Ch 38
Viewers 6k

အပိုင်း(၃၈)

 

မူလကမူ အိပ်ချိန်အချို့ အရယူရန် ကြံစည်ထားသော ယန်ရှစ်ရွှမ်း၏ နားချိန်များကို ကျန်းဝူပင်းက ဖျက်ဆီးလိုက်သည်။ နားချိန်ယူနေသည့် အတောအတွင်း အတင်းအကြပ် ဆွဲခေါ်ခံရပြီး ဖြတ်တောက်ခံရ၏။ သူ၏စိတ်အခြေအနေက အလွန်အမင်း နိမ့်နေ‌လေသည်။ သူသည် မဲမှောင်သော မျက်နှာနှင့် ထောင့်တစ်နေရာတွင် ထိုင်လျက်ရှိနေသည်မှာ မိစ္ဆာဝိဉာဉ်များ၏ အခန်းကို စောင့်ပေးနေသော တံခါးစောင့် နတ်အလား ထင်ရသည်။

 

ယန်ရှစ်ရွှမ်းသည် ဖျော်ဖြေရေးအသိုင်းအဝိုင်းနှင့် ပတ်သက်လျှင် သူ၏ဗဟုသုတများက အကန့်အသတ်နှင့် ဖြစ်သည်။ ကျန်းဝူပင်းက သူ့အား ဒီနေရာသို့ အတင်းအကြပ် မခေါ်ခင်ဆိုလျှင် သူသည် တစ္ဆေသရဲများကြောင့် ဒုက္ခရောက်နေသည့် သူများ၏ ပြဿနာကို ဖြေရှင်းပေးရန်အတွက် လမ်းများအနှံ့ လှည့်လည်သွားလာနေခြင်းများ၊ တောင်ကြားများအနှံ့ သွားလာနေခြင်းများနှင့်သာ ရှိနေတတ်ပြီး ထိုတစ္ဆေသရဲများ၏ ပါးစပ်ကို သုံးလျက် ၁၅နှစ်ကျော်လုံးလုံး သူရှာဖွေနေခဲ့သည့် မိစ္ဆာဝိဉာဉ်အကြောင်း စုံစမ်းနေခဲ့ခြင်း ဖြစ်သည်။

 

လူငယ်မျိုးဆက်များနှင့် ယှဉ်သော သူသည် ယခင်ရာစုနှစ်မှ အကြွင်းအကျန် ရှေးဟောင်းပစ္စည်းအလား နေထိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ နေ့စဉ်ဘဝတွင် တစ္ဆေသရဲများကို ဖြေရှင်းရင်း လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်အကြာက အသိမိတ်ဆွေတွေ့ခဲ့သည့် မိစ္ဆာဝိဉာဉ်ကို ရှာဖွေရင်း ကုန်ဆုံးနေခဲ့သည်။ လူငယ်များ မကြာခဏ သုံးတတ်သည့် ဆိုရှယ်မီဒီယာများနှင့် ဂိမ်းများက သူနှင့် မအပ်စပ်ပါချေ။

 

ထို့ကြောင့် ယန်ရှစ်ရွှမ်းကဲ့သို့ စက်ရုပ်တစ်ခုလိုမျိုး ခံစားချက်မဲ့သည့် အဖြေများကိုသာ ပေးတတ်သောသူက ရှိုး၏တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ပေါ်မှ ကွန့်မန့်များတွင် သူ၏ဆိုရှယ်မီဒီယာအကောင့်များနှင့် အခြားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ မေးခွန်းများအား မြင်လိုက်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှု ပစ္စည်းကို တပ်ထားသည့် ပလက်ကိုပင် ဆွဲနုတ်လုနီးပါး ဖြစ်သွားသည်။ သူ၏မျက်နှာကလည်း ဖိအားအပြည့်နှင့် ပို၍သုန်မှုန် လာသည်။

 

ကျန်းဝူပင်းသည် စိတ်သဘောထားဆတ်သော ယန်ရှစ်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်သွားစေလောက်မည့် တစ်စုံတစ်ရာကို ပြောလောက်မည့် အခြေအနေအား စိုးရိမ်သဖြင့် မကြာခဏဆိုသလို လှည့်လှည့် ကြည့်နေသည်။

 

ထိုသို့သုန်မှုန်သော မျက်နှာကို မြင်ပြီးနောက် သူဟာ အပြေးလာသည်။ ထို့နောက် ခွေးပေါက်လေးလို မျက်လုံးမျိုးဖြင့် ကြည့်ပြီး ဟန်အမူအယာ များဖြင့်လည်း ယခုလက်ရှိသည် တိုက်ရိုက် ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း အမူအယာ ပြနေလေသည်။ ထိုသို့ဖြင့် ယန်ရှစ်ရွှမ်းအား ကျေးဇူးပြုပြီး သည်းခံပေးရန် စိတ်မလွတ်လိုက်ရန် တောင်းပန်လေသည်။ သို့မဟုတ်လျှင် သူက ချက်ချင်းလိုလို ငိုမည်ဟု ခြိမ်းခြောက်၏။ ယန်ရှစ်ရွှမ်းသည်လည်း သူသည် ပင်းဟိုင်တက္ကသိုလ်သို့ ပြန်ရောက်သွားသလို ရုတ်ချည်း ခံစားလိုက်ရသည်။ သူ၏အိပ်ချိန်ကို ဖျက်ဆီးခဲ့သောကြောင့်နှင့် ကျန်းဝူပင်းအား မကယ်သင့်ပါချေ။

 

ဒီလိုဆိုရင် အဲဒီအချိန်ကတည်း ကံကြမ္မာချိန်းကြိုးကို ဖြတ်ခဲ့ မိလောက်တယ်။

 

သူက ခပ်လေးလေး တစ်ချက် ငြီးငြူလိုက်ပြီး စိတ်မရှည်မှုအပြည့်နှင့် တက်ပလက် ဖန်သားပြင်ပေါ်တွင် ပြသနေသော တိုက်ရိုက် ထုတ်လွှင့်မှု မြင်ကွင်းကို ပြန်ကြည့် လိုက်သည်။

 

ကြည့်ရှုသူများကမူ ကျန်းဝူပင်း၏ အမူအယာများကို မြင်သောကြောင့် ယခုလေးတင် မဲမှောင်လုနီးပါး ဖြစ်သွားသည့် ပရိုဂရမ်အကြောင်းကိုလည်း မသိပါချေ။ သူတို့သည် လိုက်ဖ်ချက်ထဲတွင် သိချင်စိတ်အပြည့်နှင့် ချက်ရင်း ယန်ရှစ်ရွှမ်းက သူတို့၏မေးခွန်းကို ပြန်ဖြေမည့်အချိန်ကို စောင့်နေကြသည်။ ထိုသို့ဖြင့် လူတိုင်းဟာ လုံခြုံပြီး ငြိမ်းချမ်းကြောင်း သူက တိုက်ရိုက်ပြောပြမည့် အချိန်ကို စောင့်နေကြသည်။

 

လူအများစုကမူ အန်းနန်ယွမ်၏ ဖန်သားပြင်အခွဲ ရူထောင့်မှ မြင်ရချိန်ကတည်းက လိုက်ပါ ကြည့်ရှုနေခဲ့ကြခြင်း ဖြစ်သည့်အလျောက် ယန်ရှစ်ရွှမ်းသည် အလွန်အမင်း ကျောချမ်းဖွယ်ကောင်းပြီး အန္တရာယ်များသော စံအိမ်အတွင်းတွင် အသက်ကိုပင် ခြိမ်းခြောက်နိုင်သည့် အခြေအနေများကို ကြုံတွေ့ရသည့်လူများအား ကယ်ဆယ်မှုကို မြင်တွေ့ခဲ့ရသည်။ သူတို့သည် အန်းနန်ယွမ်နှင့် အခြားသော သူများနည်းတူ ယန်ရှစ်ရွှမ်းကို အလားတူ ယုံကြည် လေးစားကြသည်။

 

သေရေးရှင်ရေးကို ကြုံရသည့်အခိုက်အတန့်တွင် စိတ်ပိုင်းဆိုင်ရာ ခုခံမှုက အားအနည်းဆုံး အခြေအနေဖြစ်ပြီး သူတို့အား ကယ်တင်ခဲ့သူကို အလိုအလျောက် ယုံကြည်ပြီး မှီခိုရန် လွယ်ကူလေသည်။

 

အန်းနန်ယွမ်ပင် ဖြစ်စေ၊ ပိုင်ရွှမ်းပင် ဖြစ်စေ တိုက်ရိုက် ထုတ်လွှင့်မှုတစ်ခုလုံးကို ဖန်သားပြင်အခွဲအသီးသီးမှ ကြည့်ခဲ့သော ကြည့်ရှုသူများပင် ဖြစ်စေ ထိုနည်းတူ ခံစားကြရသည်။

 

ပို၍ဆိုးသည်မှာ ယန်ရှစ်ရွှမ်းသည် လေးစားဖွယ် ကောင်းသော ခွန်အားမျိုးကို ပိုင်ဆိုင်ထားသည်။ သူသည် လမ်းတောက်လျောက်တွင် မကောင်းဆိုးဝါးများကို ချောမွေ့စွာ ကိုင်တွယ်ခဲ့ပြီး ဆုံးဖြတ်ချက် ပြတ်သားစွာနှင့် ကြမ်းတမ်းကာ ကြောက်မက်ဖွယ် ကောင်းသည့် အလှတရားအပြင် လူတိုင်း၏ ယုံကြည်မှု အားကိုးလိုစိတ်ကို အလိုလို နိူးဆွ နိုင်ခဲ့သည်။

 

ထို့ကြောင့် ကြည့်ရှုသူများအတွက် ယန်ရှစ်ရွှမ်းကသာ လူတိုင်း လုံခြုံကြောင်း ပြောသည့် စကားကို သူတို့၏ကို ယ်ပိုင်နားဖြင့် ကြားမှသာ စိတ်အေးနိုင်မည် ဖြစ်သည်။

 

[ယန်ကော ယန်ကော အခြားသူတွေကို မြင်ရအောင် ငါတို့ကို ပြပေးလို့ရမလား။ ငါတို့ရဲ့ ကိုယ်ပိုင်မျက်လုံးနဲ့ အခြားသူရဲ့ အခြေအနေကို တွေ့ချင်လို့]

 

 [ဘေးခန်းမှာ ကယ်ဆယ်ရေးအသင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ရှိတယ်လေ။ ကြည့်ရတာ လျိုရီရီက ဒဏ်ရာရတာထက် ပိုနေတယ် ထင်တယ်။ နောက်ပြီး အကြောက်လွန်သွားပြီး ပေါက်ကရပြောနေတဲ့ လူတွေလည်း ရှိတယ်။ တော်တော်များများကလည်း ဒဏ်ရာ ရထားကြတယ။ ယန်ကော တိုက်ရိုက်ထုတ်လွှင့်မှု လိုင်းပြတ်သွားပြီးနောက်မှာ ဘာတွေ ဖြစ်သွားတာလဲ]

 

[ဟယ်လို ယန်ရှစ်ရွှမ်း ကျေးဇူးပြုပြီး ဒီလူတွေက ကွေ့တောင်ရဲ့ မြေမျက်နှာသွင်ပြင် အခြေအနေနဲ့ ရိုက်ကူးရေးအသင်းရဲ့ တည်နေရာက ကျပန်း ရွေးထားခဲ့တာလား။ စသဖြင့် အရာအားလုံးကို ဇာတ်ညွှန်းနဲ့ ကိုက်ပြီး ဆောင်ရွက်ခဲ့တာလား ဆိုတဲ့ ဒီလူတွေရဲ့ မေးခွန်းတွေကို ဖြေနိုင်မလား]

 

[လေးစားစရာပဲ အခုအထိ ဇာတ်ညွှန်းနဲ့ ဖန်တီးထားတာလို့ ယုံကြည်နေတဲ့ အရူးတွေက ရှိသေးတယ်။ မင်းတို့တွေ ငါတို့နဲ့တူညီတဲ့ ရသစုံရှိုးကို ကြည့်နေတာ ဟုတ်ရဲ့လား]

 

[တကယ်တော့ ငါက ဒီလောကမှာ သရဲတွေ တကယ်တည်ရှိလားဆိုတာကို ပိုပြီး စိတ်ဝင်စားတယ်။ ဒီနှစ်ရက်အတွင်းမှာ ငါ ရေချိုးခန်းကို ပြေးပြေးသွား နေမိတယ်။ ငါ ထွက်ပြေးတိုင်း သရဲက ငါ့ရဲ့နောက်က လိုက်နေတယ်လို့ပဲ ခံစားနေရတာ]

 

[စံအိမ်မှာ တကယ်ပဲ သရဲရှိတာလား။ ငါက သိပ္ပံနည်းပညာကိုပဲ ယုံကြည်တာပါ။ ဒါကြောင့် ငါ အခု တော်‌တော်လေးကို သံသယဝင်နေပြီ။ အရင်ကတော့ ငါစိုးရိမ်စိတ် တအားများတာကြောင့် ကွေ့တောင်နဲ့ ပတ်သက်တဲ့ သမိုင်းဝင်ဒေတာတွေကို သွားရှာလိုက်သေးတယ်။ အဲဒီအခါ ကွေ့တောင်ကို အရင်က တစ္ဆေတောင်လို့ ခေါ်တာကို သိလိုက်ရတယ်။ အဲဒီနေရာမှာ လူအများကြီး သေခဲ့တာ။ ပြောကြတာက ကွေ့တောင်ကို ဖြတ်သွားတဲ့ ဘယ်သူမှ ပြန်မလာနိုင်ကြဘူးလေ။ အဲဒီနောက် တောင်ပေါ်မှာ ဆိုးဆိုးရွားရွား သေတာကို တွေ့ရတယ်ဆိုပဲ။ အခုဆိုရင် ကောလဟလတွေ မှန်နေလောက်တယ်]

 

[အတိအကျပဲပေါ့။ နောက်ပြီး အဲဒီသွေးတွေ စိုရွှဲနေတဲ့ ပုံရိပ်တွေက ဘယ်သူတွေလဲ။ ငါ့ရဲ့သူငယ်ချင်း ဆရာဝန်ပြောတာတော့ သူတို့က အ‌ရေခွံ အခွာခံထားရသလိုပဲ။ ဒါပေမယ့် အ‌ရေခွံမရှိရင် ဘယ်လိုများ လမ်းလျှောက်နေတာလဲ။ ငါ တအား သိချင်တာပဲ။ ငါတော်‌တော်လေးကို ဆိုးဆိုးရွားရွား သိချင်နေလို့ပါ]

 

[ရပ်တော့ ရပ်တော့ မင်းတို့က ငါ့ကို ငါ့ရဲ့အိမ်တံခါးရှေ့မှာ တစ်ညလုံး‌ချောင်းနေတဲ့ သတ္တဝါရှိတယ်ဆိုတဲ့ အချက်ကို သတိပေးလိုက်တာပဲ။ ဒါက ငါ့ကို စိတ်ပိုင်းဆိုင်ရာ အရိပ်ဆိုးကြီးတစ်ခု ထင်သွားစေပြီ။ အခုဆိုရင် ငါ အိမ်ကမထွက်ခင် တံခါးအဟကြားကနေ အပြင်ကို တစ်ခုခု ရှိမရှိ ချောင်းကြည့်နေရတယ်]

 

[လိုက်ဖ်ချက်ထဲက ကွန့်မန့်တွေက ငါ့ကို ခြောက်နေသလိုပဲ။ အချို့သူတွေက ငါ့ကို ဇာတ်ညွှန်းလားဆိုပြီးတော့ မေးခွန်းထုတ်ကြတယ်။ အချို့လူတွေကတော့ သရဲရှိမရှိ သံသယ ဝင်နေကြသေးတယ်။ ငါလည်း မဟုတ်ဘူးဘဲ။ ငါကတော့ ပထမရက်တည်းက ယန်ကောရှေ့မှာ ဒူးထောက်ခစားပြီး စွဲစွဲမြဲမြဲ ခိုင်ခိုင်မာမာ ယုံကြည်ထားပြီးသား]

 

ယန်ရှစ်ရွှမ်း၏ တင်းမာသော မျက်နှာထားက အချို့သော ကြည့်ရှုသူများကို ကြောက်လန့်စေနိုင်သည့် သက်ရောက်မှု ရှိစေနိုင်သောကြောင့် ဖြစ်လောက်သည်။ သို့သော် နောက်ပိုင်းကွန့်မန့်များကမူ သူ၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းအရာများကို မမေးတော့ချေ။ ထိုသို့ဖြင့် ရိုက်ကူးရေးအသင်းနှင့် ဧည့်သည်များ၏ အခြေအနေကို ပို၍အာရုံစိုက်လာသည့် များကိုသာ မြင်ရသည်။

 

ဧည်သည်များ၏ အခွဲဖန်သားပြင်အားလုံးအတွက် တိုက်ရိုက်ထုတ်လွှင့် ရနိုင်ခြင်း မရှိသည့်အပြင် ကယ်ဆယ်ရေးအသင်းနှင့် ရိုက်ကူး‌ရေးအသင်းကလည်း အလုပ်များနေကြရင်း ကြောက်လန့်နေသူများကို နှစ်သိမ့်ပေးနေရခြင်း၊ ဒဏ်ရာရသူများကို ကုသပေးရခြင်းနှင့် ဖြစ်ပျက်ခဲ့သည့် အချက်အလက်များကို စုစည်းခြင်းတို့ဖြင့် အလုပ်မအားနေသောကြောင့် ဖြစ်လောက်သည်။

 

ထိုအတွက်ကြောင့် သတင်းအချက်အလက်များကို မေးမြန်းနိုင်သေးသည့် အဓိက ဖန်သားပြင်ကြီးကသာ ကြည့်ရှုသူများနှင့် ပရိတ်သတ်များကို ဆက်တိုက်ဆိုသလို ဆွဲဆောင်နေမိသည်။

 

ယန်ရှစ်ရွှမ်းက အမေးများဆုံးမေးခွန်းများကို အနှစ်ချုပ်ပြီး ပြန်‌ဖြေပေးလိုက်သည်။

 

“ငါတို့က အခု ကွေ့တောင်မှာ။ ဘာကိုမှ ဖျော်ဖြေနေတာ မဟုတ်ဘူး။ ဇာတ်ညွှန်း ဟုတ်လား ကြားကို မကြားဖူးဘူး”

 

“ဘယ်သူမှလည်း မသေဘူး။ ဒါပေမယ့် လျိုရီရီကတော့ တော်တော်လေး ဒဏ်ရာ ပြင်းသွားတာ အမှန်ပဲ။ ဒါပေမယ့် အာဏာပိုင်တွေက ကိုယ်တိုင်ကိုယ်ကျ စေလွှတ်ပေးထားတဲ့ ကျွမ်းကျင်ပညာရှင်အဆင့် ကယ်ဆယ်ရေး အမှုထမ်းတွေကလည်း ဒီနေရာကို ရောက်နေပြီဆိုတော့ ငါက သူတို့ကို ယုံကြည်တယ်။ ဒီအတွက်ကြောင့် ပြဿနာတော့ မရှိနိုင်ဘူး။ နောက်ပြီး အခြားဧည့်သည်တွေက လက်ရှိ အခြေအနေအရ စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ် ဖြစ်နေတာ။ ဒီတော့ သူတို့အနေနဲ့ ကင်မရာ‌ရှေ့မှာ ပေါ်လာဖို့ မသင့်တော်ဘူး။ တိတိကျကျ သိချင်ရင်တော့ ကျန်းဝူပင်းကို မေး”

 

“သရဲ ဟုတ်လား။ ဘယ်နေရာက သရဲရှိမှာလဲ။ အခုက ခေတ်သစ်လောကလေ။ သိပ္ပံဆိုင်ရာနဲ့ ကွဲထွက်နေတဲ့ အကြောင်းအရာမျိုးကို ထည့်မပြောကြနဲ့”

 

ယန်ရှစ်ရွှမ်းက ခပ်ဟဟ ရယ်ပြီး ယုံကြည်မှု အပြည့်နှင့် ပြောသည်။

 

“ပရိုဂရမ်အသင်းက မတော်တဆမှုတစ်ခုကို ကြုံရတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က လူတွေကြားမှာ ရှိနေတာကို။ ဒီတော့ တိရိစ္ဆာန်ကြီးတွေ ရှိနေတာ ပုံမှန်ပဲ မဟုတ်လား ဟုတ်တယ်ဟုတ်။ နောက်ပြီး အဲဒီအ‌ရေခွံမရှိဘူးဆိုတဲ့ မင်းတို့ပြောသွားတဲ့အရာတွေ အတွက်ကတော့ ဒီအတိုင်း ဟာသပဲ။ ငါတို့က သိပ္ပံကို ယုံကြည်သင့်တယ်။ ဒီလို အခြေအမြစ်မရှိတဲ့ စကားတွေကို လျှောက်မပြောကြနဲ့”

 

“အဓိကအချက်ကတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးအမြတ်အတွက် အခွင့်အရေးယူချင်တဲ့ တောင်ပေါ်က အချို့ ဆိုးယုတ်တဲ့ စိတ်ဓာတ်နဲ့ ပုဂ္ဂိုလ်အချို့က ရိုက်ကူးရေးအဖွဲ့ကို ချုံခိုတိုက်ခိုက်ခဲ့လို့ အဖွဲ့သားတွေ ဒဏ်ရာ ရသွားခဲ့ကြတယ်။ နောက်ပြီး မင်းတို့ မြင်တယ်ဆိုပြီး အခိုင်အမာပြောနေကြတဲ့ အရေခွံမရှိဘူးဆိုတဲ့ လူတွေက ဒီအတိုင်း စပရှယ်အဖက် မိတ်ကပ်နဲ့ ဝတ်စုံတွေ ဝတ်ထားတဲ့ လူတွေပါပဲ။ သူတို့က ဒီအတိုင်း ကွေ့တောင်မှာ အရင်က ရှိခဲ့ဖူးတယ်လို့ ထင်ရတဲ့ ကောလဟလတွေကို အခွင့်ကောင်းယူပြီး သဘာဝလွန်ဆန်တဲ့ ပုံပြင်တွေ လုပ်ချင်နေကြတာလေ။ ဒီလိုနဲ့ သူတို့ရဲ့ တရားဥပဒေနဲ့ မညီညွှတ်တဲ့ကိစ္စတွေကို ဖုံးကွယ် နိုင်ဖို့ပေါ့”

 

ယန်ရှစ်ရွှမ်းက ကင်မရာကို ယုံကြည်မှု အပြည့်နှင့် ပြောပြီး အပြစ် မကင်းစိတ် ရှိဟန်မရချေ။

 

တိုက်ရိုက်ထု တ်လွှင့်မှုကို ကြည့်သူများအားလုံးက တိတ်ဆိတ် သွားကြသည်။ ကြည့်ရှုသူ ယာယီအားဖြင့် စိတ်ပိုင်းဆိုင်ရာ လွတ်သွားသလိုမျိုး ဖြစ်သွားပြီး သူပြောသည့် စကားများကို ယုံကြည်လုနီးပါး ဖြစ်သွားသည်။

 

ရုတ်တရက် လိုက်ဖ်ချက်က တိတ်ဆိတ် သွားကြောင်း မြင်သောအခါ ယန်ရှစ်ရွှမ်းကလည်း သူဟာ ကောင်းကောင်း ရှင်းပြနိုင်လိုက်ပြီဟု ယုံကြည်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်သည်။

 

“မေးခွန်း မရှိတော့ဘူးလား မဟုတ်ရင် တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ် တော့မယ်”

 

ယခုလေးတင် စိတ်ပိုင်းဆိုင်ရာ အယုံသွင်းခံလိုက်ရသည့် ကြည့်ရူသူများ “????”

 

ဒီကောက ဘာဖြစ်တာလဲ။

 

သူတို့ အခုလေးတင် သူပြောတာကို ယုံဖို့ အသင့်ပြင်နေတာလေ။ သူက အခု တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ် တော့မယ်ဆိုပြီး ခြိမ်းခြောက်နေပြီလား။

 

သူတို့ ဒီမျက်နှာကို ကြည့်နေတာ မလုံလောက်သေးပါဘူးနော်။

 

အနုပညာရှင်များသည် ဒေါသ ထွက်လာသောအခါ သူတို့၏ မျက်နှာအမူအယာများက ပျက်ယွင်းပြီး အကျဉ်းသွားသဖြင့် တစ်ချို့ဆိုလျှင် ရှုံ့မဲ့သွားသည်အထိ အကြည့်ရဆိုးသလို၊ အချို့ဆိုရင် မျက်လုံးများကို မှေးကျင်းတတ်သည်။ သို့သော် ယန်ရှစ်ရွှမ်းကမူ ထူးခြားသည်။

 

သူ၏ ဆောက်ဖြင့် ထွင်းထုထားသလို အရိုင်းဆန်သည့် ရုပ်ရည်သွင်ပြင် အပြည့်နှင့် အနားသို့ ငုံ့ကိုင်းလာလျက် ကြမ်းတမ်းမည်ဟု ယူဆရသည့် အကြည့်မျိုးကို ပေးနေခြင်း ဖြစ်သည်။ သူ၏ ခပ်ရှည်ရှည်မျက်ခုံးများပင် ဖြစ်စေ၊ သူ၏ကျဉ်းမြောင်းသော်လည်း အပေါ်သို့ ကော့တက်နေသည့် မျက်ဝန်းတစ်စုံပင် ဖြစ်စေ ဖွက်ထားသော ဓားများအလား ထက်ရှလွန်းနေသည်။ နူးညံ့ပြီး နုနယ်သည်ဆိုသည့် ဖော်ပြချက်ဟာ သူနှင့်မသက်ဆိုင်သလို ဖြစ်သည်။

 

ပို၍ဆိုးသည်မှာ သူ၏ရုပ်ရည်က သူ၏အကျင့်စရိုက်နှင့် လိုက်ဖက်သည်။ သူသည် မိစ္ဆာနှင့်ဝိဉာဉ်များကို နှစ်ပေါင်းများစွာကြာအောင် ကိုင်တွယ်နိုင်ခဲ့သည်။ မိစ္ဆာဝိဉာဉ်များက ကြမ်းတမ်းသော ပုဂ္ဂိုလ်များကို ကြောက်သည်။ သူ၏ ကိုယ်ပိုင်ခက်ထန်မှုနှင့် ခွန်အားများကြောင့် သဘာဝအလျောက်ပင် သူသည် အရိုင်းဆန်ပြီး ကြမ်းတမ်းသော ဆွဲဆောင်မှုမျိုးကို လွှတ်ထုတ်လေသည်။ ထိုကဲ့သို့သော အလှတရားမျိုးက ဒေါသထွက်လာချိန်တွင် ပို၍ပင် ပြင်းထန်သိသာပြီး အသက်စွမ်းအား အပြည့်ရှိနေသလိုမျိုး အရှိန်အဝါအပြည့်နှင့် စွဲမက်ဖွယ်ရာ ဖြစ်သည်။

 

ရလဒ်အနေဖြင့် ကြည့်ရှုသူများဟာ ယန်ရှစ်ရွှမ်းက ဒေါသထွက်နေချိန် မျက်မှော င်ကြုတ်ထားသော မြင်ကွင်းကို မြင်လိုက်ရချိန်တွင် ပုံမှန် တည်ငြိမ်နေကျ အသွင်အပြင်နှင့် ယှဉ်သော သူ၏ထက်ရှသည့် တောက်ပမှုနှင့် အရိုင်းဆန်မှုဟာ အများကြီး သိသာထင်ရှားလျက် အသက်ရှူမှားလောက်အောင် ဖြစ်စေကြောင်း သိလိုက် ကြရသည်။

 

တစ်ချို့သော ပရိတ်သတ်များဆိုလျှင် ယန်ရှစ်ရွှမ်း၏ မျက်မှောင်ကြုတ်နေသည့် အခိုက်အတန့်ကို အမိအရ စခရင်ရှုများ ခိုးယူ ရိုက်ကူး ခဲ့ကြလေသည်။ ထိုသို့ဖြင့် သူတို့သည် သူ့ကို ချစ်မိသွားသလို ခံစားနေကြရသည်။ သူတို့သည်လည်း ယန်ရှစ်ရွှမ်းက ဒေါသထွက်နေချိန်တွင် ပို၍ဆွဲဆောင်မှုပြင်းပြီး ကြည့်ကောင်းကြောင်း မယုံကြည်နိုင်ပဲ ရှိနေသည်။ ထိုအတွက်ကြောင့် သူအား ရည်ရွယ်ချက်ရှိရှိဖြင့် ရန်ဆွပြီး ဒေါသထွက်နေသည့် မျက်နှာကို မြင်ချင်ကြသည်။

 

ပရိသတ်တစ်ယောက်ဆိုလျှင် သူမ၏အတွေးများနှင့် စခရင်ရှုများကို ဆိုရှယ်မီဒီယာသို့ တုန့်ဆိုင်းစွာ တင်လိုက်သည်။ ထို့နောက် မေးခွန်းတစ်ခုကိုလည်း ထည့်သွင်း ရေးသားသည်။

 

“ငါတစ်ယောက်တည်းကပဲ ဒီလို ခံစားရတာလား”ဆိုသော မှတ်ချက်က လိုက်အများကြီးကို လက်ခံ ရရှိခဲ့သည်။

 

သူမ၏ပို့စ်အောက်တွင် လူပေါင်းများစွာက ကွန့်မန့်မန့်ကြသည်။

 

“ငါလည်း တူတူပဲ”

 

“ငါတော့ ငါတစ်ယောက်တည်းလို့ ထင်နေတာလေ။ ယန်ကော ဒေါသထွက်တာကို မြင်တဲ့အခါ ငါ တအား စိတ်လှုပ်ရှားသွားတာ။ သူက မျက်မှောင်ကြုတ်နေတဲ့အချိန်မှာ ပိုပြီးချောတယ်လို့ ထင်တယ်။ ငါ ကူကယ်ရာမဲ့နေပြီလား”

 

“+၁ ငါ့ကိုလည်း စာရင်းထဲထည့်”

 

“စခရင်ရှုတွေ ဝေမျှပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

 

“ဘုရားရေ ယန်ကောက ရတနာပဲ။ သူက သရဲတွေနဲ့ တိုက်ခိုက် နိုင်တယ်။ မိစ္ဆာတွေကို မောင်းထုတ် နိုင်တယ်။ သူ တတိယထပ်ကနေ ပထမထပ်ကို ခုန်ချခဲ့တဲ့အခန်းကို စခရင်ရှု ရိုက်ထားသေးလား။ အဲဒီအချိန်က ကြုတ်ပြီးပြန်ဆန့်သွားတဲ့ ကြွက်သားလှိုင်းတွေက ဖော်ပြဖို့တောင် ခက်တယ်။ သူက ငါတို့အတွက်တောင်မှ ပုံပြင်တွေ ဖန်တီးပေးနေတယ်။ သူက တအားအံ့ဩဖို့ ကောင်းတာပဲ။ ဒီလောက် အများကြီး အားစိုက်ထုတ်ထားတာဆို‌တော့ ငါတို့ သူ့ကို ဘယ်လိုများ မယုံကြည်ဘဲ နေရမှာလဲ_ _ _ “

 

“ငါ အစကတော့ ဘာကိုမှ မယုံကြည်တဲ့သူပါ။ ဒါပေမယ့် ငါ ဒီကွန့်မန့်ကို ဖတ်ပြီးတဲ့ နောက်မှာမှ ငါ ထပ်တွေးမိသွားတယ်။ မယုံကြည်ဘူးဆိုပြီး သူ့ကို ဒေါသထွက်အောင် လုပ်ရမလား ဒါမှမဟုတ် သူ အားထုတ်ထားတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ယုံကြည်ပေးလိုက်ရမလား”

 

“ငါတော့ ဂရုမစိုက်ဘူး။ ငါကတော့ ယန်ကော ဘာပြောပြော ယုံတယ်။ ငါက ယန်ကောကို ယုံတယ်။ တကယ်တော့ သရဲတွေနဲ့ မကောင်းဆိုးဝါးတွေဆိုတာက မရှိလောက်ပါဘူး”

 

ထိုပရိတ်သတ်၏ ပို့စ်က လူပေါင်းများစွာ၏ အသိအမှတ်ပြုမှုကို လျင်မြန်စွာ ရရှိခဲ့သည်။ ယန်ရှစ်ရွှမ်း အကြောင်းကို သိချင်သော ပရိတ်သတ်များက သူနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ရှာမတွေ့သည့် အခြေအနေမျိုးမှ ရုတ်တရက် အသိုင်းအဝိုင်းတစ်ခုကို တွေ့လိုက်သလိုမျိုး ခံစား လိုက်ကြရသည်။ သူတို့က ထိုကွန့်မန့်ကို လိုက်ရင်း ထိုကွန့်မန့်ကဏ္ဍတွင် သူတို့၏ အမျိုးမျိုးသော ခံစားချက်များကို ဆွေးနွေးကြလေသည်။ ထိုသို့ဖြင့် ယန်ရှစ်ရွှမ်း၏ ရှင်းပြချက်ကို ယုံကြည်သင့်ကြောင်း သဘောတူ လိုက်ကြသည်။

 

_ _ _

 

တကယ်လို့ အခြေအမြစ်မရှိတဲ့ သရဲတွေကို ရှိကြောင်း ခိုင်မာယုံကြည် ပေးတာမျိုးတွေကြောင့် ရှိုးကိုသာ ဘန်းလိုက်ရင် ငါတို့ ဘယ်လိုလုပ်မလဲ။ ယန်ရှစ်ရွှမ်းက ပွဲဦး ထွက်ရသေးတာ မဟုတ်ဘူး။ သူမှာ ဆိုရှယ်မီဒီယာအကောင့်လည်း မရှိဘူး။ ဒီရှိုးကိုသာ ဘန်းလိုက်ရင် ငါတို့တွေ ယန်ရှစ်ရွှမ်းကို ဘယ်နေရာမှာ သွားကြည့်ရမှာလဲ။ သရဲတွေကို မှီခိုပြီးတော့လား။

 

ယန်ရှစ်ရွှမ်းသည် မည်သည့် ဆိုရှယ်မီဒီယာအကောင့်မှ မသုံးချေ။ ထို့ကြောင့် ထိုဖန်များ၏ ဆွေးနွေးမှုကို မမြင်နိုင်ချေ။

 

သူသည် သူ၏တာဝန်ကို ပြီးမြောက်သွားပြီဟု ထင်ပြီး ကျန်းဝူပင်းအား လှမ်းခေါ်လျက် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ပြီးရန် ကြံစည်လိုက်သည်။ သို့ရာတွင် ရုတ်တရက် ယခုလေးတင် တကွဲတပြားစီ ရှိနေသည့် စာများက ပြန်ပြည့်လာကြောင်း မြင်လိုက်ရသည်။ ထိုသို့ဖြင့် ကြိုတင်စီစဉ်ထားသလိုမျိုးပင် သပ်သပ်ရပ်ရပ် ဖြစ်နေသေးလေသည်။

 

{ငါတို့ ယုံတယ် ငါတို့ ယုံပါတယ် ယန်ကော။ ကျေးဇူးပြုပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို မပိတ်ပါနဲ့ဦး။ နည်းနည်းလောက် စကားပြောကြရ‌အောင်]

 

[ဟုတ်တယ် ဟုတ်တယ် ငါတို့တကယ် ယုံတာ။ ဒီလိုလူဆိုးတွေက တော်တော်လေးကို ဆိုးတာပဲ။ ဒါ သူတို့အမှားပဲ။ ဒါပေါ့ ယန်ကောရဲ့ ဆိုရှယ်မီဒီယာအကောင့်က ဘာလဲ။ ပုံမှန်အားဖြင့် ဘာအလုပ် လုပ်လဲ]

 

[ဟင် ဒီချက်က ဘာဖြစ်တာလဲ။ ငါ အစကတော့ ယန်ကော ရှင်းပြတာကို ဖြစ်သင့်တယ်လို့ ထင်တယ်။ ဒါပေမယ့် မင်းတို့ရဲ့ တုန့်ပြန်မှုကို ကြည့်ပြီးတော့ မင်းတို့က တစ်ယောက်ယောက်ကို အယုံသွင်းဖို့ ကြိုးစားနေတယ်လို့ ငါ ခံစားလာရပြီ။ ငါတောင် စတင်ပြီး တုန့်ဆိုင်းလာပြီ]

 

[အပေါ်ကတစ်ယောက် ပေါက်ကရတွေ ပြောမနေနဲ့။ ဒီကလေးက သိပ္ပံကိုပဲ ယုံကြည်တာ။ ယန်ကောက မှန်ကန်တဲ့စကားတွေ ပြောသွားတာပဲ။ ဒီတော့ ယန်ကော စကားနည်းနည်း‌လောက် ပြောရအောင်။ ယန်ကောကို မတွေ့ရရင် ငါ တအားစိုးရိမ်နေမှာ]

 

[ငါ အရင်က ဘယ်လိုသရဲကိုမှ မမြင်ဖူးဘူး။ ဒါ့ကြောင့် မယုံဘူး။ အခုတော့ ရုတ်တရက် တကယ်သရဲ ရှိနေမယ်ဆိုရင်တောင်မှ ယန်ရှစ်ရွှမ်းက မောင်းထုတ်ပြီး ငါတို့ကို ကာကွယ်ပေးနိုင်တယ်လို့ ထင်တယ်]

 

ယန်ရှစ်ရွှမ်း “…..”

 

“မင်းတို့ အားလုံး ငါ့ကို အရူးလို့ ထင်နေလား”

 

ယန်ရှစ်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာကို မယုံကြည်နိုင်သလို ကြည့်သည်။ ထို့နောက် ကြိုတင်စီစဉ်ထားသလိုမျိုး ပေါ်လာသည့် ကွန့်မန့်များအား တက်ပလက်များမှ တဆင့် ကြည့်ရင်း တစ်ချို့ကွန့်မန့်များကို ထောက်ပြသည်။

 

“မင်းတို့အားလုံး ငါ့ကိုယုံကြည်ဖို့ မလိုပါဘူး။ ဒါပေမယ့် ဒီလောက်စာတွေရိုက်တာ မပင်ပန်းဘူးလား။ လက်ချောင်းတွေကို အနားပေးလေ”

 

ဖန် .. “အိုး မကောင်းတော့ဘူး ငါတို့ သရုပ်‌ဆောင်စွမ်းရည် အရမ်းညံ့တာကို သိသွားပြီလား။ ဒါပေမယ့် _ _ _ “

 

ယန်ရှစ်ရွှမ်းက လက်ကိုမြှောက်ရင်း သူ၏မေးစေ့ကို အသာပွတ်ရင်း ရုတ်တရက် သူဟာ ကျန်းဝူပင်း သူ့ကို ယုံကြည့်စွာ အပ်နှံခဲ့သော တာဝန်တစ်ခုကို အမှတ်ရသွားသည်။ သူ ပြောသွားတာက ပရိတ်သတ်တွေကို သရဲမ‌ရှိကြောင်း ယုံကြည်ခိုင်းဖို့မှ မဟုတ်တာ။ ဒီအတိုင်း ကြည့်ရှုသူတွေက သရဲမရှိကြောင်း ဆက်တိုက်ပြောနေတယ်။

 

ဒါကို အောင်မြင်တယ်လို့ ပြောလို့ရတယ်မဟုတ်လား။ ကြည့်ပါဦး ကွန့်မန့်တွေက ဘယ်‌လောက်တောင် ယုံကြည်သက်ဝင်နေကြသလဲ။

 

ကျေနပ်သွားသော ယန်ရှစ်ရွှမ်းက မတ်တပ်ထရပ်လိုက်ပြီး ကျန်းဝူပင်းကို လှမ်းခေါ်ပြီး သူ၏လက်ထဲသို့ တက်ပလက်ကို ပစ်ပေးသည်။

 

“မင်းပဲ ကြည့်ရှုသူတွေကို သရဲမရှိဘူးလို့ ပြောစေချင်တာ မဟုတ်လား။ အခုကြည့် ငါ ရှင်းပြပြီးပြီ”

 

ကျန်းဝူပင်းက တက်ပလက်ကို အလျင်အမြန် လှမ်းယူလိုက်သည်။ ထို့နောက် တစ်ချက် မော့ကြည့်လိုက်သောအခါ ယန်ရှစ်ရွှမ်းက သူ့အားကျောပေးရင် အခြားတစ်ဖက်ခြမ်းသို့ သွားနေကြောင်း တွေ့လိုက်ရသည်။ သူက အသံကိုမြှင့်ရင်း ခေါ်သည်။

 

“ယန်ကော ဘယ်သွားမလို့ပဲ”

 

ယန်ရှစ်ရွှမ်းက ကျန်းဝူပင်းကို လှည့်မကြည့်ပဲ လက်မြှောက်ပြသွားသည်။

 

လာစမ်းပါ သူ ခိုးအိပ်လို့ရတဲ့ ထောင့်နေရာတွေအားလုံးကို အခြားသူတွေ ယူသွားပြီးပြီ။ သူ ဘာလုပ်ရတော့မှာလဲ။ ဒါပေါ့ သူ နောက်ထပ်ထောင့်တစ်နေရာရှာပြီး သွားအိပ်ရတော့မှာပေါ့။

 

မည်သို့ပင်ဆိုစေ ဒီရှိုးက အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ဆက်လက်ပြီး ရိုက်ကူးနိုင်မည်ဆိုလျှင်ပင် ကျော်ကြားမှုအဆင့်သတ်မှတ်ချက်အရ ဖယ်ထုတ်သော စနစ်က ရှိနေသေးသည်။ ထို့ကြောင့် သူသည် ရက်အနည်းငယ်နေလျှင် ဒီရှိုးမှ ထွက်သွားနိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်နေကတည်းက ဆက်လက်ပြီး အင်အားများ ကုန်ခမ်းနေရန် မလိုအပ်ပါချေ။ သူက ဒီနေရာတွင် ဒီအတိုင်းနေပြီး ယခုတလောတွင် သရဲများနှင့်တွေ့ပြီး ကံနိမ့်နေလောက်သည့် ပရိုဂရမ်အသင်းကို‌ ရှောင်ရန် လိုအပ်သည်။ ဒီနည်းအားဖြင့် မသန့်ရှင်းသော အရာများကြောင့် ကပ်ဘေးဆိုက်ခြင်း မရှိဘဲ ဒီနေရာမှ ထွက်သွားနိုင်ပေလိမ့်မည်။

 

ယန်ရှစ်ရွှမ်းက ဧည့်ခန်း၏အဝေးဆုံး ထောင့်တစ်နေရာနားသို့ ပစ်ဝင်လိုက်ပြီး ဆူညံသော လူအုပ်နှင့်ခြားလိုက်ကာ ဆိုဖာပေါ်သို့ ခုန်အုပ်လိုက်သည်။ ထို့နောက် သူက ကျေနပ်စွာဖြင့် သက်ပြင်းချပြီး ပိုက်ဆံရပြီး‌နောက် အိမ်သို့ပြန်ရန် စတင်ကာ စိတ်ကူးယဉ်လေသည်။

 

သို့သော် _ _ _

 

ယန်ရှစ်ရွှမ်းက မျက်လုံးမှိတ်လိုက်သည့်အချိန်တွင် ရုတ်တရက် သူသည် ပရိုဂရမ်ခရီးအစပိုင်းတွင် တွက်ချက်ခဲ့သည့် ကံကြမ္မာကို သတိရသွားသည်။ ထို့နောက်ပိုင်း လျိုရီရီ၏ ရန်စမှုနှင့်သူဟာ အရေးတယူနှင့် တွက်ချက်မိခဲ့သည်။

 

တွက်ချက်မှုများအရ လျိုရီရီသည် ဒီရှိုးက သိပ်မကြာခင် ထွက်ရမည်ဟုဆိုသည်။ ထိုအချက်ကလည်း မှန်လာ၏။ ထို့အပြင် သူမကလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားလေရာ လျိုရီရီဟာ ခြောက်လအတွင်း ပြန်လည်မသက်သာနိုင်ချေ။ ထိုအတွက်ကြောင့် သူမသည် ဒီကွေ့တောင်မှ လေယာဉ်ဖြင့် သယ်သွားရမည်ဖြစ်သည်။

 

သို့ရာတွင် တွက်ချက်မှုများ ဒုတိယတပိုင်းတွင် သူသည် လျိုရီရီ၏နေရာတွင် ဝင်ရမည်ဟု ဆိုထား၏။

 

ဒါက ဘယ်လိုသောက်ပေါက်ကရ ဂမ္ဘီရပညာတွဥ်ချက်မှုလဲ။ ပျက်စီးနေတာလား။

 

ယန်ရှစ်ရွှမ်းက မျက်မှောင် ကြုတ်လိုက်သည်။

 

ဒီကွေ့တောင်မှ တွေ့ရတဲ့သရဲတွေက သူ့ကို လွှမ်းမိုးလိုက်လို့ သူ့ရဲ့တွက်ချက်မှုက မတိကျတော့တာများလား။

 

အခြားတစ်ဖက်တွင် မူလက ယန်ရှစ်ရွှမ်း၏ အလှတရားကို သဘောကျလေးစားပြီး စခရင်ရှုများ ဆက်တိုက်ရိုက်ယူနေသော သူများက ကင်မရာ‌ရှေ့တွင် ပေါ်လာသော လူပြောင်းလဲသွားမှုကြောင့် မကျေနပ်သလို ဖြစ်သွားသည်။

 

မျက်နှာတော့ မျက်နှာပဲ။ ဒါပေမယ့် ချောတော့ချောတယ်။ ဒါပေမယ့် မြေပိုင်ရှင်တစ်ယောက်ရဲ့ ရူးကြောင်ကြောင်သားလိုပဲ။ ကြောင်တောင်တောင် အပြုံးကြီးနဲ့။

 

ကြည့်ရူသူများ “ဟင် ????”

 

စိတ်ရှုပ်တယ် စိတ်ပျက်တယ်။

 

ယန်ကော ဘယ်မှာလဲ။

 

သူတို့ရဲ့ ယန်ကောကြီးက ဘယ်မှာလဲ။ သူ ဘယ်နေရာကို ရောက်သွားတာလဲ။ သူ အခုလေးတင် ရှိပါတယ်။ ဘာလို့ ရုတ်တရက် ပျောက်သွားတာလဲ။

 

ကျန်းဝူပင်းက ပြုံးပြီး ကင်မရာ၏အရှေ့တွင် လက်ရမ်းပြသည်။

 

“ဟယ်လို အားလုံးပဲ ငါကတော့ ဒီ၉၉ရက်တာ နှလုံးခုန်သံခရီးရဲ့ ဒါရိုက်တာပါ။ အခုလောလောဆယ် ဧည့်သည်တွေအားလုံးက အနားယူနေကြလို့ ငါကပဲ မေးခွန်းတွေကို ဖြေပေးပါမယ် ဟင်”

 

ကျန်းဝူပင်း၏ စကားက မဆုံးသေးခင် ရုတ်တရက် ယခုလေးတင် ဖန်သားပြင်အပြည့် လွှမ်းနေခဲ့သော ကွန့်မန့်များက ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။

 

တိုက်ရိုက်ထုတ်လွှင့်မှုအတွက် အချိန်နှင့်တပြေးညီ ကြည့်ရှုသူများကို ရေတွက်မှုတွင်ပင် အများကြီး ထိုးကျသွားကြောင်း မြင်နိုင်သည်။ ထိုသို့ဖြင့် မျက်တောင်တစ်ခတ် အချိန်အတွင်း ဂဏန်းတစ်လုံးကပင် ထိုးကျသွားလေသည်။

 

******

 

အပိုင်း(၃၈) part-2

 

ကျန်းဝူပင်းက ကြောင်တောင်တောင် ဖြစ်သွားသည်။

 

ထိုအခိုက်အတန့်တွင် ဖန်သားပြင်တွင် စာတစ်ကြောင်းက ပေါ်လာသည်။

 

[ကောင်းပါပြီ ဒါရိုက်တာ နားလည်ပါပြီ ဒါရိုက်တာ။ မင်းတို့အားလုံး လုံခြုံတယ်မလား ဒါရိုက်တာ နူတ်ဆက်ပါတယ်]

 

ထို့နောက် နောက်ထပ်စာတစ်ကြောင်းက ပေါ်လာသည်။

 

[ယန်ကော ပြန်ပေါ်လာတဲ့အခါ ဒီယန်သခင်မလေးရဲ့ဖင်ကို ဆောင့်ကန်ပြီး အသိပေးပါဦး။ ပြင်းပြင်းလေး ကန်လိုက်။ ငါ ချက်ချင်း ပျံသန်းပြီး အရောက်လာခဲ့မယ်]

 

ကျန်းဝူပင်း “...”

 

ယခုနာရီအနည်းငယ်အတွင်း ယန်ရှစ်ရွှမ်းတွင် ပရိတ်သတ်များအတွက် နာမည်ပြောင် ယန်မိုင်က ရှိလာပြီဖြစ်သည်။ အမှန်ပင် ဒီလောကတွင် လူများသည် ရုပ်ရည်သွင်ပြင်ကို မှီခိုပြီး ဆုံးဖြတ်ချက်ချကြလေသည်။

 

ဟူး

 

ယန်ရှစ်ရွှမ်း၏ ထွက်ခွာသွားမှုကြောင့် သတင်းကြားကြားပြီးပြီးချင်း ဗီဒီယိုပလက်‌ဖောင်းသို့ အပြေးလာခဲ့ကြသော ဖန်များနှင့် ယန်ရှစ်ရွှမ်း၏ ပရိတ်သတ်များအားလုံးက ဆိုရှယ်မီဒီယာပလက်‌ဖောင်းသို့ အပြေး ပြန်သွားကြသည်။ အဓိက ဖန်သားပြင်အရှေ့တွင် လူအနည်းငယ်သာကျန်ပြီး ကျန်းဝူပင်း၏ အသေးစိတ် ရှင်းပြချက်ကို နားထောင်နေကြသည်။ ကျန်သော ပရိတ်သတ်များက ဒဏ်ရာရသူများ၏ အခြေအနေကို စိုးရိမ်နေသည်။ အထူးသဖြင့် အန်းနန်ယွမ်နှင့် အဖွဲ့ဖြစ်သည်။ ထို့ကြောင့် ကျန်းဝူပင်း၏ အပ်ပဒိတ်သတင်းများကို အချိန်ပေးပြီး စောင့်ဆိုင်း ကြသည်။

 

ကျန်းဝူပင်းသည် ကိစ္စငယ်လေးများကို မေ့လျော့တတ်သည့်အပြင် အမြဲတစေ ကြောက်လန့်ပြီး သရဲများကို အလွန့်အလွန်ကြောက်တတ်သော်လည်း အဓိက အခြေအနေများတွင် တာဝန်ယူတတ်သော ဒါရိုက်တာတစ်ယောက် ဖြစ်လာချိန်တွင်မူ သူသည် အရည်အချင်း ပြည့်မှီလေသည်။

 

သူသည် လက်ရှိပရိုဂရမ်အသင်းမှ အဖွဲဝင်တစ်ယောက်ချင်းစီတိုင်း၏ အခြေအနေ၊ သူတို့ကို ကုသပေးနေသော အခြေအနေနှင့် နောက်ပိုင်း စီစဉ်များ အားလုံးကို ပြောပြခြင်းဖြင့် ယခင်က စိုးရိမ်သည့်သူများအား တည်ငြိမ်သွားစေသည်။

 

ကျန်းဝူပင်း၏နည်းလမ်းတကျ ရှင်းပြပေးမှုအောက်တွင် ယခင်က စိုးရိမ်စိတ် ကြီးနေသော ကြည့်ရှုသူများအားလုံးက တဖြည်းဖြည်း စိတ်ငြိမ်သွားကြသည်။ ဆိုရှယ်မီဒီယာ ပလက်‌ဖောင်းများတွင်လည်း သူတို့ရှိုးသည် အန္တရာယ် များသော အခြေအနေမှ ပြန်လည် ထွက်ပေါ်လာနိုင်ခဲ့ပြီး သူတို့၏ လုံခြုံရေးကို အပ်ပဒိတ်ပေးသည့် သတင်းများအားလုံးနှင့် အပူတပြင်း ဖြစ်နေသည်။ တစ်ချို့သော ဖြတ်လျှောက်များဆိုလျှင် တဖြည်းဖြည်းချင်း ထွက်သွားကြသည်။ ထိုသို့ဖြင့် ရှိုးကို အမှန်တကယ် စိတ်ဝင်စားသူများသာ ကျန်ရစ်သည်။

 

ထိုအချိန်ထိ ရောက်ရှိပြီးနောက် ဗီဒီယိုပလက်ဖောင်းပေါ်တွင် ရှိုးအား စခက်ရှင်းလုပ်ထားသော လူများ၏ အရေအတွက်က နာမည်ကြီး စလယ်ပရီတီပေါင်းများစွာ ပါဝင်သော ရသစုံရှိုးကိုပင် ကျော်လွန်သွားပြီး ပလက်ဖောင်း တစ်ခုလုံးတွင် နံပါတ်နှစ်နေရာ ချိတ်သွားသည်။ နံပါတ်တစ်နေရာတွင် ရှိနေသည်မှာ စီစင်ပေါင်းများစွာ ထုတ်လွှင့်နေသည့် သက်တမ်းကြာရှည်သော ဂန္တဝင်ရသစုံရှိုး တစ်ခုသာ ဖြစ်သည်။ ထိုသို့ဖြင့် ပလက်ဖောင်းတစ်ခုလုံးတွင် ဒုတိယမြောက် နာမည်အကြီးဆုံး ရသစုံရှိုးဖြစ်သွားသည်။

 

မူလက မည်သူမှ ဂရုမစိုက်ပဲ နာမည်ကြီး အင်ဖလူရန်ဆာက ပို့စ်များတင်ကာ လှောင်ပြောင်မှုကို ခံခဲ့ရသည့် ရသစုံရှိုးတစ်ခုမှ စခရက်ရှင်းဆယ်သန်းကျော်နှင့် အချိန်နှင့်တပြေးညီ ကြည့်ရှုသူ သန်းပေါင်းများစွာ ရှိသော အမြင့်ဆုံးသော အဆင့်တွင် ရှိသည့် ထိပ်တန်းအဆင့် ရသစုံရှိုးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ရှိုး၏ အစပိုင်းကတည်းက စကြည့်ခဲ့သောသူများဆိုလျှင် အံအားတကြီး ဖြစ်နေကြသည်။

 

မူလက ရှိုးကို ပို့စ်တစ်ခုတင်ပြီး လှောင်ပြောင်ခဲ့သည့် ဘဲငန်းတာ့ကော ဘလော်ကာဆိုလျှင် ညဖက်အိပ်ရမည်ကိုပင် ကြောက်လန့်ရင်းနှင့် ထိုဆောင်းပါးကို ရှယ်ခဲ့သေးသည်။

 

သူက နဂိုက ဖော်လိုဝါးတစ်သန်းကျော်သာ ရှိရာမှ ရှိုးနှင့်ပတ်သက်သည့် အကြောင်းအရာများကိုတင်ရင်း ဆက်တိုက်တိုးလာသည့် အရေအတွက်ကို ကြည့်ရင်း ခံစားချက်များ ရှုပ်ထွေးသွားသည်။ အစပိုင်းတွင်မူ သူက ကျွမ်းကျင်ပညာရှင်၏ ရှုထောင့်မှတဆင့် ထိုရှိုးကို ကြည့်ပြီး ထိုရှိုးက နာမည်ကြီးရန် မဖြစ်နိုင်ဟု အနှစ်ချု ပ်ပြခဲ့သည်။ ထို့အပြင် နှစ်ပိုင်းတည်းနှင့် အော့ဖ်လိုင်းထွက်ပြီး အမေ့‌လျော့ခံရမည်ဟုပင် ခန့်မှန်း‌ပေးခဲ့သေးသည်။ သို့ရာတွင် သူ လုံးဝ မမျှော်လင့်ထားသည်မှာ  ဒီအခြေအနေ ကြားတွင်ပင် ယန်ရှစ်ရွှမ်းကဲ့သို့ လူတိုင်းကို အံအားတကြီးနှင့် ဆွဲဆောင်သွားနိုင်သော ဖြတ်မျဉ်းက ပေါ်လာသည်။ ဒီရှိုးသည် မည်သူမှ စိတ်ကူးယဉ်ကြည့်ရန်ပင် မဖြစ်နိုင် လောက်သည့် အန္တရာယ်များနှင့် ရင်ဆိုင်ရချိန်တွင် ပေါ့‌ပေါ့ပါးပါးနှင့် ကြည့်ရှု၍ အဆင်ပြေသော ခရီးသွားရသစုံရှိုးတစ်ခုမှ ကြောက်မက်ဖွယ် ကောင်းသော ရှင်သန်ရန် ကြိုးစားရသည့် ပရိုဂရမ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

 

သို့သော်လည်း အနည်းဆုံး ယခုအခါ ကိစ္စများအားလုံးက တည်ငြိမ်သွားပြီ ဖြစ်သည်။

 

ခါးသီးသော မျက်နှာထားနှင့်သူက နံရံကို မှီကပ်နေရာမှ ထရပ်လိုက်သည်။ သူ၏ခြေထောက်များက အချိန်အကြာကြီး ထိုင်နေသောကြောင့် ထုံထိုင်းနေသည်။ သူသည် အခန်းအတွင်းမှ ခပ်မြန်မြန်ထွက်ပြီး ရေချိုးခန်းထဲ ပြေးသည်။

 

သူ ဆက်လက်ပြီး မတောင့်နိုင်တော့ချေ။ သူ ကြောက်လွန်းသဖြင့် သေလုနီးပါး ဖြစ်နေသည်လည်း ဖြစ်နိုင်သည်။

 

ဘုရားရေ အဲ့တာတွေက ဘာတွေလဲ။

 

ဒါက ယန်ရှစ်ရွှမ်းပြောသလိုမျိုး စပရှယ်အဖက်ဆု့စ်တွေတော့ မဖြစ်နိုင်ပါဘူး။

 

သို့ရာတွင် ယန်ရှစ်ရွှမ်းက အခြားသူများ ထိုအကြောင်းအရာကို ယုံမယုံဆိုသည့် ကိစ္စများကို ဂရုမစိုက်သေးရုံမကသေးလေပဲ ဟိုင်ရန်ဂူဘုရားကျောင်းမှ တာအိုဘုန်းတော်ကြီးများကလည်း ဂရုမစိုက်ချေ။

 

အာဏာပိုင်များနှင့် နှစ်ပေါင်းများစွာ ကြာအောင် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး သာမာန်လူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဒုက္ခပေးနေသည့် သဘာဝလွန် ဖြစ်ရပ်များကို ကိုင်တွယ်ဖြေရှင်းပေးနေခဲ့သည့် ဟိုင်ရန်ဂူဘုရားကျောင်းမှ တာအိုဘုန်းတော်ကြီးများသည် ယခုလိုမျိုး ထင်မြင်ချက်ပေးသည့် ကိစ္စများနှင့် ကောလဟလများ ထွက်သည့်ကိစ္စအပေါ် ကျင့်သားရနေလေပြီ။ ထိုကြောင့် တစ်ခါတစ်ရံတွင် အလျင်လက်ဦးမှုယူကာ ကောလဟလများကို ဖန်တီးပေးသေးသည်။

 

သူတို့အတွက် ယန်ရှစ်ရွှမ်းနှင့် ရှိုး၏တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပါဝင်သူများက အရေးမကြီးပါချေ။

 

ပို၍အရေးကြီးသည်မှာ ကွေ့တောင်၏အခြေအနေ ဖြစ်သည်။

 

ဆရာသခင် ဒီတောင်မှာ အစောပိုင်းက တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ။ ဘယ်လိုကြောင့် ကျိုင်းကောင်သစ်ပင်ထဲမှာ ပုန်းနေတဲ့ ရန်ငြိုးကြီးဝိဉာဉ်တွေ အများကြီးရှိနေတာလဲ။ နောက်ပြီး ငါတို့အရင်တစ်ခေါက် ဒီနေရာကို လာရှာတုန်းက တစ်ကောင်မှ မရှိဘူးလေ။ ဒါက မဖြစ်သင့်ဘူး။

 

သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီးက စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်ရင်း တာအိုဘုန်းတော်ကြီးကို မေးသည်။

 

ကွေ့တောင်မှ ဝရုန်းသုန်းကား အခြေအနေများက တည်ငြိမ်သွားပြီးနောက် မြေကမ္ဘာက လှုပ်ခါပြီး ရန်ငြိုးကြီးဝိဉာဉ်များ၏ တိုက်ခိုက်မှုကြောင့် လူစုကွဲသွားခဲ့သည့် တာအိုဘုန်းတော်ကြီးများ အားလုံးက စံအိမ်သို့ အပြေးအလွှားလာကြသည်။ မည်သို့ပင်ဆိုစေ ထိုနေရာဟာ အန္တရာယ်အများဆုံးဟု ယူဆရမည်ဖြစ်သည်။

 

သို့ရာတွင် သူတို့ကို အံ့အားသင့်စေသည်မှာ စံအိမ်သာ မကသေးချေ။ ကွေ့တောင်တစ်တောင်လုံးက သန့်ရှင်းနေပြီး မည်သည့် ရန်ငြိုးကြီးဝိဉာဉ်မှ မရှိပါချေ။

 

သူတို့သည် ယခင်က လက်ခံရရှိခဲ့သည့် သေဆုံးသူများ၏ ရီပို့များနှင့် အဖြစ်အပျက်များအားလုံးက ထင်ယောင်ထင်မှားအလား ဖြစ်နေသည်။

 

သူတို့က ဟော်တယ်၏ ဧည့်ခန်းထဲတွင် တရားထိုင်နေသော တာအိုဘုန်းတော်အိုကြီးကို မြင်သောအခါ စိတ်အေးသွားသလို သက်ပြင်းချလိုက်ပြီး ဒီဖြစ်စဉ်၏ ရှင်းပြချက်ကို ရှာတွေ့သွားသည်။

 

တာအိုဘုန်းတော်ကြီးလီသည် ဟိုင်ရန်ဂူဘုရားကျောင်း၏ အင်အား အကြီးဆုံးဘုန်းတော်ကြီးများထဲမှ တစ်ယောက်ဖြစ်သလို သူတို့က တောင်ပေါ်တွင် ရှိနေသည့် တိုတောင်းသော ကာလအတောအတွင်း ကွေ့တောင်ပေါ်ရှိ ရန်ငြိုးကြီးဝိဉာဉ်တိုင်းကို သုတ်သင်ခဲ့ခြင်း ဖြစ်နေသည်။

 

သူတို့က အဖြေကို ရပြီးကြောင်း တွေးမိရုံနှင့် တာအိုဘုန်းတော်ကြီးများက တစ်ဖက်က မျက်လုံး ပွင့်လာကြောင်း မြင်သည့်အခါ အပြေးအလွှား မေးကြသည်။ ထိုသို့ဖြင့် သူတို့၏အတွေးများကို အတည်ပြုလိုက်ကြသည်။

 

“ငါ မဟုတ်ဘူး”

 

တာအိုဘုန်းတော်ကြီးမာက ရယ်သည်။

 

“ဆရာသခင်ဦးလေး အရမ်းနှိမ့်ချ နေပြန်ပြီ။ ဆရာသခင်ဦးလေးမှ မဟုတ်ရင် ဘယ်သူ ဖြစ်နိုင်မှာလဲ “

 

တာအိုဘုန်းတော်အိုကြီးက နှာခေါင်းကို တစ်ချက်ရှုံ့လိုက်သည်။ ထို့နောက် လက်ကိုမြှောက်ပြီး တစ်နေရာဘက်သို့ ညွှန်ပြကာ ပြောသည်။

 

“မင်းရဲ့တွက်ချက်မှုစွမ်းရည်က ညံ့နေတုန်းပဲ။ ဒါကို အခုချိန်အထိ မသိသေးဘူးလား။ တစ္ဆေတောင်ရဲ့ ကိစ္စတွေကို ဖြေရှင်းခဲ့တဲ့သူက အဲဒီမှာ လဲနေတယ်”

 

တာအိုဘုန်းတော်များက တာအိုဘုန်းတော်ကြီး လက်ညိုးညွှန်ရာဘက်သို့ ကြည့်လိုက်သောအခါ မျက်လုံးမှေးလျက် ဆိုဖာပေါ်တွင် လဲနေသော ပိန်ပိန်သွယ်သွယ်နှင့် လူငယ်လေး တစ်ယောက်ကို မြင်လိုက်ရသည်။ တစ်ဖက်သူသည် ဆူညံ ပွက်လောရိုက်နေသော ဝန်းကျင်၏သက်ရောက်မှုကို မခံရပုံ ပေါ်သည်။ လောကမှ အရာများက သူ့အပေါ် မသက်ရောက်နိုင်သလိုမျိုး သူသည် စိတ်နှစ်မြှပ်နေရင်း တရားကျင့်နေသည့် အခိုက်အတန့်လို့မျိုး တည်ငြိမ်နေလေသည်။

 

တာအိုဘုန်းတော်ကြီများ “..”

 

အခြေအနေက တကယ် မဟုတ်သလိုပဲ။

 

လူတိုင်းကို ပြန်လည် စုစည်းပြီးနောက် အဆက်အသွယ် ပြတ်သွားသည့် အတွေ့အကြုံကို ပြန်လည်တွေး တောလိုက်ကြသည်။ ထို့နောက် မည်သည့်ရလဒ်ကိုမှ မသိနိုင်တော့လေရာ တစ်ဦးချင်းစီ၏ အတွေ့အကြုံများကို ပြန်လည် ပြောပြ ကြလေသည်။

 

တစ္ဆေတောင်က တုန်ခါသွားသည့် အခိုက်အတန့်တွင် တာအိုဘုန်းတော်ကြီးများအားလုံးက တစ္ဆေတောင်၏ နေရာအနှံ့တွင် လိုက်လံ ရှာဖွေခဲ့ ကြသည်။ သို့ရာတွင် သူတို့က မည်မျှနက်သော မြေကြီးကို တူးခဲ့စေကာမူ၊ မည်မျှဂရုစိုက် ရှာဖွေခဲ့စေကာမူ မည်သည့် ပုံမှန်မဟုတ်သည့် အကြောင်းအရာကိုမှ မတွေ့ခဲ့ကြချေ။

 

အခြေအနေများက အဆုံးသတ်နား နီးလာသဖြင့် မြေဆီလွှာများက အလိုအလျောက် ကွဲထွက်ပြီး သစ်ပင်များက ပြိုလဲကျသွားမှ ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။

 

ထိုအချိန်က သန့်ရှင်းနေသည်ဟု ထင်ရသော မြေဆီလွှာအတွင်းတွင် သွေးနီရောင် ကိုယ်ထည်ကြီးများ ရှိနေသည်။ ထန်းပင်များကလည်း ကျိုင်းကောင်သစ်ပင်များအဖြစ် ပြောင်းလဲသွားသော ရန်ငြိုးကြီးဝိဉာဉ်များအားလုံးက သိမ်းယူခံရသည်။

 

ထိုအချိန်က ကယ်ဆယ်ရေးအသင်းနှင့် အတူရှိနေသော သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီးကမူ ထိုသတ္တဝါများကြောင့် မြေဆီလွှာအတွင်းသို့ ဆွဲချခံရသည့် ငယ်ရွယ်သည့် ကယ်ဆယ်ရေးသမားတစ်ယောက်အကြောင်းကို ကြောက်လန့်တကြား ပြန်လည် ဝေမျှပေးသည်။

 

တစ်ယောက်ချင်းစီတိုင်းက မျက်မှောင် ကြုတ်နေကြပြီး တစ္ဆေတောင်ပေါ်မှ အဖြစ်အပျက်များအကြောင်း စဉ်းစားဆင်ခြင် နေကြသည်။

 

နှစ်စပိုင်းတွင် ကောလိပ်ကျောင်းသားများ ပျောက်ကွယ်သွားမှုက သူတို့အား ထိုကိစ္စကို အလွန်အလေးအနက်ထားရုံသာ မကသေးလေပဲ လွန်ခဲ့သော နှစ်တစ်ရာလုံးလုံး တစ္ဆေတောင်မှ လူသတ်သမားများ၏ အကြောင်းအရာကို ထုတ်ဖော်လိုခဲ့သည့် နတ်ဆရာနှင့် ပညာရှင်ပေါင်း များစွာကလည်း ပျောက်ကွယ် သွားခဲ့သည်။ သို့ရာတွင် သူတို့သည် ထိုနေရာတွင် စုစည်းနေသည့် ရန်ငြိုးကြီးဝိဉာဉ်ရာပေါင်းများစွာနှင့် အငြိုးအတေးကြီးသော ဝိဉာဉ်များကို ရှာမတွေ့ခဲ့ကြချေ။

 

တစ္ဆေတောင်သည် ပင်းဟိုင်မြို့ အပြင်ဘက်တွင် ရှိသည့် လူတိုင်းကို ခေါင်းကိုက်စေသော နေရာတစ်ခု ဖြစ်လာသည်။

 

သို့ရာတွင် ထိုမျှခြောက်ခြားဖွယ်ကောင်းသော အများအမြင်မှ ပျောက်ကွယ်နေသည့် တစ္ဆေတောင်ကြီးက ရုတ်တရက် ပြန်ပေါ်လာပြီး ကွေ့တောင်နှင့် ပေါင်းသွားသည်။ ထိုသို့ဖြင့် ရသစုံရှိုးတွင်ပါဝင်သော လူတိုင်းကို ကြောက်စရာကောင်းသည့် ခရီးတစ်ခုသို့ ခေါ်ဆောင်သွားခဲ့လေသည်။ အားလုံးကို သေစေလုနီးပါး ဖြစ်သွားစေခဲ့သည်။

 

တောင်ခြေတွင် နေခဲ့သော ရိုက်ကူး‌ရေးအဖွဲ့မှ အဖွဲ့ဝင်များကလည်း တစ္ဆေတောင်၏ နယ်နမိတ်နားတွင် ပိတ်မိလေခဲ့လေရာ စံအိမ်မှလူများနှင့် မဆက်သွယ်နိုင်ခဲ့ချေ။ တာအိုဘုန်းတော်ကြီးနှင့် တွေ့ဆုံခဲ့သောကြောင့်သာ မဟုတ်လျှင် သူတို့သည်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင်သည်။

 

ယခုလောက်အန္တရာယ်များသော နေရာမျိုးတွင် ဟိုင်ရန်ဂူဘုရားကျောင်းက ကပ်ဘေးကို ဖြေရှင်းပြီးရုံနှင့် အလွယ်တကူ မမေ့နိုင်သလို လစ်လျူရှု၍ မဖြစ်နိုင်ချေ။

 

လူတိုင်းက အတွေးနက်နေသည့်အချိန်တွင် တာအိုဘုန်းတော်ကြီးက မတ်တပ် ထရပ်လိုက်ပြီး ယန်ရှစ်ရွှမ်းထံ လျှောက်သွားသည်။

 

“ဒီနေရာမှာ ထိုင်ပြီး တွေးနေမယ့်အစား ကိစ္စတစ်ခုလုံးကို ဖြေရှင်းခဲ့တဲ့သူကို မေးလိုက်တာ မကောင်းဘူးလား”

 

တာအိုဘုန်းတော်ကြီးက တပည့်များကို ဆူပူရင်းပြောသည်။

 

“မင်းတို့တွေ ကျမ်းစာတွေကို မှတ်သားထားခဲ့တာက ဒီလိုရူး ကြောင်ကြောင် ဖြစ်နေဖို့အတွက်လား။ နည်းနည်းလေး ပိုပြီး အခြေနေအလိုက် မလှုပ်ရှား နိုင်တော့ဘူးလား”

 

သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီး၏ မျိုးရိုးနာမည်က စုန့်ဖြစ်သည်။ သူက စိတ်ရှုပ်စွာ ခေါင်းညိတ်လိုက်ပြီး အမှားအတွက် ပြင်ဆင် ဖာထေးရန် ဆုံးဖြတ်ချက်ချလိုက်သည်။ အခြားသော တာအိုဘုန်းတော်ကြီးများကမူ တာအိုဘုန်းတော်ကြီးစုန့်ကပင် အဆူခံရကြောင်း မြင်နေရသဖြင့် ခပ်မြန်မြန် နောက်မှ လိုက်ပါလိုက်ကြသည်။ သူတို့သည်လည်း တာအိုဘုန်းတော်ကြီးအိုအား ဆူပူခွင့် မပြုတော့ချေ။

 

ထို့ကြောင့် ယန်ရှစ်ရွှမ်းက တစ်စုံတစ်ယောက်ဟာ ချဉ်းကပ်လာပြန်ကြောင်း သိသောအခါ မျက်လုံးကို ခပ်မြန်မြန် ဖွင့်လိုက်သည်။ ထိုအခါ အပြာရင့်ရောင် တာအိုဝတ်စုံများကို ဝတ်ဆင်ထားသည့် ဘုန်း‌တော်ကြီး တစ်သိုက်က သူ့ကို ဝိုင်းနေကြောင်း တွေ့လိုက်ရသည်။

 

သူသည် ရင်းနှီးကျွမ်းဝင်ဟန် ပေါ်အောင် အတတ်နိုင်ဆုံး ခက်ခက်ခဲခဲ ကြိုးစားနေကြပြီး လှဲနေသည့် သူကို အပေါ်ပိုင်းမှ ငုံံကိုင်းလျက် ကြည့်ကြသည်။ သူတို့၏အကြည့်များက သူ့ကိုအကဲခတ်နေသလို ထင်ရသည်။ သူတို့သည် မေးခွန်းအများကြီးကို‌ မေးချင် နေပုံပေါ်သော်လည်း သူတို့အတွက် ပို၍ထူးခြားစေသော မေးခွန်းက “ဒီကောင်က တစ္ဆေတောင်က ကိစ္စတွေကို ဖြေရှင်းခဲ့တဲ့သူလား” ဖြစ်နေသည်။

 

သို့ရာတွင် ယန်ရှစ်ရွှင်း၏ ရှုထောင့်ဘက်မှကြည့်သော် သူသည် အခေါင်းထဲတွင် လှဲနေပြီး သင်္ဂြုလ်ခြင်း အခမ်းအနားကို လုပ်ဆောင်ပေးမည့် ဘုန်းတော်ကြီးတစ်အုပ်က ဝိုင်းကြည့်နေလျက် ကြင်နာစွာနှင့် “နိုးနေပြီလား မင်းသေလွန်ပြီးပြီဆိုတာကို သိလား” ကို မေးမြန်းနေသလို ခံစားလိုက်ရသည်။

 

ယန်ရှစ်ရွှမ်းက သူ၏စိတ်ကူးယဉ်မှုနှင့်အတူ သည်းမတတ်ဖြစ်သွားသည်။ ထို့နောက် ခပ်မြန်မြန် ထထိုင်လိုက်သည်။

 

“လိုအပ်တာရှိလား”

 

သူက မျက်မှောင်ကို ကြုတ်လျက် မေးလိုက်သည်။ သူ၏သွယ်လျသော လက်ချောင်းက သူ၏မှင်သက်သွားသော နှလုံးသားကို အသာဖိလိုက်ရသည်။ အားလုံးပဲ ဘယ်သူ့အတွက်မဆို နိုးလာတဲ့အချိန်မှာ တာအိုဘုန်းတော်ကြီးတွေက အတင်းငုံ့ကြည့်တာ ခံရတာက ကောင်းမွန်တဲ့ အတွေ့အကြုံ မဟုတ်ဘူးမှာတော့ သေချာတယ်။

 

“မဟုတ်ပါဘူး မဟုတ်ဘူး မင်းက လူကြီးမင်း ယန်ရှစ်ရွှမ်းလား”

 

တာအိုဘုန်းတော်ကြီးစုန့်က အားတင်းကာ ပြုံးလိုက်သည်။ သူက ဆရာသခင်၏ကိုယ်စား မေးမြန်းပေးရန် ဆုံးဖြတ်လိုက်၏။

 

“လူကြီးမင်းယန် ကျေးဇူးပြုပြီး ငါတို့က မင်းကို မေးချင်တာက _ _ _”

 

“မင်းရဲ့ဆရာက ဘယ်မှာလဲ”

 

တာအိုဘုန်းတော်အိုကြီးက တာအိုဘုန်းတော်ကြီးစုန့်၏ စကားကို ဖြတ်ပြော လိုက်သည်။

 

“မင်းက တန်ခွေးရဲ့တပည့်မဟုတ်လား ငါ အမှတ် မမှားနိုင်ဘူး”

 

တာအိုဘုန်းတော်အိုကြီး၏ ယန်ရှစ်ရွှမ်း၏နဖူးကို အသာညွှန်ပြသည်။ ထို့နောက် ရင်ဘတ်ကို ပြန်ညွှန်ပြပြန်သည်။ သူက ပြောသည်။

 

“တစ္ဆေလို ရုပ်ရည်သွင်ပြင် တစ္ဆေက လူသားခန္ဓာကိုယ်ကို ဝင်နိုင်တယ်။ ဒါပေမယ့် အဲဒီအတွက်ကြောင့် မင်းက ဝိဉာဉ်ကို တည်ငြိမ်အောင် လုပ်ပေးနိုင်တဲ့သူ ဖြစ်နေတယ်။ ငါ ဒီလိုရုပ်ရည်သွင်ပြင်နဲ့လူကို တစ်ကြိမ်ပဲ မြင်ဖူးတယ်။ အဲဒီတစ်ယောက်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က တန်ခွေးက ခေါ်လာတဲ့ တပည့်လေးပေါ့။ ဒီလိုရှားပါးတဲ့ ရုပ်ရည်သွင်ပြင်နဲ့ဆိုရင် နောက်တစ်ယောက် မဖြစ်နိုင်ဘူး။ နောက်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်က တန်ကောတပည့်က ကလေးလေး။ သူက အမြဲတမ်း မျက်နှာတည်တည်လေးနဲ့ ဖြစ်နေတက်ပြီး တစ်ချိန်လုံး စိတ်အခြေအနေ ဆိုးနေတဲ့ ပုံစံလေးပဲ။ ငါ သူ့ကို ဘယ်လောက်စဖို့ ကြိုးစား ကြိုးစား တစ်ခါမှ မရယ်ဘူး။ ငါ သူ့ကို မျက်လှည့်တောင် ပြကြည့်သေးတယ်။ ဒါပေမယ့် သူက ငါ့ကို အသိအမှတ် မပြုသေးဘူးလေ”

 

တာအိုဘုန်းတော်အိုကြီးက ခါးထောက်ရင်း လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက တပည့်ငယ်လေး၏ ရုပ်ရည်သွင်ပြင်ကို ပြောပြနေသည်။ သူက သက်ပြင်းချရင်း ပြောသည်။

 

“ဒါပေမယ့် တန်ခွေးက ထွက်သွားတာ ၁၀နှစ်ကျော်ကြာပြီ။ သူက ဟိုင်ရန်ဂူဘုရားကျောင်းကို တစ်ခါမှ ပြန်မလာဘူး။ အဲဒီကလေးလေးလည်း အလားတူပဲ။ နှစ်ပေါင်းများစွာ ကြာသွားပြီ။ လူတွေက အသက်ကြီးတော့ ပြောင်းလဲသွားတာလေ။ သူ အခု ဘယ်လိုရုပ်ရည်ရှိနေလဲ မသိဘူး”

 

ယန်ရှစ်ရွှမ်း “.....”

 

ထို့နောက် အံကြိတ်သံကို ကြားလိုက်ရသည်။

 

အခြားသော တာအိုဘုန်းတော်ကြီးအိုများက ယန်ရှစ်ရွှမ်း၏ မဲမှောင်နေသော မျက်နှာကို ကြည့်ပြီး သူဟာ လူတစ်ယောက်ကို သတ်ရန် အဆင်သင့်ပြင်ထားသလို ခံစားလိုက်ရသည်။ အခြားတစ်ဖက်တွင်မူ တာအိုဘုန်းတော်အိုကြီးက အတိတ်အကြောင်း ပျော်ပျော်ရွှင်ရွှင် ပြောနေသေးသည်။

 

သူတို့ အားလုံးက တိတ်ဆိတ် သွားကြသည်။

 

“.....”

 

နောက်ပြီး တန်ခွေးဆိုတာက_ _ _ သူတို့မသိဘူး။

 

သူတို့အားလုံးက ထိုတန်ခွေးဆိုသည်မှာ တာအိုဘုန်းတော်ကြီး အရင်က ဟိုင်ရန်ဂူဘုရားကျောင်းတွင် တွေ့ခဲ့သည့် ရွာသားလားဟု တွေးမိသွားသည်။

 

သို့သော် ဟိုင်ရန်ဂူဘုရားကျောင်းမှ လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က ထွက်သွားခဲ့သော တစ်စုံတစ်ယောက်ဆိုလျှင် ထို့အပြင် တာအိုဘုန်းတော်အိုကြီးနှင့် ရင်းနှီးနေသော သူတစ်ယောက် ဆိုလျှင်မူ _ _ _ ထို့အပြင် တာအိုဘုန်းတော်အိုကြီးကလည်း ထိုတပည့်ကို အလွန်အမင်း သဘောကျနေပုံ ပေါ်သည်။ ထို့ကြောင့် ထိုလူသာ ဖြစ်နိုင်သည်။

 

ဟိုင်ရန်ဂူဘုရားကျောင်းတွင် လှည့်လည်သွားလာပြီး ပုန်းကွယ်စွာ နေထိုင် တတ်သောသူ။

 

ထိုသူသည် တာအိုဘုန်းတော်အိုကြီး၏ မျိုးဆက်တွင် အငယ်ဆုံးနှင့် ပါရမီအကြီးဆုံး ဂျူနီယာတပည့် ဂိုဏ်းသားတစ်ယောက် ဖြစ်သည်။ သို့တိုင်‌အောင် သူသည် ဂိုဏ်းသို့ တရားဝင် မဝင်ခဲ့ချေ။ ထို့အပြင် တရားဝင်ဘုန်းတော်ကြီးလည်း မလုပ်ခဲ့ပါချေ။ ထို့အစား သူက လောကအနှံ့ လှည့်လည် သွားလာနေခဲ့သည်။ ထိုသို့ဖြင့် ဟိုင်ရန်ဂူဘုရားကျောင်းနှင့် ပတ်သက်သည့် ဒဏ္ဍာရီလာဆန်သည့် ပုံရိပ်တစ်ခု ဖြစ်လာသည်။

 

ယန်ရှစ်ရွှမ်းက အံကိုကြိတ်ရင်းပြောသည်။

 

“ဆရာသခင် လီချမ်းရွန်”

 

တန်ခွေး မဟုတ်ဘူး။

 

ဒါဟာ ဆရာဖြစ်သူ၏ လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က နာမည်ပြောင် ဖြစ်သည်။

 

ဒါကို ဘာလို့ လူတိုင်းက မှတ်မိနေတာလဲ။ နောက်ပြီး ဘာလို့ သာမာန်ကာလျှံကာ လိုက်ခေါ်နေတာလဲ။ တအားကို ညံ့ဖျင်း လွန်းအားကြီးတယ်။

 

ပတ်ပတ်လည်မှ အခြားသော တာအိုဘုန်းတော်ကြီးများက ရုတ်တရက် အသိဝင်သွားသလို ဖြစ်သွားသည်။

 

ဆိုတော့ ဆရာသခင်ချမ်းရွန်ကို ပြောတာကို။

 

ယခုလေးတင် စိတ်အားထက်သန်စွာနှင့် ပုံပြင်ကို ပြန်ပြောပြနေခဲ့သော တာအိုဘုန်းတော်ကြီးက ရုတ်တရက် ရပ်တန့်လိုက်ပြီး ပဟေဠိအပြည့်နှင့် ယန်ရှစ်ရွှမ်းကို ကြည့်သည်။

 

“လီချမ်းရွန် ဘယ်သူလဲ”

 

ယန်ရှစ်ရွှမ်း၏ မျက်နှာက ပို၍မဲမှောင်လာသည်။ သူက လှောင်လိုက်ပြီး လက်ဆစ်များကို ချိုးလိုက်ကာ ခရက်ခရက် အသံများကို ထွက်လာ‌စေသည်။ သူဟာ တစ်စုံတစ်ယောက်ကို ရိုက်နှက်‌တော့မည့်ပုံ ပေါ်သည်။

 

တာအိုဘုန်းတော်အိုကြီးများက အသက်ပြင်းပြင်း ရှူလိုက်ကြသည်။ သို့သော် ဆရာသခင် ချမ်းရွန်နှင့် ပတ်သက်လာလျှင် ဒါဟာ ယခင်မျိုးဆက်မှ ကိစ္စများ ဖြစ်လေရာ သူတို့က အများကြီး မစွပ်ဖက်ရဲချေ။ ထို့ကြောင့် ဘေးဘက်တွင်သာ ရပ်နေပြီး ယန်ရှစ်ရွှမ်းက တိုက်ခိုက်လျှင်သာ လိုရမယ်ရ ကာကွယ်ရန် ဆုံးဖြတ် ထားလိုက်ကြသည်။

 

တစ်ခဏခန့် ကြာပြီးနောက် တာအိုဘုန်းတော်ကြီးက ရုတ်တရက် ပြောသည်။

 

“အိုး မင်းပြောချင်တာက တန်ခွေးလား။ ငါ မှတ်မိပြီ။ တကယ်ပဲ သူ အရွယ်ရောက် သွားတဲ့အခါ သူ့ရဲ့ ပြောင်မြောက်ထူးချွန်တဲ့ ပါရမီကြောင့် ချမ်းရွန်ဆိုတဲ့ နာမည်က ပေါ်လာတာလေ။ ငါတို့ရဲ့ ဆရာက သူ့ကို ဟိုင်ရန်ဂူဘုရားကျောင်းက ရွန်ဆိုတဲ့နာမည်ကို ထည့်ပေးခဲ့တာပေါ့”

 

တာအိုဘုန်းတော်အိုကြီးက ယန်ရှစ်ရွှမ်းကို ပို၍ပင် နွေးထွေးသော မျက်နှာထားမျိုးနှင့် ကြည့်သည်။

 

“မင်းက တကယ်ပဲ တန်ခွေးရဲ့တပည့် ဖြစ်နေတာပဲ။ ငါပြောပါတယ် ဒီတစ္ဆေလို ရုပ်ရည်သွင်ပြင်က ဂေါ်ဖီထုပ်လိုမျိုး နေရာတိုင်းမှာ ရှာတွေ့နိုင်တာ မဟုတ်ပါဘူး”

 

ယန်ရှစ်ရွှမ်း “... ငါ့ဆရာရဲ့နာမည်က လီချမ်းရွန် တန်ခွေးမဟုတ်ဘူး”

 

တာအိုဘုန်းတော်ကြီးက သဘောတူသည်။

 

“ငါ အခုနားလည်သွားပါပြီ။ တန်ခွေးရဲ့တပည့်”

 

ယန်ရှစ်ရွှမ်း “.....”

 

တာအိုဘုန်းတော်ကြီးများ “.....”

 

သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီးက တာအိုဘုန်းတော်ကြီးများထံမှ ခပ်မြန်မြန် ပြေးထွက်လာပြီး နှစ်ယောက်ကြားတွင် နေရာဝင်ယူသည်။ မည်သို့ပင်ဆိုစေ ဒေါသကြီးလှသော ထိုတပည့်က ဘုန်းတော်အိုကြီးကို ဒေါသ ထွက်နေလေသည်။

 

“မင်းက ဆရာသခင်ချမ်းရွန်ရဲ့ တပည့်ဆိုကတည်းက ငါက မင်းရဲ့စီနီယာအစ်ကိုပေါ့”

 

သက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီးက အားတင်းကာ ပြုံးရင်း ပြောသည်။

 

“တာအိုပညာရှင်ယန်က တစ္ဆေတောင်ပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ အသေးစိတ် အခြေအနေကို ငါတို့နဲ့ ဝေမျှ ပေးနိုင်မလား။ နောက်ပြီး မင်းက ဘယ်လို နည်းလမ်းကို သုံးပြီး တစ္ဆေတောင်ပေါ်က ဝိဉာဉ်တွေကို ကိုင်တွယ်ခဲ့သလဲ ဆိုတာကို သိချင်ပါတယ်”

 

သဘာဝ အလျောက်ပင် ယန်ရှစ်ရွှမ်းက အလျင်စလို ပြေးထွက်ပြီး မတိုက်ခိုက်ပါချေ။ ထိုသက်လတ်ပိုင်းအရွယ် တာအိုဘုန်းတော်ကြီးက ဝင်မပါလျှင်ပင် တစ်ဖက်သူက အသက်ကြီးနေပြီ ဖြစ်သည်။ ယန်ရှစ်ရွှမ်းက ခပ်ကြမ်းကြမ်း နည်းလမ်းကို သုံးပြီး မဖြေရှင်းလိုပါချေ။

 

ပို၍ဆိုးသည်မှာ ထိုဘုန်းတော်ကြီးက သူ့ဆရာနှင့် ဆက်ဆံရေး ကောင်းကြောင်း သတိ ရလိုက်သည်။ တာအိုဘုန်းတော်အိုကြီးက လွန်ခဲ့သော ဆယ်နှစ်ခန့် ကတည်းက သူ၏ဆရာဖြစ်သူ ဟိုင်ရန်ဂူဘုရားကျောင်းက ထွက်သွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ရန်ငြိုး ထားနေသောကြောင့်သာ တမင်တကာ တန်ခွေးဟု ခေါ်ခြင်း ဖြစ်သည်။ ထိုအခါတွင် ယန်ရှစ်ရွှမ်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်အခြေအနေကို ထိန်းညှိလိုက်ကာ တစ္ဆေတောင်ပေါ်မှ အဖြစ်အပျက်များကို ပြောပြလိုက်သည်။ သူသည် မိစ္ဆာဝိဉာဉ်များကို မည်သို့ဖြေရှင်းခဲ့ပြီး ကျန်ရစ်နေသော ရန်ငြိုး စွမ်းအားများကို ဖယ်ရှားလျက် ကြောက်မက်ဖွယ်‌ ကောင်းသော သရဲကို မည်သို့ တိုက်ခိုက်ခဲ့ကြောင်း ပြောပြလိုက်သည်။ သူက ရိုက်ကူးရေးအဖွဲ့သားများကို တစ္ဆေတောင်၏ ဆိုးယုတ်သော ဖမ်းဆုပ်မှုအတွင်းမှ လွတ်မြောက်အောင် စီစဉ်ပေးခဲ့ပုံကို အသေးစိတ်ကျကျ ပြောပြလိုက်လေသည်။

 

ဒါဟာ ပညာရေး ဆွေးနွေးဖလှယ်ပွဲဟု ဆို၍ရသည်။ သူ၏ အတွေ့အကြုံများက ဟိုင်ရန်ဂူဘုရားကျောင်းမှ ဘုန်းတော်ကြီးများ အနာဂတ် တစ္ဆေနှင်ရာတွင်၊ မကောင်းဆိုးဝါး အမဲလိုက်ရာတွင် ကိုးကားချက်အဖြစ် အသုံးပြုနိုင်သည်။

 

ယန်ရှစ်ရွှမ်းက ထိုအခြေအနေကို ကောင်းကောင်း လက်ခံ ပေးလေသည်။

 

သူတို့က စံအိမ်အတွင်းမှ မတူညီသော အင်အားစုများ၏ လွန်ဆွဲမှုနှင့် ဟန်ချက်ညီမှုများ အကြောင်းကို ကြားသောအခါ ယခင်က ပျောက်သွားသော တက္ကသိုလ် ကျောင်းသားများ၏ ကိစ္စတွင် ဝင်ပါခဲ့ဖူးသော တာအိုဘုန်းတော်ကြီးများ အချို့ဆိုလျှင် အံ့ဩ သွားကြသည်။

 

“ဘာ စံအိမ်ထဲက ဓားပြတွေနဲ့ နဂိုက သခင်မက ဆန့်ကျင်ဘက် အင်အားစုလား”

 

တာအိုဘုန်း‌တော်ကြီးမာက တအံ့တဩ ပြောသည်။

 

“လူကြီးမင်းယန် မဟုတ်ဘူး။ ညီနောင် တာအိုဘုန်းတော်ကြီးယန် မင်း တကယ် ပြောနေတာလား။ ဒါပေမယ့် ငါတို့တွေ ကွေ့တောင်ရဲ့စံအိမ်အတွင်းမှာ စုံစမ်း စစ်ဆေးခဲ့တဲ့ အတိုင်းဆိုရင် ဘာရန်ငြိုးမှ မရှိဘဲ ရှင်းလင်းနေတာပါ”

 

“နောက်ပြီး ရန်ငြိုးကြီး ဝိဉာဉ်ချီရွှမ်းက သူမကို သတ်ခဲ့တဲ့ ဓားပြတွေနဲ့ အခြားသူတွေကို စံအိမ်ထဲမှာ တိုက်ရိုက် သတ်ပစ်ခဲ့တာပဲ”

 

ယန်ရှစ်ရွှမ်းက တည်ငြိမ်စွာ ရှင်းပြသည်။

 

“ဓားပြတွေ မဟုတ်ရင် ချီရွှမ်းက ဘယ်သူ့ကို မဆို ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့ ဆက်ဆံပေးတာ။ သူတို့ကသာ သူမကို မကြောက်ရင်၊ သူမကို မတိုက်ခိုက်ရင် ဓားပြအဖွဲ့က လူတွေလို့ မသတ်မှတ်တာကြောင့် ကူညီပေးလိမ့်မယ်”

 

“ငါ ဟိုင်ရန်ဘုရားကျောင်းရဲ့ တာအိုဘုန်းတော်ကြီး တစ်ယောက်ဆီက ကြားထားတဲ့ အတိုင်းဆိုရင် အရင်က တစ္ဆေတောင်ပေါ်မှာ သေဆုံးသွားရတဲ့ အပေါင်းအဖော်တွေ အများကြီးပဲတဲ့”

 

ယန်ရှစ်ရွှမ်းက အသာ လှောင်သည်။

 

“သူတို့က ချီရွှမ်းကို သရဲဆိုတဲ့ ခေါင်းစဉ်အောက်ကို ထည့်ပြီး သရဲတိုင်းကို နှင်သင့်တယ်လို့ တွေးလိုက်ကြလို့ ဖြစ်လိမ့်မယ်။ ဒီအတွက်ကြောင့် သူတို့က ချီရွှမ်းကို အတိုက်အခံ လုပ်တဲ့ အပြုအမူမျိုးကို လုပ်လိုက်လို့ သူမကလည်း ဒီလူတွေက ဓားပြတွေနဲ့ တစ်ဖွဲ့တည်းလို့ ထင်ပြီး မကူညီပေးခဲ့တာပေါ့။ ဒီအတွက်ကြောင့်ပဲ သူတို့က ချီရွှမ်းလို ဒီသဘာဝမဟာမိတ်ကို လက်လွတ်လိုက်ရပြီး ဓားပြတွေ သတ်တာ ခံလိုက်ရတာပဲ”

 

“ခပ်ပြတ်ပြတ် ပြောတဲ့အတွက်တော့ ခွင့်လွှတ်ပါ။ ဒါပေမယ့် သူတို့က သရဲချင်း တူတူပဲ ဆိုပေမယ့်လည်း အချို့သရဲတွေကတော့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရသင့်တယ်လို့ မထင်ဘူး”

 

ယန်ရှစ်ရွှမ်းအသံက အေးစက် သွားသည်။ တာအိုဘုန်းတော်ကြီးများကို ရင်ဆိုင် ပြောနေသည့် သူ၏အသံက ရေခဲသားဖြင့် လုပ်ထားသော ဓားတစ်ချောင်းအလား ထင်ရသည်။

 

“အသက်တစ်ခုအတွက် အသက်တစ်ခု ပြန်ပေးရတယ်ဆိုတာက ကောင်းကင်နဲ့ မြေကြီးက သတ်မှတ်ထားပြီးသား။ ဒီထက်ပိုပြီး ချဲ့ပြောစရာလည်း မလိုဘူး။ အပြစ်ကိစ္စက သေမျိုးလောက ကပဲ ဖြစ်ဖြစ်၊ မြေအောက်လောက ကပဲ ဖြစ်ဖြစ် ဆိုးယုတ်တဲ့ သူတွေက အပြစ်ပေးခံရမှုက မလွတ်မြောက်နိုင်ဘူး။ အထူးသဖြင့် မတရားခံ ထားရတဲ့သူတွေအတွက် ရန်ငြိုးထားပြီး ကလဲ့စားချေတဲ့ ကိစ္စက ဖြစ်သင့်တာပဲလေ”

 

သို့ရာတွင် တာအိုဘုန်းတော်ကြီးများကမူ ထိုအခြေအနေကြောင့် ဆွံ့အ သွားရသည်။ သူတို့သည် ယန်ရှစ်ရွှမ်း၏စကားကို နားထောင်သည်လော သို့မဟုတ် ပြန်မငြင်းနိုင်သည်လော မသိချေ။

 

အမှန်ပင် သေဆုံးပြီးနောက် ရန်ငြိုးကြီးသော သဘာဝအလျောက် ဘယ်သူကမဆို တူညီသော ရွေးချယ်မှုကို ရွေးချယ် ကြပေမည်။

 

နတ်ဆရာများက စံအိမ်အတွင်းရှိ အမျိုးမျိုးသော အင်အားစုများ၏ ခံစားချက်ကို မသိသလို ချီရွှမ်း၏ဘက်တွင် ရပ်တည် သင့်ကြောင်းကိုလည်း နားမလည်ချေ။ ဒီနည်းအားဖြင့် ရန်ငြိုးကြီးသော သရဲချီရွှမ်းကို ကူညီပြီး သူမ၏မုန်းတီးမှုကို ဖြေရှင်းကာ အယူသီးစိတ်များကို ဖယ်ရှားပေးရင်း တစ္ဆေ‌တောင်ကို‌ ပျောက်ပျက်သွားအောင် လုပ်နိုင်ကြောင်းကို မသိခဲ့ကြချေ။

 

“အဲဒီနှစ်က ပျောက်သွားတယ်ဆိုတဲ့ တက္ကသိုလ်ကျောင်းသားကတော့”

 

ယန်ရှစ်ရွှမ်းက မေးစေ့ကိုမော့ပြီး ဧည့်ခန်းတစ်ဖက်သို့ ညွှန်ပြရင်းပြောသည်။

 

“အဲဒီလူကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး။ သူက အဲဒီမှာပဲ”

 

ဓားပြများက ချီရွှမ်း၏ အငြိုးအတေး များအောက်တွင် ပိတ်မိနေခဲ့သည်။ ထိုအခြေအနေကြောင့် သူတို့သည် တောင်ပေါ်သို့ တက်လာခဲ့သည့် ထိုတက္ကသိုလ် ကျောင်းသားကို သူတို့ရဲ့ အသွေးအသားများကို စားခိုင်းခဲ့ပြီး ထိုကျောင်းသား၏ နောက်ခံကို ယူလျက် ချီရွှမ်း၏မျက်လုံးထဲမှ ပုန်းအောင်းရင်း တစ္ဆေတောင်ပေါ်မှ ထွက်ပြေး သွားခဲ့ခြင်း ဖြစ်သည်။

 

ဆက်တိုက် ဆိုသလိုပင် ဒီရှိုး၏ ရိုက်ကူး‌ရေးအသင်း၏ လက်ထောက်ဒါရိုက်တာ၏ ရာထူးကို လျှောက်ခဲ့သည်။ ကျန်းဝူပင်းက ဟော်တယ်ရွေးရမည့် တာဝန်ကို ထိုလက်ထောက်ကို လွှဲပေးလိုက်သောအခါ ထိုတစ်ယောက်က နေရာကို ပြောင်းပြီး ကွေ့တောင်မှ တစ္ဆေတောင်သို့ ပြောင်းလဲပေးခဲ့ခြင်းဖြစ်သည်။

 

ငယ်ရွယ်ချောမောသော လက်ထောက်ဒါရိုက်တာက သတိလစ် နေသေးသည်။ ဘေးဘက်တွင်လည်း ဆေးဝါးအကူများက ကုသပေးနေခဲ့သည်။

 

သို့သော် မည်သည့်နေရာမှ စတင် ကုသ ပေးသင့်ကြောင်းမသိချေ။ တာအိုဘုန်းတော်ကြီးများထဲက တစ်ယောက်က အံ့အားတကြီး လှည့်ကြည့်လိုက်ပြီး အပြေးအလွှား သွားကာ အော်သည်။ ထိုအချိန်တွင် ယန်ရှစ်ရွှမ်းက နှုတ်ခမ်းတွင် အပြုံးတစ်ခုနှင့်အတူရှိနေသော ကျန်းဝူပင်းအနားသို့ ကပ်သွားသည်။ သူက ကင်မရာ၏ အနောက်တွင် ရပ်ရင်း ပြောသည်။

 

“မင်းရဲ့ကံကောင်းမှုကို ဘယ်လိုများ တိုင်းတာမှာလဲ။ မင်းက မိစ္ဆာဝိဉာဉ်က ပူးကပ်ထားတဲ့ လက်ထောက် တစ်ယောက်ကိုတောင် ခန့်လိုက်သေးတယ်။ ရှောင်ပင်း မင်း ဒီရှိုးကို ဆက်ပြီးရိုက်မှာသေချာလား”

 

ကျန်းဝူပင်းက ယန်ရှစ်ရွှမ်း၏လက်ကို ခိုက်မြဲစွာကိုင်ရင်း တအံ့တဩပြောသည်။

 

“ဒါပေါ့ ဒါရိုက်တာဖြစ်လာဖို့က ငါ့ရဲ့အိမ်မက်ပဲ”

 

ယန်ရှစ်ရွှမ်းက ပုခုံးလှုပ်ရင်း ပြောသည်။

 

“သေချာပေါက် ဘာပဲဖြစ်ဖြစ် မင်းငါ့ကို ပရိုဂရမ်ရဲ့ ပထမအပိုင်းအဆုံးအထိ နေခိုင်းတယ်ဆိုတဲ့ တောင်းဆိုမှုက ပြီးသွားပြီ။ အဲဒီနောက်ငါက ဖယ်ရှားခံရလိမ့်မယ်။ ငါ မနက်ဖြန် သွားမယ် ဒီတော့ ဆက်ပြီး ကြိုးစားလိုက်ပါအုံး”

 

ကျန်းဝူပင်း _ _ _ !!!

 

သို့ရာတွင် သူတို့ထဲက ဘယ်သူကမှ သတိ မထားမိသည်မှာ တိုက်ရိုက် ထုတ်လွှင့်မှု ဖန်သားပြင်တွင် စောင့်ကြည့်နေ‌သော သူများက သူတို့၏ စကားပြောသံကို ကြားလိုက်ကြခြင်း ဖြစ်သည်။

 

[ယန်ကောက အဆုံးမှာ ထုတ်ပယ်ခံရမယ် ဟုတ်လား။ မဖြစ်နိုင်တာ]

 

******