကို အာရုံစိုက် သွားကြသည်။


သူတို့က ကျန်းဝူပင်းနှင့် နီးသည်အထိ မြေပြင်တွင် တိတ်တဆိတ်သွားလာပြီး သူ့ကို ခုန်အုပ်ကြသည်။


ကျန်းဝူပင်းက လည်ပင်းမှ ချိန်းကြိုးကို ခပ်မြန်မြန် ဆွဲဖြုတ်လိုက်ပြီး ခေါင်းကို မော့လျက် မျက်လုံးကို ကြောက်လန့်တကြား တင်းတင်း မှိတ်လိုက်သည်။ သူသည် ကြောက်လွန်းသဖြင့် ဘေးဘီကို မကြည့်ချေ။ ထို့နောက် သူ၏မှတ်ဉာဏ်တွင် မှတ်မိသည့် ယန်ကော၏ အပြုအမူအတိုင်း ပြန်လည်တွေးတောပြီး ကျယ်လောင်စွာ အော်လိုက်သည်။


“မဟာ မဟာ မဟာ မဟာ ကြီး ကြီး ကြီးမြတ်တဲ့ အရှင် ရှင်_ _ _ ဗု ဗုဒ္ဓ_ _ _ ဗောဓိဇာပါ_ _ _ ကျေးဇူးပြုပြီး ငါ့ကို ကာကွယ်ပေးပါ အား ဘာတွေလဲ နောက်က ဘာတွေလဲ ငါ မေ့သွားပြီး အား”


အခုလေးတင် အပျော်လွန်သွားသော အန်းနန်ယွမ်က အံ့ဩသွားသည်။


“ဒါရိုက်တာ ဘာလို့ ဒီလောက်တောင် အားကိုးလို့မရတာလဲ။ ဘာလို့ ဒီလောက် အရေးကြီးတာကို မေ့သွားရတာလဲ။ မြန်မြန် မှတ်မိစမ်းပါ မြန်မြန် မှတ်မိအောင် လုပ်စမ်းပါ အား သူတို့က ခုန်အုပ်ကြပြန်ပြီ”


သို့ရာတွင် ကျောက်စိမ်းအဆောင် ပေါ်လာသော တခဏတွင်သာ မကောင်းဆိုးဝါးများက ရပ်သွားသည်။ ကျန်းဝူပင်းက ပါးစပ်ကို ဖွင့်လိုက်ပြီးပြီးချင်း သူတို့၏ အကြောက်တရားက ပျောက်ပြယ်သွားကြပြီး တဖန်ပြန်လည် ခုန်အုပ် လာကြပြန်သည်။


သိပ်မ‌ဝေးသော နေရာတွင် ရပ်နေသည့် ဒါရိုက်တာ၏ လက်ထောက်က ကျန်းဝူပင်း လုပ်ဆောင်မှုကြောင့် အာရုံစိုက် မိသွားသည်။ ထိုမြင်ကွင်းကို မြင်သောအခါ သူက ရယ်သည်။ ထို့နောက် သူ၏ဖြူဖျော့နေပြီး တစ္ဆေတစ်ကောင်လို သွားတစ်စုံက ပေါ်လာသည်။


“နီးလာပြီ နီးလာပြီ”


ထိုသူများအားလုံးကို သူတို့က ဝါးမြိုပြီး ပိုင်ရှင်အသစ် ဖြစ်လာပေလိမ့်မည်။


ထိုသို့ဖြင့် သက်ရှိနှင့် မိစ္ဆာဝိဉာဉ်အကြားမှ အခြေအနေက ပြောင်းပြန် ဖြစ်သွားနိုင်သည်။ မိစ္ဆာဝိဉာဉ်များက သက်ရှိများ၏ နောက်ခံအသစ်နှင့် အ‌ရေခွံများကို ယူပြီး သူတို့၏နေရာဖြစ်သည့် သေမျိုးလောကအတွင်းသို့ ဝင်ရောက်ကာ သူတို့၏ချစ်ရသူများကို အာဟာရအဖြစ် ဝါးမြိုရင်း ဝိဉာဉ်နှင့် နတ်ဘုရားများကို လှည့်စားလျက် ဆက်လက်ပြီး ရှင်သန်နိုင်ပေလိမ့်မည်။ 


သို့သော် ထိုအခိုက်အတန့်တွင် ရုတ်တရက် အဆုံးအစမဲ့အောင် မဲမှောင်နေသည့် အမှောင်ထုအတွင်းမှ တည်ငြိမ်လေးလံကာ နက်ရှိုင်းပြီး သံလိုက်လို ဆွဲအား ပြင်းထန်သည့် အသံတစ်ရပ်က ထွက်ပေါ်လာသည်။


အလွန်အမင်း တည်ငြိမ်သော အရှိန်နူန်းနှင့် ရှင်းလင်းသော စကားများကို ရွှတ်လာသည်။


ထိုအသံက ခေါင်းလောင်းတစ်လုံးလိုမျိုး နက်နဲသည်။ ထို့အပြင် ကြည်လင်ပြတ်သား၏။


“ထိုက် ရှန် လောင် ကျွင်း၊ ဖု ကျိုင် ဝမ် ဖန့်၊ တာအို ဝူ ပု ရင်၊ ရွှမ်း ကျစ် ဇယ် ကျီ”


ကျန်းဝူပင်းနှင့် ရိုက်ကူးရေး အဖွဲ့သားများထံ အပြေးအလွှား ခုန်ဝင်နေသည့် သွေးသံရဲရဲ မကောင်းဆိုးဝါးများ အားလုံးက ရုတ်ချည်း တောင့်ခဲကုန်ကြသည်။ ထို့နောက် ကြောက်လန့်မှုနှင့် တုန်ယင်သွားပြီး မလှူပ်နိုင်သလို ရွေ့နိုင်စွမ်းအားလည်း မရှိတော့ချေ။


“လဲ့ ထင် ဆွေ့ ရှင်း၊ မီ ကျစ် ကျယ်၊ ရှုံး”


ချက်ချင်း ဆိုသလိုပင် ကျန်းဝူပင်း ကိုင်ထားသော ကျောက်စိမ်းအဆောင်လေးက မျက်စိကြိမ်းမတတ် တောက်ပသည့် ရွှေရောင်အလင်းကို လွှတ်ထုတ်လိုက်ပြီး ဝိုင်သိုလှောင်ခန်း တစ်ခုလုံးကို နေ့အလား လင်းထိန်သွားစေသည်။ ထိုသို့ဖြင့် အမှောင်ထုများ အားလုံးကို တိုက်ထုတ်လိုက်သည်။


ကျောက်စိမ်းအဆောင်၏ အပေါက်အတွင်းတွင် ထည့်ထားသော အဝါရောင်အဆောင် စာရွက်အလိပ်လေးက ဆက်တိုက်ဆိုသလို တောက်ပလာလေပြီး တဖြည်းဖြည်းချင်း အဖြူရောင်မီးခိုးများကို လွှတ်ထုတ်လျက် လေထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။ 


အဖြူရောင်မီးခိုးများက စုတ်တံတစ်ခုဖြစ်ပြီး လေထုက စာရွက်တစ်ရွက်လိုမျိုး ဂါထာတစ်ပုဒ်ကို ချောမွေ့စွာဖြင့် ရေးသားရင်း ခမ်းနားထည်ဝါသော စွမ်းအားအပြည့်နှင့်အတူ လေထဲတွင် ပေါ်ထွက်လာလေသည်။ ထိုသို့ဖြင့် အရပ်မျက်နှာအနှံ့ လွှမ်းမိုးလိုက်သည်။


သွေးနီရောင် မကောင်းဆိုးဝါးများက နှလုံးကွဲမတတ် အော်ဟစ်ကြသည်။


သူတို့သည် အတွင်းမှ လောင်မြိုက်ခံရသလိုမျိုး၊ သူတို့၏ ကိုယ်အတွင်းမှ မီးတောက်များက တောက်လောင်လာလေပြီး ကြီးမားသည့် မီးလုံးကြီးအသွင် ပြောင်းသွားသည်။ တောက်ပနေသေးသော်လည်း သူတို့၏ လူသား ကိုယ်ခန္ဓာကိုယ်ပေါ်တွင် ရှိသည့် ကြွက်သားနှင့် သွေးပြန်ကြောတိုင်းကို မြင်နိုင်လေသည်။


အခုလေးတင် ဘေးဘက်မှ အေးစက်စွာ စောင့်ကြည့်နေသော လက်ထောက်ဒါရိုက်တာက တစ်စုံတစ်ရာကို အာရုံခံမိပုံရပြီး ကြောက်လန့်သော အမူအယာမျိုးဖြင့် ပြောင်းလဲသွားသည်။


သူသည် ဝိုင်သိုလှောင်ခန်းအတွင်း ပြည့်နေသည့် မကောင်းဆိုးဝါးများနှင့် မီးပုံးအပုံလိုက်ကို စွန့်လွှတ်လိုက်ပြီး လှေကားပေါ်သို့ တက်ကာ ပြေးလွှတ်ရန် ကြံစည်သည်။


သို့ရာတွင် သူက ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည်။ ဝိုင်သိုလှောင်ခန်း အပါအဝင် စံအိမ်ကြီး တစ်ခုလုံးက ခပ်ကြမ်းကြမ်း လှုပ်ခါလာသည်။ နံရံများက ခရက် ခရက် အသံများက ဆက်တိုက်ထွက်ပေါ်လာသလို ကွဲအက်ရာများက ပျံ့နှံ့သွားသည်မှာ အချိန်မ‌ရွေး ပြိုကျမည့်ပုံ ပေါ်သည်။


နောက်ဆုံးတွင် _ _ _ 


ဘုန်း


နံရံများနှင့် မျက်နှာကျက်များက စတင်ကာ ပြုတ်ကျလာပြီး ကြီးမားသော အတုံးကြီးများက ဝိုင်သိုလှောင်ခန်းအတွင်းရှိ မကောင်းဆိုးဝါးများပေါ် ပိကျသည်။ သို့တိုင်အောင် သူတို့က မျက်လုံးရှိနေသလိုမျိုး ရိုက်ကူးရေးအဖွဲ့သားများနှင့် သက်ရှိလူသားများကို ရှောင်ရှားနေသည်။ 


သို့သော် လူသားပုံသဏ္ဍာန် မကောင်းဆိုးဝါးများနှင့် အသွင်ပြောင်းသွားသော မီးလုံးများကမူ အော်ဟစ်ချိန်ပင် မရလိုက်ပဲ ထိုပြုတ်ကျလာသည့် အရာများကြောင့် သွေးသားတုံးများအဖြစ် ပြောင်းလဲသွားသည်။


ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြိုကျမှု၏ အဆုံးတွင် ဖုန်မှုန့်နှင့် အုတ်ကျိုးအုတ်ပဲ့ အပျက်အစီးများက လေထဲတွင် ပြည့်နှက်နေသည်။


ထိုအခိုက် ရှည်လျား ဖြောင့်သွယ်သော အနက်ရောင်မာတင် ဘွတ်ဖိနပ်တစ်စုံ ဝတ်ထားသည့် ခြေထောက်တစ်စုံက ကျောက်စရစ်ခဲများ၊ အုတ်ကျိုးအုတ်ပဲ့များ၊ အပျက်အစီးများ၊ ဖုန်မှုန့်များ ပြည့်နှက်နေသာ နေရာကို ကျော်ဖြတ်ပြီး တည်ငြိမ်သော ခြေလှမ်းများနှင့်အတူ အပြင်ဘက်နံရံမှတဆင့် ဝိုင်သိုလှောင်ခန်းအတွင်းသို့ ဆင်းလာသည်။


ခြေထောက်တစ်စုံက အပြေးအလွှား ဖြစ်နေသည့် လက်ထောက်ဒါရိုက်တာကို တစ်ချက် ကန်ထုတ် လိုက်သည်။ ထို့နောက် ပြန်တက်နင်း လိုက်၏။


ခိုင်မာသော ခြေလှမ်းအောက်တွင် ယန်ရှစ်ရွှမ်းသည် သွေးသံရဲရဲ ကိုယ်ခန္ဓာကြီးကို ခပ်အေးအေး ခွဲခြေ လိုက်နိုင်သည်။ လူသားအရေခွံကြီးက စုတ်ပြဲသွားပြီး ကွာကျသွားသောအခါ လက်ထောက်ဒါရိုက်တာ၏ အော်သံက ကပ်ပါလာသည်။


“တိတ်စမ်း မင်းရဲ့အသံက ကြိုးပျက်နေတဲ့ ကုန်းအသံလိုပဲ သည်းမခံနိုင်စရာပဲ”


စိတ်မရှည်ဖြစ်နေသည့် ယန်ရှစ်ရွှမ်းက ခြေထောက်ကို မြှောက်ပြီး ထိုလူ၏ခေါင်းပေါ် ခပ်ကြမ်းကြမ်း ဖိနင်းလိုက်ကာ ဦးခေါင်းခွံကို မြေပြင်နှင့် ရိုက်မိသွားပြီး ခွပ်ကနဲ အသံကို ထွက်လာစေသည်။ 


အော်သံများအားလုံးက ချက်ချင်း တိတ်ကျသွားသည်။ ယန်ရှစ်ရွှမ်း၏ မာတင်ဖိနပ်အောက်တွင် ယခုလေးတင် သူတို့အဖမ်းခံခဲ့ရသည့် သက်ရှိ လူသားများအလား တုန်ယင် နေရလေသည်။ သူသည် ကြောက်လန့်နေရသလို စိတ်ပျက်အားငယ် သွားရသည်။


သွေးသံရဲရဲ မကောင်းဆိုးဝါးများ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည့် သက်ရှိလူသားများအလား ထိုသွေးသံရဲရဲအကောင်မျာက တဖန်ပြန်လည်ပြီး ကြောက်လန့်ကာ စိတ်ပျက်အားငယ် သွားရပြန်သည်။


သို့ရာတွင် စားပွဲက ပြောင်းပြန်လှန် သွားလေပြီ။


ယခုအခါ လူသားများက လွှမ်းမိုးနိုင်သည့် အနေအထားမျိုးတွင် ဖြစ်ပြီး အရာအားလုံးကို အထင်သေး သွားသည်။


မိစ္ဆာဝိဉာဉ်များကမူ ဖိနပ်အောက်တွင် တုန်ယင်နေပြီး စကားပြောရန်ပင် ခြောက်ခြား နေကြသည်။ 


ယန်ရှစ်ရွှမ်းက ဝိုင်သိုလှောင်ခန်း တစ်ခန်းလုံးကို ကြည့်လိုက်သည်။ ထို့နောက် ရှိနေသော သူများ၏ ပုံပန်းပန်းပျက် အနေအထားမျိုးကို ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ မေးလိုက်သည်။


“စံအိမ်က ပြိုကျနေတာကို မမြင်ဘူးလား။ ဒီမှာပဲ ဒီအရာတွေနဲ့အတူ အမြှပ်ခံချင်လို့လား”


အခုလေးတင် သေဘေးမှ လွတ်မြောက်ခဲ့သော ရိုက်ကူးရေးအဖွဲ့သားများက မမျှော်လင့်ထားသော အဖြစ်အပျက်များကြောင့် အံ့အားသင့်နေချိန် ဖြစ်၏။ ထိုအခါမှသာ သူတို့က အသိ ပြန်ဝင် သွားကြသည်။ 


ကျန်းဝူပင်း၊ အန်းနန်ယွမ်နှင့် အခြားသောသူများက ရင်းနှီးကျွမ်းဝင်သော အသံကို ကြားသောအခါ အသံလာရဘက်သို့ မော့ကြည့်လိုက်ကြပြီး လှေကားပေါ်တွင် ရပ်နေသော ယန်ရှစ်ရွှမ်းကို မြင်လိုက်ကြရသည်။ 


အလင်းက ဖုန်များအားလုံးကို ထိုး‌ဖောက်ပြီး ယန်ရှစ်ရွှမ်းရှိရာ ဘက်သို့ ရောက်သွားသည်။


ထိုနေရာတွင် ရပ်နေသည့် အရပ်ရှည်ရှည်နှင့် ခပ်ချောချော လူငယ်လေးက ဒီအတိုင်း အသာအယာ ရပ်နေရုံနှင့်တင် သွေးနီရောင် မကောင်းဆိုးဝါးများက တစ်ကောင်ပြီး တစ်ကောင် သေဆုံးရသည်။ သူ၏မျက်နှာတွင် လှောင်ပြုံးက ရှိနေသေး၏။ သူက မောက်မာထောင်လွှားပြီး ချုပ်ထိန်းရန် ခက်ခဲလွန်းသော အရှိန်အဝါမျိုးကို လွှတ်ထုတ် နေသေးသည့်တိုင်အောင် ဒီနေရာရှိလူတိုင်းကို စိတ်အေးစေသည့် အင်အားကြီးမားသော အားတစ်ရပ်ကို သယ်ဆောင် ထား‌သေးသည်။ 


ထိုအခိုက်အတန့်တွင် ကျန်းဝူပင်း၏နှာခေါင်းက ယားယံလာသည်။ သူက ငိုလေသည်။


“ယန်ကော ဝူးဝူး နောက်ဆုံးတော့ ရောက်လာပြီလား။ သူတို့က ငါ့ကို အနိုင်ကျင့်ကြတယ်”


ကျန်းဝူပင်းက မျက်ရည်များ၊ နှုပ်ချေးများ ပြည့်နှက်နေရင်း အော်ငိုနေသည်။ ထို့နောက် သူ၏လက်မောင်းကို ဖြန့်ရင်း ယန်ရှစ်ရွှမ်းထံ အပြေးအလွှားသွားကာ ဖက်ချင်ပုံ ပေါ်သည်။ သို့ရာတွင် ယန်ရှစ်ရွှမ်းကမူ လျင်မြန်စွာနှင့် အထင်တသေး ရှောင်လိုက်သည်။


“ကျန်းဝူပင်း မင်းရဲ့မျက်နှာကို အရင်သုတ်စမ်း ရွံစရာကောင်းလိုက်တာ အား”


ယန်ရှစ်ရွှမ်းနှင့် ကျန်းဝူပင်းအကြားမှ ဆက်ဆံရေးက သာမာန်ဆန်လွန်းသဖြင့် နေ့စဉ်ဘဝတွင် အတူတကွ တည်ရှိနေသော ရင်းနှီးကျွမ်းဝင်သူများအကြားမှ ဆက်ဆံရေးကိုပင် ကိုယ်စားပြု နိုင်သည်။ ထိုသို့ဖြင့် ယခုလေးတင် ခံစားခဲ့ရသည့် အံ့အားသင့်မှု၊ ထိတ်လန့်မှုအားလုံးက သူတို့၏ ယခင်ကြောက်လန့်စိတ်နှင့် ခြောက်ခြားစိတ်များအားလုံးကို ကျော်လွန်သွားစေသည်။ စိတ်ငြိမ် သွားစေသည်။ ပိုင်ရွှမ်းက စိတ်လှုပ်ရှားသဖြင့် မျက်လုံးများကပင် နီသွားသည်။


“ငါတို့ ကယ်တင်ခံရပြီ ငါတို့ ကယ်တင်ခံရပြီ”

ယန်ရှစ်ရွှမ်းက မိစ္ဆာဝိဉာဉ်ကောင်၏ လည်ပင်းကို အသာအယာ ပင့်မလိုက်ပြီး နောက်ပြန်လှည့်မကြည့်ပဲ အပေါ်သို့ ပြေးတက် သွားလိုက်သည်။


“မင်းတို့အားလုံး သရဲတွေနဲ့ အမြှပ်ခံချင်တဲ့ ဝါသနာ ရှိနေမယ်လို့ မထင်ထားဘူး။ ကောင်းပြီလေ။ မင်းတို့ဘာသာ ဆော့နေတော့။ ငါကတော့ အဖော်မပြုပေးနိုင်ဘူး”


“ကျွတ်စ် မင်းတို့အသိုင်းအဝိုင်းက သဘောကျစိတ်က တော်တော်လေး ထူးဆန်းတာပဲ”


ထိုအခါမှသာ လူတိုင်းက အသိပြန်ဝင်သွားကြသည်။ သူတို့က ယန်ရှစ်ရွှမ်း၏ အနောက်မှ အသည်းအသန် လိုက်ပြီး လှေကားပေါ်သို့ တက်သည်။ သတိလစ်နေသော သူများကိုလည်း အခြားသောသူများက သယ်သွားကြသည်။


ဘုန်း


ခရက်


နောက်ဆုံးတစ်ယောက်က ဝိုင်သိုလှောင်ခန်းအတွင်းမှ ထွက်လိုက်ပြီးချိန်တွင် ဝိုင်သိုလှောင်ခန်း တစ်ခုလုံးက ကျယ်လောင်သော အသံနှင့်အတူ ပြိုကျသွားပြီး ဖုန်များ အလုံးလိုက် လိမ့်တက်လာသည်။


လူအများစုကမူ ကြောက်လန့်လွန်းသဖြင့် ခြေထောက်များကပင် ပျော့ခွေသွားကြသည်။ သူတို့သည် သေဘေးမှ ကပ်သီးလေး လွတ်မြောက်ခဲ့သည်။ ထို့နောက် ရုတ်တရက် သူတို့၏ ခွန်အားတိုင်းက ဆုံးရှုံးသွားသလိုမျိုး ဧည့်ခန်းရှိ ကြမ်းပြင်ပေါ်တွင်သာ ငေးငိုင်ပြီး ထိုင်နေကြသည်။ 


သို့ရာတွင် အန်းနန်ယွမ်ကမူ အမြင်စူးရှသည်။ ထို့ကြောင့် သူတို့ ဝိုင်ခန်းထဲသို့ ဝင်ရောက်ပြီးချိန်ကတည်းက စံအိမ်၏အနေအထားက ပြောင်းလဲသွားကြောင်း တွေ့လိုက်သည်။ အနီရောင်နှင့် အဖြူရောင် အားလုံးက ပျောက်ကွယ်သွားပြီး ခေတ်သစ်ပြင်ဆင်မှုများ အားလုံးကလည်း ပျောက်ကွယ်နေသည်။ 


ယခု စံအိမ်ကြီးက လွန်ခဲ့သော နှစ်တစ်ရာခန့်က မူရင်းပုံစံအသွင် ပြောင်းသွားပြီ ဖြစ်ပြီး အတိတ်မှ အဆင့်အတန်းမြင့်မှု၊ ခမ်းနားထည်ဝါမှုများက ပြန်ပေါ်လာသည်။ 


ဆိုဖာ၏အရှေ့တွင် အမျိုးသမီးတစ်ယောက်၏ အဖြူရောင်ပုံရိပ်ကို မြင်နိုင်သည်။ သူမက ရိုက်ကူးရေး အဖွဲ့သားများ၏ ကျောပြင်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။


အန်းနန်ယွမ်၏ မျက်လုံးပြူးကျယ်သွားသည်။


“ဘုရားရေ သရဲ ယန်ကော ယန်ကော ဒီမှာသရဲရှိတယ် ကယ်ပါ”


ယခုလေးတင် စိတ်အေးသွားသော ရိုက်ကူးအဖွဲ့သားများက ခပ်မြန်မြန် လှည့်ကြည့် လိုက်သောအခါ သူတို့အနောက်ဘက်တွင် ရပ်နေသည့် တစ္ဆေတစ်ကောင်လို ပုံရိပ်ကြောင့် ကြောက်လန့်သွားကြသည်။


“သေစမ်း”


သို့ရာတွင် ထိုအဖြူရောင်ပုံရိပ်ကမူ လူတိုင်း မျှော်လင့်ထားသော ကြောက်မက်ဖွယ်ကောင်း ပုံစံမျိုးဖြင့် အလျင်စလို ပြေးထွက်သွားခြင်း မရှိချေ။ ထို့အစား သူမက ရှေ့တက်လာရန် မနည်းသတ္တိ မွေးထားရသော်လည်း လူအများ၏ တုန့်ပြန်မှုကြောင့် ကြောင်အ သွားပုံရသည့် ကြောက်လန့်တကြား ဖြစ်နေသည့် အသွင်အပြင်လေး ဖြစ်သွားသည်။ သူမက ချက်ချင်းဆိုသလို နောက်ဆုတ်ပြီး လုံခြုံသည့်နေရာသို့ ပြန်ချင်ပုံ ရသည်။ သူမက မည်သို့ဆက်လုပ်ရမည်မသိပဲ ထိုနေရာတွင်သာ ကြောင်တောင်တောင် ရပ်နေသည်။


လူများအကြားမှ ယန်ရှစ်ရွှမ်းကသာ အတည်ငြိမ်ဆုံး ဖြစ်သည်။ 


“ငါ မင်းတို့ကို မိတ်ဆက်ပေးမယ်။ ဒါက ဒီစံအိမ်ရဲ့ သခင်မ ချီရွှမ်းတဲ့”


******


အပိုင်း(၃၄) part (2)


 သိသာထင်ရှားလွန်းသော ပုံစံမျိုးဖြင့် မိတ်ဆက်ပေးပြီးနောက် ယန်ရှစ်ရွှမ်းကို ပြန်ကြည့်ပြီး ရှင်းပြသည်။


“မကြောက်နဲ့ သူတို့က မင်းကို သဘောကျလို့သာ ဒီလို အော်ဟစ်ပြီး ပြောကြတာ။ အခု ခေတ်သစ်က လူတွေက သူတို့ရဲ့ သဘောကျစိတ်ကို ဒီလိုပဲ ဖော်ပြကြတယ်။ မင်း အခုခေတ်သစ်က ဖျော်ဖြေပွဲမျိုးတွေကိုသာ သွားကြည့်မယ်ဆိုရင် မင်း အရင်သုံးနေကျ ကန်တိုးနစ် အော်ပရာတွေက ပြဇာတ်ရုံတွေလိုမျိုး အခြေအနေမျိုးဆိုတာကို မင်း နားလည်လိမ့်မယ်”


ယန်ရှစ်ရွှမ်း “စင်အောက်ဘက် ပွဲကြည့်စင်ထဲဘက်က ပရိတ်သတ်တွေက ကျိန်ဆဲတာမှုမျိုးတွေ၊ ခပ်ကျယ်ကျယ် အော်တာမျိုးတွေ၊ အကူအညီ တောင်းတာမျိုးတွေတောင် ရှိတယ်။ ဒါပေမယ့် ဒါက ဒီအတိုင်း သူတို့ချစ်တာကို ဖော်ပြကြတာပဲ။ သူတို့ အခု ဘာအော်သွားသလဲ ဆိုတာကို ငါ ဘာသာ ပြန်ပေးရမလား။ သူတို့က မင်းကို တကယ်သဘောကျနေတာလို့ ဆိုလိုတာ”


ယခုလေးတင် လူတိုင်းက သူမကို တိုက်ခိုက်တော့မည်ဟု ထင်လိုက်သဖြင့် ဓားပြများ၏ တစ်စိတ်တစ်ပိုင်းလောဟု တွေးလိုက်မိသည့် အခိုက်အတန့်တွင်ပင် ယန်ရှစ်ရွှမ်းက ထိုလူများနှင့် တဖွဲ့တည်း ဖြစ်နေသောကြောင့် ဓားပြများ မဟုတ်လောက်ဟု ပြန်တွေးမိပြီး လွန်ဆွဲနေသည့် အခိုက်အတန့်မျိုး ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ယန်ရှစ်ရွှမ်းက ထိုသို့ ရှင်းပြလာသည်။


အန်းနန်ယွမ် _ _ _ ငါ ဒါမျိုး မကြားဖူးသလိုပဲ။ 


လူတိုင်း “???”


“သရဲဟုတ်လား”


တိတိကျကျ ဘာသာပြန်ရရင် _ _ _ သရဲတစ်ကောင်လို


ချီရွှမ်းက စတုတ္ထမြောက်သို့ ပြန်လည်ဆုတ်ခွာရန် ကြံစည်နေသောအချိန်မှသာ ထိုစကားကို ကြားလိုက်ရပြီး စိတ်ပြန် ငြိမ်သွားသည်။ သူမက သိချင်စိတ်များစွာနှင့် အံ့အားတကြီး မေးလာသည်။


“တကယ်လား”


နှစ်တစ်ရာကြာပြီးတဲ့နောက်မှာ ထူးဆန်းတဲ့လောက ဖြစ်လာတယ်။ ငါတောင်မှ ဒီလိုမျိုး မတွေးထားမိဘူး။ 


ချီရွှမ်းက ပြောသည်။ သူမ၏ လှပသော မျက်နှာတွင် မနာလိုစိတ်က ရှိနေသည်။


“ဒါပေမယ့် တကယ် ကောင်းတာပဲ။ နင်တို့တွေ ဒီလူတွေအခြားလူတွေရဲ့ ထင်မြင်သုံးသပ်ချက်ကို စိုးရိမ်စရာမလိုပဲ ကိုယ်ချစ်ကြောင်း ဖော်ပြနိုင်တာပေါ့”


“မင်း တကယ် သဘောကျလား”


ယန်ရှစ်ရွှမ်းက မေးသည်။


“မင်းလည်း ဒီလိုမျိုး လွပ်လပ်ခွင့်ရနိုင်သလို ဒီလိုမျိုးတွေ ရနိုင်တယ်။ ဒီအတိုင်း မင်းက နည်းနည်းလေးသာ ခေါင်းမာပြီး ရှေ့ကို တစ်လှမ်း‌လောက်ပဲ ထပ်လှမ်းဖို့လိုအပ်တာ”


ချီရွှမ်းက ခါးသီးစွာ ပြုံးပြီး ဖီးနစ်လို မျက်လုံးကို မျက်လွှာချလိုက်သည်။


“လူကြီးမင်းယန် နင် နောက်နေပြန်ပါပြီ။ ငါ့လိုလူမျိုးက_ _ _”


“ငါ့လိုလူမျိုးက _ _ _ ဒီလောက်သွေးတွေ အများကြီးစွန်းနေတာ။ နောက်ဘဝရဖို့တောင် မတန်ပါဘူး”


ယခုလေးတင် ချီရွှမ်း၏ ဒေါသထွက်နေသည့် အချိန်ကာလ အတောအတွင်း ယန်ရှစ်ရွှမ်းက သူမကို ကလဲ့စားချေချင်စိတ် မရှိတော့အောင်၊ ကိုယ့်အတွက်ကို တွေးအောင် ဖြောင်းဖြ နိုင်ခဲ့သည်။ 


ယန်ရှစ်ရွှမ်း ဖော်ပြခဲ့သော မြင်ကွင်းကလည်း သူမ၏ တစ္ဆေနှလုံးသားကို ထိတွေ့နိုင်ခဲ့သည်။ သို့မဟုတ် သူ၏အရိုးသားဆုံး မျက်နှာထားကြောင့်လည်း ဖြစ်နိုင်သည်။ ပုံမှန်မဟုတ်သည့် ခံစားချက်တိုင်းကို ဆန့်ကျင်ပြီး ဒေါသထွက်နေသည့် ရန်ငြိုးကြီးဝိဉာဉ်ကို ဖြောင်းဖြနိုင်ခဲ့သည်။


ယန်ရှစ်ရွှမ်းက ပြင်းပြင်းထန်ထန် လှုံ့ဆော်ခံရပြီးသည်နှင့်အမျှ ယန်ရှစ်ရွှမ်းသည် သူ၏လက်ချောင်းများဖြင့် မိုးကြိုးချိတ်စည်းငါးခု ဖွဲ့စည်းရင်း အခွင့်အရေး ရသည်နှင့် ထွက်ပြေးရန် ကြိုးစားနေသော ကျိုးချီ၏ တကွဲတပြားစီ ရှိနေသော အစိတ်အပိုင်းတိုင်းကို ပစ်ခတ်ခဲ့ကြောင်း တွေးလိုက်သည်။


ထို့နောက် ဖျော့တော့ မှတ်ဉာဏ်လောက က ထိုခက်ခဲမှုဒဏ်ကို မခံနိုင်တော့သဖြင့် ယန်ရှစ်ရွှမ်းက ချုပ်ထိန်းမှုမရှိဘဲ လုပ်ဆောင်လိုက်သည်နှင့်အမျှ သူ၏ကိုယ်ပိုင် ကြီးမြတ်သည့် လှုပ်ရှားမှုကို ထုတ်ဖော်ခဲ့သည်။ ထို့အပြင် ဒီအခြေအနေနှင့် အသင့်လျော်ဆုံး လှုပ်ရှားခဲ့ခြင်းလည်း ဖြစ်သည်။ ရလဒ်က သိသာထင်ရှားလေသည်။ 


ချီရွှမ်းကလည်း ကျိုးချီက သူမ၏အရှေ့တွင် သုတ်သင်ခံခဲ့ရသော မြင်ကွင်းကို တအံ့တဩ မြင်ခဲ့ရသည်။ သူ၏ဝိဉာဉ်က မြေအောက်လောက၏ အဆုံးအဖြတ် စီရင်သော နေရာသို့ အပို့ခံလိုက်ရပြီး မိုးကြိုး၏ တံဆိပ်က အမှတ်အသား ပြုထားသောကြောင့် ပြန်လည်မွေးဖွားခွင့် ရှိလိမ့်မည် မဟုတ်ချေ။


ထိုအခိုက်အတန့်တွင် ချီရွှမ်း၏ နှလုံသားထဲမှ နှစ်တစ်ရာလုံးလုံး တည်ရှိခဲ့သည့် မုန်းတီးမှုများအားလုံးက ရုတ်တရက် ပျောက်ပြယ် သွားသည်။


သူမသည် ကျေးဇူးတင်စိတ် အပြည့်နှင့် ယန်ရှစ်ရွှမ်းကို ကြည့်မိသည်။ သူမကဲ့သို့ ရန်ငြိုးကြီး ဝိဉာဉ်တစ်ကောင်က သူ၏တောင်းဆိုမှုကို သဘောတူခဲ့ပြီး သူမ၏မုန်းတီးမှုများကို လွှတ်ပေးလျက် အမှောင်လောကမှ လာသည့် မြေအောက်သတင်းပို့သူ နောက်သို့ လိုက်ပြီး ရန်ငြိုးကြီးဝိဉာဉ်တစ်ကောင် ဖြစ်လာရသည့်အတွက် အပြစ်ဒဏ်ကို ပြန်လည်ခံယူမည် ဖြစ်သည်။ ထို့နောက်‌ နှစ်ရာပေါင်းများစွာ ကြာပြီးနောက် ပြန်လည်မွေးဖွားရန် အခွင့်အရေး ရမည်ဖြစ်သည်။


ချီရွှမ်း၏ အယူသီးစိတ်နှင့် မုန်းတီးမှုများက ပျောက်ပျက်သွားသည်နှင့်အမျှ နှစ်တစ်ရာလုံးလုံး သူမကိုယ်ကို ပိတ်လှောင်ရန် ဖန်တီးထားသော စတုတ္ထထပ် ပြိုလဲကျသွားသည်။ စံအိမ်နှင့် တစ္ဆေတောင်က ခပ်ကြမ်းကြမ်း လှုပ်ခါလာပြီး မြေငလျင်တစ်ခု၏ ဒဏ်ကို ခံစားရလေသည်။


အခြားတစ်ဖက်တွင် ကျိုးချီ၏ ဝိဉာဉ်နှင့် ဆက်စပ်မှုရှိနေသော ဓားပြများ အားလုံးကလည်း ကြီးလေးသည့် အပြစ်ဒဏ်ကို ခံရသည်။ သူတို့သည်လည်း လေထဲသို့‌ ရောက်ကာ ပျောက်ကွယ်သွားကြသည်။ အနီရောင်သွေး စွန်းထင်းနေသော သွေးနီရောင် နှင်းဆီးပန်း ချည်ဖောင်ပေါ်မှ သွေးအစွန်းအစက်များသည်လည်း လျော့ပါး ပျောက်ကွယ်သွားသည်။


ချီရွှမ်းသည် တစ်ဖန်ထပ်ပြီး လွန်ခဲ့သောနှစ်တစ်ရာခန့်က နူးညံ့သိမ်မွေ့ကာ မှင်သက်ဖွယ်ကောင်းသည့် သခင်မလေး ပြန်ဖြစ်သွားသည်။ ထို့အပြင် သူမ၏လည်ပင်းတွင် ပုလဲလည်ဆွဲလေးများ ရှိသလို ရွှေရောင်ဆံထိုးလေးကိုလည်း ပန်ထားသည်။ သူမ၏ လှိုင်းလို ကွေးကောက်နေသော ဆံပင်များက ကျော့ရှင်းကြည့်ကောင်းစွာနှင့် ဂါဝန်၏ အနောက်ဘက်တွင် ကျနေပြီး လက်ချလိုက်ချိန်တိုင်း ညင်သာစွာ လွှဲယမ်းလျက် ရှိသည်။ 


နှစ်တစ်ရာကြာပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် ချီရွှမ်းသည် စတုတ္ထထပ်မှဆင်းပြီး ဧည့်ခန်းထဲတွင် ရပ်ရန်အတွက် သတ္တိမွေးခဲ့ရသည်။ သူမသည် ဓားပြများဟု အထင်မှတ်မှားခဲ့သည့် ရိုက်ကူးရေး အဖွဲ့သားများကို စိုးရိမ်တကြီး စောင့်နေခဲ့ရခြင်း ဖြစ်သည်။ သို့ရာတွင် သူတို့ကို တွေ့သောအခါ သူမ တဖန်ထပ်ပြီး ကြောက်ပြန်သည်။


သူမ ယခုလေးတင် စုစည်းထားသော သတ္တိများက နေရောင်အောက်မှ ဖှုန်များလို လွှင့်ပြယ် သွားသည်။


“မင်းလိုမျိုး ခက်ခဲမှုတွေ ကြုံဆုံခဲ့ရပြီး သေဆုံးပြီးတဲ့နောက်မှာတောင် ခက်ခဲနေခဲ့ရသေးတဲ့ တစ်စုံတစ်ယောက် အနေနဲ့ ကြင်နာတတ်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားနိုင်တာက နောက်ဘဝအတွက် အခွင့်အရေး အမှန်တကယ် ရသင့်တဲ့ လူမျိုးပါပဲ”


ယန်ရှစ်ရွှမ်းက ချီရွှမ်း၏ အတွေးများကို သိသလိုမျိုး သူမ၏မပြီးပြတ်သေးသော စကားများကို ထုတ်ပြောပေးသည်။ သူ၏စကားလုံးများက တည်ငြိမ်သည်။ ချီရွှမ်းက အံ့အားတကြီး ခေါင်းမော့လိုက်မိသည်။


_ _ _ 


တစ္ဆေတောင်အတွင်းတွင် အတန်းလိုက် တည်ရှိနေသော မိုးထိုးနေသည့် ကျိုင်းကောင်သစ်ပင်များက နေရောင်ကိုပင် ပိတ်ထားလေရာ ညအလား မှောင်မဲနေစေလေသည်။


ယခုတလော မြေငလျင် ဆက်တိုက်လှုပ်ခဲ့သော ဖြစ်ရပ်များကြောင့် တောင်တစ်ခုလုံး၏ မြေဆီလွှာများ၊ ကျောက်သားများက ပြိုကျကုန်ပြီး ဝရုန်းသုန်းကား အခြေအနေက နိုးထလာသလို ဖြစ်သွားသည်။ ထိုသို့ဖြင့် ညိုးနွမ်းနေပြီးသား ကျိုင်းကောင် သစ်ပင်ပေါင်များစွာ ကျိုးပြတ်လျက် ပြိုကျကုန်လေပြီး တောင်အောက်သို့ ဆင်းသည့် ကျဉ်းမြောင်းသည့်လမ်းကို ပိတ်လိုက်သည်။ 


တာအိုဘုန်းတော်ကြီးကိုလည်း မတွေ့ရလေရာ ကျန်သော တာအိုဘုန်းတော်ကြီးအချို့က ပုံမှန်မဟုတ် မတော်တဆများ ဖြစ်မလာခင် ကွေ့တောင်၏ အခြားသော နေရာများကို လိုက်လံရှာဖွေသည်။ ယခုအခါတွင်မူ ထိုနေရာတွင် သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီး တစ်ယောက်သာ ကျန်ရစ်လေသည်။


သူသည် လက်တစ်ဖက်နှင့် မက်မွန်သစ်သားဓားကို ကိုင်ထားရင်း ဂါထာများကို ဆက်တိုက် ရွတ်ဖတ်နေခဲ့သည်။ သူ၏ကြမ်းတမ်းသော အကြည့်က ပတ်ဝန်းကျင်ပေါ် ဆက်တိုက်ရောက်နေလျက် အနောက်ဘက်မှ ကယ်ဆယ်ရေးအသင်းကို ကာကွယ် ပေးနေခဲ့သည်။


ကယ်ဆယ်ရေးအသင်းဝင်များ၏ မျက်နှာက ဖြူဖျော့နေခဲ့သည်။ သူတို့သည် ခန္ဓာကိုယ် မည်သည့်နေရာမှ မပေါ်အောင် သေချာစေရန်အတွက် ကိုယ့်ကိုယ်ကို သိုင်းဖက်ပြီး ကြုတ်နေကြသည်။ သို့သော် တစ်ယောက်ချင်းစီတိုင်းက တစ်‌ယောက်ချင်းစီတိုင်းမှ လာသည့် ကြောက်လန့်နေသည့် အသက်ရှူသံများကို ကြားနေရသည်။


အသံများက လူတိုင်း၏ လောကအပေါ် အသိစိတ်များကို ကွဲကြေစေနိုင်‌လောက်အောင် ပြင်းထန်လေသည်။


မနေ့ကတင် သူတို့အများစုက တည်ငြိမ် နေခဲ့ကြသည်။ 


သို့ရာတွင် လူငယ်အဖွဲ့ဝင်တစ်ယောက်က မြေကြီးထဲသို့ အင်အားသုံးပြီး ဆွဲချခံခဲ့ရသည့် မြင်ကွင်းကို မြင်ပြီးနောက်တွင် အားလုံးက အလွန်အမင်း အံ့ဩ နေကြပြီ ဖြစ်သည်။ 


ယခုအခါတွင်မူ မြေဆီလွှာများက ကွဲကျသွားသောကြောင့် တစ္ဆေတောင်၏ အောက်ဘက်မှ လျို့ဝှက်ချက်တိုင်းက ပေါ်လာသည်။ ကျိုးပဲ့သွားသော ကျိုင်းကောင်သစ်ပင်များက သေလွန်ပြီးသည့်တိုင်အောင် မငြိမ်းချမ်းသည့် ရန်ငြိုးကြီးဝိဉာဉ်များကို ဖော်ထုတ် ပြသလေသည်။


ကြွေကျလာသော သစ်ရွက်များက မည်သည့်မြေဆီလွှာသို့ ကျသွားစေကာမူ နေရာများက သွေးနီရောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုသို့ဖြင့် လူသားအ‌ရေခွံအဖြစ် ဆုတ်ဖြဲခံထားရသည့် သွေးနီရောင် မကောင်းဆိုးဝါးများက ပေါ်လာလေသည်။ သူတို့သည် ရုတ်တရက် နေရောင်ခြည်ထဲသို့ ရောက်ရှိသွားကြသောကြောင့် အံ့ဩသွားကြပုံပေါ်ပြီး တဖြည်းဖြည်းချင်း သွေးသံရဲရဲလက်မောင်းကြီးများကို ကောင်းကင်ထံ ဆန့်ထုတ်ကြည့်ကြသည်။ သူတို့၏ လက်ချောင်းများကို ထုတ်ကြရင်း ယခုလိုမျိုး လေတိုက်သည့်ဒဏ်ကို ခံစားရသည့်အတွက် မယုံကြည်နိုင် ဖြစ်နေပုံရလေသည်။ 


ထို့နောက် အလွန်အမင်း အံ့အားသင့်ကာ ပျော်ရွင်သွားကြသည်။ သူတို့၏ သွေးနီရောင် ခန္ဓာကိုယ်များက တုန်ယင်သွားပြီး ခြေလက်များကို ရုန်းကန်လျက် မြေဆီလွှာအတွင်းထဲမှ ကုန်းထွက်နိုင်ရန် ကြိုးစားသည်။ သူတို့၏ ခြေလေးဘက်လုံးကို အသားကုန်သုံးပြီး ကျောက်သားမြေဆီလွှာကို ကျော်ဖြတ် တွန်းဖယ်ကြ၏။ ပျက်စီးနေသော အသံအိုးများကြောင့် ကောင်းကင်နှင့် လေဒဏ်ကို ခံစားရင်း စိတ်လှုပ်ရှားသော ထွက်ပေါ်လာသည့် အသံများမူ ဩရှပြီး ကြောက်စရာ ကောင်းလွန်းနေသည်။ 


သူတို့၏ တစ်ကိုယ်လုံးက မီးလောင်ထားသလို မဲတူးနေပြီး နေရောင်အောက်သို့ ရောက်သွားသည့် အခိုက်အတန့်တွင် ညိုးနွမ်းနေသည့်တိုင်အောင် အနည်းငယ်မှပင် ဂရုမစိုက်ကြချေ။


ကယ်ဆယ်ရေးအသင်းဝင်များက ထိုမြင်ကွင်းကြောင့် အံ့အားသင့်ပြီး ကြောက်လန့် ကုန်ကြသည်။ သူတို့သည် ညိုးနွမ်းနေသော သစ်ပင်များထံမှလာသည့် တစီစီအသံများကို ကြားသည့်တိုင်အောင် အသိမဝင်ကြချေ။


ထိုသို့ဖြင့် ကျိုင်းကောင်သစ်ပင်များအတွင်းမှ သစ်သားပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။ သူတို့သည် လှုပ်ရှားနေကြသည်။ သူတို့က မွေးကာစ ကလေးများကဲ့သို့ ခြေလှမ်းများက မတည်ငြိမ်ချေ။ ထို့နောက် သွေးသံရဲရဲ မကောင်းဆိုးဝါးများနောက်သို့ ပြေးလိုက်ကြသည်။ သူတို့၏ သစ်သားခေါင်းများက လူမျက်နှာများနှင့် တူသည်။ ထို့နောက် ဒေါသတကြီးအော်သည်။


“ပြန်လာခဲ့ ပြန်လာခဲ့ ငါ့နေရာ အစားယူပေးပါ။ ငါ လူသားပုံသဏ္ဍာန်ကို ပြန်လိုချင်တယ်”


သို့သော် သွေးသံရဲရဲ မကောင်းဆိုးဝါးများကို ဂရုမစိုက်ကြချေ။ သူတို့က နေရာအောက်တွင် လောင်ကျွမ်းပြာချသည်အထိ လောင်ကျွမ်း ခံနေရသည့်တိုင်အောင် နောက်မတွန့်ကြချေ။


နောက်ဆုံးတော့ သူတို့ လွှတ်မြောက်ပြီ။


_ _ _ 


အဖေ၊ အမေ ဒီမသိတတ်တဲ့သားက နောက်ဆုံးတော့ တောင်ပေါ်ကနေ ဆင်းပြီး အိမ်ပြန်နိုင်ပြီ။


ဓားပြတွေ ဓားပြတွေက ငါတို့ကို သတ်တာ။ သူတို့က ငါ့ရဲ့အသွေးအသားတွေ ယူပြီး ငါ့ရဲ့နောက်ခံကို ခိုးသွားတယ်။ ဒီလိုနဲ့ ငါ နှစ်တစ်ရာလုံးလုံး အိမ်မပြန်နိုင်ပဲ ဒီနေရာပဲ နှစ်တစ်ရာလုံးလုံး နာကျင်နေရတာ။ အခုတော့ လောကကို ပြန်မြင်ရပြီပဲ။ 


ထွက်သွားမယ် ထွက်သွားမယ် ဒီနေရာက ထွက်သွားမယ်။


ကယ်ဆယ်ရေးအသင်းမှ အသင်းဖော်များကို သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီးက ကာကွယ်ထားသည်။ သို့သော် သူတို့အားလုံးကလည်း လူသားပုံသဏ္ဍာန် သတ္တဝါများက‌ နေရောင်အောက်တွင် ပြာအဖြစ် ပြောင်းလဲ သွားသော မြင်ကွင်းကို စောင့်ကြည့်နေကြသည်။ လေပြင်းက တိုက်ခိုက်သွားသောအခါ အကြွင်းအကျန်တိုင်းက အပြီးတိုင် ပျောက်ကွယ်သွားသည်။ ထိုသို့ မပျောက်ကွယ် သွားသေးခင် ပျော်ရွှင်သည့် အော်ငြီးသံများကို ကြားလိုက်ရသည်။


ကယ်ဆယ်ရေးအသင်းဖော်များကမူ ဘာကိုမှ မမြင်နိုင်သော်လည်း သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီးကမူ သူ၏ဝိဉာဉ်အမြင်အာရုံကို ဖွင့်ထားလေသည်။ ထို့ကြောင့် ဝိဉာဉ်တစ်ခုပြီးတစ်ခုက သူတို့၏ချုပ်တည်းထားမှုမှ လွတ်မြောက် သွားကြောင်း မြင်နေရသည်။ ထို့သို့ဖြင့် သွေးနီရောင် အရာများက ပျောက်ကွယ် သွားကြသည်။ ပုံပျက်ပန်းပျက်နှင့် မကောင်းဆိုးဝါးများကလည်း တဖြည်းဖြည်းချင်း လွန်ခဲ့သော နှစ်တစ်ရာခန့်က ဝတ်စုံမျိုးကို ဝတ်ဆင် ထားကြသည်။ ထိုသို့ဖြင့် သွေးနီရောင်အရာများက ပျောက်ကွယ် သွားကြသည်။ ပုံပျက်ပန်းပျက်နှင့် မကောင်းဆိုးဝါးများကလည်း တဖြည်းဖြည်းချင်း လွန်ခဲ့သော နှစ်တစ်ရာအတွင်းက ဝတ်စုံများကို ဝတ်ဆင်ထားကြသည်က ရိုးရှင်းသော ရွာသားများအသွင်ကို ပြောင်းသွားကြသည်။ ဟုတ်တယ် လောကက ပြောင်းသွားပြီ။ ရင်းနှီးကျွမ်းဝင်တဲ့ရွာ၊ သူတို့ ချစ်တဲ့သူတွေ၊ သူတို့ ချစ်ခင်ရတဲ့သူတွေက ဒီမှာ မရှိကြတော့ဘူး။ 


သူတို့၏ ဝိဉာဉ်က သက်လတ်အပိုင်းလူကြီး၏ အကြည့်ကို ခံစားမိပုံရသည်။ သူတို့က ပြုံးပြီး ရင်းနှီး ကျွမ်းဝင်ပုံဖြင့် ပြန်ကြည့်ကြသည်။ တာအိုဘုန်းတော်ကြီးကို ခေါင်းတစ်ချက် ညိတ်ပြလေပြီး လမ်းသွားရင်း လမ်းတွင် တွေ့ရသည့် တစ်စိမ်းတစ်ယောက်ကို တွေ့ရသလို ပြုမူသည်။ ထို့နောက် သူတို့အားလုံးက နောက်ပြန်လှည့်ပြီး တောင်ပေါ်ရှိ စံအိမ်ရှိရာဘက်သို့ နူတ်ဆက်ဟန် အမူအယာ ပြကြသည်။ ထို့နောက် သူတို့၏အနောက်မှ လိုက်သည့် သစ်သားရုပ်လို လူသားပုံ သဏ္ဍာန်များကို တစ်ချက်ကြည့်သည်။ ကျေနပ်သွားသော သူတို့က မျက်လုံးကို မှိတ်ပြီး တဖြည်းဖြည်းချင်း လေထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။ 


အဝေးရှိ လူရှင်းသော နေရာတွင်မူ မြေပြင်တွင် တရွတ်တိုက် ဆွဲခံရသော သံချိန်းကြိုးသံနှင့် ကျောချမ်းဖွယ် အော်သံများကို ကြားရသည်။ 


ယင်အရာရှိတွေက အလုပ်လုပ်နေပြီဆိုတော့ သက်ရှိတွေက လမ်းဖယ်ပေးရတာပေါ့။


.....


သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီး၏ မျက်နှာပေါ်တွင် သတိ အပြည့်ကပ်နေသော အမူအယာက တဖြည်းဖြည်းချင်း ပြေလျော့ သွားသည်။ သူသည်လည်း မြေဆီလွှာ‌ အောက်တွင်ရှိသော တစ္ဆေသတ္တဝါများက လွန်ခဲ့သော နှစ်တစ်ရာအတွင်း တစ္ဆေတောင်အတွင်း သေဆုံးခဲ့သည့် ရွာသားများ ဖြစ်နေမည်ဟု မထင်ထားမိချေ။ သူတို့သည် တစ္ဆေတောင်အတွင်း ပိတ်မိနေကြကာ ယခုအခါမှသာ ထွက်သွားနိုင်ခြင်း ဖြစ်သည်။


တောင်ပေါ်ရှိ တောင်စံအိမ်ပေါ်မှ အခြေအနေက အဆင်ပြေ သွားသောကြောင့်သာ ထိုဝိဉာည်များက ထွက်သွားနိုင်ခြင်း ဖြစ်ပေလိမ့်မည်။ 


လူသားပုံသဏ္ဍာန် သစ်သားပုံရိပ်များကိုမူ တာအိုဘုန်းတော်ကြီးက တစ်ချက် ကြည့်လိုက်ရုံနှင့် မှတ်မိသည်။ သူတို့က ကျိုင်းကောင်သစ်ပင်များကို အကာအကွယ် ယူကာ နေထိုင်နေသူများ ဖြစ်လောက်မည်။ သက်ရှိလူတစ်ယောက်အဖြစ် ဟန်ဆောင်ရန်အတွက် ခန္ဓာပိုင်ရှင် တစ်ခုခုကို ရှာဖွေနေခြင်း ဖြစ်ပေလိမ့်မည်။ ကျိုင်းကောင်သစ်ပင်များက နှစ်တစ်ရာကျော် ကြာပြီးနောက် ညိုးနွမ်း ပျောက်ကွယ် သွားသည်။ ထို့ကြောင့် မရေမတွက်နိုင်သော သက်ရှိများကို ဒုက္ခ‌ပေးခဲ့ပြီး ကိုယ့်ကိုယ်ကို အားဖြည့်စာအဖြစ် ယူခဲ့သော ထိုအရာများက လူသားမျက်နှာပုံသဏ္ဍာန်ပေါ်နေကြခြင်း ဖြစ်သည်။ သို့သော် သူတို့၏ မှီတွယ်ရာကိုယ်က ပျောက်ကွယ်သွားသည်။ ထို့ကြောင့် သူတို့က ကောင်းကင်နှင့်မြေကြီး၏ မျက်လုံးအောက်မှ ပုန်းကွယ်နိုင်စွမ်းအား မရှိလေပဲ တစ္ဆေနှင့်ဝိဉာဉ်များ၏ အာရုံအတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ 


ယင်အရာရှိများ၏ ချဉ်းကပ်လာသံများကို ကြားသော ထိုလူများအားလုံးက အလွန်ကြောက်လန့် သွားကြပြီး ထွက်ပြေးသွားသည်။


မကောင်းဆိုးဝါးများက မရှိတော့အခါ မြေဆီလွှာတွင် ပျောက်ဆုံးနေသည့် ကယ်ဆယ်ရေးအသင်းဝန်ထမ်း၏ မျက်နှာက ပြန်ပေါ်လာသည်။


သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီး၏မျက်နှာက တင်းမာသွားသည်။ သူက ဒီကိစ္စကို ဆက်လက်စုံစမ်းရန် အချိန် မရှိတော့ချေ။ သူက အပြေးသွားပြီး ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်ရုံဖြင့် ထိုလူငယ်ကို မြေဆီလွှာအတွင်းမှ ဆွဲထုတ်လိုက်သည်။ အခြားသော ကယ်ဆယ်ရေးအဖွဲဝင်များကလည်း လာရောက်၍ ကူညီကြသည်။


လူတိုင်းနှင့် အဆက်အသွယ် ပြတ်ပြီးသား တာအိုဘုန်းတော်ကြီးက အတတ်နိုင်ဆုံး တောင်ပေါ်ရှိ စံအိမ်ပေါ်သို့ သွားနိုင်ရန် ကြိုးစားခဲ့သည်။ သူ၏ မသိစိတ်၏ အကင်းပါးမှုနှင့် နှစ်ပေါင်းများစွာ အတွေ့အကြုံများကြောင့် ကောလဟလအရ ဓားပြများ သိမ်းပိုက်ခဲ့ပြီး အမျိုးမျိုးသော အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည်ဆိုသော စံအိမ်အတွင်းမှ အရာများကို ကယ်တင်နိုင်ရန် မျှော်လင့်နေသည်။


သို့ရာတွင် တောင်ပေါ်မှဆင်းရန် ကြိုးစားခဲ့သော အမျိုးသားသရုပ်ဆောင်၏ တိုက်ရိုက် ထုတ်လွှင့်မှု မှတ်တမ်းများနှင့် အလားတူသော အခြေအနေမျိုးက ဖြစ်လာသည်။ သို့သော် တာအိုဘုန်းတော်ကြီးအနားသို့ မကပ်နိုင်ခဲ့ချေ။ ထို့အပြင် တာအိုဘုန်းတော်ကြီးက စံအိမ်ရှိရာ တောင်ပေါ်သို့ မတက်နိုင်အောင် လမ်းတွင် မမြင်ရသော အကာအကွယ်လွှာတစ်ခုက ပိတ်ထားသည်။


ထို့ကြောင့် တောင်တစ်ခုလုံးက ခပ်ကြမ်းကြမ်း လှုပ်ခါလာသောအခါ တာအိုဘုန်းတော်ကြီး၏ အာရုံခံစားမှုများက ပို၍တိကျလာသည်။ 


သူ၏ ဖြူဖွေးနေသာ ဆံပင်များက မည်မျှပင် လှုပ်ခတ်နေစေကာမူ သူက တည်ငြိမ်ပြီး အာရုံအပြည့် စိုက်ထားသည်။ သူက ချက်ချင်းဆိုသလိုပင် စူးရှသော အကြည့်မျိုးနှင့် တောင်ပေါ်သို့ လှမ်းကြည့်သည်။ ထို့နောက် အတားအဆီးပေါင်းများစွာကို ကျော်ြဖတ်ပြီး အတွင်းသို့ မြင်လိုက်နိုင်ပုံ ပေါ်သည်။ 


တစ်ချိန်က တစ္ဆေတောင်ကြီးက ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်ပြီး တာအိုဘုန်းတော်ကြီးကလည်း ဘေးဘီကို အံ့အားတကြီး ကြည့်လိုက်သောအခါ တောထဲရှိ ကျိုင်းကောင်သစ်ပင်များ အားလုံးက လျင်မြန်စွာ နွမ်းနယ် ပျောက်ကွယ်လာပြီး သေဆုံးနေကြောင်း မြင်လိုက်ရသည်။ 


“တစ္ဆေတောင်တန်းက တောင်တန်းနယ်မြေကနေ ကွဲထွက်သွားပြီ”


တာအိုဘုန်းတော်ကြီးက တအံ့တဩအော်သည်။


“သောက်ကျိုးနည်း မရေမတွက်နိုင်တဲ့ တာအိုဘုန်းတော်ကြီးတွေ၊ နတ်ဆရာတွေတောင် နှစ်ပေါင်းများစွာကြာအောင် ဘာမှမလုပ်နိုင်ခဲ့တဲ့ အဲဒီတစ္ဆေတောင်က ဘယ်လိုကြောင့်များ နေရောင်အောက်ကို ပြန်ရောက်လာတာလဲ” 


******