Ch 37
Viewers 6k

အပိုင်း(၃၇)

 

အနာဂတ် ပြဿနာများကို ကြောက်လန့် သောကြောင့် ဒဏ်ရာ ရရှိထားသော သူများက တောင်အောက်ကို မဆင်းနိုင်သော အချက်ကို ထည့်တွက်ပြီး ကယ်ဆယ်ရေး အသင်းများက ဒဏ်ရာများကို ကုသရန် လိုအပ်သည့် ရိုက်ကူးရေး အဖွဲ့သားများကို သူတို့နှင့်အတူ ခေါ်ပြီး အဆင့်မြင့် အပန်းဖြေစံအိမ်ဟော်တယ်သို့ ခေါ်ဆောင် သွားလိုက်သည်။

 

ဖုန်းခေါ်လာခဲ့သည့် ထိတ်လန့်နေသော ပိုင်ရှင်က အလွန်ကြောက်လန့် သွားပုံပေါ်ပြီး စံအိမ်ထဲတွင် ဆက်မနေ ရဲတော့ချေ။ သူက စံအိမ်ဝင်ပေါက်နားတွင်ပင် ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက် လုပ်နေခဲ့ပြီး အလွန်အမင်း ပူပန်သောက ရောက်လျက် ခြောက်ခြားနေပုံ ပေါ်သည်။

 

သက်လတ်ပိုင်းလူက အဝေးမှ လှမ်းကြည့် ကတည်းက ချဉ်းကပ်လာသည့် အဖွဲ့ကို သိလိုက်သည်။ ထိုအဖွဲ့လူများက အနားသို့ မရောက်သွားသေးခင် သူ၏မျက်လုံးက တောက်ပသွားပြီး ချက်ချင်းလိုလို အပြေးသွားသည်။

 

“လူကြီးမင်းယန် လူကြီးမင်းယန် လူကြီးမင်းယန်လည်း လာတာလား။ ဝမ်းသာစရာ ကောင်းလိုက်တာ။ လူကြီးမင်းယန် ဒီမှာရှိနေရင် ငါ တအားကို စိတ်အခြေအနေ ကောင်းသွားပြီ”

 

ကယ်ဆယ်‌ရေး အသင်းခေါင်းဆောင်က သက်လတ်ပိုင်းအရွယ် လူနှင့် လက်ဆွဲ နူတ်ဆက်ပြီး ကောင်းကောင်း စကား မပြောနိုင်သေးခင် စံအိမ်ပိုင်ရှင်က သူ့ကို ခပ်မြန်မြန် ကျော်ဖြတ်လျက် နောက်ဘက်မှ ခပ်အေးအေး လျှောက်လာသော ယန်ရှစ်ရွှမ်းထံ ချဉ်းကပ်သွားကြောင်း တွေ့လိုက်သည်။

 

“ရသစုံရှိုးအဖွဲ့က ငါ့ရဲ့ဟော်တယ်မှာ ဘိုကင် ယူသွားသလားလို့ ငါ့ကို တစ်ယောက်ယောက် လာမေးသွားကတည်းက ငါ ဒီရှိုး အွန်လိုင်းပေါ်မှာ တိုက်ရိုက် ထုတ်လွှင့်သွားခဲ့တဲ့ ရီကောတင်းတိုင်းကို ပြန်ကြည့် ပြီးသွားပြီ။ ဒါက ဘယ်လို ပရိုဂရမ်လဲလို့ ငါ အရမ်းသိချင်ခဲ့တာကိုတောင် မမျှော်လင့်ထားပဲ တိုက်ရို က်ထုတ်လွှင့်မှုအခန်းထဲက အဲဒီစံအိမ်က ငါ့ရဲ့ဒီအပန်းဖြေဟော်တယ်နဲ့ တအားတူတာကို တွေ့လိုက်ရတယ်။ အဲဒီ စံအိမ်က ဘယ်လိုပဲကြည့်ကြည့် အရမ်းတူလွန်းတယ်”

 

“ဘုရားရေ အဲဒီစံအိမ်ထဲက သရဲတွေက ငါ့ကို လာခြောက် နိုင်တယ်။ ငါ ဟော်တယ်ထဲမှာ ထိုင်နေရင်တောင်မှ တအား ကြောက်နေမိတယ်။ အဲဒီသရဲတွေက ငါ့ရဲ့အနောက်မှာ ရပ်နေတယ်လို့ ခံစားရလို့ မကြာခဏဆိုသလို ငါ နောက်ပြန် လှည့်ကြည့် နေမိတာ။ မကြာခဏဆိုသလို ငါ ဟိုဟိုဒီဒီ လိုက်ကြည့်နေမိတယ်။ လေက ပြတင်းပေါက်ကို တိုက်လို့ မှန်က လှုပ်သွားရင်တောင်မှ ငါက သရဲလို့ ထင်နေတာ။ ငါ တိုက်ရိုက် ထုတ်လွှင့်မှုအခန်းမှာ ဆက်တိုက်နေနေပြီး ဘယ်လောက်‌တောင် နှိပ်စက်ခံနေရလဲ မသိပါဘူး”

 

ထိုသက်လတ်ပိုင်းအရွယ် စံအိမ်ပိုင်ရှင်က ယန်ရှစ်ရွှမ်းနှင့် လက်ဆွဲနူတ်ဆက်ရန် အပြေးလာသော်လည်း ယန်ရှစ်ရွှမ်းက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ စံအိမ်ပိုင်ရှင်ကမူ သတိမမူမသလိုမျိုး စိတ်လှုပ်ရှားစွာ စကား ဆက်ပြေးနေမိသေးပြီး ဖြစ်ခဲ့သည့် အခြေအနေတိုင်းကို အသေးစိတ်ကျကျ ရှင်းပြသည်။ ကြည့်ရသည်မှာ သူသည် အမှန်တကယ် ကြောက်လန့်နေခဲ့ပုံ‌ ပေါ်သည်။

 

“ငါကတော့ ဒါက ပြီးသွားပြီလို့ ထင်နေတာလေ။ ဒါပေမယ့် အခုလေးတင် ငါ ဖုန်းမဆက်ခင်လေးတင် ရုတ်တရက် ခွက်ဆိုပြီး သွေးသံရဲရဲနဲ့ လူတွေ ကျလာတာပဲ။ အချို့ကတော့ မြေပြင်ပေါ် တိုက်ရိုက် ကျတာ။ အိမ်ထဲက အမျိုးသမီးတစ်ယောက်ဆိုရင် ပထမထပ်က ငါ့ရဲ့ ဝန်ထမ်းနားနေခန်းမှာ ပေါ်လာတာလေ။ ဒါကြောင့် ဟော်တယ်က ဝန်ထမ်းတောင် အရမ်း ကြောက်သွားခဲ့တာ လူကြီးမင်းယန်။ လူကြီးမင်းယန်နဲ့ မင်းတို့ ကယ်ဆယ်ရေးအသင်းကလူတွေ ကျေးဇူးပြုပြီး ဘာတွေ ဖြစ်နေလဲဆိုတာကို ကြည့်ပေးပါဦး”

 

သက်လတ်ပိုင်းအရွယ် ပိုင်ရှင်၏ ဖော်ပြချက်ကို နား‌ထောင်ခြင်းအားဖြင့် ပျောက်နေသော အဖွဲ့ဝင်များနှင့် တူညီကြောင်း သိလိုက်သည်။ အထူးသဖြင့် လျိုရီရီ ဖြစ်သည်။

 

ကယ်ဆယ်ရေးခေါင်းဆောင်၏ မျက်နှာအမူအယာက လေးနက်သွားသည်။ သူက ကယ်ဆယ်ရေးအသင်းကို ခေါ်ပြီး ခပ်မြန်မြန် ဝင်သွားသည်။

 

မျှော်လင့်ထားသည့်အတိုင်း ထိုသွေးသံရဲရဲနှင့်အရာများသည် လျိုရီရီတို့ ဖြစ်သည်။

 

ကယ်ဆယ်ရေး အသင်းခေါင်း‌ဆောင် “ဒဏ်ရာက ပြန်ပွင့်သွားပြန်ပြီ။ ကြည့်ရတာ သုံးကြိမ်ဆက်တိုက် ဒဏ်ရာ ရသွားတဲ့ပုံပဲ။ တော်‌တော်လေး ပြင်းထန်တယ်။ ငါတို့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ မြင်တာထက်တောင် ဆိုးနေပြီ။ ငါတို့ရဲ့ အရေးပေါ် ကုသမှုပစ္စည်းတွေက မလုံလောက်ဘူး။ ငါတို့ ဌာနချုပ်ကို တောင်းဆိုပြီး ဟယ်လီကော်ပရာ တောင်းခံရမယ်”

 

အခြားသော ကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်များက ချက်ချင်းဆိုသလို ဆက်သွယ် လိုက်ကြပြီး အခြေအနေကို တင်ပြလျက် အကူအညီတောင်းခံကြသည်။

 

ထိုအချိန်တွင် ကယ်ဆယ်‌ရေးအသင်းနှင့် အဆက်အသွယ်ပြတ်သွားသော တခြားအဖွဲ့ဝင်များနှင့် တာအိုဘုန်းတော်ကြီး အချို့ကလည်း ပြန်လည် ဆက်သွယ် နိုင်သွားပြီ ဖြစ်သည်။ သူတို့သည်လည်း ဟော်တယ်သို့ လာပြီး အခြေအနေကို ကြည့်မည်ဟု ဆိုသည်။ ထိုသို့ဖြင့် ယာယီကုသဆောင်အဖြစ် အသုံးပြုရန် စီစဉ်လိုက်ကြသည်။

 

သို့ရာတွင် ရသစုံရှိုးကို ကြည့်ရှုသူ အလွန်များပြီး ဆွေးနွေးမှု အလွန်များခဲ့သောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု စခရင် ပြတ်တောက်သွားခြင်းက ရှိုး၏ကျော်ကြားမှုကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေသည်။

 

ယခုဆိုလျှင် သူတို့၏ဖန်သားပြင်များ၏ အရှေ့တွင် စောင့်ဆိုင်းနေကြသည့် ပရိတ်သတ်များ သန်းနှင့်ချီရှိသည်။

 

ဗီဒီယို ပလက်ဖောင်းများတွင် ဖြစ်စေ၊ ဆိုရှယ်မီဒီယာများပေါ်တွင် ဖြစ်စေ အားလုံးက အုံလိုက်ကျင်းလိုက် ရှိနေပြီး ကယ်ဆယ်ရေးများနှင့် ပတ်သက်သည့် အော်ဖစ်ရှယ် အပ်ပဒိတ်များကို သိချင်စိတ်ပြင်းပြစွာနှင့် စောင့်ဆိုင်းနေကြသည်။ လူတိုင်းလိုလို လုံခြုံရေးကိုလည်း ဆုတောင်းပေးနေကြသည်။

 

ဆိုရှယ်သက်ရောက်မှုကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် အာဏာပိုင်များကလည်း ကယ်ဆယ်ရေးအသင်းနှင့် ဆက်သွယ်ပြီး လူတိုင်း အသက်ရှင်ခြင်း ရှိမရှိ စစ်ဆေးခဲ့သည်။ အထူးသဖြင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသော အမျိုးသမီး ဖြစ်သည်။ သူသည် အ‌ရေးပေါ်ကုသမှုအတွက် လေ‌ကြောင်း သယ်ယူပို့‌ဆောင်မှုကို တောင်းခံစေသည်။ ထိုသို့ဖြင့် ဟိုင်ရန်ဂူဘုရားကျောင်းမှ ဘုန်းတော်ကြီးများနှင့် ဆက်သွယ်ပြီး နောက်ထပ် သဘာဝလွန် အဖြစ်အပျက်များ မရှိတော့ကြောင်း အတည် ပြုလိုက်သည်။ အနည်းငယ်ဆွေးနွေးပြီးနောက် စိုးရိမ်နေသော ကြည့်ရှုသူများ၏ စိတ်ကို ငြိမ်အေးစေရန်အလို့ငှာ ပြန်လည်တိုက်ရိုက် ထုတ်လွှင့်ခွင့် ပြုလိုက်သည်။

 

တစ်ခါတစ်ရံတွင် ဖုန်းကွယ်သည့် ကိစ္စများလေလေ သံသယဝင်ပြီး မဖြစ်နိုင်သည့် သီဟိုရီများကို ကောက်နုတ်ချက် ချလေလေ ဖြစ်သည်။ ထို့ကြောင့် တိုက်ရိုက် ထုတ်လွှင့်ခြင်းအားဖြင့် လူတိုင်းအရာအားလုံးကို သိစေရန် ကြည့်ခွင့် ပြုလိုက်ခြင်းက ပို၍ကောင်းသည်။ ဒီနည်းအားဖြင့် သူတို့က ကိုယ်ပိုင်မျက်လုံးနှင့် အတည်ပြု နိုင်မည်ဖြစ်ပြီး လူတိုင်းကလည်း သူတို့မြင်ရသည့်အရာကို စိတ်ရင်းဖြင့် ယုံကြည်ရပေမည်။

 

ဒါက အမျိုးမျိုးသော ဆွေးနွေးမှုများနှင့် အကြောင်းအရာများကို ရှင်းလင်းသည့် အမြန်ဆန်ဆုံး နည်းလမ်း ဖြစ်သည်။

 

ချက်ချင်းဆိုသလိုပင် ယခုလောက်ကြီးသော ကိစ္စကြီးဖြစ်ပွားပြီးနောက် သူ၏ခရီးသွား ရသစုံရှိုးက အဆုံးသတ်နေပြီဟု ထင်နေပြီး ဟော်တယ်လော်ဘီ၏ ထောင့်တစ်နေရာတွင် ကုပ်ကုပ်လေးထိုင်ကာ သုန်မှုန် စိတ်ကောက်နေခဲ့သည့် ကျန်းဝူပင်းက ကယ်ဆယ်ရေးအသင်းခေါင်းဆောင်၏ တရွတ်တိုက် ဆွဲခေါ်မှုကို ခံလိုက်ရသည်။

 

ကျန်းဝူပင်း “?”

 

ရုတ်တရက် သူ၏လက်ထဲသို့ ဖုန်းတစ်လုံး ထိုးထည့်ပေးလိုက်သည်။ ကျန်ဝူပင်းက ကြောင်တောင်တောင် ဖြစ်နေသည်။ သူ၏မျက်နှာတွင် မခြောက်သေးသည့် မျက်ရည်များကို မြင်နိုင်သည်။ ထို့ကြောင့် သူက ကြောင်တောင်တောင်ပုံစံလေး ဖြစ်နေသည်။

 

ပင်းဟိုင်မြို့၏ အာဏာပိုင်များထံမှ ဆုံးဖြတ်ချက်အရ ပရိုဂရမ်ကို ဆက်လက်တိုက်ရိုက် ထုတ်လွှင့်ခွင့် ရှိသေးကြောင်း သိလိုက်သောအခါ သူက အပျော်လွန် သွားသည်။ သူက ပျော်လွန်းသဖြင့် လျှာကိုက်လုနီးပါး ဖြစ်သွားသည်။ ဟော်တယ်အတွင်း အရာအားလုံးကို စောင့်ကြည့်နေခဲ့သည့် ယန်ရှစ်ရွှမ်းက ထိုရူးကြောင်ကြောင် အကောင်ကို မြင်သောအခါ မျက်လုံးကို လှန်လိုက်သည်။ သူသည်လည်း ထိုအကောင်က ခွေးတစ်ကောင်က လူအဖြစ် ပြောင်းလာသလောဟုပင် သံသယ ဝင်နေသေးသည်။ မည်သို့ပင်ဆိုစေ ခွေးပေါက်လေးလိုမျိုး အမြှီးယမ်းရန်အတွက် ခြေတစ်လှမ်းသာ ဝေးကွာလေသည်။ သို့ရာတွင် ထိုအခြေအနေက ကျန်းဝူပင်းအား ဒီခရီးသွားရသစုံရှိုးကို မည်မျှအလေးထားကြောင်း ပို၍နားလည် သွားစေသည်။

 

ချမ်းသာသော တတိယမျိုးဆက် ကောင်တစ်ကောင်က သူ၏မွေးဖွားချိန်ကတည်းက ထူးခြားသည့် ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် အမြဲတစေ ညစ်ညမ်းသည့် အရာများကို ဆွဲ‌ဆောင်မိပြီး ခက်ခဲသည့်ဘဝကို နေထိုင်ခဲ့ရသည်။ ထို့အတွက်ကြောင့် သူ၏အကြီးအကဲများက သူ့ကို ကောင်းကောင်း ကာကွယ် ပေးထားကြသည်။ သို့သော် ထိုလူက ယခုအခါ ရုတ်တရက်ကြီး ဒီရသစုံရှိုးကို အောင်မြင်ချင်နေသည်။

 

အခြားတစ်ဖက်ခြမ်းတွင် ကျန်းဝူပင်းက တောက်ပစွာ ပြုံးနေသည်။ သူ၏ သွားဖုံးကိုပါ မြင်နေရသည်။

 

ထိုအခိုက် ယန်ရှစ်ရွှမ်းက အကြည့်ကို ပြန်လွှဲလိုက်ပြီး ဆက်သွယ်မှု ပျောက်ဆုံးသွားပြီးနောက် ဟော်တယ်သို့ ပြန်လည် ရောက်ရှိလာသည့် ဂူဘုရားကျောင်းမှ တာအိုဘုန်းတော်ကြီးများကိုလည်း ရှောင်ရှား လိုက်သည်။ သူက ဧည့်ခန်းအတွင်းရှိ ထောင့်တစ်နေရာနားသို့ သွားလိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်ချ လိုက်သည်။

 

ဆေးကုသရာတွင် ကျွမ်းကျင်ပညာရှင်များက ရောက်ရှိ လာသည့်အပြင် ကယ်ဆယ်ရေးအသင်းဖော်များကလည်း တောင်အောက်သို့ ဆင်းနိုင်ပြီ ဖြစ်သည်။ ပါ့ပလစ်အတွက် အော်ဖစ်ရှယ် ရှင်းပြချက်များကိုလည်း ထုတ်ပြန် ကြေငြာပြီးသား ဖြစ်လေရာ ဟိုင်ရန်ဂူဘုရား‌ကျောင်း၏ ဘုန်းတော်ကြီးများကလည်း သဘာဝလွန် အဖြစ်အပျက်များကို ဆက်လက်ပြီး ကိုင်တွယ်သွားပြီ ဖြစ်သည်။

 

အရာအားလုံးက ကောင်းကောင်း လုပ်ဆောင်သွားနိုင်ပုံ ပေါ်သည်။ ထိုအခြေအနေကြောင့် ယန်ရှစ်ရွှမ်းက စိတ်အေးသွားပြီး အခြေအနေကို မစိုးရိမ် တော့ချေ။

 

မည်သို့ပင်ဆိုစေ သူသည် သူနှင့် ကျန်းဝူပင်း သဘောတူညီချက်ကို ဖြည့်ဆည်း ပေးလေပြီ။ ဒီနောက်ပိုင်းကိစ္စများက သူနှင့် မသက်ဆိုင် တော့ပေ။

 

သို့ရာတွင် ယန်ရှစ်ရွှမ်းက မျက်လုံးမှိတ်ပြီး အနားမယူနိုင်သေးခင် ရုတ်တရက် တစ်စုံတစ်ယောက်ဟာ လျှင်မြန်စွာ ချဉ်းကပ်လာကြောင်း သိလိုက်သဖြင့် ကြည့်လိုက်သည်။ သူ့အပေါ် အရိပ်တစ်ရိပ်က ကျလာသည်။

 

သူက သတိအပြည့်ကပ်ထားရင် မျက်လုံးကို ဖွင့်လိုက်သည်။ ထိုအခါ ချဉ်းကပ်လာသော ပုံရိပ်က စူးရှသောအကြည့်ဖြင့် ကြည့်လိုက်သည်။

 

လတ်စသတ်‌တော့ အသားကုန် အော်ဟစ်ရယ်မောနေတဲ့ ကျန်းဝူပင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာကြီးနဲ့ သူ့ကို လာချိန်နေတာပဲ။ ထိုအချိန်တွင် ယန်ရှစ်ရွှမ်းက ရှင်းရှင်းလင်းလင်း ကြည့်လိုက်သောအခါ ကျန်းဝူပင်း၏ အနောက်ဘက်ရှိ မမြင်ရသည့် အမြှီးကပင် ခါယမ်းနေပြီး ပျော်ရွှင်နေသည့် အရူးခွေးတစ်ကောင်နှင့် တူနေကြောင်း သိလိုက်သည်။

 

“.....”

 

ယန်ရှစ်ရွှမ်းက မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး မျက်နှာသေနှင့် ကြည့်လိုက်သည်။

 

တိုက်ရိုက်ထုတ်လွှင့်က စတင်နေပြီ ဖြစ်သောကြောင့် သူသည် စကားအများကြီး ထုတ်ပြော၍ မရချေ။ ထို့ကြောင့် သူ၏အေးစက်ပြီး အန္တရာယ်များသည့် ခံစားချက်မဲ့သည့် မျက်လုံးများဖြင့်သာ ကျန်းဝူပင်းကို တိတ်တဆိတ် ကြည့်နေလိုက်သည်။

 

ရှိုးကို ဆက်ရိုက် နိုင်သောကြောင့် ပျော်ရွှင်နေသည့် ကျန်းဝူပင်းက ယန်ရှစ်ရွှမ်း၏ စိတ်အချဉ် ပေါက်နေသည့် အခြေအနေကို ခံစားမိပုံမရချေ။

 

သူက ရူးကြောင်ကြောင် ဆက်ပြုံးနေပြီး ယန်ရှစ်ရွှမ်းထံ တက်ပလက်ပြားကို ပေးလျက် တိုက်ရိုက်ထုတ်လွှင့်သည့် ပစ္စည်းများကို ခပ်မြန်မြန် တပ်ဆင်နေလေသည်။ ထို့နောက် ကင်မရာအား ယန်ရှစ်ရွှမ်းပေါ် တိုက်ရိုက် ချိန်လိုက်သည်။

 

“ယန်ကော ၉၉ရက်တာ နှလုံးခုန်သံခရီးက ကြည့်ရှုသူတွေက ငါတို့ရဲ့လုံခြုံ‌ရေးကို တအားကို စိုးရိမ်နေကြတယ်။ ဒါပေမယ့် အားလုံးကလည်း ပင်ပန်းနွမ်းနယ် နေကြပြီ၊ ဆာလောင်နေကြပြီ ဘယ်သူကမှ ကောင်းမွန်တဲ့ အခြေအနေမှာ မရှိဘူး။ ဒါကြောင့် ယန်ကောကပဲ ငါတို့ လုံခြုံတဲ့အကြောင်း ပြောပေးနိုင်မလား”

 

ကျန်းဝူပင်းက ကင်မရာအနောက်တွင် ရပ်နေပြီး ယန်ရှစ်ရွှမ်းအား တိုက်ရိုက်ထုတ်လွှင့်မှုမှ ကိစ္စများကို အာရုံစိုက်ရန် အမူအယာ ပြနေသည်။ သူသည် ကောင်းမွန်ပြီး စိတ်အခြေအနေ တိုးတက်စေမည့် သတင်းစကားများကို ပြောလျက် ပရိုဂရမ်၏ အခြေအနေကို သိသာစေရန် ရည်ညွှန်းပြနေသည်။ မည်သို့ပင်ဆိုစေ မကောင်းသည့်စကားများ၊ မှတ်ချက်များ၊ ပုန်ကုန်မှုများကြောင့် ပရိုဂရမ်ကို ပိတ်သိမ်းစေ၍ မဖြစ်ချေ။

 

ပရိုဂရမ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာကသာ မှားယွင်းသွားခဲ့လျှင် သူသည် အော်ဟစ်ငိုယိုပြီး ယန်ရှစ်ရွှမ်း၏ ခြေသလုံးကို ဖက်ကာ ငိုယိုနေလောက်သည်။

 

ထိုအကြောင်းအရာကို ပြောပြီးနောက် ကျန်းဝူပင်းက တိုက်ရိုက်ထုတ်လွှင့်မှု ပစ္စည်းများကို ဒီနေရာတွင် ထားလျက် ထွက်သွားသည်။ ထိုသို့ဖြင့် ယန်ရှစ်ရွှမ်းကို အလွန် ယုံကြည်နေပုံ ပေါ်လေပြီး ကယ်ဆယ်ရေးအသင်းနှင့် သွားရောက် ပူးပေါင်း လေသည်။

 

ထိုအခြေအနေက ယန်ရှစ်ရွှမ်းကို တစ်ယောက်တည်း မျက်နှာမဲမှောင်စွာနှင့် ချန်ရစ်ထားခဲ့သလို ဖြစ်သွားသည်။ သူက မဲမှောင်သော မျက်နှာနှင့် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာကို ကြည့်လိုက်သည်။

 

လေထုက လေးလံ လွန်းသဖြင့် အခြားတစ်ဖက်ခြမ်းမှ တာအိုပညာရှင်များက ဘေးဘီကို ကြည့်လိုက်မိကြသည်။ ထို့နောက် ခပ်တိုးတိုး ရေရွတ်ကြ၏။

 

“ထူးဆန်းလိုက်တာ ဘာလို့ ရုတ်တရပ်ကြီး လေအေးက ဖြတ်တိုက်သွားသလို ခံစားလိုက်ရတာလဲ။ ငါ သရဲလည်း မမြင်ပါဘူး”

 

အကြားအာရုံ ကောင်းမွန်သော ယန်ရှစ်ရွှမ်း “.....”

 

ငါက သရဲနဲ့ တူလို့လား။

 

သို့သော် ယန်ရှစ်ရွှမ်း၏ နိမ့်ကျနေသော စိတ်အခြေအနေက တိုက်ရိုက် ထုတ်လွှင့်မှုကို စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေကြသည့် ကြည့်ရှုသူများအပေါ် မသက်‌ရောက်ချေ။

 

နာရီပေါင်းများစွာ စိုးရိမ်တကြီး စောင့်ဆိုင်းပြီးမှ ခရီးသွား ရသစုံရှိုး၏ အဖွဲ့သားများ၏ လုံခြုံရေးအတွက် စိုးရိမ်နေရသူများက ပင်းဟိုင်မြို့ အာဏာပိုင်မှတဆင့် တရားဝင် ကြေငြာချက်ကို လက်ခံရရှိလိုက်ပြီ ဖြစ်သည်။

 

တရားဝင်ကြေငြာချက်အရ ပင်းဟိုင်မြို့ရှိ အာဏာပိုင်များက ရိုက်ကူးရေး အဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေး အဖွဲ့ဝင်များ ကြုံတွေ့ခဲ့ရသည့် ထူးဆန်းသော အကြောင်းအရာများနှင့် အန္တရာယ်များသော အကြောင်းအရာများကို ထည့်သွင်း ပြောထားခြင်း မရှိချေ။ထို့အစား လူတိုင်းက အန္တရာယ်မှ လွတ်မြောက်လာခဲ့ပြီ ဖြစ်ကြောင်းကိုသာ အကြမ်းဖျင်း ဖော်ပြထားသည်။ ကယ်ဆယ်ရေးဖြစ်စဉ်ကို လုပ်ဆောင်နေပြီ ဖြစ်ပြီး ဗီဒီယို ပလက်ဖောင်းတစ်ခု၏ တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်များ၏ လင့်ကိုပင် တိုက်ရိုက်ပို့ထားသေး၏။ ထိုသို့ဖြင့် လူတိုင်းကို ကိုယ်ပိုင်မျက်လုံးဖြင့် အတည်ပြုနိုင်ကြောင်း ပြောလေသည်။

 

ရိုက်ကူးရေးအသင်း၏ အဓိက တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်က ပြန်ပွင့်သွားရုံသာ မကသေးလေပဲ အချို့သော အသင်းဖော်များ၏ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုနှင့် ချက်ချင်းလိုလို ကုသဖို့ လိုအပ်မှုများကြောင့် အာဏာပိုင်များက ရိုက်ကူးရေးအသင်း၏ အခွဲဖန်သားပြင်၏ တိုက်ရိုက်ထုတ်လွှင့်မှု ပစ္စည်းကိရိယာကို ဒဏ်ရာရရှိသူများကို တောင်ပေါ်မှ သယ်ချသည့် ကယ်ဆယ်ရေး အသင်းထံ ပေးလိုက်သည်။ ထိုအခြေအနေကြောင့် အများအမြင်ကို တည်ငြိမ်အောင် ထိန်းနိုင်မည်ဖြစ်ပြီး လူတိုင်းက အသက်ရှင်နေသေးကြောင်း နားလည်သွားစေမည် ဖြစ်သည်။

 

သို့ရာတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်သော လျိုရီရီကဲ့သို့ လူမျိုးကို ချက်ချင်း‌ရွေ့ရန် မဖြစ်နိုင်‌တော့ချေ။ ယာယီအားဖြင့် အပန်းဖြေစံအိမ် အတွင်းတွင်သာ ဒဏ်ရာများကို တည်ငြိမ်အောင် ကုသပေးနေရမည်။ နောက်ပိုင်းမှသာ ဟယ်လီကော်ပရာဖြင့် ရောက်ရှိလာမည့် ပို၍ကျွမ်းကျင်သော ပညာရှင်များနှင့်အတူ ဆေးရုံသို့ ပို့ဆောင်ရမည်ဖြစ်သည်။

 

တောင်ခြေတွင် ကျန်နေရစ်ခဲ့သည့် ရိုက်ကူးရေးအဖွဲ့မှ အဖွဲ့ဝင်များလည်း ရှိသည်။ သူတို့သည်လည်း ဒါရိုက်တာအသင်းထံမှ ညွှန်ကြားချက်ကို စောင့်နေခြင်း ဖြစ်သည်။ ကံဆိုးသည်မှာ သူတို့က ဒါရိုက်တာအသင်းနှင့် အဆက်အသွယ် ပြတ်သွားပြီး တောင်ပေါ်တွင် ရှိသည့် သွေးနီရောင်လူသားများနှင့် ဆုံခဲ့သည်။ တောင်ပေါ်တွင် ငလျင်လှုပ်သည့် အချိန်ကာလအတောအတွင်း အခြားသော ထွက်ပြေးသွားသော အဖွဲ့လိုမျိုး တာအိုဘုန်းတော်ကြီးများ၏ လမ်းပြမှုလည်း မရှိနေချေ။ အကာအကွယ်လည်း မရှိတော့သောအခါ သူတို့သည်လည် မြေသားအကြားထဲသို့ ပြုတ်ကျခြင်း သို့မဟုတ် တောင်ပေါ်မှ ပြုတ်ကျသည့် ဖြစ်စဉ်များကို ကြုံတွေ့ရခြင်း တို့ကြောင့် အပြင်ဒဏ်ရာများကို ရရှိထားကြသည်။ ထို့ကြောင့် သူတို့ကို ဆက်လက်ပြီး ဖိအားပေး၍ မရတော့‌သလို ဟိုဟိုဒီဒီ ရွှေ့ပြောင်းလို့ မရနိုင်သေးလေရာ ယာယီအားဖြင့် ဟော်တယ်တွင်ထားပြီး အခြေအနေ တိုးတက်ကောင်းမွန်သည့် အ‌ရေးပေါ် ကုသမှုများ ပြုလုပ် နေရလေသည်။

 

ရွှေ့ပြောင်း၍ မရသည့် ဒဏ်ရာရထားသူများ သို့မဟုတ် လှုံ့ဆော်ခံရ၍ မဖြစ်သော သူများကိုမူ ဟော်တယ်အတွင်းတွင် ယာယီအားဖြင့် ထားထားပြီး သူတို့၏အခြေအနေ တိုးတက်လာသည်အထိ အရေးပေါ်ကုသမှုကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

 

ထိုသို့ဖြင့် အာဏာပိုင်များထံမှ အသေးစိတ်ကျသော ရှင်းပြချက်များကို လက်ခံရရှိပြီးသောအခါ ကြည့်ရှုသူများ၏ ကြာရှည်စွာ စိုးရိမ်ပူပန်နေခဲ့ရသည့် နှလုံးသားက တည်ငြိမ်သွားသည်။ ထိုသို့ဖြင့် ခံစားလွယ်သော သူများဆို ရိုလာကိုစတာလို အတွေ့အကြုံခံစားပြီး စိတ်ဒဏ်ရာရကြသလို မျက်ရည်များ ကျကြသည်။

 

ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင်လည်း hastage#ကွေ့တောင်လူတိုင်းက ဒီမှာ#အကြောင်းအရာက အချိန်နှင့်တပြေးညီ ထရန်းတင်းဝင်သည့် စာရင်းအတွင်းသို့ မိနစ်ပိုင်းတည်းနှင့် ထိပ်ဆုံးသို့ ရောက်ရှိသွားလေသည်။ ထိုသို့ဖြင့် အချိန်နှင့် တပြေးညီ ဆွေးနွေးမှုကို စောင့်ဆိုင်းကြသည့် သန်းနှင့်ချီသော လူပေါင်းများစွာက သတင်း ရရှိသွားသည်။

 

ပင်းဟိုင်မြို့ အာဏာပိုင်များမှတဆင့် ပေးသော လင့်များကမှတဆင့် ဝင်ရောက်လိုက်သောအခါ ရိုက်ကူး‌ရေးအသင်း၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းနှင့် ကယ်ဆယ်ရေးအသင်း၏ တိုက်ရိုက် ထုတ်လွှင့်မှုအခန်းကို မြင်နိုင်မည်ဖြစ်သည်။ ထိုသို့ဖြင် တစ်ဖက်လူများက အန္တရာယ်မှ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး လုံခြုံစွာ တည်ရှိနေကြောင်းကို ကိုယ်တိုင် မြင်နိုင်မည်ဖြစ်သည်။

 

ရုတ်တရက် ပြုံးတိုးလျက် ဝင်ရောက်လာသော ကြည့်ရှုသူများကြောင့် ရိုက်ကူးရေးအသင်း၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက မတည်မငြိမ် ဖြစ်သွားသည်။ ဗီဒီယိုပလက်ဖောင်း၏ အော်ဖစ်ရှယ်တင်းမ်ကပင် သတိထားမိ သွားလေသည်။ လက်ရှိ အခြေအနေကို မြင်သောအခါ သူတို့က ဒီအခွင့်အရေးကို အရယူပြီး ပလက်ဖောင်း၏ အဓိက တိုက်ရိုက်ထုတ်လွှင့်မှု စာမျက်နှာတွင် ထိုရှိုး၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖီရှားတစ်ခုနှင့်အတူ တင်ပေးလိုက်သည်။ ထိုသို့ဖြင့် ဗီဒီယိုပလက်ဖောင်းသို့ လာရောက်သော လူတိုင်းက ထိုရှိုးကို တန်းပြီးသတိထားမိကြမည် ဖြစ်သည်။

 

ထိုအခြေအနေက မတော်တဆ၏ ကျော်ကြားမှုနောက် ကပ်ပါလာပြီး သိချင်စိတ် ပြင်းပြစွာနှင့် လာရောက်ကြည့်ရှုသော သူများကို ဖမ်းစားနိုင်ရုံသာ မကသေးလေပဲ လူသား ဆန်လွန်းသည့်အတွက် ပလက်‌ဖောင်းက အကောင်းမြင်စိတ် ရရှိခဲ့လေသည်။ သူတို့၏ အင်းမေ့ချ်ကလည်း တက်သွားသည်။

 

သူတို့၏ ပလက်ဖောင်းကလည်း ရလဒ်ကို အလွန်ကျေနပ်သွားပြီး အော်ဖစ်ရှယ် ဆိုရှယ်မီဒီယာအကောင့်များတွင်ပင် အပ်ပဒိတ်များ တင်ပေးသည်။ ဒီနည်းအားဖြင့် ရှိုးမှ အဖွဲ့သားများ တစ်ယောက်ချင်းစီတိုင်းကို တက်သွားသည်။ သို့ရာတွင် သူတို့က ယန်ရှစ်ရွှမ်းအလှည့်သို့ ရောက်သောအခါ ဒုက္ခတစ်ခုတွေ့သွားသည်။ ဒီယန်ရှစ်ရွှမ်းလို့ ခေါ်တဲ့ကောင်က ဖျော်ဖြေရေးလောကထဲက မဟုတ်ဘူးထင်တယ်။ ဘာလို့ သူ့ရဲ့အေဂျင်စီနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ မန်နေဂျာနဲ့ ပတ်သက်ပြီး ဆက်သွယ်လို့ မရဘူး။ နောက်ပြီး သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်တောင် မရှိဘူး။ သူ့မှာ တကယ်ပဲ တစ်ခုမှ မရှိတဲ့ပုံပဲ။

 

“ငါ စစ်ဦးမယ်။ ဟင် သူ့မှာ တကယ်မရှိတဲ့ပုံပဲ။ မဟုတ်သေးပါဘူး ဟုတ်ရဲ့လား”

 

“သူက ဖျော်ဖြေရေးလောက မဟုတ်ဘူးဆိုရင်တောင်မှ ဒီလောက်ငယ်ရွယ်ပြီး ချောမောတဲ့ ဒီနေ့ခေတ်က လူငယ်တစ်ယောက် အနေနဲ့ ဆိုရှယ်မီဒီယာအကောင့် မရှိဘူးဆိုတာကို မဖြစ်နိုင်ဘူးလေ။ ငါတို့ ဘယ်လိုလုပ်ရမလဲ”

 

“ထားလိုက်တော့ ဒီအတိုင်း ပို့စ်ပဲတင်လိုက်။ အချိန်က ဖြုန်းမနေနဲ့”

 

ထို့ကြောင့် ထရန်းတင် hastage၏အောက်တွင် #ကွေ့တောင်က လူတိုင်းက ဒီမှာ# အကြောင်းအရာက ပေါ်လာပြီး လူတိုင်းကလည်း ဗီဒီယိုပလက်ဖောင်း‌ပေါ်တွင် မတော်တဆမှုသတင်းများကို အချိန်နှင့်တပြေးညီ လိုက်လံစုံစမ်းနေသူတိုင်းက အပ်ပဒိတ်များကို တွေ့သွားကြသည်။

 

@videovv..အားလုံးပဲ စိတ်အေးအေးထားကြပါ။ ၉၉ရက်တာ နှလုံးခုန်သံ ခရီးရိုက်ကူးရေးအဖွဲ့ တစ်ခုလုံးရဲ့ အဖွဲ့သားတွေနဲ့ အဖွဲ့ဝင်တွေအားလုံးက လုံခြုံသွားကြပြီ။ စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းတို့တွေ ဒီဗီဒီယို ပလက်ဖောင်းရဲ့ ဒီနေရာမှာ သူတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို စောင့်ကြည့်နေလို့ ရပါတယ်။ ဒီအတိုင်း ကလစ်ပဲနှိပ်ကြီး ကြည့်လိုက်ပါ။ စိုးရိမ်ပြီး စောင့်နေစရာ မလိုတော့ဘူး။ (ငါတို့ရဲ့ တည်းဖြတ်သူက ဒီနေရာမှာ မေးပါရစေ။ အားလုံးပဲ လေးယောက်မြောက် ဧည့်သည့်ယန်ရှစ်ရွှမ်းရဲ့ ဆိုရှယ်မီဒီယာအကောင့်ကို သိကြသလား။ ငါတို့ရဲ့ဘော့စ်က ငါ့တို့ရဲ့တည်းဖြတ်သူကို ယန်ကောကိုသာ တည်းဖြတ်ခိုင်းတာ။ ဒါပေမယ့် ငါတို့ရဲ့တည်းဖြတ်သူက ယန်ကောရဲ့ အကောင့်ကို ရှာမတွေ့ဘူးလေ။ ဒါကြောင့် ပြန်ပြီးတည်းဖြတ်ရမယ် ထင်တယ်။ ကျေးဇူးပြုပြီး ငါတို့တည်းဖြတ်သူတွေကို ကူညီပေးကြပါဦး)

 

ထိုအော်ဖစ်ရှယ်ပို့စ်အောက်တွင် ဧည့်သည့်ရှစ်ယောက်နှင့် တိုးဂိုက်တစ်ယောက်၏ အမျိုးမျိုးသော အင်းမေ့ရှ်များကို သုံးပြီး ဂရစ်လုပ်ထားသည့်ပုံလေးလည်း ပါသည်။ ထို့နောက် တစ်ယောက်ချင်းစီတိုင်းကို သီးသန့်တက်ထားသည်။

 

မြောက်မြားလှစွာသော ဖတ်ရှုသူများ၊ ဆွေးနွေးမှုများနှင့် ဧည်သည် တစ်ယောက်ချင်းစီတိုင်းက ကြောက်မက်ဖွယ် ကောင်းသည့် ပရိတ်သတ်ပမာဏကို ပိုင်ဆိုင်လိုက်ကြသည်။ ကလစ်နှိပ် ဝင်ကြည့်သူများ၏ အ‌ရေအတွက်က ထိုးတက် သွားသည်။

 

ထိုသူများထဲတွင် အန်းနန်ယွမ်၏ ပရိတ်သတ်က နှစ်ဆခန့်နီးပါး ဖြစ်သွားသည်။

 

အကျော်ကြားဆုံး နာမည်ကြီး ရသစုံရှိုများနှင့် ယခုတလော လူကြည့်များလာသည့် တဲလန့်ပြိုင်ပွဲများကပင် ပါဝင်သူများအား ထိုမျှအထိ မြောက်မြားသည့် ကျော်ကြားမှုဖြင့် ဖော်လိုဝါးများကို မပေးနိုင်ချေ။

 

သို့ရာတွင် ယခုလိုမျိုး အသက်မဲ့သည်ဟု ထင်ရသည့် ခရီးသွားရသစုံရှိုးကမူ ထို့အပြင် ဒါရိုက်တာအသစ်တစ်ယောက်က လုပ်ဆောင်ထားသော ရှိုးတစ်ခု သပ်သပ်ကတင် မည်သည့်လူကမှ မျှော်လင့်ချက်ကြီးကြီးမထားသည့် ပရိုဂရမ်တစ်ခုတွင် အထူးသဖြင့် နာမည်ကြီး ရသစုံရှိုး အင်ဖလူရန်စာများက ထိုကွန့်တက်ကို မြင်တိုင်း လှောင်ပြောင်ခဲ့သည့် ပရိုဂရမ်တစ်ခုက ရုတ်တရက် ရက်အနည်းငယ်နှင့် ကျော်ကြားမှုက မိုးထိုးတက်သွားသည်မှာ ထိပ်တန်းအဆင့် ရှိုးဖြစ်ရန် အလားအလာ ကောင်းလွန်းနေကြောင်း ဖော်ပြနေသည်။

 

နဂိုက ရှိုးကို လစ်လျူရှုသော သူများ၊ ဒါရိုက်တာ ကျန်းဝူပင်း၏ ဖိတ်ကြားမှုကို ငြင်းဆန်ခဲ့သော သူများ၊ မန်နေဂျာများနှင့် အနုပညာရှင်များက နောင်တတို့ဖြင့် ရောက်ရှိနေသည့် အချိန်ကို နောက်ပြန်ဆုတ် ချင်နေကြသည်။

 

_ _ _ _                                                           

 

သရဲရှိတော့ရော ဘာဖြစ်လဲ။ ကျော်ကြားမှုနဲ့ ကြွယ်ဝမှုက ရင်းနှီးရတာတွေ ရှိတာပဲ။ ဒါတွေအပြင် ဘယ်သူကမှ မသေကြဘူး မဟုတ်လား။ ဒီတော့ အမှန်တကယ် အန္တရာယ် မရှိလောက်ပါဘူး။

 

ခေါင်းမာမာနှင့် ပြောရလျှင် ဒါဟာ ကျော်ကြားမှုကို ရရှိရန် နည်းလမ်း အသစ်တစ်ခု ဖြစ်သည်။ နောက်ပြီး ဒီမှာပါဝင်ခဲ့တဲ့ ဧည့်သည်တွေဆိုရင် သူတို့ရဲ့ကျော်ကြားမှု ဘယ်လောက် ထိုးတက်သွားလဲ ဆိုတာကို မမြင်ဘူးလား။

 

ပိုင်ရွှမ်းနဲ့ အန်းနန်ယွမ်ကိုပဲ ကြည့်။ ချက်ချင်း သူတို့ရဲ့ဖန်ပေ့ချ်က နှစ်ဆလောက်ထိ တက်သွားပြီ။ သူတို့ရဲ့ ဆလယ်ပရီတီဆိုင်ရာ အဆင့်အတန်းကလည်း အဆင့်သစ် တစ်ခုကို‌တောင် တက်သွားပြီ။ ဘယ်သူမဆို မနာလို ဖြစ်ကြမှာ‌ပေါ့။

 

ထိုခရီးသွားရသစုံရှိုးအတွက် ဖိတ်ကြားမှုကို လက်ခံရရှိခဲ့သော်လည်း နောက်ပြန် ဆုတ်ခဲ့သည့် သရုပ်ဆောင်အတွက်ကမူ မနာလို ဖြစ်လွန်းသဖြင့် ရူးသွပ်လုနီးပါး ဖြစ်နေသည်။ သူက ထွက်သွားခဲ့သောကြောင့် ကျန်းဝူပင်းက ယန်ရှစ်ရွှမ်းကို အကူအညီ တောင်းပြီး နောက်ဆုံးမှသာ ခေါ်ဆောင်ခဲ့ရခြင်း ဖြစ်သည်။ ထိုသရုပ်ဆောင်ကဆိုလျှင် သူ၏အေးဂျင့်ကို အော်ဟစ်နေရင်း အန်းနန်ယွမ်၏ ကျော်ကြားမှုများက သူ၏အပိုင် ဖြစ်သင့်သည်ဟု ပြောနေသည်။ ယန်ရှစ်ရွှမ်းကို လူအများက ချီးကျူးနေမှုများက သူနှင့်သာ သက်ဆိုင်နေသည်ဟု ဆိုနေ၏။

 

ယန်ရှစ်ရွှမ်းကဲ့သို့ အမည်မရှိလူသစ်တစ်ယောက်က ထိုကဲ့သို့ အောင်မြင်နိုင်လျှင် သူကဲ့သို့ ကျော်ကြားမှုရှိပြီးသော သူဆိုလျှင် ပိုပြီးတော့ လုပ်နိုင်သေးသည်။

 

ထိုကိစ္စကို စောင့်ကြည့်နေသည့် တဲလ်လန့်အေဂျင်စီ ပေါင်းများစွာကလည်း ကြောင်တောင်တောင် ဖြစ်သွားသည်။

 

ကောင်းကောင်း တုန့်ပြန်နိုင်သော သူများဆိုလျှင် အရေးပေါ် အစည်းအဝေးပွဲများ ထိုင်ပြီး ထိုရှိုးအတွင်းသို့ သူတိူ့၏ ကိုယ်ပိုင်အားတစ်များကို မည်သို့ထည့်သင့်ကြောင်း တွေးနေကြပြီ ဖြစ်သည်။

 

သို့ရာတွင် ကြည့်ရှုသူများကမူ ထိုအခြေအနေများကို စိတ်မဝင်စားသလို နောက်ကွယ်မှ အကြောင်းအရာများကိုလည်း ဂရုမစိုက်ပါချေ။

 

သူတို့ ယခု ဂရုအစိုက်ဆုံးက “ယန်ကော ယန်ကောက ဘာလို့ ဆိုရှယ်မီဒီယာအကောင့် မရှိတာလဲ”ဆိုသော ကိစ္စပဲ ဖြစ်သည်။

 

ပြင်းပြသော သိချင်စိတ်များနှင့် သူတို့၏ သိချင်စိတ်ကို မည်သည့်အရာကမှ မဖြည့်ပေးနိုင်သောအခါ ပရိုဂရမ်အသင်း၏ တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်အတွင်းသို့ အပြေးအလွှား ဝင်ရောက်လာခဲ့သည့် ထိုကြည့်ရှုသူများအားလုံးက အလွန်အမင်း စိတ်အား ထက်သန် နေကြသည်။ သူတို့သည် ဒါရိုက်တာအား ယန်ရှစ်ရွှမ်း၏ ဆိုရှယ်မီဒီယာအကောင့်ကို မေးချင်ကြသည်။

 

သူတို့သည် ယန်ရှစ်ရွှမ်း၏ အစစ်အမှန် ပရိတ်သတ်များ ဖြစ်လာလျှင် ယန်ရှစ်ရွှမ်းဟာ ချောလွန်းသည်။ သူသည် သူတို့၏ အလှအပပေါ် ကြိုက်တတ်သည့်စိတ်တွင် ရူးသွပ်စွာ ကခုန်နိုင်သည်။ ထို့အပြင် သူသည် တောင့်တင်းသန်မာသော အလှလေး ဖြစ်လေသည်။

 

သူတို့ကို အခွင့်အရေးတစ်ခုပဲ ပေးစမ်းပါ ကျေးဇူးပြုပြီး။

 

သို့ရာတွင် ကြည့်ရှုသူများက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ သိချင်စိတ်အပြည့်နှင့် ဝင်ရောက် လာသောအခါ ရုတ်တရက် စူးရှပြီး သပ်ရပ်ကောင်းမွန်သော ကင်မရာအ‌ရှေ့တွင် အနီးကပ် ရိုက်ထားသလို ကွက်တိပေါ်လာသည့် အလှတရားနှင့် ရင်ဆိုင် လိုက်ရသည်။

 

ဒါက ယန်ရှစ်ရွှမ်းပဲ။

 

ပရိတ်သတ်များက ကြောင်အ သွားကြပြီး သူတို့၏ဖုန်းများက လက်ထဲမှ လွတ်ကျလုနီးပါး ဖြစ်သွားကြသည်။

 

ယခုလေးတင် ဆိုရှယ်မီဒီယာပေါ်တွင် ခေါင်းမာစွာနှင့် ကွန့်မန့်များ မန့်ရဲသည့်သူများ_ _ ဥပမာအားဖြင့် “ကော ငါ ရတယ်နော်” သို့မဟုတ် “ကော ကောရဲ့ကြွက်သားတွေက တအား ကြည့်ကောင်းတာပဲ” စသဖြင့် ခေါင်းမာမာနဲ့ မန့်ရဲခဲ့သောသူများကပင် ရုတ်တရက် ယန်ရှစ်ရွှမ်းကို မြင်လိုက်ပြီး ရပ်သွားကြသည်။ သူတို့အားလုံးက ကြောက်လန့်ပြီး ကွန့်မန့်တစ်ခုပင် မမန့်ရဲကြချေ။

 

ကြည့်ရှုသူများက ပရိုဂရမ်အသင်းဝင်များနှင့် ပတ်သက်သည့် အခြေအနေကို မေးမြန်း ချင်နေကြသော်လည်း အချို့သော ပရိသတ်များကမူ တိတ်ဆိတ် နေကြပြီး စကားပင် မပြောရဲဘဲ ဖန်သားပြင်ကိုသာ စိုက်ကြည့် နေကြသည်။

 

[ယန်ကောက တကယ်ကို ချောပေမယ့်လည်း ဒါပေမယ့်_ _ _ ဘာလို့ ငါ သူ့ကို တွေ့တဲ့အချိန်တိုင်း ကြောင်ကို တွေ့ရတဲ့ ကြွက်တစ်ကောင်လို ဖြစ်နေတာလဲ။ ဘာဖြစ်တာလဲ ငါ တော်တော်လေးကို ရှင်းပြရ ခက်နေပြီ]

 

[ငါလည်းပဲ_ _ _ ယန်ကောက တိုက်ရိုက် ထုတ်လွှင့်မှုအခန်းထဲမှာ တကယ်ကို လန်းပြီး သရဲတွေကို ခပ်အေးအေး ကိုင်တွယ်သွားလို့ ငါက အရမ်းလန်းတာပဲ။ ငါလည်း လုပ်နိုင်တယ်လို့ အော်နေခဲ့ပေမယ့် ဒါပေမယ့် တကယ်ကြီး ယန်ကောကို တွေ့လိုက်ရတော့_ _ _ တောင်းပန်ပါတယ် မင်းတို့ အရင် ပြောကြပါလား။ ယန်ကော ငါ့ကို ရိုက်မှာ ကြောက်တယ်]

 

[အပေါ်က ကွန့်မန့်တွေက တအားကို ရယ်ရတာပဲ။ ကြောက်တတ်တာပဲ။ ငါ့လို မဟုတ်ဘူး။ ငါဆိုရင် စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကလစ်ဝင်ပြီးတဲ့‌နောက်မှာ ရုတ်တရက် အသိလွတ်မတတ် ကြောက်သွားတယ်။ ယန်ကောရဲ့မျက်လုံးတွေက တအား စူးရှတာပဲ။ ဓားတွေလိုပဲ]

 

[ယန်ကော ယန်ကော ပိုင်ရွှမ်း အဆင်ပြေရဲ့လား။ ပိုင်ရွှမ်း ဒဏ်ရာတော့ မရပါဘူးနော်။ အခြားသူတွေကော ဘယ်လိုလဲ။ ငါ စိုးရိမ်တကြီး စောင့်နေရတာ ထမင်းတောင် မစားရသေးဘူး။ ဖန်သားပြင်ကိုပဲ စောင့်ကြည့်နေတာလေ။ အပ်ပဒိတ်တွေ လွှတ်သွားမှာကို စိုးရိမ်လို့လေ]

 

[ငါလည်းပဲ တူတူပဲ။ ငါ အော်ဖစ်ရှယ်အနောင့်မန့်ကို မြင်ပြီးကတည်းက ရေချိုးခန်းတောင် မသွားရဲဘူး။ ငါ ထွက်ကျတော့မယ် ထင်တယ်]

 

[အာ အာ ငါ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှာ လျိုရီရီက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားတာကို တွေ့လိုက်တယ်။ သူမက ငါ့ရဲ့ငယ်ဘဝက နတ်ဘုရားမပါ။ သူမက တအားကို ကြင်နာတတ်ပြီး စိတ်အခြေအနေလည်း ကောင်းတာပါ။ တစ်ခုခုတော့ မဖြစ်ပါစေနဲ့]

 

[ဟား ဟား အပေါ်က ကွန့်မန့် မန့်တဲ့သူ တိုက်ရိုက်ထုတ်လွှင့်မှုကို လမ်းတစ်ဝက်က ဖြတ်ကြည့်တာ မဟုတ်လား။ လျိုရီရီက ကြင်နာတတ်တဲ့ နှလုံသားရှိတယ်။ စိတ်သဘောထား ကောင်းတယ် ဟုတ်လား။ ကျေးဇူးပြုပြီး ရှိုးရဲ့အရင်အပိုင်းတွေက သူမရဲ့ လုပ်ဆောင်မှုကို ပြန်သွား ကြည့်လိုက်ပါလား။ ငါက ထိန်းထားလို့ မဟုတ်ရင် သူမ အသက်ရှင်မှာ မဟုတ်ဘူး]

 

[သူမက ကိုယ့်ထိုက်နဲ့ကိုယ်ကံ ခံရတာပဲ မဟုတ်လား။ ငါတို့ရဲ့ယန်ကောက လူသစ်တစ်ယောက်ဖြစ်ပြီး သူ့ကို လှောင်ပြောင်ချင်ပြီး အထင်သေးတယ်။ အဲဒီလိုနဲ့ သူ့ကို အဆိုးဆုံး အခန်းကို ပေးလိုက်တာ။ ဒါပေမယ့် ဘာဖြစ်သွားလဲ။ သူမရဲ့ အခန်းကမှ သရဲအခြောက်ဆုံး အခန်း ဖြစ်နေတာလေ။ ဒါကို ဘယ်လိုခေါ်မလဲ။ ကိုယ့်အုတ်ဂူကို ကိုယ်တူးတယ်ဆိုလား]

 

[ဘာ ယန်ကောက ဒီလောက်ချောတာ။ သူက ခုချိန်ထိ ပွဲဦးမထွက်ရသေးလား ငါ မယုံဘူး]

 

[ငါ ရယ်ရလို့ သေတော့မယ်။ ယန်ကောက ပွဲဦးမထွက်ရသေးရုံတင် မကဘူး။ သူ့မှာ ဆိုရှယ်မီဒီယာအကောင့်လည်း မရှိဘူး။ မင်းတို့ယုံလား။ ငါ့ကို မယုံဘူးဆိုရင် သူ့ကို ဆိုရှယ်မီဒီယာ မေးကြည့်ကြလေ]

 

[မဟုတ်ဘူး မဟုတ်ဘူး ငါ ကြောက်တယ်နော်။ ငါ ယန်ကောရဲ့ လူသား စားနိုင်လောက်တဲ့ အကြည့်ကို မြင်ပြီးပြီးချင်း ဖန်သားပြင်ရှေ့မှာ ဒူးထောက်နေတာ။ ငါ မမေးရဲဘူး]

 

[တကယ်တော့ ငါလည်းပဲ တူတူပဲ]

 

_ _ _ _

 

ယန်ရှစ်ရွှမ်းက တက်ပလက်ပြားတွင် ပေါ်လာသည့် တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်မှ လျင်မြန်စွာ လိမ့်တက်နေသော ကွန့်မန့်များကို ကြည့်ရင်း သူ၏မျက်နှာက အလုံးစုံ မဲမှောင်လာသည်။ ထိုအကြည့်ထဲတွင် နွေးထွေးမှုက ပျောက်ဆုံး သွားလေသည်။

 

******