Ch 36
Viewers 6k

အပိုင်း(၃၆)

 

တာအိုဘုန်းတော်ကြီးသည်လည်း ဒီရှိုး၏ တိုက်ရိုက်ထုတ်လွှင့်မှုနှင့် ရီကော့တင်းများကို ကြည့်ခဲ့ပြီး ဟိုင်ရန်ဂူဘုရားကျောင်းမှလာသော တာအိုဘုန်းတော်ကြီးများနှင့်အတူ ယန်ရှစ်ရွှမ်း၏ မျက်နှာကို မြင်ခဲ့ဖူးသည်။ ထိုအချိန်က ဒီအတိုင်း ယန်ရှစ်ရွှမ်းက အနည်းငယ် ရင်းနှီးနေသလိုမျိုး ခံစားရပြီး ဒီအတိုင်း ထင်ယောင်ထင်မှား ဖြစ်သည်ဟုသာ သို့မဟုတ် ဝေဝါးသော မှတ်ဉာဏ်တစ်ခုလို သို့မဟုတ် ထင်မြင်ခဲ့ဖူးသလိုသာ ထင်ခဲ့ဖူးသည်။

 

ယခုအခါမှသာ ကြားထဲတွင် ကာရံထားသည့် မည်သည့်ကင်မရာမျှ မရှိတော့သောကြောင့် တာအိုဘုန်းတော်ကြီးသည် ယန်ရှစ်ရွှမ်း၏ ရုပ်ရည်ကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။ တစ္ဆေတစ်ကောင်လိုမျိုး ရုပ်ရည်သွင်ပြင်မျိုးနှင့် တထေရာတည်း တူသည့် လူတစ်ယောက်ကို သူ၏တစ်ဘဝလုံးတွင် တစ်ကြိမ်သာ မြင်ဖူးသည်။ ထို့ကြောင့် သူက ယန်ရှစ်ရွှမ်း၏ နောက်ခံကို တန်းသိလိုက်ခြင်း ဖြစ်သည်။

 

ရိုက်ကူးရေးအဖွဲ့သားများကမူ တာအိုဘုန်းတော်ကြီး ဖြောင့်မတ်မှန်ကန်သည့် အရှိန်အဝါကို မြင်ပြီးနောက် သူတို့၏ သတိစိတ်များ ပြေလျော့သွားတော့သည်။ သူတို့သည်လည်း ယခုလို စိတ်အေးသွားပြီးနောက် တာအိုဘုန်းတော်ကြီး သာမာန်ကာလျှံကာ ရည်ညွှန်းလိုက်သည့် ယန်ရှစ်ရွှမ်းအပေါ် ပြောသော စကားများက ထိုမျှအထိ ရင်းနှီးကျွမ်းဝင်လွန်းမည်ဟု မထင်ထားမိချေ။ သူသည် ယန်ရှစ်ရွှမ်း၏ ဆရာနှင့် ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေကောင်းတစ်ယောက်ဟု ထင်ရပြီး လေသံထဲတွင်လည်း ထူးဆန်းမှု မရှိနေခဲ့ချေ။

 

အကြောင်းမူကား သူသုံးလိုက်သော နာမည်ပြောင်က တန်ခွေးဖြစ်နေသောကြောင့် ဖြစ်သည်။

 

မှတ်ချက်: တန်ခွေးရဲ့ အဓိပ္ပာယ်က ခွေးဥပဲ။

 

ထို့ကြောင့် လူအများစုကမူ ကြောင်တောင်တောင် ဖြစ်သွားကြသည်။ သူတို့သည့် မည်သို့ တုန့်ပြန်သင့်ကြောင်း မသိကြချေ။ သူတို့၏မျက်နှာများက နီရဲသွားကြသည်။

 

ကျန်းဝူပင်းကို ယန်ရှစ်ရွှမ်းကို အံ့အားတကြီး ကြည့်ပြီး အံ့အားသင့်မှုနှင့် မယုံနိုင်သလိုဖြစ်နေသော လေသံမျိုးနှင့် မေးသည်။

 

“ယန်ကော _ _ _ ယန်‌ကောရဲ့ ဆရာရဲ့ နာမည်ပြောင်က တော်တော်လေး ထူးခြားတာပဲ ဟွန် _ _ _ငါ့အထင် ယန်ကောရဲ့ဆရာနှင့် ငါ့ရဲ့မိဘတွေက တော်တော်လေး အဆင်ပြေ လောက်တယ်”

 

ယန်ရှစ်ရွှမ်း၏ မူရင်းက အေးစက်သော မျက်နှာက ကွဲအက်လုနီးပါး ဖြစ်သွားသည်။

 

သူသည် ဆွံ့အစေတဲ့ အရူးကောင်ကို ကန်ထုတ်ချင်နေပြီ။

 

သို့ရာတွင် တာအိုဘုန်းတော်ကြီးက စကား ဆက်မပြောနိုင်သေးခင် သူ၏အ‌နောက်ဘက် တောအုပ်ထဲမှ ဆူညံသံများ၊ အော်သံများက ထွက်လာသည်။

 

“တာအိုပညာရှင်လီ တောင်ပေါ်က အခြေအနေက ဘယ်လိုလဲ။ ငလျင်လှုပ်တာလား။ ငါတို့တွေ အောက်ဘက်က လူတွေက ခပ်မြန်မြန် ဆက်သွယ်ပြီး ဒီရွာက လူတွေကို ဘေးရှောင် ခိုင်းသင့်ပြီလား”

 

အလျင်စလို အော်ဟစ်သံများက လူများ၏အနားသို့ ရောက်ရှိလာသည်။

 

တောက်ပသည့် ကယ်ဆယ်ရေး ယူနီဖောင်းကို ဝတ်ဆင်ထားကြသည့် ပုံရိပ်တစ်ချို့က စိုးရိမ်သောမျက်နှာ၊ ပူပန်သော မျက်နှာထားမျိုးနှင့် သိပ်သည်းသော တောအုပ်ကို ကျော်ဖြတ်လျက် ထွက်လာကြသည်။

 

ထိုလူများသည် တာအိုဘုန်းတော်ကြီးကို ပြန်တွေ့ပြီး ပူးပေါင်းလိုက်ကြသည့် ကယ်ဆယ်ရေးအသင်း ဖြစ်သည်။

 

သူတို့က တစ်ချက်မော့ကြည့်လိုက်သောအခါ မျက်နှာချင်းဆိုင်တွင် ရပ်နေသော ရိုက်ကူးရေးအဖွဲ့သားများကို တွေ့လိုက်ရပြီး သူတို့၏ နဂို စိုးရိမ်နေသော မျက်နှာများက ရုတ်တရက် ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ထို့နောက် အလွန်အမင်း အပျော်လွန်‌သော မျက်နှာထားအဖြစ် ပြောင်းလဲသွားကြသည်။

 

“ဒါက ပိတ်လှောင်ခံနေရတယ်ဆိုတဲ့ ပရိုဂရမ်က ပါဝင်သူတွေ မဟုတ်လား မြန်မြန် အများသိအောင် ရီပို့စ်တင်လိုက်။ အောက်ဘက်က ကယ်ဆယ်ရေးအသင်းကိုလည်း မြန်မြန်လေး အပေါ်ကို တက်လာဖို့ ပြောလိုက်တယ်။ ငါတို့ ရှာတွေ့ပြီ။ သူတို့ အသက်ရှင်နေသေးတယ် သူတို့ အသက်ရှင်နေသေးတယ်”

 

ကယ်ဆယ်ရေးအသင်းကို မြင်သောအခါ ရိုက်ကူးရေးအဖွဲ့မှ လူများက စက္ကန့်အနည်းငယ်ခန့် ကြောင်အ သွားကြပြီးနောက် သူတို့၏ တိုက်ရိုက် ထုတ်လွှင့်မှုလိုင်းက အော့ဖ်လိုင်းဖြစ်သွားသောအခါ စိုးရိမ်တကြီး ဖြစ်သွားသည့် ကြည့်ရှုသူများက အာဏာပိုင်များကိုပင် အလန့်တကြား ဖြစ်စေလျက် ကယ်ဆယ်ရေး အသင်းများကိုပင် စေလွှတ်ခဲ့ကြောင်း သိလိုက်သည်။

 

မူလကမူ ယခုလို ကျောချမ်းဖွယ်ကောင်းသည့် စံအိမ်အတွင်းမှ ထွက်နိုင်မည်ဟု မထင်ထားခဲ့ကြချေ။ ယခုလိုမျိုး နွေးထွေးသော၊ တောက်ပသော နေအလင်းရောင်အောက် ရောက်နေသည့်တိုင်အောင် အစစ်အမှန်ဖြစ်သည်ဟု မခံစား ရသေးချေ။

 

သူတို့သည့် ဝိုင်သိုလှောင်ခန်းအတွင်းမှ အေးစိမ့်မှုများကို သယ်ဆောင်လာသေးပုံပေါ်ပြီး လူသားမဟုတ်သော သတ္တဝါများက သူတို့ကို ထိုသတ္တဝါများအကြား ဆွဲချခဲ့ချိန်က ကိုယ်အပေါ် တင်ကျန်ရစ်ခဲ့သည့် စေးကပ်ကပ် သွေးများကိုလည်း တင်ဆောင် ထားသေးသည်။ ထိုအရာများက သူတို့၏အဝတ်များကို စွန်းထင်းနေလေရာ သူတို့၏ပုံစံများက အလွန်အမင်း စုတ်ပြတ်သပ် နေကြောင်း ရိုက်ကူး‌ရေး အဖွဲ့သားများက တာအိုဘုန်းတော်ကြီးနှင့် ကယ်ဆယ်ရေး အသင်းဖော်များ သူတို့ထံ ပျော်ရွှင်မှုအပြည့်နှင့် ပြေးလာကြောင်း မြင်မှသာ နောက်ဆုံးတွင် အပြည့်အဝ အသိဝင်လေသည်။

 

သူတို့လွတ်လာပြီ။ သူတို့လွတ်လာပြီ။ နောက်ဆုံးတော့ ထွက်လိုက်နိုင်ပြီ။

 

ယန်ရှစ်ရွှမ်းကမူ မည်သူကမှ ဂရုမစိုက်သည့် လူပိုတစ်ယောက် ဖြစ်သော်လည်း သူတို့အား သရဲများ၊ မကောင်းဆိုးဝါးများ ပြည့်နှက်နေသည့် အန္တရာယ်များလွန်းသော စံအိမ်အတွင်းမှ လွတ်အောင် လုပ်ပေးနိုင်ခဲ့သူ ဖြစ်သည်။

 

ယန်ရှစ်ရွှမ်းက မလိမ်ခဲ့ချေ။ သူသည်လည်း သူ့ကိုသာ ယုံကြည်မည်ဆိုလျှင် သူတို့အားလုံးကို ထွက်နိုင်အောင် လုပ်‌ပေးမည်ဟု ပြောခဲ့ပြီးသား ဖြစ်သည်။ ထိုစကားက မှန်သည်။

 

ပိုင်ရွှမ်းက သူမစိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပဲ အော်ငိုလေသည်။

 

အန်းနန်ယွမ်သည်လည်း အခြားသောသူများနည်းတူ ယန်ရှစ်ရွှမ်းကို ယုံကြည်မှု၊ လေးစားမှု အပြည့်ဖြင့် ကြည့်လိုက်သည်။

 

“ယန်ကော ငါ မင်းနဲ့ သိကျွမ်းရတာက ကျေးဇူးတင်လိုက်တာ။ ယန်ကောကို ဒီရသစုံရှိုးမှာ တွေ့ရတာက ငါ့အတွက် ကြီးမားတဲ့ ဆုလာဘ်ကြီးပဲ။ ယန်ကောကြောင့်သာ မဟုတ်ရင် ငါတို့အားလုံး အဲဒီစံအိမ်ထဲမှာ ထာဝရ ပိတ်ခံ ရလောက်တယ်”

 

အန်းနန်ယွမ်က နှာခေါင်းတရှုံ့ရှုံ့နှင့် ဖြစ်နေသည်။ သူသည် ခံစားချက်များကို အတတ်နိုင်ဆုံး ထိန်းရင်း အသံကို မတုန်အောင် ထိန်းလျက် ကျေးဇူးတင်စိတ်ကို ဖော်ပြနေသည်။

 

“ကျေးဇူးအများကြီးတင်ပါတယ် ယန်ကော။ ကျေးဇူးအများကြီး တင်တာပဲ။ ယန်ကော အနာဂတ်မှာ ဘာပဲလိုလို တုန့်ဆိုင်းမနေပဲ ငါ့ကို တောင်းသာ တောင်းဆိုလိုက်”

 

သူတို့ထဲတွင် ယန်ရှစ်ရွှမ်း၏ ခံစားချက်ကသာ အတည်ငြိမ်ဆုံးဖြစ်သည်။

 

အပနှင်ရင်း မိစ္ဆာသရဲများကို ဖိနှိပ်ခဲ့သည့် နှစ်များစွာကြာပြီးနောက် သူသည် လူအများ၏ အမျိုးမျိုးသော ခံစားချက်များ၊ လွတ်မြောက်မှုများကို မြင်ခဲ့ပြီးသား ဖြစ်လေရာ ထိုလူများ၏ ကျေးဇူးတင်စိတ်ပြင် ဖြစ်စေ အခြားသော သူများ၏ ခံစားချက်များကြောင့်ပင် ဖြစ်စေ မယိမ်းယိုင်တော့ချေ။

 

အန်းနန်ယွမ်က အလွန်စိတ်လှုပ်ရှားနေကြောင်း မြင်သောအခါ သူ၏ ဘေးဘက်တွင် ရပ်သော သူများကလည်း ဆက်တိုက်ဆိုသလို သူတို့၏ ကျေးဇူးတင်စိတ်ကို ဖော်ပြလာကြသည်။ သူတို့၏ ဆိုရှယ်မီဒီယာအကောင့်ကိုပင် အပ်ရန် ပြောလာကြသည်။ ယန်ရှစ်ရွှမ်းက အန်းနန်ယွမ်ကို တစ်ချက်ကြည့်ရင်းသာ ပြောသည်။

 

“မင်း ထပ်ခါတလဲလဲ ပြောနေတဲ့ ဒုက္ခဝေဒနာ ခံစားနေရတဲ့ သူတွေကို ကယ်တင်ပေးနေတဲ့ မဟာသူတော်စင်ကြီးနဲ့ လိုအပ်သူတွေကို ကယ်တင် ပေးတဲ့သူတွေက ဘယ်သူလဲ။ မင်းက ငါ့ကို အဲဒီဂုဏ်ပုဒ်တွေနဲ့ ဖော်ပြချင်တယ်လို့တော့ မပြောနဲ့နော်။ ဒါက တော်တော်လေးကို ရွံ့စရာပဲ”

 

ယန်ရှစ်ရွှမ်းက ခပ်ဟဟ ရယ်သည်။ သူက အန်းနန်ယွမ်၏ ကျေးဇူးတင်စိတ်ကို လစ်လျူရှုကာ ပြောသည်။

 

“ငါ မင်းနဲ့ အခြားသူတွေကို ကယ်ခဲ့တာ ကျန်းဝူပင်းက ငါ့အတွက် ပိုက်ဆံ ပေးပြီးသားမို့ပဲ။ အဲဒီလိုမှမဟုတ်ရင် ငါက အလကား လုပ်ပေးမယ်လို့ ထင်လား”

 

သူက အခြားသောသူများနှင့် အလဟဿ ကံကြမ္မာချင်း ကံကြမ္မာကြိုးထုံး ဖွဲ့စည်း ခံလိမ့်မည် မဟုတ်ချေ။ ဒါက သူ့ကို ဒုက္ခသာ သယ်ဆောင်ပေးလိမ့်မည်။ ကျေးဇူးတင်စိတ်နှင့် သဘောကျစိတ်ဆိုသော အရာမျိုးကိုမူ သူက ပိုက်ဆံဖြင့်သာ ပေးချေစေလိုသည်။

 

လူတိုင်းသည်လည်း အကြွေးကို ပိုက်ဆံနှင့် ရှင်းလင်းနိုင်သင့်ကြောင်း ရှင်းရှင်းလင်းလင်း သိသင့်သည်။

 

သို့ရာတွင် ယန်ရှစ်ရွှမ်း၏ တဲ့တိုးဆန်ပြီး ဖားယားမှုများကြောင့် သဘောကျသွားခြင်း မရှိသည့်ပုံစံက အခြားသောသူများ၏အမြင်တွင် သူဟာ ကျော်ကြားမှုနှင် ကံကောင်းမှုကို မမက်သည့် စိတ်သဘောထား မြင့်မြတ်လွန်းသော လူပုဂ္ဂိုလ် ထင်ရစေသည်။ ထိုအခိုက်အတန့်တွင် သူတို့၏ ယန်ရှစ်ရွှမ်းကို ကြည့်သော အကြည့်က ပို၍ပင် တောက်ပသွားသည်။

 

ဖျော်ဖြေရေးအသိုင်းအဝိုင်း အတွင်းတွင် အမျိုးမျိုးသော အခြေအနေများကို ကြုံတွေ့ခဲ့ပြီး လူအများနှင့် ကိုင်တွယ်နေရလေ့ရှိသည့် ဧည်သည်များအနေနှင့် ယန်ရှစ်ရွှမ်း အပြုအမူများကို မြင်သောအခါ သူတို့ဟာ လိုက်ပါလာကြရင်း ယန်ရှစ်ရွှမ်း၏ ဆိုရှယ်မီဒီယာအကောင့်ကို မေးမြန်းလာကြသည်။

 

_ _ _

 

လူကြီးမင်းယန်ကိုယ်တိုင်က သူ ဒါရိုက်တာကျန်းနှင့် ရင်းနှီးလို့ ကူညီပေးခဲ့တယ် မဟုတ်လား။ သူ့ကြောင့် မဟုတ်ရင် ရသစုံရှိုးကို မပြောနဲ့ ဒါရိုက်တာကျန်း ကိုယ်တိုင်တောင်မှ ဒုက္ခရောက်နေမှာ။

 

ထိုအခြေအနေက အစစ်အမှန်ကျွမ်းကျင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် ဆရာသခင်တစ်ယောက်နှင့် ထိကျွမ်းရသည့် အားသာချက်ကို အပြည့်အဝ ဖော်ပြသည်။ ဒီနည်းအားဖြင့် သူတို့၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။

 

ဖျော်ဖြေရေးအသိုင်းအဝန်းအတွင်းမှ လူများနှင့် အဆက်အသွယ် မလုပ်လိုသည့် ယန်ရှစ်ရွှမ်းက စိတ်လှုပ်ရှားနေသော ဧည့်သည်ပေါင်းများစွာ တိုးသထက် တိုးလာသော မြင်ကွင်းကို ကြည့်နေရင်း မျက်မှောင်ကြုတ်သည်။ သူသည်လည်း မနေနိုင်ပဲ ကျန်းဝူပင်း၏ရှိုးမှ ထိုလူများက ကျန်းဝူပင်းနည်းတူ (ယို့ပင်း) ရူးသွပ်နေခြင်း ရှိမရှိ သိချင်သွားမိသည်။

 

သူသည်လည်း သူသည် တစ်ဖက်သူများကို ကယ်တင်ခဲ့သည်မှာ ပိုက်ဆံကြောင့် လက်ခံထားသည့် အလုပ်ကြောင့် ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီး ဖြစ်လေပြီ။

 

ဒါကို ဘာလို့ ဒီလောက်အထိ စိတ်လှုပ်ရှားနေတာလဲ။

 

ပိုက်ဆံနဲ့ အသက်ကို ကယ်နိုင်တဲ့ဆိုတဲ့ ချိတ်ဆက်မှုကို နားမလည်တာလား။

 

ယန်ရှစ်ရွှမ်းက စိတ်အားထက်သန်လွန်းသော ဧည့်သည်များအကြားတွင် ရပ်နေသည်။ သူ၏အေးစက်သော မျက်နှာ၊ အကန်စကားများသာ ထွက်လာသည့် မှတ်ချက်များနှင့် ထိုသူများ၏ တက်ကြွအားထုတ်မှုကို မနှိမ်နင်းနိုင်ချေ။

 

သူတို့က ယန်ရှစ်ရွှမ်းထံ သူတို့၏ဖုန်းများကို မြှောက်ရင်း ဆက်တိုက် ကမ်းပေးနေကြသည်။ တစ်ယောက်ကမူ လူကြီးမင်းယန်ကို ဆိုရှယ်မီဒီယာတွင် ဖော်လိုးမည်ဟု ဆိုသည်။ အခြားသောတစ်ယောက်ကမူ ယန်ကော၏ဖုန်းနံပါတ်ကို တောင်းနေသည်။

 

အတင့်ရဲသော သူများဆိုလျှင် လူကြီးမင်းယန်ကို တစ္ဆေနှင်ရန်အတွက် ကြိုတင်ဘိုကင်ယူနိုင်ခြင်း ရှိမရှိ မေးမြန်းနေသေးသည်။ သူတို့သည် ဒီစံအိမ်အတွင်း သေခြင်းတရားမှ ကပ်သီးလေး လွတ်မြောက်ခဲ့ပြီးနောက် အိမ်တွင် အိပ်မပျော်လျှင်ပင် လူကြီးမင်းယန်အား အိမ်တွင် သရဲရှိမရှိ လာရောက်စစ်ခိုင်းစေချင်သေးသည်။ သရဲ မရှိကြောင်း သေချာမှသာ သူ စိတ်အေးအေးနှင့် အိပ်နိုင်လောက်သည်။

 

အန်းနန်းယွမ်ကမူ စိတ်အား အထက်သန်ဆုံး ဖြစ်သည်။ ထို့အပြင် သူသည် အနာဂတ်တွင် တစ်မြို့တည်းတွင် ရှိနေကြမည် ဖြစ်လေရာ ယန်ကောနှင့်အတူ ညစာ စားရပေမည်။ ယန်ရှစ်ရွှမ်းကသာ တစ္ဆေနှင်ရန် သို့မဟုတ် အပနှင်ရာတွင် လက်ထောက်တစ်ယောက်ယောက် လိုမည်ဆိုလျှင်လည်း သူက အချိန်ပိုင်း အလုပ်အနေဖြင့် သို့မဟုတ် အလကား လာလုပ်ပေးဦးပေမည်။

 

သူသည်လည်း ဟောလိဝုဒ် စွန့်စားသွားလာရုပ်ရှင်များကို ကြည့်ရခြင်းအား အလွန် သဘောကျသည်။ ထိုသို့ကြည့်ခဲ့ချိန်က ကြောက်လန့်နေသလို တစ်ချိန်တည်းတွင်ပင် စူးစမ်းချင်စိတ်လည်း ရှိနေခဲ့သည်။ ထို့ကြောင့် ယန်ရှစ်ရွှမ်းက မည်သည့်စကားကို ပြောဆိုစေကာမူ သူဟာ ဘယ်သောအခါမှ နောက်သို့ ကျန်ခဲ့လိမ့်မည် မဟုတ်ချေ။

 

ဧည့်သည်များက အချင်းချင်း စိတ်အားထက်သန်စွာ စကားပြောဆိုနေပြီး ယန်ရှစ်ရွှမ်းက သူတို့ကို ဖုန်းနံပါတ် သို့မဟုတ် ဆိုရှယ်မီဒီယာအကောင့်ကို ပေးမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

 

အခြေအနေအရ ယန်ရှစ်ရွှမ်းကဲ့သို့ မီကာစူပါစတားတစ်ယောက်အတွက် မှင်သက် ကြောင်အ သွားစေပြီး ဖျော်ဖြေရေးလောကအတွင်းမှ ပုဂ္ဂိုလ်များကမူ သူ၏ မျက်ကန်းယုံကြည်သော ပရိတ်သတ်များ ဖြစ်လာကြလျက် လက်မှတ်‌တောင်းခံသော ပရိတ်သတ်အုပ်လိုမျိုး ဝိုင်းခံနေကြသည်။

 

ယန်ရှစ်ရွှမ်း “မင်းတို့ ရူးနေတာလား”

 

သို့ရာတွင် လူပေါင်းများစွာက တစ္ဆေတောင်စံအိမ်သို့လာသည့် ခရီးအတော်အတွင်း တစ္ဆေပေါင်းများစွာကို ကြုံတွေ့ခဲ့သည့်အချက်ကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် သူတို့၏ကံကောင်းမှုနှင့် အသက်စွမ်းအားများ အားလုံးက ထိုရန်ငြိုးကြီးသော အရာများနှင့် ထိတွေ့ဆက်ဆံခဲ့ရခြင်းအားဖြင့် အများကြီး သက်ရောက်ခံရနိုင်ကြောင်း စဉ်းစားဆင်ခြင် လေပြီး ယန်ရှစ်ရွှမ်းသည် သူတို့အား ကျန်းဝူပင်း၏ ပါဆင်နယ်ကွန့်တက် အင်ဖော်မေးရှင်းများ ပေးလိုက်သည်။ သူသည် သူတို့အား သူ့ကိုသာ ဆက်သွယ်လိုလျှင် ကျန်းဝူပင်းထံမှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း ပြောလိုက်လေသည်။

 

အချို့သော အမျိုးသားဧည်သည့်များက ဉာဏ်ကောင်းစွာနှင့် သူတို့၏ ကံကောင်းမှုကို အတင်းမတိုက်တွန်းချေ။ ဒီအစား ယန်ရှစ်ရွှမ်းကို စိတ်ညစ်အောင် မလုပ်သလိုမျိုး နောက်ဆုတ်ကာ လက်ခံပေးလိုက်ကြသည်။ သူတို့သည် ကျန်းဝူပင်းကိုသာ အပ်လိုက်ပြီး ယန်ရှစ်ရွှမ်းကို ထပ်ခါတလဲလဲ ကျေးဇူးတင်လျက် အနာဂတ်တွင် ပိုကောင်းသည့် ဆက်ဆံရေးတစ်ခုကို တည်ဆောက် ချင်သွားကြသည်။

 

သို့ရာတွင် အန်းနန်ယွမ်ကမူ စိတ်ဓာတ်ကျသော မျက်နှာထားနှင့် ယန်ရှစ်ရွှမ်းအား သနားစဖွယ် ကြည့်နေသည်။ သူသည် လက်လျော့မည့် လက္ခဏာမပြပေ။

 

ကျန်သောအဖွဲ့တစ်အုပ်လုံးက နောက်ဆုံးတွင် လုံခြုံသွားသောကြောင့် စိတ်အေးသွားကြပြီး တစ်ချိန်လုံး တင်းခံထားရသည့် တောင့်တင်းနေသည့် သွေးကြောများကို ဖြေလျော့ လိုက်ကြသည်။

 

စိတ်တင်းကြပ်နေသော အခိုက်အတန့် ကာလမျိုးတွင် ခန္ဓာကိုယ်က အလိုအလျောက် ဟော်မုန်းများကို နာကျင်မှုများကို သတိမထားမိသည့် အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်လေရာ သူတို့၏အင်အားကို တိုးမြှင့်သွားစေလေပြီး တောင့်ခံနိုင် စွမ်းအားနှင့် ပြင်ပအရာများ၏ ခြိမ်းခြောက်မှုကို တွန်းလှန်သွားစေလေသည်။ သို့သော် ကပ်ဘေးက အမှန်တကယ် လွတ်မြောက်ပြီးမှသာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားလေပြီး နာကျင်မှုများကို ခံစား မိကြသွားလေသည်။

 

ဝိုင်သိုလှောင်ခန်းအတွင်းမှ အခြေအနေက အလွန်အန္တရာယ် များသည်။ ယန်ရှစ်ရွှမ်းက တစ္ဆေတောင်တန်း အရင်းအမြစ်ကို ဖယ်ရှားရှင်းလင်းပြီး အချိန်မှီ ရောက်ရှိလာသောကြောင့်သာ မဟုတ်လျှင် ယန်ရှစ်ရွှမ်းအပါအဝင် ကျန်သော တစ်ဖွဲ့လုံးက ကြမ်းတမ်းသည့် တိုက်ပွဲကို ရင်ဆိုင် ရနိုင်သည်။

 

အခြေအနေက မည်သို့ဖြစ်ခဲ့စေကာမူ ရိုက်ကူးရေးအဖွဲ့သားမှ အဖွဲ့ဝင်ပေါင်းများစွာက ထိုမကောင်းဆိုးဝါးများနှင့် ရင်ဆိုင်ပြီး ဒဏ်ရာများ ရရှိခဲ့ကြသည်။

 

အချို့သောဝန်ထမ်းအဖွဲ့ဝင်များဆိုလျှင် စိတ်အေးမှသာ သူတို့၏နာကျင်မှုနှင့် ဒဏ်ရာများကို သတိထားမိသွားကြသည်။ သူတို့သည် ညိုမဲယောင်ကိုင်းနေသော ဒဏ်ရာများ၊ ထက်ရှရာများနှင့် သတ္တဝါများ၏ အရိုးလက်သည်းများကြောင့် အလွန်နက်သော ဒဏ်ရာများ ရှိနေကြသည်။ အချို့သော သူများဆိုလျှင် အရိုးပင် ခုတ်ဖြတ်ခံရလုနီးပါး ဖြစ်လောက်အောင် ကြောက်ဖို့ ကောင်းလေသည်။ ဒဏ်ရာနည်းပါးသော သူများ၏ ဒဏ်ရာများကပင် အလွန်ပြင်းထန်သော အချိုးရာများနှင့် ကုပ်ခြစ်ရာများ ဖြစ်နေသေးသည်။

 

လူအများစုကမူ မောပန်းနွမ်းနယ်စွာနှင့် မြေပြင်ပေါ်တွင် ထိုင်လျက်သား ကျသွားကြသည်။ နဂိုက သူမ၏အင်းမေ့ချ်ကို အလွန်ဂရုစိုက်သော ပိုင်ရွှမ်းက မြေပြင်ပေါ်တွင် ပက်လက်ကြီး လှဲပြီး လက်တစ်ချောင်းပင် မမြှောက်တော့ချေ။ ကယ်ဆယ်ရေးအသင်းဖော်များက အပြေးအလွှားလာပြီး သူတို့၏ အခြေအနေများကို စစ်ဆေးပေးကြသည်။ ထိုအခါမှသာ မည်သူကမှ အသက်ကို ခြိမ်းခြောက်နိုင်သည့် အန္တရာယ်မရှိကြောင်း သိလိုက်ရသည်။

 

ငလျင်လိုမျိုး လှုပ်ခါသည့် ပြင်းထန်သည့် လှုပ်ခါမှုအတွင်းတွင် တစ္ဆေတောင်တန်း တစ်ခုလုံးက ပြိုလဲကျသွားပြီး ဖျက်ဆီးသွားခဲ့သည်။ သူတို့က အန္တရာယ်ကို အလောတကြီး ရှောင်ရှားရာတွင် ကယ်ဆယ်ရေးအသင်းက သူတို့၏ ပစ္စည်းအမြောက်အမြားကို စွန့်ပစ်ခဲ့ရသည်။ ထိုထဲတွင် ဆေးဝါးနှင့် ရိက္ခာများ ပါဝင်သည်။ ထိုသို့ဖြင့် ဖက်စ်အက်ကေ့စ်များလည်း ကျန်ခဲ့လေသည်။

 

သူတို့က တာအိုဘုန်းတော်ကြီး၏ ခြေရာနောက်သို့လိုက်ပြီး ဒီနေရာသို့ ရောက်ရှိ လာသောအခါမှသာ ကယ်ဆယ်ရေးအသင်း‌ဖော်များကလည်း သူတို့၏ လိုင်း ပြန်ရပြီဖြစ်သော ဂြိုလ်တုဖုန်းများကို သုံးပြီး တောင်ခြေတွင် ကျန်ရစ်ခဲ့သည့် ရိုက်ကူးရေးအသင်း တစ်ဖွဲ့ထံ သတင်းအချက်အလက်များ ကမ်းပေးရသည်။ ဒီနည်းအားဖြင့် အရေးပေါ်ကုသသည့် ပစ္စည်းများကို အလျင်စလို တောင်းခံရသည်။

 

ထိုသို့ဖြင့် လိုအပ်သည့် ပစ္စည်းများကို သယ်ဆောင်လာသည့် ကယ်ဆယ်ရေးအဖွဲ့ကလည်း ခပ်မြန်မြန် ရောက်ရှိလာသည်။

 

သူတို့သည် အရေးပေါ်ကုသရေး သေတ္တာများကို သယ်လာကြရင်း ဒဏ်ရာများကို အပြေးအလွှား စစ်‌ဆေး ပေးကြသည်။ ထို့နောက် အရေးပေါ် ကုသပေးကြသည်။

 

“ငါ မှတ်မိတာမှန်မယ်ဆိုရင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ လူနှစ်ယောက် ရှိတယ်မဟုတ်လား”

 

ဆေးဝါးကုသရေး အဖွဲ့ထဲမှ လူနှစ်ယောက်က မေးသည်။

 

“ဘာလို့ သူတို့ကို မတွေ့တာလဲ။ အဲဒီချုပ်ရိုးပွင့်သွားတဲ့ အမျိုးသမီးကို အမြန်ဆုံး ပိုးသတ်ပေးဖို့ လိုအပ်တယ်။ အဲဒီလိုမှ မဟုတ်ရင် အခြေအနေက အရမ်းအန္တရာယ် များသွားနိုင်တယ်”

 

ထိုကုသရေးအဖွဲ့မှ လူများ၏စကားက လူတိုင်းကို အံ့အားတကြီး ဖြစ်သွားစေသည်။

 

သူတို့သည် ဘေးဘီကို ကြည့်လိုက်ကြပြီးမှသာ ဝိုင်သိုလှောင်ခန်းအတွင်းမှ လွတ်မြောက်ခဲ့သော သူများသာ ရှိနေကြောင်း တွေ့ရသည်။ ဒီနေရာတွင် လျိုရီရီလည်း မရှိသလို အသိလွတ်သွားခဲ့သော အမျိုးသားအဆိုတော်လည်း မရှိခဲ့ချေ။ ထို့အပြင် သွေးသောက်မိပြီး လဲကျသွားသော အမျိုးသားဧည်သည့်ကိုလည်း မမြင်ရပါချေ။ အားလုံးက ပျောက်နေသည်။

 

သူတို့တွေ ထွက်မလာ နိုင်ခဲ့တာလား။

 

ကျန်းဝူပင်း၏ ကျောရိုးက တောက်လျောက် စိမ့်တက်သွားပြီး ယန်ရှစ်ရွှမ်းကို ကြည့်သည်။

 

“ယန်ကော”

 

ဘာတွေ အလောကြီးနေတာလဲ။ ဖုန်းခေါ်တာကို စောင့်။

 

ယန်ရှစ်ရွှမ်းက တည်ငြိမ်စွာနှင့် အနားရှိကျောက်တုံကြီးပေါ်တွင် လှဲချလိုက်ရင်း မျက်လုံးကို မှိတ်လိုက်သည်။

 

ယန်ရှစ်ရွှမ်း၏ တည်ငြိမ်မှုက အခြားသောသူများကို စိတ်အေးသွားစေပြီး မည်သူကမှ မစိုးရိမ် ကြတော့ချေ။ ထို့အစား သူတို့က ခပ်အေးအေး လှဲချလိုက်ကြပြီး မလှုပ်ချင်ကြတော့‌ချေ။

 

တစ္ဆေတောင်စံအိမ်၏ ခြောက်ခြားဖွယ်ကောင်းသော လွတ်မြောက်မှု အတွေ့အကြုံကို မရခဲ့သည့် ကယ်ဆယ်ရေး အသင်းဖော်များကမူ ရိုက်ကူးရေးအဖွဲ့သားမှ လူများက ကြောက်လွန်းသဖြင့် အသိလွတ် နေကြသည်ဟုသာ တွေးလိုက်မိသည်။ ယန်ကောဟုခေါ်သော လူငယ်လေးက မည်သည့်နည်းနှင့်မှ ယုံကြည် အားကိုးထိုက်ခြင်း မရှိပါချေ။

 

သူတို့၏ ယန်ရှစ်ရွှမ်းကို ကြည့်သော အကြည့်များထဲတွင် သဘော မကျဟန်များက ပြည့်နှက်လာသည်။

 

ကယ်ဆယ်ရေး အသင်းဖော်တစ်ယောက်က တာအိုဘုန်းတော်ကြီးကို လှည့်ပြီး မေးသည်။

 

“တာအိုပညာရှင်လီ ငါတို့အခု လာလုပ်သင့်တယ်လို့ ထင်လဲ။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအရ ဒဏ်ရာပြင်းပြင်းထန်ထန် ရနေတဲ့ အမျိုးသမီးကို အချိန်ထပ်ဆွဲလို့ မဖြစ်ဘူး”

 

တာအိုဘုန်းတော်ကြီးက ယန်ရှစ်ရွှမ်းထံမှ အကြည့်ကို ပြန်ရုတ်လိုက်သည်။ သူသည် ကယ်ဆယ်‌ရေးအသင်းခေါင်းဆောင်၏ စကားကို ကြားသောအခါ လက်ချောင်းကို လှူပ်ရှားလိုက်ပြီး တွက်ချက်ကြည့်လိုက်သည်။ ထို့နောက် ပြန်ထိုင်လိုက်ကာ တရားထိုင် ကျင့်ကြံတော့သည်။

 

“စောင့် မင်းရဲ့အရှေ့က လူတွေကိုသာ ပတ်တီးစီးသင့်တဲ့သူကို စီးပေး၊ ကုသ ပေးသင့်တဲ့သူကို ကုသပေးလိုက်။ ကျန်တဲ့အရာတွေကိုတော့ မင်းကို ဖုန်းခေါ်တဲ့အထိ စောင့်”

 

ကယ်ဆယ်ရေးအသင်းခေါင်းဆောင် “?”

 

ကယ်ဆယ်ရေး အသင်းဖော်တစ်ယောက်က မကျေနပ်သဖြင့် ပြောသည်။

 

“မဟုတ်သေးဘူး တာအိုပညာရှင်လီ ဒါက လူ့အသက်နော်။ ငါတို့ ဒီလို နှောင့်နှေးအချိန်ဆွဲလို့မရ _ _ _ “

 

“ဒါဆိုလည်း မင်း မြေအောက်လောကကို သွားပြီး ခေါ်တော့”

 

တာအိုဘုန်းတော်ကြီးက ပြန်ငြင်းသည်။

 

“မင်းတို့က တစ္ဆေတောင်ပေါ်မှာ ရှိနေတဲ့အချိန်က အဲဒီကျိုင်းကောင်သစ်ပင်နဲ့ သရဲတွေကို မမြင်ခဲ့ဘူးလား။ ကွေ့တောင်က တစ္ဆေတောင်နဲ့ ခွဲထွက်နေတာ။ အတွေ့အကြုံ မရှိတဲ့သူတွေ၊ ယန်စွမ်းအား အားနည်းတဲ့သူတွေက သေချာပေါက် ပြန်လာဖို့ အချိန် ယူရလိမ့်မယ်။ မင်းတို့က စောင့်ချင်စိတ်တောင် မရှိဘူးလား။ ဒါဆိုရင် ဘာလို့ မြေအောက်လောကကို သွားပြီး ပြန်မခေါ်လာ ခဲ့တာလဲ”

 

တာအိုဘုန်းတော်ကြီး စကားကို နားထောင်ရင်း ယန်ရှစ်ရွှမ်းပြောသော စကားမှန်‌ကြောင်း သိလိုက်သည်။ ပျောက်နေသောလူများက တစ္ဆေတောင်ပေါ်တွင် ဖြစ်နေသေးကာ ပြန်မရောက်သေးချေ။

 

ကယ်ဆယ်ရေးအသင်းခေါင်းဆောင်က တုန်ရင်သွားသည်။ တောက်ပသော နေမင်းက သူ့အပေါ်ရောက်နေသည့်တိုင်အောင် ကျောရိုးတောက်‌လျှောက် စိမ့်တက်သွားမှုကို ခံလိုက်ရလေသည်။

 

မေးခွန်းထုတ်ခံရသည့် အသင်းဖော်ကလည်း တိတ်ဆိတ်သွားသည်။ သူသည် သိပ်မကြာခင်က မြင်ခဲ့ရသည့် သူ၏ လောကအမြင်ကို အက်ကွဲသွားစေသော မြင်ကွင်းများကို အမှတ်ရသွားသည်။ သူသည် နာနာခံခံနှင့် ပါးစပ်ကိုသာ ပိတ်လိုက်ပြီး အရှေ့မှ ဒဏ်ရာရသူကိုသာ ကုသပေးနေလိုက်သည်။

 

တစ်ခဏခန့်ကြာပြီးနောက် ကယ်ဆယ်ရေးအသင်းခေါင်းဆောင်က စောင့်ဆိုင်းနေရင်း စိုးရိမ်တကြီး ဖြစ်လာကာ ဆက်မေးသင့် မမေးသင့်‌ တွေးတောနေသည့် အခိုက်အတန့်တွင် သူ၏ဖုန်းထံသို့ ခေါ်ဆိုမှုတစ်ခုကို ရရှိလာသည်။

 

“ဒါက ကယ်ဆယ်‌ရေး အသင်းကလား”

 

တစ်ဖက်မှ သက်လတ်ပိုင်းလူကြီး၏ အသံက ငိုချင်လုနီးပါး ဖြစ်နေသည်။

 

“ငါက ကွေ့တောင်ပေါ်က အပန်းဖြေစံအိမ်ကို ပိုင်တဲ့သူပါ။ မင်းတို့တွေ အရင်တစ်ခေါက်ကတောင် လာပြီးတော့ စုံစမ်းသွားသေးတယ်လေ။ ငါ ငါ ရဲကိုခေါ်ဖို့လိုတယ်ထင်တယ်။ ငါ ရဲကိုခေါ်ရမယ် ဝူး ဝူး”

 

“?”

 

ကယ်ဆယ်ရေးအသင်းခေါင်းဆောင်က သတိလက်လွတ် ယန်ရှစ်ရွှမ်းကို ကြည့်လိုက်သည်။ တစ်ဖက်သူက မျက်လုံးမိတ်ပြီး တရားထိုင်နေ၏။ ဒါဟာ တိုက်ဆိုင်မှု မဟုတ်ဟု ထင်လိုက်ပြီး စိတ်ရှည်စွာ မေးသည်။

 

“ဟုတ်တယ် ငါ မှတ်မိတယ်။ မင်း အကူအညီ လိုအပ်တာရှိလို့လား”

 

“ဒီမှာ သရဲ သရဲ သရဲတွေ”

 

သက်လတ်ပိုင်းလူက ကြောက်သွားသည်။

 

“ငါ့ရဲ့ ဗီလာဟော်တယ်မှာ သွေးသံရဲရဲနဲ့ သရဲတွေ အများကြီး ပေါ်လာတယ်။ သူတို့က ချက်ချင်းပေါ်လာပြီး ချက်ချင်း လဲကျတာ။ မြန်မြန်လေး လာကြပါ”

 

ကယ်ဆယ်ရေးအသင်းခေါင်းဆောင်က စိတ်ဓာတ်ကျနေသောလူကြီး၏ တောင်းပန်မှုကို ပြန်မဖြေနိုင်သေးခင် ကျောက်သားပေါ်တွင် မျက်လုံးမိတ်လျက် ထိုင်နေခဲ့သော ယန်ရှစ်ရွှမ်းက ရုတ်တရက် မျက်လုံးကို ကျဉ်းမြောင်းစွာ ဖွင့်သည်။ သူ၏ မှင်ရည်နက်ရောင်မျက်ဝန်းတစ်စုံက တောက်ပလာပြီးနောက် သူက တည်ငြိမ်စွာ ထရပ်သည်။ ထို့နောက် ဘောင်းဘီပေါ်မှ ဖုန်များကို သက်ချသည်။

 

“အစစ်အမှန် ကွေ့တောင်စံအိမ်ကို သွားကြစို့”

 

ယန်ရှစ်ရွှမ်းက ဘေးဘက်မှ ကျန်းဝူပင်းကို တစ်ချက် ကြည့်ပြီးပြောသည်။

 

“မင်း မူလက အမှန်တကယ် ဘိုကင်ယူချင်ခဲ့တဲ့ စံအိမ်က ဘယ်လိုပုံစံလဲဆိုတာကို သွားကြည့်တာပေါ့”

 

******